← Chapters

အခန်း (၂၀၈)

Vol. 21 Ch. 208

အခန်း (၂၀၈)

Vol. 21 Ch. 208

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၀၈)

" စစ်သူကြီး ဒီလူတွေက ဇိမ်နဲ့နေခဲ့ကြတဲ့ ဝန်ကြီးတွေပဲ။ ဒီလောက်အကြာကြီး လမ်းလျှောက်နေရတော့ သူတိ့ တကယ်သေလုနီးပါးဖြစ်နေလောက်ပြီ။ သူတို့ကို တစ်နာရီလောက် နားခွင့်ပေးလိုက်ရင် ကောင်းမယ်ထင်တယ်။ သူတို့ကို သေတဲ့အထိတော့ မလုပ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က စစ်ရေးစွမ်းဆောင်မှုတွေပဲလေ။ " ကျန်းမင်က ရယ်ပြီး ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး ဘေးသို့ သွားကာ မြင်းပေါ်မှ ဆင်းပြီး ထိုင်လိုက်သည်။

" စစ်သူကြီးရဲ့ အမိန့်အရ ခဏနာမယ်။ " ကျန်းမင်က အော်ဟစ်လိုက်သည်။ " ဘယ်သူမဆို ခြေဆယ်လှမ်းထက် ပိုပြီး လှုပ်ရှားတာနဲ့ သတ်ခံရမယ်။ "

ကိုယ်ရံတော်များက ချက်ချင်း လူစုခွဲလိုက်ကြပြီး မြင်းစီးစစ်သည်များက အပြင်ဘက်မှ ဝန်းရံကာ ခြေလျင်စစ်သည်များက အတွင်းမှ ဝိုင်းလိုက်ကြသည်။

" ငါ အပေါ့သွားချင်တယ်။ " ကျောက်ယန်က ဒေါသတကြီး ပြောလိုက်သည်။

" မင်းဘောင်းဘီထဲမှာပဲ သွားလိုက်ပေါ့။ " ကျောက်ဖုန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

" မင်းငါ့ကို ဒီလိုအရှက်ခွဲလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ငါက ဘုရင်တစ်ပါးပဲ။ " ကျောက်ယန်က ဒေါသတကြီး ပြောလိုက်သည်။

" သေမှာကြောက်တဲ့ ဘုရင်ဆိုတာ ကံကောင်းလို့ လူဖြစ်လာရတဲ့သူထက် မပိုဘူး။ အသုံးမကျတဲ့သူပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

" ဒါဆိုရင် ငါ့ကို သတ်လိုက်လေ။ " ကျောက်ယန်က ဒေါသတကြီး ပြောလိုက်သည်။ " မင်း ငါ့ကို သတ်ရင် ရင်ကျန့်က မင်းကို လွှတ်ပေးမှာမဟုတ်ဘူး။ "

" စစ်သူကြီး " ယခင်က ကျောက်ယန်ကို ဖော်ထုတ်ခဲ့သော ကျောက်ဝန်ကြီးက ထိတ်လန့်တကြား ပြောလိုက်သည်။ " ကျွန် ကျွန်တော်လည်း အလေးသွားချင်ပါတယ်။ "

" မင်း သစ္စာဖောက်ကောင် မင်းသာမရှိရင် ငါ့ကို ဘယ်သူမှသိမှာမဟုတ်ဘူး။ " ကျောက်ယန်က ထိုဝန်ကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" ကျောက်ယန် ငါတို့အားလုံးက အခု အဆင့်တန်းအတူတူ အကျဉ်းသားတွေပဲ။ " ဝန်ကြီးကိုးယောက်ထဲမှာ ဝါရင့်ဝန်ကြီးတစ်ယောက်က စိတ်မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။

" ပြီးတော့ မင်းသာ ဒီလောက်အသုံးမကျရင် ငါတို့ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ ကျောက်ပလ္လင်က အမှန်တော့ အရှင်ချွန်းဖျင်(ကျောက်ယိ)နဲ့ပဲ ထိုက်တန်တာ။ မင်းက အရှင်ချွန်းဖျင်ကို ပြန်ခေါ်ဖို့ စေလွှတ်လိုက်တဲ့ ဝန်ကြီးမြောင်စုကို လုပ်ကြံပြီး ကျောက်ကို ပြန်မလာနိုင်အောင် တားဆီးခဲ့တယ်။ နောက်ဆုံးမှာ ကိုယ်လုပ်တော်ရဲ့ သားဖြစ်တဲ့ မင်းက ပလ္လင်ကို လုယူခဲ့တယ်။ "

" မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေကို ဘယ်သူမှမသိဘူးလို့ တကယ်ထင်နေတာလား။ မင်းက ဘုရင်မဟုတ်ဘူး။ မင်းက မိဘကို မရိုသေတဲ့သား သစ္စာဖောက်ပဲ။ "

၎င်းကို ကြားသောအခါ ကျောက်ယန်၏ မျက်နှာက လူသေကဲ့သို့ ဖြူဖျော့သွားသည်။

" မင်း...မင်း...." သူက ဒေါသတကြီး စိုက်ကြည့်နေသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။

ထိုဝန်ကြီးပြောသည်မှာ မှန်ကန်ပေသည်။ သူ၏ နန်းတက်မှုက တရားမဝင်ခဲ့ပေ။ ယခင်ကျောက်ဘုရင် မကွယ်လွန်မီ အိမ်ရှေ့စံမင်းသားကျောက်ယိကို ကျောက်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ဝန်ကြီးမြောင်စုကို စေလွှတ်ခဲ့သည်။ သို့သော် မြောင်စုက လမ်းခုလတ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းက ကောခိုင်၏ လက်ချက်ပင်ဖြစ်သည်။ မြောင်စုသေဆုံးသွားသောကြောင့် ကျောက်ယိက ပြန်လာနိုင်တော့ဘဲ ၎င်းက ကျောက်ယန်ကို နန်းတက်ခွင့်ရစေခဲ့သည်။

" ဘာဖြစ်တာလဲ။ ပြောစရာစကားမရှိတော့ဘူး။ " ဝန်ကြီးက လှောင်ပြောင်လိုက်သည်။ " ငါ့စကားက အနာပေါ် ဆားနဲ့ပက်သလို ဖြစ်သွားတာလား။ ငါမင်းကို ပြောပြမယ် ကျောက်ယန် ကောခိုင် မင်းအတွက် ရှာပေးခဲ့တဲ့ အဲ့ဒီလူတွေထဲက မင်း အားလုံးကို သုတ်သင်ခဲ့တယ်ဆိုပေမယ့် အချို့ကတော့ လွတ်သွားခဲ့တယ်။ "

" မင်းက မင်းရဲ့ ဖခင်ကောင်းနဲ့ မထိုက်တန်တဲ့ သားမိုက်ဖြစ်သလို တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ မသင့်တော်တဲ့ သစ္စာဖောက်ပဲ။ မင်းက မင်းရဲ့ အကိုနေရာကို လုယူခဲ့တာတောင် မင်းကိုမင်း ဘုရင်လို့ ခေါ်ရဲသေးတာလား။ ငါမင်းကို တကယ်ရွံတယ်။ "

ထိုစကားများက ပြင်းထန်လွန်းသဖြင့် ကျောက်ယန်က ခေါင်းမမော့နိုင်တော့ဘဲ ပြောစရာစကားလည်း မရှိတော့ပေ။ ထိုစကားများနှင့်အတူ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များက ပြောင်းလဲသွားကြသည်။

ဤခေတ်ကာလတွင် တရာဝင်ဆက်ခံမှုက အလွန်အရေးကြီးသည်။ ထိုအချက်ပေါ်ပေါက်သွားခြင်းမှာ လူထု၏ ထောက်ခံမှု လုံးဝ ဆုံးရှုံးသွားခြင်းဖြစ်ပြီး သူ့အတွက် အခွင့်အရေး လုံးဝမရှိတော့ပေ။

" ခွေးအချင်းချင်း ကိုက်တာ ကြည့်ကောင်းတယ်။ " ကျောက်ဖုန်းက ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။

" အပေါ့အပါးသွားချင်နဲ့သူတွေ သွားနိုင်တယ်။ ဒါပေမယ့် ဆယ်လှမ်းအတွင်းပဲရှိရမယ်။ ဆယ်လှမ်းကျော်တဲ့သူမှန်သမျှ သတ်ပစ်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သူကြီး။ "

" မြန်မြန် ငါထွက်ကျတော့မယ်။ "

ကျောက်ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ထရပ်ပြီး အစွန်းဘက်သို့ လျှောက်သွားကြသည်။

