အခန်း (၆၇၃-၆၇၄)
Vol. 63 Ch. 673-674
အခန်း (၆၇၃) - ပြိုင်ဘက်ကင်းအလှပိုင်ရှင် ချိုးရူယွီ၊ ဂါဝန်အောက်မှကျေးကျွန်၊ မိန်းမပျိုတို့ကို ညို့ငင်နိုင်သည့်ယောက်ျား(၅)။
ဝှမ်…။
မျက်စိတစ်မှိတ်အတွင်းမှာပင် ‘ရွှေစားကူ’သုံးထောင်၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ကျိုးစွေ့အား ရစ်ပတ်လွှမ်းခြုံသွားပြီးနောက် ကြီးမားသော ရွှေရောင်စွမ်းအင် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်လေသည်။
မရေမတွက်နိုင်သော သတ္တုများဖြင့် ဖွဲ့စည်းထားပုံရသည့် ထိုအကာအကွယ်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့ မန္တန်အက္ခရာများ လှည့်ပတ်နေပြီး မည်သည့်ပညာရပ်ကမှ ထိုးဖောက်၍မရနိုင်သော စွမ်းအားများ ပါဝင်နေသည်။
ဘန်း… ဘန်း… ဘန်း…။
ချက်ချင်းပင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ တိုက်ခိုက်မှုများသည် ထိုရွှေရောင်စွမ်းအင်အကာအကွယ်ပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာတော့၏။
သတ္တုချင်းရိုက်ခတ်သံများ ထွက်ပေါ်လာကာ ဆူညံသွားပြီး မီးပွားများလည်း လွင့်စင်သွားလေသည်။
သို့သော်ငြား ‘ရွှေစားကူ’များမှာမူ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရခြင်း မရှိချေ။
၎င်းတို့သည် လေထဲတွင် ပျံသန်းနေကာ အတောင်ပံများမှ တဝီဝီမြည်သံများ ထွက်ပေါ်နေပြီး အေးစက်စက်မျက်လုံးများဖြင့် ထိုနတ်ဆိုးများကို ကိုယ်ပိုင်အစာအဖြစ်သာ ရှုမြင်နေကြလေသည်။
"မဖြစ်နိုင်ဘူး...”
"ဒါက ဘယ်လို ထူးဆန်းတဲ့ပိုးကောင်မျိုးလဲ... ဘာလို့ ဒဏ်ရာနည်းနည်းလေးတောင် မရတာလဲ...”
အရိုးစားနတ်ဆိုးနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။
၎င်းတို့၏ အစွမ်းကုန်တိုက်ခိုက်မှုများကို ဤရွှေရောင်ပိုးကောင်များက လွယ်လွယ်ကူကူဖြင့် ကာကွယ်နိုင်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ကြချေ။
ထို့အပြင် ဤကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသောပိုးကောင်များထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကိုပင် ၎င်းတို့ ခံစားနေရသည်။
နတ်ဆိုးမျိုးနွယ်ထက်ပင် ပိုမို ကြောက်စရာကောင်းနေသေးသည်။
၎င်းတို့ရှေ့မှ ဤထူးဆန်းသော ပိုးကောင်များသည် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းအားများကို ပိုင်ဆိုင်ထားပုံရ၏။
၎င်းတို့ကိုယ်ပေါ်ရှိ ရှေးဟောင်းနတ်ဆိုးချီကိုလည်း လုံးဝမကြောက်ရွံ့ကြချေ။
"သတ်ကြစမ်း...”
ကျိုးစွေ့သည် မည်သည့်အရာကိုမျှ ရှင်းပြနေရန် အစီအစဉ်မရှိဘဲ စိတ်အာရုံဖြင့် ‘ရွှေစားကူ’အုပ်စုအား အမိန့်ပေးလိုက်လေသည်။
ရွှီး... ရွှီး... ရွှီး...။
ချက်ချင်းပင် ‘ရွှေစားကူ’သုံးထောင်သည် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ စိတ်ကူးမယဉ်နိုင်လောက်အောင် မြန်ဆန်သောအမြန်နှုန်းဖြင့် ပျံသန်းသွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုးစားနတ်ဆိုး၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားကြ၏။
ဝုန်း...။
၎င်းတို့သည် မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်သော သွားများဖြင့် တစ်ကျိုက်တည်း ကိုက်ခဲလိုက်ကြတော့သည်။ အရိုးစားနတ်ဆိုးကိုယ်ပေါ်ရှိ အရိုးများကို အလွယ်တကူ ကိုက်ချေပစ်လိုက်ကြသည်မှာ ပဲပြားကို ကိုက်စားရသကဲ့သို့ပင် လွယ်ကူနေချေသည်။
"ရပ်… ခုချက်ချင်း ရပ်လိုက်စမ်း...”
"ထွက်သွား...”
