အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း ၁၅၁ - ဓားဂိုဏ်းက ဝမ်ကျန့် ရေကန် အကြောင်း မေးတယ် ဟုတ်လား... အဲဒါ ယူခဲ့လိုက်...
သူ၏ ခေါင်းပေါ်ရှိ အိုးယန်၏ လက်သည် ချောက်ကမ်းပါး အောက်ခြေတွင် အင်မော်တယ် တစ်ပါး၏ သွန်သင်မှုကို ရရှိခဲ့စဉ်ကလောက်ပင် နွေးထွေးနေသကဲ့သို ခံစားရလေ၏။
နွေးထွေးသော စစ်မှန်သောချီများသည် သူ၏ ခြေလက်များနှင့် အရိုးများ တစ်လျှောက် စီးဆင်းသွားပြီး ပြင်းထန်သော အားထုတ်မှုကြောင့် အနည်းငယ် ပျက်စီးသွားသော လမ်းကြောင်းများကို အာဟာရ ဖြည့်တင်းပေးနေပေသည်။
လူဆိုးများက သူ့ကို ဘာမှမရှိဘဲ ချောက်ကမ်းပါးမှ ခုန်ချရန် အတင်းအကျပ် ခိုင်းစေခဲ့ပြီးနောက် သူ ရရှိခဲ့သော တစ်ခုတည်းသော နွေးထွေးမှုဆီသို ဤ ပုံရိပ်ယောင်က ကျောက်ချီယန်စွန်းကို ပြန်လည် ဆွဲခေါ်သွားခဲ့လေ၏။
အင်မော်တယ် တစ်ပါးက ငါ့ရဲ့ သရဖူကို ထောက်ပံ့ပေးပြီး ငါ့ရဲ့ ဆံပင်တွေကို ချည်နှောင်ထားတာကြောင့် ငါ အသက်ရှည်ရှည် နေရတယ်...
ထိုအချိန်မှစ၍ သူသည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို လျှောက်လှမ်းခဲ့ပြီး သုံးနှစ်တိုတို အတွင်းမှာပင် ရွှေအမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့ပေသည်။
စိုးရိမ်ပူပန်စရာ မရှိတော့ပြီးနောက် သူသည် မည်သည့် ဆင်းရဲဒုက္ခကိုမျှ မခံစားရတော့ချေ။ သူ၏ ကံကောင်းမှုများ ပေါက်ကွဲထွက်လာပြီး သူ၏ ကံကြမ္မာ တစ်ခုလုံးသည် ပစ္စည်းများကို ကောက်ရခြင်းမှ ရရှိခဲ့ကာ သူ၏ ကျင့်ကြံခြင်းကိုလည်း ကံကောင်းမှုများဖြင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်လေ၏။
သို့တိုင်အောင် သူသည် လေလွင့်ကျင့်ကြံသူ အများစုကို ကျော်လွန်ကာ ရွှေအမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့သေးပေသည်။
သူ အလွန် ပင်ပန်းနေပြီဖြစ်ပြီး ပြောပြ၍မရနိုင်အောင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ကြီးတစ်ခု ဖြစ်လေ၏။
ကျောက်ချီယန်စွန်းသည် သူ၏ ခေါင်းများ မူးဝေနေသည်ကို ခံစားလိုက်ရပေသည်။ သူ ယခင်က ဤမျှလောက် မကုန်ခမ်းဖူးချေ။ ဝေဝေဝါးဝါးဖြင့် သူ၏ မှတ်ဉာဏ်များသည် သူ၏ ကလေးဘဝဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
ကြည်လင်ပြတ်သားသော အမျိုးသမီး အသံ တစ်ခုက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားပေသည်။
"လူတွေ ကျင့်ကြံဖို့ မလိုဘဲ လူတိုင်း တန်းတူညီမျှ နေထိုင်ရတဲ့ လူ့လောက တစ်ခု ရှိတယ်လို့ ငါ ကြားဖူးတယ်... ဘယ်လောက်တောင် ကောင်းတဲ့ နေရာလေးလဲ..."
"လူ့လောကမှာ ဘာတွေ ရှိမယ်လို့ မင်း ထင်လဲ... စားစရာ သကြားလုံးတွေကော ရှိနိုင်မလား..."
"ကျောက်ချီယန်စွန်း... မင်းက တကယ့် လူဆိုးကြီးပဲ... ငါ မင်းနဲ့ ဘယ်တော့မှ ထပ်မကစားတော့ဘူး..."
"အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ... သူတို့ သေသွားပြီ ဆိုပေမယ့် ငါ မေ့လို့ မရသေးဘူး..."
မှတ်ဉာဏ်များ ပြန်လည် ကြည်လင်လာသော ကျောက်ချီယန်စွန်းသည် သူ၏ ခေါင်းထဲရှိ အသံများကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် နားထောင်နေလေ၏။
ထို့ပြင် ပိုမို ကျယ်လောင်သော ဆူညံသံများက စကားများနေသော အမျိုးသမီး အသံကို တဖြည်းဖြည်း ဖုံးလွှမ်းသွားခဲ့ပေသည်။ ရုတ်တရက် အသံသည် စူးရှပြီး နားကွဲမတတ် ဖြစ်လာကာ ကျောက်ချီယန်စွန်းသည် ရုတ်တရက် နိုးလာခဲ့လေ၏။
"အဘိုးကြီး... အဲဒီလို မစဉ်းစားနဲ့... ငါ့ရဲ့ ဒုတိယ ညီလေး နိုးလာတာနဲ့ တစ်ပြိုင်နက် ငါတို့ သွားတော့မယ်..."
အိုးယန်၏ အော်ဟစ်သံက ကျောက်ချီယန်စွန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပေသည်။
"သွားမယ် ဟုတ်လား... ငါ့ဖင်ပဲ သွားမယ်... မင်း သွားချင်သွားလို့ ရတယ်... ဒါပေမဲ့ သူ သွားလို့ ရမယ်လို့ မင်း ထင်နေတာလား..."
ထိုက်အာ၏ အလားတူ မောက်မာသော အသံက ပြန်လည် ချေပလိုက်လေ၏။
"မင်းကို ငါ့ခွေးနဲ့ သေအောင် ရိုက်သတ်ပစ်မယ်..."
