← Chapters

ပြိုင်ဘက်ကင်းလက်ညိုးဓါးသိုင်းရရှိခြင်း

Vol. 1 Ch. 5

ပြိုင်ဘက်ကင်းလက်ညိုးဓါးသိုင်းရရှိခြင်း

Vol. 1 Ch. 5

အခန်း (၅) ပြိုင်ဘက်ကင်းလက်ညိုးဓါးသိုင်းရရှိခြင်း

ဟန်ကျွယ်ဟာ တော်တော်လေး ရင်တုန်နေပြီး မျက်နှာမပျက်အောင် အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒါ့အပြင် ရှင်းဟုန်ရွှမ်က တိုက်ခိုက်လာခဲ့ရင်လည်း ပြန်ခုခံဖို့ အသင်ပြင်ထားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် ရှေ့ကို လျှောက်လာပြီး ဟန်ကျွယ်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ ပြုံးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “မင်းက ငါ့ရဲ့ လာဘ်ကောင်လေးပဲ”

“မင်းပျော်တယ်ဆိုရင် ငါကလည်း ပျော်ပါတယ်”

[ရှင်းဟုန်ရွှမ်ရဲ့ မင်းပေါ် မျက်နှာသာပေးမှုဟာ တိုးတက်သွားပါပြီ၊ သူမဟာ မင်းရဲ့ လက်တွဲဖော် ဖြစ်နိုင်ပြီး မျက်နှာသာပေးမှုဟာ ကြယ်သုံးပွင့် ဖြစ်ပါသည်]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းတွေကြောင့် မဲ့ပြုံးပြုံးလိုက်ပါတယ်။

ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ဂရုမစိုက်တော့ဘဲ ဆေးဖောစပ်နည်း စာအုပ်ဆီ လျှောက်သွားပြီး ကောက်ယူကာ လှန်ကြည့်လိုက်ပါတယ်။ သူမဟာ တစ်စုံတစ်ခုကို ရှာဖွေပုံ ပေါ်နေပါတယ်။ ဟန်ကျွယ်ဟာလည်း ရင်တုန်စွာ စောင့်နေရပါတယ်။

ဟန်ကျွယ်ဟာ သူစလှုပ်ရှားရင် ကောင်းမလားလို့ စဉ်းစားလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်သာ ဒီဆေးဖော်စပ်နည်း စာအုပ်ကို အဝေးယူသွားရင် ဟန်ကျွယ်ဟာ ဓါးသိုင်းကို ရရှိတော့မှာ မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဒဏ်ရာရထားပုံ ပေါ်နေပြီး သူမရဲ့ ကိုယ်ငွေ့ဟာ မတည်မငြိမ် ဖြစ်နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့မကို အလစ်အငိုက် တိုက်ခိုက်ရင် ကောင်းမယ်လို့ စဥ်းစားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရှင်းဟုန်ရွှမ် ဆေးစာအုပ်ကို အဝေးယူမသွားရင် ဟန်ကျွယ်ရဲ့ တာဝန်က ပြီးမြောက်တယ်လို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ ဒီလို ချီတုံချတုံ ဖြစ်နေတုန်းမှာပဲ အေးစက်တဲ့ လေအေးဟာ တံခါးကနေ ဖြတ်သန်း တိုက်ခိုက်လာပါတယ်။ ဟန်ကျွယ်ဟာ အငိုက်မိသွားပြီး နံရံဆီ လွင့်စဉ်တိုက်မိကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါတယ်။ ဟန်ကျွယ်ဟာ ဘာမှမဖြစ်ပေမဲ့ ကြောက်လန့်သွားပါတယ်။

ဟန်ကျွယ်က တံခါးဝကို လှမ်းကြည့်လိုက်တဲ့အခါမှာ အကြီးအကဲ သံမဏိကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ခေါင်းစိုက်ချပြီး ညာခြေထောက်ကို ပြင်းပြင်းထန်ထန် လှုပ်ခါစေကာ သတိမေ့သွားတဲ့ပုံစံ ဖန်တီးလိုက်ပါတယ်။

အကြီးအကဲ သံမဏိဟာ အေးစက်စွာ ပြောလိုက်ပါတယ် “ငါ့ ဆေးစာအုပ်ကို ချထားစမ်း”

ရှင်းဟုန်ရွှမ်ကလည်း အေးစက်တဲ့လေသံနဲ့ ပြန်ပြောလိုက်ပါတယ် “ရှင် တကယ် ပြန်လာတာပဲ”