အရိုးစားနတ်ဆိုးမှာ အသည်းအေးမတတ် ကြောက်ရွံ့သွားရပြီး ပေတစ်ထောင်ကျော် ရှည်လျားသော ၎င်း၏နတ်ဆိုးခန္ဓာကိုယ်ကြီးမှ ပြင်းထန်သော နာကျင်မှုများကို ချက်ချင်းပင် ခံစားလိုက်ရ၏။
ဤကြောက်မက်ဖွယ်ကောင်းသော ပိုးကောင်များက ၎င်း၏ခန္ဓာကိုယ်ကို ကိုက်ဖြတ်စားသောက်နေသည်မှာ ဘယ်တုန်းကမှ မကြားဖူးခဲ့သောကိစ္စပင် ဖြစ်ပေသည်။
၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များကို လည်ပတ်ကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဖိအားကို ပေါက်ကွဲထွက်စေပြီး ထို‘ရွှေစားကူ’များကို လွင့်စင်သွားစေရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား လုံးဝအရာမထင်ခဲ့ချေ။
‘ရွှေစားကူ’များသည် ထိုစွမ်းအားများကို လျစ်လျူရှုကာ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ကပ်တွယ်နေပြီး အရိုးတွင်စွဲကပ်နေသော ရောဂါဆိုးတစ်ခုကဲ့သို့ ၎င်း၏ခန္ဓာကိုယ်ကို အဆက်မပြတ် ကိုက်ဖြတ်ဝါးမျိုနေကြဆဲပင်။
၎င်းသည် အစွမ်းကုန်ရုန်းကန်ခြင်း၊ အော်ဟစ်ခြင်း၊ ဟိန်းဟောက်ခြင်းနှင့် အသက်ချမ်းသာပေးရန် တောင်းပန်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း အရာအားလုံး အချည်းနှီးသာ ဖြစ်တော့သည်။
အချိန်ခဏကြာပြီးနောက်တွင်မူ အရိုးစားနတ်ဆိုးမှာ ‘ရွှေစားကူ’သုံးထောင်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အရိုးစအနည်းငယ်မျှပင် မကျန်တော့ချေ။
"ဘာ...”
များပြားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြတော့၏။
ဤမျှကြာအောင် နေထိုင်လာခဲ့သော သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော ကိစ္စမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
နတ်ဘုရားအသွင်ပြောင်း နောက်ဆုံးအဆင့်ရှိ အရိုးစားနတ်ဆိုးသည် ထူးဆန်းသော ပိုးကောင်တစ်အုပ်၏ အရှင်လတ်လတ် ဝါးမျိုစားသောက်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။
ဤကဲ့သို့သောကိစ္စမျိုးကို တစ်ခါမျှ မမြင်ဖူးသလို ဘယ်တုန်းကမှလည်း မကြားဖူးခဲ့ချေ။
ယခင်က ၎င်းတို့ကသာ အခြားသောသက်ရှိများကို ဝါးမျိုစားသောက်ခဲ့ခြင်းဖြစ်ပြီး အခြားသက်ရှိများက နတ်ဆိုးများကို ဝါးမျိုသည်အား မည်သည့်နေရာတွင် မြင်ဖူးပါမည်နည်း။
ဝီ... ဝီ... ဝီ…။
အရိုးစားနတ်ဆိုးကို အရှင်လတ်လတ် ဝါးမျိုပြီးနောက် ‘ရွှေစားကူ’သုံးထောင်သည် ချက်ချင်းခွဲထွက်သွားကြကာ ကျန်ရစ်နေသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို ပစ်မှတ်ထား၍ ပြေးဝင်သွားကြလေသည်။
"ချီးတဲ့မှ သေစမ်း...”
များပြားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများမှာ အလွန်အမင်း ကြောက်လန့်သွားကြ၏။ အရိုးစားနတ်ဆိုး၏ အဆုံးသတ်ကို မြင်တွေ့ထားပြီးဖြစ်ရာ ဤထူးဆန်းသော ပိုးကောင်များကို မည်သို့ အနားကပ်ခံရဲပါမည်နည်း။
၎င်းတို့အားလုံးသည် နတ်ဆိုးမျိုးနွယ်စု၏ မန္တန်စွမ်းရည်များကို ထုတ်ဖော်ကာ ‘ရွှေစားကူ’များ လွင့်စင်သွားစေရန် ကြိုးစားလိုက်ကြသည်။
သို့ရာတွင် မန္တန်ပညာရပ်များက ‘ရွှေစားကူ’များ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းများ၏ ကာကွယ်ခြင်းကို ခံလိုက်ရလေသည်။
‘ရွှေစားကူ’များသည် အင်မော်တယ်ကမ္ဘာ၌ ရှိစဉ်က အဘယ်ကြောင့် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့သနည်းဆိုသည်ကို သိထားသင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အရေအတွက်မှာ အလွန်များပြားပြီး သတ်ဖြတ်ရန် ခက်ခဲလွန်းသောကြောင့်ပင်။
စစ်တပ်တစ်ခုအဖြစ် စုစည်းသွားသောအခါ ၎င်းတို့၏ ကိုယ်ပေါ်တွင် ရွှေစားအကာအကွယ်အလွှာ ပေါ်ထွက်လာပြီး မည်သည့်ပညာရပ်နှင့်မျှ ထိုးဖောက်၍ မရနိုင်ချေ။
မန္တန်ပညာရပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းဖြစ်စေ အရာအားလုံးကို အပြည့်အဝ လျစ်လျူရှုထားနိုင်သည်။
၎င်းတို့၏ ရှေ့သို့ချီတက်ခြင်းကို မည်သည့်အရာကမျှ တားဆီးနိုင်စွမ်း မရှိချေ။
ကပ်ဘေးများကို နှိုင်းယှဉ်ရလျှင် ‘ရွှေစားကူ’အုပ်စုကို ယှဉ်နိုင်မည့်အရာဟူ၍ အလွန်ရှားပါးလှသည်။
ဂျွတ်… ဂျွတ်…။
နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ ‘ရွှေစားကူ’သုံးထောင်သည် တရကြမ်းပြေးဝင်သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ ခန္ဓာကိုယ်ထံသို့ ရောက်ရှိသွားကာ ရူးသွပ်စွာ ကိုက်ဖြတ်ကြတော့၏။
၎င်းတို့၏သွားများသည် အမာကျောဆုံးသော သတ္တုများကိုပင် ချောကလက်တစ်ခုကဲ့သို့ လွယ်ကူစွာ ကိုက်ချေနိုင်စွမ်း ရှိသလို၊ ၎င်းတို့၏ အစာအိမ်သည်လည်း မည်သည့်အရာကိုမဆို ဝါးမျိုနိုင်ပေသည်။
ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်အကာအကွယ်သည်လည်း တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်စွမ်း ရှိ၏။
နတ်ဆိုးများအတွက် ၎င်းတို့သည် အမှန်တကယ်ပင် မျှော်လင့်ချက်မဲ့စေသော ပြိုင်ဘက်များ ဖြစ်နေတော့သည်။
သတ်၍လည်းမသေ၊ တိုက်ခိုက်၍လည်း မဆုတ်ခွာသဖြင့် မိမိတို့၏ခန္ဓာကိုယ်အား တစ်ဖက်လူက ကိုက်ဖြတ်နေသည်ကို ငြိမ်ခံနေရုံသာ ရှိတော့သည်။
ခဏတာအတွင်းမှာပင် ကျန်ရစ်နေသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများသည် ‘ရွှေစားကူ’များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အရိုးစအနည်းငယ်မျှပင် မကျန်တော့ချေ။
"အစွမ်းထက်လှချည်လား...”