" ရန်သူသတ်ဖြတ်မှုတွေကရတဲ့ စွမ်းရည်အမှတ်တွေကို တွက်ချက်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

" စစ်ပွဲမပြီးဆုံးသေးလို့ စောင့်ဆိုင်းပေးပါ။ "

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက အံ့ဩခြင်းမရှိပေ။ ဟန်တန်မြို့အတွင်းမှ တိုက်ပွဲက မပြီးသတ်သေးဘဲ ကျောက်စစ်တပ်၏ အကြွင်းအကျန်များကို ရှင်းလင်းနေဆဲဖြစ်သည်။

" ချင်ရှီဟွမ်က ဟန်တန်မြို့ကို ရောက်ပြီလားဆိုတာ ငါသိချင်မိတယ်။ နှစ်တစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ ပါရမီရှင်...ငါသူ့ကို တကယ်ပဲ တွေ့ချင်မိတယ်။ " ကျောက်ဖုန်းက ချင်ရှီဟွမ်အပေါ် လေးစားမှုမှာ သမိုင်းမှတ်တမ်းများမှ လာခြင်းဖြစ်သည်။

ထိုသမိုင်းမှတ်တမ်းများကြောင့် သူက ပထမဆုံး ဧကရာဇ်အပေါ် လေးစားနေခြင်းဖြစ်သည်။ ချင်ရှီဟွမ်၏ အောင်မြင်မှုများက ကြီးမားလှပေသည်။

ဟန်တန်မြို့အတွင်း ရင်ကျန့်က ကိုယ်ရံတော်များဝန်းရံလျက် ဟန်တန်မြို့၏ လမ်းမပေါ်၌ တစ်လှမ်းချင်း လျှောက်လှမ်းနေခဲ့သည်။ နေရာတိုင်းတွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးများက အားလုံးကို စွန်းထင်စေခဲ့သည်။

မြို့အတွင်းရှိ သာမန်လူများက တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ထားကြပြီး အပြင်သို့ မထွက်ရဲကြပေ။ ရှုံးနိမ့်သွားသော ကျောက်စစ်သည်များကလည်း သူတို့ကြားတွင် ပုန်းအောင်းနေကြမည်မှာ သေချာသည်။ ယခုအချိန်တွင် ထောက်ပို့တပ်ဖွဲ့ကလည်း ရောက်မလာသေးပေ။

မြို့ထဲမှ အထူးစစ်သည်များက လမ်းမတစ်လျှောက် သွားလာနိုင်ရန်အတွက်သာ အလောင်းများကို ဘေးသို့ စုပုံခဲ့ကြခြင်းဖြစ်သည်။ သို့သော် အလောင်းများ တောင်လိုပုံနေပြီး သွေးချောင်းစီးနေသော မြင်ကွင်းက တုန်လှုပ်ခြောက်ခြားစရာကောင်းလှသည်။ ဟန်တန်မြို့က ဖုန်းတု(သေမင်းမြို့တော်) ကဲ့သို့ ဖြစ်နေသည်။

" ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပေမယ့် ကျောက်လမ်းမတွေကတော့ သိပ်မပြောင်းလဲသေးဘူး။ " ရင်ကျန့်က ခံစားချက်များနှင့် ပြောလိုက်သည်။ သူက ဤမြို့၌ ကလေးဘဝကတည်းက ကြီးပြင်းလာခဲ့ပြီး အရှက်တကွဲ နှိမ့်ချခြင်းကို ခံခဲ့ရသည်။

" ကျွန်တော်မျိုး ကျောက်နိုင်ငံကို တစ်ခါရောက်ဖူးပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ချန်ဖျင်တိုက်ပွဲအပြီးမှာ ကျောက်နိုင်ငံရဲ့ အင်အားက အားနည်းသွားခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျောက်နိုင်ငံက ပြန်လည်ထူထောင်ရေးကိုပဲ အာရုံစိုက်ပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအားလုံးကို အဲ့ဒီမှာပဲ သုံးခဲ့ရတယ်။ သူတို့က အဆောက်အဦးတွေကို ဘယ်လိုလုပ်ပြင်ဆင်နိုင်တော့မှာလဲ။ "

