← Chapters

ဟန်ဖေးကျစ်

Vol. 9 Ch. 121

ဟန်ဖေးကျစ်

Vol. 9 Ch. 121

တောင်ထိပ်တွင် ရှိနေသော ရွှမ်းလွမ်မျက်လုံး များလည်း တစ်စုံတစ်ရာအား သဘောပေါက်သွား သကဲ့သို့ ဆတ်ခနဲ လှုပ်ရှားသွားသည်။ သူ့မျက်နက်ဆံတို့ လှုပ်ခတ်သွား ကြလေ၏။

ချီစွမ်းအင် ရုတ်ခြည်း တိုးပွားလာမှုကြောင့် ဟယ်ဖုန်းသည် ကြိုးတန်းအား လျှောက်ရာတွင် ပို၍ မြန်ဆန်လာသည်။ တစ်လှမ်းတည်းနှင့် ပေပေါင်းဒါဇင်ချီ ရောက်ရှိနိုင်သွားသည်။ မကြာမီ ကြိုးတန်း ပထမဆုံး အပိုင်း၏ အဆုံးသို့ နီးကပ်လာသည်။ သူ၏ အမြန်နှုန်းအား အကဲဖြတ် ကြည့်ရသလောက် အဆုံးသတ်ရှိ ကျောက်တိုင်သို့ မကြာခင် အချိန်အတွင်း ရောက်ရှိနိုင်ပေမည်။

"သူက ကြိုးတန်းကို ဖြတ်လျှောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး"

ရွှမ်းလွမ် မျက်နှာပျက်သွားပြီး သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်၊

"မဟုတ်ဘူး မဖြစ်နိုင်ပါဘူး သူကဒါကိုသုံးပြီး သက်သေပြချင် နေတာပေါ့၊ ဧကန္တ …"

ရွှမ်းလွမ်မျက်လုံးတို့ ပြူးကျယ်သွား၏။ သူ့ခေါင်းထဲသို့ တိုးဝင်လာသည့် အတွေးကပို၍ ခိုင်မာလာသည်။ ဟယ်ဖုန်းတစ်ယောက် ပထမဆုံး ကျောက်တိုင်အနား ရောက်သွားလုလုတွင် အာဃာတတို့ ပြည့်နှက်သည့် ရုပ်သွင်ပေါ်ပေါက် လာခဲ့၏။

ရုတ်တရက် ညာလက်အား ပင့်မြှောက်ကာ သူ့နဖူး၏ အလယ်ဗဟိုအား ထိကပ်လိုက်သည်။ ဆွဲယူသည့် ဟန်ပန်ပြုပြီးနောက် အနက်ရောင် မြူခိုးစိုင်သုံးခု ဆွဲထုတ်ခံ လိုက်ရပြီး သူ့ရှေ့မှာပင် ဖျော့တော့သော၊ တုန်ယင် လှိုက်လှဲသော လူသုံးယောက် ပုံရိပ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုပုံရိပ် သုံးခုမှာ လူအိုနှစ်ယောက်နှင့် မိန်းကလေးငယ်လေး တစ်ယောက်တို့ ဖြစ်သည်။ သူတို့မျက်နှာတွင် နာကျင်မှုများ ပြည့်လျှမ်းနေ၏။ သူတို့ အော်ဟစ်နေ ကြသော်လည်း ဘာသံမျှ ထွက်မလာခဲ့ပါ။ သို့သော် ရွှမ်းလွမ်မှ ၎င်းတို့အား လက်ညှိုး ညွှန်လိုက်ချိန်တွင် သူတို့၏ ချုပ်တည်းထားရမှုများ ကျေပျက်ကာ ပုံရိပ်သုံးခုက ဝမ်းနည်းပက်လက် ငိုကြွေးသံများ ထုတ်လွှတ်လိုက်ကြသည်။ သူတို့အသံက ပတ်ဝန်းကျင် တစ်ဝိုက် ပျံ့နှံ့သွားခဲ့သည်။

"ဖုန်းအာ …"

"ကိုကြီး …"

