← Chapters

အခန်း (၆၇၅-၆၇၆)

Vol. 63 Ch. 675-676

အခန်း (၆၇၅-၆၇၆)

Vol. 63 Ch. 675-676

အခန်း (၆၇၅) - ရွှေအိမ်တော်တွင် အလှကညာကို ဝှက်ထားခြင်း၊ တစ်သားတည်း ပေါင်းစည်းခြင်းနှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း(၂)။

ရွှစ်...။

ကျိုးစွေ့သည် များများစားစား တွေးတောမနေတော့ဘဲ ‘မိခင်ရွှေစားကူ’ ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဟယ်ဟွမ်းဂိုဏ်းသို့ ပြန်လာခဲ့လေသည်။

"စီနီယာက ကိုယ်တိုင်ဝင်ပါပြီး ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်...”

ဟယ်ဟွမ်းဂိုဏ်းမှ မြောက်မြားစွာသော အမျိုးသမီးတပည့်များသည် ကျိုးစွေ့ ပြန်လာသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏ မျက်ဝန်းများမှာ ချက်ချင်းပင် လင်းလက်သွားကြ၏။

သူတို့တစ်ဦးချင်းစီတိုင်းမှာ အလွန်အမင်း ပါးနပ်လိမ္မာလှသည်။

ကျိုးစွေ့ ရှိမနေစဉ်အတွင်း ၎င်းတို့သည် ကိုယ်စီလှပစွာ ပြင်ဆင်ထားကြပြီး အလှအပကို အထင်းသားဖော်ပြနေသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။

မြှူဆွယ်လိုသော ကိုယ်ဟန်အနေအထားများကိုလည်း ပြသနေကြသေးသည်။

ပန်းတစ်ရာ ပွင့်လန်းနေကာ အလှချင်းပြိုင်နေသည့်အလားပင်။

၎င်းတို့၏ အမူအရာများမှာ အသက်ကယ်တင်ပေးခဲ့သည့် ကျေးဇူးကို ဆပ်ရန်အတွက် သူတို့ကိုယ်သူတို့ ပေးဆပ်ရန် ပြင်ဆင်ထားသည့်ပုံ ပေါက်နေချေသည်။

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတိုင်းမှာ မည်မျှ ရဲတင်းပြီး ပြင်းပြသောဆန္ဒ ရှိကြသည်ကို ဤသည်ကပင် ပြသနေသည်။

"အဟမ်း... ယဉ်ကျေးနေစရာ မလိုပါဘူး...”

"ငါတို့အားလုံးက လူသားမျိုးနွယ်ဝင်တွေပဲလေ… အချင်းချင်း ကူညီဖေးမကြတာက မှန်ကန်ပြီး သင့်တော်တဲ့ကိစ္စပါ...”

"ဒါက လုပ်သင့်လုပ်ထိုက်တာပါပဲ...”

ကျိုးစွေ့သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး သီလပြည့်စုံသော လူကြီးလူကောင်းတစ်ဦး၏ ပုံစံမျိုးကို ဖော်ပြလိုက်၏။

လေးစားထိုက်သော စီနီယာတစ်ဦး၊ ယဉ်ကျေးပျူငှာသော လူကြီးလူကောင်းတစ်ဦးအနေဖြင့် သူသည် လူ့အဝတ်အစားဝတ်ထားသည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မိမိကိုယ်ကို မပြသနိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်နေခဲ့၏။

သို့မဟုတ်လျှင် ဤဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးတပည့်များထံ အမှန်တကယ်ပင် အရှုံးပေးလိုက်ရဖွယ် ရှိချေသည်။

"မဟုတ်ရပါဘူးရှင်… စီနီယာ့အတွက် သေးငယ်တဲ့ အားထုတ်မှုတစ်ခုဆိုပေမဲ့ ကျွန်မတို့အတွက်တော့ အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးပါ… ဒီလိုကျေးဇူးမျိုးကို ပြန်ဆပ်ဖို့ ကျွန်မတို့မှာ အခြားဘယ်လိုနည်းလမ်းမှ မရှိပါဘူး...”

"ဟုတ်ပါတယ်ရှင်… ကျွန်မတို့အားလုံးက ထူးခြားတဲ့စွမ်းရည် ဘာမှမရှိတဲ့ ဟယ်ဟွမ်းဂိုဏ်းရဲ့ အမျိုးသမီးကျင့်ကြံသူတွေပါ… ကျွန်မတို့ရဲ့ ရုပ်ရည်လေးတွေကလွဲရင် ကျန်တာက အရေးပါလှတာ မဟုတ်ပါဘူး… အကယ်၍ စီနီယာသာ သဘောတူမယ်ဆိုရင် ကျွန်မတို့အားလုံး စီနီယာ့ရဲ့ ကိုယ်လုပ်တော်တွေအဖြစ် တစ်သက်လုံး ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိပါတယ်ရှင်...”

"စီနီယာသာ ကျွန်မနဲ့အတူ ညတစ်ညကို ဖြတ်သန်းပြီး ယင်နဲ့ယန် သဘောတရားတွေကို လေ့လာဖို့ ဆန္ဒရှိမယ်ဆိုရင် ဒါကလည်း ကျွန်မတို့ရဲ့ ကံကောင်းမှုတစ်ခုလို့ မှတ်ယူရမှာပါ...”