အိုးယန်က ဒေါသတကြီး အော်ဟစ်လိုက်ပေသည်။
"ဒီ တာအိုကြင့်ကြံသူက မင်းကို ဓားနဲ့ ထိုးသတ်ပစ်မယ်..." ထိုက်အာ၏ အသံကလည်း ပဲ့တင်ထပ်သွားလေ၏။
ကျောက်ချီယန်စွန်းသည် ကြောင်တောင်တောင်ဖြင့် ထိုင်လိုက်ပြီး အဝေးတွင် ထိုက်အာနှင့် တိုက်ခိုက်နေပြီဖြစ်သော အိုးယန်ကို ကြည့်ကာ တစ်ခဏမျှ သူ အိပ်မက်မက်နေဆဲ ဟုတ် မဟုတ် မသိတော့ချေ။
ဓားရှည် တစ်လက်ကို ကိုင်ထားသော ဓားဂိုဏ်းချုပ် ထိုက်အာသည် သေးသွယ်သော ခွေးတစ်ကောင်ကို ကိုင်ထားသည့် အိုးယန်နှင့် လုံးထွေး သတ်ပုတ်နေလေ၏။ ဓားတာအို၏ ခေါင်းဆောင် ဖြစ်သော ဓားဂိုဏ်းချုပ်သည် ယခုအခါ လူဆိုး တစ်ယောက်နှင့် တူနေပြီး မည်သည့် စစ်မှန်သောချီ သို့မဟုတ် ဓားစိတ်ဆန္ဒကိုမျှ မသုံးဘဲ အကြမ်းဖက်၍သာ ခုတ်ပိုင်းနေပေသည်။
အခြားတစ်ဖက်ရှိ အိုးယန်မှာမူ သူ၏ ခွေးကိုင် လွှဲခြင်းဓားသိုင်း ကို ကျွမ်းကျင်စွာ အသုံးပြုနေပြီး လျန်ကျိုက်ကို ဓားပန်းပွင့်များ ပင် ဖန်တီးခိုင်းနေလေ၏။ ဤ သေစေနိုင်သော ဓားပန်းပွင့်များ ထဲတွင် လျန်ကျိုက်သည် ပါးစပ်ကို ဟကာ အိုးယန်၏ လွှဲယမ်းမှုများနှင့် အချိတ်အဆက်မိမိ ထိုက်အာကို ကိုက်ရန် ပြင်နေပေသည်။
ဘေးတွင် ရပ်နေသော ချန်ချန်ရှန်းသည် သတိလစ်နေဆဲဖြစ်သော လန်ချင်းဆုန်းကို ရိုးအီနေပြီဖြစ်သော အမူအရာဖြင့် ကြည့်နေလေ၏။ ချင်းယွင်ဂိုဏ်းတွင် သူ၏ စီနီယာအစ်ကိုနှင့် ဂိုဏ်းချုပ်တို့သည် ဤကဲ့သို့သော ပြကွက်မျိုးကို ရက်အနည်းငယ်ခြားတစ်ခါလောက် ပြုလုပ်လေ့ရှိပေသည်။
သူတို့၏ ကျယ်လောင်သော အော်ဟစ်သံများကြားတွင် လျန်ကျိုက်၏ ခွေးဟောင်သံများလည်း ရောနှောနေပြီး သူတို့သည် ဝမ်ကျန့် ရေကန် ဘေးတွင် ဆူညံစွာ တိုက်ခိုက်နေကြလေ၏။
"မင်း နိုးလာပြီလား..."
ပိုင်ယွီ၏ အသံက ကျောက်ချီယန်စွန်း၏ အနောက်မှ ထွက်ပေါ်လာခဲ့ပေသည်။
ကြေးဒင်္ဂါးပြား တစ်ပြားက ကျောက်ချီယန်စွန်း၏ လက်ချောင်းများကြားတွင် အလိုအလျောက် ပေါ်လာလေ၏။ သူ လှုပ်ရှားတော့မည့်ဆဲဆဲတွင် သူ၏ အနောက်ရှိ လူမှာ ထို အဖြူရောင် ဝတ်ဆင်ထားသည့် ဓားကျင့်ကြံသူ ဖြစ်ကြောင်း သူ သတိရသွားပေသည်။
ကျောက်ချီယန်စွန်းသည် ခေါင်းလှည့်လိုက်ရာ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်သို့ ပြန်လည် ရောက်ရှိလာပြီး ပိုင်ယွီထံသို့ လက်အုပ်ချီကာ ပြောဆိုလိုက်လေ၏။
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း... ကျွန်တော် အဆင်ပြေပါတယ်..."
"စီနီယာအစ်ကို ပြောတာ တကယ် မှန်တာပဲ... မင်းနဲ့ သူက ကမ္ဘာပေါ်က အရှက်မရှိမှုရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ယူထားကြတာပဲ..."
ပိုင်ယွီက ပြုံးလိုက်ပြီး ဟန်ဆောင်ကောင်းသော ကျောက်ချီယန်စွန်းကို ကြည့်ကာ ပြောဆိုလိုက်ပေသည်။
သို့ရာတွင် ပိုင်ယွီတွင် မည်သည့် မကောင်းဆိုးဝါး ရည်ရွယ်ချက်မျှ မရှိချေ။ သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ ဖြူစင်သော ကျောက်စိမ်း ပုလင်း တစ်လုံး သူ၏ လက်ထဲတွင် ပေါ်လာပြီး သူက ပြောဆိုလိုက်လေ၏။
"ဒါက ငါ့ရဲ့ စီနီယာအစ်ကို ဆီကနေမင်းအတွက်ပါ... ဒါက အဆင့်နှစ် တာအို နားလည်သဘောပေါက်ခြင်း ဆေးလုံး တစ်လုံးပါ... ခုလေးတင် မင်းပြောခဲ့တဲ့ စကားတွေက ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ ဖြစ်ဖြစ်၊ ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိနေတာပဲ ဖြစ်ဖြစ် ဒီ ကျေးဇူးကို သူ ဆပ်ပြီးပြီလို့ သတ်မှတ်လိုက်တယ်..."