အသံများ ရုတ်တရက် ထွက်ပေါ်လာမှုက ကြည့်နေသူများအား ခေတ္တမှင်တက်မိ သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှိသမျှ အားကုန်သုံး၍ ကြိုးပမ်းနေပြီး ကြိုးတန်း ပထမအပိုင်း၏ အဆုံးသတ်သို့ ရောက်ရှိခါနီးနေသူ ဟယ်ဖုန်းမှာ တုန်ယင်သွားသည်။ အနောက်သို့ အသာအယာ ခေါင်းငဲ့ကြည့်ရာ ရှေ့တွင်ရှိနေသည့်ပုံ ရိပ်သုံးခုကို မြင်သွားပြီး မျက်လုံးမှ မျက်ရည်များ စီးကျလာခဲ့လေ၏။

ဟယ်ဖုန်း ရပ်တန့် သွားသည်ကို မြင်သောအခါ ရွှမ်းလွမ်သည် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချမိသည်။ ထို့နောက် လှောင်ရယ်သံ ပြုကာ တမင်ရည်ရွယ်သည့် နှေးကွေးမှုဖြင့် သူမ ခန္ဓာကိုယ်လေး တစစီ ပြတ်ထွက်မတတ် ဖျစ်ညှစ်ကာ  နာကျင်စွာ အော်ဟစ်ငိုယိုစေသည်။

သူမ၏အော်သံက လေထုထဲသို့ ပဲ့တင်ထပ် ပျံ့နှံ့သွားရာ ကြည့်နေသူတိုင်း နှလုံးသားတို့ တုန်ယင်သွား စေသည်။

ထိုအဖြစ်အပျက် တို့အား စုမင် မြင်သောအခါ မျက်မှောင်ကြုတ်၍ သက်ပြင်းမော ချမိသည်။ ဟယ်ဖုန်းမှာ ဝမ်းနည်းဖွယ် အတိတ်နှင့်လူ ဖြစ်ကြောင်း စုမင်က ခန့်မှန်းမိပြီးသားပင်။

ဟယ်ဖုန်းသည် တုန်ယင်စွာဖြင့် အဝေးတွင် ရပ်နေသည့် ရွှမ်းလွမ်အား စူးရဲစွာ ကြည့်သည်။ အခြားသူများမှာ သူ့မျက်နှာထားကိုမမြင်ရဘဲ ခေတ္တရပ်တန့် သွားပြီးမှ အလျင်အမြန် နောက်ပြန်လှည့်ကာ ရှေ့ဆက်လျှောက်ခြင်း ကိုသာတွေ့ကြ ရသည်။ သို့သော်ငြား သူလျှောက်လိုက်သည့် ခြေလှမ်းတိုင်းနှင့် သူ့ကိုယ်ခန္ဓာက အပြင်းအထန် တုန်ခါနေခဲ့သည်။

နောက်ထပ် နာကျင်စွာ အော်ဟစ်သံတို့ ပျံ့လွင့်လာပြန်သည်။ ထိုအသံက လူသားတို့၏ နှလုံးသားအား ကြေကွဲ သွားစေမတတ် အသံတို့ဖြင့် ဟယ်ဖုန်းအား ခေါ်နေသည်။

"ဖုန်းအာ ... ကယ်ပါ"

ရွှမ်းလွှမ်မှ မိန်းကလေးငယ်၏ အရိပ်အား အလုံးစုံဖျက်ဆီးပြီးသည်နှင့် လူအိုနှစ်ယောက် ထဲမှ တစ်ယောက်အား စတင်၍ ဖြည်းညင်းစွာ ဖိခြေတော့သည်။ ငိုသံများ တိုးလျလာသောအခါ ခရမ်းရောင်ဝတ်လူသည် ဟယ်ဖုန်းတစ်ယောက် ပြင်းပြင်းထန်ထန် တုန်ယင်နေခြင်းနှင့် ရှေ့ဆက် မသွားနိုင်တော့ဘဲ ပြုတ်ကျလု ဆဲဆဲအခြေအနေ ကိုမြင်ကာ နောက်ဆုံးသော အနက်ရောင် ပုံရိပ်အား ဖျက်ဆီးလိုက်တော့သည်။

