← Chapters

ယွီဂျင်ဂိုဏ်းသို့ ဝင်ရောက်ခြင်းနှင့် မီးစွမ်းရည်အား လေ့ကျင့်ခြင်း

Vol. 1 Ch. 6

ယွီဂျင်ဂိုဏ်းသို့ ဝင်ရောက်ခြင်းနှင့် မီးစွမ်းရည်အား လေ့ကျင့်ခြင်း

Vol. 1 Ch. 6

အခန်း (၆) ယွီဂျင်ဂိုဏ်းသို့ ဝင်ရောက်ခြင်းနှင့် မီးစွမ်းရည်အား လေ့ကျင့်ခြင်း

ဟန်ကျွယ် သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး၊ ယွီဂျင်ဂိုဏ်းရဲ့ အပြင်စည်းကို ကြီးကြပ်သူဟာ ခပ်မြန်မြန်ပဲ ရောက်လာပါတယ်၊ သူလည်းပဲ ချီသန့်စင်ခြင်းနဝမအဆင့် ရှိပါတယ်။

“ကျုပ်က ယွီဂျင်ဂိုဏ်း အပြင်စည်းရဲ့ ကြီးကြပ်သူ ရန်လျိုပဲ၊ ရောင်းရင်းဟန်… ကျုပ်ကို စစ်ဆေးခွင့် ပြုနိုင်မလား? ဒီရက်ပိုင်း ဂိုဏ်းထဲကို မိစ္ဆာဂိုဏ်းသားတွေ ခိုးဝင်ဖို့ ကြိုးစားနေကြလို့ပါ”

ဟန်ကျွယ်သည် မိစ္ဆာဂိုဏ်သား မဟုတ်သည့်အတွက် စစ်ဆေးခြင်းကို ကြောက်စရာမရှိပေ၊ ထို့ကြောင့် ဟန်ကျွယ်သည် သူ့လက်ကို မြှောက်လိုက်၏။

ရန်လျိုသည် ဟန်ကျွယ်ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် “ရောင်းရင်းဟန်မှာ ဘာလို့ အာကသလက်စွပ်တို့ အာကသအိတ်တို့ တစ်ခုတောင် မရှိရတာလဲ” ဟု သံသယနှင့် မေးပါတော့တယ်။

ဟန်ကျွယ်က မတတ်နိုင်သော လေသံဖြင့် “ငါ ဒီလာတဲ့လမ်းမှာ မိစ္ဆာဂိုဏ်းသားတွေ တိုက်ခိုက်တာ ခံလိုက်ရတယ်၊ အသက်ရှင်ဖို့အတွက်… … မင်း နားလည်မယ်လို့ ထင်ပါတယ်”

ရန်လျူသည် တိတ်ဆိတ်သွားပြီး ဟန်ကျွယ်ကို ကရုဏာသက်စွာ ကြည့်ကာ “မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပြလို့ရမလား?” ဟု မေးလိုက်သည်။

ဟန်ကျွယ်ဟာ ရန်လျိုက သူ့ကို မိစ္ဆာကျင့်ကြံသူ ဟုတ် မဟုတ် စစ်ဆေးချင်မှန်း နားလည်လိုက်တဲ့အတွက် သူ့ညာလက်ကို မြှောက်ပြီး လက်ညိုးတစ်ချောင်းတည်းနဲ့ ဘေးနားမှာရှိတဲ့ ချောက်ကို ညွှန်ပြလိုက်ပါတယ်။

“ဝှစ်”

စိတ်ဝိညာဉ်ချီ အလင်းတန်းတစ်ခုဟာ ဟန်ကျွယ်လက်ညိုးကနေ ထွက်သွားပြီး ကျောက်တုံးများကို ထိုးဖောက်သွားပါတယ်။

ဒါကိုမြင်လိုက်ရတဲ့ ရန်လျိုရဲ့ မျက်လုံးများဟာ ဝင်းလက်သွားပါတယ်။

ဒါက ဘယ်လိုပညာမျိုးလဲ? ရန်လျိုဟာ ဒီမေးခွန်းကို မမေးမြန်းပေမဲ့ ဟန်ကျွယ်က မိစ္ဆာလမ်းစဉ်လိုက်သူ မဟုတ်မှန်း ခံစားလိုက်ရပါတယ်။

