← Chapters

အခန်း (၂၀၄)

Vol. 21 Ch. 204

အခန်း (၂၀၄)

Vol. 21 Ch. 204

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၄)

တော်ဝင်ရထားလုံးအတွင်း၌ ရင်ကျန့်နှင့် ရှဝူချယ်တို့က ထိုင်ကြေပြီး နှစ်ယောက်လုံးက ခရီးရှည်ထွက်လာသောကြောင့် အနည်းငယ် ပင်ပန်းနေကြသည်။ ရင်ကျန့်က ချင်သို့ ပြန်ရောက်ကတည်းက အုပ်ချုပ်ရေးကိစ္စများတွင်သာ နစ်မြှုပ်နေခဲ့ပြီး လေ့ကျင့်မှု မရှိတော့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ယခင်ကဲ့သို့ ကြံ့ခိုင်မှုမရှိတော့ပေ။

" ငါတို့ ဟန်တန်နယ်မြေထဲ ရောက်ပြီမဟုတ်လား။ " ရင်ကျန့်က မေးလိုက်သည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ရန်ရှောင်က အပြင်ဘက်မှ ရိုသေစွာ ပြန်ဖြေလိုက်သည်။ " အခု ကျွန်တော်မျိုးတို့ ဟန်တန်မြို့နဲ့ သုံးမိုင်ပဲ ဝေးတော့ပါတယ်။ "

" ဟန်တန် ကျောက်ရဲ့ မြို့တော်ပေါ့။ " ရင်ကျန့်က ပြုံးပြီး တော်ဝင်ရထားလုံး၏ လိုက်ကာကို ဖွင့်ကာ အပြင်ဘက်မှ ရှုခင်းများကို ကြည့်လိုက်သည်။ " ဆယ်စုနှစ်တစ်ခုကျော် ကြာသွားခဲ့ပြီ။ ငါ ဒီကို ပြန်ရောက်လာလိမ့်မယ်လို့ မတွေးခဲ့မိဘူး။ "

ရှဝူချယ်ကလည်း လိုက်ကာကို ဖွင့်ပြီး အပြင်ဘက်မှ ရှုခင်းများကို ကြည့်လိုက်သည်။ သမားတော်တစ်ယောက်ဖြစ်သောကြောင့် အပြင်ဘက်မှ သွေးညှီနံ့ကို အလွယ်တကူ ရလိုက်သည်။

" မှန်တယ်။ " ရှဝူချယ်က သက်ပြင်းချလိုက်သည်။ " မြေပြင်ကတော့ မပြောင်းလဲပေမယ့် လူတွေက ပြောင်းလဲသွားပြီ။ "

ကျောက်နိုင်ငံက တစ်ချိန်က သူ၏ မိခင်နိုင်ငံဖြစ်ခဲ့ဖူးသည်။ နိုင်ငံတစ်ခုအပေါ် သစ္စာရှိသော ရှုထောင့်ကကြည့်လျှင် ၎င်းက ဝမ်းနည်းစရာကိစ္စတစ်ခု ဖြစ်သည်။ သို့သော် ဟွာရှကို စည်းလုံးရန်ဟူသော ကြီးမားသည့်ရည်မှန်းချက်ကို စဉ်းစားလျှင်တော့ ၎င်းက ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးအတွက် ဖြစ်သည်။

ရှဝူချယ်က အမြော်အမြင်ရှိသော လူတစ်ယောက်ဖြစ်သည်။ ဟွာရှလူမျိုးအချင်းချင်း ဖြစ်ပွားနေသော စစ်ပွဲများက နှစ်ပေါင်းရာချီကြာမြင့်ပြီး အသက်ပေါင်းများစွာ ပေးဆပ်နေရသည်ကို သူကောင်းကောင်းသိသည်။ စစ်ဖြစ်နေသော နိုင်ငံများကို ချေမှုန်းပြီး ဟွာရှကို စုစည်းနိုင်လျှင် ပေးဆပ်မှုတိုင်းက ထိုက်တန်ပေသည်။

" ယောက္ခမကြီး " ရင်ကျန့်က မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။ " မကြာခင် ကျုပ်တို့ တုန်အာကို တွေ့ရမယ့် အခွင့်အရေးရတော့မယ်။ ကျုပ်တို့မိသားစု သေချာပေါက် ပြန်ဆုံရမှာပါ။ "

