အခန်း (၂၀၆)
Vol. 21 Ch. 206
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၀၆)
အဝေးတစ်နေရာတွင် ကျောက်ယန်နှင့် အရာရှိများက အသက်လု၍ ထွက်ပြေးနေကြဆဲ ဖြစ်သည်။ ယခုအချိန်တွင် သူတို့က ခြေထောက်များ အပိုပါလာလျှင် ကောင်းမည်ဟု တွေးမနေကြသည်ာယ ထို့အချိန်တွင် မြင်းခွာသံများက တဖန်နီးကပ်လာပြန်သည်။ ၎င်းကို ကြားလိုက်ရသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြသည်။
" သွားပြီ။ ချင်စစ်တပ်က မှီလာပြီ။ "
" တော်ဝင်အစောင့်တွေ အသုံးမကျဘူး။ ချင်စစ်သားနည်းနည်းလေးကိုတောင် သူတို့မတားနိုင်ကြဘူး။ "
ကျောက်ယန်က အားလုံးထဲတွင် အကြောက်ဆုံးဖြစ်သည်။ သူ၏ လက်အောက်ခံများက ချင်၏ ဖမ်းဆီးခြင်းကို ခံရလျှင် အသက်ရှင်ခွင့်ရနိုင်သော်လည်း ဘုရင်ဖြစ်သော သူသာ အဖမ်းခံရလျှင် အသက်ရှင်ရန် လုံးဝ အခွင့်အရေးရှိမည်မဟုတ်ပေ။
သူက ရင်ကျန့်၏ မဟာရန်သူတော်ကြီးဖြစ်ပြီး ငယ်စဉ်ကတည်းက ရင်ကျန့်ကို ညှင်းပန်းနှိပ်စက်ခဲ့သူဖြစ်သည်။ သူသာ ရင်ကျန့်၏ လက်ထဲသို့ ကျရောက်သွားလျှင် သေခြင်းထက် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
" ငါ ရင်ကျန့်ရဲ့ဖမ်းဆီးခြင်းကို လုံးဝမခံနိင်ဘူး။ " ကျောက်ယန်က တွေးလိုက်သည်။ သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ဘုရင်ဝတ်ရုံကို အလျင်အမြန် ချွတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူက မျက်နှာကို ဖုန်မှုန့်အညစ်အကြေးများနှင့် သုတ်လိမ်းပြီး လူအုပ်ထဲ ရောနှောကာ ဆက်လက်ထွက်ပြေးလိုက်သည်။
ထိုအချိန်တွင် ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်များနှင့်အတူ နောက်မှ လိုက်ပါလာခဲ့သည်။
" အခုချက်ချင်း ရပ်လိုက်ကြ၊ မဟုတ်ရင် သေရမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ထိုအော်သံကို ကြားသောအခါ ထွက်ပြေးနေကြသော ကျောက်နိုင်ငံ၏ ဝန်ကြီး်ထားက ထိတ်လန့်သွားကြပြီး ပို၍ အားထုတ်ထွက်ပြေးလိုက်ကြသည်။
ကျောက်ဖုန်းက သူ၏ နည်းလမ်းဟောင်းအတိုင်း သူ၏ ကိုယ်ရံတော်များနှင့်အတူ မြားများကို ပစ်ခတ်လိုက်ကြသည်။ မြားမိုးများ ရွာချပြီးနောက် သူတို့၏ ဘေးနားမှ လူများလဲကျသွားသည်ကို မြင်လိုက်ရခြင်းက ဝန်ကြီးများ၏ ထွက်ပြေးလိုစိတ်ကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့က ရပ်တန့်က ဒူးထောက်ပြီး တောင်းပန်လိုက်ကြသည်။
" ကျွန်တော်အသက်ကို ချမ်းသာပေးပါ။ "
" ကျွန်တော်ကို မသတ်ပါနဲ့။ "
အသက်ရှင်သန်ရေးနှင့်ယှဉ်လျှင် ဂုဏ်သိက္ခာများနှင့် အဆင့်အတန်းများက ဘာမှမဟုတ်တော့ပေ။ ကျောက်ယန်ပင် ဆက်မပြေးဝံ့တော့ပေ။ သူက လူအုပ်ကြားထဲတွင် ဒူးထောက်ပြီး သူ့ကိုသူ ဖုံးကွယ်ရန် အသည်အသန် ကြိုးစားနေသည်။