“ပြဿနာမရှိဘူး… ကျုပ်နောက်ကို လိုက်ခဲ့ပါ၊ ကျုပ် မင်းကို အပြင်ဂိုဏ်းသားတွေ စာရင်းသွင်းတဲ့ နေရာကို ခေါ်သွားပေးမယ်၊ အခုအချိန်ကစပြီး မင်းက ယွီဂျင်ဂိုဏ်း အပြင်စည်းရဲ့ တပည့်တစ်ယောက်ဖြစ်သွားပြီ”

ရန်လျိုက ထိုသို့ပြောပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် ရန်လျိုဟာ ဟန်ကျွယ်ကို တောင်ကြားတစ်ခုဆီ ခေါ်သွာ၏။

ဟန်ကျွယ်ဟာ လမ်းလျှောက်ရင်း “ယွီဂျင်ဂိုဏ်ရဲ့ အပြင်စည်းမှာ တပည့်ဘယ်နှယောက်ရှိလဲ? အတွင်းစည်းကို ဝင်ဖို့ဆိုရင်ရော ဘာတွေလိုအပ်လဲ?” လို့ မေးလိုက်ပါတယ်။

“အပြင်စည်းမှာ တပည့်နှစ်ထောင်ကျော် ရှိတယ်၊ အခြေခံအဆင့်ကို ရောက်တဲ့သူတွေပဲ အတွင်းစည်းထဲကို ဝင်နိုင်တာ၊ ဒါပေမဲ့ အခြေခံအဆင့်ကို ရောက်ဖို့က မလွယ်ဘူးလေ… အရမ်းခက်တာ၊ ငါတို့ဂိုဏ်းက သုံးနှစ်တစ်ကြိမ် ပြိုင်ပွဲကျင်းပတယ်၊ ပြိုင်ပွဲမှာ ထိပ်ဆုံးရောက်တဲ့ လူသုံးယောက်က အခြေခံအဆင့်ဆေးလုံးကို လက်ခံရရှိတယ်၊ ဒီအခြေခံအဆင့်ဆေးလုံးက ချီသန့်စင်ခြင်း နဝမအဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို အခြေခံအဆင်ရောက်အောင် ကူညီပေးတယ်”

“အတွင်းစည်းမှာရော တပည့်အများကြီးရှိလား?”

“ငါလည်း သေချာမသိဘူး၊ ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းက လောကငယ်လေးမှာ တည်ရှိတော့ အထဲမှာ ဘာဖြစ်နေလည်းဆိုတာ ငါလည်း သေချာမသိဘူး”

“ကြည့်ရတာ ယွီဂျင်ဂိုဏ်းက အတော်အင်အားကြီးပုံပဲ”

“ဟုတ်တယ်၊ ငါတို့ယွီဂျင်ဂိုဏ်းက ရန်နိုင်ငံမှာ ဩဇာအာဏာအရှိဆုံး ဂိုဏ်းပဲလေ”

“ယွီဂျင်ဂိုဏ်းမှာ မိုးကြီးနဲ့မီး စိတ်ဝိညာဉ်ချီကို ကျင့်ကြံလို့ရတဲ့နေရာ ရှိလား?”

“အပြင်စည်းမှာတော့ မရှိဘူး၊ အတွင်းစည်းမှတော့ ရှိလောက်တယ်၊ မင်းမှာ မိုးကြိုးစွမ်းရည် ရှိတယ်ဆိုရင် အကြီးအကဲခန်းမကို တင်ပြနိုင်တယ်၊ သူတို့က မင်းကို ခြွင်းချက်အနေနဲ့ အတွင်းစည်းထဲ ဝင်ခွင့်ပြုရင် ပြုလိမ့်မယ်၊ ရှားပါးတဲ့ ကျင့်ကြံခြင်းစွမ်းရည် ရှိတယ်ဆိုရင် ဂိုဏ်းက မင်းကို အထူးတလည် ပြုစုပျိုးထောင်ပေးလိမ့်မယ်”

ရန်လျိုဟာ စိတ်ထဲမှာ အံအားသင့်သွားပါတယ်၊ ဒီကောင်မှာ မိုးကြိုးစွမ်းရည် ရှိနေတာလား?