ရှဝူချယ်က ပြုံးလိုက်ပြီး ဘာမှမပြောပေ။ ရင်ကျန့်၏ မျှော်လင့်ချက်ကို သူနားလည်သည်။ သို့သော် သူ၏ သမီးက ဤလောကတွင် မရှိတော့ခြင်းလည်း ဖြစ်နိုင်သည်ကို သူသိနေသည်။ ကျောက်ကိုယ်လုပ်တော်၏ စကားများက သူ့ကို အိပ်မက်ဆိုးတစ်ခုကဲ့သို့ နေ့တိုင်းနှိပ်စက်နေခဲ့ပြီး သားတစ်ယောက်ကဲ့သို့ သဘောထားသော ရင်ကျန့်ကို သူထုတ်မပြောရက်ခဲ့ပေ။

" အရှင်မင်းကြီး " ရန်ရှောင်က ပြောလိုက်သည်။ " ရှေ့မှာ ချင်စစ်တပ်တစ်ခုရှိနေပါတယ်။ စစ်သေနာပတိချုပ်ဝမ်ကျန့်က အရှင်မင်းကြီးကို လာကြိုတာ ထင်ပါတယ်။ "

" အင်း ရှေ့တိုးလိုက်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ " ရန်ရှောင်က ချက်ချင်း ပြန်ပြောလိုက်သည်။

တောင်ဝင်အစောင့်တပ်ဖွဲ့က ရထားလုံးကို ကာကွယ်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။ မကြာမီ သူတို့က ဟန်တန်မြို့အနီးသို့ ရောက်လာကြသည်။ ယခုအခါ သူတို့က မြို့နှင်ပ နီးကပ်လာပြီဖြစ်သောကြောင့် သွေးညှီနံ့က မီတာတစ်ထောင်အကွာကပင် ရနိုင်နေသည်။

မြို့ရိုးရှေ့ မြေပြင်တွင် ပြန့်ကျဲနေသော အလောင်းများနှင့် မြို့ရိုးပေါ်တွင် လွှင့်ထူထားသော ချင်အလံများက ဟန်တန်မြို့ကို ချင်က ထိုးဖောက်နိုင်ခဲ့သည်ဟု သက်သေပြနေသည်။

" သူတို့က ဟန်တန်မြို့ကို ဒီလောက်မြန်မြန် ထိုးဖောက်နိုင်ခဲ့တာလား။ ဘယ်လောက်တောင် ကြာသေးလို့လဲ။ "

" အရှင်မင်းကြီး ရှန်းယန်ကနေ လာတဲ့ခရီးက လဝက်လောက်ကြာမှာဆိုပေမယ့် အဏှင်မင်းကြီးက အရှိန်မြှင့်ခိုင်းလို့ ဆယ်ရက်အတွင်း ဟန်တန်နယ်မြေထဲ ရောက်လာခဲ့တယ်။ ဒါဆိုရင် လျန်ထျန်းစခန်းက ဟန်တန်မြို့ကို ဆယ်ရက်တောင်မပြည့်ခင် သိမ်းပိုက်လိုက်တာလား။ "

" စစ်သေနာပတိချုပ်ဝမ်ကျန့်က တကယ်အံ့ဩစရာကောင်းတာပဲ။ ဒီလောက်ခိုင်ခံ့တဲ့ ခံတပ်ကြီးက ဒီလောက်လွယ်လွယ်နဲ့ ကျသွားတယ်ဆိုတော့ သူက ငါတို့ချင်ရဲ့ တကယ်ကြီးကျယ်တဲ့ စစ်သူရဲကောင်းပဲ။ "

ဟန်တန်မြို့၏ အခြေအနေကို မြင်ရသောအခါ တော်ဝင်အစောင့်များက သူတို့၏ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ကြပေ။ ဟန်တန်မြို့က ထိုမျှအလွယ်တကူ ကျသွားလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။

" ကျွန်တော်မျိုး ဝမ်ကျန့်နဲ့ ကိုယ်ရံတော်တွေက အရှင်မင်းကြီးကို ကြိိုဆိုပါတယ်။ " ဝမ်ကျန့်က တော်ဝင်ရထားလုံးဆီသို့ အပြေးအလွှား ရောက်လာပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။

" အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင် ထာဝရ တည်တံ့ပါစေ။ "

ရန်ရှောင်က ရထားလုံးလိုက်ကာကို ဘေးသို့ ဆွဲဖွင့်လိုက်သည်။ ရင်ကျန့်က ရထားလုံးအတွင်းမှ ထွက်လာခဲ့သည်။ ဝမ်ကျန့်ကို မြင်သောအခါ ပြုံးလိုက်သည်။