ဟယ်ဟွမ်းဂိုဏ်းမှ များပြားလှသော အမျိုးသမီးကျင့်ကြံသူများသည် သူတို့၏ လှပသောမျက်ဝန်းများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ မည်သည့်ဟန်ဆောင်မှုမျှ မရှိသည့်အလား ကျိုးစွေ့အား စိတ်အားထက်သန်စွာ ငေးကြည့်နေကြတော့သည်။

သူတို့တစ်ဦးချင်းစီမှာ ဆာလောင်မွတ်သိပ်နေသော ကျားရိုင်းတစ်ကောင်နှင့် တူနေကြ၏။

သူသည် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးတပည့်များ၏ နွေးထွေးစွာ ကြိုဆိုမှုကို ရရှိနေသည်မှာ ထင်ရှားလှသည်။

မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် သူသည် ဟယ်ဟွမ်းဂိုဏ်းရှိ အမျိုးသမီးကျင့်ကြံသူများအားလုံး၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ရာ ဤသည်မှာ အသက်ကယ်ကျေးဇူးကြီးပင် ဖြစ်ပေသည်။

သူတို့၏ ကျေးဇူးတင်ရှိမှုက မည်မျှနက်ရှိုင်းမည်ကို မှန်းဆကြည့်၍ ရနိုင်သည်။

ထိုမျှမက အရေးအကြီးဆုံးမှာ ကျိုးစွေ့ ပြသခဲ့သည့် ကြီးမားလှသော စွမ်းအားကြီးက သူတို့၏ နှလုံးသားများကို လှုပ်ခတ်သွားစေခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူတို့သာ ဤသို့သော အမျိုးသားတစ်ဦး၏ ကာကွယ်မှုကို ရရှိနိုင်မည်ဆိုပါက ဤကသောင်းကနင်း ကပ်ဘေးကာလများအတွင်း ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပါလော။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော နတ်ဆိုးကပ်ဘေးမျိုးက နောက်ထပ် ဘယ်နှစ်ကြိမ်တိုင် ဖြစ်ပေါ်လာဦးမည်ကို မည်သူကမျှ မသိနိုင်သောကြောင့်ပင်။

အကယ်၍ နောက်တစ်ကြိမ် ထပ်ရှိလာပါက သူတို့ရှေ့ရှိ ဤအမျိုးသားသည် ထပ်မံလာရောက်၍ ကယ်တင်ပေးချင်မှ ကယ်တင်ပေးတော့မည် မဟုတ်ပါလော။

ထို့ကြောင့် သူတို့သည် ကျိုးစွေ့နှင့် ပတ်သက်မှုကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်လိုကြခြင်း ဖြစ်ပေသည်။

"တော်ကြတော့… နင်တို့ ဒီမှာ ဘာတွေ လာပြောနေကြတာလဲ...”

"နင်တို့အားလုံး ပြဿနာရှာတာကို ရပ်လိုက်ကြစမ်း...”

"တာအိုရောင်းရင်းကျိုး အနေရခက်အောင် မလုပ်ကြနဲ့… မြန်မြန် ပြန်ဆင်းသွားကြစမ်း...”

ထိုစဉ် ချိုးရူယွီက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်ပြီး ဤဟယ်ဟွမ်းဂိုဏ်းမှ တပည့်များကို ချက်ချင်းပင် ကြိမ်းမောင်းလိုက်လေသည်။

ဤသည်ကား လုံးဝကို ရိုင်းစိုင်းလွန်းလှချေသည်။

သူမရှေ့မှောက်တွင်ပင် ဦးထုပ်စိမ်းဆောင်းပေးတော့မည့်အလား သူမ၏အမျိုးသားကို မျက်နှာပြောင်တိုက်ကာ လုယူရန် ကြိုးစားနေကြသည် မဟုတ်ပါလော။

ဤသည်မှာ လုံးဝ လက်ခံနိုင်စရာ မရှိချေ။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”

ယင်းကို ကြားသောအခါ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားသည် သူတို့၏ လျှာလေးများကို အနည်းငယ် ထုတ်လိုက်ကြပြီး မတတ်သာဘဲ နောက်ဆုတ်သွားကြတော့သည်။

ဂိုဏ်းချုပ်၏အာဏာဆိုသည်ကား အလွန်ပင် ဩဇာတိက္ကမ ကြီးမားနေဆဲ ဖြစ်၏။

သူတို့ ဖီဆန်ရဲမည် မဟုတ်ပေ။

ထိုည၌…။

ဟယ်ဟွမ်းဂိုဏ်းတစ်ခုလုံးသည် ကြီးကျယ်ခမ်းနားလှသော အောင်ပွဲခံစားပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြ၏။

ထိုစားပွဲတွင် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးတပည့် မြောက်မြားစွာသည် ကျိုးစွေ့၏ မျက်နှာသာရရေးအတွက် သူတို့၏ မာယာပရိယာယ်အလုံးစုံကို အသုံးပြုခဲ့ကြပြီး၊ သူနှင့် အတူနေထိုင်ခွင့်ရရန် သီးသန့်လျှို့ဝှက်နည်းလမ်းများကိုပင် အသုံးပြုခဲ့ကြသည်။