အဆင့်နှစ် တာအို နားလည်သဘောပေါက်ခြင်း ဆေးလုံး တစ်လုံးကို ချက်ချင်း ပေးလိုက်သည်မှာ အံ့သြဖွယ်ပင်။
အဆင့်တစ် ဝိညာဉ် ဆေးလုံး ပြီးလျှင် ဒုတိယလိုက်သော အဆင့်နှစ် ဆေးလုံး ဖြစ်နေလေသည်။
ဤလူများတွင် မည်သို့သော နောက်ခံမျိုး ရှိနေသဖြင့် သူတို့၏ လက်ဆောင်များက ဤမျှလောက် ရက်ရောနေရသည်ကို ကျောက်ချီယန်စွန်း နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။
ကျောက်ချီယန်စွန်းသည် ပြုံးကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး ပြောဆိုလိုက်လေ၏။
"ကျွန်တော်က စကား နည်းနည်းပဲ သုံးခဲ့တာပါ... ဒီလို တန်ဖိုးကြီးတဲ့ ဆေးလုံးနဲ့ ကျွန်တော် မထိုက်တန်ပါဘူး... ကျေးဇူးပြုပြီး ပြန်ယူသွားပါ တာအိုရောင်းရင်း..."
ပိုင်ယွီသည် သူ၏ အရှေ့ရှိ ကျောက်ချီယန်စွန်းကို ကြည့်ကာ တိုးညှင်းစွာ ပြောဆိုလိုက်ပေသည်။
"ဒီ အဆင့်နှစ် တာအို နားလည်သဘောပေါက်ခြင်း ဆေးလုံးက မင်းရဲ့ ကျေးဇူးကို ဆပ်ဖို့ မလုံလောက်ဘူးလို့ မင်း ခံစားနေရတာလား..."
ကျောက်ချီယန်စွန်းက ခေါင်းခါလိုက်လေ၏။ လုံလောက်သည်သာမက သူ စိတ်ကူးပင် မယဉ်နိုင်သောအရာ ဖြစ်ပေသည်။ အကယ်၍ သူသာ ဤ ဆေးလုံးကို အမှန်တကယ် လက်ခံလိုက်ပါက ထို့နောက်တွင် သူ့ကို မည်သည့်အရာများ စောင့်ကြိုနေမည်ကို မည်သူ သိနိုင်မည်နည်း ဟု တွေးလိုက်မိလေ၏။ သူ စကားတစ်ခွန်း ပြောတော့မည့်ဆဲဆဲတွင် ပိုင်ယွီက ဖြူစင်သော ကျောက်စိမ်း ပုလင်းကို သူ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီ ဖြစ်လေသည်။
"စိတ်မပူပါနဲ့... ဒီ ဆေးလုံးက မင်းရဲ့ ကျေးဇူးကို ဆပ်ဖို့ သက်သက်ပါ... တခြား ဘာမှ မရှိပါဘူး..."
ပိုင်ယွီသည် ကျောက်ချီယန်စွန်းကို ဖြတ်လျှောက်သွားပြီး နောက်မလှည့်ကြည့်ဘဲ ပြောဆိုလိုက်ပေသည်။
ကျောက်ချီယန်စွန်းသည် သူ၏ လက်ထဲရှိ အဆင့်နှစ် တာအို နားလည်သဘောပေါက်ခြင်း ဆေးလုံး ကို ကြည့်ကာ တံတွေးမြိုချလိုက်ပြီး ပိုင်ယွီကို မေးမြန်းလိုက်လေ၏။
"တာအိုရောင်းရင်းကို မေးပါရစေ... ခင်ဗျားတို့က တကယ်ပဲ လေလွင့်ကျင့်ကြံသူတွေလား..."
ပိုင်ယွီသည် မဖြေခဲ့ချေ။ ထိုအစား သူသည် ရန်ဖြစ်နေဆဲဖြစ်သော အိုးယန်နှင့် အခြားသူ ရှိရာသို့ တိုက်ရိုက် လျှောက်သွားလိုက်လေ၏။ ကျောက်ချီယန်စွန်းသည် သွားကို ကိုက်ကာ နောက်မှ လိုက်သွားပေသည်။
"အဘိုးကြီး လူလိမ်... ဒီ အစွမ်းထက်တဲ့ ခွေး ခုတ်ပိုင်းမှုကို ယူလိုက်စမ်း..." အိုးယန်က စူးရှစွာ အော်ဟစ်လိုက်ပြီး လျန်ကျိုက်ကို မြှောက်ကာ ထိုက်အာထံသို့ ရိုက်ချလိုက်လေ၏။
ထိုက်အာသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကြမ်းတမ်းစွာ ပြောဆိုလိုက်ပေသည်။
"မင်း ကောင်စုတ်လေး... ဒီ တာအိုကျင့်ကြံသူ ဆီကနေ ဓားတစ်ချက် ယူလိုက်စမ်း..."
တစ်ယောက်က ဓားဂိုဏ်းချုပ် ဖြစ်ပြီး နောက်တစ်ယောက်က မဟာမြင့်မြတ်နယ်မြေကိုးခု ထဲမှ တစ်ခုဖြစ်သော ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်ခွဲ တစ်ခုမှ အကြီးအကဲ ဖြစ်လေ၏။
သူတို့ နှစ်ယောက်စလုံးသည် အပြင်ဘက်တွင် ရှိနေစဉ်က သူတို့၏ ဟန်ဆောင်မှုများကို လုံးဝ စွန့်ပစ်လိုက်ကြပြီး အတူတကွ နပန်းလုံးနေကြပေသည်။
သူတို့ တိုက်ခိုက်နေစဉ် သူတို့သည် ရုတ်တရက် အရက် စသောက်လာကြပြီး ဘယ်သူ ပိုသောက်နိုင်မလဲ ဆိုသည်ကို ယှဉ်ပြိုင်နေကြလေ၏။
မကြာမီပင် ထိုက်အာသည် မူးယစ်လာပြီး သူ၏ ပါးပြင်များ နီရဲလာကာ သူ၏ မျက်လုံးများ မှုန်ဝါးလာခဲ့ပေသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အိုးယန်ကို လက်ညှိုးထိုးကာ သူက ရယ်မောလျက် ပြောဆိုလိုက်လေ၏။
"မင်း ဘယ်လို ကြီးပြင်းလာလဲ ဆိုတာ ငါ တကယ် မသိဘူး ကောင်လေး... စိတ်မနှံ့သူ နဲ့ တုန်းရွှီကျစ် တို့က မင်းကို ဒီလောက်တောင် အလိုလိုက်ထားတာ အံ့သြစရာ မဟုတ်ဘူး... ငါ မင်းနဲ့ ရက်အနည်းငယ်ပဲ အတူရှိသေးတာတောင် မင်းကို ငါ မသဘောကျဘဲ မနေနိုင်တော့ဘူး ကောင်လေး..."
