← Chapters

သူက တစ်ချိန်လုံးဒီနေရာမှာရှိနေခဲ့တာလား

Vol. 93 Ch. 924

သူက တစ်ချိန်လုံးဒီနေရာမှာရှိနေခဲ့တာလား

Vol. 93 Ch. 924

မြောက်ပိုင်းဟုန် ၊ မသေမျိုးစံအိမ်

တိတ်ဆိတ်ငြိမ်သက်နေသော ခန်းမကြီးအတွင်း၌ သန့်စင်သောချီများ ရစ်သိုင်းနေသည့် ပုံရိပ်တစ်ခုသည် တင်ပျဉ်ခွေထိုင်နေပါသည်။ သူက မျက်လုံးများကိုတင်းတင်းပိတ်ထားပြီး ကျယ်ပြောလှသော ကမ္မကုသိုလ်စွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းဝင်ရောက်လာသည်ကို ခံစားရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လွင်နေ၏။

အစပိုင်းတွင် သူမရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်တစ်ခုက ဟုန်ကျယ်တွင် အချိန်အတော်ကြာအောင်ဖရိုဖရဲဖြစ်မှုအချို့ကို ဖြစ်ပေါ်စေခဲ့ပြီး၊ ဤမျှများပြားလှသောကုသိုလ်စွမ်းအင်များကို စုဆောင်းပေးနိုင်ခဲ့သည်။

ကံမကောင်းခဲ့လျှင်၊ မှန်ကန်သော တာဝန်ပေးအပ်မှုများမရရှိခဲ့လျှင်ပင်၊ ဤကမ္မကုသိုလ်စွမ်းအင်ဖြင့် အဆင့် ၇ ရှိသော မသေမျိုးအဆင့်အတန်းတစ်ခုနှင့် လဲလှယ်ရန် လုံလောက်နေပြီဖြစ်သည်။

ယခင်က အဘယ်ကြောင့် ဤကဲ့သို့လည်းဖြစ်နိုင်ကြောင်းဆိုတာကို သူမတွေးမိခဲ့သနည်း။

အမှန်တကယ်ပင်၊ဝေးလံခေါင်သီသော ဒေသတစ်ခု၌ပင် ၎င်း၏ကိုယ်ပိုင်အားသာချက်များ ရှိနေပေ၏။

ထိုလူမိုက်များက ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီးပိုမိုကြီးမားသော သတ်ဖြတ်ခြင်းကပ်ဘေးများကို ဖန်တီးပေးနိုင်ရန်သာ သူ မျှော်လင့်မိသည်။ သို့မှသာ ယခုရရှိသော ကမ္မကုသိုလ်စွမ်းအင်က သူ့အတွက်မသေမျိုးခုံရုံးသို့ ပြန်ရန်မလုံလောက်ခဲ့လျှင်ပင် နောက်တစ်ကြိမ်ထပ်မံကြိုးစားနိုင်မည်ဖြစ်ပြီး သူ့အတွက် မျှော်လင့်ချက်တစ်ခုရှိနေမည်ဖြစ်သည်။

သဘာဝအတိုင်းပင်၊ပထမအကြိမ် ကြိုးစားမှုတွင် အောင်မြင်သွားခြင်းက အကောင်းဆုံးဖြစ်ပြီး၊ ဤကဲ့သို့သော နည်းဗျူဟာများကို အနာဂတ်အတွက် သိမ်းဆည်းထားနိုင်သေး၏။

ကောင်းကင်ဘုံသို့သူ စေလွှတ်လိုက်သော ဘူးသီးခြောက်ကအခန်းကဏ္ဍတစ်ခုခုတွင် ပါဝင်လာရန်သာ သူမျှော်လင့်နေမိသည်။

ဤသို့တွေးရင်း ရှီယန်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ၏ရှေ့တွင်ရှိသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ကြည့်ကာ စိတ်မကောင်းဖြစ်ဟန်ဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။

"မင်း..."

သူ စကားပြောလိုက်ချိန်တွင် သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး၊ ခန်းမအပြင်ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်၏။

"ဝုန်း.."

