အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
196 01
အပိုင်း (196)
“ဒါ”
“ဒါက...”
နန်ကုန်းယွမ်က ငိုနေသော အဖွားကြီးကို ကြည့်ကာ အမူအယာ ပြောင်းသွားသည်။
သူ၏တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်သွားပြီး ရှေ့မှလူအုပ်ကို တွန်းဖယ်ကာ ထွက်သွားသည်။
“ဒါရိုက်တာနန်ကုန်း ဘာဖြစ်တာလဲ”
အနောက်က လူများက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ မည်သို့ပင်ဆိုစေ ယခုလိုပုံစံမျိုးကို မမြင်ဖူးကြချေ။ သို့ရာတွင် အနီးနားရှိ လူများကမူ သူ့ကိုကြည့်သည်။
“မဖြစ်နိုင်တာ”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
နန်ကုန်းယွမ်က ခပ်တိုးတိုး ရေရွတ်နေသည်။ သူ၏ခြေထောက်က အများကြီး လေးလံသွားသလို ခံစားလိုက်ရသည်။
သူက မရောက်ခင်ကတည်းက မျက်ရည်များက ကျလာသည်။
“ဟင်”
ဆုပိုင်က ဘေးနားတွင်ရပ်လျက် နန်ကုန်းယွမ်၏ပုံစံကိုကြည့်ရင်း အမူအယာက ကြောင်အသွားသည်။ ထို့နောက် ရို့ရို့၏အဖွားကို မယုံနိုင်သလိုကြည့်သည်။
သိသာစွာပင် နန်ကုန်းယွမ်က အဖွားကြီးကို ကြည့်နေသည်။ ကြည့်ရသည်မှာ သူမသည်လည်း....။
ဂလု။
နန်ကုန်းယွမ်က တံတွေးကိုမြိုချပြီး ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်သည်။ ထို့နောက် ရို့ရို့၏အနောက်တွင် တိတ်တဆိတ်သွားရပ်သည်။
ထိုအချိန်တွင် အဖွားကျန်းက တစ်စုံတစ်ရာကို အာရုံခံမိပုံရပြီး သတိလက်လွတ် ရို့ရို့အား ရင်ဘတ်ထဲသို့ ဆွဲသွင်းကာ ခေါင်းကို မော့လျက် အေးစက်သော မျက်နှာနှင့်ပြောသည်။
“ဘာလဲ”
“ယွီရန် မင်း မင်း မင်းယွီရန် မဟုတ်လား”
နန်ကုန်းယွမ်က အရှေ့မှအဖွားကြီး၏ ဗလာဖြစ်နေသော မျက်လုံးကို ကြည့်လိုက်ကာ မျက်ရည်များက ကျလာကာ တုန်ယင်စွာ ပြောသည်။
“ငါက နန်ကုန်းလေ”
“နန်ကုန်း ဟုတ်လား”
“မဟုတ်ဘူး နင် လူမှားတာ ငါ မဟုတ်ဘူး”
အဖွားကျန်းက ကြောင်အ သွားပြီးနောက် ခပ်မြန်မြန် မြေပြင်မှ ထရပ်လိုက်သည်။ ထို့နောက် လက်ကို တုန်ယင်စွာ ဆန့်ရင်း မျက်နှာကို အုပ်ကာ ထွက်သွားရန် ကြံစည်သည်။
“ယွီရန်”
“နင်လူမှားနေတယ်လို့ ငါပြောနေတယ်လေ။ ငါက ဒီအတိုင်း ကန်းနေတဲ့ အဖွားကြီးတစ်ယောက်ပဲ”
ကျန်းယွီရန်က အသက်ပြင်းပြင်း ရှူပြီး ခေါင်းကိုလှည့်ကာ အေးစက်စွာ ပြောသည်။ ထို့နောက် ရှောင်ရို့ကိုခေါ်ကာ ထွက်သွားရန်ကြံစည်သည်။
“အဖွား အဖွား အရမ်းမလှုပ်ပါနဲ့ဟုတ်လား။ ရို့ရို့ကြောက်တယ်”
ရှောင်ရို့က လက်နှစ်ဖက်လုံးဖြင့် လှမ်းကိုင်ထားပြီး သူမ၏မျက်နှာကို ညင်သာစွာ အုပ်လျက် ခပ်တိုးတိုး ပြောသည်။
“အဖွား အဆင်ပြေပါတယ်။ ဘာမှမဖြစ်ဘူးနော်။ သမီးလေး ဒီနေ့ အရမ်းတော်တယ် မဟုတ်လား”
“အွန်း အဖွား ဒီခွေးက အရမ်းနာခံတာပဲ။ သူ့ကို ယွီကျစ်လို့ ခေါ်လို့ ရမလား”
196 02
“အွန်း”
ကျန်းယွီရန်က ခပ်လေးလေးခေါင်းညိတ်လိုက်ပြီး လက်များကို အသာဖယ်လျက် မျက်ရည်များကို သုတ်သည်။
ထိုလှုပ်ရှားမှုက အားလုံးကို ကြောင်အ သွားစေသည်။
သူက တစ်စုံတစ်ရာကို သတိထားမိလိုက်သလိုမျိုး လက်ဝါးကို စိတ်ဓာတ်ကျစွာ ချလိုက်သည်။
သူမ၏ မျက်လုံးကို ဆုံးရှုံးပြီးချိန်ကတည်းက မျက်ရည် မထွက်တော့ချေ။ ထို့ကြောင့်....။
“ဘာဖြစ်တာလဲ”
ဆုပိုင်က နန်ကုန်းယွမ်ကို ထိန်းထားပေးရင်း တခြားသောသူများကို ဆက်လက်ပြီး ပွဲကို ကျင်းပရန် ပြောသည်။ သို့သော် သူကိုယ်တိုင်ကမူ ဘေးလက်ရှိ ကျောက်တုံးခုံနားသို့ ခေါ်သွားသည်။
“အား”
နန်ကုန်းယွမ်က လက်ကိုင်ပဝါထုတ်ပြီး မျက်လုံးကိုအုပ်သည်။ ထို့နောက် တုန်ယင်စွာ ပြောသည်။
“နှစ်ငါးဆယ် ကြာသွားပြီ။ ငါ သူမကို ထပ်တွေ့ရမယ်လို့ မထင်ထားဘူး”
“ဟူး”
ထိုသို့ပြောပြီး သူဟာ အသက်ပြင်းပြင်း ရှူသည်။ သူ၏ မျက်လုံးထဲတွင် ခံစားချက်များက ပြည့်နှက်သွားပုံပေါ်သည်။ ထို့နောက် ခပ်တိုးတိုးပြောသည်။
“ဆုပိုင်”
“ငါ ဒီအမျိုးသမီးအတွက်ကြောင့် တစ်ခါမှ လက်မထပ်ခဲ့တာလေ”
“ငါ မှတ်မိပါသေးတယ်။ ငါစစ်တပ်ကို စဝင်ဝင်ချင်းမှာ သူမကို မြင်မြင်ချင်း ချစ်သွားမိတာပေါ့။ ဒါပေမဲ့ သူမက ငါတို့ရဲ့ ညွှန်ကြားသူ ဖြစ်နေခဲ့တာလေ။ သူမက အရမ်းကြမ်းတမ်းတာ”
“ဒါပေမဲ့ ဆက်သွယ်တာ ကြာသထက်ကြာလာတော့။ နောက်ဆုံးတော့...”
“ငါ ဘွဲ့ယူတဲ့အချိန်မှာ ငါ့ရဲ့ခံစားချက်တွေကို ထုတ်ပြခဲ့တယ်။ အဲဒီအချိန်က တော်တော်လေးကို ပျော်စရာ ကောင်းခဲ့ရတယ်။ အဲဒီလိုသာ မဖြစ်ခဲ့ရင်....”
“ဒါပေမဲ့ အဲဒီအချိန်မှာ တရုတ်က သဘာဝကပ်ဘေးကပ်ရောက်နေလို့ အရေးပေါ်ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တယ်။ ငါက ကယ်ဆယ်ရေးတွေအတွက် ရှေ့တန်းကို အပြေးသွားခဲ့ရတယ်”
“ငါ မှတ်မိသေးတယ်။ အဲဒီအချိန်က မီးလောင်ခဲ့တာ တအားကြီးတယ်”
“......”