ကျိုးစွေ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့ဩချီးကျူးသွားမိသည်။
ယခင်က သူသည် ‘ရွှေစားကူ’အုပ်စုကို အသုံးပြုလေ့ အလွန်ရှားပါးခဲ့သည်။ သို့သော်ယခု အသုံးပြုလိုက်ချိန်တွင် ဤမျှလောက် ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ဖြစ်ပေါ်စေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ကျိုင်းကောင်အုပ်ကြီးကဲ့သို့ အရာအားလုံးကို ဖျက်ဆီးပြီး အရာအားလုံးကို ဝါးမျိုပစ်လေသည်။
နတ်ဆိုးစစ်တပ်ကြီးသည်ပင် ၎င်းတို့အတွက် အနည်းငယ် ပိုကြီးသော အစားအစာတစ်ခုသာ ဖြစ်နေသည်။
ဝုန်း...။
ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို ဝါးမျိုပြီးနောက်တွင် ‘ရွှေစားကူ’များ၏ ကိုယ်ပေါ်မှ အငွေ့အသက်များသည် ရုတ်တရက် မြင့်တက်လာကာ ကြီးမားသောတိုးတက်မှုကို ရရှိသွားပြီး ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော မှော်စွမ်းအင်လှိုင်းများ လျှံကျလာတော့၏။
ပဉ္စမအဆင့် အလယ်အလတ်အဆင့်။
ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများသည် ‘ရွှေစားကူ’များအတွက် အလွန်ကောင်းမွန်သော အားဖြည့်ဆေးများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုနတ်ဆိုးများ၏ သွေးသားများကို ဝါးမျိုလိုက်ခြင်းဖြင့် ‘ရွှေစားကူ’များသည် ကြီးမားသော ကြီးထွားမှုကို ရရှိသွားခဲ့ခြင်း ဖြစ်၏။
အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
၎င်းတို့၏ ခန္ဓာကိုယ်သည် နှစ်ဆခန့် ကြီးမားသွားသကဲ့သို့ ဖြစ်သွားပြီး ကိုယ်ပေါ်တွင် ရွှေဓာတ်မန္တန်အက္ခရာများ ပိုမိုထွက်ပေါ်လာကာ သိပ်သည်းထူးဆန်းလှသည့် သတ္တုမျဉ်းကြောင်းများလည်း ပေါ်လွင်လာသည်။ ကိုယ်ပေါ်ရှိ လက်သည်းများ၊ အစွယ်များသည်လည်း ပိုမိုထက်မြလာပြီး ပြင်းထန်သော ရွှေဓာတ်ချီများ လွှမ်းခြုံလာတော့၏။
အဝေးမှ ကြည့်လိုက်လျှင် ၎င်းတို့သည် အသန့်စင်ဆုံးသော သတ်ဖြတ်ခြင်းယန္တရားများသဖွယ် ဖြစ်နေပြီး အရာအားလုံးကို ဝါးမျိုကာ အရာအားလုံးကို ကိုက်ဖြတ်နေကြလေသည်။
"ကိစ္စတော့ပြတ်ပြီဟေ့…. ခေါင်းဆောင်တွေအားလုံး သေကုန်ကြပြီ...”
"ဒီရွှမ်ဟွမ်ဘိုးဘေးက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ… အဲဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် ခေါင်းဆောင်ရာချီပြီး ရှိနေတာလေ...”
"ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်းလေးမှာ အကုန်လုံး အသတ်ခံလိုက်ရတာလဲ...”
"ဒါက ဘယ်လို ထူးဆန်းတဲ့ပိုးကောင်မျိုးလဲ… ဘာလို့ ငါတို့ နတ်ဆိုးမျိုးနွယ်ထက်တောင် ပိုကြောက်စရာကောင်းနေရတာလဲ...”
"ပြေးကြ၊ မြန်မြန် ထွက်ပြေးကြ… ငါတို့က ဒီလူသားကျင့်ကြံသူရဲ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး… ဆက်နေရင် သေချာပေါက် သေရလိမ့်မယ်...”
"ဒါက အထက်ဘုံက အင်မော်တယ်ပဲ… သာမန်လူသားကျင့်ကြံသူတွေနဲ့ လုံးဝယှဉ်လို့မရဘူး...”
"မြေအောက်နတ်ဆိုးလိုဏ်ဂူကို ချက်ချင်း ပြန်ကြစို့… နောက်ထပ် ဘယ်တော့မှ ထွက်မလာတော့ဘူး...”