လူတို့၏ နှလုံးသားများအား ဆွဲဖြဲလိုက် သကဲ့သို့ ခံစားသွား ရစေမည့် နာကျင်စွာ ငိုကြွေးသံတို့ လေထုထဲတွင် ပဲ့တင်ထပ် ပျံ့နှံ့သွားခဲ့ရာ စုမင်သည် ကြိုးတန်းပေါ်မှ ဟယ်ဖုန်း သွေးအန် လိုက်သည်ကို တွေ့လိုက်ရသည်။ ခိုင်ခိုင်မာမာ ခြေကုပ်ယူ မထားနိုင်တော့ဘဲ ချော်သွားခဲ့ရာ သူ့အောက်မှာ ပေပေါင်း ရာချီထောင်ချီသော ချောက်ကမ်းပါးကြီး ထဲသို့ လွင့်ကျသွား လေတော့သည်။

စုမင်မှာ ထိုမြင်ကွင်းကို မြင်သောအခါ သူ၏ ကိုယ်ပိုင်မျိုးနွယ်စု အကြောင်း ပြန်လည် စဉ်းစားမိသည်။ ပြောင်းရွှေ့ခရီးတွင် ဖြစ်ပေါ်ခဲ့သည့် ကြေကွဲဖွယ်ရာ ကိစ္စရပ်များကို ပြန်လည် အမှတ်ရကာ ပိထူ၏ ရက်စက် ကြမ်းကြုတ်မှု တို့အား သတိရမိသည်။

"တိရစ္ဆာန်တစ်ကောင် အားအင်နည်းပါးရင် တစ်ပါးသူရဲ့ အစားအစာ ဖြစ်ရပြီး လူတစ်ယောက် အားအင်နည်းပါးရင် ပိုပြီးအင်အားကြီးသူတွေ လှည့်ဖြားခြင်း ခံရတတ်တယ်။ ခုခံနိုင်ရင်တောင် ဘယ်လောက်မှ မကြာဘူး။ ဒါဟာ ခွန်အားကြီးသူသာ အောင်နိုင်ရာ ဖြစ်တဲ့ အသက်လုပွဲ ပါပဲ"

"ဒါကို ပြောင်းလဲပစ်ချင်ရင် ငါဟာ အင်အားကြီးမားသူ တစ်ယောက်ဖြစ်လာဖို့ လိုတယ်"

စုမင်၏ မျက်လုံးထဲတွင် သနားဖွယ် အရိပ်အယောင်တို့ မရှိဘဲ စိတ်ပိုင်းဖြတ်မှုနှင့် ပြတ်သားခိုင်မာမှု တို့သာ ရှိနေသည်။

‌ချောက်ကမ်းပါးထဲသို့ လျင်မြန်စွာ တရိပ်ရိပ် ပြုတ်ကျနေရင်း ဟယ်ဖုန်းသည် အရုပ်ကြိုးပြတ် ရယ်မောနေခဲ့၏။ သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ့မှာလုပ်စရာ ကိစ္စတွေ အများကြီးကျန်ရှိ နေသေးသည်။ လက်တုံ့ပြန်ခြင်းလည်း မလုပ်ရ သေးသော်လည်း အခုမှဖြင့် အခွင့်အရေး ရှိဟန် မတူတော့ဘူး။

ရွှမ်းလွမ်က ထရပ်ကာ တောင်စွန်းသို့ အလျင်အမြန် ရွှေ့လျားသွားသည်။ သူ့ နှုတ်ခမ်းထက်တွင် အေးစက်သည့် လှောင်ပြုံးတစ်ချက် ပေါ်လာခဲ့၏။ ဟယ်ဖုန်းသေသည်နှင့် ပုချန့် မျိုးနွယ်စုအား သူ့အလောင်းကို ရှာခိုင်းမည်။ ထိုကြိုးတန်းများ အောက်ခြေချောက်ကမ်းပါး များက လွန်စွာ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ရှိနေမှန်း သိသောကြောင့် စိတ်လိုက်မာန်ပါ မသွားရဲပေ။ မျိုးနွယ်စုသုံးခုမှ လူများသာလျှင် အထူးယဇ် ပူဇော်မှု ပြုလုပ်ပြီးမှ ‌ချောက်ကမ်းပါးများသို့ လုံလုံခြုံခြုံ ရောက်ရှိနိုင်သည်။

