အနီရောင် ပုံရိပ်ကမ္ဘာ
Vol. 10 Ch. 130
အပြင်ဘက်တွင် မမှောင်သေးသော်လည်း မည်သို့ပင် ဆိုစေကာမူ မိုးသစ်တောအား အမှောင်ထုက ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ အသံကျယ်ကြီးများသည် ဝေးလံသောဒေသမှ ရောက်ရှိလာခဲ့ပြီး တိရစ္ဆာန်များ၊ ငှက်များ၏ အော်သံများနှင့် ရောနှောနေခဲ့သည်။ အဝေးရှိ မိုးသစ်တောအတွင်း အပြောင်းအလဲကြီးတစ်ခု ဖြစ်ပျက်ခဲ့ဟန်ပင်။
စုမင် ဂူဝင်ပေါက်ဘေးတွင် ရပ်လျက် အေးဆေးတည်ငြိမ်စွာဖြင့် အဝေးတစ်နေရာသို့ ကြည့်နေခဲ့မိသည်။ အချိန်များ ကုန်လွန်သွား၏။ ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်နေသည်မှာ စုမင်နှင့် အနီးကလေးမှ ရောက်ရှိလာသကဲ့သို့ပင်။ အသံများ ပို၍ ရှင်းလင်းပြတ်သားလာသည်နှင့် အမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် သူ့အနားသို့ ချဉ်းကပ်လာသူတစ်ဦး ရှိနေသည်ဟု စုမင် ခံစားမိနေ၏။
ညာလက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး စုမင်မျက်လုံးများအတွင်း အေးစက်မှုများ ထွက်ပေါ်လာသည်။ ဂူဝင်ပေါက်တွင် ရုပ်တုတစ်ခုအဖြစ် ပြောင်းသွားသည့်အတိုင်းပင်။
ခေတ္တကြာပြီးနောက် အသံတို့သည် စုမင်ရှိရာ အရပ်နှင့် မနီးဝေးတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော် ၎င်းအသံတို့ တဖြည်းဖြည်း တိုးတိတ်သွားသည်နှင့် တစ်ပြိုင်နက် ယခင်အသံများထက် ပို၍ပြင်းထန်သော ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ စုမင်၏ မျက်လုံးများသည် မရေမတွက်နိုင်အောင် ကျယ်ပြန့်သော အရွက်များကြားသို့ အကြည့်ရောက်သွားရာ ကောင်းကင်မှ ဆင်းသက်လာသူတစ်ဦးကို မြင်လိုက်ရသည်။
ထိုအရာသည် စုမင်ရှိရာ နေရာနှင့် ဝေးကွာသော နေရာတွင် ရှိနေသည်မို့ ခပ်ဝါးဝါးသာ မြင်နိုင်ပေသည်။ ထိုလူသည် ကောင်းကင်သို့ မော့၍ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏ ကြုံးဝါးသံတွင် စကားဖြင့်ပင် ဖော်ပြ၍မရနိုင်သည့် အမျက်ဒေါသတို့ ပါဝင်နေပြီး အလင်းတန်းရှည်အသွင် ပြောင်းလဲကာ အဝေးသို့ ထွက်ခွာသွားပြီး မကြာမီ ပျောက်ကွယ်သွားလေသည်။
ထိုပုဂ္ဂိုလ်မှာ ရွှမ်းလွမ် ဖြစ်၏။
ထိုသူ ထွက်ခွာသွားသည့်အခါ စုမင်ခန္ဓာကိုယ်မှ တင်းမာမှုများ ပြေလျော့သွားသည်။ သူ့မျက်လုံးများမှ အေးစက်မှုတို့လည်း ပျောက်ကွယ်လို့သွား၏။ သူသည် သူ၏ မိုးသစ်တောတွင် နေထိုင်ရန် ဆုံးဖြတ်ချက်ကို သံသယဝင်ခဲ့မိဖူး၏။ သို့သော် မိုးသစ်တောသည် နေထိုင်ရန် အန္တရာယ်အရှိဆုံး နေရာ ဖြစ်သည့်အတွက် ပုန်းအောင်းနေမည်လောဟု ထည့်တွက်ရာတွင် လျစ်လျူရှုခံရမည့် နေရာလည်းဖြစ်သည်။