အကြီးအကဲ သံမဏိဟာ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်ပါတယ် “ငါ ပြန်လာတာက ကြာပါပြီ၊ ဒါပေမဲ့ မင်းအလာကို စောင့်နေတာမို့ လူရှေ့သူရှေ့ ထွက်မပြတာ၊ အရင်တစ်ခေါက် ငါပြန်လာချင်းချင်းပဲ မင်းနှစ်ယောက်ကို တွေ့လိုက်ရတယ်၊ ဒီနှစ်တွေမှာ ဘယ်တပည့်ကမှ ငါ့ရဲ့တာဝန်ကို လက်မခံခဲ့ကြဘူး၊ မင်းတို့နှစ်ယောက်ပဲ လက်ခံတာဆိုတာ သံသယဝင်ဖို့ လုံလောက်နေပြီလေ”

အကြီးအကဲ သံမဏိဟာ ပြောပြောဆိုဆို ရှင်းဟုန်ရွှမ်ကို ရုတ်တရက် လက်ဝါးနဲ့ တွန်းပြီး တိုက်ခိုက်လိုက်ပါတယ်။ အကြီးအကဲ သံမဏိရဲ့ လက်ဝါးထဲမှာ အဆောင်တစ်ခု ပါနေပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အလိုအလျောက် နောက်ကို ခုန်ဆုတ်လိုက်ပေမဲ့ အကြီးအကဲ သံမဏိရဲ့ လက်ဝါးထဲကနေ လျှပ်စီးတစ်ခု ထွက်သွားပြီး သူမကိုယ်ကို ရစ်ပတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ အကြီးအကဲ သံမဏိဟာ ရှင်းဟုန်ရွှမ်ကို နောက်လွင့်စဉ် ထွက်သွားအောင် ကန်ကျောက်ပစ် လိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ အကြီးအကဲ သံမဏိဟာ ရှင်းဟုန်ရွှမ်ဆီကနေ ဆေးစာအုပ်ကို ပြန်လုယူလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ကတော့ ကြမ်းပြင်ပေါ်မှာ လဲကျနေပြီး တစ်ကိုယ်လုံး တုန်ယင်နေပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဒဏ်ရာရသွားတဲ့အတွက် ဒီနေရာမှာ ဆက်မေနေတော့ပဲ ထွက်ပြေးပါတယ်။ အကြီးအကဲ သံမဏိကလည်း နောက်ကနေ လိုက်ရင်း ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းရင်း သူ့မတ်တပ်ရပ်ရင် ကောင်းမလား ဒီအတိုင်းပဲ ဆက်နေရင် ကောင်းမလား ဆုံးဖြတ်ရခက်နေပါတယ်။ နောက်ဆုံးမှာတော့ မတ်တပ်ရပ်လိုက်ရင် အကြီးအကဲ သံမဏိရဲ့ သံသယ ဝင်ခံရမှာ စိုးတဲ့အတွက် ဆက်ပြီး လဲလျောင်းနေပါတယ်။ ဟန်ကျွယ်ဟာ ထွက်ပြေးဖို့ စဉ်းစားသေးပေမဲ့ ဘယ်ပြေးရမှန်း မသိတဲ့အတွက် ဒီအကြံကို လက်လျှော့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည်နဲ့ ဆက်ပြီး လဲလျောင်းနေပါတယ်။ တစ်နာရီလောက် ကြာတဲ့အခါမှာ ဟန်ကျွယ် ယားယံလာတဲ့အတွက် သူ့တင်ပါးကို ကုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခန်းမထဲကို ချဉ်းကပ်လာနေတဲ့ ရောင်ဝါတစ်ခုကို ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိဖြစ်မယ်မှန်း ခန့်မှန်းမိတာကြောင့် တစ်ချက်တောင် မလှုပ်ရဲပါဘူး။

ခန်းမထဲဝင်လာတဲ့ အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ရုတ်တရက် ချောင်းဆိုးလိုက်ပါတယ်။ အကြီးအကဲ သံမဏိဟာ အနီးအနားက ကုလားထိုင်ပေါ် လျှောက်သွားပြီး ထိုင်ချကာ ဟန်ကျွယ်ကို တိတ်တဆိတ် စိုက်ကြည့်နေပါတယ်။

