← Chapters

မင်း မသေမျိုးကို ရိုသေတယ်ဆိုရင် ငါ့ကိုရောဘာလို့ မရိုသေတာလဲ

Vol. 93 Ch. 921

မင်း မသေမျိုးကို ရိုသေတယ်ဆိုရင် ငါ့ကိုရောဘာလို့ မရိုသေတာလဲ

Vol. 93 Ch. 921

အရှေ့ပိုင်းဟုန်၏ကောင်းကင်ယံထက်ဝယ်..

ကျယ်ပြောခမ်းနားလှသော ငွေဖြူရောင် နဂါးချီများက တိမ်တိုက်များပမာစုစည်းနေကြပြီး၊ကျန်ရှိသောဟုန်သုံးခုထံသို့ပါပျံ့နှံ့သွားကာ နေရောင်ခြည်ကိုပျောက်ကွယ်သွားစေ၏။

၎င်းမှာ နဂါးသိုက်ရှိ အစောက်အရှောက်ဆုံးရှုံးသွားမှုကြောင့်ဖြစ်ပေါ်လာသော ဂယက်ရိုက်ခတ်မှုပင်။

၎င်းသည် ဟုန်လေးခုလုံးကိုတုန်လှုပ်စေမည့် အဖြစ်အပျက်ကြီး ဖြစ်သင့်သော်လည်း၊ ယခုအခါ မည်သူမျှ အာရုံမစိုက်နိုင်ကြတော့ချေ။

"ဟမ်."

ဧရာမမျောက်ဝံနတ်ဆိုးကြီးက သူ၏ကြောက်မက်ဖွယ်ကောင်းသောခန္ဓာကိုယ်ကို ကိုင်းညွတ်ထားပြီး၊ ရှည်လျားသောလက်မောင်းများကို ရေထဲသို့ ထိုးသွင်းကာ ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ လည်ပင်းကို မြဲမြံစွာဆုပ်ကိုင်ထားရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

"မင်းကို လွှတ်လိုက်ဖို့ ငါ အမိန့်ပေးတယ်"

ကောင်းကင်ယံတွင် ဧရာမနဂါးနက်ကြီးက တိမ်တိုက်များကို ထိုးဖောက်ထွက်လာပြီး၊ သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အမြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

သူတို့၏နယ်ပယ် ကွာဟချက်မှာ မိုး နှင့် မြေကဲ့သို့ပင် ကွာခြားလှပါသည်။

သို့သော် လေတိုးသံနှင့်အတူ ရောက်ရှိလာသော နဂါးအမြီးကို ရင်ဆိုင်ရချိန်တွင်၊ မျောက်ဝံနတ်ဆိုး၏ကြမ်းတမ်းသောမျက်နှာပေါ်၌ လှောင်ပြောင်သောအပြုံးတစ်ခုပေါ်လာသည်။

သူသည် အားကိုထပ်မံစိုက်ထုတ်လိုက်ရာ နောက်ဆုံးတွင် ထိုသားရဲ၏လည်ပင်းမှာ ကျိုးကြေသွားတော့သည်။ ထို့နောက် သူက ဘေးတိုက်တစ်ချက်လှမ်းကြည့်လိုက်၏။

အမာရွတ်များဖုံးလွှမ်းနေသော ကြမ်းတမ်းလှသည့် နတ်ဆိုးမျက်နှာက နဂါးနက်ကို တည့်တည့်စိုက်ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိဘဲ၊ သေခြင်းတရားအပေါ် ဂရုမစိုက်မှုသာ ရှိနေသည်။

တစ်ခဏချင်းမှာပင်၊ ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ၊လိမ့်တက်နေသော လှိုင်းလုံးများအပေါ် ရပ်နေသည့် ဧရာမမျောက်ဝံကြီး၏ခန္ဓာကိုယ်မှာ နဂါးအမြီး၏ရိုက်ချက်ကြောင့် အလွယ်တကူပင် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး၊ မိုးရွာသကဲ့သို့ ကျဆင်းလာသော ကျောက်တုံးကြီးများအဖြစ် ပြောင်းလဲကာလှိုင်းလုံးများကြားထဲ ဝါးမျိုခြင်း ခံလိုက်ရ၏။

နဂါးနက်ကြီးမှ လူသားအသွင်သို့ ပြောင်းလဲလိုက်ရာ ထိုသူမှာ မြောက်ပိုင်းနဂါးနန်းတော်ကို ကိုယ်စားပြုသည့် ချီထျန်းချွမ်ပင်ဖြစ်နေသည်။