ထို့အပြင် ဤနေရာက အလွန်ကြီးမားသည့် အတွက် ရုပ်နယ်လွန် မာန်စွမ်းအားရှင်များပင်လျှင် သစ်တောတစ်ခုလုံးကို ရှာဖွေနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ရွှမ်းလွမ် ထွက်ခွာသွားခြင်းကို ကြည့်နေခဲ့သော်လည်း စုမင် အလျင်စလို မပြုမူခဲ့ပေ။ အသံ တစိုးတစိမှ မထွက်စေရပဲ ဂူအတွင်းသို့ ပြန်သွားရန်သာ ရွေးချယ်ခဲ့သည်။ လုံးဝ လုံခြုံစိတ်ချရမှု မရှိမချင်း ဂူမှ ထွက်ခွာမသွားရန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။
စုမင် နှုတ်ဆိတ်လျက် ထိုင်နေမိသည်။ သတိလစ်နေသော ဟယ်ဖုန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်မိသည်။ ၎င်းနှင့် အတူတူ ကိစ္စများကို ဖြတ်သန်းခဲ့ပြီးသောအခါ လူ့စိတ်နှလုံး၏ ယုတ်ညံ့သော သဘော သဘာဝကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့ချေသည်။
စုမင် နံဖူးအလယ်အား နှိပ်နယ်လျက် မှောင်မိုက်သော ဂူအတွင်း တိတ်ဆိတ်စွာထိုင်နေရင်း သူ့မျက်နှာပေါ်၌ ပင်ပန်းနွမ်းနယ်မှုတို့ ထင်ဟပ်လာခဲ့သည်။ ထိုပင်ပန်းနွမ်းနယ်မှုသည် ကိုယ်ခန္ဓာမှ လာသည်မဟုတ်ပဲ နှလုံးသားမှ လာခြင်းဖြစ်သည်။
ခဏအကြာတွင် စုမင် အာရုံပြန်စိုက်လိုက်ပြီး အစောပိုင်း လေ့လာတွေ့ရှိချက်များ မှန်ကန်ခဲ့သည့် သားရဲအရေထည်ကို ယူလိုက်သည်။ ၎င်းအား နှာခေါင်းအောက်တွင်ထား၍ အနံ့ခံကြည့်မိပြန်သည်။ နှာခေါင်းဝအား သွေးညှီနံ့များ ဟောင်ခနဲ လာရောက်ရိုက်ခတ်လေ၏။
သားရဲတို့၏ အရေခွံတွင် သွေးညှီနံ့ရှိနေသည်မှာ သဘာဝကျသော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ အနံ့သည်လည်း တဖြည်းဖြည်း မှိန်ဖျော့၍ ပျောက်ကွယ်သွားရပေမည်။ ဤသားရဲအရေထည်မှာ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှသည်။ ထို့ကြောင့် ဤကဲ့သို့ ဟောင်စပ်နေသည့် သွေးညှီနံ့များ ရှိနေသေးရန် မဖြစ်နိုင်ချေ။ စုမင်မျက်လုံးများက တောက်ပနေသည်။ လက်ထဲရှိ သားရဲအရေထည်အား ကြည့်ရင်း ရေရွတ်မိ၏။
"ဒါပေမယ့် သားရဲအရေထည်ပိုင်ရှင်က ဒါကို သွေးနဲ့ အမြဲတမ်း ပက်ဖြန်းပေးလေ့ရှိရင်တော့ အနံ့အကြာကြီး ရှိနေနိုင်တယ်။ အကယ်၍ သူက သားရဲအရေထည်ကို သူ့မျိူးနွယ်စုရဲ့ အမှတ်တရတစ်ခုအဖြစ် သိမ်းထားတာဆိုရင်တော့ ဒါမျိူး လုပ်စရာမလိုဘူးလေ"
စုမင်သည် ခေါင်းကိုမော့၍ ဟယ်ဖုန်းအား စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်မိသည်။
