← Chapters

ကံဆိုးရှာသော မိတ်ဆွေ၊ ပထမတပည့်၏ မျက်နှာသာပေးမှု

Vol. 1 Ch. 10

ကံဆိုးရှာသော မိတ်ဆွေ၊ ပထမတပည့်၏ မျက်နှာသာပေးမှု

Vol. 1 Ch. 10

အခန်း (၁၀) ကံဆိုးရှာသော မိတ်ဆွေ၊ ပထမတပည့်၏ မျက်နှာသာပေးမှု

[သင့်မိတ်ဆွေ ရှင်းဟုန်ရွှမ်သည် ယွီဂျင်ဂိုဏ်း၏ လိုက်လံတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာ လွတ်မြောက်သွား၏]

[သင့်မိတ်ဆွေ ရှင်းဟုန်ရွှမ်သည် သူ့ဂိုဏ်းတူတပည့်များ၏ လိုက်လံတိုက်ခိုက်မှုကို ခံရသော်လည်း ကံကောင်းထောင်မစွာ ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်]

[သင့်မိတ်ဆွေ ရှင်းဟုန်ရွှမ်သည် ချင်မင်မိစ္ဆာဂိုဏ်းကို သစ္စာဖောက်ခဲ့သည့်အတွက် ချင်မင်မိစ္ဆာဂိုဏ်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်]

[သင့်မိတ်ဆွေ ရှင်းဟုန်ရွှမ်၏ သင့်အပေါ် အကောင်းမြင်စိတ်ထားသည် ကြယ်လေးပွင့်သို့ တိုးသွားပါပြီ]

ဟန်ကျွယ်ဟာ ဤစာကြောင်းများကြောင့် ဆွံအသွားပါတယ်၊ ဤမျှအထိ ကံဆိုးရှာသူ ရှင်းဟုန်ရွှမ် အပေါ်ကိုလည်း နည်းနည်း ကရုဏာသက်သွားပါတယ်၊ ရယ်စရာ အကောင်းဆုံးကတော့ ဒီနှစ်တွေမှာ ရှင်းဟုန်ရွှမ်ရဲ့ သူ့အပေါ် အကောင်းမြင်စိတ်က တဖြည်းဖြည်း တိုးလာတာကိုပါ၊ ဒီကြားထဲမှ သူတို့ဟာ လုံးဝ ထပ်မတွေ့ကြသေးပါဘူး!

မိန်းမတွေရဲ့ နှလုံးသားက ပင်လယ်ကြမ်းပြင်အောက်က အပ်လိုပါပဲ၊ ခန်းမှန်းရခက်ပါတယ်

ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါ သူ့စာရင်းထဲမှာရှိတဲ့ လူအားလုံးဟာ သူတို့ရဲ့ ကျင့်ကြံခြင်းတွေမှာ တစ်ယောက်မှ အဆင့်မတက်ကြပါဘူး၊ ဒါဟာ ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ၊ ပထမဆုံးအနေနဲ့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ထက် သာလွန်ရမယ်ဆိုတဲ့ ပန်းတိုင်သေးသေးလေးကို ချမှတ်လိုက်ပါတယ်၊ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ပိတ်ပြီး စိတ်ဓာတ် တက်ကြွစွာ ဆက်လက် ကျင့်ကြံအားထုတ်ပါတော့တယ်။

သုံးနှစ်ကြာပြီးနောက် ဟန်ကျွယ်ရဲ့ မီးစွမ်းရည်ဟာ အခြေခံအဆင့် တတိယတန်းကို ရောက်ရှိသွားပါတယ်၊ မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ ရှိတဲ့ စိတ်ဝိညာဉ်ချီဟာ အပြင်မှာရှိတဲ့ စိတ်ဝိညာဉ်ထက် ပိုမိုသိပ်သည်းတာကြောင့် ဟန်ကျွယ် မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ ကျင့်ကြံတုန်းက အပြင်မှာ ကျင့်ကြံတာထက် မြန်ဆန်ရတာပါ။

ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် တစ်ခြားစွမ်းရည် လေးမျိုးလုံး အခြေခံအဆင့် တတိယတန်းကို ရောက်ရှိဖို့အတွက် ၁၂ နှစ် ကြာမှာပါ၊ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ၁၈၇ နှစ် နေနိုင်မှာ ဖြစ်တဲ့အတွက် ဒီအချိန်ကို စိတ်ထဲ မထည့်ပါဘူး။