သို့သော် အားလုံးကို ကျိုးစွေ့က အေးဆေးတည်ငြိမ်စွာပင် ကာကွယ်ပိတ်ဆို့လိုက်သည်။

မည်သို့ပင်ဆိုစေ ခဏတာပျော်ရွှင်မှုဆိုသည်မှာ ကိစ္စမရှိလှပေ။

ပြဿနာမှာ ကံကြမ္မာအကြောင်းတရားများ ရစ်ပတ်သွားပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ကိစ္စများမှာ အလွန်အမင်း ဒုက္ခရောက်နိုင်ခြင်းပင်။

ယခုအခါ သူသည် တာအိုလက်တွဲဖော် ရွေးချယ်ရာတွင် အလွန် သတိထားပေသည်။

အကယ်၍ ပါရမီမလုံလောက်ပါက တစ်ဖက်လူအား အရန်တာအိုလက်တွဲဖော်အဖြစ်ပင် သတ်မှတ်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် တာအိုလက်တွဲဖော်ဆိုသည်မှာ အပြန်အလှန် ဖေးမကူညီရမည့်သူများဖြစ်ရာ အချင်းချင်း ဝန်ထုပ်ဝန်ပိုးသည်ကား အဖြစ်မခံနိုင်ပေ။

ဤသည်မှာ မည်သူ့အတွက်မဆို ကောင်းသောကိစ္စမဟုတ်။

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများစွာမှာ အလွန်အမင်း စိတ်ပျက်သွားကြသော်လည်း ဘာမှမတတ်နိုင်ကြ။ မိမိတို့၏ညို့ငင်နိုင်စွမ်း မလုံလောက်၍ စီနီယာကျိုး၏ မျက်စိကျခြင်းကို မခံရဟုသာ မှတ်ယူလိုက်ကြရတော့သည်။

...

ညသန်းခေါင်ယံအချိန်…။

သေရည်သောက်၍ အတော်လေး မူးလာချိန်တွင်မူ ချိုးရူယွီက အကြောင်းပြချက်တစ်ခုရှာ၍ ကျိုးစွေ့အား သူမ၏ ကျင့်ကြံရေးဂူဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

“တာအိုရောင်းရင်းကျိုး ဆိုတဲ့အတိုင်းပါပဲ…. တာအိုရောင်းရင်းကျိုးက ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်ဝင်စားတာလို့ ပြောရင်တောင် ကျွန်မကတော့ သံသယဝင်မှာ မဟုတ်ဘူး...”

ထိုအချိန်တွင် ချိုးရူယွီက သူမ၏ လှပသောမျက်လုံးများဖြင့် ကျိုးစွေ့အား အံ့သြချီးကျူးစွာ ကြည့်နေခဲ့၏။

သူမအနေဖြင့် ဤအမျိုးသားအား သိကျွမ်းလာခဲ့သည်မှာ နှစ်တစ်ရာ၊ နှစ်ရာခန့် ရှိနေပြီဖြစ်သည်။

သို့သော် ယခုအချိန်အထိ သူမသည် ဤအမျိုးသားကို နားလည်နိုင်စွမ်းမရှိသေးဟု ခံစားနေရဆဲဖြစ်ပြီး အမှန်တကယ်ပင် ခန့်မှန်းရ ခက်လွန်းလှပေသည်။

“အင်မော်တယ်ဝင်စားတာ ဟုတ်မဟုတ်ဆိုတာက အဲ့ဒီလောက်တောင် အရေးကြီးလို့လား...”

ကျိုးစွေ့က လက်နောက်ပစ်လျက် ရပ်နေလိုက်၏။

“တကယ်တော့လည်း အဲ့ဒီလောက် အရေးမကြီးပါဘူး...”

ထိုစကားကို ကြားသောအခါ ချိုးရူယွီက ပြုံးလိုက်သည်။ အင်မော်တယ်ဝင်စားသည်ဖြစ်စေ၊ ဤအမျိုးသား၏ ကိုယ်ပိုင်ပါရမီကြောင့်ဖြစ်စေ တစ်ဖက်လူ၏ အံ့မခန်းစွမ်းရည်သည်ကား သက်သေပြရန် လုံလောက်နေပြီး ကျင့်ကြံခြင်းကမ္ဘာ၏ နှစ်သန်းပေါင်းများစွာအတွင်း အသန်မာဆုံးသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်ကြောင်း အသေအချာပင်။

အကယ်၍ ဤအမျိုးသားသာ ဝင်ရောက်မကူညီခဲ့ပါက ဟယ်ဟွမ်းဂိုဏ်းမှာ ကျိန်းသေပေါက် ပျက်စီးသွားရမည်ဖြစ်သည်။

ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများကဲ့သို့ပင် သမိုင်းရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားရပေလိမ့်မည်။

“ဒါပေမဲ့ တာအိုရောင်းရင်းကျိုးရဲ့ အတွေးက ကျွန်မအတွက် အလွန်အရေးကြီးတယ်...”

“တာအိုရောင်းရင်းကျိုးက ကျွန်မနဲ့အတူ လက်တွဲဖို့ဆန္ဒ ရှိပါ့မလားတော့ မသိဘူး...”

