← Chapters

အခန်း (၂၀၅)

Vol. 21 Ch. 205

အခန်း (၂၀၅)

Vol. 21 Ch. 205

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၅)

" ဒါက ထက်ရှတဲ့ လက်နက်တစ်ခုနဲ့ ပိုင်းဖြတ်ခံထားရတာပဲ။ ဒါပေမယ့် ဒါက နတ်ဘုရားလက်နက်ဆိုရင်တောင် ဒီလောက်ထူတဲ့ တံခါးကြီးကို ဘယ်လိုလုပ်ဖြတ်နိုင်မှာလဲ။ ဒါကို အကောင်းစားသံမဏိနဲ့ သွန်းလုပ်ထားတာလေ။ " ရင်ကျန့်က အံ့အားသင့်စွာ ပြောလိုက်သည်။ သူက ခါးမှ ကျန်းလုဓားကို ဆွဲထုတ်ပြီး တံခါးအပိုငအစကို အားကုန် ခုတ်ပိုင်းလိုက်သည်။

ထန်...

ကျန်းလုဓားသွားက အပိုင်းအစ်ထဲသို့ နစ်ဝင်သွားသော်လည်း ပြင်းထန်သော တန်ပြန်မှုက သူ၏ လက်မောင်းဆီသို့ ရောက်လာသဖြင့် လက်များတုန်ကာ ဓားကို လွှတ်လိုက်ရသည်။

" အရှင်မင်းကြီး တစ်ခုခုဖြစ်သွားသေးလား။ " ဝမ်ကျန့်က စိုးရိမ်တကြီး ပြောလိုက်သည်။

" ငါဘာမှမဖြစ်ဘူး။ " ရင်ကျန့်က ပြုံး၍ ခေါင်းခါလိုက်သည်။ ထို့နောက် သူက ကျန်းလုဓားကို ကြည့်လိုက်ရာ ဓားသွားက တံခါးအပိုင်းအစထဲသို့ သုံးလက်မ နစ်ဝင်သွားသော်လည်း ၎င်းက တံခါးအထူ၏ သုံးပုံတစ်ပုံသာ ရှိသေးသည်။

" ကျန်းလုဓားက ချင်ဘုရင်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ နတ်ဘုရားလက်နက်ပဲ။ သံကို ရွှံ့လို ဖြတ်နိုင်စွမ်းရှိတယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " ဒါပေမယ့် နတ်ဘုရားလက်နက်ဆိုရင်တောင် ထိရောက်ဖို့ ကြီးမားတဲ့ ခွန်အားလိုတယ်။ ငါအစွမ်းကုန်သုံးတာတောင် သုံးလက်မပဲ ဝင်အောင် လုပ်နိုင်ခဲ့တယ်။ ကျောက်ဖုန်းရဲ့ ခွန်အားက ဘယ်လောက်တောင် ကြီးမားနေမလဲဆိုတာ ငါတကယ်ပဲ သိချင်မိတယ်။ "

ရန်ရှောင်က ကျန်းလုဓားကို ဆွဲထုတ်လိုက်ပြီး ရင်ကျန့်ထံသို့ ရိုသေစွာ ပေးလိုက်သည်။

" ကျောက်ဖုန်းက ကျောက်နန်းတော်ကို သိမ်းပိုက်ပြီးရင် အရှင်မင်းကြီး သူ့ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အရှင်မင်းကြီး သူ့ကို မေးကြည့်လို့ရပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အမှန်ပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။ " ငါ သူ့နာမည်နဲ့ အသက်ကို စကြားကတည်းက သူကို တွေ့ချင်နေခဲ့တာ။ အခုတော့ ငါတို့ ချင်ရဲ့ အငယ်ဆုံး စစ်သူကြီးကို တွေ့ဖို့ တကယ်ပဲ စိတ်မရှည်တော့ဘူး။ "

" အရှင်မင်းကြီး မြို့ထဲက တိုက်ပွဲကတော့ မပြီးသေးပါဘူး။ ဒါပေမယ့် ဖန်ရွှမ်ကို ကျောက်ဖုန်းက သတ်လိုက်ပြီဖြစ်လို့ အခြေအနေက တစ်ရက်နှစ်ရက်အတွင်း ပြီးပြတ်သွားပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အရှင်မင်းကြီး မြို့ထဲကို ဝင်လို့ရပါပြီ။ " ဝမ်ကျန့်က အစီရင်ခံလိုက်သည်။