သို့သော် ထိုအခိုက်အတန့်တွင် အေးအေးဆေးဆေး ရှိလှသော‌ အဟုန်ဖြင့် နူးညံ့သော သက်ပြင်းရှိုက်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။ ဟန်တောင်တန်း မြို့တော်၏ ပထမဆုံး အလွှာမှာ ဖြူဖွေးသော ပုံရိပ်တစ်ခု လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။ ထိုသို့ နူးညံ့၍ ချစ်ခင်ဖွယ်ရာ ပုံရိပ်သည် အမျိုးသမီးတစ်ဦး ဖြစ်၏။ ခြေဖဝါးအောက်တွင် ဖြူလွှသော တိမ်စိုင်တစ်ခုက သူမအား သယ်ဆောင်ထားပေးရာ အဖြူရောင် လျှပ်စီးကြောင်း တစ်ခုအသွင်ဖြင့် ကြိုးတန်းမှ ပြုတ်ကျသွားသည့် ဟယ်ဖုန်းထံသို့ ရှေးရှုသွားသည်။

ဟယ်ဖုန်းအနားသို့ တစ်ခဏချင်း ရောက်ရှိသွားပြီး မျက်လုံးမှိတ်ထားသော ဟယ်ဖုန်းအား တိမ်စိုင်ဖြူပေါ်သို့ ကျရောက်စေသည်။

ရွှမ်းလွမ်မျက်လုံးတို့ စူးရဲသွားသည်။ အမျိုးသမီးအား စိုက်ကြည့် နေသော်လည်း သူမကို‌ ကြောက်လန့်ရ သကဲ့သို့ ဘာမျှမပြောပေ။

အမှန်စင်စစ်တွင် ပုချန့်မျိုးနွယ်စု သည်လည်း အမျိုးသမီး ပေါ်ထွက်လာ၍ ဟယ်ဖုန်းအား ကယ်တင်လိုက်သောအခါ သူမထိုကဲ့သို့ ပြုလုပ်မည်ကို သေချာပေါက် မျှော်လင့်ထား ကြသကဲ့သို့ တိတ်ဆိတ်နေကြ၏။

အမျိုးသမီးမှာ အဖြူဆွတ်ဆွတ် ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင်လည်း ဇာအဖြူ လွှားထားသည်မို့ သူမ၏ မျက်နှာရိပ် မျက်နှာကဲအား တစ်ပါးသူတို့ထံမှ ဖုံးကွယ် ထားသော်လည်း သူမ၏ မျက်လုံးများကတော့ ကြောမော့လှပ လှလေသည်။ ကြည့်ရသည်မှာ ထိုမျက်လုံးများထဲမှ ညှို့ယူ ဆွဲဆောင်နိုင်သည့် စွမ်းအားတစ်ခု ကိန်းဝပ်နေ သကဲ့သို့ပင် သူမ၏ မျက်လုံးများမှ ဘဝင်ခိုက် ကြည်နူးမှုတို့ကို ခံစားမိစေသည်။

မှတ်ဉာဏ်တို့က စုမင်‌ရင်ထဲ တစ်ဖန်ပြန်လည် ဝင်ရောက်လာသည် ဖြစ်၏။ သည်အမျိုးသမီး ကမှ ယခင်နေ့ညက ဟယ်ဖုန်းနှင့် စကား‌ပြောနေသူ ဖြစ်သည်။ သို့သော် မနေ့ကနှင့် ယှဉ်လျှင် အနည်းငယ်မျှ ကွဲပြား နေသည်။