ချိုးရူယွီက သူမ၏ လှပသောမျက်လုံးများဖြင့် ကျိုးစွေ့အား ရဲတင်းစွာနှင့် စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ယခုအချိန်တွင် သူမသည် အိန္ဒြေဆယ်မနေနိုင်တော့ချေ။ ဤအချိန်သို့တိုင် ရောက်နေပြီဖြစ်ရာ မည်သည့်အိန္ဒြေကို ဆယ်နေရပါမည်နည်း။ အခြားအမျိုးသမီးများက ဤအမျိုးသားအား လုယူသွားသည်ကို ကြည့်နေရမည်လော။

မည်သို့ပင်ဖြစ်စေ သူမသည် ဤအမျိုးသားကို သေချာပေါက်ရအောင် ရယူရပေမည်။

“တာအိုရောင်းရင်းချိုးက လကိုတောင် ပုန်းကွယ်သွားစေပြီး ပန်းတွေကိုတောင် ရှက်သွေးဖြာသွားစေနိုင်သလို၊ ငါးတွေကို ရေနစ်သွားစေပြီး ငှက်တွေကိုတောင် မြေပြင်ပေါ် ကျဆင်းလာစေနိုင်တဲ့ ပြိုင်ဘက်ကင်း အလှအပမျိုးကို ပိုင်ဆိုင်ထားတာပါ...”

“ဘယ်ယောက်ျားမှ တာအိုရောင်းရင်းချိုးလို အမျိုးသမီးမျိုးကို ငြင်းဆန်မှာ မဟုတ်ပါဘူး...”

“ဒါပေမဲ့ ကျွန်တော့်ဘေးမှာ တာအိုလက်တွဲဖော်တွေ အများကြီး ရှိနေသေးတယ်… တာအိုရောင်းရင်းချိုးက စိတ်အနှောင့်အယှက်များ ဖြစ်မလားလို့ပါ...”

ကျိုးစွေ့က ပွင့်ပွင့်လင်းလင်းပင် တိုက်ရိုက်ပြောလိုက်သည်။ သူသည် မြာပွေရမည်ဆိုလျှင်ပင် ရှင်းရှင်းလင်းလင်းသာ ရှုပ်တတ်သူဖြစ်သည်။ သူ၏ နေထိုင်မှုသဘောတရားမှာ ဤအတိုင်းပင်ဖြစ်၏။

ကိုယ့်ဘက်ကမစသလို၊ မငြင်းဆန်သော်လည်း တာဝန်ယူမှုတော့ အပြည့်အဝရှိသည်။

'ခွေးကောင်စုတ်…'

'တစ်ခွန်းမှကို အမှန်မပါဘူး…'

'အရင်တုန်းကကျတော့ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးမယ် တာအိုလက်တွဲဖော်မရှိဘူးလို့ ပြောခဲ့ပြီးတော့… အခုကျ တခြားနေရာမှာ ရွှေအိမ်လေးနဲ့ ဖွက်ထားတာပေါ့လေ…'

ချိုးရူယွီသည် အံကြိတ်လိုက်မိပြီး ဤအမျိုးသားအား အားရပါးရ ကိုက်ပစ်လိုက်ချင်စိတ်များပင် ပေါက်သွားရလေသည်။

သို့သော် သူမသည်လည်း အရူးမ မဟုတ်ပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်ရာ နှစ်ပေါင်းမည်မျှ နေထိုင်ခဲ့ပြီမှန်းပင် မသိနိုင်တော့ချေ။

ပင်ကိုယ်ကတည်းက ပျားများကိုဆွဲဆောင်နိုင်သလို လိပ်ပြာများကို သွေးဆောင်တတ်သည့် အမျိုးသားတစ်ဦးဖြစ်နေရာ မည်ကဲ့သို့ တာအိုလက်တွဲဖော်မရှိဘဲ နေပါမည်နည်း။

တစ်သက်တာတရားဝင် တာအိုလက်တွဲဖော်မရှိလျှင်ပင် ဆွဲဆောင်ထားသည့် မိန်းမလှလေးများစွာ ရှိနေမည်မှာ သေချာလှသည် မဟုတ်ပါလော။

အနည်းငယ် ဒေါသထွက်မိသော်လည်း ဤအခြေအနေအထိ ရောက်နေပြီဖြစ်ရာ သူမအနေဖြင့် ငြင်းဆန်ရန်မှာလည်း မဖြစ်နိုင်တော့ချေ။

“အမောင်...”

ချိုးရူယွီက ကျိုးစွေ့အား ညို့ငင်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။ စကားနှစ်ခွန်းတည်းသာ ပြောလိုက်သော်လည်း အဆုံးအစမဲ့သော ဆွဲဆောင်မှုများ ပါဝင်နေပြီး မည်သည့်အမျိုးသားကိုမဆို သွေးဆူသွားစေကာ ခုခံနိုင်စွမ်း ကင်းမဲ့သွားစေမည် ဖြစ်သည်။

“ဒါက...”

ထိုအထဲတွင် သဘာဝကျစွာ ကျိုးစွေ့လည်း ပါဝင်ပေသည်။ သူ လုံးဝမခုခံနိုင်ခဲ့ချေ။ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ညို့ငင်ပညာရပ်ထက်ပင် ပိုမိုစွမ်းအားကြီးမားနေသေးသည်။

တစ်ခဏအတွင်း၌ ပင်လယ်ရေလှိုင်းများ ရိုက်ခတ်သွားသကဲ့သို့၊ နဂါးတစ်ကောင် ရေအိုင်အတွင်းသို့ ဝင်ရောက်သွားသကဲ့သို့သော တာအိုစည်းချက်သံများကား သုံးရက်တိုင်တိုင် ပဲ့တင်ထပ်နေပြီး တစ်ခဏတာမျှပင် မရပ်တန့်ခဲ့ချေ။

...

