အခန်း (၂၀၃)
Vol. 21 Ch. 203
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၀၃)
" လက်နက်ချအရှုံးပေးရင် အသက်ချမ်းသာခွင့်ပေးမယ်။ "
" ဒူးထောက်အရှုံးပေးရင် အသက်ချမ်းသာခွင့်ပေးမယ်။ "
ယခုအခါ သူတို့က နန်းတော်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သောကြောင့် ပျက်စီးရန် သေချာသလောက် ရှိနေသည်။ ကျောက်ဖုန်းက အော်ဟစ်ပြောဆိုလိုက်သည်။
" အရှုံးပေးရင် အသက်ရှင်မယ်။ ခုခံတဲ့သူတွေ သေရမယ်။ "
ချင်စစ်သည်များက ကျောက်နန်းတော်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ သွေးဆာနေသော ချင်စစ်သည်များနှင့် ရင်ဆိုရင်ရချိန်တွင် လက်နက်မချသူများက ကံဆိုးမိုးမှောင်ကျတော့မည်ဖြစ်သည်။ စစ်သည်ဖြစ်စေ နန်းတွင်းအစေခံဖြစ်စေ ထွက်ပြေးသည်နှင့် လိုက်လံသတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်။ စစ်မှန်သော စစ်ပွဲက သနားညှာတာမှုမရှိပေ။
" လူစုခွဲပြီး တက်ကြ။ ကျောက်နိုင်ငံကို အမြန်ဆုံးထိန်းချုပ်မယ်။ " ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။
" စစ်သူကြီး အမိန့်အတိုင်းပါ။ "တုဆွေနှင့် ကျန်းဟန်တို့က ချက်ချင်း အမိန့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။
အချိန်များက ကုန်လွန်သွားခဲ့သည်။ နန်းတော်တစ်ခုလုံးက တိုက်ခိုက်သံများ၊ နာကျင်စွာ အော်ဟစ်သံများနှင့် ပြည့်နှက်နေခဲ့သည်။ သွေးညှီနံ့များက မြေပြင်တစ်ခုလုံး ဖုံးလွှမ်းနေခဲ့သည်။
" ပြေးကြ အသက်ရှင်အောင် ပြေးကြ။ "
" ချင်စစ်တပ် ရောက်လာပြီ။ "
နန်းတော်အတွင်း ကျောက်တော်ဝင်အစောင့်များနှင့် အစေခံများက ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။ သွေးဆာနေသော ချင်စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်းက ထိတ်လန့်ကြောက်ရွံ့ကြသည်။
လုံထိုင်နန်းတော်ရှေ့ရှိ ရင်ပြင်တွင် ချင်စစ်တပ်က ပြင်းထန်စွာ တိုက်ခိုက်နေသည်။ တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော ရင်ပြင်က ယခုအခါ အလောင်းများ ပြန့်ကျဲနေသည်။
ယခုအချိန်တွင် ကျောက်ဖုန်းက အလျင်မလိုတော့ပေ။ သူက ချင်စစ်သည်များ ဝန်းရံပြီး ရင်ပြင်ကို ဖြည်းညင်းစွာ ဖြတ်လျှောက်သွားခဲ့သည်။
" လုံထိုင်နန်းတော်... ကျောက်နိုင်ငံရဲ့ ညီလာခံခန်းမကြီးပေါ့။ ဒါက ချင်နိုင်ငံရဲ့ ကျန်းထိုင်နန်းဆောင်နဲ့ တူတာပဲ။ " ကျောက်ဖုန်းက ခန်းမကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။
သမိုင်းမှတ်တမ်းများအရ ချင်နှင့်ကျောက်နိုင်ငံတို့မှ ရင်မျိုးနွယ်နှင့် ကျောက်မျိုးနွယ်တို့က ဘိုးဘေးတစ်ယောက်တည်းမှ ဆင်းသက်လာသည်ဟု သူသိထားသည်။
"စစ်သူကြီး..." တုဆွေက ခန်းမထဲမှ အမြန်ထွက်လာပြီး အစီရင်ခံလိုက်သည်။ " အထဲမှာ လူအိူကြီးနည်းနည်းပဲ ကျန်တော့တယ်။ အခြားကျောက်ဝန်ကြီးတွေအားလုံး ထွက်ပြေးသွားကုန်ပါပြီ။ "
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ခန်းမထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားသည်။
တစ်ချိန်က ဝန်ကြီးများနှင့် အရာရှိများရာချီရှိခဲ့သော ခန်းမထဲတွင် ယခုအခါ ကျောက်ဝန်ကြီး ခြောက်ယောက်သာ ရှိတော့သည်။ ကျောက်ဖုန်းဝင်လာသည်ကို မြင်သောအခါ သူတို့က သူ့ကို ကြောက်ရွံ့ခြင်းမရှိဘဲ အေးစက်စွာ စိုက်ကြည့်လိုက်ကြသည်။
" ကျောက်ဘုရင်ဘယ်မှာလဲ။ " ကျောက်ဖုန်းက သူတို့ကို မေးလိုက်သည်။
" မင်း လူယုတ်မာ...."