သူက မည်သည့်စကားမျှမပြောဘဲ ထိုနေရာတွင် မှင်သက်စွာ ရပ်နေမိသည်။

သူသည် သူ၏အစ်ကို ချီထျန်းယာကဲ့သို့ အင်အားမကြီးသဖြင့် မြောက်ပိုင်းနဂါးဘုရင်မဖြစ်လာနိုင်သော်လည်း၊ သူက နဂါးမျိုးနွယ်၏ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ရှိသူဖြစ်ပြီး အတွေ့အကြုံများစွာရှိသည်။

သဘာဝအတိုင်းပင်၊ သူ၏ စိတ်ဓာတ်ခိုင်မာမှုကို ထပ်လောင်းရှင်းပြရန် မလိုတော့ပေ။

သို့သော် ဤအခိုက်အတန့်တွင်၊ ထိုမျောက်ဝံနတ်ဆိုး၏နောက်ဆုံးအကြည့်မှာ သူ၏စိတ်ထဲတွင် ပေါ်လာဆဲပင်။

ဤနေရာသို့ အပြေးအလွှားလာခဲ့စဉ်အတွင်း၊ ၎င်းမှာ ချီထျန်းချွမ်သတ်ဖြတ်ခဲ့သည့် တတိယမြောက် မဟာနတ်ဆိုးဖြစ်သည်။

ဤမဟာနတ်ဆိုးများက အလွန်အမင်းအစွမ်းမထက်ကြသလို သူနှင့် ယှဉ်ပြိုင်ရန် မထိုက်တန်ကြသော်လည်း၊သူတို့က သူ့အပေါ် ဖျက်မရသော အထင်အမြင်များကို ချန်ထားရစ်ခဲ့ကြ၏။

မည်သည့်နတ်ဆိုးမဆို၊ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် တူညီသောရွေးချယ်မှုကိုသာ ပြုလုပ်ကြသည်။

၎င်းမှာ... မသေဆုံးမီတွင် မြောက်ပိုင်းဟုန် နတ်ဆိုးစစ်သည် တစ်ဦးကိုဖြစ်စေ သတ်ဖြတ်ရန်ကြိုးစားခြင်းပင်။ သူတို့၏ကိုယ်ပိုင်အသက်အတွက်မူ အရေးမကြီးသကဲ့သို့ပင်။

ထိုကဲ့သို့ပင် ဂရုမစိုက်ဘဲ တည်ငြိမ်နေသော မျက်လုံးများက..

ဤအရာက ချီထျန်းချွမ်၏နားလည်နိုင်စွမ်းကို လုံးဝကျော်လွန်နေပါသည်။ သူ့အမြင်တွင် ဤတောရိုင်းနတ်ဆိုးများက အခက်အခဲများစွာကိုကျော်ဖြတ်ကာ ယခုနယ်ပယ်အထိ ကျင့်ကြံလာကြသည်ဖြစ်၍ သူတို့၏အသက်ကို အလွန်အမင်းတန်ဖိုးထားသင့်ပေသည်။ နောက်ဆုံးတွင် မည်သည့်အရာက သူတို့ကို ယခုလိုထူးဆန်းသည့် လုပ်ရပ်မျိုးများလုပ်ရန်တွန်းအားပေးနေသနည်း။

ထို့အပြင်၊ သူကိုယ်တိုင်ပင်လျှင် စိတ်မသက်မသာ ဖြစ်လာရ၏။

ဤထူးဆန်းပြီးကြမ်းကြုတ်သော အင်အားစုကို ရင်ဆိုင်နေရသည့် အခြားသောမြောက်ပိုင်းဟုန် သတ္တဝါများအတွက်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။

"ရှေ့တိုးရတာ နှောင့်နှေးနေတာအံ့သြစရာ မဟုတ်တော့ဘူး"

စစ်သည်အများအပြား ခြံရံထားသော လိပ်အိုကြီးတစ်ကောင်က မြေပုံတစ်ခုကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး သက်ပြင်းချလိုက်သည်။

"ကျုပ်တို့ အနည်းငယ်ပေါ့ဆသွားတယ်၊ မြောက်ပိုင်းနန်းတော်က ထိပ်တန်းစစ်သည်အတော်များများကျဆုံးသွားပြီ။ နောက်ထပ် အမှားအယွင်းတွေ မဖြစ်အောင်ဖြည်းဖြည်းချင်းပဲ ရှေ့ဆက်ကြရအောင်"

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက်၊ ချီထျန်းချွမ်က နောက်ဆုံးတွင် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်၏။

"အနန္တတာအိုအင်ပါယာဂိုဏ်းဆီ သတင်းပို့လိုက်၊ အနောက်ပိုင်းဟုန်ကို အရင်ဆုံး အတူတူရှင်းလင်းဖို့ အင်အားချင်းပေါင်းကြမယ်"

သူ၏ အမိန့်အောက်တွင်..