ဆုပိုင်က နန်ကုန်းယွမ်၏အရှေ့တွင် တိတ်တဆိတ်သာ နားထောင်ပေးနေခဲ့သည်။ တစ်ဖက်သူက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလာသည်။
“အဲဒီအချိန်က အခြေအနေက အရမ်းအရေးကြီးနေတာ။ တစ်တောလုံးက မီးလောင်သွားတယ်။ မီးပြန့်သွားတာက တော်တော်လေးကို ဆိုးရွားခဲ့တာ”
“ငါတို့က တစ်ခန်းတည်းလေ။ လူ၈၅ယောက်တောင်။ ဝူးဝူး တစ်ညတည်းနဲ့လူအယောက်၆၀လောက် သေသွားရတယ်”
နန်ကုန်းယွမ်က မျက်ရည်များကို ဆက်သုတ်သည်။ သူဟာ ရှိုက်ငိုနေ၏။
“ငါက ပင်ပန်းနေပေမဲ့လည်း သည်းခံနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က လေတိုက်တဲ့ဘက်က ပြောင်းသွားပြီး ငါတို့ရဲ့အဖွဲ့သား ၃ယောက်လုံးကို ဝိုင်းသွားခဲ့တယ်”
“သစ်ပင်တွေက ပြိုကျနေတာကို မြင်နေရတဲ့အချိန်မှာ ကာကွယ်စောင့်ရှောက်သူကျန်းက ပေါ်လာတယ်”
“ငါ မှတ်မိသေးတယ်။ ငါရှင်းရှင်းလင်းလင်းကို မှတ်မိနေတာ။ အဲဒီအချိန်က သူမရဲ့ ဆံပင်တွေအားလုံးကို မီးလောင်သွားပြီး ကွေးကောက်သွားတာ။ သူမက အင်အားအကုန်သုံးပြီး ပြေးဝင်လာခဲ့တာ”
“နောက်ဆုံးတော့ ငါတို့သုံးယောက်ကို ကယ်နိုင်ခဲ့တယ်”
“ဒါပေမဲ့”
“သူမက ပြန်ထွက် မလာနိုင်ခဲ့ဘူး”
“ငါ ဘာလို့ လက်မထပ်ခဲ့လဲဆိုရင် အဲဒီအချိန်က ငါ့ရဲ့နှလုံးသားက သူမရဲ့နောက်ကို ပါသွားပြီး အဆုံးသတ် သေဆုံးသွားခဲ့လို့ပဲ။ သူမက သူမရဲ့အသက်ကိုရင်းပြီး ငါ့ကို ကယ်ခဲ့တာ”
196 03
“ငါ ပြန်ထွက်လာနိုင်ခဲ့တယ်။ နှစ်၅၀ကြာသွားတယ်။ နှစ်၅၀လုံးလုံး ငါ ဒီအထုံးကိုမဖြည်နိုင်ခဲ့ဘူး”
“ဝူး”
ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ခပ်တိုးတိုးပြောသည်။
“အဲဒီနေ့က အဖွားကျန်း သေသွားတဲ့သတင်း ထွက်လာခဲ့လို့လား”
“သေသွားတဲ့ သတင်းတော့ မရှိပါဘူး။ မီးကတအားပြင်းတော့ အရာအားလုံးက ပြာဖြစ်သွားတာလေ”
နန်ကုန်းက ခပ်ကြမ်းကြမ်း ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောသည်။
“မဟုတ်ဘူး ငါသူမကို ရှာရမယ်။ ဘာလို့ သူမအသက်ရှင်နေတာကို ငါ့ကို မဆက်သွယ်တာလဲ။ ဒီလောက် နှစ်တွေကြာသွားတာ ဘာလို့ ငါ့ကို မဆက်သွယ်တာလဲ”
“ငါ့ရဲ့နှလုံးသားကတော့ မပြောင်းလဲဘူး”
“ငါ.....ငါတအား မုန်းတီးမိတယ်”
ဆုပိုင်က သူ၏ပခုံးကို အသာပုတ်ပြီး ပြောသည်။
“အဖွားကျန်းမှာလည်း ကိုယ်ပိုင်အကြောင်းပြချက် ရှိပါလိမ့်မယ်။ ဒါပေမဲ့ အခုက နောက်မကျသေးပါဘူး။ ဒါရိုက်တာနန်ကုန်း ငါ့ကို အခြေအနေအရင်ဆုံး ပေးသိလို့ ရမလား”
လက်ရှိအခြေအနေအရ အဖွားကျန်းဟာ နန်ကုန်းယွမ်ကို မြင်ချင်စိတ်ရှိပုံ မရချေ။ သူမ၏ နောက်ခံကိုပင် အတည်ပြုခြင်းမရှိပေ။
“အာ”
နန်ကုန်းယွမ်ကို လက်ထောက်ခံ လွှဲထားပေးပြီးနောက် ဆုပိုင်က တိရိစ္ဆာန်ရုံထဲမှ ထရပ်ကာ တိရိစ္ဆာန်ရုံဝင်ပေါက်တွင် အချင်းချင်း ဖေးမလျက် ထွက်ခွာသွားသည့် ပုံရိပ်များကို ကြည့်သည်။ သူခန့်မှန်းကြည့်တာ မှန်ကန်မည်ဆိုလျှင် အဖွားကျန်းသည်လည်း နန်ကုန်းယွမ်၏အတွေးကို သိခဲ့လောက်သည်။ သို့သော်..။
သူမ၏အမြင်ပျောက်သွားခဲ့သောကြောင့် သူ့ကိုမဆက်သွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ဒါက....။
“တစ်ကြိမ်တည်းတွင် ထာဝရလွဲချော်သွားရလိမ့်မယ်”
ထိုသို့သက်ပြင်းချပြီးနောက် ဆုပိုင်က နောက်သို့လှည့်ပြီး ပွဲရှိရာဘက်သို့ လျှောက်သွားသည်။
“လောင်ကျိုး ရှောင်းရို့လေးကို ပြန်ပို့ပေးလိုက်ပါဦး။ လမ်းကိုလည်း မှတ်ထားစေလိုက်ဦး”
သူက လောင်ကျိုးကို ဆွဲထုတ်ပြီး ခပ်တိုးတိုးပြောသည်။
သူဟာ တိရိစ္ဆာန်ရုံထဲမှ ခပ်မြန်မြန် ထွက်ပြေးသွားကြောင်း မြင်သောအခါ ဆုပိုင်က အရှေ့မှပွဲကိုသာ ပြန်လည်ပြီး အာရုံစိုက်လိုက်သည်။
ထိုအချိန်တွင် တပိုင်က ငှက်တောတစ်အုပ်ကို ဦးဆောင်ပြီး မြေပြင်တွင် လှဲလျက် ဘေးဘက်မှ လမ်းညွှန်ခွေးအသင်းကို စိုက်ကြည့်နေသည်။
တအား ခက်ခဲတယ်။
မျက်လုံးမှိတ်ထားပြီး လမ်းလျှောက်ရုံပဲ မဟုတ်ဘူးလား။ ဘာလို့ဒီလောက်အထိ သူတို့ရဲ့အဖွဲ့ထဲက တစ်သင်းမှ မအောင်မြင်ရတာလဲ။
နောက်ပြီး။
ထိုမျှအထိ ကြာရှည်စွာ စောင့်ကြည့်ပြီးနောက် တပိုင်ဟာ အံ့အားသင့်စရာကောင်းသည့် အချက်တစ်ချက်ကို သိလိုက်ရသည်။ လမ်းညွှန်ခွေးများဟာ အမှန်တကယ် အင်အားကြီးလေသည်။
သူသည်ပင် အိမ်သာမသွားဘဲ ထိုင်ကြည့်နေမိသည်အထိ ဖြစ်သည်။
တော်တော်လေးကို ကြောက်စရာ ကောင်းတာပဲ။
ပို၍များပြားသော လူများက ပါဝင်လာသည်နှင့်အမျှ ကျရှုံးမှုကို ခန့်မှန်း၍ရသည်။
ပွဲအခြေအနေကလည်း တည်ငြိမ်လာသည်။ အရှုံးသမားများက ရှေ့မှ မျက်လုံး မမြင်သူများကို ကြည့်ပြီး စိတ်ဓာတ် ကျသွားကြသည်။
လမ်းပေါ်မှာ မျက်လုံးမမြင်တဲ့သူတွေကို မတွေ့ရတာ မအံ့သြတော့ပါဘူး။ အရှေ့မှာ တွင်းတွေသာ ရှိနေရင် ဘယ်လိုများ ထွက်နိုင်တော့မှာလဲ။
ခက်ခဲမှုကို ဖော်ပြ၍မရချေ။ ထိုကဲ့သို့ အတွင်းစိတ်ထဲမှလာသည့် ကြောက်ရွံ့စိတ်က သည်းခံရန် ခက်ခဲလွန်းသည်။
“ကြိုးစားထား”
ရုတ်တရက် လူအုပ်ထဲမှ အော်သံထွက်လာသည်။
လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။
“ဟုတ်တယ် ဟုတ်တယ် မင်းတို့က အသန်မာဆုံးပဲ”
“ဝိုး ဝိုးတော်လိုက်တာ”
“ကြိုးစားထား”
******
197 01
အပိုင်း (197)
“ကြည့်ရှုသူတွေ ဒါက အချစ်နဲ့ မျှော်လင့်ချက် programအသင်းကပါ။ ငါကတော့ သုံးယွဲ့ပေါ့။
ချင်တုလမ်းများ၏ တစ်နေရာ
လူအရှုပ်ဆုံး segနေရာနားတွင်....