စိတ်မနှံ့သူ ဟူသော တာအိုဘွဲ့ကို ကြားလိုက်ရသဖြင့် ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့သည် သူတို့၏ မျက်နှာများ ရှုံ့မဲ့သွားခြင်းမှ မတားဆီးနိုင်တော့ချေ။ ဤ တာအိုဘွဲ့သည် အတိအကျပင် သူတို့၏ ဆရာ၏ တာအိုဘွဲ့ ဖြစ်လေ၏။
အကယ်၍ ဆရာသာ ဤနေရာတွင် ရှိနေပြီး ထိုက်အာက သူ့ကို ထို တာအိုဘွဲ့ဖြင့် ခေါ်သည်ကို ကြားလိုက်ရပါက ဆရာသည် သူ၏ မုတ်ဆိတ်မွေးများကိုပင် ဆွဲနုတ်ပစ်လိုက်မည် ဖြစ်သည်။
သူတို့၏ ဆရာသည် အခြားသူများက သူ့ကို ထို တာအိုဘွဲ့ဖြင့် ခေါ်သည်ကို အမုန်းဆုံး ပင် ဖြစ်လေ၏။
သို့ရာတွင် ထိုက်အာက လုံးဝ ဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အိုးယန်ကို ကျေနပ်စွာ ကြည့်နေပေသည်။ ဤကောင်လေးသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ပြုမူလေ့ရှိပြီး အရာအားလုံးကို သူ၏ ကိုယ်ပိုင် ဆန္ဒအတိုင်း လုံးဝ ပြုလုပ်လေ့ရှိပေသည်။
သူသည် အလိုအလျောက် ပြုမူတတ်သော်လည်း သူ၏ ကိုယ်ပိုင် စည်းမျဉ်းများကို လိုက်နာလေ၏။
ဤသို့သော စိတ်ထားမှာ အလွန် ရှားပါးပြီး တန်ဖိုးရှိလှပေသည်။
ဤ အဘိုးကြီး တစ်အုပ်သည် ရာထူးကြီးများတွင် အချိန်အကြာကြီး နေခဲ့ရပြီး လူအများအပြားကို မြင်တွေ့ခဲ့ရလေ၏။
ဂျူနီယာ မျိုးဆက်၏ ကြောက်ရွံ့မှု နှင့် ရိုသေမှုများက သူတို့ကို ပျင်းရိ ငြီးငွေ့လာစေခဲ့ပြီ ဖြစ်ပေသည်။
ရုတ်တရက် ဆန္ဒကင်းမဲ့ပြီး အလိုအလျောက် ပြုမူတတ်သော လူလည်လေး တစ်ယောက် ပေါ်လာခြင်းက သူတို့၏ ဘဝတွင် ပျော်ရွှင်မှု အများအပြားကို ပေါင်းထည့်ပေးနိုင်လေ၏။
ဆန္ဒကင်းမဲ့ခြင်းက လူတစ်ယောက်ကို အစွမ်းထက်စေသည်... လူတစ်ယောက်က ဘာကိုမှ မလိုချင်သရွေ့ ကြောက်စရာ ဘာမှ မရှိတော့ချေ။
ထိုကဲ့သို့သော လူမျိုးများသည် ရှားပါးပြီး တန်ဖိုးရှိလှပေသည်။ လုပ်ဆောင်မှု ကင်းမဲ့ခြင်းကို အဓိက ကျင့်ကြံသော ကျင့်ကြံသူများပင်လျှင် ထို အမြင့်မြတ်ဆုံး တာအိုကို ရှာဖွေနေကြသည် မဟုတ်ပါလော ဟု တွေးနိုင်ပေသည်။
"ကောင်လေး... ဟန်ဆောင် မနေနဲ့တော့... ထစမ်း..."
ထိုက်အာသည် ဟန်ဆောင် အိပ်ပျော်နေဆဲဖြစ်သော အိုးယန်ကို ကြည့်ကာ မကျေနပ်စွာ ပြောဆိုလိုက်လေ၏။
အိုးယန် ထထိုင်လိုက်ပြီး သူ ခုလေးတင် သောက်ထားသော အရက်များ အားလုံးကို အန်ချလိုက်ပေသည်။ သူ၏ ပါးစပ်ကို သုတ်လိုက်ပြီး အကယ်၍ သူသာ ဤအချိန်တစ်လျှောက်လုံး အရက်ကို ရှောင်မနေခဲ့ပါက ယနေ့ သူ လုံးဝ မူးရူးသွားလိမ့်မည်ဟု တွေးလိုက်မိလေ၏။
ထိုက်အာသည် အိုးယန်ကို စိတ်ပျက်လက်ပျက် ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ကောင်လေး... မင်းရဲ့ ဂျူနီယာညီလေးက ငါ့ရဲ့ ဓားဂိုဏ်းက မွေးရာပါ ကြာစိမ်း ဓားစိတ်ဆန္ဒကို ကျင့်ကြံထားတယ်... အဲဒီ အမြင့်ဆုံး တိုက်ခိုက်ရေး ကြာစိမ်း ဓားစိတ်ဆန္ဒကို ကျင့်ကြံနိုင်ဖို့အတွက် သူက ဓားစိတ်ဆန္ဒ စမ်းသပ်မှုတွေ ရေတွက်လို့မရနိုင်အောင် ဖြတ်သန်းပြီး သူ့ကိုယ်သူ ပုံသွင်းရမယ်... ငါ့ရဲ့ ဓားဂိုဏ်းက ဝမ်ကျန့် ရေကန် မှာ နေတာက သူ့အတွက် ကောင်းဖို့ပါပဲ... ဒါဆို ဘယ်လိုလဲ... ငါ သူ့ကို အမည်ခံတပည့် တစ်ယောက် အဖြစ် မချစ်မနှစ်သက်ပဲ လက်ခံပေးမယ်... ဒါဆိုရင် တရားဝင် ဖြစ်သွားလိမ့်မယ်..."