အခန်း (၆၇၆) - ရွှေအိမ်တော်တွင် အလှကညာကို ဝှက်ထားခြင်း၊ တစ်သားတည်း ပေါင်းစည်းခြင်းနှင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းခြင်း(၃)။

အခြားတစ်ဖက်တွင်ကား မြေအောက်နတ်ဆိုးချောက်ကမ်းပါး၌ ဖြစ်၏။

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ စုရုံးနေကြပြီး အကောင်ရေ သုံးထောင်နီးပါးခန့် ပြည့်နှက်နေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအကောင်တစ်ရာကျော်က ဟယ်ဟွမ်းဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာတွင် ကျရှုံးသွားခဲ့ကြောင်းကို ၎င်းတို့ သိရှိထားကြသည်။

နတ်ဆိုးများစွာမှာ သတ်ဖြတ်ခံလိုက်ရပြီး အလောင်းပင် အပြည့်အစုံ မကျန်ရစ်ခဲ့ချေ။

ဤသည်မှာ နတ်ဆိုးမျိုးနွယ်စုအတွက် တစ်ခါမှမကြုံဖူးသော အကြီးမားဆုံး ရှုံးနိမ့်မှုကြီးပင် ဖြစ်ပေသည်။

ဦးဆောင်နေသည်ကား နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ် နတ်ဆိုးသုံးကောင်ဖြစ်ပြီး ၎င်းတို့မှာ အမှောင်နတ်ဆိုးနဂါး၊ တောင်တန်းဘီလူးနတ်ဆိုးနှင့် ညို့ငင်နတ်ဆိုးပင့်ကူတို့ ဖြစ်ကြသည်။

နတ်ဆိုးတစ်ကောင်ချင်းစီတိုင်းတွင် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးချီများ ကိန်းအောင်းနေချေသည်။

“သေသင့်တဲ့ ရွှမ်ဟွမ်ဘိုးဘေး...”

“ငါတို့မျိုးနွယ်စုရဲ့ အကြံအစည်ကို ဖျက်ဆီးရဲတယ်ပေါ့… ဒီလူကို အသေသတ်ပစ်သင့်တာ...”

အမှောင်နတ်ဆိုးနဂါးမှာ ဒေါသအလွန်ထွက်နေချေသည်။ ၎င်း၏ နဂါးကိုယ်ထည်ကြီးမှာ ပေတစ်သောင်းခန့် ရှည်လျားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် မရေမတွက်နိုင်သော အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းနေ၏။ အကြေးခွံများအပေါ်တွင် အမှောင်မှော်သင်္ကေတများစွာ ပေါ်လွင်နေပြီး ထိတ်လန့်ဖွယ်ကောင်းသော အနက်ရောင် နတ်ဆိုးချီများ ပျံ့နှံ့နေပေသည်။

၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နတ်ဆိုးချီများသည် မိုင်တစ်သောင်းပတ်လည် ဧရိယာတစ်ခုလုံးကို အမှောင်နတ်ဆိုးနယ်မြေအဖြစ်သို့ ပြောင်းလဲသွားစေနိုင်မည်ဟု ထင်မှတ်ရသည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော နတ်ဆိုးချီများသည် အခြားသက်ရှိများကို လျင်မြန်စွာ ဖောက်ပြန်ကျဆင်းသွားစေကာ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားစေပြီး အသိစိတ်လုံးဝပျောက်ဆုံးသွားကာ နတ်ဆိုးမိစ္ဆာခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။

၎င်းကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန်ပင် မလိုအပ်ဘဲ ၎င်းသွားရာလမ်းတစ်လျှောက်ရှိ သက်ရှိပေါင်းများစွာသည် နတ်ဆိုးမိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြမည်ဖြစ်သည်။

၎င်းကို နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးကပ်ဘေးကြီးဟုလည်း ခေါ်ဆိုကြပေသည်။

ယခုတစ်ကြိမ် ဟယ်ဟွမ်းဂိုဏ်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးကိုလည်း ၎င်းကိုယ်တိုင် အဆိုပြုခဲ့ခြင်းဖြစ်သည်။

အစပထမက နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအကောင်တစ်ရာကို စေလွှတ်၍ ဟယ်ဟွမ်းဂိုဏ်းကို ဖျက်ဆီးရန်မှာ လက်တစ်ဖက်လှန်လိုက်သကဲ့သို့ လွယ်ကူလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ရွှမ်ဟွမ်ဘိုးဘေးက ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ကာ ဧရာမ နတ်ဆိုးစစ်တပ်ကြီးကို ဖျက်ဆီးပစ်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအကောင်တစ်ရာပင် ပြန်မလာနိုင်တော့ဘဲ အသတ်ခံလိုက်ရလေသည်။

ဤသည်ကပင် နတ်ဆိုးမျိုးနွယ်စုကို ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်စေခဲ့ချေသည်။

“ကြားရသလောက်တော့ ဒီလူက အင်မော်တယ်ဝင်စားတာ ဖြစ်နိုင်တယ်တဲ့...”

“ဒီတစ်ကြိမ် ကမ္ဘာသုံးခု ပေါင်းစည်းသွားတာကလည်း ဒီလူရဲ့ လက်ချက်ပဲတဲ့...”