ဟန်ကျွယ်ဟာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး ဖြစ်အောင်သရုပ်ဆောင်ပြီး ခေါင်းကုတ်ကာ မတ်တပ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘေးဘီ ပတ်ဝန်းကျင်ကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေရင်းကနေ အကြီးအကဲ သံမဏိကို‌ တွေ့သွားတဲအတွက် အံဩသွားပါတယ် “အကြီးအကဲ သံမဏိ… နောက်ဆုံးတော့ ပြန်လာပြီလား”

ဟန်ကျွယ်ဟာ လည်ပင်းတိုလိုက်ပြီး ပတ်ဝန်းကျင်ကို ရင်တုန်စွာ ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ အကြီးအကဲ သံမဏိကို ဂရုတစိုက် မေးလိုက်ပါတယ် “ဟိုစုန်းမ ဘယ်ရောက်သွားပြီလဲ မသိဘူး” အကြီးအကဲ သံမဏိဟာ ဟန်ကျွယ် အမေးကို ဘာမှ ပြန်မဖြေဘဲ မျက်နှာထား ခပ်တည်တည်နဲ့ ကြည့်နေပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းငုံလိုက်ပြီး နေမထိထိုင်မသာ ဖြစ်နေတဲ့ပုံ ဖမ်းလိုက်ပါတယ်။

တကယ်တော့ ဟန်ကျွယ်ဟာ အ‌လောင်းအစား လုပ်နေတာပါ။ ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိက ရှင်းဟုန်ရွှမ်နဲ့ သူ ဆက်သွယ်နေတာကို မသိလောက်ဘူးလို့ ခန့်မှန်းထားတာပါ။ အကြီးအကဲ သံမဏိကသာ ဒီကိစ္စကို သိသွားရင်တော့ ဟန်ကျွယ်ဟာ ရှိသမျှ အင်အားကုန် ထုတ်သုံးပြီး ထွက်ပြေးရမှာပါ။

အကြီးအကဲ သံမဏိက ဟန်ကျွယ်ကို မေးလိုက်ပါတယ် “သူမက မင်းကို ဘာတွေ ပြောထားလဲ” ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိရဲ့ မေးခွန်းကြောင့် မကွယ်ဝှက်ဘဲ အမှန်အတိုင်း ဖြေလိုက်ပါတယ်။ သူများ သိသွားရင် အသက်အန္တရာယ်ရှိမဲ့ ကိစ္စတွေကလွှဲလို့ ဟန်ကျွယ်ဟာ အမှန်အတိုင်း ဖြေလိုက်ပါတယ်။

အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်စကားကို ကြားပြီး ပြက်ရယ် ပြုလိုက်ပါတယ် “ဟမ်… သူမက မင်းကို သူမယောက်ျား ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးမယ် ဟုတ်လား၊ ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ ပြက်လုံးလဲ” အကြီးအကဲ သံမဏိဟာ ရယ်မောလိုက်ပြီး ဒီကောင်လေးက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ်လို့ တွေးလိုက်ပါတယ်။

အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်ကို သေချာကြည့်ရှုတဲ့ အခါမှာ ပြောင်းလဲမှုတွေကို ရှာတွေ့သွားပါတယ်။ အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်ရဲ့ ရုပ်ရည်နဲ့ အကြည့်တွေကြောင့် ဟန်ကျွယ်က ကျင့်ကြံသူ ဖြစ်နေပြီးလာ ဆိုတာကို သံသယ ဝင်သွားပါတယ်။

အကြီအကဲ သံမဏိဟာ ဟန်ကျွယ်ရဲ့ ညာလက်ကောက်ဝတ်ကို ကောက်ဖမ်းပြီး ဂရုတစိုက် စမ်းသပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိရဲ့ လှုပ်ရှားမှုတွေကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး အခြေအနေ မဟန်တာနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါတယ်။

‘ဒီကောင်းလေးမှာ ကျင့်ကြံခြင်း စွမ်းရည်လဲ မရှိဘူး၊ ကျင့်ကြံခြင်းလဲ မရှိလူး၊ ငါ အတွေးများနေပြီနဲ့ တူတယ်’

အကြီးအကဲ သံမဏိဟာ ဒီလို တိတ်တဆိတ် တွေးတောရင်း ဟန်ကျွယ်ရဲ့ လန့်ဖျပ်နေတဲ့ မျက်နှာနဲ့ စိုးရိမ်တကြီး ဖြစ်နေတဲ့ အမူအရာကြောင့် ဟန်ကျွယ် မိဘတွေကို တွေးမိသွားပြီး ကသိကအောင် ဖြစ်သွားပါတယ်။ အကြီအကဲ သံမဏိဟာ သူ့လက်ကို ပြန်သိမ်းကာ ပြောလိုက်ပါတယ် “မင်း ပြန်သွားပြီး အိပ်စက် အနားယူတော့”