မသေမျိုး၏မျက်လုံးများထဲတွင် ကောင်းကင်ကို ကာကွယ်ထားသော ကျောက်စိမ်းဖြူကြံ့ကြီးက ချက်ချင်းနိုးထလာပြီး၊ ၎င်း၏ဧရာမခွာများဖြင့် ဟုန်လေးခုလုံးကိုနင်းခြေလိုက်ရာ၊ မမြင်နိုင်သော သဘာဝဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက မြေပြင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။

ဤအသက်မဲ့နေသော သတ္တဝါ၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သောဒေါသများ ထွက်ပေါ်လာခဲ့၏။

၎င်း၏ခွာများအောက်တွင် ဟုန်လေးခု၏ မသေမျိုးစွမ်းအင်များမှာ တင်းတင်းကျပ်ကျပ်ပိတ်ဆို့ခံထားရပြီး အနည်းငယ်မျှပင်လှုပ်ရှား၍မရတော့ပေ။

"သေချင်နေတာပဲ"

ရှီယန်၏အပြုံးမှာ လျင်မြန်စွာပျောက်ကွယ်သွားပြီး သူ၏မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်သွား၏။

မည်သည့်နေရာက မိစ္ဆာယုတ်ကများ မသေမျိုးခုံရုံးတံဆိပ်တုံး ထိန်းချုပ်ထားသည့် မိုးမြေဝိညာဉ်စွမ်းအင်ကို ကိုယ့်နေရာမသိဘဲနှောင့်ယှက်ဝံ့ရသနည်း။

သူက မသေမျိုးခုံရုံး၊ မသေမျိုးဂိုဏ်းသုံးဂိုဏ်း နှင့် ခမ်းနားထည်ဝါလှသည့် ကောင်းကင်ဘုံ၏အရှိန်အဝါကို မမြင်ဘူးလော။

သူ၏ဝတ်ရုံစကို ပြင်းထန်စွာဝှေ့ယမ်းလိုက်ရာ၊ လက်ရာမြောက်လှသော ကျောက်စိမ်းတံဆိပ်တုံးလေးတစ်ခု သူ၏လက်ထဲတွင်ပေါ်လာပါသည်။

၎င်းပေါ်တွင် ကောင်းကင်ယံမှ ပုံရိပ်ယောင်ကြီးနှင့် ထပ်တူကျသော ကျောက်စိမ်းဖြူကြံ့ကြီး၏ အစွမ်းထက်သည့် ပုံသဏ္ဌာန်ပါဝင်နေ၏။

လက်ထဲတွင် နွေးထွေးနေသော ကျောက်စိမ်းတံဆိပ်တုံးကို ရှီယန်ကမြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ဟုန်လေးခု၏ မသေမျိုးစွမ်းအင်အားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလေ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသောရင်းနှီးသည့် ကြီးမားသောစွမ်းအင်ကို ခံစားရင်း ဟုန်ကျယ်မသေမျိုးက မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်ပြီး နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။

အမှန်တကယ်တော့ သူက အစောင့်အကြပ်များဖြင့် နေထိုင်ရသည်ကို မနှစ်သက်ပေ။ ထို့ကြောင့် သူ ဤနေရာသို့ ဆင်းလာချိန်တွင် လက်အောက်ငယ်သားအနည်းငယ်ကို တမင်တကာ ပြန်လွှတ်လိုက်ပြီး၊သူတို့၏မသေမျိုးပစ္စည်းများဖြင့် လူများ၏စိတ်နှလုံးကို သိမ်းသွင်းရန် အသုံးပြုခဲ့သည်။

ထောင်ပေါင်းများစွာသော လူများ၏ချီးမွမ်းခြင်းကို ခံရသည့် အရသာကို သူလွန်စွာနှစ်သက်၏။

အဆုံးမှာတော့ ထိုသူတို့က သေမျိုးလောကမှ နောက်ခံမရှိသော တောသူတောင်သားအနည်းငယ်သာ ဖြစ်နေသည်မဟုတ်လော။ မသေမျိုးဂိုဏ်းသုံးဂိုဏ်း သို့မဟုတ် အင်ပါယာခုရုံးနှင့်လည်း ဘာမှမဆိုင်ပေ။

သူတို့သည် တာအိုနယ်ပယ်အထိ ကျင့်ကြံပြီးလျှင် မသေမျိုးခုံရုံးတွင် နေရာတစ်ခုရနိုင်သည်အထိ အခက်အခဲများကိုကြံ့ကြံ့ခံနိုင်ခဲ့လျှင် သူတို့၏အနာဂတ်မှာ တောက်ပနေလိမ့်မည်ဟု ထင်နေကြ၏။

"ဟက်... တာအိုနယ်ပယ်တဲ့လား၊ အဲ့ဒါက ဘာအသုံးကျလို့လဲ"

ရှီယန်က ကျောက်စိမ်းတံဆိပ်တုံးကို သိမ်းဆည်းလိုက်ရင်စ အနည်းငယ်မကျေမနပ်ဖြစ်နေသော လေသံဖြင့် လှောင်ပြောင်လိုက်၏။

"ဒါဆို... ရွှမ်ချင်းကို ဒီလိုလုပ်တာ... ကျစ်ယန်ကို ဒီလိုလုပ်တာက..."