“သေချာတာတစ်ခုကတော့ ဒီရွှမ်ဟွမ်ဘိုးဘေးဟာ ငါတို့နတ်ဆိုးမျိုးနွယ်စုက ကမ္ဘာကြီးကို သိမ်းပိုက်မယ့်နေရာမှာ တစ်ခုတည်းသော အတားအဆီးပဲ...”

“အကယ်၍ ဒီကောင်ကိုသာ သတ်ပစ်နိုင်မယ်ဆိုရင် ငါတို့နတ်ဆိုးမျိုးနွယ်စုအတွက် ဘယ်ပြိုင်ဘက်မှ ရှိတော့မှာမဟုတ်ဘူး...”

ညို့ငင်နတ်ဆိုးပင့်ကူက စကားဆိုလိုက်၏။ ၎င်း၏အသံမှာ တစီစီမြည်နေပြီး ဆန်းကြယ်သော နတ်ဆိုးအသံများ ပါဝင်နေပေသည်။ ထိုအသံကို ကြားလိုက်ရုံဖြင့် အရာအားလုံးသည် ထင်ယောင်ထင်မှားဖြစ်မှုထဲသို့ ကျဆင်းသွားသည့်အလား ခံစားရပြီး မသိမသာပင် ညို့ငင်ခံလိုက်ရကာ ၎င်း၏ကျွန်အဖြစ်သို့ ရောက်ရှိသွားပြီး ခိုင်းစေသမျှကို လုပ်ဆောင်ရတော့မည် ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း အလွန်ကြီးမားလှပြီး အနည်းဆုံး ပေရာချီ၍ ကြီးမားပေသည်။ ကျောဘက်တွင် အရောင်အသွေးစုံလင်သော မှော်သင်္ကေတများစွာ ဖုံးလွှမ်းနေပြီး အနက်ရောင် ပင့်ကူခြေတံပေါင်း ထောင်ချီ၍ ပေါက်နေ၏။

သာမန်လူများသာ ၎င်း၏ပုံရိပ်ကို မြင်တွေ့လိုက်ရပါက ချက်ချင်းပင် ညို့ငင်ခံရပြီး အသိစိတ်ပျောက်ဆုံးကာ ခုခံနိုင်စွမ်းများ ကင်းမဲ့သွားမည် ဖြစ်ပေသည်။

“အင်မော်တယ်ဝင်စားတာတဲ့လား၊ အဓိပ္ပာယ်မရှိတာ...”

“လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အဲဒီအင်မော်တယ် သေသွားခဲ့ပြီပဲ၊ အခုထိ အသက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး...”

“အောက်ဘုံလောကရဲ့ နိယာမတရားတွေက အင်မော်တယ်တွေကို ဆင်းသက်ခွင့် မပြုထားဘူး… ဒီလောက်အချိန်အကြာကြီး တောင့်ခံနိုင်တာကကို ထူးခြားချက်တစ်ခု ဖြစ်နေပြီ...”

“ခန့်မှန်းကြည့်ရရင် ဒီရွှမ်ဟွမ်ဘိုးဘေးက အင်မော်တယ်ရဲ့ အမွေအနှစ်ကို ရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက် ဖြစ်လောက်တယ်...”

တောင်တန်းဘီလူးနတ်ဆိုးက အသံဩဩကြီးဖြင့် ပြောလိုက်လေသည်။

၎င်း၏ ခန္ဓာကိုယ်ကြီးမှာ အနည်းဆုံး ပေထောင်ချီ၍ ကြီးမားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည်။ ကျောက်တုံးမျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အမှောင်မှော်သင်္ကေတများကို ထွင်းထုထားသဖြင့် ၎င်း၏ခန္ဓာကိုယ်တွင် ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးချီများ အပြည့်အဝ ကိန်းအောင်းနေပြီး ဧရာမတောင်တန်းကြီးနှင့် အသွင်တူပေသည်။

၎င်းကို နတ်ဆိုးမျိုးနွယ်စု၏ ကာကွယ်ရေးအစွမ်း အကောင်းဆုံးဖြစ်သော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးဟု ဆိုနိုင်ပြီး ပျက်စီးခြင်းကင်းမဲ့သော နတ်ဆိုးတောင်ဟုပင် ခေါ်ဆိုကြသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဒါဇင်ရာချီ၍ ဝိုင်းဝန်းတိုက်ခိုက်လျှင်ပင် ၎င်း၏ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။

မှန်ပေသည်၊ ကမ္ဘာသုံးခုပေါင်းစည်းခြင်းကိုသာ မကြုံတွေ့ခဲ့ရလျှင် ၎င်းသည် စိတ်ဝိညာဉ်လောကသို့ တက်လှမ်းသွားသည်မှာ ကြာပြီဖြစ်သည်။

သို့သော် ကမ္ဘာသုံးခုပေါင်းစည်းသွားမှုကြောင့် ရွှမ်ဟွမ်ကမ္ဘာအဖြစ်သို့ ဖြစ်ပေါ်လာပြီးနောက် အထက်ဘုံသို့ တက်လှမ်းရန် လမ်းကြောင်းမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာ၏ အဆင့်ကန့်သတ်ချက်မှာ မြင့်တက်သွားခဲ့ပြီဖြစ်ရာ နတ်ဘုရားအသွင်ပြောင်းအဆင့်၊ လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် အပြည့်အဝ လက်ခံထားနိုင်ပေသည်။