များပြားလှသော နတ်ဆိုးများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး ကျောရိုးစိမ့်သည်အထိ ကြောက်ရွံ့သွားကြတော့၏။
မိမိတို့၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ခေါင်းဆောင်များမှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်း ကိုက်ဖြတ်ခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့ရလေသည်။
ဤကဲ့သို့ဖြင့် ပြောင်စင်သွားသည်အထိ ဝါးမျိုခံလိုက်ရပြီး အကြွင်းအကျန် အနည်းငယ်မျှပင် မကျန်ခဲ့ချေ။
ရိုးရိုးသားသားဆိုရလျှင် ၎င်းတို့သည် ဤမျှ ရက်စက်ကြမ်းကြုတ်သော သက်ရှိမျိုးကို မည်သည့်နေရာတွင် မြင်ဖူးပါမည်နည်း။
ယခင်က ၎င်းတို့သာ ရန်သူများကို ကိုက်ဖြတ်ပြီး ရန်သူများ၏ ခန္ဓာကိုယ်ကို အရှင်လတ်လတ် စားသောက်ခဲ့ကြခြင်း ဖြစ်ပေသည်။
ယခု ၎င်းတို့အလှည့်ရောက်လာသည်မှာ အမှန်တကယ်ပင် ယုတ္တိမရှိလွန်းလှချေ။
ကမ္ဘာလောကတွင် နတ်ဆိုးမျိုးနွယ်ထက် အဆတစ်ရာ ပိုမိုရက်စက်ကြမ်းကြုတ်သော မျိုးနွယ်စုတစ်ခု ရှိနေလိမ့်မည်ဟု မည်သို့ ထင်မှတ်ထားပါမည်နည်း။
၎င်းတို့သည် ဤကဲ့သို့သော ကိစ္စမျိုးကို မယုံကြည်သော်လည်း ‘ရွှေစားကူ’အုပ်စု ထွက်ပေါ်လာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး မဟုတ်ပါလော။
ဆက်နေမည်ဆိုပါက သေချာပေါက် သေလမ်းသာ ရှိရပေတော့မည်။
ထို့ကြောင့် ကျန်ရစ်နေသော နတ်ဆိုးစစ်တပ်ကြီးသည် လုံးဝ ပြိုကွဲသွားခဲ့ပြီး အမည်းရောင်ဒီရေလုံးကြီးကဲ့သို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့၏။
ဟယ်ဟွမ်းဂိုဏ်းအား ဝိုင်းဝန်းတိုက်ခိုက်ရန် ထပ်မံ၍ မဝံ့ရဲကြတော့ချေ။
သို့ရာတွင် ကျိုးစွေ့အနေဖြင့် ဤနတ်ဆိုးများကို ထွက်ပြေးလွတ်မြောက်ခွင့်ပေးရန်မှာ သဘာဝကျကျ မဖြစ်နိုင်ချေ။
"သွားကြစမ်း...”
"ဒီနတ်ဆိုးတွေကို ဝါးမျိုလိုက်ကြ...”
ကျိုးစွေ့သည် အဝေးမှ ဖရိုဖရဲပြေးလွှားနေသော နတ်ဆိုးများကို ကြည့်လိုက်၏။ အကယ်၍ သူကိုယ်တိုင် တိုက်ခိုက်မည်ဆိုပါက မှော်စွမ်းအင်များစွာ ကုန်ဆုံးသွားမည်မှာ သေချာပေသည်။
သို့သော် ‘ရွှေစားကူ’များကို အသုံးပြုမည်ဆိုပါက အများကြီး ပိုမိုလွယ်ကူသွားပေမည်။
‘ရွှေစားကူ’တစ်ကောင်ချင်းစီ၏ အစာစားချင်စိတ်မှာ အလွန်ကြီးမားလှသဖြင့် ဤနတ်ဆိုးများကို ပြောင်စင်သွားသည်အထိ အပြည့်အဝ ဝါးမျိုနိုင်စွမ်းရှိသည်။
ထို့အပြင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ မရှိတော့ချိန်တွင် ကျန်ရစ်နေသော နတ်ဆိုးများသည် လုံးဝ အရေးမပါတော့ချေ။
ဝုန်း… ဝုန်း… ဝုန်း…။
ချက်ချင်းပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ‘ရွှေစားကူ’သုံးထောင်သည် နေရာအသီးသီးသို့ ခွဲထွက်ပျံသန်းသွားကြပြီး ကျန်ရစ်နေသော နတ်ဆိုးများထံသို့ ပြေးဝင်သတ်ဖြတ်ကြတော့၏။
လေထဲတွင် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာကာ လှပသောမျဉ်းကွေးများအဖြစ် ဖြတ်သန်းသွားကြလေသည်။
နှစ်နာရီကြာပြီးနောက်…။
မိုင်တစ်သိန်းပတ်လည်အတွင်းရှိ နတ်ဆိုးစစ်တပ်ကြီးတစ်ခုလုံး ဝါးမျိုခံလိုက်ရပြီး မြေပြင်ပေါ်တွင် များပြားလှသော နတ်ဆိုးများ၏ အကြွင်းအကျန်များသာ ကျန်ရစ်ခဲ့တော့၏။
နတ်ဆိုးအနည်းငယ်သည်သာ ‘ရွှေစားကူ’များ၏လက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တော့သည်။
အခန်း (၆၇၄) - ရွှေအိမ်တော်တွင် အလှကညာကို ဝှက်ထားခြင်း၊ တစ်သားတည်း ပေါင်းစည်းခြင်းနှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း(၁)။
ခပ်လှမ်းလှမ်းရှိ ဟယ်ဟွမ်းဂိုဏ်း၌…။
ဟယ်ဟွမ်းဂိုဏ်းမှ တပည့်များစွာသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး သူတို့တစ်ဦးချင်းစီတိုင်းမှာ အံ့အားသင့်ကာ မယုံကြည်နိုင် ဖြစ်နေကြ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒီလိုလွယ်လွယ်လေးနဲ့တင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအုပ်စုကြီးကို သုတ်သင်လိုက်တာလား...”