"ငါ့ ခန့်မှန်းချက်က မှားကောင်းမှားနိုင်တယ်။ ဒါပေမယ့် ငါမှန်ရင်တော့ ဒီပစ္စည်းက ကြည့်ရသလောက် ရိုးရှင်းတဲ့အရာ မဟုတ်ဘူး"
စုမင် ထရပ်၍ သားရဲအရေထည်နှင့်အတူ ဟယ်ဖုန်းဘေးသို့ ထွက်သွားလိုက်သည်။ ခေတ္တ တွန့်ဆုတ်နေခဲ့သော်လည်း သိပ်မကြာခင်မှာပင် လက်ချောင်းတစ်ချောင်းနှင့် ဟယ်ဖုန်းလက်မောင်းပေါ်မှ ဒဏ်ရာအား ပွင့်လာအောင်ဆွ၍ ခန္ဓာကိုယ်တွင်း ကျန်ရှိနေသေးသည့် သွေးအနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။ ခဏတွေဝေနေခဲ့ပြီးမှ အကုန်သုံးမပစ်ရန် ဆုံးဖြတ်ချက်ချလိုက်၏။ အနည်းငယ်မျှ ယူ၍ သားရဲအရေထည်ပေါ် သုတ်လိမ်းကာ အနောက်ဆုတ်၍ စောင့်ကြည့်နေလိုက်သည်။
ဟယ်ဖုန်း၏ သွေးစက်များသည် သားရဲအရေထည်ပေါ် ပျံ့နှံ့သွားသည်နှင့် ချက်ချင်း စုပ်ယူခံလိုက်ရသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ပူစီဖောင်းများ ပလုံစီလာပြီး အနက်ရောင်အခိုးအငွေ့များအဖြစ် ပျံ့နှံ့လာသည်။ ၎င်းသည် သားရဲအရေထည်၏ အစိတ်အပိုင်းအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ ပူဖောင်းများ များပြားလာသည်နှင့် အမျှ မြူခိုးများလည်း တိုးပွားလာခဲ့သည်။
စုမင် ချက်ချင်းပင် လက်လွှတ်၍ သားရဲအရေထည်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ သူ၏ မျက်လုံးများက တောက်ပနေသည်။ သူ၏ ရှေ့မှောက်၌ အနက်ရောင်အခိုးအငွေ့များသည် မယုံနိုင်လောက်အောင် ထူထပ်လာပြီး သားရဲအရေထည်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
စုမင် သူ၏ချီဓာတ်များကို လှည့်ပတ်လျက် နိုးနိုးကြားကြား ရှိနေလိုက်သည်။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ မြူခိုးများသည် ပိုမိုထူထပ်လာရန် စွမ်းအင်လုံလောက်စွာ မရှိပုံရဝည်။ တဖြည်းဖြည်း ပျက်ပြယ်သွားပြီး အဆုံး၌ ပျောက်ကွယ်သွားကာ မြေပေါ်တွင် မူလသားရဲအရေထည်အဖြစ် မပြောင်းမလဲ တည်ရှိနေတော့သည်။
စုမင် သားရဲအရေထည်ကို မျက်မှောင်ကြုတ်လျက် ငေးကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် သားရဲအရေထည် မျက်နှာပြင်၌ သူသုတ်လိမ်းခဲ့သော သွေးများ ပျောက်ကွယ်သွားသည်ကိုလည်း သူတွေ့လိုက်ရသည်။
"သွေးမလုံလောက်တာလား"
သတိလစ်နေသော ဟယ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည့် မြင်ကွင်းအား ပြန်စဉ်းစားမိသည်။ ဤတစ်ကြိမ်တွင် စုမင် မတွန့်ဆုတ်ခဲ့ပေ။ လျှာကိုကိုက်၍ သားရဲအရေထည်ပေါ်သို့ သွေးအန်ချလိုက်သည်။