ထို့ကြောင့် လတ်တလောတွင် ၎င်းသည် စိတ်ဝိညာဉ်လောကသို့ တက်လှမ်းရန် မဖြစ်နိုင်တော့ဘဲ ရွှမ်ဟွမ်ကမ္ဘာထဲတွင်သာ ဆက်လက်၍ ငြိမ်သက်စွာ ကျင့်ကြံနေရမည်သာ ဖြစ်လေသည်။ ဤသည်မှာ ရွှမ်ဟွမ်ကမ္ဘာရှိ ကျင့်ကြံသူအားလုံး ရင်ဆိုင်နေရသော ကိစ္စရပ်တစ်ခုလည်း ဖြစ်ချေသည်။

အကယ်၍ တက်လှမ်းလိုပါက အင်မော်တယ်ကမ္ဘာသို့သာ တက်လှမ်းရမည် ဖြစ်၏။

“ကံကောင်းသူပဲဖြစ်ဖြစ်၊ အင်မော်တယ်ဝင်စားတာပဲဖြစ်ဖြစ် ရွှမ်ဟွမ်ဘိုးဘေးရဲ့ ခြိမ်းခြောက်နိုင်စွမ်းက လျှော့တွက်လို့မရဘူး...”

“ဒီကောင်က ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ အစွမ်းကိုတောင် အသုံးပြုနိုင်တယ်လို့ ကောလာဟလတွေ ထွက်နေတယ်...”

“သူ့ကိုသတ်ဖို့ဆိုတာက ထင်ထားသလောက် မလွယ်ကူနိုင်ဘူး...”

အမှောင်နတ်ဆိုးနဂါးက ခပ်လေးလေး ပြောလိုက်သည်။

ရွှမ်ဟွမ်ဘိုးဘေးသည် နတ်ဆိုးမျိုးနွယ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း ၎င်းတို့ သိရှိထားသော်လည်း ထိုကဲ့သို့သော တည်ရှိမှုကို သတ်ဖြတ်ရန်ဆိုသည်မှာ အလွန်အမင်း ခက်ခဲလွန်းလှပေသည်။

တစ်ဖက်လူ ပိုင်ဆိုင်ထားသော စွမ်းအားမှာ ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှရာ ၎င်းတို့၌လည်း အနိုင်ရရန် အခွင့်အရေး သိပ်မရှိချေ။

“ငါတို့ အရင်ဆုံး တခြားကုန်းမြေတိုက်ကြီးတွေက လူသားတွေကို သွားရောက်သတ်ဖြတ်ရင် ပိုမကောင်းဘူးလား...”

“အဲ့ဒီလူသားတွေအားလုံးကို သတ်ပစ်ပြီး လူသားမျိုးနွယ်ရဲ့ အတောင်ပံတွေကို ချိုးဖြတ်ပစ်မယ်… ပြီးမှ ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးကို သွားရင်ဆိုင်ကြမယ်လေ...”

“ဒီလိုဆိုရင် ရွှမ်ဟွမ်ဂိုဏ်းရဲ့ အင်အားက လုံးဝလျော့ကျသွားပြီး တစ်ချက်တိုက်ရုံနဲ့တင် ပြိုလဲသွားမှာပဲ...”

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်က ၎င်း၏ အကြံပြုချက်ကို တင်ပြလာ၏။

အပျော့ဆုံးအသီးကို ရွေးချယ်ချေမွရန် ၎င်းက စဉ်းစားထားခြင်း ဖြစ်လေသည်။

အကယ်၍ ရွှမ်ဟွမ်ဘိုးဘေးအား ချက်ချင်း မသတ်နိုင်ပါက အခြားလူသားများကို သတ်ဖြတ်၍ လူသားမျိုးနွယ်၏ အင်အားကို လျှော့ချခြင်းသည်လည်း မဆိုးလှသော အကြံအစည်တစ်ခုဖြစ်ကာ ၎င်းတို့၏ ဒေါသများကိုလည်း ဖြေဖျောက်နိုင်ပေလိမ့်မည်။

“မိုက်မဲလွန်းလိုက်တာကွာ...”

“သာမန်လူသားအချို့ကို သတ်ရုံနဲ့ ဘာအသုံးကျမှာလဲ...”

“အလွန်ဆုံးရှိလှ အစာနည်းနည်းပိုရတာနဲ့ ငါတို့ရဲ့ဒေါသတွေကို ဖြေဖျောက်နိုင်တာပဲ ရှိမယ်… လုံးဝ အဓိပ္ပာယ်မရှိဘူး...”

“လူသားမျိုးနွယ်တွေအတွက်တော့ နှစ်ထောင်ပေါင်းများစွာ ငြိမ်းချမ်းနေဖို့ပဲလိုတယ်… လူဦးရေ သန်းဆယ်ဂဏန်းလောက်ပဲ ကျန်ခဲ့ရင်တောင် မျိုးပွားနှုန်းက မြန်ဆန်လွန်းလို့ အသာလေးနဲ့ သန်းထောင်ချီအထိ ရောက်လာနိုင်တာပဲ...”

“လူသားမျိုးနွယ်တွေ မျိုးတုံးမသွားသရွေ့ သူတို့က လူဦးရေဘယ်လောက်အထိ တိုးချင်တိုးချင် တိုးလာနိုင်တာ...”