"ဒါက အရမ်းမြန်လွန်းတယ်...”
ဟယ်ဟွမ်းဂိုဏ်းမှ အကြီးအကဲတစ်ဦးမှာ မှင်သက်သွားလေသည်။
အမှန်တကယ်တွင် နှစ်ဖက်အကြား စွမ်းအားကွာဟချက် ကြီးမားလွန်းလှသောကြောင့် ဤတိုက်ပွဲ၏ ရလဒ်အပေါ် သူမအနေဖြင့် များစွာ အကောင်းမြင်မထားခဲ့ပေ။
သူတို့သည် တူညီသော အဆင့်အတန်း၌ ရှိမနေခဲ့သည်မှာ အသေအချာပင်။
ဟယ်ဟွမ်းဂိုဏ်းအား သတ္တမအဆင့်အစီအရင်၏ စွမ်းအားကို အားကိုး၍ ကာကွယ်ခြင်းနှင့် နတ်ဆိုးမျိုးနွယ်များ၏ တိုက်ခိုက်မှုများကို ခက်ခဲစွာ ခုခံနိုင်ခြင်းကပင် အတော်လေး ချီးကျူးထိုက်လှပြီဟု ဆိုရပေမည်။
ယခုကဲ့သို့ နတ်ဆိုးမျိုးနွယ်များအား ကြိုတင်ဦးနှိမ်ကာ တိုက်ခိုက်ခြင်းမှာမူ သက်သက် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ချေသည်။
သို့ရာတွင် ယခုအခါ ဤစီနီယာကျိုးသည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာပြီး သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်ပင် မိစ္ဆာစစ်တပ်ကြီးအား ချေမှုန်းပစ်ခဲ့လေပြီ။
ဤသည်မှာ အံ့ချီးဖွယ်ရာပင် ဖြစ်ပေ၏။
မည်သူကမျှ ဤသို့သောကိစ္စမျိုး ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။ အမှန်တကယ်ပင် ယုတ္တိတန်မှုအားလုံးထက် ကျော်လွန်နေချေ၏။
ရှေးခေတ်ကာလမှ နတ်ဘုရားအသွင်ပြောင်း ဂုဏ်သရေရှိအရှင်သခင်တစ်ပါးပင်လျှင် ယှဉ်နိုင်မည် မဟုတ်ပေ။
"စီနီယာကျိုးက တကယ်ကို အစွမ်းထက်လွန်းတယ်...”
"ဒါကြောင့် စီနီယာကျိုးက တစ်ယောက်တည်း လာကယ်ဖို့ ရဲတင်းနေတာကိုး… တကယ်ကို စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေတာပဲ...”
"သူက ကိုယ်ပိုင်စွမ်းအားနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအကောင်တစ်ရာကို အနိုင်ယူလိုက်တာပဲ… ဒါက သမိုင်းဝင်ပြီး ဒဏ္ဍာရီဆန်တဲ့ လုပ်ရပ်တစ်ခုပဲ...”
"စီနီယာကျိုးက ဂိုဏ်းချုပ်ရဲ့ မျက်စိကျခြင်းကို ခံထားရလို့ နှမြောစရာပဲ… မဟုတ်ရင် ဒီကကျွန်မက သူ့ရဲ့ကျွန် ဒါမှမဟုတ် အစေခံအဖြစ်တောင် နေလိုက်ချင်သေးတယ်...”
"အိပ်မက်မက်မနေစမ်းပါနဲ့… စီနီယာကျိုးက နင့်လို အရေးမပါတဲ့သူကို ဘယ်လိုသွားပြီး သတိထားမိမှာလဲ...”
"ဟီးဟီး... စီနီယာက ကျွန်မကို ကိုယ်လုပ်တော်အဖြစ် လက်မခံချင်ရင်တောင် တစ်ညတာပျော်ရွှင်ခွင့်ရရင် ဒီကကျွန်မအတွက် လုံလောက်နေပါပြီ...”
"နင်က စီနီယာကျိုးနဲ့ အိပ်ဖို့တောင် တွေးနေသေးတယ်… နင်တကယ်ကို အရှက်မရှိတာပဲ...”
"နင်ပြောတာ မှန်တယ်… စီနီယာလို ပြန်ဝင်စားလာတဲ့ အင်မော်တယ်တစ်ပါးကို ငါတို့ ထိဖို့တောင် မလွယ်လောက်ဘူး...”
ဟယ်ဟွမ်းဂိုဏ်းမှ များပြားလှသော အမျိုးသမီးကျင့်ကြံသူများသည် ပွက်လောညံအောင်ပင် တွတ်ထိုးနေကြတော့သည်။
သူတို့သည် ကျိုးစွေ့အား မြှူဆွယ်လိုသော မျက်ဝန်းများဖြင့် ငေးကြည့်နေကြပြီး နွေဦးကာလမှ မိန်းမပျိုလေးများ၏ ရှက်သွေးဖြာနေသော အမူအရာများကို ရှင်းလင်းစွာ ပြသနေကြလေသည်။
ကျင့်ကြံခြင်းလောကတွင် အမျိုးသမီးကျင့်ကြံသူများသည် စွမ်းအားကို လေးစားတန်ဖိုးထားကြသည်မှာ အမှန်ပင် ဖြစ်၏။
အထူးသဖြင့် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးများဆိုလျှင် စွမ်းအားကြီးမားသော အမျိုးသားကျင့်ကြံသူများကို ပို၍ပင် တောင့်တတတ်ကြပေသည်။
ကံမကောင်းစွာဖြင့် သူတို့ မည်မျှပင် ညို့ငင်မြှူဆွယ်ကာ ဟန်ရေးပြနေစေကာမူ စီနီယာကျိုး၏ အာရုံစိုက်မှုကိုမူ မရရှိနိုင်ခဲ့ချေ။
"အရမ်းစွမ်းလွန်းတယ်...”