ဟန်ကျွယ်၏ မျက်လုံးများသည် တောက်ပသွားပြီး “ငါ့မှာ မိုးကြိုးစွမ်းရည် ရှိရင် ဟုတ်လား?” ဟု သေချာအောင် ‌မေးလိုက်ရာ ရန်လျိုက ခေါင်းညိတ်ပြလေသည်။

“အစ်ကိုရန်… ကျွန်တော့်ကို ကူညီပေးနိုင်မလား? ကျွန်တော်သာ အတွင်းစည်းထဲကို ဝင်ခွင့်ရခဲ့ရင် အစ်ကိုရဲ့ ကျေးဇူးကို မမေ့ပါဘူး” ဟန်ကျွယ်က အသံတိုးတိုးဖြင့် ပြောလိုက်ခြင်း ဖြစ်၏။ ထို့နောက် ဟန်ကျွယ်သည် သူ့ညာလက်ကို မြှောက်လိုက်ရာ လက်ဖဝါးထဲ၌ လျှပ်စီးများ ဝင်းလက်သွားလေသည်။

ရန်လျို၏ မျက်လုံးများသည် ဟန်ကျွယ်၏ လက်ဖဝါးကို စူးစိုက်ကြည့်နေ၏။

[ယွီဂျင်ဂိုဏ်း အပြင်စည်း၏ ကြီးကြပ်သူ ရန်လျိုက သင့်အ‌ပေါ်မှာ အကောင်းမြင်စိတ် ရှိပါတယ်၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]

ရန်လျိုသည် ရယ်မောလိုက်ပြီး “မင်းက ငါ့ကို အစ်ကိုလို ခေါ်မှတော့ ငါကလည်း မင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီရမှာပေါ့၊ ခြွင်းချက်အနေနဲ့ မင်းကို ငါ အကြီးအကဲခန်းမဆီ ခေါ်သွားပြီး သူတို့ကို သေချာ ရှင်းပြပေးမယ်”

“ကျေးဇူးပါပဲ အစ်ကိုရန်၊ အစ်ကိုရဲ့ ကျေးဇူးကို ကျွန်တော် မမေ့ပါဘူး”

“ရပါတယ်… ရပါတယ်”

ရန်လျိုသည် ချီသန့်စင်ခြင်း နဝမအဆင့်၌ သောင်တင်နေသည်မှာ နှစ်၂၀ပင် ရှိပြီဖြစ်၏။ သူ့အနေဖြင့် အခြေခံအဆင်သို့ ကိုယ်ပိုင် ကျင့်ကြံကြိုးစားမှုဖြင့် တက်ဖို့ဆိုသည်မှာ မိုးပေါ် လှေကားထောင်တက်ရသည်ကမှ လွယ်ပေအုန်းမည်။ ထိုကြောင့် ရန်လျို လောလောဆယ် လုပ်နိုင်သည်ကား အဆက်အသွယ်ကောင်း ရှိဖို့ပင် ဖြစ်၏။

ဟန်ကျွယ်သည် ရန်လျိုနောက်မှလိုက်ရင်း လမ်းတစ်လျှောက်တွင် အပြင်းစည်းတပည့်များ ကျင့်ကြံအားထုတ်နေသည်ကို တွေ့ရလေသည်။

ယွီဂျင်ဂိုဏ်းသည် အပြင်စည်းတပည့်များအတွက် အထူးပြုလုပ်ထားသော ကျင့်ကြံခြင်းနေရာများကို မပေးထားပေ။ ထိုကြောင့် လူတိုင်းသည် သင့်လျော်ရာနေရာရှာ၍ တိတ်တဆိတ်ထိုင်ကာ သူတို့၏ အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်ကြ၏။

မကြာမီပင် ဟန်ကျွယ် အပြင်စည်း၏ အဆောက်အဦးများဆီသို့ ရောက်ရှိသွား၏။ အဆောက်အဦး အများစုသည် အကြီးအကဲ သံမဏိ၏ အဆောက်အဦးများကဲ့သို့ ရှေးကျလှပါတယ်။ လမ်းများပေါ်တွင်လည်း တပည့်အများကြီးကို‌ တွေ့နိုင်ပြီး မော်တယ်ဆိုလို့ တစ်ယောက်မှ မရှိပါဘူး။

ကျင့်ကြံခြင်းဂိုဏ်းတွေမှာ မော်တယ်အစေခံတွေ အများကြီးရှိပါတယ်၊ ဒီအစေခံတွေကို အဂ္ဂိရတ်ဆရာတွေသာမကဘဲ တစ်ခြားကျင့်ကြံသူတွေကလည်း သူတို့ရဲ့ ဝေယျဝစ္စကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မော်တယ်တွေကလည်း ကျင့်ကြံသူတွေဆီမှာ ခစားဖို့ ဆန္ဒရှိကြပါတယ်၊ အနည်းဆုံးတော့ သူတို့တွေဟာ အသက်အန္တရာယ်အတွက် မစိုးရိမ်ရသလို ဗိုက်ဟာမှာကိုလည်း ကြောက်စရာ မရှိပါဘူး။