ဟန်တန်မြို့၏ မြောက်ဘက် တိုက်နယ်မြေသို့ သွားရာလမ်းပေါ်တွင် လူပေါင်းရာချီက ဖရိုဖရဲနှင့် ထွက်ပြေးနေကြသည်။ ဘုရင်ကိုယ်တိုင်ဖြစ်သော ကျောက်ယန်ပင် တော်ဝင်ရထားနှင့်မဟုတ်ဘဲ ခြေလျင်ဖြင့် အသက်လုပြေးနေရသည်။ သူနှင့်အတူ ကျောက်နိုင်ငံ၏ ဝန်ကြီးများ၊ သူ၏ ကိုယ်လုပ်တော်များနှင့် သူ၏ သားသမီးများလည်း ပါလာကြသည်။

" ငါတို့ အခုဘယ်နားရောက်ပြီလဲ။ ငါမောလို့သေတော့မယ်။ " ကျောက်ယန်က ပြေးနေရင်း မောဟိုက်စွာဖြင့် မေးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဟန်တန်နယ်မြေထဲက မထွက်ရသေးပါလူး။ တကယ်လို့ ချင်စစ်တပ်က နောက်ကလိုက်လာရင် ကျွန်တော်မျိုးတို့ကို မကြာခင် မှီလာပါလိမ့်မယ်။ " တော်ဝင်အစောင့်တပ်မှူးက ပြောလိုက်သည်။ " အရှင်မင်းကြီး ခဏလောက် တောင့်ခံထားပါဦး။ "

" ဟန်တန်ကနေ မထွက်ရသေးဘူးလား။ " ကျောက်ယန်က အလွန်မောပန်းနေသည်။ တစ်သက်လုံး သက်သောင့်သက်သာ နေခဲ့ရသဖြင့် ထိုမျှကြာအောင် ပြေးခြင်းမှာ သူတစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသော အရာဖြစ်ပြီး တောင့်ခံရန်မဖြစ်နိုင်ပေ။ သို့သော် သူ၏ ခြေထောက်များက ဆက်လက်ရွေ့လျားနေဆဲ ဖြစ်သည်။

ချင်စစ်တပ်က နန်းတော်အား ဝင်တိုက်နေသည်ကို တွေးပြီးနောက် သူက မရပ်ရဲတော့ပေ။ အသက်ရှင်သန်ခြင်းအတွက် ကြိုးစားခြင်းက သူ၏ ဖုံးကွယ်ထားသော စွမ်းရည်များကို ပွင့်ထွက်သွားစေခဲ့သည်။

သို့သော် ထိုအချိန်တွင် မောက်မှ မြင်းခွာသံများထွက်ပေါ်လာပြီး ထွက်ပြေးနေသူများက ထိတ်လန့်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

" မကောင်းတော့ဘူး။ ချင်စစ်တပ်က မှီလာပြီ။ "

" အသက်ရှင်အောင် မြန်မြန်ပြေးကြ။ "

" ချင်စစ်တပ် ရောက်လာပြီ...." ကျောက်အရာရှိများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့၏ နောက်တွင် စစ်မြင်းများ စီးလာသော စစ်သည်တစ်ရာကျော်က အရှိန်အဟုန်ဖြင့် လိုက်လာနေသည်ကို တွေ့လိုက်ရသည်။

သူတို့၏ အရေအတွက်က မများသော်လည်း စစ်သည်တိုင်းက သွေးများရွှဲနစ်နေပြီး သွေးပင်လယ်ငရဲမှ တိုက်ခိုက်ထွက်လာသော အသူရာနတ်ဆိုးများသဖွယ်ဖြစ်နေကြသည်။

" သူတို့က ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။ " ကျောက်ယန်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက သူ၏ ဘေမှ တော်ဝင်အစောင့်များကို အောဟစ်လိုက်သည်။ " မြန်မြန် သူတို့ကို သွားရင်ဆိုင်ကြစမ်း။ တော်ဝင်အစောင့်တွေအားလုံး သွားတိုက်ကြ။ "

ကျောက်ဘုရင်၏ အမိန့်ကြောင့် ပတ်ဝန်းကျင်မှ တော်ဝင်စောင့်များက ကြောက်ရွံ့နေကြသော်လည်း သူတို့၏ ခြေလှမ်းများကို ရပ်တန့်ပြီး လှည့်၍ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ ကျောက်ဘုရင်က သူ၏ အသက်အတွက် ထွက်ပြေးနေရသော်လည်း သူ၏ ဂုဏ်သိက္ခာနှင့် ဘုရင်၏ အာဏာက သူ၏ လက်အောက်ခံများ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။