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်က တုန်ရီနေပြီး၊ ခေါင်းကို အနိုင်နိုင်မော့လိုက်ကာ ခြင်သံလောက်သာရှိသောအသံဖြင့် တိုးတိတ်စွာပြောလိုက်၏။ သို့သော် သူ၏အသံထဲတွင် နက်ရှိုင်းသော လှောင်ပြောင်သည့်အရိပ်‌အယောင်တစ်ခု ပါဝင်နေသည်။

ဝုန်း

ဟုန်ကျယ်မသေမျိုးက သူ၏လက်ကို ရုတ်တရက် မြှောက်လိုက်ရာ၊မမြင်နိုင်သော အင်အားတစ်ခုက ရွှေရောင်ခန္ဓာကိုယ်၏လည်ပင်းကို ချက်ချင်း ဖမ်းဆုပ်လိုက်၏။

သူသည် အေးစက်စွာကြည့်လိုက်ပြီး "ငါ့မိဘတွေက မသေမျိုးဂိုဏ်းသုံးဂိုဏ်းရဲ့တပည့်တွေ၊ မသေမျိုးခုံရုံးအတွက် မငြိမ်မသက်မှုတွေကိုကိုင်တွယ်ရင်း သေဆုံးခဲ့တာ။သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက နေရာတိုင်းမှာရှိနေပြီး အားလုံးက ငါ့ဦးလေးတွေလိုပဲ ရင်းနှီးကြတယ်။ငါ့ကိုလည်း သူတို့သားသမီးလို ဆက်ဆံကြတာ။မင်းတို့လို သေမျိုးတွေက ငါ့ကို လှောင်ပြောင်ဖို့ဘာအခွင့်အရေးရှိလို့လဲ"

"တော်သင့်ပြီ..။"

ရှီယန်က သူ၏လက်ကို အသာအယာပင်လွှတ်လိုက်ပြီး "မင်းတို့က မသေမျိုးဂိုဏ်းသုံးဂိုဏ်းဆိုတာ ဘာလဲဆိုတာတောင်နားမလည်ဘူး၊ မင်းတို့နဲ့ စကားအပိုပြောမနေချင်တော့ဘူး" ဟု အထင်အမြင်သေးစွာ ပြောလိုက်၏။

"သေချာတာပေါ့... ငါ နားလည်ပါတယ်..."

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်က သူ၏အပြုံးကို ဖြည်းဖြည်းချင်းရုတ်သိမ်းလိုက်၏။ ချင်းဟွာက သူ၏သခင်ထံမှများစွာ သင်ယူခဲ့ပြီးဖြစ်သည်။

ဤမသေမျိုးက ခုလေးတင်ဘာလုပ်ခဲ့သည်၊ အဘယ်ကြောင့်မိသားစုတစ်ခုလုံးကို သုတ်သင်ရသည်ကိုပျော်ရွှင်နေပြီး အချို့လူများကိုမူဒုက္ခခံစားရန်အသက်ချန်ထားခဲ့သည်ကို သူသိရှိသွားခဲ့၏။

"မင်း ဘာကို နားလည်တာလဲ"

ရှီယန်က စိတ်ဝင်တစား မေးလိုက်သည်။

ထိုအခါ ရွှေရောင်ခန္ဓာကိုယ်က တံတွေးကို ခပ်ပေါ့ပေါ့ပင်ထွေးထုတ်လိုက်ပြီး "မင်းက မိဘမဲ့တစ်ယောက်ဆိုတာကို ငါ နားလည်တာ၊ မင်းအမေက သေသွားပြီ" ဟု ရယ်မောရင်း ပြောလိုက်၏။

ဖြောင်း..

မသေမျိုးက သူ၏ဝတ်ရုံလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ၊ သန့်စင်သောချီများဖြင့် ဖွဲ့စည်းထားသော သူ၏လက်မှာ ရွှေရောင်ခန္ဓာကိုယ်၏ မျက်နှာကို ပြင်းထန်စွာရိုက်ချလိုက်ပေသည်။

သူက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများထဲတွင် ရက်စက်မှုမျာာပြည့်လျှံလာခဲ့၏။

သူ၏တိမ်ဖြူရောင်ဝတ်ရုံပင်လျှင် အနည်းငယ် တုန်ခါသွားပါသည်။

ရွှေရောင်ခန္ဓာကိုယ်မှာ ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာ၏တစ်ဝက်နီးပါး ကြေမွသွားသော်လည်း၊ ကျန်ရှိသောတစ်ဝက်တွင်မူ လှောင်ပြောင်သော အပြုံးတစ်ခုမှာ တည်ရှိနေဆဲဖြစ်သည်။