"ဒါတွေက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေရော ဟုတ်သေးရဲ့လား...”
ချိုးရူယွီသည်လည်း သူမ၏ မျက်ဝန်းလှလှလေးများ ပြူးကျယ်သွားကာ အလွန်အမင်း ထိတ်လန့်သွားလေသည်။
သူမကိုယ်တိုင်က နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၌ မည်သို့သော စွမ်းရည်များ အမှန်တကယ်ရှိသည်ကို သဘာဝကျကျ နားလည်ထား၏။
သာမန် လူသားနတ်ဘုရားအသွင်ပြောင်း အရှင်သခင်များအတွက် အဆင့်တူ နတ်ဘုရားအသွင်ပြောင်း နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ရခြင်းကပင် အလွန်အမင်း ခက်ခဲလှသည်။
အဆင့်ကျော်လွန်ကာ ပြိုင်ဘက်ပေါင်းများစွာကို ရင်ဆိုင်ခြင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူမရှေ့ရှိ အမျိုးသားမှာ လူသားကျင့်ကြံသူများအကြား နှစ်ပေါင်းသောင်းချီကာလအတွင်း ပထမဆုံးသော ထူးဆန်းသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်ဟုသာ ဆိုရပေမည်။
ကျင့်ကြံခြင်းလောက၏ နှစ်ပေါင်းတစ်သန်းကျော် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင်ပင် သူသည် ပြိုင်စံရှားသော တည်ရှိမှုတစ်ခု ဖြစ်သည်။
သို့သော် စဉ်းစားကြည့်လျှင် လွန်ခဲ့သောကာလများ၌ ဤအမျိုးသားသည် ဝိညာဉ်သန္ဓေသားအဆင့်တွင်သာ ရှိနေသေးစဉ်ကပင် နတ်ဘုရားအသွင်ပြောင်း နတ်ဆိုးများကို သတ်ဖြတ်နိုင်ခဲ့၏။
ယင်းကပင် အံ့မခန်း အောင်မြင်မှုတစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
ယခုကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပျက်လာခြင်းက နားလည်ရန် များစွာမခက်ခဲတော့သကဲ့သို့ပင်။
အကယ်၍ သူမသည်သာ ဤသို့သောအမျိုးသားနှင့် ပေါင်းဖက်၍ ကလေးများ မွေးဖွားနိုင်မည်ဆိုလျှင် မည်သို့သော ပါရမီရှင်များကို မွေးထုတ်ပေးနိုင်မည်ကို မည်သူက သိနိုင်ပါမည်နည်း။
ထိုသို့တွေးမိစဉ် သူမ၏ လှပသော မျက်နှာထက်၌ မရည်ရွယ်ဘဲ ရှက်သွေးများ ဖြာကျသွားကာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပသွားလေတော့သည်။
......
ရွှီး... ရွှီး... ရွှီး...။
မကြာမီမှာပင် 'ရွှေစားကူ'သုံးထောင်လုံး ပြန်လည်ပျံသန်းလာကြ၏။
သူတို့၏ ခန္ဓာကိုယ်များသည်လည်း အလျင်အမြန် ကျုံ့ဝင်သွားကာ ဆန်စေ့အရွယ်အစားခန့်သို့ ပြောင်းလဲသွားကြသည်။
ထို့နောက် ၎င်းတို့အားလုံးသည် ‘မိခင်ရွှေစားကူ’၏ အနီးသို့ ပြန်လည်ရောက်ရှိသွားကြ၏။
ဤ 'ရွှေစားကူ'များသည် ‘မိခင်ရွှေစားကူ’ထံမှ မွေးဖွားလာခြင်းဖြစ်သောကြောင့် ၎င်း၏ မျိုးဆက်များဟု ယူဆနိုင်ပေသည်။
သို့တည်းမဟုတ် ကိုယ်ပွားများဟုလည်း ခေါ်ဆိုနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤ 'ရွှေစားကူ' များတွင် ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေး မရှိကြဘဲ ပင်ကိုယ်အသိစိတ်ဖြင့်သာ ရှင်သန်ကြကာ ‘မိခင်ရွှေစားကူ’ ၏ အမိန့်များကိုသာ လိုက်နာကြခြင်း ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း ဤ 'ရွှေစားကူ' များအားလုံးသည် ‘မိခင်ရွှေစားကူ’ ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ‘မိခင်ရွှေစားကူ’ ၏ အတွင်းပိုင်းတွင် အမှန်တကယ်ပင် ကျယ်ဝန်းလှသော ပိုးကောင်အသိုက်ကြီးတစ်ခု ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်ထဲတွင် သီးသန့်နေရာလွတ်တစ်ခု ပါဝင်နေသောကြောင့်ပင် ဖြစ်၏။
မွေးဖွားလာသော 'ရွှေစားကူ' များသည် ထိုအထဲတွင် အလျင်အမြန် ကြီးထွားလာကြမည် သို့မဟုတ် အနားယူကာ မျိုးဆက်ပွားနိုင်မည် ဖြစ်ပေသည်။
“မဆိုးဘူးပဲ…”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့မှာ အတော်လေး ကျေနပ်သွားသည်။
လက်ရှိ 'ရွှေစားကူ' အုပ်စုမှာ အင်မော်တယ်လောကမှ ကပ်ဘေးတစ်ခု၏ အစွမ်းသတ္တိ အရိပ်အယောင်ကို စတင်ပြသနေပြီ ဖြစ်၏။