ရေတွက်မရသော နတ်ဆိုးစစ်သည်များက အရှေ့ပိုင်းဟုန်မှ ဖြည်းညှင်းစွာဆုတ်ခွာသွားကြသည်။

လှိုင်းထနေသော နတ်ဆိုးချီများပျောက်ကွယ်သွားချိန်တွင်..

ရေတွက်မရသော သတ္တဝါများက သူတို့၏ပုန်းခိုရာနေရာများမှ ထွက်ပေါ်လာကြပြီး၊ ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲဖြစ်သော မျက်လုံးများဖြင့်ကောင်းကင်ယံကို ကြောင်တောင်တောင်စိုက်ကြည့်နေကြ၏။

သူတို့၏အသက်ကို ယာယီ ကယ်တင်ပေးခဲ့သူမှာ ရုတ်တရက်ထွက်ပေါ်လာပြီး အရိပ်အယောင်မရှိ ပြန်လည်ပျောက်ကွယ်သွားသော ထိုကြမ်းကြုတ်သည့် လူဆိုးအုပ်စုဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

"နတ်ဆိုးတစ်သောင်းခန်းမ..."

လူအုပ်ကြားတွင်၊သွေးများ ဖုံးလွှမ်းနေသော ယဲ့ကျိုးက သူ့ကိုတွဲကူထားသော ကျင့်ကြံသူ အချို့၏လက်မောင်းများကို ညင်သာစွာ တွန်းဖယ်လိုက်၏။

သူသည် ကောင်းကင်ဘုံနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ နဂါးသားတော်နှစ်ဦးနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ထိုနဂါးနှစ်ကောင်ကို မောင်းထုတ်နိုင်ခဲ့သော်လည်း၊ မသေမျိုးများထံမှ ဆင်းသက်လာသောနည်းလမ်းများကို ရင်ဆိုင်ရာတွင် သူကိုယ်တိုင်လည်းကြီးမားသော ပေးဆပ်မှုများပြုလုပ်ခဲ့ရသည်။

"..."

လူအုပ်၏စောင့်ကြည့်မှုအောက်တွင်၊ ယဲ့ကျိုးက ရေထဲသို့ ဖြည်းညှင်းစွာလျှောက်ဝင်သွားပြီး၊ ကျိုးပဲ့နေသောကျောက်တုံးတစ်ုံးကို ကောက်ယူကာ အချိန်အတော်ကြာ သေချာစွာစစ်ဆေးလိုက်သည်။

ကျိုးပဲ့သွားပြီးနောက်တွင်၊မူလက သက်ရှိခန္ဓာကိုယ်နှင့် ခွဲခြားမရသောအရာမှာ အသက်ဝင်သည့် လက္ခဏာတစ်စုံတစ်ရာမျှမရှိတော့ဘဲ တောက်ပမှု ကင်းမဲ့နေသည့် ကျောက်တုံးတစ်ခုသာ ဖြစ်နေတော့သည်။

ထိုစဉ်မှာပင်၊ကျောက်တုံးမှာ ရုတ်တရက် စီးဆင်းနေသောအနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထွက်ပြေးသွားသည်။

ယဲ့ကျိုး မော့ကြည့်လိုက်ရာ ရေပြင်အတွင်းရှိ အရွယ်အစားအမျိုးမျိုးရှိသော ကျောက်တုံးများမှာ အထက်သို့ပျံတက်သွားကြပြီး စီးဆင်းနေသော အလင်းတန်းများအဖြစ်ပြောင်းလဲကာ၊ သေးငယ်သော ပုံရိပ်လေး၏လက်ဝါးထဲတွင် အမည်းရောင်မြူခိုးအစုအဝေးကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူမသည် ၎င်းကို သူမ၏ဝတ်ရုံစအတွင်းသို့ ဝှက်လိုက်သည်။

"မြောက်ပိုင်းဟုန်က အနောက်ပိုင်းဟုန်ကို ရှင်းလင်းဖို့ အင်အားချင်းပေါင်းနေကြပြီ"