သုံးယွဲ့က mall၏ ဝင်ပေါက်ရှေ့တွင် ရပ်လျှက် ရှေ့မှ Cameraကိုကြည့်ကာ ပြောနေသည်။
“ဒီနေ့ ငါတို့က ချင်တု့ရဲ့ အကြီးဆုံး shopping mall တစ်ခုဆီကို ရောက်နေတာပါ။ ဒီနေ့ရဲ့ရည်ရွယ်ချက်ကတော့ သင့်မွေးရပ်နေရာက သန်မာတဲ့ လူအချို့ ဖြတ်သွားတာကို မြင်ချင်ရုံပါပဲ”
“အဲဒီမှာ ကောင်းကင်ပြာ တိရစ္ဆာန်ရုံ ရှိတယ်မဟုတ်လား။ အခုတလော ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ လမ်းပြခွေးလို့ခေါ်တဲ့ တိရစ္ဆာန် အသစ်တွေကို ကယ်ဆယ် လိုက်နိုင်တယ်”
“ဒီလိုအခြေနေမျိုးမှာ မျက်လုံးမြင်တဲ့ အထူးအဖွဲ့လို့ခေါ်တဲ့ လူတစ်အုပ်က အများရှေ့ကို ပေါ်ထွက်လာတယ်”
“လူအများစုက ဒီလိုလူတွေကို မမြင်ရတာ တော်တော်ကြာမှာကို စိုးရိမ်မိတယ်။ ဒီအတွက်ကြောင့်ပဲ သုံးယွဲ့က သူတို့က အပြင်မထွက်ချင်တာ မဟုတ်ဘဲ ထွက်ဖို့ နည်းလမ်းမရှိဘူးဆိုတာကို အားလုံးကို သိစေချင်ပါတယ်”
“ငါတို့အားလုံး သိထားတဲ့အတိုင်းပဲ။ မျက်လုံးက ငါတို့အားလုံးအတွက် အရေးပါတယ်”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကတင် ကောင်းကင်ြပာ တိရစ္ဆာန်ရုံက အထူးပွဲကို ကျင်းပပေးခဲ့ပြီး မှောင်မဲနေတဲ့ လောကကို တွေ့ကြုံခံစားနိုင်ရန် စီစဥ်ပေးခဲ့သေးတယ်”
သုံးယွဲ့ကိုယ်တိုင်ကိုယ်ကျလည်း ကံကောင်းပြီး တစ်ကြိမ် တက်ရောက်နိုင်ခဲ့သေးတယ်။ ဒါက တော်တော်လေး ခက်ခဲပါတယ်။ သုံးယွဲ့ အမြင်အာရုံ ဆုံးရှုံးလိုက်တဲ့အချိန်မှာ အားလုံးက မဲမှောင်သွားတယ်ဆိုတာမျိုးကို ဒီထက်ပိုပြီးချဲ့ကားပြောလို့ ရနိုင်မယ် မထင်ဘူး။ အဲဒီလိုအခြေနေမျိုးမှာ အသက်ရှင်ဖို့ အင်အားရှိဦးမှာလား”လို့ ပြောပြီးနောက် သုံးယွဲက ဦးတည်ရာဖက် တစ်ဖက်ကို ပြောင်းလျှက် အဝေးတွင် လမ်းလျှောက်နေသည့် မိန်းကလေးနှစ်ယောက်ကို Camera ချိန်ရွယ်ပြလိုက်သည်။ ထိုနှစ်ယောက်သည် ရှောင်ကောင်းယဲ့နှင့် ရှောင်လုံ့တို့ ဖြစ်သည်။ GR 33နှင့် Labrador နေရောင်တို့သည် နှစ်ယောက်၏ အရှေ့တွင် လမ်းပြအဖြစ် ရပ်နေပြီး လူကူးမြင်းကျား၏ လမ်းစုံမီးကို စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင်
မျက်မမြင် ကောင်မလေးနှစ်ယောက်နှင့် သေးငယ်သော ကောင်လေးနှစ်ယောက်ကို သိချင်စိတ် ပြင်းပြစွာ ဝိုင်းကြည့်နေကြသည့် လူတစ်အုပ် ရှိနေသည်။ သို့ရာတွင် လူတိုင်းဟာ သိချင်စိတ် ပြင်းပြနေသော်လည်း မည်သူကမှ ထွက်ပြီး စကားမပြောကြချေ။
“အားလုံးပဲ ဒီနေ့ငါတို့ရဲ့အစီစဥ်က အဓိကဇာတ်လိုက်ကြီးက ဘယ်သူလဲဆိုတာ သိချင်ကြပြီ ထင်တယ်။ ဒါရိုက်တာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက တကယ့်လူမှု အသိုင်းဝိုင်းက မျက်မမြင်တွေနဲ့ ဘယ်လိုပြောဆို အဆက်အဆံ ပြောဆိုလုပ်ရမလဲဆိုတာကို ပြောပြထားပြီးပေမဲ့လည်း...”
“ဒါပေမဲ့လည်း...”
“ဒီလိုအများရှေ့မှာ အချို့လူတွေက သေချာ ဂရုမစိုက်မိမှာကို စိုးရိမ်မိသေးတယ်”
“သုံယွဲ့က ဒီနေရာကနေ ဘာကို ပြောချင်တယ်ဆိုတော့...သူတို့ကို ခရီးထွက်ချင်စိတ် မရှိအောင် အပြင်မှာ သွားလာချင်စိတ် မရှိအောင် ထားမြစ်ထားတဲ့ ခရီးသွား အကာကွယ်လွှာတွေ အများကြီး မရှိစေဖို့ပဲ။ အဲ့ဒီအစား ဒီအထူးအဖွဲ့ကိုလည်း သာမှန်လူတွေလိုမျိုး ဆက်ဆံပေး စေတာမျိုးကို လိုချင်တာပါ”
သုံယွဲ့က ထိုသို့ပြောရင်း Cameraကို ရိုးသားစွာကြည့်သည်။
“ဒီနှစ် ဒရိုက်တာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းလည်း မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ လက်ရှိခေတ် လူမှု အသိုင်းဝိုင်း ကြီးပဲ။ လမ်းပြခွေးတွေရဲ့ အကူအညီနဲ့ ခရီးသွားနေတဲ့ ဒီကောင်မလေး နှစ်ယောက်ကို အပြင်လူတွေက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကလို ဆက်ဆံမလားဆိုတာ ကြည့်ကြရအောင်”
......