သားရဲအရေထည်ပေါ်သို့ သွေးများကျရောက်သွားသောအခါ များစွာသော ပူဖောင်းများ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်မြူခိုးများလည်း ပျံ့နှံ့လာပြီး သားရဲအရေတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ယခုနက သည်လို ဖြစ်ရမည့်အရေးမှ တစ်ဝက်တွင် ဖြတ်ချခံလိုက်ရသည်။ ဤတစ်ကြိမ်တွင်တော့ လှုံ့ဆော်မှုအဖြစ် ဆောင်ရွက်သည့် သွေးများ လုံလောက်မှုရှိသော လက္ခဏာရပ်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သားရဲအရေထည်ကို ဖုံးလွှမ်းနေသော မြူခိုးများသည် ပျံ့နှံ့သွားကာ လက်စွပ်ကွင်း ပုံသဏ္ဍာန်ရှိ အငွေ့လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ အပြင်ဘက် အတော်ဝေးဝေးထိ ဖြန့်ကျက်သွားရာ အနက်ရောင် မြူခိုးများသည် ဂူနံရံများထက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် စုမင်၏ အသက်ရှူနှုန်းတို့ လျင်မြန်လာခဲ့သည်။ အခိုးအငွေ့များ ပျံ့နှံ့သွားသောအခါ အောက်တွင် ရှိနေခဲ့သော သားရဲအရေထည် ပေါ်လာခဲ့သည်။ ထိုအပေါ်၌ စကားလုံးများ မရှိတော့ပဲ ရုပ်ပုံတစ်ခု ဖြစ်ပေါ်လျက်ရှိ၏။ သို့သော် ပျောက်ဆုံးနေသည့် အပိုင်းများစွာရှိရာ ဘာပုံမှန်း သေချာမသိနိုင်ချေ။
စုမင် သားရဲအရေထည်အား မျက်စိမလွှဲပဲ အာရုံစိုက်ကြည့်နေစဉ်မှာပင် ထိုအရာက အလျင်အမြန် ပြန့်ကားလာခဲ့သည်။ ၎င်းသည် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး ချက်ချင်းဆိုသလိုပင် စုမင် ခြေထောက်အောက်နှင့် ဟယ်ဖုန်း ကိုယ်အောက်မှ ဖြတ်၍ ဘေးဘက် ပေ၁၀၀အထိ ရောက်ရှိလာခဲ့ကာ ထိုပေ ၁၀၀ အကျယ်အဝန်းအား အနီရောင် ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
စုမင် ရှောင်တိမ်းခြင်း မပြုပဲ အနီရောင် လွှမ်းခြုံထားသည့် ပေ ၁၀၀အတွင်း ရပ်နေခဲ့သည်။ ထိုအချိန်အတောအတွင်း စုမင် မိန်းမောသွားကာ ခေါင်းထဲတွင် ထူးဆန်းသော ပုံရိပ်များ ပေါ်လာခဲ့သည်။
ပုံရိပ်များကို မြင်သောအခါ သူသည် ထူးဆန်းသော ကမ္ဘာသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သည်။ မြက်ခင်းလွင်ပြင်များကို တွေ့မြင်ခဲ့ပြီး ထိုလွင်ပြင်များပေါ်တွင် လူတစ်ယောက်၏ မှုန်ဝါးဝါးပုံရိပ်ကို တွေ့လိုက်ရသည်။ ထိုလူသည် ရှည်လျားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့မျက်နှာထက်တွင် အနက်ရောင် မျက်နှာဖုံးတစ်ခု ရှိ၏။ ထိုလူသည် လက်နှစ်ဖက်အား နောက်ကျောသို့ပစ်လျက် ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။ ကောင်းကင်ထက် အလင်းတန်း ၁၀၀ ထက်မနည်း ပျံသန်းနေကြသည်။ ထိုအလင်းတန်းများ၏ စွမ်းအားမှာ ရုပ်နယ်လွန်နယ်ပယ်အောက် မယုတ်လျော့ကြပေ၊ အချိူ့ဆိုလျှင် ထိုအဆင့်ထက်ပင် များစွာ ကျော်လွန်နေသေး၏။