ဟန်ကျွယ်ဟာ စိတ်သက်သာရ ရသွားပြီး အကြီးအကဲ သံမဏိကို ဦးညွှတ်ကာ အခန်းထဲကနေ အမြန်ဆုံးနည်းနဲ့ ထွက်ခွာသွားပါတယ်။

အကြီးအကဲ သံမဏိဟာ သူ့အခန်းကို စတင်ရှင်းလင်းလိုက်ပါတယ်။

…

ဟန်ကျွယ်ဟာ သူ့အခန်းကို ပြန်သွားပြီး အိပ်ယာပေါ်မှာ တိတ်တဆိတ် လဲလျောင်းလိုက်ပါတယ်။

[မင်းက ရှင်းဟုန်ရွှမ် ဆေးစာအုပ် ခိုးရာတွေ မကူညီခဲ့သောကြောင့် ပြိုင်ဘက်ကင်း လက်ညိုးဓါးသိုင်းကို ရရှိပါသည်]

ဟန်ကျွယ်ဟာ အသက်ကယ် သိုင်းပညာရပ် တစ်ရပ်ကို ရရှိလိုက်တဲ့အတွက် စိတ်ကောင်း ဝင်သွားပြီး ချက်ချင်းပဲ ဓါးသိုင်းကို ဆက်ခံဖို့ ရွေးချယ်လိုက်တဲ့အခါ ဓါးသိုင်းနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေဟာ သူ့ခေါင်းထဲ စုပြုံတိုးဝင်လာပါတယ်။

ပြိုင်ဘက်ကင်း လက်ညိုးဓါးက သိုင်းပညာလို့ သတ်မှတ်မဲ့အစား မှော်ပညာပညာလို့ သတ်မှတ်ရင် ပို့သင့်တော်ပါတယ်။ ဒီဓါးသိုင်းဟာ လက်ညိုးကို ဓါးအဖြစ်သုံးပြီး စိတ်ဝိဉာဉ်ချီကို ဓါးသွားအသွင် ပြောင်းလဲ အသုံးပြုရတာပါ။

ဟန်ကျွယ်ဟာ ဓါးသိုင်းမှာ ပါရမီထူးချွန်သူမို့ တစ်ညတည်းနဲ့ ဒီပညာကို တက်မြောက်သွားပေမဲ့ ကြွားဝါခြင်း မရှိဘဲ ကုပ်ကုပ်လေး ဆက်နေတုန်းပါပဲ။

နောက်နေ့မနက် ဟန်ကျွယ် နိုးလာတဲ့အခါ ကျန်းကူ သေသွားတဲ့သတင်းကို တစ်ခြားအစေခံတွေရဲ့ စကားကနေ သိလိုက်ရပါတယ်။ ကျန်းကူဟာ ရိုးရိုးသေတာ မဟုတ်ဘဲ ဒွါရကိုးပေါက်ကနေ သွေးယိုစီးပြီး သေဆုံးသွားတာ ဖြစ်တဲ့အတွက် တော်တော်လေး အဖြစ်ဆိုးတယ်လို့ ပြောလို့ရပါတယ်။

ဆေးဥယျာဉ်ကို ‌လာစောင့်ကြပ်တဲ့ အမျိုးသားကျင့်ကြံသူဟာလည်း မနက်စောစောမှာ ထွက်ခွာသွားပါတယ်။ မနေ့ညက ကိစ္စကြီးကြီးတစ်ခု ဖြစ်ခဲ့လိမ့်မယ်လို့ ဟန်ကျွယ်က ကောက်ချက်ချလိုက်ပါတယ်။ အဖြစ်ဆိုးတဲ့ ကျန်းကူအတွက်တော့ ဝမ်းနည်းပူးဆွေး ပေးရုံကလွဲလို့ ဟန်ကျွယ် ဘာမှမတတ်နိုင်ပါဘူး။ တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာကို ကြိုတွက်ထားပြီးသားမို့ ဟန်ကျွယ်ဟာ သိပ်တော့ မအံဩပါဘူး။