197 02
“ကောင်းယဲ့ကျဲကျဲ ငါ နည်းနည်း ကြောက်တယ်”
အနောက်မှ စကားပြောသံများကို ကြားနေရသည်။ ရှောင်ယုံ့လေးက လက်ထဲမှ ကြိုးကို ထိပ်လန့်တကြား ကိုင်ရင်း ခပ်တိုးတိုး ပြောသည်။
“မကြောက်နဲ့။ ငါတို့မှာ သုန့်သုန့်နဲ့ နေရောင်လေး ရှိတာပဲလေ။ အရာအားလုံး အဆင်ပြေမှာပါ”
“သူတို့က တကယ်တော်တာ”ကောင်းယဲ့က နှုတ်ခမ်းကို ကော့ညွှန့်စွာ ပြုံးလိုက်ပြီး နှလုံးသားထဲက ကြောက်လန့်မှုကို ဖိနှိမ့်လိုက်ကာ ရှောင်ယုံ့ကို နှစ်သိမ့်ပေးသည်။ သူတို့သည် ဒီနေ့ ချင်တုသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဒါရိုက်တာ ဆုပိုင်က သူတို့ကို လမ်းကူးသော နေရာထိသာ လိုက်ပို့ပေးခဲ့သည်။ အိမ်သို့သွားသော လမ်းအတွက်မူကား ကိုယ်တိုင်ရှာရမည် ဖြစ်သည်။
ကောင်းယဲ့သည် ဒါရိုက်တာဆုပိုင်က သူတို့ကို လေ့ကျင့်ပေးပြီး ထားပေးနေခြင်း ဖြစ်ကြောင်း နားလည်သည်။ သို့သော် အတိတ်က အတွေ့ကြုံများကို တွေးကြည့်ယုံနှင့် ကောင်မလေးက အနည်းငယ် ကြောက်နေမိသေးသည်။
ထို့အပြင် ရှောင်ယုံ့ဆိုသူနှင့် အပြင်သို့ တစ်ခါမှ မထွက်ဖူးချေ။
“ဒါက စက်ရုပ်ခွေးလား”
“ဘာလို့ အတူတူလဲ”
ထိုအခိုက် ဘေးဖက်တွင် ရိုက်နေသော လူငယ်လေးတစ်ယောက်က လမ်းပြခွေးနှစ်ကောင်ကို ကြည့်ရင်း ဘေးဖက်မှ သူငယ်ချင်းကို လက်တို့ လိုက်သည်။ ထို့နောက် ပြုံးရယ်ကာ ပြောသည်။
“ကြည့်ဦး တော်တော်လေး ကြည့်ကောင်းတာပဲ။ ဒါပေမဲ့ တအား ရူးကြောင်ကြောင်နဲ့ အသံလည်းမထွက်ဘူး။ ဟား ဟား ငါ့အထင် ပျက်နေတာ ဖြစ်မယ်”
“ဟား ဟားဟား ပြောမနေနဲ့တော့။မင်း ဒီကောင်လေး နှစ်ကောင်ကိုတောင် မကြည့်ရဲဘူး နည်းနည်း ကြောက်နေတာလား”
“ဆိုးလိုက်တာ သိပ်မကြာခင် မီးက စိမ်းတော့မယ်။ မြန်မြန်လေး သွာရအောင်”
လူငယ်လေးက ရယ်မောလိုက်သည်။ အတန်းဖော်၏ စနောက်မှုပုံကို အသိအမှတ် ပြုပုံမရချ။
“မစိုးရိမ်စမ်းပါနဲ့။ ငါဒီကောင်လေးကို စကြည့်မယ်။ ပျော်စရာ ကောင်းမှာပေါ့”
“ရပ်စမ်း”
ထိုအချိန်တွင် သူတို့၏ အနောက်မှာ မျက်မှန် တပ်ထားသော ခက်ဝဝကောင်လေးတစ်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒေါသထွက်သော ပုံစံမျိုးဖြင့် လှမ်းအော် လာသည်။ ထိုသို့ဖြင့် လူတိုင်းက အာရုံစိုက်လာကြသည်။
“မင်း သူတို့ကို သွားထိလို့မရဘူး”
“သူတို့ သူတို့”
“ဟား ဟား ဟား”
“မင်း စကား ဆက်မပြောတော့ဘူးလား။ အနေတာလား”
လူငယ်က လက်စသက်ပြီး ထိုအနည်းငယ်ဝသော လူကို တွန်းထုတ်လိုက်ကာ အထင်သေးသလိုပြောသည်။
“ဘာလဲ မင်းက ငါ့နောက်ကို လိုက်ရဲလား။ ငါပြောမယ် ငါမင်းကို အရင်တစ်ခေါက်က ရိုက်ခဲ့တာကို မေ့သွားပြီလား”
“မဟုတ်ဘူး”
ထိုအချိန်တွင် ခက်ဝဝလူက အရှေ့မှ လူငယ်ကို ပြန်တွန်းထုတ်လိုက်ပြီး ကောင်မလေးနှစ်ယောက်၏ ရှေ့တွင် ပိတ်ရပ်ကာ မျက်နှာ နီရဲသည်အထိ အော်သည်။
“မင်းတို့တွေ သူတို့ရဲ့မျက်လုံးကို ကြည့်လိုက်ဦး။ မဟုတ်ဘူး။ ဒီလမ်းပြခွေးနှစ်ကောင်က သူတို့မျက်လုံးဖြစ်နေပြီး သူတို့လှုပ်လို့ မရဘူး”
“မင်း....”
“အနားမလာနဲ့ မလာနဲ့နော်။ ငါဒီနေ့ မင်းတို့ကို မကြောက်ဘူး”
“မင်း....”