ရာချီသော အလင်းတန်းများမှာ ကောင်းကင်အား တောက်ပလင်းလက်နေစေသည်။ ပညာရပ်များ ထုတ်သုံးလိုက်ကြစဉ် ရောင်ခြည်တန်းများ ထွက်ပေါ်လာရာ အများစုမှာ အောက်ဘက်ရှိ လူထံသို့ ကျရောက်သွားလေသည်။ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
စုမင် ရင်တုန်သွားပြီး အရှေ့မှ မြင်ကွင်းကို သတိလက်လွတ် ငေးကြည့်နေမိသည်။ သို့သော် ချက်ချင်းဆိုသလိုပင် လွင်ပြင်ကျယ်တွင် ရပ်နေသော မျက်နှာဖုံးတပ်ထားသည့် အမျိူးသားမှာ ညာလက်ကို မြှောက်လိုက်သည်။ သူ့လက်ထဲ၌ ဧရာမ သားရဲအရေထည်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာအား လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားပြီး လေထဲသို့ လွှား၍ မြေပြင်ပေါ်သို့ ဖိချဖြန့်ခင်းလိုက်တော့သည်။
သားရဲအရေထည်ကြီး မြေပြင်ပေါ် ကျရောက်သွားစဉ်အခိုက် ကမ္ဘာတစ်ခုလုံး တုန်ခါ မြည်ဟိန်းသွားသည်။ သားရဲအရေထည်သည် လျင်မြန်စွာ ဖြန့်ကျက်၍ အနီးအနားဝန်းကျင်သို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ချက်ချင်းဆိုသလိုပင် လီ ၁၀၀ အကွာအဝေးအထိ ဖုံးအုပ်ပစ်လိုက်နိုင်လေသည်။
ထိုသို့ လီ ၁၀၀မျှ ကျယ်ဝန်းသော လွင်ပြင်သည် ယခင်ကဲ့သို့ စိမ်းလန်းမနေတော့ပဲ ကောက်ရိုးမြက်ခင်းပြင် အနီသို့ ပြောင်းလဲသွားခဲ့သည်။ ထိုအပေါ်တွင် အနီရောင်အပင်များလည်း ကြီးထွားပေါက်ရောက်နေကာ လီ ၁၀၀ အကျယ်အဝန်းအား အပြင်ဘက်ရှိ စိမ်းလန်းသည့် လွင်ပြင်ကျယ်နှင့် ကွဲပြားခြားနားစေ၏။ ထိတ်လန့်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့သည်။
ပညာရပ်များဖြင့် ပစ်လွှတ်လိုက်သော ရောင်ခြည်တန်းများမှာ ထိုလူနှင့် နီးကပ်လာသော်လည်း မျက်နှာဖုံးဝတ် လူထံ မရောက်ရှိနိုင်သေးခင်မှာပင် ဒြပ်မဲ့ ကာဆီးမှုတစ်ခုနှင့် တွေ့ဆုံရသကဲ့သို့ ၎င်းအထက်၌ ပျောက်ကွယ်သွားကြ၏။
ထိုအခိုက်တွင် မျက်နှာဖုံးနှင့်လူသည် လေဟာနယ်အား ညာလက်ဖြင့် ဖမ်းဆုပ်ယူလိုက်ရာ ချက်ချင်းဆိုသလိုပင် ခုနစ်ပေခန့် ရှည်လျားသော ဧရာမ သွားစွယ်ကြီး ပေါ်ထွက်လာပြီး ဘေးဘက်မှ အနီရောင် မြက်ခင်းပြင်အား ထိုးစိုက်ချလိုက်သည်။