အကြီးအကဲခန်းမဟာ တောင်ကြားရဲ့ အလယ်မှာ တည်ရှိပြီး လေးထပ်ရှိကာ အဆောက်အဦးတစ်ခုလုံးကို ထူးဆန်းတဲ့ရနံ့တစ်ခုနဲ့ လွှမ်းခြုံထားပါတယ်။

ဟန်ကျွယ်ဟာ ရန်လျိုနောက်ကနေ အကြီးအကဲခန်းမထဲကို ဝင်သွားလိုက်သည်။

ရန်လျိုသည် ကောင်တာသို့ လျှောက်သွားပြီး “ချီသန့်စခင်ခြင်း နဝမအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ကျွန်တော်တို့ ယွီဂျင်ဂိုဏ်းထဲ ဝင်ချင်လို့ပါတဲ့” ဟု ပြောလိုက်၏။

ပထမထပ်ဟာ သိပ်မကြီးတာမို့ ကောင်တာမှာ အဘိုးကြီးတစ်ဦးသာ ရှိပါတယ်။ အဘိုးကြီးက ဟန်ကျွယ်ကို တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ ဟန်ကျွယ်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွား၏။

ဟန်ကျွယ်ဟာ ဒီအဘိုးကြီးရဲ့ ကျင့်ကြံခြင်းအဆင့်ကို မပြောနိုင်ပါဘူး၊ ဖြစ်နိုင်တာကတော့ အခြေခံအဆင့် ဖြစ်လောက်ပါတယ်၊ ဒီထက်မြင့်ချင်ရင်လည်း မြင့်နေနိုင်ပါတယ်။

“အင်း”

အဘိုးကြီးဟာ မသိမသာ ခေါင်းညိတ်လိုက်ပြီး သူ့နောက်မှာရှိတဲ့ အံဆွဲထဲကနေ ထောင်မှန်စတုခံပုံ သစ်သားတုံးတစ်ခုကို ထုတ်ယူလိုက်၏။

ရန်လျိုက အသံတိုးတိုးနဲ့ “ပထမအကြီးအကဲ ဒီမှာ ရှိလား? ဒီလူက မိုးကြိုးစွမ်းရည်ရှိလို့ အတွင်းစည်းထဲကို ဝင်ချင်နေတယ်” လို့ ပြောလိုက်ပါတယ်။

မိုးကြိုးစွမ်းရည်? အဘိုးကြီးဟာ ဟန်ကျွယ်ကို အံအားသင့်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး သူ့လက်ကို ရှေ့ထုတ်လိုက်၏။

ဟန်ကျွယ်ဟာ အဘိုးကြီး လျှောက်သွားလိုက်ပြီး တစ်ချိန်တည်းမှာ မိုးကြိုး၊ မီးနဲ့ လေ စွမ်းရည်တွေကိုပဲ ပြသဖို့ စနစ်ကို အသုံးပြုလိုက်ပါတယ်။

“ကျင့်ကြံခြင်းစွမ်းရည် သုံးခုတောင်!” အဘိုးကြီးဟာ တအံတဩ ဖြစ်လွန်းလို့ ပါးစပ်တောင် ဟသွား၏။

ရန်လျိုဟာ အဘိုးကြီးလို တအံတဩ မဖြစ်သော်လည်း အားကျမှုတွေကိုတော့ သူ့မျက်လုံးထဲမှ တွေ့မြင်နိုင်ပါတယ်။

“မင်းနာမည်ကို အရင်ဆုံး စာရင်းသွင်းချည်၊ လောလောဆယ်တော့ မင်းက အပြင်စည်းတပည့်ပဲ၊ ပထမအကြီးအကဲ ပြန်လဲမှ ငါ ဒီကိစ္စ ပြောလိုက်မယ်” ဟု အဘိုးကြီးက အသံတိုးတိုးဖြင့် ပြောလိုက်၏။