“ဒါပေမဲ့ ငါရဲ့ စွမ်းရည်ခြောက်မျိုးလုံးကို အခြေခံအဆင့် ထိပ်ဆုံးရောက်အောင် လေ့ကျင့်မယ်ဆိုရင် ငါ့သက်တမ်း ကုန်ခါနီး ဖြစ်သွားလိမ့်မယ်” ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

စွမ်းရည်ခြောက်မျိုးကို လေ့ကျင့်တာက စွမ်းရည်တစ်မျိုးတည်းကို လေ့ကျင့်တာထက် အချိန်ခြောက်ဆ ပိုယူရပါတယ်၊ ဒါက ဟန်ကျွယ်လို ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်ရှိသူ အတွက်ပါ၊ သာမန်စွမ်းရည်သာ ရှိသူအတွက်ကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ၊ ရုတ်တရက် ဟန်ကျွယ်ခေါင်းထဲကို မိုးကြိုးစိတ်ဝိညာည်အိုင် ဝင်ရောက်လာပါတယ်၊ ဟန်ကျွယ်ဟာ မိုးကြိုးစိတ်ဝိညာဉ်အိုင်လို တစ်ခြားစိတ်ဝိညာဉ်အိုင်တွေကို အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ယွီဂျင်ဂိုဏ်းမှာ မိုးကြိုးစိတ်ဝိညာဉ်အိုင်အပြင် တစ်ခြား စိတ်ဝိညာဉ်အိုင်တွေလည်း ရှိပါသေးတယ်၊ ယွီဂျင်ဂိုဏ်းမှာ စိတ်ဝိညာဉ်အိုင်ရှစ်မျိုးရှိပြီး အဲဒါတွေကတော့ အခြေခံစွမ်းရည် ငါးမျိုး၊ ဟန်ကျွယ် ကျင့်ကြံခဲ့တဲ့ မိုးကြိုးစွမ်းရည်၊ သတ္တုစွမ်းရည်နဲ့ ရေခဲစွမ်းရည်တို့ပဲ ဖြစ်ပါတယ်၊ ယွီဂျင်ဂိုဏ်းက တကယ်ပဲ အရင်းအမြစ် အရမ်းကိုပေါများတဲ့ ဂိုဏ်းတစ်ခု ဖြစ်ပါတယ်၊ ဒါကလည်း ကောင်းပါတယ်၊ ဟန်ကျွယ်အဖို့ ဂိုဏ်းပြောင်းစရာ မလိုတော့ဘူးပေါ့။

လေးငါးရက် ကြာတဲ့အခါမှာတော့ ကျောက်အေးတောင်ထိပ်ထက်က ခေါင်းလောင်ဟာ ရုတ်တရက် မြည်ဟိန်းလာပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်၊ ဒီခေါင်းလောင်း မြည်သံရဲ့ အဓိပ္ပာယ်က နတ်မိမယ်ရှီရွှမ်က သူ့တပည့်တွေ အားလုံးကို ဆင့်ခေါ်နေတာပါ၊ ဟန်ကျွယ် ကျောက်အေးတောင်ထိပ်ကို ဝင်ရောက်ပြီးတဲ့အချိန်ကစလို့ ဒါဟာ တပည့်အားလုံးကို ပထမဆုံးအကြိမ် ဆင့်ခေါ်တာပါ။

“ပြဿနာတက်မဲ့ဟာ မဖြစ်ပါစေနဲ့၊ ငါ အေးအေးဆေးဆေး ဆက်ကျင့်ကြံချင်သေးတယ်” ဟန်ကျွယ်က တိတ်တဆိတ် တွေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူထဲက ထွက်လိုက်တာနဲ့ ချန်ယွီအာနဲ့ တိုးသွားပါတယ်။

“ဂျူနီယာမောင်လေး… မမြင်ရတာတောင် အတော်ကြာပြီနော်၊ ဟေး! မင်းက အခြေခံအဆင့်ကို ရောက်သွားပြီလား?” ချန်ယွီအာဟာ ဟန်ကျွယ်ကို အပြုံးနဲ့ နှုတ်ဆက်ပြီးနောက် မျက်လုံးပြူးကျယ် ထွက်သွားပါတယ်။