" အခု ငါ့ရဲ့ ဝတ်ရုံကို ချွတ်လိုက်ပြီဆိုတော့ ငါ့ကို ဘယ်သူမှ မှတ်မိမှာမဟုတ်တော့ဘူး။ "
ဘယ်သူမှ ထွက်မပြေးသည်ကို အတည်ပြုပြီးနောက် ကျန်းမင်က ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။ " အရှင် ဘယ်သူမှမလွတ်သွားပါဘူး။ အားလုံးဒီမှာရှိပါတယ်။ "
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြပြီး မြင်းကို မောင်းကာ ဒူးထောက်နေသော လူများဆီသို့ သွားလိုက်သည်။
သူတို့အားလုံးက လူတစ်ထောင်ကျော်ရှိသော်လည်း ကျောက်ဖုန်းနှင့် သူ၏ ကိုယ်ရံတော်အနည်းငယ်ကို အလွန်ကြောက်လန့်နေကြသဖြင့် တစ်စက်မှမလှုပ်ရဲကြတော့ပေ။
" ကျောက်ယန် " ကျောက်ဖုန်းက လူအုပ်ထဲသို့ လှမ်းအော်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မည်သူမှပြန်မထူးပေ။
" မင်း လူအုပ်ထဲမှာ ပုန်းနေတာ ငါသိတယ်။ အခု ထွက်လာခဲ့စမ်း။ ဒါဆိုရင် မင်းကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံပေးမယ်။ ဒါပေမယ့် မင်း ဆက်ပုန်းနေမယ်ဆိုရင်တော့ မင်းရဲ့ ဘုရင်ဆိုတဲ့ အဆင့်အတန်းကို ငါ လျစ်လျူရှုတာကို အပြစ်မတင်နဲ့။ "
သို့သော် ထိုခြိမ်းခြောက်မှုကလည်း မည်သည့်တုန့်ပြန်မှုမှ မရှိခဲ့ပေ။ ကျောက်ယန်က ခေါင်းငုံ့ပြီး မျက်နှာကို မြေကြီးနှင့် ကပ်ထားသည်။
" ငါ ဒါကို ဖြတ်ကျော်နိုင်ရမယ်။ လူအုပ်ထဲမှာ ပုန်းနေရင် သူတို့ငါ့ကို ရှာတွေ့မှာမဟုတ်ဘူး။ နောက်မှ ထွက်ပြေးဖို့ အခွင့်အရေးရှာရမယ်။ " ကျောက်ယန်က တွေးလိုက်သည်။
ကျောက်ဖုန်းက ဂရုမစိုက်ဘဲ လူအုပ်ထဲသို့ မြင်းစီးဝင်သွားပြီး ဝန်ကြီးကိုးယောက်အနက်မှ တစ်ယောက်၏ ရှေ့တွင် ရပ်လိုက်သည်။
" မတ်တပ်ရပ်စမ်း။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
" ကျွန်တော်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် လက်နက်ချပါတယ်။ " ထိုဝန်ကြီးက မတ်တပ်ရပ်လိုက်ပြီး ကြောက်ရွံ့စွာ တောင်းပန်လိုက်သည်။
" ကျောက်ယန်ကို ပြစမ်း။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ဒါ ဒါက..." ဝန်ကြီးက တွေဝေနေပြီး အမိန့်ကို လိုက်နာရန် ကြောက်ရွံ့နေသည်မှာ ထင်ရှားသည်။
နောက်တစ်စက္ကန့်တွင် လုံချွမ်ဓားက ဓားအိမ်ထဲမှ ထွက်လာသည်။ ကျောက်ဖုန်းက ထိုဝန်ကြီး၏ ဦးခေါင်းကို တစ်ချက်တည်းနှင့် ဖြတ်ချလိုက်သည်။ ထိုဝန်ကြီး၏ ခေါင်းက မြေပြင်ပေါ်တွင် လိမ့်သွားပြီး သူ၏ ခန္ဓာကိုယ်က မြေပြင်သို့ လဲကျသွားသည်။