" အရှင်မင်းကြီး ဘယ်မှာလဲဆိုတာ မင်း ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ကျောက်နိုင်ငံက ဘယ်တော့မှ ပျက်စီးမှာမဟုတ်ဘူး။ "
" သတ်ချင်ရင်သတ်လိုက်။ ငါတို့နိုင်ငံနဲ့အတူ နောက်ဆုံးအထိ ရင်ဆိုင်သွားမယ်။ မင်းတို့ကို လုံးဝမကြောက်ဘူး။ "
" လာစမ်း မင်းတို့ ချင်ဓားပြတွေ။ "
ကျောက်ဝန်ကြီးများက အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကျောက်ဖုန်းအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ မည်သည့်နိုင်ငံမဆို သစ္စာရှိသူများနှင့် သစ္စာဖောက်များ ရှိကြသည်။ သူ၏ ရှေ့မှလူများက ကျောက်နိုင်ငံ၏ သစ္စာရှိဝန်ကြီးများဖြစ်ပြီး နိုင်ငံနှင့်အတူ အသေခံမည့်သူများဖြစ်ကြသည်။
ကျောက်ဖုန်းက သူတို့ကို တည်ငြိမ်စွာ ကြည့်ပြီး လက်ဝှေ့ရမ်းကာ ထွက်ခွာသွားသည်။
" သူတို့ကို သတ်လိုက်။ " တုဆွေက ချက်ချင်း အမိန့်ပေးလိုက်သည်။ ကျောက်ဖုန်းနောက်သို့ လိုက်ပါသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုအမူအရာကို ကောင်းကောင်းနားလည်သည်။ သူက ကျောက်ဝန်ကြီးများ၏ နိုင်ငံနှင့်အတူ သေဆုံးလိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။
" မဟာကျောက် ထာဝရတည်တံ့ပါစေ။ ကျောက်ဟာ ပျက်သုဥ်းမှာ မဟုတ်ဘူး။ "
ဝန်ကြီးများက နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များက ကြမ်းပြင်သို့ လဲကျသွားသည်။
" စစ်သူကြီး ကျောက်ဘုရင်က ထွက်ပြေးသွားပြီဆိုတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " တုဆွေက အလျင်စလို ပြောလိုက်သည်။
" သူတို့ အဝေးကြီး မရောက်နိုင်ပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ " ကျန်းမင် "
" စစ်သူကြီး " ကျန်းမင်က ချက်ချင်း ရောက်လာသည်။
" ငါ့ရဲ့ ကိုယ်ရံတော်ခြောက်ရာကို စုစည်းပြီး ငါ့နောက်လိုက်ခဲ့။ ငါတို့ကျောက်ဘုရင်ကို လိုက်ဖမ်းမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" အမိန်အတိုင်းပါ။ " တုဆွေက ပြန်ပြောလိုက်သည်။
" တုဆွေ မင်းနဲ့ ကျန်းဟန်က နန်းတော်ကို ကာကွယ်ထားလိုက်။ ဘဏ္ဍာတိုက်ကို အထူးဂရုစိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျောက်ဘုရင်က ထွက်ပြေးသွားပြီဆိုတော့ ငါက ရတနာတွေကို စိတ်ကြိုက်ယူလို့ရတာပေါ့။ ငါ့ရဲ့ သိုလှောင်နေရာက ပိုကျယ်လာပြီ။ "