လူငယ်က အရှေ့မှ လူဝကိုကြည့်ပြီး လက်ကိုဆန့်ကာ သူ၏ အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး ရှေ့သို့ တက်လှမ်းလာသည့် အခိုက်တန့်တွင်
“ဒီကိုလာ”
ရုတ်တရက် လက်တစ်စုံက သူ့ကို လှမ်းဆွဲလာသည်။ မျက်လုံးကို မှေးကျဥ်းလျက် စတင်ကာ ဆူပူသည်။
197 03
“မင်းက ဘာလုပ်မလို့လဲ”
“အား “
“အပြင်ထွက်ပြီး အနိုင်ကျင့်ချင်နေတယ် ဟုတ်လား။ ငါမင်းကို အိမ်မှာ ဘယ်လိုဆုံးမ မလဲကြည့်နေ အား”
“ပါး”
ဖြန်း
သက်လက်ပိုင်းလူက ဒေါသထွက်နေပုံရပြီး ထိုလူငယ်၏ ပါးကို ဖြန်းခနဲ ရိုက်ကာ ဒေါသတကြီးအော်သည်။
“ငါ့ကို ပါးလို့မခေါ်နဲ့။ မင်းအသက်ဘယ်နှနှစ်လဲ။ ဟမ်”
“သွား အခြားသူကို သွားပြီးတောင်းပန်လိုက်။ ဒါတောင်မှ မင်းက ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို သွားချင်နေသေးတယ်။ ဟုတ်လား။ မင်းက တိရစ္ဆာန်တွေကို ဒီလိုဆက်ဆံတယ် ဟုတ်လား”
“ငါ မင်းကို အဲဒီကိုသာ ခေါ်သွားမိရင် ရှက်လို့သေမှာပဲ”
“ဝူး ဝူး ဝူး”
သူက အော်ပြီး ပြေးသည်။
“ကျေးဇူးတင်ပါတယ်”
ခက်ဝဝလူက ကောင်မလေး နှစ်ယောက်၏ ရှေ့တွင် ရပ်နေသေးလေသည်။ အနောက်ဖက်မှ ကျေးဇူးတင်ကြောင်း ထွက်လာကြောင်း ကြားသဖြင့် သူဟာ လှည့်ကြည့်မိပြီး ခေါင်းကို ကို့ယို့ကားယားကုတ်ကာ ပြောသည်။
“ဒါ ဒါဒါ ဒါကရပါတယ်။ ငါ ငါမင်းကို သိတယ်လေ။ ကောင်းယဲ့ မဟုတ်လား။ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ငါ တွေ့ဖူးတယ်”
“ဒါ ဒါတွေက ငါ ငါလုပ်သင့်တာတွေပါပဲ။မီး မီးက စိမ်း စိမ် စိမ်းတော့မယ်။ မင်း မြန်မြန် မြန်သွားပါလား”
“ငါ ငါ ငါက ရှေ့မှာရှိတယ်။ လမ်း လမ်း လမ်းကြည့်ပေးမယ်”
သူဟာ ထိုသို့ပြောလိုက်ပြီိး ရှေ့မှ ဦးတည်ကာ လျှောက်သွားပေးသည််။ သူသည် လမ်းပြခွေးများ၏ အရှေ့မှ ဦးဆောင် ခေါ်သွားပေးသည်။
ထိုအချိန်တွင် ဘေးဖက်က လူများမှ သူ့ကို ကြောင်တောင်တောင် ကြည့်လာကြသည်။ သို့သော် ထိုကြောင်တောင်တောင် ဆိုသော ခံစားချက်က အမှန်တကယ်အားဖြင့် အသိမှတ်ပြုသလိုမျိုးဖြစ်သည်။ ထိုသို့သော ခံစားချက်မျိုးကို သူသည် တစ်ကြိမ်သော်မှ မခံစားခဲ့ဖူးချေ။
“ဆိုတော့ ဒါအခြားသူတွေကို ကူညီရတဲ့ ခံစားချက်လား”
ခက်တိုးတိုး ရေရွတ်ပြီးနောက် ထိုလူဝလေးက မျက်မှန်ကို တစ်ချက် တွန်းတင်လိုက်ပြီး ပို၍ သဘောတကျ ရယ်သည်။
“ဒီကောင်က ထင်သလောက်လည်း ကြောက်ဖို့ မကောင်းပါဘူး။ အခုကစပြီး ငါသူ့ကို မကြောက်တော့ဘူး။ ဟုတ်တယ်။ ငါသူ့ကို မကြောက်တော့ဘူး”
သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကိုယ့်ကိုယ်ကို အားပေးသည်။
“ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ်နော်”
ကောင်းယဲ့က အနောက်ဖက်သို့ လက်ယမ်းနှုတ်ဆက်ပြရင်း တစ်ဖက်သို့ ကွေ့ကာ ထွက်သွားသည်။
“နှုတ် နှုတ် နှုတ်ဆက်ပါတယ်”
လူဝလေးက လက်ကို ဆက်တိုက်ယမ်းပြနေသည်။ ထို့နောက် အပြုံးနှင့်အတူဘေးသို့ လျှောက်ထွက်သွားသည်။
ဒါရိုက်တာ ဆုပိုင်ပြောတာ တကယ်မှန်တယ်။ လမ်းပေါ်မှာ မရိုးသားတဲ့သူတွေ တကယ်ရှိနေတုန်းပဲ။
ကံကောင်းတာက သူ ဒီနေ့ ရှေ့ထွက်ရပ်နိုင်ခဲ့တယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့တွေ သုံ့သုံ့လေးကို ဘယ်လိုလုပ်ကြမလဲ မသိဘူး။ ထိုအချက်ကို တွေးမိသော လူဝလေးကလည်း သူဟာထိုအခိုက်တန့်တွင် အရွယ်ရောက်သွားသလို ခံစားလိုက်ရသည်။ သူ၏ရင်ဘက်က အများကြီးကော့တက်လာသည်။
“ဟူး”
သုံ့ယွဲ့က လမ်းဘေးတစ်ဖက်တွင် ရပ်လျက် ထွက်ခွာသွားသော ကောင်မလေးနှစ်ယောက်ကို ကြည့်လျက် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် အရှေ့မှ Cameraကို ပြန်ကြည့်ပြီး ပြောသည်။
“အားလုံးပဲ အခုမြင်ကွင်းကို မြင်လိုက်ကြတယ်မဟုတ်လား။ သာမှန်လူတွေအတွက် ဒါက သာမှန်အကျဆုံးအရာ ဖြစ်နေလောက်တယ်။ ဒါပေမဲ့ လမ်းပြခွေးတွေအတွက် အခုလူငယ်လိုမျိုး အခြေနေက တော်တော်လေးကို စိုးရိမ်စရာပဲ။ ဒါဟာ ပြဿနာ အများကြီး ဖြစ်စေလောက်တယ်််”
197 04
“တွေးကြည့်စမ်းပါ ဒီလူငယ်က ဒီလမ်းပြခွေးကို စချင်စိတ်ကို မထိန်းနိုင်ခဲ့ရင် နောက်ဆုံး အကျိုးဆက်က ဘယ်လိုဖြစ်မလဲ”
“လမ်းပြခွေးက ဘာမှမလုပ်ဘူး။ သူ့ကိုလည်း အနိုင်မကျင့်ဘူး။ ဒါပေမဲ့ ဒီအတိုင်း အနိုင်ကျင့်ခွင့် ပြုထားမယ်ဆိုရင် ဒါမှမဟုတ် လမ်းပြခွေးက ထိတ်လန့်သွားပြီး လမ်းပေါ်ကို ပြေးတက်သွားခဲ့ရင် အကျိုးဆက်ကို တွေးမိကြလား။ ရှေ့မှာ မီးနီ ဖြစ်နေတယ်။ ကလေးနှစ်ယောက်ကလည်း မမြင်နိုင်ဘူး။ လမ်းပြခွေးကသာ လမ်းပေါ် ပြေးတက်သွားခဲ့ရင် လာနေတဲ့ကားကို သူတို့က တားပေးနိုင်မယ် ထင်လား”
ဘေးဘက်တွင် ရပ်နေသောသူများက သုံ့ယွဲ့၏ စကားကို နားထောင်မိပြီး တိတ်ဆိတ်သွားကြသည်။
ဟုတ်တယ်။
အရှေ့ လူကူးမြင်းကျားနေရာတွေ ယာဥ်ကြောပိတ်ဆို့မှုက ဖြစ်ပျက်နေသည်။ ယခုကဲ့သဆို့ အခြေနေမျိုးဖြစ်လာခဲ့သော် ကားများက အချိန်မရွေး ဘရိတ်အုပ်နိုင်လျှင်ပင် ထိခိုက်မှုက ရှိလာနိုင်သေးသည်။
“ကောင်းယဲ့ ကျဲကျဲ ငါတို့ ဘယ်ကိုသွားမှာလဲ”
ရှောင်လုံ့က ကြိုးလေးကိုဆွဲရင်း နေရောင်၏ နောက်မှ ဂရုစိုက်လိုက်သည်။ သူမအနေနှင့် ခြေလှမ်းကြီးကြီးများကို မလှမ်းရဲချေ။ သို့သော် ရှောင်လုံ့ကလည်း ခြေလှမ်းကြီးကြီး မလှမ်းပါချေ။ တဖြည်းဖြည်းချင်းသာ လှမ်းသည်။ သူမ လိုက်မီနိုင်ရန် စောင့်ပေးသည်။ ထို့အပြင် ရှောင်လုံ့က လဲကျသွားလျှင်လည်း ရှေ့မှနေရောင်က ထိခိုက်မိသွားနိုင်သည်။
“ငါ ငါ ငါ မသိဘူး။ ဒါရိုက်တာ ဆုပိုင်က ငါတို့ကို သွားချင်တဲ့နေရာကို သွားလို့ရတယ်ဆိုပြီး လွှတ်ပေးလိုက်တာပဲ။ နေရာ အတိကျမရှိဘူး”