ဟန်ကျွယ်လည် သူ့နာမည်ကို စာရင်းသွင်းလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဂိတ်ဖြတ်အမှတ်အသားတစ်ခု၊ အာကာသအိတ်တစ်အိတ်၊ ယွီဂျင်ဂိုဏ်းသား ဝတ်စုံတစ်စုံ၊ အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀နဲ့ ချီခဲဆေးလုံး တစ်ပုလင်းကို လက်ခံရရှိလိုက်ပါတယ်။

ရန်လျိုဟာ ဟန်ကျွယ်နေထိုင်ဖို့ သစ်သားအိမ်တစ်လုံးကို သူ့နဲ့ မနီးမဝေး နေရာတစ်ခုမှာ ကိုယ်တိုင်စီစဉ်ပေး၏။

“အကုန်လုံး ပြီးပြီဆိုတော့ ‌ရောင်းရင်းဟန် အနားယူလိုက်ပါအုန်း၊ အကြောင်းထူးရှိရင် လူတစ်ယောက်က သတင်းလာပို့ပါလိမ့်မယ်၊ ကျုပ် လုပ်စရာလေးတွေ ရှိသေးလို့ သွားလုပ်လိုက်အုန်းမယ်” ဟု ရန်လျိုက အပြုံးဖြင့် ပြောလိုက်၏။

ဟန်ကျွယ်သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ရန်လျိုထွက်သွားတာကို ကြည့်နေလိုက်၏။

ဟန်ကျွယ်သည် ရန်လျို၏ သူ့အပေါ် သဘောထားက ဝတ္ထုထဲမှာ ရေးသားထားသည်နှင့် တစ်ခြားစီဖြစ်နေသည်ကို ခံစားမိလိုက်သည်။ ရန်လျိုသည် သူနှင့် ဆက်ဆံရေး ကောင်းချင်သော်လည်း အတင်းကြီး လိုက်မလုပ်ချေ။ လူတိုင်းက ကျင်ကြံသူတွေချည်းဆိုတော့ ဟန်ကျွယ်မှာ ကျင့်ကြံခြင်းစွမ်းရည်ကောင်း ရှိရုံနှင့် လူတိုင်းက သူစိတ်ကျေနပ်အောင် လိုက်ကြိုးစား နေထိုင်ပေးကြမည် မဟုတ်ပေ။

ဟန်ကျွယ်သည် တံခါးပိတ်၍ စတင်ကျင့်ကြံလိုက်သည်၊ နောက်ဆုံး၌ သူသည် ဘာစိုရိမ်စရာမှ မရှိဘဲ စိတ်အေးလက်အေး ကျင့်ကြံနိုင်ပြီ ဖြစ်သည်၊ ဤအချိန်၌ ဟန်ကျွယ်သည် အနည်းငယ် အံအားသင့်သွား၏၊ အကြောင်းမှာ စိတ်ဝိညာဉ်မီးချီကို သူအာရုံခံမိလိုက်သောကြောင့် ဖြစ်၏။

ဟန်ကျွယ်ဟာ သူ့မီးစွမ်းရည်ကို ချီသန့်စင်ခြင်း နဝမအဆင့်ထိရောက်အောင် ပထမဆုံး ကျင့်ကြံမယ်လို ဆုံးဖြတ်လိုက်ပါတယ်။

ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် ကျင့်စဉ်တစ်ခုတည်းကိုသာ ရွေးချယ်လေ့ကျင့်ကြ၏၊ အများစုသော ကျင့်စဉ်ပညာရပ်များသည် ဒြပ်စင်သဘာဝ တစ်ခုတည်းသာ ရှိကြ၏၊ ထိုကြောင့် ဟန်ကျွယ်ကဲ့သို့ ဒြပ်စင်သဘာဝတစ်ခုမက လေ့ကျင့်ကြသော ကျင့်ကြံသူများသည် အလွန်တရာ နည်းပါးလေသည်။

ဟန်ကျွယ်၏ ကျင့်ကြံခြင်း စွမ်းရည်သည် ထိပ်တန်းဖြစ်လေရာ ပင်ပန်းသည်ဟူ၍ အနည်းငယ်မျှပင် မခံစားရဘဲ ပိုပိုသန်မာလာသော ခံစားချက်ကိုသာ နှစ်ခြိုက်စွာ ခံစားနေလေသည်၊ ပိုပြီး တိတိကျကျ ပြောရလျှင်တော့ သက်တမ်းတိုးလားခြင်းကို ခံစားနေခြင်းပင် ဖြစ်သည်။