"ဆရာရွှမ်းလွမ် ... ကျွန်မ ဒီလူကို သိထားတာ ကြာပါပြီ။ သူ့ကို ကယ်လိုက်တာကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"

အမျိုးသမီး၏ အသံက နားဝင်ချိုလှသည်။ သို့သော် အသံတွင် အေးစက်မှုများ ပါဝင်နေသည်။ ဆောင်းရာသီတွင် တိုက်ခတ်သော လေပြည်ကဲ့သို့၊ ကြားရသူတိုင်းအား အရိုးထဲထိ စိမ့်တက်သွားသော အေးခဲမှုကို ဆောင်ယူလာသည်။

"ကောင်းပါပြီ။ ဒါမျိုးဖြစ်မှာ သိခဲ့ရင် ကျုပ် ဝင်နှောင့်ယှက်မှာတောင် မဟုတ်ပါဘူး။ ဒါက အထင်လွဲမှု လေးပါ။ ဒါပေမဲ့ ကျုပ်တို့နှစ်ယောက် ကြားမှာတော့ အမုန်းတွေ ရှိနေပါတယ်။ ခင်ဗျား နားလည်ပေးမယ်လို့ မျှော်လင့်ရတာပဲ။ "

ရွှမ်းလွမ်က မနည်းဖျစ်ညှစ် ပြုံးကာ မျက်နှာပေါ်၌ နူးညံ့ဟန်ပေါ် လာ၏။

"ရှင်နဲ့သူ့ကြားက ကိစ္စအထိတော့ ကျွန်မ ဝင်မနှောင့်ယှက်ပါဘူး"

အမျိုးသမီးက စကားပြော၍ ပြီးသည်နှင့် သတိလစ်နေသော ဟယ်ဖုန်းအား အရောင်စုံ ရေကန်မျိုးနွယ်စု ရှိရာသို့ ခေါ်ဆောင် လာခဲ့သည်။

သူတို့ ထွက်ခွာသောအခါ ရွှမ်းလွမ်က အတန်ကြာအထိ တိတ်ဆိတ် နေခဲ့ပြီးမှ တောင်တန်းမြို့တော် ၏ ဒုတိယအလွှာ သို့ပြန်လည် ဝင်ရောက်သွားခဲ့သည်။

ဟန်တောင်တန်း မြို့တော်နှင့် အရောင်စုံ မျိုးနွယ်စုတို့အား ဆက်သွယ်ထားသော ကြိုးတန်းအောက်မှ ကျောက်တိုင် ၈ တိုင်သည်လည်း ပြန်လည်နစ်မြုပ် သွားကာ ချောက်ကမ်းပါးနက်ကြီး ထဲတွင် ပျောက်ကွယ် သွားလေတော့သည်။ ကြိုးတန်းမှာ လေနှင့်အတူ ယိမ်းခါ နေပြန်တော့၏။

အရာအားလုံး ပုံမှန် အခြေအနေ ပြန်ဖြစ်သွား၏။ နေဝင်ရီတရော တွင် ထွက်ခွာသွားသည့် အမျိုးသမီးအား ကြည့်ရင်း စုမင်သည် ဘေးနားမှာလူများ တစ်ယောက်နှင့် တစ်ယောက် ခပ်တိုးတိုး ပြောနေကြသည်ကို ကြားသည်။

"အဲဒါ ဟန်ဖေးကျစ်ပဲ"

"သူက အရောင်စုံ ရေကန်မျိုးနွယ်စုရဲ့ ပါရမီရှင် ဖြစ်ပြီး အေးခဲကောင်းကင် ကလန်က အကြီးအကဲ တစ်ယောက်ရဲ့ မြင့်မြင့်မားမား မြှောက်စားမှုကို ခံယူထားသူ လည်းဖြစ်တယ်။ ပြောကြတာတော့ သူက ကလန်ကို ဟိုးအရင် ကတည်းက ဝင်ရောက်ရမှာ ပေမဲ့ ရွှေ့ဆိုင်းခဲ့ပြီး အေးခဲ ကောင်းကင်က နောက်တစ်ကြိမ် တပည့်ခေါ်တဲ့ထိ စောင့်နေခဲ့တာတဲ့"