" နားလည်ပါပြီ။ " တုဆွေက ခေါင်းညိမ့်လိုက်သည်။ " စစ်သူကြီး မြို့ထဲက တိုက်ပွဲက မပြီးသေးဘူး။ အကြွင်းအကျန်တွေကို ရှင်းလင်းဖို့ တပ်ဖွဲ့နှစ်ခုကို လွှတ်လိုက်ရမလား။ "
" ဒီတိုက်ပွဲမှာ ငါတို့စစ်တပ်က အကြီးမားဆုံး စွမ်းဆောင်မှုကို ရရှိခဲ့ပြီးပြီ။ အကျအဆုံးလည်း များတယ်။ ကျန်တာကိုတော့ ယန်တွမ်ဟီနဲ့ ဝမ်ပင်းတို့က ကိုင်တွယ်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" နားလည်ပါပြီ။ " တုဆွေက ခေါင်းညိမ့်လိုက်သည်။
" သွားကြစို့ " ကျောက်ဖုန်းက အပြင်သို့ လမ်းလျှောက်ထွက်သွားရင်း ပြောလိုက်သည်။ " ငါတို့ ကျောက်ဘုရင်နောက်ကို လိုက်ကြမယ်။ တကယ်လို့ သူလွတ်သွားရင် ဒီအောင်ပွဲရဲ့ စွမ်းဆောင်မှုက လျော့သွားလိမ့်မယ်။ "
သူက ပင်မတံခါးသို့ မသွားဘဲ နောက်တံခါးသို့ ဦးတည်သွားသည်။
" ကျောက်ဘုရင်က ရှေ့ပေါက်က ထွက်ပြေးမှာမဟုတ်ဘူး။ သူက ဟန်တန်မြို့ရဲ့ နောက်ဘက်ကနေထွက်ပြေးဖို့ နောက်တံခါးကို သုံးမှာသေချာတယ်။ ပြီးတော့ သူတို့က ဒီလောက်ကြောက်နေတာဆိုတော့ အဝေးကြီး မရောက်လောက်သေးဘူး။ "
မြို့အပြင်ဘက်တွင် ဝမ်ကျန့်က ပင်မစစ်တပ်နှင့်အတူ စခန်းချနေသည်။ ဟန်တန်မြို့ကို တိုက်ခိုက်ခဲ့သော ငါးရက်နှင့် ငါးညအတွင်း သူက လေးနာရီလောက်သာ အိပ်စက်ခဲ့ရသည်။
" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ " ကိုယ်ရံတော်တပ်မှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " မြို့ထဲက အောင်ပွဲသတင်း ရောက်လာပါပြီ။ ဖန်ရွှမ်ကို စစ်သူကြီး ကျောက်ဖုန်းက သတ်လိုက်ပြီး ကျောက်စစ်တပ်က ပြိုကွဲသွားပါပြီ။ "
" တကယ်လား။ " ဝမ်ကျန့်က ဝမ်းသာသွားသည်။
" လုံးဝအမှန်ပါပဲ။ စစ်သူကြီးကျောက်ဖုန်းက အခု ကျောက်နန်းတော်ကို ချီတက်နေပါပြီ။ ဒီနေ့မကုန်ခင် သူ အဲ့ဒီနန်းတော်ကို သိမ်းပိုက်နိုင်ပါလိမ့်မယ်။ " ကိုယ်ရံတော်တပ်မှူးက ပြုံး၍ ပြောလိုက်သည်။
" အရမ်းကောင်းတယ်။ " ဝမ်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " ငါ့ရဲ့ ဒီသမက်က တကယ်ကို ကောင်းကင်ဘုံကပေးလိုက်တဲ့ စစ်သူကြီးပဲ။ သူရှိနေတာက ငါတို့ချင်အတွက် တကယ်ကောင်းချီးတစ်ခုပဲ။ "
" စစ်သေနာပတိချုပ်ပြောတာ မှန်ပါတယ်။ " ကိုယ်ရံတော်တပ်မှူးက ပြောလိုက်သည်။ " ဟန်တန်မြို့လို ကြောက်စရာကောင်းတဲ့ ခံတပ်ကြီးကို ငါးရက်အတွင်း ထိုးဖောက်နိုင်ခဲ့တယ်။ ဒီလိုမျိုး ဘယ်သူမှ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒီတိုက်ပွဲက သံသယဖြစ်စရာမလိုပဲ သူ့ရဲ့ အရည်အချင်းကို သက်သေပြလိုက်တာပဲ။ "