ယဲ့ကျိုးသည် သူ၏ရှေ့တွင်ရှိနေသော လူ၏ အမှတ်အသားကို နားလည်သွားပုံရပြီး၊ ထိုမဟာနတ်ဆိုးများသေခြင်းတရားကို မကြောက်ရသည့် အကြောင်းရင်းကိုလည်း ခန့်မှန်းမိသွားပါသည်။

သူ သိထားသောသတင်းအချက်အလက်များကို သူ အကျဉ်းချုံး ပြောပြလိုက်၏။

ထိုကောင်မလေး၏တုံ့ပြန်မှုမှာ ယဲ့ကျိုးကို အံ့အားသင့်စေခဲ့ပါသည်။ သူမ၏မျက်နှာမှာ မည်သည့် ဖိအားကိုမျှခံစားရပုံမပေါ်ဘဲ တည်ငြိမ်နေကာ ခေါင်းကိုသာ ညိတ်ပြလိုက်၏။

"နားလည်ပြီ"

စကားပြောပြီးနောက်၊ သူမက လှည့်ထွက်ကာ အနောက်ဘက်သို့ ပြေးထွက်သွားလေ၏။

"ငါလည်း လိုက်မယ်"

ယဲ့ကျိုးက အချိန်ဆိုင်းမနေဘဲ အလင်းစီးဆင်းရတနာဓားရှည်ကို ထုတ်ယူကာ သူမနောက်သို့ တိုက်ရိုက် လိုက်သွားသည်။

ထိုတာအိုနယ်ပယ် စွမ်းအားရှင်နှစ်ဦးကို ရင်ဆိုင်ရာတွင်ကျန်ရှိနေသော ဟုန်သုံးခုမှာ အခွင့်အရေး လုံးဝမရှိသလောက်ဖြစ်နေသည်ကို သူ သိသည်။ သို့သော် တစ်စုံတစ်ယောက်က ရှေ့ထွက်ရပ်ရန် ဝံ့ရဲနေသရွေ့၊ထိုသူမှာ မည်သူပင်ဖြစ်စေ နောက်မှလိုက်ရန်မှာ သဘာဝပင်။

ဤကောင်းကင်ဘုံနယ်ပယ် ကျွမ်းကျင်သူများအားလုံးထွက်ခွာသွားပြီးနောက်

အရှေ့ပိုင်းဟုန်တွင် ကျန်ရစ်သောသတ္တဝါများက ကောင်းကင်ယံရှိကျယ်ပြောလှသော ငွေဖြူရောင် နဂါးချီများကို ကြည့်ရင်း သူတို့၏လက်ရှိအခြေအနေကို စတင်နားလည်လာကြသည်။

ကြင်နာတတ်သော နဂါးဘုရင်မရှိတော့သလို၊ ယခုအချိန်မှစ၍ သူတို့ကိုကာကွယ်ပေးမည့်သူ မည်သူမျှ ရှိတော့မည် မဟုတ်ပေ။

အချိန်ကြာလာသည်နှင့်အမျှ၊ လူအုပ်ထဲမှ ပုံရိပ်များက သူတို့၏မှော်ရတနာများကို ကိုင်ဆောင်ကာ အနောက်ဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။

...

အရှေ့ပိုင်းဟုန်၊ နဂါးသိုက်

ချီထျန်းယာက တင်ပျဉ်ခွေထိုင်ကာ ငွေဖြူရောင် နဂါးချီများကို လွတ်လပ်စွာရှူရှိုက်နေပါသည်။

ဟုန်ကျယ်အား အစောင့်ချထားရန်အဖြစ် နန်းတော်လေးခုကို မလိုအပ်တော့သည့်အတွက်ကြောင့်၊ဤအရင်းအမြစ်များက သူ ခံစားရမည့် အရာများသာဖြစ်လာလေပြီဖြစ်၏။

"လူအိုကြီးလုစ၊ မနာလိုမဖြစ်ပါနဲ့မင်း မသေမျိုးအတွက် ကောင်းကျိုးတွေလုပ်ပေးရင် မင်းအတွက်လည်းအကျိုးကျေးဇူးတွေရှိလာမှာပါ"

လုရှောင်းက ပြန်လည်တုံ့ပြန်ခြင်းမရှိဘဲ စာအုပ်ငယ်တစ်အုပ်ကို တိတ်ဆိတ်စွာလှန်ကြည့်နေသည်။ သို့သော် သူ၏မျက်လုံးများ အနည်းငယ်မှေးစင်းသွားရင်း အေးစက်သောအလင်းတန်းများက သူ၏အတွေးများကို အရိပ်အမြွက်ပြသနေ၏။

All Chapters