ဤစကားကို ကြားလိုက်ရသဖြင့် အိုးယန်သည် ချက်ချင်းပင် သူ၏ လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်ပြီး ပြောဆိုလိုက်လေ၏။
"ခင်ဗျားက ကျွန်တော့်ရဲ့ ဂျူနီယာညီလေးကို တပည့် အဖြစ် လက်ခံနေပြီ ဆိုမှတော့ ခင်ဗျားတို့ ကျွန်တော်တို့ ဆိုပြီး ဘာလို့ ခွဲခြားနေဦးမှာလဲ... ဒီ ဝမ်ကျန့် ရေကန်ကို ချင်းယွင်ဂိုဏ်းရဲ့ တောင်ထိပ်ငယ်လေး ဆီ ရွှေ့သွားရင် ဘာပြဿနာမှ မရှိလောက်ဘူး မဟုတ်လား..."
ဓားဂိုဏ်း၏ ဝမ်ကျန့် ရေကန်ကို သူ့အား ပေးလိုက်ရန် အိုးယန် တောင်းဆိုလိုက်ပေသည်။
အခန်း ၁၅၂ - ဓားတွင် ဝိညာဉ် ရှိသော်လည်း...
အရက်မူးပြီး အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသော ထိုက်အာသည် ရိုင်းစိုင်းသော အမူအရာ ရှိသည့် အိုးယန်ကို စိုက်ကြည့်ကာ ရယ်မောလိုက်ပြီး အထင်သေးစွာ ပြောဆိုလိုက်လေ၏။
"ကောင်းပြီ... မင်း ရွှေ့နိုင်သရွေ့ အဲဒါ မင်းဟာပဲ... ဒါပေမဲ့ မင်း မရွှေ့နိုင်ဘူးဆိုရင် သူက ဒီမှာ အနှစ်နှစ်ဆယ် နေရမယ်..."
ထိုက်အာသည် သတိလစ်နေဆဲဖြစ်သော လန်ချင်းဆုန်းကို လက်ညှိုးထိုးပြလိုက်ရာ သူ၏ ရည်မှန်းချက်မှာ ရှင်းလင်းစွာ ပေါ်လွင်နေပေသည်။ ဝမ်ကျန့် ရေကန်တွင် ဓားဂိုဏ်း တည်ထောင်ချိန်မှစ၍ ယခုအထိ အစွမ်းထက် ကျင့်ကြံသူများ ရေတွက်၍မရနိုင်အောင် ချန်ရစ်ခဲ့သော သက်ရှိ ဓားစိတ်ဆန္ဒ၊ တာအို စည်းချက်နှင့် ဥပဒေသများပင် ပါဝင်နေသည်ကို ထည့်မပြောတော့ချေ။
ဝမ်ကျန့် ရေကန် ကိုယ်တိုင်ကပင် ပေါက်ကွဲနေသော မီးတောင် တစ်ခု ဖြစ်လေသည်။ ဝမ်ကျန့် ရေကန်ကို အကောင်းအတိုင်း ရွှေ့ပြောင်းရန်မှာ အိပ်မက်မက်ခြင်း သက်သက်သာ ဖြစ်ပေသည်။ အာကာသကို ဖောက်ထွက်နိုင်သော သူပင်လျှင် လွတ်လပ်စွာ ဝင်ထွက်နိုင်ရုံသာ ရှိပြီး ဝမ်ကျန့် ရေကန်ကို သူ ကိုယ်တိုင် မရွှေ့ပြောင်းနိုင်ချေ။
ထိုက်အာ၏ အတွင်းစိတ် အတွေးများ မဆုံးမီမှာပင် အိုးယန်က အံ့အားသင့်စွာ ခုန်ပေါက်သွားလေ၏။ သူ၏ အရှေ့ရှိ ထိုက်အာသည် ဤမျှ သဘောကောင်းပြီး ဝမ်ကျန့် ရေကန်ကို ဤကဲ့သို့ အလကား ပေးလိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ တခြားသူတွေ မရွှေ့နိုင်ပေမယ့် ငါ အိုးယန်က မရွှေ့နိုင်ဘူးလား ဟု အိုးယန် တွေးလိုက်သည်။
အိုးယန်သည် သူ၏ ဘေးရှိ လျန်ကျိုက်ကို ပုတ်လိုက်လေ၏။ လျန်ကျိုက်သည် အားနည်းစွာ မတ်တတ်ရပ်လိုက်ပြီး လေထဲသို့ ဖြည်းညင်းစွာ လွင့်တက်သွားပေသည်။ လုံးဝ စိတ်ပျက်အားငယ်နေသော အမူအရာဖြင့် ထိုခွေးသည် ခွေးပါးစပ်ကို ဟလိုက်လေ၏။ သူ၏ သခင်သည် သူ့ကို ထူးဆန်းသော အရာမျိုးစုံ စားခိုင်းရသည်ကို အလွန် နှစ်သက်ပုံ ရပေသည်။
ခွေးပါးစပ် လင်းလက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အာကာသသည် ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသည့်အလား စတင် ဆုတ်ဖြဲခံလာရလေ၏။ ဝမ်ကျန့် ရေကန် တစ်ခုလုံးသည် ကမ္ဘာများ ပြောင်းလဲသွားသည့်အလား လူတိုင်း၏ အမြင်အာရုံမှ တိုက်ရိုက် ပျောက်ကွယ်သွားပေသည်။ သတိလစ်နေသော လန်ချင်းဆုန်း ပင်လျှင် သူ၏ မူလ နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
"ဘာ... ဘာ... ဘာ... သောက်ကျိုးနည်း... ဝမ်ကျန့် ရေကန် ဘယ်ရောက်သွားတာလဲ... ငါ့ရဲ့ ဧရာမ ဝမ်ကျန့် ရေကန်ကြီး ဘယ်ရောက်သွားတာလဲ..."