"ငါလည်း အဲဒါကြားဖူးတယ်၊ ဒါပေမဲ့ သူ့ကို အားလုံးက ဟန်ဖေးကျစ်လို့ပဲ ခေါ်ကြတယ် မလား။ အဲဒါက ဂုဏ်သရေ မြင့်မားတဲ့ ရာထူးပဲ။ အေးခဲကောင်းကင် ကလန်က အကြီးအကဲ တစ်ယောက် သူ့ကို အဲဒီနာမည် ချီးမြှင့်ခဲ့တာတဲ့။

"အဲဒါတွေက လျှို့ဝှက်ချက်တောင် မဟုတ်တော့ဘူး။ အေးခဲကောင်းကင် ကလန်က တပည့်ခေါ်တဲ့ နေရာမှာ အရမ်းတင်းကျပ်တယ်။ တကယ်တမ်း ပြောရရင်တော့ ဟိုးအရင် ကတည်းက အခုထိကို ကလန်ထဲက အင်အား အကြီးဆုံး တပည့်သုံးယောက် ကိုပဲ သူတော်စင်ဘွဲ့ ပေးဖူးတယ်"

"ဟန်ဖေးကျစ်မှာ သွေးကြော၉၀၀ကျော် လောက်ရှိနေပြီဆို။ သူလည်း ရုပ်နယ်လွန်အဆင့်ကို ရောက်တော့မှာ။ ရွှမ်းလွမ်က ရုပ်နယ်လွန် အဆင့်စစ်သည်တော် တစ်ဦးဖြစ်ပေမဲ့ အေးခဲကောင်းကင် ကလန်ကို လေးလေးစားစား ဆက်ဆံတုန်းပဲ"

"သူ့ခြေဖဝါး အောက်က တိမ်ဖြူက အရောင်စုံ ရေကန်မျိုးနွယ်စုရဲ့ ခေတ်အဆက်ဆက် အထွတ်အမြတ်ထား လာတဲ့ရတနာ ပစ္စည်းတစ်မျိုး ဖြစ်တယ်။ ပြောကြတာတော့ အဲဒီ ရတနာက ‌စဉ်ဆက်မပြတ် ပြောင်းလဲနေပြီး အရောင်စုံ တိမ်စိုင်လို့ ခေါ်တယ်တဲ့။

ဆွေးနွေး ပြောဆိုမှုများမှာ မကြာလိုက်ဘဲ လူအုပ်စုလည်း တဖြည်းဖြည်း ကွဲပြားသွား ကြတော့သည်။ တစ်နေ့တာအတွက် အဖြစ်အပျက် အတော်အများ ဖြစ်ပျက်သွားခဲ့သောကြောင့် တတိယအလွှာ မှလူများသည် ဆက်လက်၍ ကုန်သွယ်ခြင်း မပြုလုပ် ကြတော့ပါ။ မကြာခင် လူနည်းနည်းမှ များများအထိ ပျောက်ကွယ်သွား ကြသည်။ အချို့ဆိုင်များပင် ခပ်စောစော ပိတ်လိုက်ကြသည်။

စုမင်မှာမူ မထွက်သွား သေးဘဲ အခုနက မိမိ စိတ်ဝင်စားနေသော ဆိုင်သို့ပြန်ဝင် လာခဲ့သည်။ အဘိုးအိုမှာ ဆိုင်အတွင်း ထိုင်လျက်ရှိသည်။ စုမင်လျှောက်လာ နေသည်ကို မြင်သောအခါ သူက စုမင်အား ကြည့်သည်။

"အခုန ကတည်းက မင်းလာချင်နေတာ တွေ့တယ်၊ ဒါပေမဲ့ စိန်ခေါ်သူကြောင့် အဟန့်အတား ဖြစ်သွားခဲ့တယ်" အဘိုးအိုက တည်ငြိမ်စွာ ပြော၏။