ချန်ယွီအာဟာ အခြေခံအဆင့် ဒုတိယတန်းမှာသာ ရှိတဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ပါဘူး၊ ဒါပေမဲ့ သူမဟာ ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သူ့ထက် အများကြီး သန်မာပြီး အခြားသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထက် အများကြီး ပိုတောက်ပနေတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး “ကံကောင်းသွားလို့ပါ” ဟု နှိမ့်ချစွာ ပြောလိုက်ပါတယ်၊ ချန်ယွီအာဟာ စိတ်ထဲမှာ အတော်လေး အံအားသင့်သွားပါတယ် ‘ဒီဂျူနီယာမောင်လေးက ငါ့ကို ကျော်တက်သွားပြီလား’

‘ဒီလို ဖြစ်လို့မရဘူး… ငါ မြန်မြန်လေ့ကျင့်ရမယ်၊ ငါ ဂျူနီယာမောင်လေးကို ရှုံးလို့မဖြစ်ဘူး’

[ ချန်ယွီအာ၏ သင့်အပေါ် အကောင်းမြင်စိတ်ထားသည် လျော့ကျသွားပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်ခွဲ]

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဘာလဲဟ?၊  ငါ ဘာများ မှားပြောမိလို့လဲ?’

ချန်ယွီအာဟာ ဘာမှမဖြစ်သလို ရယ်မောလိုက်ပြီး ဟန်ကျွယ်ကို တောင်ထိပ်ဆီ ခေါ်သွားပါတယ်၊ လမ်းတစ်လျှောက် ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ ကျောက်အေးတောင်ထိပ်မှာရှိတဲ့ တစ်ခြားတပည့်တွေနဲ့ တွေ့ဆုံသွားပါတယ်၊ ဟန်ကျွယ်က အငယ်ဆုံးမို့ လူတိုင်းကို စီနီယာလို့ ခေါ်ရပါတယ်။

ကျောက်အေးတောင်ထိပ်မှာ ဟန်ကျွယ် ထင်ထားသလို မဟုတ်ဘဲ တစ်ခြား အမျိုးသား ကျင့်ကြံသူတွေ ရှိနေတာကို တွေ့လိုက်ရပါတယ်၊ အမျိုးသား ကျင့်ကြံသူတွေဟာ အတော်များများရှိပြီး သူတို့အားလုံးက မျက်နှာထား တည်တည်ကြီးတွေနဲ့ပါ၊ ကျောက်အေးတောင်ထိပ်မှာရှိတဲ့ အမျိုးသားကျင့်ကြံသ အရေအတွက်ဟာ အမျိုးသမီး ကျင့်ကြံသူအရေအတွက်နဲ့ သိပ်ပြီး မကွာခြားလှပါဘူး။

သူတို့အားလုံးဟာ ကျောက်အေးတောင်ထိပ်ရဲ့ ခန်းမထဲကို ရောက်ရှိသွားတဲ့အခါမှာ ဒူးထောက်ထိုင်ပြီး စိတ်ရှည်လက်ရှည် စောင့်နေကြပါတယ်၊ ဒီအချိန်တွင်းမှာ ဟန်ကျွယ်ဟာ လူအများရဲ့ ကြည့်ခြင်းကို ခံလိုက်ရပါတယ်။

အမျိုးသမီး ကျင့်ကြံသူ အားလုံးဟာ ဟန်ကျွယ်ကို ပြုံးပြကြပါတယ်၊ ဒါပေမဲ့ ဘယ်သူကမှ ဟန်ကျွယ်အပေါ် မျက်နှာပေးမှုတွေ မရှိကြပါဘူး၊ ဒီတပည့်တွေဟာ ကျောက်အေးတောင်ထိပ်မှာ ကျင့်ကြံနေတာ နှစ်ချို့နေခဲ့ပါပြီ၊ ချိန်ယွီအာလို ဟန်ကျွယ်ထက် သုံးလေးနှစ်စောပြီး ကျောက်အေးတောင်ထိပ်ကို ရောက်ရှိလာတာ မဟုတ်ပါဘူး။