"ဆက်ပြီး ရယ်နေလိုက်၊ အဲ့ဒီနတ်ဆိုးကို ငါ ကိုင်တွယ်ပြီးတာနဲ့... မင်း စောင့်နေလိုက်။"

ရှီယန်က ရက်စက်သောအပြုံးတစ်ခုနှင့်အတူ သွားများကိုစေ့လိုက်ပြီး "ငါ ပြန်လာတာကို စောင့်နေ" ဟု ပြောလိုက်၏။

"ကောင်းပြီလေ။"

ဟုန်ကျယ်မသေမျိုးကို အံ့အားသင့်သွားစေသည်မှာ၊ ပြိုလဲလုနီးပါးအထိနှိပ်စက်ခံထားရသော်လည်း ဤရွှေရောင်ခန္ဓာကိုယ်က ယနေ့တွင်မထင်မှတ်ထားသောအာခံမှုကို ပြသနေခြင်းပင်။

စိတ်တိုဖွယ်ကောင်းသော ထိုအပြုံးကို ဆင်မြန်းထားဆဲဖြစ်ပြီး၊ကြေမွနေသော သူ၏ထူးဆန်းသော မျက်နှာက ထိုအပြုံးကို ပို၍ပင်ကြောက်စရာကောင်းစေသည်။

သူ၏အသံမှာ လွန်စွာတိုးတိတ်နေခဲ့သည်။

"မင်း ပြန်လာတာကို ငါ စောင့်နေပါ့မယ်"

ခန်းမကြီးမှာ ပြန်လည်တိတ်ဆိတ်သွားလေ၏။

ချင်းဟွာက ရှီယန်ခန်းမအပြင်ဘက်သို့ ထွက်သွားသည်ကို ကြည့်နေပြီး၊ သူမ၏ထုံထိုင်းနေသော မျက်လုံးများထဲတွင် နောက်ဆုံး၌လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

သခင် ပြောခဲ့ဖူးသလိုပဲ... နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရမယ်။

...

အနောက်ပိုင်းဟုန်

အရပ်မျက်နှာအနံ့မှ ရေတွက်မရသော ပုံရိပ်များသည် စတင်စုရုံးလာခဲ့ကြ၏။

အမျိုးမျိုးသောဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏မျက်နှာများမှာ စိတ်ပျက်အားငယ်နေပုံသလိုပင်။ သူတို့သည် သိသာထင်ရှားသောနယ်ပယ်များရှိသည့် ကျင့်ကြံသူများဖြစ်ကြသော်လည်း၊ သူတို့၏ပုံသဏ္ဍာန်မှာ အသက်စွမ်းအားလုံးဝကင်းမဲ့နေသော ဒုက္ခသည်အုပ်စုတစ်ခုနှင့် ပိုတူနေလေသည်။

သို့သော် ချွင်းချက်မရှိဘဲ သူတို့အားလုံးက သူတို့၏အမြတ်နိုးဆုံးမှော်ရတနာများကို ဆုပ်ကိုင်ထားကြပြီး၊သူတို့ အကျွမ်းကျင်ဆုံးသော နည်းပညာရပ်မန္တန်များကို အသုံးပြုရန်ပြင်ဆင်ထားကြလေ၏။

သူတို့ထဲတွင် အမြင့်ဆုံးနယ်ပယ်ရှိသူများမှာ ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံသူများပင်။

ယဲ့ကျိုးလည်း သူတို့ထဲတွင် ပါဝင်နေခဲ့သည်။ သူ၏နောက်တွင်တော့ ကျန်ရှိနေသော သူ၏တပည့်ငါးဦးသာမက တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအများစုလည်း ရှိနေလေသည်။

နတ်ဘုရားစိတ်ဝိညာဉ် နှင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ကျင့်ကြံခြင်းရှိနေသရွေ့ ရတနာသင်္ဘောကို ထိန်းချုပ်နိုင်ကြသည်။

ဂိုဏ်းအတွင်းသို့ ခုလေးတင်ဝင်ရောက်ထားသော တပည့်များပင်လျှင် ဝေးလံခေါင်သီသောနေရာများမှ အကြီးအကဲများ နှင့် တာအိုကလေးငယ်အိုများ၏ဦးဆောင်မှုအောက်တွင် နေ့ညမနားဖြင့် ဤနေရာသို့အပြေးအလွှားရောက်ရှိလာကြသည်။

All Chapters