စုမင်က ခေါင်းကိုညိတ်ကာ ဆိုင်အနှံ့ ကြည့်ရှူလိုက်သည်။

"မင်းစိတ်ဝင်စားတာ ရှိရင်ပြော၊ ဒါပေမဲ့ ငါ့ကိုလိမ်ညာဖို့ မကြိုးစားနဲ့။ ဒီဆိုင်ထဲမှာ ငါနဲ့ မရင်းနှီးတာ မရှိဘူ။ ငါ့ကို ရှင်းထုတ်ပြီးမှ မင်းလိုချင်တာ ရယူဖို့ မဖြစ်နိုင်ဘူး။"

အဘိုးအိုက စုမင်အား ကြည့်ကာ မျက်မှောင်ကြုတ်သည်။

စုမင်က ခေါင်းညိတ်၍ နံရံတွင် ချိတ်ဆွဲထားသော ခြေကိုးချောင်း ပင့်ကူမှ ကိုးချောင်းမြောက် ခြေ‌ချောင်းအား လက်ညှိုးညွန်သည်။

"အဲဒါလိုချင်တယ်"

"အစင်းကိုးကြောင်း ပင့်ကူရဲ့ ကိုးချောင်းမြောက် ခြေချောင်းပေါ့။ အဲဒီခြေချောင်းက တစ်ကိုယ်လုံးက အဆီအနှစ်တွေနဲ့ ဆက်သွယ်ထားတာမို့ အင်မတန်ရှားတယ်။ ငါ ဒီမှာ ကျောက်ဒင်္ဂါးတွေနဲ့ ပစ္စည်းမရောင်းဘူး။ မင်းမှာ ငါနဲ့ဖလှယ်ဖို့ ဘာပါလဲ။ သာမန်ပစ္စည်း ဆိုရင် မေ့လိုက်တော့" အဘိုးအိုက စုမင်အား စိုက်ကြည့်ကာ အေးစက်စွာ ပြောသည်။

"ဒါနဲ့"

စုမင်လည်း အာလာပ သလ္လာပ ပြောမနေ။ ဝတ်ရုံထဲသို့ လက်နှိုက်ကာ အရိုးနက်ဓားအား ထုတ်လိုက်သည်။ ဓားမှာ ပကတိ နက်မှောင်လျက်၊ တစ်စုံတစ်ဦးက သေချာကြည့်မည် ဆိုလျှင်တော့ အနီရောင် အစင်းကြောင်းအား မြင်နိုင်ပါလိမ့်မည်။

ဤသည်ကား ဖန်းမု ပေးထားသည့် ဓားဖြစ်သည်။

ဓားကို မြေပေါ်ချ၍ အဘိုးအိုထံ တွန်းပို့လိုက်သည်။ အဘိုးအို၏ အမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားပြီး စိတ်ဝင်စားဟန်ဖြင့် ဓားအား ဆွဲယူလိုက်သည်။

"ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက မာန်သွေးကြောမျှင်ရဲ့ ပုံတူပွား"

အဘိုးအိုက ခေါင်းမော့ကာ စုမင်အားကြည့်၍ စုမင် ဘယ်ကရောက်လာ ခဲ့သည်ကို မခန့်မှန်းနိုင် ဖြစ်နေသည်။ ဤကဲ့သို့ ပစ္စည်းကို ရရှိနိုင်သည့် အပြင်လူ အနည်းငယ်သာ ရှိသည်ကို သူသိနေသည်။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု တစ်ခုတည်းကသာ ရရှိနိုင်ပြီး ဖန်တီးနိုင်သည်။ ရရှိနိုင်သော   လူသည်လည်း ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်နှင့် ပတ်သက်မှု တစ်ခုခု ရှိနေလိမ့်မည်။

"ကိုးချောင်းမြောက် ပင့်ကူခြေထောက် အပြင် ဒီအရိုးလည်း လိုချင်တယ်"