" ပြေးကြ မြန်မြန် ပြေးကြ..." ကျောက်ယန်က ထိတ်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးနေသည်။

ထိုအချိန်တွင် တော်ဝင်အစောင့်တပ်ဖွဲ့က စုစည်းလိုက်ကြသည်။ အင်အားမများသော်လည်း သူတို့၏ အရေအတွက်က တစ်ထောင်ဝန်းကျင်ရှိသည်။ တပ်မှူးများ၏ ကွပ်ကဲမှုအောက်တွင် သူတို့က ရန်သူကို ရင်ဆိုင်ရန် စစ်ကြောင်းကို လျင်မြန်စွာ နေရာချလိုက်ကြသည်။

သူတို့၏ ရှေ့တွင် မြင်းစီးစစ်သည်တစ်ရာကျော်က အရှိန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်။ စနစ်တကျရှိနေသော ကျောက်တော်ဝင်အစောင့်များကို မြင်သော်လည်း မြင်းစီးစစ်သည်များက ထိတ်လန့်သည့် အရိပ်အယောင် မပြပေ။

" မြားတွေ..." ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။ သူကလည်း မြားခြောက်စင်းကို ဆွဲထုတ်ပြီး လေးကြိုးတင်လိုက်သည်။ မြားခြောက်စင်းက တစ်ပြိုင်နက် ပျံထွက်သွားသည်။

ရွှီး....

မြားများက လျှပ်စီးတန်းများသဖွယ် ပြေးထွက်သွားပြီး လေထုကို ဖြတ်သန်းကာ တော်ဝက်အစောင့် ဆယ်ယောက်ကျော်၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသည်။ ကျောက်ဖုန်း၏ ဘေးမှ ကိုယ်ရံတော်များကလည်း မြားများကို ပစ်ခတ်လိုက်ကြပြီး တော်ဝင်အစောင့်တစ်သိုက်ကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။

သူတို့က ရှေ့သို့ မြင်းစီးထွက်လာရင်း မြားများကို အဆက်မပြတ် ပစ်ခတ်နေကြသည်။ သူတို့၏ အရှိန်နှင့် ကျွမ်းကျင်မှုကို ကြည့်ရသည်မှာ ကျောက်နိုင်ငံ၏ နာမည်ကျော် မြင်းစီးမြားပစ်သူများထက် မည်သို့မျှ မနိမ့်ကျသည့်အပြင် တိုက်ခိုက်ရေးစွမ်းအားက ပို၍ သာလွန်နေသည်။

တော်ဝင်အစောင့်များနှင့် နီးကပ်လာသောအခါ ကျောက်ဖုန်းက သူ၏ လေးကို သိမ်းပြီး အာဏာရှင်လှံကို ကိုင်ကာ ရှေ့သို့ တိုးဝင်သွားသည်။

" ကျောက်နိုင်ငံအတွက် အရှင်မင်းကြီးအတွက် သတ်ကြ။ " ကျောက်တော်ဝင်အစောင့်များက ဟိန်းဟောက်လိုက်ကြပြီး ကျကျောက်ဖုန်းကို တိုက်ခိုက်ရန် ရှေ့သို့ တိုးလာကြသည်။

သူတို့က လှံများဖြင့် ထိုးလိုက်ကြသော်လည်း ကျောက်ဖုန်းက အာဏာရှင်လှံဖြင့် ဘေးသ်ု့ ရိုက်ထုတ်ပစ်လိုက်သည်။ သူ၏ မြင်းကို ရှေ့သို့ နှင်ရင်း ကျောက်တော်ဝင်အစောင့်များကို အလွယ်တကူ သတ်ဖြတ်သွားသည်။

ကိုယ်ရံတော်တစ်ရာကျော်က သိုင်းပညာကို ကျင့်ကြံထားကြပြီး သူတို့၏ အတွင်းအားကို အသုံးပြု၍ လူတစ်ယောက်နှင့် လူဆယ်ယောက်ကို ယှဉ်နိုင်စွမ်းရှိကြသည်။ သူတို့က ကျောက်တော်ဝင်အစောင့်များကို အလွယ်တကူ သတ်ဖြတ်လိုက်ကြသည်။

ကျောက်နိုင်ငံ၏ အသန်မာဆုံး တော်ဝင်အစောင့်များက ကျောက်ဖုန်း၏ ကိုယ်ရံတော်တပ်ဖွဲ့ကို မယှဉ်နိုင်ပေ။ အရေအတွက်ကွာခြားနေသော်လည်း ကျောက်တော်ဝင်အစောင့်များက ခဏအတွင်း ချေမှုန်းခြင်း ခံလိုက်ရသည်။