သွားစွယ်ကြီးနှင့် မြေပြင်တို့ ထိခိုက်မိကြချိန်တွင် သွားစွယ်မှာ အနီရောင်သို့ ပြောင်းလဲသွားသည်။ ခေါင်းသုံးလုံးနှင့် နဂါးကြီး အသွင်သဏ္ဍာန်ပေါ်လာ၍ ကြုံးဝါးသံကြီးပြုကာ ကောင်းကင်ပေါ်ရှိ ရာချီသော အလင်းတန်းများထံ အရှိန်ဖြင့် ထိုးတက်သွားသည်။
မျက်နှာဖုံးနှင့်လူသည် အခြားသော ထက်မြသည့် သွားစွယ်တစ်ခုအား ထုတ်ကာ အခြားမြက်ခင်းပြင် တစ်နေရာအား ထိုးစိုက်ချလိုက်ပြန်သည်။ ထိုသွားစွယ်သည်လည်း တမုဟုတ်ချင်း အနီရောင်ပြောင်း၍ အရိပ်ထင်လာခဲ့သည်။ ထိုအရိပ်သည် ရက်စက်ကြမ်းကြုတ်သော ရှိန်ဝါအင်အားတစ်ရပ်အား ထုတ်လွှတ်လိုက်သည်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ပိထူ ဆင့်ခေါ်ခဲ့သော မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်နှင့် တူညီသော စွမ်းအားရှိမည်ထင်၏။
အရိပ်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရာနှင့်ချီသော အလင်းတန်းများရှိသည့် ကောင်းကင်ပြာသို့ ဦးတည်သွားသည်။
တစ်ချိန်တည်းမှာပင် တစ်ကမ္ဘာလုံးတွင် ဆူညံသံတို့ ပဲ့တင်ထပ်နေပြီး စုမင်မျက်လုံးများ ပွင့်လာခဲ့သည်။ သူ့နံဖူးတွင် ချွေးစများ သီးနေခဲ့၏။ လျင်မြန်စွာ အသက်လုရှူ၍ အမြင်အာရုံများ တဖြည်းဖြည်း ရှင်းလင်းလာပြီးနောက်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ သူသည် လှိုဏ်ဂူထဲတွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ သိူ့သော် ပေ ၁၀၀ အကွာအဝေး ဧရိယာမှာမူ အနီရောင်မြက်ခင်းပြင် ဖြစ်နေလေသည်။
အရွယ်အစားမှ လွဲ၍ ဤအနီရောင်မြက်ခင်းပြင်သည် ပုံရိပ်ကမ္ဘာထဲတွင် သူမြင်တွေ့ခဲ့ရသည့် ထင်ယောင်ထင်မှား ပုံရိပ်နှင့် အတူတူပင် ဖြစ်သည်။
စုမင်နှလုံးသားက ဝုန်းဒိုင်းကြဲ တုန်လှုပ်နေသောကြောင့် ကြာမြင့်စွာ အချိန်ယူ၍ စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ရသည်။ ပေ ၁၀၀ အကွာအဝေးရှိ အနီရောင်မြက်ခင်းပြင်အား ကြည့်လိုက်ပြီး စုမင်မျက်လုံးများ တဖြည်းဖြည်း တောက်ပလာခဲ့သည်။ အနီရောင် ပေ ၁၀၀ ဧရိယာမှနေ၍ ဂူဝင်ပေါ်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။ သူပြန်လှည့်ကြည့်သောအခါ ဂူထဲတွင် အနီရောင်အရိပ်အယောင် မရှိချေ။ ဟယ်ဖုန်းသည်တောင်မှ သဲလွန်စမကျန် ပျောက်ကွယ်သွားချေပြီ။ ဂူထဲတွင် ဗလာနတ္ထိဖြစ်နေခဲ့သည်။
အနီရောင်မြက်ခင်းပေါ်သို့ ပြန်လာချိန်၌မူ အရာအားလုံးက ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ဟယ်ဖုန်းသည်တော့ သတိလစ်လျက် မြေပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သည်။