တပည့်တွေဟာ ပိုပိုပြီး ရောက်ရှိလာပါတယ်၊ ခန်းမတံခါးပွင့်သွာလို့ ဟန်ကျွယ် ရေတွက်ကြည့်တဲ့အခါမှာ တပည့်အားလုံးဟာ စုစုပေါင်း ငါးဆယ့်ခြောက်ယောက် ရှိပါတယ်၊  ဒါတောင် ကျောက်အေးတောင်ထိပ်က အဆင့်နိမ့်တဲ့ တောင်ထိပ် ဖြစ်နေလို့ပါ၊ တပည့်အများစုဟာ ဟန်ကျွယ်ထက် ပိုစွမ်းအားကြီးတဲ့အတွက် ဟန်ကျွယ်ဟာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို မမြင်နိုင်ပါဘူး။

ခန်းမထဲကို ရောက်တဲ့အခါမှာ ဟန်ကျွယ်ဟာ နောက်ဆုံးမှာ နေပါတယ်၊ ဟန်ကျွယ်ဟာ ဒီလို နောက်ဆုံးမှာ နေရတာက တစ်ချို့တစ်ချို့သော စီနီယာတွေကို အပြစ်ပြုမိမှာ စိုးလို့ပါ၊ ဟန်ကျွယ်က သူတို့ကို ကြောက်လို့တော့ မဟုတ်ပါဘူး၊ ပြဿနာတက်မှာကို ကြောက်တာပါ။

ဖျာတွေကို နှစ်တန်းခင်းထားတဲ့အတွက် တပည့်တွေဟာ မျက်နှာချင်းဆိုင်ပြီး ထိုင်ကြပါတယ်၊ ဟန်ကျွယ်ဟာ ချန်ယွီအာနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပါတယ်၊ ချန်ယွီအာက ဟန်ကျွယ်ကို မျက်စီတစ်ဖတ် မှိတ်ပြပါတယ်။

‘ကလေးဆန်လိုက်တာ’ ဟန်ကျွယ်ဟာ တိတ်တဆိတ် လက်ခလယ် ပြန်ထောင်ပြလိုက်ပါတယ်၊ ချန်ယွီအာဟာ ဒီသင်္ကေတကို နားမလည်တာကြောင့် လျှို့ဝှက်သင်္ကေတတစ်ခုလို့ ထင်ပြီး ဟန်ကျွယ်ကို လက်ခလယ် ပြန်ထောင်ပြလိုက်ပါတယ်။

ဒီအချိန်မှာ နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ်။

“ဂိုဏ်းချုပ်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်၊ လာမဲ့ အတွင်းဂိုဏ်းပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ရှိတဲ့ တောင်ထိပ်သုံးခုက တပည့်ဆယ်ယောက်စီ ရွေးချယ်ပြီး ချင်မင်မိစ္ဆာဂိုဏ်းနဲ့ တိုက်ခိုက်ရလိမ့်မယ်၊ ဒီနှစ်တွေမှာ ချင်မင်မိစ္ဆာဂိုဏ်းက ငါတို့ယွီဂျင်ဂိုဏ်းဆီ သူလျှိုလွှတ်ပြီး လျှို့ဝှက်ကြံစည်နေတာ များပြီ၊ ဂိုဏ်းချုပ်က ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီ”

ဟန်ကျွယ်ဟာ တခြားသူများရဲ့ မျက်နှာကို လေ့လာတဲ့အခါမှာ တစ်ယောက်မှ မျက်နှာထား မပျက်တာကို တွေ့လိုက်ရပါတယ် ‘အား… ကျောက်အေးတောင်ထိပ်က နောက်ဆုံးတောင်ထိပ် သုံးခုထဲမှာတော့ မပါလောက်ပါဘူးနော်’ ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်က အားအနည်းဆုံး တောင်ထိပ်လို့ အမြဲတမ်း တွေးတောနေခဲ့တာပါ။

ကျောက်အေးတောင်ထပ်ရဲ့ ပထမဆုံးတပည့် လျိုစန့်ရှင်က ပြုံးပြီး “ဆရာသခင်… ကျွန်တော်တို့တွေက အထက်မြက်ကြီး မဟုတ်ပေမဲ့ အမြဲတမ်း ထိပ်ဆုံး ၁၀ ထဲမှာတော့ ပါနေတာပဲ၊ မစိုးရိမ်ပါနဲ့” လို့ ပြန်ပြောလိုက်ပါတယ်။