အလွန်အမင်း အစွမ်းထက်ပြီး အရေအတွက် များပြားလှသော နတ်ဆိုးစစ်တပ်ကြီးပင်လျှင် 'ရွှေစားကူ' အုပ်စုနှင့် နှိုင်းယှဉ်ပါက များစွာ လိုအပ်နေသေးသည်။
ယခုအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် 'ရွှေစားကူ' သုံးထောင်ကိုသာ မွေးမြူထားနိုင်သေး၏။
အကယ်၍ အရေအတွက်မှာ တစ်သောင်း၊ သို့မဟုတ် တစ်သိန်းအထိ ရောက်ရှိလာပါက ၎င်းတို့သည် ပြိုင်ဘက်ကင်းသော အင်အားတစ်ရပ် ဖြစ်လာပေလိမ့်မည်။
“ဒါပေမဲ့ ဒီလောက်များပြားတဲ့ ရွှေစားကူတွေကို ထိန်းသိမ်းရတာက ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး…”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။
မှန်ပေသည်၊ ယခုအချိန်အထိ 'ရွှေစားကူ' သုံးထောင်ကိုသာ မွေးမြူထားနိုင်ရခြင်း၏ အကြောင်းရင်းမှာ လက်ရှိ ကျင့်ကြံခြင်းလောက၏ အရင်းအမြစ်များအရ ထိုမျှကိုသာ ထိန်းသိမ်းထားနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ 'ရွှေစားကူ' များကို အလွန်အကျွံ မွေးမြူထားပါက ရွှမ်ဟွမ်လောက၏ သတ္တုကြောများအားလုံးကို ၎င်းတို့အား စားသုံးစေလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
တစ်ကမ္ဘာလုံး သူတို့ကြောင့် ပြိုကျပျက်စီးသွားစေရန် အလိုရှိမည် မဟုတ်သည်မှာ အသေအချာပင်။
ထို့ကြောင့် အစာပမာဏသည် 'ရွှေစားကူ' များ၏ အရေအတွက်ကို ကန့်သတ်ထားလေသည်။
“ဟုတ်သားပဲ… ရွှေစားကူတွေရဲ့ အစာက သတ္တုအမျိုးမျိုးသက်သက်မှ မဟုတ်တာ…”
“အမှန်တော့ တချို့ထူးခြားတဲ့ အပင်တွေကိုလည်း သူတို့ စားနိုင်တာပဲ…”
“အခြေခံအားဖြင့် သူတို့က အကုန်စားသတ္တဝါတွေပဲ…”
“ချင်းမုဝါးလို့ ခေါ်တဲ့ ထူးခြားတဲ့ အပင်တစ်မျိုး ရှိတယ်…"
“ဒီအပင်က ရွှေသတ္တုဓာတ်ပါဝင်ပြီး များပြားလှတဲ့ သတ္တုချီတွေ ပြည့်ဝနေတယ်…”
“ဒါ့အပြင် အင်မတန် အမြန်ကြီးထွားပြီး ဝါးတောကြီးတစ်ခုအဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲသွားနိုင်တယ်…”
“အကယ်လို့ ချင်းမုဝါးကို အကြီးအကျယ် စိုက်ပျိုးနိုင်မယ်ဆိုရင် ရွှေစားကူတွေရဲ့ နေ့စဉ် အစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်…”
“အရေးအကြီးဆုံးက ချင်းမုဝါးဟာ အဆက်မပြတ် ပြန်လည်ပေါက်ဖွားနိုင်စွမ်း ရှိတယ်…”
“ရွှေစားကူတွေကြောင့် ကမ္ဘာကြီးတစ်ခုလုံးရဲ့ အရင်းအမြစ်တွေ ကုန်ခမ်းသွားမှာကို သေချာပေါက် စိုးရိမ်စရာ မလိုတော့ဘူး…”
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
ရွှမ်ဟွမ်လောကတွင် ချင်းမုဝါးများကို အမြောက်အမြား စိုက်ပျိုးခြင်းမှာ အလွန်ရိုးရှင်းသော ကိစ္စတစ်ခုဟု သူ ခံစားလိုက်ရ၏။
မည်သို့ပင်ဆိုစေကာမူ ဤနေရာရှိ 'ဆေးဝါးကူ' ၏ စွမ်းအားဖြင့် အပင်များ စိုက်ပျိုးရခြင်းမှာ ကလေးကစားသကဲ့သို့ပင် လွယ်ကူလှသည်။
စိုက်ပျိုးမှု အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် 'ရွှေစားကူ' များကို အမြောက်အမြား မွေးမြူနိုင်လာမည် ဖြစ်၏။
ဤသည်မှာ သူ၏လက်အောက်၌ ကြီးမားလှသော 'ရွှေစားကူ' စစ်တပ်ကြီးတစ်ခု ရှိနေသည်နှင့် အတူတူပင်ဖြစ်ကာ အမှန်တကယ်ကို ပြိုင်ဘက်ကင်းပေမည်။
“ဒါပေမဲ့ ဒီနတ်ဆိုးအုပ်ကြီးကို သုတ်သင်လိုက်နိုင်ရင်တောင် အကျပ်အတည်းက နည်းနည်းလေးမှ လျော့ပါးသွားပုံမရဘူး…”
“အများဆုံး မဆိုစလောက်လေးပဲ လျော့သွားတာ…”
“နတ်ဆိုးမျိုးနွယ်မှာ တကယ်ပဲ ပိုကြီးမားတဲ့ စွမ်းအားတွေ ရှိနေသေးတာများလား…”
ကျိုးစွေ့၏ စိတ်အတွင်း၌ လှုပ်ခတ်သွားလေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကပ်ဘေးအငွေ့အသက်မှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ယခင်အတိုင်း ထူထပ်နေဆဲဖြစ်ကာ ခေါင်းပေါ်၌ အုပ်မိုးနေသော တိမ်မည်းကြီးများကဲ့သို့ ရှိနေကြောင်း သူ ခံစားလိုက်ရ၏။