ပတ်ဝန်ကျင်ရှိ ဝန်ကြီးများ၏ မျက်နှာက သေလူကဲ့သို့ ဖြူဖျော့သွားသည်။ ကျောက်ဖုန်းကို ကြည့်သော သူတို့၏ အကြည့်များက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ကျောက်ဖုန်းက သွေးများစီးကျနေသော လုံချွမ်ဓားနှင့် အခြားဝန်ကြီးတစ်ယောက်ကို ချိန်ရွယ်လိုက်သည်။ " မင်း ကျောက်ယန်ကို ပြစမ်း။ မဟုတ်ရင် သေရမယ်။ "
ထိုအချိန်တွင် ကျောက်ယန်က ကြောက်လန့်လွန်းပြီး တုန်ယင်နေသည်။ ဒုတိယဝန်ကြီးကလည်း သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ဆက်လက်တွေဝေရန် မဝံ့ရဲတော့ပေ။ သူ၏ အကြည့်က ကျောက်ယန်ရှိရာသို့ ရောက်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" အရှင် အရှင်မင်းကြီးက ဟိုမှာပါ။ "
ဝန်ကြီး၏ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ ကျောက်ဖုန်း၏ အကြည့်က ဒူးထောင်နေသော ကျောက်ယန်ဆီသို့ ကျရောက်သွားသည်။
ကျောက်ဖုန်းက ကျောက်ယန်ကို မြင်လိုက်သည်နှင့် သူ၏ မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။
" မင်း ခေါင်းမော့စမ်း။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ကရုဏာတရားကင်းမဲ့သော ကျောက်ဖုန်းနှင့် ရင်ဆိုင်ရသောအခါ ကျောက်ယန်က မနာခံဘဲ မနေရဲပေ။ ဘုရင်ဆိုသော သူ၏ ဂုဏ်သိက္ခာများကလည်း ပျောက်ကွယ်သွားပြီး တုန်တုန်ယင်ယင်နှင့် ခေါင်းမော့လိုက်သည်။
ကျောက်ယန်ကို မြင်သောအခါ ကျောက်ဖုန်းက မရယ်ဘဲမနေနိုင်တော့ပေ။ သို့သော် ထိုရယ်သံက သူ၏ မျက်နှာမှ သွေးများနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ခြောက်ခြားဖွယ်ကောင်းနေသည်။
" နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဘုရင်ဖြစ်ပြီးတော့ ကြည့်ရတာ သနားစရာကောင်းလိုက်တာ။ တကယ်ရှက်စရာပဲ။ ငါသာ မင်းနေရာမှာဆို ကိုယ့်ကိုကိုယ် သတ်သေလိုက်တာ ကြာလှပြီ။ " ကျောက်ဖုန်းက လှောင်ပြောင်လိုက်သည်။
လျန်ပိုကဲ့သို့ သစ္စာရှိပြီး သတ္တိရှိသော စစ်သေနာပတိချုပ်များအပေါ်တွင် ရန်သူဖြစ်နေလျှင်တောင် ကျောက်ဖုန်းက စိတ်ထဲတွင် လေးစားမှုရှိသည်။ သို့သော် သေမှာ အလွန်ကြောက်သော ဘုရင်အတွက်မူ ကျောက်ဖုန်းက ဘာလေးစားမှုမှ မထားပေ။
ကျောက်ဖုန်း၏ လှောင်ပြောင်မှုများကြောင့် ကျောက်ယန်က ကြောက်ရွံ့နေသော်လည်း ကြိုးစားပြီး မတ်တက်ရပ်လိုက်သည်။
" ငါ့ကို မစော်ကားနဲ့။ " ကျောက်ယန်က ကျောက်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။ " ငါက ဘုရင်ပဲ။ ငါသေရမယ်ဆိုရင်တောင် မင်းလိုကောင်က ရိုးရိုင်းစိုင်းစိုင်း လုပ်လို့မရဘူး။ "
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ပြုံးပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ကျန်းမင်က ချက်ချင်း နားလည်သွားပြီး သူ၏ ဓားကို ကျောက်ယန်၏ ခြေရင်းသို့ ပစ်ချပေးလိုက်သည်။ ဓားက ကျောက်ယန်၏ ရှေ့တည်တည်မှ မြေကြီးထဲသို့ စိုက်ဝင်သွားသည်။