ကျောက်တော်ဝင်အစောင့်များကို ရှင်းပြီးနောက် ကျောက်ဖုန်းက ထွက်ပြေးနေသော ကျောက်လူမျိုးများကို ကြည့်ပြီး အော်ဟစ်လိုက်သည်။

" ထွက်ပြေးတဲ့သူတွေ သနားညှာတာမှုမရှိ သတ်ခံရမယ်။ ရပ်ပြီး ဒူးထောက်ကြ။ ဒါဆို အသက်ချမ်းသာခွင့်ပေးမယ်။ "

ကျောက်ဖုန်း၏ စကားကို ကြားသောလည်း ကျောက်လူမျိုးများက ရပ်တန့်ခြင်းမရှိဘဲ အသည်းအသန် ဆက်လက်ထွက်ပြေးနေကြသည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်း၏ စိတ်ရှည်မှုက ကုန်ဆုံးသွားသည်။ သူက လေးကို မြှောက်ပြီး အရာရှိတစ်ယောက်ကို ပစ်လိုက်သည်။

သူ၏ ကိုယ်ရံတော်များကလည်း ချက်ချင်း နားလည်သွားကြသည်။ သူတို့ကလည်း လေးများကို မြှောက်ကာ ထွက်ပြေးနေသော လူများကို စတင်ပစ်ခတ်လိုက်ကြသည်။ လူတိုင်း၏ မြားပစ်စွမ်းရည်မှာ ပစ်မလွဲဖြစ်ပြီး လူတစ်ရာကျော်ကို အလွယ်တကူ သတ်ပစ်လိုက်ကြသည်။ ထိုကြောက်စရာကောင်းသော သတ်ဖြတ်မှုအောက်တွင် ကျောက်လူမျိုးများက ကြောက်လန့်တုန်လှုပ်သွားကြသည်။

" ကျွန်တော်ကို မသတ်ပါနဲ့ မပြေးတော့ပါဘူး။ လက်နက်ချပါတယ်။ "

" ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ "

" ကျွန်တော်ကို မသတ်ပါနဲ့။ "

ကျောက်လူမျိုးများက ဒူးထောင်လိုက်ကြပြီး သူတို့၏ အသက်အတွက် အသည်းအသန် ဦးညွှတ်တောင်းပန်ကြတော့သည်။ ကျောက်ဖုန်းက ဒူးထောက်တောင်းပန်နေသူများကို ချမ်းသာပေးသော်လည်း သူ၏ လူများက ဆက်လက်ထွက်ပြေးသူမှန်သမျှကို ဆက်လက်ပစ်ခတ်နေဆဲ ဖြစ်သည်။ ထိုပစ်ခတ်မျဖုအောက်တွင် လူအများအပြားက အရှုံးပေးရန် ရွေးချယ်လိုက်ကြပြီး ဆက်လက်ထွက်ပြေးရန် မဝံ့ရဲတော့ပေ။

" သူတို့ကို စောင့်ကြပ်ဖို့ လူငါးဆယ်နေခဲ့။ ထွက်ပြေးဖို့ ကြိုးစားတဲ့သူရှိရင် သတ်ပစ်။ ကျန်တဲ့ သူတွေ ငါနဲ့လိုက်ခဲ့ကြ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ကျောက်ဖုန်းက လူအုပ်ထဲသို့ ကြည့်လိုက်ရာ ကျောက်ဘုရင်မပါသေးကြောင်း ချက်ချင်း သိလိုက်သည်။ အဖွဲ့တစ်ဖွဲ့က ခွဲထွက်သွားပြီး ကျောက်ယန်ကလည်း မည်သည့်အခါမှ နောက်ကျကျန်နေခဲ့မည်မဟုတ်ပေ။ ကျောက်ဖုန်းက ကျောက်ဘုရင်အတွက် လာခဲ့ခြင်းဖြစ်ပြီး သူ့ကို မဖမ်းမိမချင်း ပြန်လှည့်မည်မဟုတ်ပေ။

" အမိန့်အတိုင်းပါ။ " ကိုယ်ရံတော်များက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။

သူတို့က ချက်ချင်း လူစုခွဲလိုက်ကြပြီး အကျဉ်းသားများကို စောင့်ကြပ်ရန် လူငါးဆယ်က ကျန်နေခဲ့ပြီး ကျန်သော လူရှစ်ဆယ်ကျော်က မြင်းစီးပြီး ကျောက်ဖုန်းနောက်သို့ လိုက်ပါသွားကြသည်။

All Chapters