ဆိုလိုသည်မှာ ယခု သူသည် ဤနတ်ဆိုးစစ်တပ်ကြီးကို ချေမှုန်းကာ ဟယ်ဟွမ်းဂိုဏ်းအား ဤအကျပ်အတည်းမှ ဖြေရှင်းပေးနိုင်ခဲ့လျှင်ပင် သူ့အပေါ် ကျရောက်နေသည့် ကပ်ဘေးကြီး ပျောက်ကွယ်သွားပြီဟု မဆိုလိုပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် ပြင်းထန်လာခဲ့သေး၏။
ကပ်ဘေးအငွေ့အသက်ပင်လျှင် ပို၍ ထူထပ်လာခဲ့သည်။
“ဟုတ်သားပဲ… နတ်ဆိုးမျိုးနွယ်ထဲမှာ အနည်းဆုံး နတ်ဘုရားအသွင်ပြောင်း နတ်ဆိုးသုံးထောင်လောက် ရှိတာ…”
“အခု အကောင်တစ်ရာကို သတ်လိုက်နိုင်ရင်တောင် အနည်းဆုံး နှစ်ထောင့်ကိုးရာလောက် ကျန်နေဦးမှာပဲ…”
“ကျန်ရှိနေတဲ့ အင်အားက အင်မတန်မှ ကြီးမားနေသေးတယ်…”
“အကယ်၍ သူတို့က ရွှမ်ဟွမ်ဂိုဏ်းကို ပစ်မှတ်ထားပြီး စုပေါင်းတိုက်ခိုက်လာမယ်ဆိုရင်တော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု သေချာပေါက် ဖြစ်လာနိုင်တယ်…”
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြန်သည်။
သူသည် နတ်ဆိုးမျိုးနွယ်၏ မှန်းဆ၍မရနိုင်သော စွမ်းအားကို ခံစားမိနေ၏။
ရှေးခေတ်ကာလများအတွင်း လူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်တို့သည် နတ်ဆိုးမျိုးနွယ်၏ အဆင့်ဆင့် အနိုင်ယူခြင်းကို ခံခဲ့ရကာ ပြန်လည်ခုခံရန် အင်အားပင် မရှိလုနီးပါး ဖြစ်ခဲ့ရသည်မှာ မဆန်းတော့ပေ။
နတ်ဆိုးမျိုးနွယ်၏ စွမ်းအားမှာ အမှန်တကယ်ပင် အံ့မခန်း ထိတ်လန့်ဖွယ်ကောင်းလှသည်ဟုသာ ဆိုရပေမည်။
ဤမျိုးနွယ်အား အပြီးတိုင် ရှင်းလင်းဖျက်ဆီးပစ်ရန်မှာ ထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ပေ။
“မဟုတ်ဘူး… ဒါမမှန်သေးဘူး…”
“နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးသုံးထောင်အပြင် တခြားနည်းလမ်းတွေလည်း ရှိရမယ်…”
“ကံမကောင်းတာက ကံကြမ္မာကူက အနာဂတ်မြင်ကွင်းတချို့ကိုပဲ ကြိုတင်ခန့်မှန်းနိုင်တာပဲ…”
“ဒါပေမဲ့ အနာဂတ်ရဲ့ အသေးစိတ်အချက်အလက် အပြည့်အစုံကိုတော့ နားမလည်နိုင်ဘူး…”
“ထားလိုက်ပါတော့… စစ်သည်လာရင် စစ်သူကြီးက ရင်ဆိုင်ပြီး ရေလာရင် မြေကြီးနဲ့ တားဆီးရုံပဲ ရှိတာပေါ့လေ…”
“နတ်ဆိုးမျိုးနွယ်တွေ လှုပ်ရှားလာတဲ့အခါကျရင် သူတို့ရဲ့ နည်းလမ်းတွေကို သေချာပေါက် သိလာရမှာပဲ…”
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည်လည်း တည်ငြိမ်သွားလေသည်။
နတ်ဆိုးမျိုးနွယ်မှ မည်သည့်အစီအမံများကိုပင် ချမှတ်လာစေကာမူ သူသည် များသောအားဖြင့် အနိုင်ယူ၍မရနိုင်သော အခြေအနေတွင် ရှိနေသည်ဟု သူ ခံစားလိုက်ရ၏။
ထို့အပြင် မြေအောက်နတ်ဆိုးဂူများဆီသို့ သွားရောက်တိုက်ခိုက်ရန်လည်း သူ ရည်ရွယ်မထားပေ။
သူသည်သည် မြေအောက်နတ်ဆိုးဂူများအတွင်းသို့ နက်ရှိုင်းစွာ မဝင်ရောက်သရွေ့ နတ်ဆိုးမျိုးနွယ်တွင် ပရိယာယ်များစွာ ရှိနေလျှင်ပင် သူ့ကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်ချေ။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အနီးတွင် နေရာယူထားခြင်းဖြင့် သူသည် ရှုံးနိမ့်ခြင်းမရှိနိုင်သော အနေအထား၌ ရှိနေနှင့်ပြီး ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် အလွန်အမင်း မြန်ဆန်လှပြီး ထိုနတ်ဆိုးများထက်ပင် ပိုမိုမြန်ဆန်နေခြင်း ဖြစ်၏။
သူသာ နတ်ဘုရားအသွင်ပြောင်းအလယ်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းနှောင်းပိုင်းအဆင့် သို့မဟုတ် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ပင် တက်လှမ်းသွားနိုင်မည့်အချိန်တွင် သူ၏စွမ်းအားကို အားကိုး၍ ၎င်းတို့အား အပြည့်အဝ အနိုင်ယူနိုင်ကာ နတ်ဆိုးမျိုးနွယ်ကို အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် အချိန်သည် သူ့ဘက်၌ ရှိနေပေသည်။