" ဝမ်ပင်းနဲ့ ယန်တွမ်ဟီကို အမိန့်ပေးလိုက်စမ်း။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " သူတို့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မြို့ထဲမှာ ရှိနေတဲ့ ကျောက်တပ်ဖွဲ့တွေကို အမြန်ဆုံး ရှင်းလင်းခိုင်းလိုက်။ အရှင်မင်းကြီး မကြာခင် ရောက်လာတော့မယ်။ "
" ဟုတ်ကဲ့ပါ စစ်သေနာပတိချုပ်။ " ကိုယ်ရံတော်တပ်မှူးက ချက်ချင်း ထွက်ခွာသွားသည်။
သူထွက်သွားသည်နှင့် နောက်ထပ်သတင်းပို့သူတစ်ယောက်က မြင်းစီး၍ ရောက်လာသည်။
" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ အရှင်မင်းကြီးက အခု ဟန်တန်မြို့နဲ့ ငါးလီအကွာကို ရောက်နေပါပြီ။ နောက်တစ်နာရီအတွင်း ဟန်တန်မြို့ကို ရောက်ရှိပါလိမ့်မယ်။ "
" မြန်မြန် ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ " ဝမ်ကျန့်၏ အမူအရာက လေးနက်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ " အရှင်မင်းကြီးကို ကြိုဆိုဖို့ ပြင်ဆင်ကြ။ ပြီးတော့ တိုက်ပွဲအစီရင်ခံစာ အပြည့်အစုံကိုလည်း တင်ပြဖို့ အဆင်သင့်လုပ်ထားကြ။ "
ချင်ဘုရင်ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ဝမ်ကျန့်က အသေးစိတ်ကအစ ပြင်ဆင်ထားရမည်ကို သိထားရသည်။
ဟန်တန်မြို့နှင့် လီအနည်းငယ်အကွာတွင် မြင်းစီးစစ်သည်ငါးသောင်းပါဝင်သော တောင်အစောင့်တပ်ဖွဲ့က မြင်းကိုးကောင်ဆွဲသော တော်ဝင်ရထားလုံးကို လိုက်ပါစောင့်ရှောက်နေကြသည်။ တော်ဝင်အစောင့်များက စစ်ဝတ်စုံများကို ဝတ်ဆင်လျက် ကျောတွင် မြားတောင့်များကို လွယ်ပြီး မြင်းကုန်းနှီးများတွင်လည်း လေးရှည်များကို ချိတ်ဆွဲထားသည်။ လက်ထဲတွင် လှံရှည်များကို ကိုင်ပြီး ခါးတွင် ဓားများကို ချိတ်ဆွဲထားသည်။
နိုင်ငံအားလုံးထဲတွင် ချင်ဖြစ်စေ အခြားမည်သည့်နိုင်ငံဖြစ်စေ တော်ဝင်အစောင့်များမှာ အတော်ဆုံးစစ်သည်များထဲမှ ရွေးချယ်ထားသော အထူးတပ်ဖွဲ့ဖြစ်သည်။ ထိုချင်တော်ဝင်အစောင့်ငါးထောင်က ရန်သူစစ်သည်နှစ်သောင်း၏ တိုက်ခိုက်မှုကို ရှုံးနိမ့်ခြင်းမရှိဘဲ တောင့်ခံနိုင်သည့်အပြင် ထိုရန်သူများကို အပြတ်အသတ် ချေမှုန်းနိုင်သော တိုက်ခိုက်ရေးစွမ်းရည်ရှိကြသည်။