လိမ့်ဆင်းနေသော ချော်ရည်များသာ ကျန်ရစ်တော့သည့် ဟာလာဟင်းလင်း ဖြစ်နေသော မြေပြင်ကို အကဲခတ်ရင်း ထိုက်အာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စကားပင် မပြောနိုင်တော့ချေ။
"မင်း ကောင်စုတ်လေး... ငါ့ရဲ့ ဓားဂိုဏ်းက ဝမ်ကျန့် ရေကန်ကို ပြန်ပေးစမ်း..."
ထိုက်အာသည် အိုးယန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီး တစ်လှမ်း လှမ်းကာ အိုးယန်၏ အရှေ့သို့ တိုက်ရိုက် ပြေးသွားလေ၏။ သူသည် အိုးယန်ကို လက်တစ်ဖက်တည်းဖြင့် မတင်လိုက်ပြီး စကားပြောနေစဉ် အိုးယန်ကို တံတွေးဖြင့် ထွေးလိုက်ပေသည်။
“ပစ္စည်းတွေက ငါ့ဗိုက်ထဲ ရောက်နေပြီ... ငါ အန်ထုတ်စေချင်တယ်ဆိုရင် ငါ အိမ်သာ သွားတဲ့ အထိ မင်း စောင့်ရလိမ့်မယ်” ဟု အိုးယန်က ဆိုလိုက်သည်။
အိုးယန်သည် မျက်နှာပြောင်တိုက်သော အမူအရာဖြင့် လက်ခုပ်တီးလိုက်လေ၏။ လန်ချင်းဆုန်း၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေခဲ့သော ချန်ချန်ရှန်းသည် တိတ်တဆိတ် မတ်တတ်ရပ်လိုက်ပြီး သူ၏ လက်ကို လှန်လိုက်ရာ မှတ်တမ်းကျောက်တုံး တစ်ခု သူ၏ လက်ထဲတွင် ပေါ်လာခဲ့ပေသည်။ မှတ်တမ်းကျောက်တုံးက ယခုလေးတင် ပြောခဲ့သော ထိုက်အာ၏ ရဲတင်းသည့် ရယ်မောသံကို ရှင်းလင်းစွာ ဖွင့်ပြလေသည်။
"မင်း ရွှေ့နိုင်သရွေ့ အဲဒါ မင်းဟာပဲ..."
"အဲဒါ မင်းဟာပဲ..."
"မင်းဟာပဲ..."
"မင်းဟာပဲ..."
ချန်ချန်ရှန်းသည် ထိုက်အာ၏ ရဲတင်းသော စကားများကို အကြိမ်ကြိမ် ဖွင့်ပြနေလေ၏။ ဤအခိုက်အတန့်တွင် ထိုက်အာသည် ဓားဂိုဏ်းချုပ် ဟူသော သူ၏ ဂုဏ်ပုဒ်ကို ဂရုမစိုက်တော့ချေ။ သူသည် ချန်ချန်ရှန်းကို လက်ညှိုး တစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ ချန်ချန်ရှန်း၏ လက်ထဲရှိ မှတ်တမ်းကျောက်တုံးသည် မျက်စိတစ်မှိတ်အတွင်း ဖုန်မှုန့် အဖြစ် ကြေမွသွားတော့လေသည်။
"ငါ့ရဲ့ ဓားဂိုဏ်းက ဝမ်ကျန့် ရေကန်ကို အမြန် ပြန်ပေးစမ်း... ငါ အဲဒီလို မပြောခဲ့ဘူး..."
ထိုက်အာသည် အိုးယန်ကို သူ၏ မျက်လုံးအမြင့် အထိ မတင်လိုက်ပြီး ကြမ်းတမ်းစွာ ပြောဆိုလိုက်ပေသည်။
"အဲဒါ မင်းဟာပဲ..."
"မင်းဟာပဲ..."
"မင်းဟာပဲ..."
ထိုက်အာ၏ အသံသည် ချန်ချန်ရှန်း၏ လက်ထဲမှ ထပ်မံ ထွက်ပေါ်လာပြီး နောက်ထပ် အသစ်စက်စက် မှတ်တမ်းကျောက်တုံး တစ်ခု သူ၏ လက်ထဲတွင် ပေါ်လာပြန်လေ၏။ သူ၏ လက်ထဲတွင် ဖမ်းချုပ်ခံထားရသော အိုးယန်သည် ရိုးသားဖြူစင်သော အပြုံးတစ်ခု ပြုံးပြကာ ပြောဆိုလိုက်ပေသည်။
"ကျွန်တော့်ရဲ့ ဂျူနီယာညီလေးက ဒီလို ကိစ္စတွေမှာ တော်တယ်... သူက အရာအားလုံးကို အရန်သိမ်းဆည်းမှုတွေ အများကြီး လုပ်ထားတတ်တယ်... ဂိုဏ်းချုပ်က ဒီ မှတ်တမ်းကျောက်တုံးတွေ နေရာအနှံ့ ပျံ့နှံ့သွားတာကို မလိုချင်ဘူး မဟုတ်လား..."
"မင်း ငါ့ကို သောက်ရူး လာလုပ်နေတာလား..."
ထိုက်အာက သွားကြိတ်ကာ စကားတစ်ခွန်း ညှစ်ထုတ်လိုက်လေ၏။
"ဦးလေး... ဘာတွေ ပြောနေတာလဲ... ခင်ဗျားက အခု ကျွန်တော့် ဒုတိယ အစ်ကိုရဲ့ စာရင်းသွင်းထားတဲ့ ဆရာ ဖြစ်နေပြီ ဆိုတော့ ကျွန်တော် အိုးယန်ရဲ့ ဦးလေး ဖြစ်သွားပြီလေ... ကျွန်တော် အိုးယန်က အမြဲတမ်း သက်ကြီးရွယ်အိုတွေကို လေးစားပြီး လူငယ်တွေကို ချစ်ခင်တတ်ပါတယ်... ပြီးတော့ ကျွန်တော့်ရဲ့ ဆရာနဲ့ တာအိုကိုလည်း လေးစားပါတယ်... ကျွန်တော်က ဘယ်လိုလုပ် အဲဒီလို လုပ်ရပ်မျိုး လုပ်ရက်မှာလဲ..."