ဟန်ကျွယ်ဟာ သူ့အကြောင်း အသေးစိတ် ရေးထားတဲ့ ဘောင်ကွက်ကို မြင်လိုက်တဲ့အခါမှာ သူ့ပထမဆုံး အတွေးက ထာဝအသက်ရှည်ဖို့ပင်၊ သူ့အတွက် ကျော်ကြားမှု၊ ကံကောင်းမှုတွေ မလိုအပ်ပါဘူး၊ မိန်းမလှကို လက်မထပ်ရလည်း ဘာမှ မဖြစ်ပါဘူး၊ ဟန်ကျွယ်ရဲ့ တစ်ခုတည်းသော ဆန္ဒက အသက်ရှည်ရှည် နေထိုင်လိုခြင်းသာ ဖြစ်၏၊ သူဟာ ရောဂါခံစားရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နောက်တစ်ခါ မသေချင်တော့ပါဘူး။

“ငါရဲ့ ကျင့်ကြံခြင်းစွမ်းရည်နဲ့ဆိုရင် အခွင့်အ‌ရေးရှာဖို့ စွန့်စားနေစရာ မလိုတော့ဘူး၊ ငါဘာသာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပြီး ပြဿနာမရှာဖို့ပဲ လိုတယ်၊ ငါကလည်း သူများကို ရန်မစဘူးဆိုရင်… ဟုတ်ပြီ၊ ငါ့ကို သတ်ချင်တဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေကို ငါ ရန်မစဘူး” ဟန်ကျွယ်သည် တိတ်တဆိတ် တွေးတောနေခြင်း ဖြစ်သည်။

ဤသို့ဖြင့် နှစ်ဝက်ဆိုသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း၌ ကုန်ဆုံးသွားပြီး ဟန်ကျွယ်၏ မီးစွမ်းရည်သည်လည်း ချီသန့်စင်ခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

နောက်ဆုံး၌ အပြင်စည်း၏ ပထမအကြီးအကဲသည် ဂိုဏ်းသို့ ပြန်ရောက်လာပြီဖြစ်၍ ရန်လျိုသည် ဟန်ကျွယ်အား ကိုယ်တိုင် သတင်းလာပေးလေသည်။

ဟန်ကျွယ်သည် သူ့ပစ္စည်းများကို သိမ်းဆည်လိုက်ပြီး အာကာသအိမ်ကို ခါး၌ ချည်ကာ အကြီးအကဲခန်းမသို့ ရန်လျိုနောက်မှနေ၍ လိုက်သွား၏။

“အမှန်အတိုင်း ပြောရရင် ဒီကိစ္စကို အကြီးအကဲခန်းမက မေ့လျော့နေပြီ၊ ငါ ကိစ္စတစ်ခုနဲ့ ဒီနေရာကို ဖြတ်သွားရင်း မင်းက ကျင့်ကြံနေတုန်းပဲ ဆိုတာကို သတိထားမိသွားလို့ ဒီကိစ္စကို ငါပြန်သတိရသွားတာ၊ ပထမအကြီးအကဲက မင်းလို အပတ်တကုတ် ကျင့်ကြံသူမျိုးကို ကျိန်းသေပေါက် သဘောကျမှာ” ဟု ရန်လျိုက အပြုံးဖြင့် ပြောလိုက်သည်။

ရန်လျို၏ စကားသံတွင် လေးစားမှုအပြည့် ပါဝင်နေ၏။ ဟန်ကျွယ်သည် နှစ်ဝက်လုံးလုံး တံခါးပင် မဖွင့်ရာ သစ်သားအိမ်ထဲရှိ စိတ်ဝိညာဉ်ချီ ပြောင်းလဲမှုကြောင့်သာ မဟုတ်လျှင် အခြားသူများက ဤသစ်သားအိမ်သည် တစ်ယောက်မျှမရှိဟု တွေးမိကြမည်မှာ အမှန်ဖြစ်၏။

ဟန်ကျွယ်သည် ပြုံးလိုက်ပြီး “အစ်ကိုရန်ကို ကျေးဇူးတင်ပါတယ်၊ နောင်ကျလို့ ကျွန်တော် အခြေခံအဆင့်ဆေးလုံးတွေ တစ်လုံးထက်ပိုရဖို့ အခွင့်အရေး ရှိခဲ့ရင် အစ်ကိုရန်အတွက် တစ်လုံး ယူထားပေးပါ့မယ်” ဟု ပြောလိုက်သည်။

All Chapters