“အဆင့်နိမ့်လူသားတွေကို သတ်ဖြတ်နေတာက လုံးဝ အဓိပ္ပာယ်မရှိတဲ့အလုပ်ပဲ...”

အမှောင်နတ်ဆိုးနဂါးက အေးစက်စွာ နှာမှုတ်လိုက်၏။

“ပြောတာ မှန်တယ်...”

“ဒီကမ္ဘာရဲ့ ကြီးစိုးမှုကို ဆုံးဖြတ်မှာက အမြဲတမ်း ငါတို့နတ်ဘုရားအသွင်ပြောင်းအဆင့်တွေပဲ...”

“လူသားတွေထဲမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမရှိသရွေ့ လူသားမျိုးနွယ်က ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ကျွန်ဖြစ်နေဦးမှာပဲ… ဘာမှခုခံနိုင်မှာ မဟုတ်ဘူး...”

“ဒါပေမဲ့ လူသားမျိုးနွယ်ကသာ ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်အားလုံးကို သတ်ဖြတ်နိုင်ခဲ့ရင် ငါတို့နတ်ဆိုးမျိုးနွယ်ကလည်း ကျွန်ဖြစ်သွားလိမ့်မယ်...”

“ဒီစစ်ပွဲရဲ့ အနိုင်အရှုံးက ငါတို့ နတ်ဘုရားအသွင်ပြောင်းအဆင့်တွေကြားမှာပဲ အဆုံးအဖြတ်ပေးရမှာ...”

ညို့ငင်နတ်ဆိုးပင့်ကူကလည်း ဤအချက်ကို သဘောတူသည်။

အဆင့်မြင့်နတ်ဆိုးများအတွက် အဆင့်နိမ့်လူသားများကို သတ်ဖြတ်ရန် လုံးဝမလိုအပ်ချေ။ ထို့ပြင် အဆင့်နိမ့်လူသား အမြောက်အမြားကိုပင် ချန်ထားခဲ့ရန် လိုအပ်သေးသည်။

အဘယ်ကြောင့်ဆိုသော် ထိုအဆင့်နိမ့်လူသားများမှာ အရည်အသွေးမြင့်မားသော အစားအစာအရင်းအမြစ်များ ဖြစ်ကြပြီး နတ်ဆိုးများအတွက် ရိက္ခာအဖြစ် ချန်ထားရမည်ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် မည်သို့လုပ်၍ သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်နိုင်ပါမည်နည်း။

“ဒါဆို ငါတို့က ရွှမ်ဟွမ်ဂိုဏ်းကို တိုက်ရိုက်တိုက်ခိုက်ရမှာလား...”

“ပြဿနာက ရွှမ်ဟွမ်ဂိုဏ်းရဲ့ အင်အားက ခန့်မှန်းရခက်နေတာပဲ...”

“ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ အကူအညီပါ ပါနေသေးတယ်ဆိုတော့ ငါတို့က အဲ့ဒီလူသားရဲ့ ပြိုင်ဘက်ဖြစ်ချင်မှဖြစ်မှာ...”

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ မျက်နှာများမှာ လေးနက်သွားကြလေသည်။

၎င်းတို့၌ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအကောင်ရေ သုံးထောင်ခန့် ရှိနေသည်ဆိုသော်ငြား ထိုရွှမ်ဟွမ်ဘိုးဘေးနှင့် နှိုင်းယှဉ်လိုက်ပါက ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။

အထူးသဖြင့် တစ်ဖက်လူက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကိုပါ ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ ဤအပင်၌ မည်မျှအထိ ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်ကို မည်သူမျှ မသိနိုင်ပေ။ အနည်းငယ်မျှ ပေါ့ဆသွားသည်နှင့် ရေတိမ်နစ်သွားနိုင်ပေသည်။

“စိတ်မပူကြနဲ့… အဲ့ဒီ ရွှမ်ဟွမ်ဘိုးဘေးက တကယ်ကို စွမ်းတာမှန်ပါတယ်...”

“ဒါပေမဲ့ ငါတို့ နတ်ဆိုးမျိုးနွယ်ကလည်း သက်သတ်လွတ်စားနေတာမှမဟုတ်တာ...”

“ရွှမ်ဟွမ်ဘိုးဘေးက အင်မော်တယ်တွေရဲ့ အမွေအနှစ်ကို ရရှိထားတယ်ဆိုရင် ငါတို့နတ်ဆိုးမျိုးနွယ်ကရော မရရှိထားဘူးလို့ ထင်နေတာလား...”

“ရှေးယခင်က အင်မော်တယ်ကမ္ဘာကနေ ဆင်းသက်လာတဲ့ အင်မော်တယ်ဆိုတာ တစ်ပါးတည်း မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်… သုံးပါးတောင် ရှိခဲ့တာ...”

“အဲ့ဒီထဲက ရှေးဟောင်းနတ်ဆိုးတစ်ကောင်က ငါတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ဆင်းသက်လာခဲ့တာ...”

“ဒီကြီးမြတ်တဲ့ နတ်ဆိုးကြီးကပဲ ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ မြစ်ဖျားခံရာဖြစ်တယ်...”

တောင်တန်းဘီလူးနတ်ဆိုးက တည်ငြိမ်စွာ ပြောလိုက်လေသည်။

All Chapters