အိုးယန်က ချက်ချင်းပင် ငြင်းဆိုလိုက်ပေသည်။ လျှောက်လာသော ကျောက်ချီယန်စွန်းသည် မူလက ထိုက်အာကို ဖြောင့်မတ်ခြင်း တာအို အကြောင်း မေးမြန်းရန် စီစဉ်ထားသော်လည်း အိုးယန်ကို ဤကဲ့သို့ မြင်လိုက်ရချိန်တွင် သူ ချက်ချင်း တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာမျိုး ဖြစ်သွားလေ၏။ ဘေးရှိ ပိုင်ယွီမှာမူ သူ၏ မျက်နှာကို ဖုံးအုပ်ထားပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် သူ၏ စီနီယာအစ်ကို၏ မျက်နှာထူမှုကို အသားမကျသေးပုံ ရပေသည်။
ထိုက်အာသည် အိုးယန်၏ လည်ပင်းကို ညှစ်ကာ ပြင်းထန်စွာ လှုပ်ရမ်းလိုက်ပြီး အိုးယန်၏ ပါးစပ်မှ ဝမ်ကျန့် ရေကန်ကို အမြန်ဆုံး အန်ထုတ်စေချင်နေပေသည်။ ဤသည်မှာ ဓားဂိုဏ်းက နှစ်ပေါင်း မရေမတွက်နိုင်အောင် လက်ဆင့်ကမ်းလာခဲ့သော ရတနာ တစ်ခု ဖြစ်ပြီး ပင်မ ခန်းမဆောင်ကြီး အတွင်းရှိ အင်မော်တယ်၏ မှတ်စုများထက် မလျော့သော တန်ဖိုး ရှိပေသည်။ ယခုတော့ ထိုအရာသည် သူ၏ လက်ထဲတွင် ပျောက်ဆုံးတော့မည် ဖြစ်လေသည်။ အကယ်၍ တစ်နေ့နေ့တွင် သူ သေဆုံးသွားပါက သူ၏ ဓားဂိုဏ်းမှ ဘိုးဘေးများကို သူ မည်သို့ မျက်နှာပြရမည်နည်း။
အိုးယန်သည် မျက်လုံးကို တိုက်ရိုက် အပေါ်လှန်လိုက်ပြီး ပစ္စည်းတော့ မရှိဘူး... တန်ဖိုးမရှိတဲ့ အသက် တစ်ချောင်းပဲ ရှိတယ် ဟု ပြောနေသည့်အလား အညံ့မခံသော အမူအရာကို ပြသနေလေ၏။ ဤ အညံ့မခံသော အမူအရာက မာနကြီးပြီး ဗိုလ်ကျစိုးမိုးတတ်သော ထိုက်အာကို ဒူးထောက်ပြီး တောင်းပန်လုနီးပါး ဖြစ်စေခဲ့ပေသည်။
လျန်ကျိုက်သည် လေထဲမှ ပြုတ်ကျလာပြီး နောက်ထပ် အရွယ်အစား တစ်ခု ထပ်ကြီးလာသော သူ၏ ခန္ဓာကိုယ်ကို ကြည့်ကာ အနည်းငယ် အစာမကြေ သကဲ့သို့ ခံစားလိုက်ရလေ၏။ သူသည် ဓားအိမ် တစ်ခု သက်သက်သာ ဖြစ်ပြီး အခု သူ ဘယ်လို အရာတွေကို မျိုချနေရသနည်း ဟု တွေးလိုက်မိသည်။ အာကာသ တစ်ခုကို မျိုချရတာ မလုံလောက်သေးလို့ အဲဒီ အာကာသ ထဲကို ပစ္စည်းတွေ ထပ်သိပ်ထည့်နေသေးသလော။
အိုးယန် အသိဉာဏ် ပွင့်လင်းစေခဲ့သော ကမ္ဘာငယ်လေးသည် ယခုအခါ လျန်ကျိုက်၏ ဗိုက်ထဲတွင် ရှိနေပြီ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ဓားအိမ် တစ်ခုဖြစ်သော တာအိုရတနာ တစ်ခုအနေဖြင့် ထိုအရာတွင် သိုလှောင်ရေး အာကာသ စွမ်းရည် အချို့ မရှိလျှင် အိုးယန် ယုံကြည်မည် မဟုတ်ချေ။ စနစ်၏ တာဝန်ကို ပြီးမြောက်ပြီးနောက် အိုးယန်သည် ခွေးပါးစပ်ကို ဖြဲကာ သူ့ကို အနောက်မှ လိုက်ပြီး အဖေ ဟု ခေါ်နေသော အာကာသကို လျန်ကျိုက်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ခွင့် ပြုလိုက်လေ၏။ ကမ္ဘာ တစ်ခုကို သားအဖြစ် ပိုင်ဆိုင်ထားသော သူ့လောက် မည်သူက မိုက်နိုင်ဦးမည်နည်း။
ထို့ပြင် လျန်ကျိုက်၏ မွေးရာပါ စွမ်းရည်ကို ရှာဖွေတွေ့ရှိပြီးနောက် အိုးယန်သည် ဓားဂိုဏ်း၏ ဝမ်ကျန့် ရေကန် အပေါ် သဘာဝကျကျပင် မျက်စိကျသွားခဲ့ပေသည်။ လီတိုက်ပိုင်၏ ယခင်ဘဝကို ဖြတ်သန်းခဲ့ဖူးသဖြင့် ဓားအင်မော်တယ် တစ်ပါး ဖြစ်လာနိုင်သော လီတိုက်ပိုင်သည် ဓားတာအို၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း အိုးယန် ကောင်းစွာ သိထားလေ၏။ ဓားတာအို၏ အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်ရှိရန်မှာ မိုင်ထောင်ချီ ခရီးသွားပြီး ဓားတာအို မျိုးစုံကို မတွေ့ကြုံဖူးဘဲ မဖြစ်နိုင်ချေ။