" ငါမင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။ " ငါမင်းကို ဝင်သက်ထွက်သက်သုံးကြိမ်စာ အချိန်ပေးမယ်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်။ "
ကျောက်ယန်က ဓားမှတစ်ဆင့် လှောင်ပြောင်နေသော ကျောက်ဖုန်းကို ကြည့်ပြီး စိတ်လွတ်သွားပုံရသည်။ သူက ဓားကို ဆွဲထုတ်ပြီး သူ၏ လည်ပင်ပေါ်တွင် တင်လိုက်သည်။ သို့သော် အေးစက်သော သံမဏိက သူ၏ အရေပြားသို့ ထိတွေ့လိုက်သောအခါ သူက အားမထုတ်နိုင်ကြောင်း သိလိုက်သည်။ သူ၏ သေမှာကြောက်သောစိတ်က ထင်ရှားစွာ ပေါ်ထွက်လာသည်။
" အား..." ကျောက်ယန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ဓားက သူ၏ လက်ထဲမှ မြေပြင်ပေါ်သို့ ကျသွားသည်။ သူ၏ လည်ပင်တွင် အရေပြားပွန်းသွားသော အစင်းကြောင်းတစ်ခုသာ ကျန်နေခဲ့သည်။
ကျောက်ဖုန်းက ခေါင်းခါပြီး ရယ်မောလိုက်သည်။ " ဒါကို မင်းကိုမင်း ဘုရင်လို့ ခေါ်နေသေးတာလား။ မင်းကို သိက္ခာရှိရှိ သေခွင့်ပေးတာတောင် မင်းက မလုပ်နိုင်ဘူး။ တကယ် အသုံးမကျတာပဲ။ "
ကျောက်ဖုန်း၏ လက်ဝှေ့ရမ်းမှုနှင့်အတူ ကိုယ်ရံတော်အချို့က ရှေ့တိုးလာပြီး ကျောက်ယန်ကို ကြိုးများနှင့် ချည်နှောင်လိုက်ကြသည်။ ကျောက်ဖုန်းက ကျောက်ယန်ကို ဓားပေးခဲ့ခြင်းမှာ လှောင်ပြောင်ရန် သက်သက်သာဖြစ်သည်။ ထိုလူက သူ့ကိုသူ မည်သည့်အခါမှ အဆုံးစီရင်မည်မဟုတ်ကြောင်း သူကောင်းကောင်းသိထားသည်။
အကယ်၍ ကျောက်ယန်သာ သေမှာမကြောက်လျှင် သူက နေရစ်ခဲ့ပြီး ဟန်တန်မြို့ကို ခုခံကာကွယ်ခဲ့ပေလိမ့်မည်။ အကယ်၍ ဘုရင်တစ်ပါးက သူ၏ နိုင်ငံနှင့်အတူ သေရဲလျှင် ကျောက်နိုင်ငံ၏ မြို့တော်က ထိုးဖောက်ခံရမည်မဟုတ်ပေ။
စစ်မြေပြင်တွင် ဘုရင်တစ်ပါးရှိနေခြင်းမှာ စစ်သည်များအတွက် ကြီးမားသော စိတ်ဓာတ်မြှင့်တင်မှုဖြစ်စေသည်။ သို့သော် ကျောက်ယန်က ထိုသို့တစ်ခုမှမလုပ်ခဲ့ပေ။
အတိတ်တွင် ချင်က ငါးနိုင်ငံပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကို ရင်တိုင်ရချိန်တွင် ရင်ကျန့်က နန်းတက်ခါစဖြစ်သော်လည်း နယ်သပ်မြို့များသို့ သွားရောက်ကာ ခုခံမှုကို ကိုယ်တိုင်ကွပ်ကဲခဲ့သည်။ ကျောက်ယန်က သူ့ကိုသူ ရင်ကျန့်ထက် သာလွန်သည်ဟု အမြဲယူဆခဲ့ပြီး သူ့ကို ကျော်လွန်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် လက်တွေ့တွင် ကျောက်ယန်က ရင်ကျန့်နှင့် နှိုင်းယှဉ်ရန်ပင် မထိုက်တန်ပေ။
ရင်ကျန့်ကိုမပြောနှင့် သူ၏ညီ ကျောက်ယိကိုပင် မယှဉ်နိုင်ပေ။ အကယ်၍ သူ၏ ကောက်ကျစ်သော အစီအစဉ်များသာ မရှ်ခဲ့လျှက် သူက ကျောက်ဘုရင် မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ပေ။