" စစ်သေနာပတိချုပ် အခမ်းအနားတွေ လုပ်မနေပါနဲ့။ " သူက ဝမ်ကျန့်ကို ထူပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ အခြေအနေကို ကြည့်ဏတာ ရ​က်အတော်ကြာ မအိပ်ရသေးဘူးထင်တယ်။ " ရင်ကျန့်က ဝမ်ကျန့်ကို ကြည့်ပြီး ပြောလိုက်သည်။

" လျန်ထျန်းစခန်းရဲ့ တပ်ဖွဲ့တွေက ခြောက်ရက်နီးပါး တစ်ရက်မှမနားဘဲ ဟန်တန်မြို့ကို အသည်းအသန် တိုက်ခိုက်ခဲ့ကြပါတယ်။ ကျွန်တော်မျိုးတစ်ယောက်တည်း ဘယ်လိုလုပ် နားနေရဲမှာလဲ။ " ဝမ်ကျန့်က ရိုသေစွာ ပြန်ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရင်ကျန့်က ခေါင်းမော့ပြီး ဟန်တန်မြို့ကို ကြည့်လိုက်သည်။ မြို့ရိုးအထက်တွင် ချင်အလံများကို မြ့လိုက်ရသောအခါ သူက အံ့ဩတုန်လှုပ်သွားခဲ့သည်။

" ငါရှန်းယန်ကနေလာတာ ဆယ်ရက်ပဲ ငြာသေးတယ်။ အဲ့ဒီအချိန်တုန်းက စစ်သေနာပတိချုပ် မင်းက ဟန်တန်မြို့ကို မတိုက်ရသေးဘူး။ ရက်အနည်းငယ်ပဲ ကြာသွားတာကို မင်းက ဟန်တန်မြို့ကို သိမ်းလိုက်ပြီလား။ စစ်သေနာပတိချုပ် မင်းက တကယ်ကို ချင်ရဲ့ စစ်နတ်ဘုရားပဲ။ "

" အရှင်မင်းကြီး ဒီအောင်ပွဲက ကျွန်တော်မျိုးကြောင့်မဟုတ်ပါဘူး။ " ရင်ကျန့်၏ ချီးကျူးမှုကို ကြားသောအခါ ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

ထိုတိုက်ပွဲ၏ ဂုဏ်ကျေးဇူးမှာ အလွန်ကြီးမားပြီး နိုင်ငံတစ်နိုင်ငံ၏ မြို့တော်ကို ငါးရက်အတွင်း သိမ်းပိုက်နိုင်ရုံသာမက ၎င်းမှာ ဟန်မြို့တော်ထက် သိမ်းပိုက်ရပိုခက်ခဲသော မြို့ဖြစ်သည်။ ဝမ်ကျန်းက စွမ်းဆောင်မှုများကို တစ်ယောက်တည်း သိမ်းပိုက်တတ်သော လူစားမျိုးမဟုတ်ပေ။ သို့သော် တိတိကျကျ ထိုစွမ်းဆောင်မှုက သူ၏ စွမ်းဆောင်မှုပင် ဖြစ်သည်။

လန်ထျန်းစခန်း၏ စစ်သေနာပတိချုပ်အနေဖြင့် သူက တပ်ဖြန့်မှုမဟာဗျူဟာမှာ သူ၏ ဆုံးဖြတ်ချက်တစ်ခုတည်းသာ ဖြစ်သည်။ သို့သော် ဝမ်ကျန့်အတွက် ထိုတိုက်ပွဲ၏ အကြီးမားဆုံးသော အောင်မြင်မှုမှာ ကျောက်ဖုန်းပင် ဖြစ်သည်။

အကယ်၍ ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ပြီး ဟန်တန်မြို့ကို ထိုးဖောက်နိုင်ခြင်းသာမရှိလျှင် ချင်စစ်တပ်၏ အကျအဆုံးက တစ်သိန်းပင်ကျော်သွားနိုင်သည်။

" ရှေ့တန်းတပ်မှူးက ဘယ်သူလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" လန်ထျန်းစခန်းရဲ့ စစ်သူကြီး ကျောက်ဖုန်းက သူ့ရဲ့ တပ်ဖွဲ့တွေကို ရှေ့တန်းတပ်ဖွဲ့အနေနဲ့ ဦးဆောင်ပြီး ဟန်တန်မြို့ကို ထိုးဖောက်ခဲ့တာပါ။ " ဝမ်ကျန့်က အစီရင်ခံလိုက်သည်။ " မြို့တံခါးကို တစ်ရက်တည်းနဲ့ ထိုးဖောက်ခဲ့ပြီး ဟန်တန်ရဲ့ အပြင်ဘက်မြို့ကို သုံးရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခု ခြောက်ရက်မြောက်နေ့မှာ ကျောက်နန်းတော်ကိုတောင် စတင်တိုက်ခိုက်နေပါပြီ။ "