[ရှင်းဟုန်ရွှမ်ရဲ့ မင်းအပေါ် မျက်နှာသာပေးမှု တိုသွားပါပြီ၊ သူမဟာ မင်းရဲ့ လက်တွဲဖော် ဖြစ်လာနိုင်သည်၊ သူမ မင်းပေါ်ထားတဲ့ မျက်နှာသားပေးမှုဟာ ကြယ် ၃.၅ ပွင့် ဖြစ်သည်]

ဟန်ကျွယ်ဟာ ဒီစာတန်းကြောင့် ကြောင်သွားပြီး ရှင်းဟုန်ရွှမ်ရဲ့ သူ့ပေါ် မျက်နှာသာပေးမှုက ဘာလို့ တိုးလာမှန်း စဉ်းစားမရပါဘူး။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်က အချိန်တိုအတွင်းမှာ ကိုယ်ထင်ပြရဲမှာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ အေးအေးဆေးဆေး ကျင့်ကြံ အားထုတ်လို့ ရပါတယ်။

လဝက်ကြာပြီးနောက် အကြီးအကဲ သံမဏိဟာ ဆေးဥယျာဉ်ကနေ ထပ်ထွက်ခွာသွားပြန်ပါတယ်။ ဒီဆယ်နှစ်အတွင်းမှာ အကြီးအကဲ သံမဏိ အပြင်ထွက်တာကို ပိုစိတ်လာသလို ပိုလည်း ကြာလာပါတယ်။ အဘိုးကြီးဝမ်ဆီက ဟန်ကျွယ်ကြားရသလောက်တော့ အကြီးအကဲ သံမဏိဟာ သက်တမ်းကုန်ခါနီးပြီမို့ အသက်ရှည်စေတဲ့ ဆေးပင်တွေ ရှာဖွေနေတာပါ။ လူတိုင်းက ဟန်ကျွယ်လို ကံထူးရှင် မဟုတ်သလို ပါရမီရှင်လည်း မဟုတ်တဲ့အတွက် အဆင့်တက်ဖို့ မလွယ်ကူကြပါဘူး။

အကြီးအကဲ သံမဏိဟာ ချီသန့်စင်ခြင်း သတ္တမအဆင့်မှာပဲ တစ်နေပြီး အဆင့်ထပ် မတက်နိုင်တာ အတော်ကြာပါပြီ။ ဟန်ကျွယ်ဟာ အလွယ်တကူ အဆင့်တက်နိုင်ပြီး အကြီးအကဲ သံမဏိကျတော့ အဆင့်တက်ဖို့ ခက်ခဲနေရတာက ကျင့်ကြံခြင်းစွမ်းရည် ကွာခြားချက်ကြောင့်ပါပဲ။ အကြီးအကဲ သံမဏိဟာ သူ့ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ မော်တယ်ကျင့်ကြံသူ တစ်ဦးပါပဲ။

ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိ မြန်မြန်သေဖို့ စိတ်ထဲမှာ ကြိတ်ဆုတောင်းနေပါတယ်။ ဟန်ကျွယ် ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲဆိုတော့ အကြီးအကဲ သံမဏိက သူ့ပေါ် မုန်းတီးမှု ကြယ်တစ်ပွင့် ရှိနေလို့ပါ။ ကြယ်တစ်ပွင့်ဟာလည်း နောင်တစ်ချိန်မှာ ကြယ်ငါးပွင့် ဖြစ်လာနိုင်တဲ့အတွက် လျှော့တွက်လို့ မရပါဘူး။

မျက်စိတစ်မှိတ် အတွင်းမှာပဲ နှစ်နှစ်တာ ကုန်ဆုံးသွားပြီး အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဟန်ကျွယ်ဟာ စိတ်ဝိဉာဉ်အမြစ် လေးခုလုံးကို ချီသန့်စင်ခြင်း နဝမအဆင့်ထိ ကျင့်ကြံအားထုတ်ပြီးပါပြီ။

ဟန်ကျွယ်ဟာ မီးနဲ့လျှပ်စီး စိတ်ဝိဉာဉ်အမြစ် နှစ်ခုကို ချီသန့်စင်ခြင်း နဝမအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးတာနဲ့  အခြေခံအဆင့်ဆီ ထိုးဖောက်တက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ဆေးဥယျာဉ်ထဲမှာ မီးနဲ့လျှပ်စီး စိတ်ဝိဉာဉ်ချီတွေ မရှိတဲ့အတွက် ဆေးဥယျာဉ်ထဲကနေ ထွက်ခွာချိန်တန်ပြီလို့ ဟန်ကျွယ်က ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ဆုံးဖြတ်ချက်အတိုင်း ညရောက်တာနဲ့ ဆေးဥယျာဉ်ကနေ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဆီမှာ အကောင်းစား စိတ်ဝိဉာဉ်ကျောက်တုံးတွေ ရှိနေသေးတဲ့အတွက် ကျင့်ကြံခြင်းကမ္ဘာကို အလွယ်တကူ လျှောက်သွားနိုင်ပါတယ်။