ကောင်းယဲ့က ပထမဦးဆုံးကြိမ် ခပ်တိုးတိုးပြောသည်။ သုံ့သုံ့ လူများတဲ့ နေရာတွေ မသွားနဲ့နော်။ GRခွေးက တခဏခန့် ကြောင်အသွားပြီးနောက် သိပ်မဝေးသောနေရာမှ ဘေဘုတ်ကို လှမ်းကြည့်သည်။ သူက သူ၏ ခြေထောက်နောက်မှ ကိုင်းခြားတစ်ခုကို ကြည့်လိုက်ပြီး တိတ်တဆိတ် ခန္တာကိုယ်ကို ပြန်ရွှေ့လိုက်ကာ ထိုနေရာမှ ပြန်ထွက်လိုက်သည်။
++++++ 198 01
အခန်း 198
“ဒီနေရာမှာ ကင်မရာတွေ ရှိတယ်လေ
ဘေဘုတ်တွေက blind lineတွေကို ပိတ်ထားတယ်။ ဘာဖြစ်တာလဲ”
“ဒါက မြို့လည်ခေါင်က အရေးကြီးဆုံးနေရာပဲ။ blind lineတွေကို သေချာပေါက် ပိတ်ထားရမယ်။ မင်းတို့ရဲ့ မြို့ပြဆောက်လုပ်ရေးအသင်းက ဒီကိစ္စကို တာဝန်ယူသင့်တာ။ မနက်ဖြန်ကစပြီး တစ်မြို့လုံးက blind lineတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရတော့မယ်”
“နောက်ပြီး အရည်သွေးမပြည့်မှီတဲ့ blind lineတွေဆိုရင် ပြန်ပြီး တည်ဆောက်လိုက်”
ကောင်မလေးနှစ်ယောက်၏ အနောက်ဖက် သိပ်မဝေးသော နေရာတွင် ဆုနှင့် neck tieများဝတ်ဆင်ထားသည့် သက်လက်ပိုင်း အရွယ်လူတစ်အုပ်က သတိထားကာ လိုက်လာသည်။
စကားကို ကြားသောအခါ မြို့ပြဆောက်လုပ်ရေးအသင်း၏ ဒါရိုက်တာ လီဟုန်ဝေ့က သူ၏ အရှေ့မှ ဒုမြို့တော်ဝန်ချင်ကို ကြည့်ပြီး နှဖူးမှ ချွေးများကို အလျှင်မြန်သုတ်လိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်ပြသည်။
ရုတ်တရက် ဘေးဖက်မှ လက်ထောက်က တအံ့သြပြောသည်။ လူတိုင်းက မော့ကြည့်လိုက်သောအခါ အမူအယာက ပြောင်းလဲသွားကြသည်။
လမ်းပြခွေးက မိန်းမပျိုလေးနှစ်ယောက်ကို လမ်းဘေးဖက်သို့ လျှောက်စေနေရင်းမှ ရုတ်တရက်အဓိက လမ်းပေါ်သို့ တက်လာကြောင်းတွေ့ရသည်။ သူတို့နှင့် သိပ်မဝေးသော နေရာတွင် အရှိန်နှုန်းမြင့်ကာ မောင်းနင်လာသော ကားများရှိနေသည်။
“သုံ့သုံ့”
လူတိုင်းက အပြေးလွှားသွားမည့် အချိန်တွင် အရှေ့မှ taxiက တဖြည်းဖြည်းချင်း အရှိန်နှုန်းကို နှေးသည်ထက် နှေးသွားလျှက် ကောင်းယွဲ့နဲ့ ရှောင်လုံ့တို့နှင့် ခက်လှမ်းလှမ်းနေရာတွင် လိုက်ပါသွားကြောင်း တွေ့လိုက်ရသည်။ သူသည် ကလေးမနှစ်ယောက် လန့်မည်ဆိုးသည့်အတွက် ဟွန်းပင် မတီးချေ။ ထိုအခြေနေက လူတိုင်းကို အံ့သြသွားစေသည်။
“ဒါက...”
သုံးယွဲ့ကလည်း သူမ၏ ရှုပ်ထွေးနေသော ဆံပင်များကို သပ်တင်လိုက်ပြီး အမောတကော အသက်ရှူသည်။ ထိုကလေး နှစ်ယောက်ဟာ မတော်တဆ လမ်းမပေါ်သို့ တက်လျှောက်မိကြောင်း တွေလိုက်ရသည်။ သူမ ကိုယ်တိုင်ကပင် တစ်ဖက်ကမ်းမှ ခက်မြန်မြ န်ကူးလာပြီး ကူညီရန် အသင့်ပြင်နေခဲ့သည်။ သို့ရာတွင် ယခုလို မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။
သုံ့ယွဲ့က တစ်ဖက်သို့လှည့်ပြီး ရှေ့မှ Camera ကိုကြည့်ရင်းရယ်မောရင်းပြောသည်။
“အားလုံးပဲ မြင်လိုက်ကြလား”
“ဒီကလေးနှစ်ယောက် နောက်ကနေ လိုက်နေတဲ့ကားက ၁၀စီးကျော်နေပြီ။ ဒါပေမဲ့ ဘယ်သူကမှ အလျှင်မလိုကြဘူး။ ဟွန်းလည်း မတီးကြဘူး။ သူတို့က ဒီအတိုင်း အေးအေးဆေးဆေး မောင်းပြီး လိုက်ပြီး နေကြတယ်”
“ဒါက ဘာကို ဆိုလိုတာလဲ”
“နောက်က ယာဥ်တွေကလည်း အရှေ့က ကလေးနှစ်ယောက်ရဲ့ အခြေအနေကို နားလည်လိမ့်မယ်။ ဒါကြောင့် သူတို့ လိုက်ဖို့ဆန္ဒရှိနေတာပဲ”
“ဒါပေမဲ့ ပိုဆိုးတာက နောက်မှာ လိုက်နေတဲ့ ယာဥ်တွေ ပိုများသွားပြီ”
“လူတိုင်းကသာ ဒီလိုလူမျိုးတွေလိုမျိုး စာနာသနားစိတ် ရှိနေမယ်ဆိုရင် သုံးယွဲ့ကလည်း မျက်မမြင်လူတွေက အနာဂါတ်မှာ ခရီးသွားလာဖို့ မခက်ခဲတော့ဘူးလို့ ယုံကြည်တယ်”
“ကြည့်ရှူသူ မိတ်ဆွေတို့ ခရီးသွားလာဖို့ကို တားမြစ်ထားတာက လမ်းပိတ်တဲ့ ကျောက်တုန်းကြီးတွေ မဟုတ်ဘဲ ငါတို့ရဲ့နှလုံးသားပဲ။ ငါတို့ကသာ သူတို့ရဲ့နေရာမှာ ဝင်ရပ်ပြီး ခံစားကြည့်မယ်ဆိုရင် ဒီtaxi driverတွေလိုမျိုး သူတို့ကို နည်းနည်းလောက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်”
သုံးယွဲ့က ထိုသို့ပြောပြီး အသက်ပြင်းပြင်ရှူကာ အရှေ့မှ ယဥ်ကြောပိတ်ဆို့မှုကို ကြည့်သည်။
ကားတိုင်းက ကလေးနှစ်ယောက်၏ အစောင့်အရှောက်များအလား ဖြည်းဖြည်းချင်း လိုက်ပေးနေကြသည်။
198 02
ဒီနေရာက ကြည့်သော် ထို driverများက ကားထဲမှ ခေါင်းကို ပြူထုတ်လျှက် နောက်က ကပ်လိုက်လာသည့် ကားများကို လက်ဟန်အမူအယာ ပြနေကြောင်းမြင်လိုက်ရသည်။ ဤနည်းအားဖြင့် ထိုကားများက ဟွန်းမတီးပဲ တိတ်တဆိတ် လိုက်လာမည်ဖြစ်သည်။
သူတို့နှစ်ယောက်က ကောင်းမွန်စွာ ဖြတ်ကူး ပြီးသွားမှသာ သူတို့က အရှိန်နှုန်း မြင့်နိုင်ကြသည်။
“ကောင်းပြီ”
”ကောင်းလိုက်တာ”
ဒုမြို့တော်ဝန်ချင်က လမ်းဘေးတွင် ရပ်ရင်း အရှေ့မှ ယာဥ်ကြော ပိတ်ဆို့လောက်အောင် တန်းဆီနေသည့် ကားများကို ကြည့်ကာ မျက်ရည်ပင် ကျလာသည်။ သူသည် ဖြည်းဖြည်းချင်း တဖြောင့်တည်း ရပ်လျှက် အရှေ့မှ လူများကို လေးစားစွာ ဂါဝရပြုလိုက်သည်။
ထိုအချိန်တွင် လမ်းဘေးတွင် လျှောက်နေသော သူများက ရပ်တန့်လိုက်ပြီး လမ်းလယ်မှ ကလေးမလေးနှစ်ယောက်ကို ကြည့်သည်။
“ဘာဖြစ်တာလဲ။ ဘာလို့ ကားတွေက နောက် ကပ်လိုက်နေတာလဲ”
“ဒါက ကောင်းကင်ပြာ တိရစ္ဆာန်ရုံက အသစ်စက်စက် ကယ်ဆယ်ထားတဲ့ လမ်းပြခွေး မဟုတ်လား။ ဒီကလေးမနှစ်ယောက် မျက်လုံးမမြင်ဘူးလေ။ ငယ်ငယ်လေးနဲ့ မျက်လုံးမမြင်ကြဘူး”
“တော်လိုက်တာ ။ ဒီလိုဖြစ်ရမှာပေါ့ ။ ငါတို့ရဲ့ ချင်တုဆိုတာ ဒီလိုပဲလေ”
“အဲဒီက အလေးပြုနေတဲ့ တစ်ယောက်ကို ကြည့်ရတာ မြို့တော်ဝန်ထင်တယ်။ တစ်ချက်ကြည့်စမ်းပါဦး။ တကယ်ပဲ မြို့တော်ဝန်ပဲ။ သူက ဒီ taxi driverတွေကို ကျေးဇူးတင်နေတာ”
“.....”