၎င်းကို ကြားသောအခါ ရင်ကျန့်ပင်လျှင် အံ့အားသင့်သွားသည်။

" မြို့တံခါးကို တစ်ရက်အတွင်း ထိုးဖောက်နိုင်ခဲ့တာလား။ အပြင်ဘက်မြို့ကို သုံးရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာလား။ "

" အမှန်ပါပဲ။ ကျွန်တော်မျိုး မလိမ်ဝံ့ပါဘူး။ " ဝမ်ကျန့်က ရိုသေစွာ ပြန်ပြောလိုက်သည်။

" ဖန်ရွှမ်က စစ်သည်သုံးသိန်းနဲ့ မြို့ကို ခုခံနေတာပဲ။ ကျောက်ဖုန်းက ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ " ရင်ကျန့်က အလွန်သိချင်နေသည်။

" ကျွန်တော်မျိုးရဲ့ လေ့လာချက်အရဆိုရင် " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ထူးချွန်တဲ့အပြင် သူကွပ်ကဲနေတဲ့ စစ်တပ်ကလဘ်း အခြားစစ်တပ်နှစ်ခုထက် ပိုမိုသာလွန်ပါတယ်။ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းနဲ့တင် ဆုံးဖြတ်မယ်ဆိုရင် အရှင်မင်းကြီးရဲ့ တော်ဝင်အစောင့်တွေကိုတောင် ကျော်လွန်နိုင်ပါတယ်။ "

ဝမ်ကျန့်က ၎င်းကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ကာ ဟန်တန်မြို့ကို သိမ်းပိုက်ပုံကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ သူတို့၏ ရဲစွမ်းသတ္တိက သာမန်တပ်ဖွဲ့များထက် များစွာ သာလွန်ပြီး တော်ဝင်အစောင့်များထက်ပင် ပိုသာသည်။

" ငါ့ဘေးက တော်ဝင်အစောင့်တွေထက်တောင် ပိုသာတာလား။ " ရင်ကျန့်က ပို၍ အံ့အားသင့်သွားသည်။

သူ၏ တော်ဝင်အစောင့်များက မည်မျှသန်မာသည်ကို သူသိသည်။ လက်နက်အပြည့်အစုံတပ်ဆင်ထားသော တော်ဝင်အစောင့်တစ်ယောက်က စစ်သည်များစွာကို ယှည်နိုင်သည်။ သူတို့၏ အရေအတွက်က နည်းသော်လည်း တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းသည်။ သူတို့၏ တာဝန်က နန်းတော်နှင့် ဘုရင်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

" ကျောက်ဖုန်းတစ်ယောက်တည်းနဲ့ ဝူအန်းမြို့တံခါးကို ထိုးဖောက်ခဲ့တယ်လို့ အစီရင်ခံတုန်းက သူက ဒါကို ဘယ်လိုလုပ်လိုက်လဲဆို ငါသိချင်မိတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" အရှင်မင်းကြီး မေးမယ်ဆိုတာ ကျွန်တော်မျိုးသိထားလို့ ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ " ဝမ်ကျန့်က ပြုံး၍ လက်ခုပ်တီးလိုက်သည်နှင့် ကိုယ်ရံတော်တစ်ယောက်က သေတ္တာတစ်လုံးကို ချက်ချင်း သယ်လာခဲ့သည်။

" ကျွန်တော်မျိုး အစက ဒါကို ရှန်းယန်မြို့ဆီ ပေးပို့ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် အရှင်မင်းကြီးကိုယ်တိုင် ရောက်လာပြီဆိုတော့ မလိုတော့ပါဘူး။ " ဝမ်ကျန့်က ပြုံးပြီး သေတ္တာကို ဖွင့်လိုက်သည်။

သေတ္တာကြီးအတွင်း မြို့တံခါး၏ ကျိုးပဲ့ပျက်စီးနေသော အစိတ်အပိုင်းများ ရှိနေသည်။ ရင်ကျန့်က ရှေ့တို့လာပြီး အပိုင်းအစတစ်ခုကို ကောက်ယူကြည့်လိုက်ရာ အလွန်လေးလံသည်ကို တွေ့လိုက်ရသည်။

All Chapters