ထို့ပြင် ဓားဂိုဏ်း၏ ထောင်ပေါင်းများစွာသော နှစ်များ၏ အုတ်မြစ်ကို သူ၏ ဒုတိယအစ်ကို အတွက် ခိုင်မာသော အုတ်မြစ် ချပေးရန် အသုံးပြုနိုင်ပေသည်။ သို့ရာတွင် သူ၏ ဒုတိယညီငယ် ဓားဂိုဏ်းတွင် နေရမည်ကို အိုးယန် ဆန္ဒမရှိသလို လန်ချင်းဆုန်း နိုးလာလျှင်တောင်မှ သူလည်း ဆန္ဒရှိမည် မဟုတ်ချေ။ သူ၏ ဒုတိယညီငယ်၏ တာအို အတွက် သူ အနည်းငယ် မျက်နှာထူရခြင်းက ဘာမှ မဟုတ်ချေ။ ထိုက်အာက သူ့ကို တကယ် သတ်ရဲမည်လော။ အကယ်၍ သူ့ကို သတ်လိုက်ပါက သူ၏ အမိန့် မရှိဘဲ ဝမ်ကျန့် ရေကန်သည် ခွေးပါးစပ်ထဲမှ ပြန်ထွက်လာမည် မဟုတ်ချေ။
ယခုအခါ လျန်ကျိုက်၏ ဗိုက်ထဲရှိ ကမ္ဘာငယ်လေး အတွင်း၌ ဧရာမ တောင်ထိပ်ကြီး တစ်ဝက်သည် လေထဲမှ ရုတ်တရက် ပေါ်လာပြီး ရေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေ၏။ ဤ တောင်ထိပ်ကြီး တစ်ဝက်သည် ဤ ကမ္ဘာငယ်လေး အတွက် ပြင်ဆင်ထားသည့်အလား မူလ ရေကန် ရှိရာ နေရာတွင် ကွက်တိ ဝင်သွားပုံ ရပေသည်။ ထို့ပြင် လန်ချင်းဆုန်းသည် ဝမ်ကျန့် ရေကန်၏ ရေထဲတွင် သတိလစ်နေပြီး ဝမ်ကျန့် ရေကန် အောက်ခြေမှ ဓားစိတ်ဆန္ဒများ ရေတွက်၍မရနိုင်အောင်သည် သူ၏ ဒုတိယအစ်ကို ထံသို့ စုစည်းလာကြလေ၏။
နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီမှန်း မသိသော ဓားဂိုဏ်း၏ အုတ်မြစ်သည် သူ၏ ဒုတိယအစ်ကို၏ အလျင်အမြန် စုပ်ယူခြင်းကို ခံနေရပေသည်။ ထို အပြစ်ကင်းစင်သော နှလုံးသား ထံသို့ ဓားစိတ်ဆန္ဒများ ရေတွက်၍မရနိုင်အောင် စုစည်းလာကြပြီး အပြောက်အကျား အမာရွတ်များကို ချန်ရစ်ထားခဲ့လေ၏။ လန်ချင်းဆုန်း၏ မျက်နှာအမူအရာမှာ တစ်ခါတစ်ရံ နာကျင်နေပြီး တစ်ခါတစ်ရံ သက်သာရာရနေပုံ ရပေသည်။ သတိလစ်နေစဉ်အတွင်း သူသည် လီတိုက်ပိုင်နှင့် ဓားကျင့်ကြံသူများ ရေတွက်၍မရနိုင်အောင်၏ ပုံသွင်းမှုကို ခံယူနေရလေ၏။
လျန်ကျိုက်သည် အိုးယန်၏ ဘေးတွင် ဆင်းသက်လာပြီး အိုးယန်၏ ခါးပတ်တွင် ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ရန် ဗီဇအရ ပြင်ဆင်နေစဉ် အိုးယန်၏ လည်ပင်းကို ညှစ်ထားသော ထိုက်အာသည် နောက်ဆုံးတွင် သူ၏ ဝမ်ကျန့် ရေကန်ကို ယူသွားသော တရားခံကို သတိပြုမိသွားလေ၏။ သူသည် ဝက်အူချောင်းခွေးကို ဖမ်းရန် လက်လှမ်းလိုက်ရာ ဝက်အူချောင်းခွေး၏ စိတ်မပါတပါ မျက်လုံးများကလည်း ထိုက်အာကို ကြည့်လာပေသည်။ အချိန် ပုံပျက်မှု တစ်ခုမှ လာသည့်အလား ထို အကြည့်က ထိုက်အာကို သူ၏ လက်ကို ရပ်တန့်သွားစေခဲ့လေ၏။ သူ၏ အရှေ့ရှိ ဝက်အူချောင်းခွေးကို သူ အချိန်အကြာကြီး ကတည်းက သိကျွမ်းခဲ့သလို ခံစားရပြီး အကြောင်းပြချက် တစ်ခုခုကြောင့် ထူးဆန်းသော ငြိမ်းချမ်းမှု ခံစားချက် တစ်ခု ရရှိနေပေသည်။
"ဓား တစ်လက်မှာ မွေးရာပါ ဝိညာဉ် ရှိပေမယ့် အဲဒါက ဓားသွား တစ်ခု သက်သက်ပါပဲ..."
လျန်ကျိုက်က တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
ထိုက်အာသည် လျှပ်စီးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး လေထဲတွင် တစ်ခုခုကို ဆုပ်ကိုင်မိသွားပုံ ရလေ၏။ သူသည် အိုးယန်ကို လွှတ်ပေးလိုက်ပြီး သူ၏ လက်များကို လည်ပင်း တစ်ဖက်တစ်ချက်စီတွင် ထားကာ ပြင်းပြင်းထန်ထန် ဆွဲလိုက်ပေသည်။
ဂျွတ်...
သတ္တု အချင်းချင်း ရိုက်ခတ်သံ တစ်ခု ထွက်ပေါ်လာပြီး သံကြိုးများ ပြတ်တောက်သွားသည့် အသံနှင့် ပိုတူနေလေ၏။