တခြားတပည့်တွေကလည်း လျိုစန့်ရှင်စကားကို သဘောတူပါတယ်။

“ကျွန်တော်တို့တွေက ဘယ်လောက်ပဲ အနေအေးပါစေ ဘယ်တော့မှ အောက်ဆုံး မရောက်ခဲ့ဘူး”

“ချင်မင်မိစ္ဆာဂိုဏ်းက တဖြည်းဖြည်း သောင်းကျန်းလာတာပဲ”

“ငါ ကြားတာတော့ အပြင်ဂိုဏ်းမှာ ချင်မင်မိစ္ဆာဂိုဏ်းရဲ့ သူလျှိုတွေ အများကြီးပဲတဲ့”

“တပည့်အသစ် လက်ခံတာကို ငါတို့တွေ သေချာဂရုစိုက်ရမယ်၊ ချင်မင်မိစ္ဆာဂိုဏ်းရဲ သူလျှိုတစ်ချို့က မိစ္ဆာကျင့်စဉ်တွေ မကျင့်ထားကြဘူး”

“ငါတို့တွေ ဒီချင်မင်မိစ္ဆာဂိုဏ်းကို ဖြေရှင်းသင့်တာ၊ ငါ အပြင်ထွက်ပြီး လေ့ကျင့်တိုင်း သူတို့ရဲ့ ဟိတ်ကြီးဟန်ကြီး တပည့်တွေနဲ့ တိုးတာချည်းပဲ”

ဟန်ကျွယ်ဟာ တိတ်ဆိတ်စွာ နားထောင်နေပါတယ်။

နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ်။

“ငါက တောင်ထိပ်တွေရဲ့ အဆင့်ကို စိုးရိမ်တာ မဟုတ်ဘူး၊ ဒါက ဘာကိုဆိုလိုတာလည်း ဆိုတော့ ယွီဂျင်ဂိုဏ်းနဲ့ ချင်မင်မိစ္ဆာဂိုဏ်းက မကြာခင်မှာ တိုက်ခိုက်တော့မယ် ဆိုတာပဲ၊ ဒါကြောင့် အခုအချိန်ကစပြီး ဂိုဏ်းတာဝန်တွေ ထမ်းဆောင်မယ်ဆိုရင် ချင်မင်မိစ္ဆာဂိုဏ်းနဲ့ ပတ်သတ်တာတွေကို ယူကြ၊ ငါတို့က နှိမ့်နှိမ့်ချချ နေတယ်ဆိုပေမဲ့ ဂိုဏ်းကိုတော့ အကျိုးဆောင်ရမယ်”

တပည့်တွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။

“ဟန်ကျွယ်” နတ်မိမယ်ရှီရွှမ်က ရုတ်တရက် ‌ခေါ်လိုက်တဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်းပင် မတ်တတ် ရပ်လိုက်ရာ တခြားတပည့်တွေက ဟန်ကျွယ်ကို ဝိုင်းကြည့်ကြပါတယ်။

“မင်းက တောင်ထိပ်ကိုဝင်ပြီး နှစ်အနည်းငယ်အတွင်း ချီသန့်စင်ခြင်း နဝမအဆင့်ကနေ   အခြေခံအဆင့် တတိယတန်းကို ရောက်သွားတာဆိုတော့ တကယ့်ကို ပါရမီရှင်ပဲ” လို့ နတ်မိမယ်ရှီရွှမ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ လူတိုင်းဟာ မျက်နှာပြောင်းသွားကြပါတယ်၊ ဒီကျင့်ကြံခြင်းက မယုံနိုင်စရာ ကောင်းလောက်အောင်ကို မြန်ဆန်လွန်းပါတယ်။

ဟန်ကျွယ်က “ကျွန်တော်က ကံကောင်းရုံပါ…” လို့ ပြန်ပြောလိုက်ပါတယ် ‘ဆရာသခင် ကျွန်တော် လူသိမခံချင်ဘူး’