" ကျောက်ယန်က အသုံးမကျတဲ့သူပဲ။ " ရင်ကျန့်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ " သူ့ရဲ့ နိုင်ငံက အားနည်းနေတာတောင် သူက ယန်ကို ဖျက်ဆီးဖို့ အိပ်မက်မက်နေတယ်။ ငါသိရသလောက်ကတော့ ကျောက်မှာ အခွန်ကောက်ခံမှုက ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ခဲ့တယ်။ ဒီလိုမြင့်မားတဲ့ အခွန်တွေနဲ့ သူက ငါတို့အတွက် ပြဿနာတွေ ချန်ထားခဲ့တာပဲ။ "

" အရှင်မင်းကြီးက ကြင်နာတတ်သူပါ။ ချင်ဥပဒေအရဆို ဒီအခွန်ပြဿနာတွေကို မြန်မြန်ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဝမ်ကျန့်က ရိုသေစွာ ပြောလိုက်သည်။

" အခွန်ကိစ္စကို ဖြေရှင်းဖို့က ချင်နိုင်ငံရဲ့ အင်အားကို သုံးစွဲရဦးမှာပဲ။ အနည်းဆုံး တစ်နှစ်လောက်တော့ ကျောက်နိုင်ငံရဲ့ ရှုပ်ထွေးမှုတွေကြောင့် ငါတို့နှောင့်နှေးနေရဦးမှာပဲ။ ဒါပေမယ့် ဒါကို ပြန်လည်တည်ဆောက်ခြင်းအတွက် ဖျက်ဆီးခြင်းလို့လည်း မြင်လို့ရတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

ကိုယ်ရံတော်တပ်ဖွဲ့၏ ကာကွယ်မှုအောက်တွင် ရင်ကျန့်က မြို့အလယ်သို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။

" ဒီတိုက်ပွဲမှာ ချင်ရဲ့ အထူးစစ်သည် ဘယ်နှစ်ယောက်ဆုံးရှုံးခဲ့ရလဲ။ " ရင်ကျန့်က ချင်စစ်သည်များ၏ အလောင်းများကို ကြည့်ပြီး မေးလိုက်သည်။

သူက ရှန်းယန်တွင်သာ နေထိုင်ခဲ့ပြီး စစ်မြေပြင်မှ အကျအဆုံးစာရင်းများကို အစီရင်ခံစာပေါ်တွင်သာ မြင်ခဲ့ရသည်။ သို့သော် ယနေ့တွင်မူ အလောင်းများပြန့်ကျဲနေသော စစ်မြေပြင်သို့ ကိုယ်တိုင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ့အပေါ်တွင် အမှန်တကယ် သက်ရောက်မှု ကြီးလှသည်။

" ဒီတိုက်ပွဲမှာ..." ဝမ်ကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။ " စစ်သူကြီးကျောက်ဖုန်းရဲ့ စစ်တပ်ကတော့ သေဆုံးသူ သုံးသောင်းနဲ့ ဒဏ်ရာရသူတစ်သောင်းကျော် ရှိပါတယ်။ ကျန်တဲ့ စစ်တပ်နှစ်ခုကတော့ စုစုပေါင်း သေဆုံးမှုက သုံးသောင်းဝန်းကျင်ရှိပြီး အများစုက ဒဏ်ရာရသူတွေပါ။ "

" ဒါကို မှတ်ထားပါ။ " ရင်ကျန့်က ဝမ်ကျန့်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ " ချင်အတွက် သေဆုံးခဲ့တဲ့သူတွေ ဒါမှမဟုတ် ဒဏ်ရာရသူတွေကို ကောင်းကောင်းဆက်ဆံရမယ်။ သူတို့က ကြီးမားတဲ့ ဂုဏ်ပြုမှုနဲ့ ထိုက်တန်တယ်။ သူတို့ရဲ့ လစာနဲ့ နစ်နာကြေးတွေနဲ့ပက်သက်ရင် ငါတို့ရဲ့ နိုင်ငံအင်အားကို ထိခိုက်ရမယ်ဆိုရင်တောင် ငါ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။

" နန်းတော်ကို သွားကြရအောင်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ငါ ကျောက်မှာ ဓားစာခံအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရပေမယ့် ဓားစာခံတစ်ယောက်က နန်းတော်ထဲ ဝင်ခွင့်မရှိဘူး။ အခုတော့ အခြေအနေက ပြောင်းလဲသွားပြီ။ "

All Chapters