လမ်းတစ်လျှောက်မှာ ဟန်ကျွယ်ဟာ သူ့အာရုံ သုံးပြီး ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်ပါတယ်။ ဆေးဥယျာဉ်ကနေ ထွက်ခွာလာခဲ့တဲ့ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းဆီ ခြေဦးတည့်လိုက်ပြီး ယွီဂျင်ဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်လာဖို့ ဆုံးဖြတ်ထားပါတယ်။ ယွီဂျင်ဂိုဏ်းဟာ ချီသန့်စင်ခြင်း နဝမအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးကို ငြင်းပယ်မှာ မဟုတ်ပါဘူး။

နောက်နေ့မနက်မှာ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရှိရာကို ရောက်သွားပါတယ်။ ယွီဂျင်ဂိုဏ်းဟာ တောင်တန်းတွေကြားမှာ တည်ရှိပြီး ထူးဆန်းတဲ့အခိုးအငွေ့တွေ လေထဲမှာ လွင့်ပျံနေကာ ကြီးမားတဲ့ ကျောက်တုံးရုပ်ကြီးနှစ်ရုပ်ဟာ ဂိတ်ဘေးနှစ်ဖက်မှာ တည်ရှိနေပါတယ်။ ဒီရုပ်တုကြီးနှစ်ရုပ်က ချီလင်နဲ့ ဆင်တူပါတယ်။

“အဲဒီမှာရပ်… မင်းရဲ့ သွားလာခွင့်ကိုပြ” ယွီဂျင်ဂိုဏ်းတပည့် တစ်ဦးက ဓါးမြောက်ပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ ဂိုဏ်တပည့်လေးယောက်ဟာ ယွီဂျင်ဂိုဏ်းဂိတ်ကို စောင့်ကြပ်နေပြီး သူတို့အားလုံးဟာ ချီသန့်စင်ခြင်း ပဥ္စမအဆင့်မှာ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ဖုံးကွယ်နိုင်တဲ့အစွမ်းကို ရုတ်သိမ်းပြီး သူ့လက်ကို ဆုပ်ကိုကာ ပြောလိုက်ပါတယ် “ငါနာမည်က ဟန်ကျွယ်၊ ချီသန့်စင်ခြင်း နဝမအဆင့်ရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ၊ ငါ ဒီကို ရောက်လာတာက ယွီဂျင်းဂိုဏ်းထဲ ဝင်ချင်လို့ပဲ”

ချီသန့်စင်ခြင်း နဝမအဆင့်လို့ ကြားလိုက်တဲ့အတွက် ဂိုဏ်းတပည့်လေးယောက်လုံး အမူအရာတွေ ပြောင်းသွားပါတယ်။ ဓါးကိုင်ထားတဲ့ တပည့်ဟာ သူဘေးနားက တပည့်တစ်ဦးက တီးတိုးပြောဆိုပြီး မကြာခင်မှာပဲ ဘေးနားက တပည့်ဟာ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

ပြီးတဲ့အခါမှာ ဓါးကိုင်ထားတဲ့ တပည့်ဟာ ဟန်ကျွယ်ကို ပြောလိုက်ပါတယ် “ခဏစောင့်ပါ၊ အပြင်ဂိုဏ်းက စောင့်ကြပ်သူကို သတင်းပေးဖို့ လူလွှတ်လိုက်ပါပြီ”

ဟန်ကျွယ်ဟာ ဒီလူကို ကျေးဇူးတင်လိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းက ကျင့်ကြံသူတွေထဲမှာ အကြီးအကဲသံမဏိ တစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေအားလုံး သူ့နာမည်ကို မသိကြပါဘူး။ အကြီးအကဲသံမဏိက အခုထိ ပြန်မလာသေးတဲ့အတွက် အပြင်မှာ သေသွားတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ဇာစ်မြစ် ပေါ်သွားမှာကို မစိုးရိမ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းပေါ် မကောင်းတာ လုပ်ထားတာ မဟုတ်တဲ့အတွက် ယွီဂျင်ဂိုဏ်းထဲ ဝင်တာကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

All Chapters