"ဟယ်ဖုန်းက မျိူးနွယ်စု ဖျက်ဆီးခံရပြီး ရွှမ်းလွမ် လိုက်ဖမ်းတာ ခံနေရတာတောင် အခုထိ လွတ်မြောက်နေသေးတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။ သူက ဉာဏ်ကောင်းတယ်ဆိုပေမယ့် ဒီရတနာပစ္စည်းကြောင့်သာ မဟုတ်ရင် အခုချိန်ထိ အသက်ဆက်ရှင်ဖို့ ခက်ခဲမှာပဲ"
"ဒီပစ္စည်းက ငါပုံရိပ်ကမ္ဘာထဲမှာ မြင်ရတဲ့အတိုင်း ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တဲ့အစွမ်းကို ပိုင်ဆိုင်ထားတယ်။ ဒါက စုတ်ပြဲနေတာတောင်မှ အခုထိ ကြောက်စရာအစွမ်းကို ပိုင်ဆိုင်ထားတုန်းပဲ"
"ဒီဟယ်ဖုန်းက ခေါင်းအစ ခြေအဆုံး ရတနာတွေနဲ့ ဖုံးလွှမ်းနေတာပဲ"
စုမင် အသက်ပြင်းပြင်း ရှူရှိူက်မိသည်။ သူ့ဘဝတွင် အဖိုးတန်ပစ္စည်းများစွာကို ပထမဆုံးအကြိမ် ရရှိခဲ့ဖူးခြင်းဖြစ်ပြီး ၎င်းအရာအားလုံးသည်လည်း မူလက ဟယ်ဖုန်းပိုင်ဆိုင်ခဲ့သော အရာများသာ ဖြစ်ကြသည်။
"ရွှမ်းလွမ် သူ့ကိုလိုက်သတ်တော့ ဘာလို့ ဒီပစ္စည်းကို မသုံးခဲ့တာပါလိမ့်"
စုမင် ပေ ၁၀၀ ဧရိယာခန့် ကျယ်ဝန်းသော မြင်ခင်းပြင်ကို ကြည့်ရှုလိုက်သည်။ နောက်တစ်ဖန် လျှောက်ထွက်သွား၍ ဂူထဲမှ ထွက်သွားပြန်သည်။ မကြာခင် ပြန်ရောက်လာပြီး သူ့အနောက် ပေ ၂၀၀ခန့်အကွာတွင် ဒါဇင်နှင့်ချီသော အရှည်ရှိသည့် ကင်းခြေများတစ်ကောင်သည် စုမင်အား ရက်စက်စွာ လိုက်ဖမ်းနေခဲ့သည်။ စုမင် အနီရောင်မြက်ခင်း ဧရိယာထဲသို့ ဝင်ရောက်သွားသောအခါ ထို ကင်းခြေများသည်လည်း လိုက်ပါလာခဲ့သည်။
စုမင်မျက်လုံးများ တောက်ပသွားကာ ခြေလှမ်းအနည်းငယ်ဆုတ်၍ သူမျှားခေါ်လာသော ကင်းခြေများအား ကြည့်လိုက်သည်။ ကင်းခြေများသည် ပေ ၁၀၀ ပတ်လည်ဧရိယာတွင် လှည့်ပတ်ရှာနေသော်လည်း စုမင်အား ရှာမတွေ့နိုင် ဖြစ်နေခဲ့၏။
ခဏကြာပြီးနောက်တွင် ကင်းခြေများထံမှ အလိုမကျသော အော်မြည်သံများ ပေါ်ထွက်လာခဲ့သည်။ စုမင်မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လာခဲ့သည်။ ဤသားရဲအရေထည်၏ ဖုံးကွယ်နိုင်စွမ်းကို သူသေချာသိထားပြီးသားပင်။ ၎င်းက အံ့မခန်းအစွမ်းထက်ပေသည်။
ထိုအချိန်တွင် စုမင်သည် ညာလက်ကိုမြှောက်၍ ကင်းခြေများ၏ ခေါင်းအား လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ အသံကျယ်ကြီးနှင့်အတူ ဦးခေါင်းပေါက်ထွက်ကာ ထိုကင်းခြေများသည် နေရာမှာပင် သေဆုံးသွားတော့သည်။ ၎င်းခန္ဓာကိုယ်ကြီးသာ ဆန့်ငင် ဆန့်ငင်ဖြစ်လျက် ကျန်ရစ်ခဲ့သည်။
သို့သော် ၎င်းသေဆုံးသွားချိန်၌ စုမင်မျက်လုံးများမှာ တဖျတ်ဖျတ်တောက်ပလာပြီး အံ့သြမှုတိူ့ အထင်းသား ပေါ်ထွက်လာခဲ့လေသည်။
*****