“မကြာသေးခင်က ဂိုဏ်းမှာ အထူးလေ့ကျင့်ရေး အစီအစဉ်တစ်လုပ်ဖို့ ဆုံးဖြတ်ချက် ချထားကြတယ်၊ အဲဒါက တောင်ထိပ်တစ်ခုဆီက အထူးချွန်ဆုံး ပါရမီရှင်ကို ရွေးချယ်ပြီး အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်ပေးဖို့ပဲ၊ သူတို့က ယွီဂျင်ဂိုဏ်း မျိုးဆက်သစ်ရဲ့ ဝှက်ဖဲ‌တွေ ဖြစ်လာလိမ့်မယ်၊ ငါ မင်းကို အဆိုပြုဖို့ စဉ်းစားထားတယ်” နတ်မိမယ် ရှီရွှမ်က အပြုံးနဲ့ ပြောလိုက်ရာ တစ်ခြားတပည့်များရဲ့ ဟန်ကျွယ်အပေါ် အကြည့်ဟာ ချက်ချင်း ပြောင်းလဲသွားပါတယ်။

ဟန်ကျွယ်ဟာ ကြမ်းပြင်ပေါ် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်ပါတယ်။

“ဆရာသခင် ကျွန်တော် မသွားချင်ဘူး၊ ကျွန်တော်က အဲဒါနဲ့ မထိုက်တန်ပါဘူး၊ ကျွန်တော်က ကျောက်အေးတောင်ထိပ်မှာပဲ နေပြီး အေးအေးဆေးဆေး ကျင့်ကြံချင်တာပါ၊ ကျွန်တော်က ကျော်ကြားမှုတွေ ကံကောင်းမှုတွေ မလိုအပ်ပါဘူး၊ ဒါအပြင် ကျွန်တော်က အငယ်ဆုံးဆိုတော့ ဒီအခွင့်အရေးကို စီနီယာတွေဆီ ပေးသင့်ပါတယ်”

ဒါဟာ ထောက်ချောက်တစ်ခုလို့ ဟန်ကျွယ် တွေးလိုက်ပါတယ်၊ သူက ထိပ်တန်းပါရမီရှိတဲ့ တပည့်တစ်ယောက် ဖြစ်နေရင်တောင် သူ့မှာ အဲဒီအရည်အချင်း မရှိသေးပါဘူး၊ ဂိုဏ်းထဲဝင်ပြီးပြီးချင်မှာ အမာခံတပည့် ဖြစ်တယ်ဆိုကတည်းက ထောင်ချောက်တစ်ခု ဖြစ်နေပါပြီ၊ ကြည့်ရတာ နတ်မိမယ်ရှီရွှမ်က သူ့ကို စမ်းသပ်နေပုံပါပဲ၊ သူသာ ချင်မင်မိစ္ဆာဂိုဏ်းရဲ့ သူလျှိုဆိုရင် ဒီအခွင့်အရေးကို ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။

“တကယ်လား?” နတ်မိမယ်ရှီရွှမ်က မျက်စီကို မှေးပြီး မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး “တကယ်ပါ!” လို့ ပြန်ဖြေလိုက်တဲ့အခါမှာ နတ်မိမယ်ရှီရွှမ်က ခေါင်းညိတ်လိုက်ပါတယ်၊ ဒီတော့မှာပဲ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး နေရာမှာ ပြန်ထိုင်လိုက်ပါတယ်၊ တခြားတပည့်တွေရဲ့ အကြည့်ကလည်း အရင်လို မစူးရှတော့ဘဲ ပျော့ကျသွားပါတယ်၊

[ လျိုစန့်ရှင်က သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိသည်၊ လက်ရှိ မျက်နှာသာ‌ပေးမှု: ကြယ်တစ်ပွင့်]

‘ပထမတပည့်က သွားချင်နေတာကိုး… ငါထင်တော့ ထင်သားပဲ’ ဟန်ကျွယ်သာ ဒီအခွင့်အရေးကို လက်မလွှတ်လျှင် ပထမတပည့်အတွက် တကယ့်အရှက်ရစရာ ဖြစ်သွားမှာပါ။

နတ်မိမယ်ရှီရွှမ်ဟာ လျိုစန့်ရှင်ကို ကြည့်လိုက်ပြီး “မင်းက ကျောက်အေးတောင်ထိပ်ရဲ့ ပထမတပည့်ဆိုတော့ မင်းသွားရလိမ့်မယ်၊ ပြဿနာ မရှာနဲ့” လို့ ပြောလိုက်ပါတယ်။

“တပည့် နားလည်ပါပြီ”

လျိုစန့်ရှင်ဟာ ပြုံးလိုက်ပြီး တစ်ခြားတပည့်တွေက သူ့ကို ဝမ်းသာစကား ဝိုင်းပြောကြပါတယ်။

All Chapters