စုမင်သည် အဘိုးအိုဘေးက စင်ပေါ်ရှိ လက်သီးဆုပ် အရွယ်ရှိသော အရိုးနက်တစ်ခုကို လက်ညှိုးထိုးလိုက်သည်။ ထူးဆန်းစွာပင် ထိုအရိုးထက်၌ အရိုးစိမ့် လောက်သော အင်အားတစ်ရပ် ထုတ်လွှင့်နေရာ အုံ့ဆိုင်းနေသော မြူမှုန်လွှာ ဖြစ်ပေါ်နေသည်။ ထိုအရိုးသည် ထူးခြား ပြောင်မြောက်သော သားရဲအရိုး ဖြစ်ကြောင်းထင်ရှားသည်။

"မဟာ ဆူးချုံရိုင်းရဲ့ အခွံ … ဒီဓားနဲ့ပစ္စည်း တစ်ခုပဲ လဲလို့ရမယ်။ နှစ်ခုမရဘူး"

အဘိုးအိုက မသိမသာ ပြုံးသည်။ သူ့ရှေ့က သည်လူမှာ အခွံအားပို၍ လိုချင်သည်မှာ ထင်ရှားသည်။ အရိုးနက်ဓားကြောင့် ဖြစ်မည်ထင်သည်၊ အဘိုးအို၏ မျက်နှာထားမှာ အေးစက်တင်းမာ မနေတော့ဘဲ နွေးထွေးစ ပြုလာသည်။

"ဓားကို သေချာကြည့်ပါ" စုမင်က အဘိုးအိုအား ပို၍တင်းမာသည့် အသံနေ အသံထားဖြင့် ပြောလိုက်သည်။

အဘိုးအိုက ခေတ္တတွေဝေ သွားသည်။ ထိုစကားများကို ကြားသည်နှင့် ခေါင်းငုံ့၍ ကျဉ်းမြောင်းသော မျက်လုံးတို့ဖြင့် ဓားကို ထပ်မံကြည့်လိုက်သည်။ ဓားတွင် အနီရောင် မျဉ်းကြောင်းကို တွေ့လိုက်ရသည်။ ဓားကိုကိုင်ကာ ခုတ်ပိုင်းလိုက်သည်။ ရုတ်ခြည်းဆိုသလို အေးစက်သော လေပွေတို့ ပျံ့နှံ့ထွက်ပေါ်လာကာ ထိုလေအေးများ ထဲတွင်တော့ မီးဘောလုံးများ ပါရှိနေ၏။ အပူနှင့်အအေးတို့ ရောထွေးနေရာ ၎င်းတို့ တစ်သားတည်းအဖြစ် ပေါင်းစပ်တည်ရှိ နေသကဲ့သို့ပင်။

ခေတ္တကြာသောအခါ စုမင်သည် လက်ထဲတွင် ‌ကိုးချောင်းမြောက် ပင့်ကူခြေထောက်နှင့် အရိုးနက်တို့အား ကိုင်ဆောင်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ အဘိုးအို ခန့်မှန်းသည့်မှာ မှန်ကန်ပါသည်။ စုမင် ပိုလိုအပ်သည်မှာ အရိုးနက်ဖြစ်၏။

ပို၍တိကျစွာ ပြောရလျှင် စုမင်က နှစ်ခုလုံးအား လိုချင်ပါသည်။ တစ်ခုက နတ်မင်းကြိုဆိုဖို့ အတွက် ပါဝင်ပစ္စည်း ဖြစ်၍ ကျန်တစ်ခုမှာမူ ဝိညာဉ်လုယက် အတွက် လိုအပ်သည့် အရာဖြစ်သည်။

"ဒီဆိုင်မှာ နှစ်မျိုးလုံး ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ အခုတော့ မသုံးနိုင်သေးဘူး။ ငါ့ရဲ့ မာန်သွေးကြောမျှင် ပုံတူပွားကိုတောင် သုံးပြီး ဒါတွေနဲ့ လဲလာခဲ့ပြီ။ ဒါပေမဲ့ ..."

စုမင်သည် အဘိုးအို၏ ညာလက်တွင်ရှိသည့် ခေါင်းလောင်းနက် အရေအတွက်ကို သတိရသွားရာ မျက်လုံးတို့ လင်းလက်သွားခဲ့သည်။

***

All Chapters