ပို၍ များပြားသော လူများက လမ်းဘေးနားတွင် အုံလာကြပြီး လမ်းလယ်မှ ကလေးမလေးနှစ်ယောက်ကို ကြည့်ကြသည်။
“ငါက 003ပါ။ နတ်သမီးနှစ်ယောက် လမ်းကူးနိုင်ဖို့ ကူညီပေးပါရစေ။ ကျေးဇူးပြုပြီး ကိုင်ထားပေးပါ”
ကောင်းယဲ့တို့၏ အနောက်မှ ကပ်လိုက်နေသော ပထမဦးဆုံး taxi အတွင်းတွင် သက်လက်ပိုင်းအရွယ် လူတစ်ယောက်က အတွင်းမှ စကားပြောစက်ဖြင့် လှမ်းအော်သည်။
“ဒါက seg gateရဲ့ မြောက်ပိုင်းတောင်ပိုင်း အခွဲလမ်းဆုံပါ။ နောက်က ညီကိုတို့ သတိထားစေချင်ပါတယ်။ ဟွန်း မတီးကြပါနဲ့”
“ထပ်ပြောပါမယ် မင်းတို့တွေ ကွေ့ပတ်ပြီးသွားလို့ရရင် ကွေ့ပတ်ပြီး သွားကြပါ။ ဒါပေမဲ့ ဟွန်းမတီးကြပါနဲ့”
“ငါက 006ပါ ။ ငါက မင်းရဲ့နောက်တည့်တည့်မှာ။ မစိုးရိမ်ပါနဲ့ ဘယ်သူမှ ဟွန်းမတီးဘူး”
“ဘာဖြစ်တာလဲ။ အာ ငါ အချစ်နဲ့ မျှော်လင့်ချက် channelကို channelထဲမှာ တွေ့လိုက်ပါတယ်။ ဒါက မျက်လုံးမမြင်တဲ့ ကောင်မလေး။ နောက်ပြီး သူတို့တွေ လမ်းကူးနေကြတာလား။ နံပါတ် 009 ငါအခုပဲ ကွေ့ပတ်ပြီး သွားလိုက်မယ်။ ဟွန်းမတီးဘူး။ ညီကိုတို့ ကလေးမလေး နှစ်ယောက်ကို လိုက်ပြီး ပို့ဆောင် ပေးရအောင်။ နောက်က ကိုယ်ပိုင်ကားကိုလည်း အကြောင်းကြားလိုက်ဦး။ ဟွန်းမတီးခိုင်းနဲ့ဦး”
“.....”
“ကောင်းယဲ့ ကျဲကျဲ ဘာလို့ လမ်းပေါ်မှာ ဘာသံမှ မကြားရတာလဲ။ ငါတို့နေရာ မှားလာတာလား”
ရှောင်လု၏နားက အနည်းငယ် လှုပ်ခတ်သွားပြီး သူမသည် အနောက်မှ ကားသံကို ကြားနိုင်သေးသည်။ သို့သော်....
ကောင်းယဲ့ကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးစွာ ခေါင်းခါသည်။ သူမသည် အသံကို ကြားသလိုလို ရှိသည်။ သို့သော် ကားဟွန်းသံမျိုးကို မကြားရချေ။
ဘာဖြစ်တာလဲ။
အတိတ်ကသာ ဆိုလျှင် ယခုလိုမဖြစ်သင့်ပေ။
ရုတ်တရက် ကောင်းယဲ့က တစ်စုံတစ်ရာကိုတွေးမိသွားပြီး ရပ်တန့်လိုက်သည်။ သူမက ငုံ့ကိုင်းလိုက်ပြီး တုန်တုန်၏အမွှေးတွေကို အသာစွဲလျက်ပြောသည်။
“တုန်တုန် ငါတို့ နောက်မှာ ကာတွေ အများကြီး ရှိတာ”
ဝုတ်
GRက သတိအပြည့်ကပ်လျက် ခပ်တိုးတိုးဟောင်သည်။ သခင်ဖြစ်သူ၏ ခြေထောက်ကိုလည်း ခေါင်းလေးနှင့် ပွတ်လိုက်သေးသည်။
198 03
“ ဟူး” ကောင်းယဲ့က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ရှောင်လုံ့ဘေးဘက်သို့ အသာစွဲလိုက်ပြီး နောက်သို့ တဖြည်းဖြည်း လှည့်သည်။ သူမက မမြင်နိုင်သော်လည်း နောက်ဘက်မှ လာနေသည့် နွေးထွေးမှုကို ခံစားမိသည်။
“ ကျေးဇူးတင်ပါတယ်”
ကလေးမ နှစ်ယောက်က တစ်ပြိုင်တည်းအော်ပြီး ငုံ့ကိုင်းကာ ဂါဝရပြုကြသည်။
“သေစမ်း ငါ့ရဲ့မျက်လုံးထဲ သဲဝင်သွားတယ်”
ပထမဆုံးသော taxi ထဲမှ Driverက ရှေ့တွင် ဂါဝရ ပြုနေသည့် ကလေးနှစ်ယောက်ကို ကြည့်ပြီး နီရဲနေသော မျက်လုံးများကို ပွတ်လိုက်မိသည်။ သူ၏ tissueကို ထုတ်ကာ မျက်ရည်ကို သုတ်ရသည်။
လမ်းတစ်ဖက်တချပ်စီတွင် ရှိနေသည့် လူတိုင်းကလည်း ထိုမြင်ကွင်းကို ကြည့်ပြီး ခံစားသွားကြရသည်။
မရေမတွက်နိုင်သော ကားပေါင်းများစွာက တဖြည်းဖြည်းချင်း ရပ်သွားကြသည်။ ရှေ့မှာ မျက်လုံးမမြင်သော ကလေးမ နှစ်ယောက်၏ ငုံ့ကိုင်းကာ ဂါဝရပြုနေသောပုံက လူတိုင်းကို ခံစားချက်ကောင်း ဝင်စေသည်။
ဖြစ်နိုင်သည်မှာ ဒီနေ့မှစတင်ပြီး ပို၍များပြားသော အမြင်အာရုံ ပျောက်ကွယ်နေသူ များက ချင်တု မှတစ်ဆင့် အမှောင်ခန်းအတွင်းမှ လွတ်မြောက်နိုင်ကြသည်။ ထိုသို့ဖြင့် တရုတ် တပြည်လုံးအနှံ့ ပြန့်နှံ့လာနိုင်သည်။ သို့သော်…
လူတိုင်းက အဆင်သင့် ဖြစ်နေသည်။ လူတိုင်းက ထိုအထူးအဖွဲ့ကို ကူညီပေးရန် အချိန်မရွေး အဆင်သင့် ဖြစ်နေကြသည်။
“ ဟူး”
သုံ့ယွဲ့က အသက်ပြင်းပြင်း ရှူသည်။ သူမ၏ မျက်နှာမှ မိတ်ကပ်များကိုပင် မျက်ရည်က ဖယ်ရှားသွားသည်။ သို့သော် သူမ၏ နှူတ်ခမ်းတွင် အပြုံးက အမြဲတစေ ရှိနေသေးသည်။ ရှေ့မှန် Cameraကို ကြည့်ရင်း သုံ့ယွဲ့က ဆက်ပြောသည်။
“ဒါက အချစ်နှင့် မျော်လင့်ချက် program အသင်းပါ။ ငါက သုံ့ယွဲ့ပါ”
“ ငါတို့က အမှန်တရားကို ပြောတတ်တယ်။ ဒါပေမဲ့ သုံ့ယွဲ့က ဒီမြင်ကွင်းကို ကြိုတင်ပြင်ဆင်ထားတာ မဟုတ်တဲ့ အကြောင်း ကြိုပြောချင်တယ်။ အရာအားလုံးက အစစ်မှန် ပါပဲ”
“ ဒီ Season ကတော့ ပြီးဆုံးပါပြီ”
“ သုံ့ယွဲ့က ဒီ driver တွေရဲ့ ကိုယ်စား တကယ်ကို ရိုးသားစွာနှင့် ဂုဏ်ယူမိတယ်။ အားလုံးကသာ သူတို့လို ဖြစ်နေမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ဆယ်သန်းကျော်တဲ့ အမြင်အာရုံ ပျောက်ကွယ်နေသူတွေ အားလုံးရဲ့ ဘဝက ကောင်းမွန်လာမှာပဲ။ သူတို့ရဲ့ ဘဝမှာ အာရုံဦးချိန်ကို မြင်နိုင်မှာပါ”
“နောက်ပြီး ဒီလမ်းညွှန်ခွေးတွေနှင့် ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ဒိီလိုပွဲမျိုး ကျင်းပပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“မျှော်လင့်ပါတယ်။ အနာဂါတ်မှာ ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ငါတို့ကို ပိုပြီး အံအားသင့်စရာ ကောင်းတဲ့ အခြေနေမျိုးတွေကို သယ်ဆောင်လာပေးနိုင်ဖို့ မျော်လင့်တယ်”
“နောက်ပြီး ကျေးဇူးအများကြီး လည်းတင်ပါတယ်။ နောက်ပိုင်းကျမှ ထပ်တွေ့ကြမယ်။ သုံ့ယွဲ့က ဒီကောင်မလေးနှစ်ယောက်ကို သွားရှာလိုက်ဦးမယ်။ ဒီတော့ အားလုံးပဲ နှုတ်ဆက်ပါတယ်”
“….”
ဟန်ချန်း
ချင်တုတွင် ကလေးမလေးနှစ်ယောက် ကိစ္စရှိနေသလို ဆုပိုင်က ရွှေရောင် အမဲလိုက်ခွေးတစ်ကောင်အား အိုဟောင်းနေသော ရပ်ကွက်တစ်ခုအတွင်းသို့ ဦးဆောင် ခေါ်သွားနေသည်။ ရပ်ကွက်တစ်ခုလုံးက ဟန်ချန်း၏ မြို့အပြင်ဘက်တွ င်ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ဝန်ဆောင်မှုဆိုင်ရာနယ်ပယ်တိုင်းက အထူးတလည် ပြင်ဆင်ထားမှုများမရှိချေ။ ဆိုင်တိုင်း နီးပါးကလည်း ပိတ်လုနီးပါး ဖြစ်နေလေပြီ။
ရပ်ကွက်တစ်ခုလုံး၏ ဝင်ပေါက်တွင် လုံခြုံရေး အခန်းအတွင်းထိုင်နေသည့် လူအိုကြီး တစ်ယောက်သာ ရှိသည်။
“ ရှောင်းယုယု တို့က ဘယ်မှာနေတာလဲ”
လောင်ကျိုးက ဆုပိုင်၏ဘေးနားတွင် ရပ်လျှက် လိုက်ပါလာခြင်းဖြစ်သည်။ သူသည် အဝေးရှိ နံရံများပင် မရှိလောက်အောင် အိုဟောင်းနေသည့် အဆောက်ဦးကြီးကို ညွှန်ပြရင်း ပြောသည်။
“ အဲဒီမှာ နေတာဖြစ်လောက်တယ်”
“ ဒီအဆောက်ဦးရဲ့ ၅ လွှာမှာလေ။ ဒါပေမဲ့ မနေ့က ငါ ဒီအဆောက်ဦးနှင့် ပါတ်သတ်ပြီး ကြားထားတယ် “
198 04
“ ဒီရပ်ကွက်တစ်ခုလုံးမှာ လူနေတဲ့သူ သိပ်များတာ မဟုတ်ဘူး။ အများစုက ရွှေ့သွားကြပြီလေ။ ဒီမှာအရင်ကတော့ ကျောင်းရှိခဲ့တယ်။ ဒါပေမဲ့ ကျောင်းက ရွှေ့သွားပြီးတဲ့နောက် မှာ အပြင်က ဆိုင်တွေတောင် ပိတ်သွားတော့တာပဲ”
“ နောက်ပြီး ရှောင်းယုယု ရဲ့ အဘွားကလည်း ...”
ထိုအချိန်တွင် လောင်ကျိုးက တုံဆိုင်းသွားသည်။
“သူမက ဒီရက်ကွက်မှာ အတော်လေးကျော်ကြားတယ်။ ဒီဘေးအိမ်က အဘိုးကြီးရဲ့ စကားအရ သူမက ပြောင်းလာကတည်းက တစ်ယောက်တည်းပဲတဲ့လေ။ ဒါပေမဲ့ သူက ကလေးတွေအများကြီး မွေးစားခဲ့တာ။ ရှောင်းယုယုက သူမ မွေးစားခဲ့တဲ့ ၆ယောက်မြောက် ကလေးပေါ့”
“နောက်ပြီး”
“နောက်ပြီး ဒီအဖွားကြီးက ပိုင်ဆိုင်မှုတွေကို လှူဒါန်းထားတဲ့ပုံပဲ။ ဒါကြောင့်သူ့ရဲ့ ဘဝက အခုလိုမျိုး ဆိုးရွားနေတာ”
သူ၏ စကားမဆုံးသေးခင် ဆုပိုင်က နားလည်သွားသည်။ တစ်ဖက်သူ၏ တစ်ဘဝလုံး တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ မျက်လုံးလည်း မမြင်ချေ။ ထို့အပြင် မျက်လုံး မမြင်သော ကလေးငါယောက်ကို မွေးစားခဲ့သေးသည်။ အခြေနေက တွေးကြည့်ရုံနှင့်ပင် ခက်ခဲမှုက ပြင်းထန် နိုင်သည်။
“ဟူး”
ဆုပိုင်က နှုတ်ခမ်းကို တိတ်တဆိတ် ပိတ်လိုက်ပြီး ခြေထောက်နားမှ လမ်းပြခွေးကို ခေါ်လျက် ရက်ကွက်ထဲသို့ တစ်လှမ်းချင်းဆီ ဝင်သည်။ အချိန်အတန် ကြာပြီးနောက် ငါးလွှာမှ အဘွားကျန်း၏ အခန်းရှေ့သို့ရောက်သွားသည်။ စုပိုင်က တွေးတောကြည့်ပြီး လက်ဆန့်ထုတ်ကာ တံခါးကို ခေါက်လိုက်သည်။
++++++