အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
199 01
အခန်း 199
ဒီနေရာသို့ လာရခြင်းက နန်ကုန်းယွမ်အတွက်သာ မဟုတ်လေဘဲ ဒီလမ်းပြခွေးကို မွေးစားခိုင်းရန်အတွက်ဖြစ်သည်။
“ဘယ်သူလဲ”
ထိုအချိန်တွင် အတွင်းမှ ကြောက်လန့်နေသော အသံက ထွက်လာသည်။ ရှောင်းယို့ယို့၏ အသံဖြစ်သည်။
“ရှောင်းယို့ယို့ ဒါရိုက်တာဆုပိုင်လေ”
ဆုပိုင်က ရယ်လျှက်ပြောလိုက်သည်။
“ဝင်လာခဲ့ပါ”
တံခါက ပွင့်သွားပြီး ရှောင်းယို့ယို့က ပါးလျသော ဝတ်စုံများကို ဝတ်နေရင်း ရက်လျှက်ရှိနေသည်။ သူမလေးက လက်လေးကို ဆန့်ထုတ်ပြီး ဟန်အမူယာပြသည်။
“အာ ဒါရိုက်တာ ဆိုပိုင်ဒါက။ ဒါက ဘယ်သူလေးလဲ”
ယွီကျစ်။ ဒါက ယွီကျစ်မဟုတ်လား။ ရှောင်းယို့ယို့က နူးညံ့သော အမွှေးလေးများကို ထိတွေ့မိရုံနဲ့ တအံ့တသြ အော်လိုက်သည်။
“ဝုတ်”
လမ်းပြခွေးကလည်း ပျော်ရွှင်စွာ အော်သည်။ သူသည် လျှာလေးကို ထုတ်လျှက် ရှေ့မှ ကလေးမလေး၏ မျက်နှာကို အသာ လျက်ပေးလိုက်သည်။
“ခခ် ခခ် ယားတယ် ယားတယ်”
ရှောင်းယို့ယို့က ထိုခွေးလေး လက်နှစ်ဖက်လုံးနဲ့ ပွေ့ဖက်လိုက်ပြီး ပြုံးရယ်ကာ အော်သည်။
“အဘွားကျန်းက ဘယ်မှာလဲ”
ဆုပိုင်က အထဲကို တဖြည်းဖြည်းချင်း ဝင်သွားပြီး အိမ်ထဲမှ အခြေအနေကို ကြည့်ကာ ခပ်တိုးတိုး မေးသည်။
“အဘွားက အပြင် ထွက်သွားတယ်”
ရှောင်းယို့ယို့က စောင့်ကြောင့်လေး ထိုင်ပြီး လမ်းပြခွေးရဲ့ အမွေးများကိုသာ ပွတ်နေသည်။
ဆုပိုင်က ကောင်မလေးကို ကောက်ချီ လိုက်သည်။ ထို့နောက် အနီးနားရှိ အိုဟောင်းနေသော ဆိုဖာပေါ်တွင် တင်ထားလိုက်ပြီး အိမ်တစ်ခုလုံးအနှံ့ လိုက်ကြည့်သည်။ သူ၏ မျက်နှာက ပို၍ ပျက်ယွင်းလာသည်။
သူက မီးဖိုခန်းထဲရှိ အိုးအဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ အတွင်းတွင် အရွက်ဆန်ပြုတ်ကိုသာ တွေ့ရသည်။ တစ်ခန်းလုံးက ရှုပ်ပွနေသော်လည်း သန့်ရှင်းမှု ရှိနေသေးသည်။ သို့သော်...
သူဟာ မီးဖိုခန်း အရှေ့တွင် ထောင်ထားသည့် သေးငယ်သော တုတ်ကောက်ကို ကြည့်ပြီး ဆုပိုင်၏ အမူယာက ပြောင်းလဲသွားသည်။ အဘွားချိုင်ကပင် ထိုဒုတ်ကောက်ကို အသုံးမပြုလောက်ချေ။ ထိုကြောင့် ထိုဒုတ်ကောက်ဟာ...
“ဒါရိုက်တာ ဆုပိုင်”
ရုတ်တရက် ဘေးဘက်တွင် ရပ်နေသော လောင်ကျိုးက ရေကန်နားရှိ ဘေစင်နားတွင် ရပ်နေရင်း လက်ညိုး လှမ်းထိုးပြသည်။
“ဒီမှာကြည့်ဦး။ ဒီမှာ သွေးတွေ ရှိနေတယ်”
“ဒါဟာ....”
ဆုပိုင်က ရှောင်ယို့ယို့၏ အနားသို့ လျှောက်သွားပြီး သူမ၏ ကျောမှ အဝတ်များကို အသာ မကြည့်သည်။
“ဟာ”
နှစ်ယောက်လုံးက အသက်ပြင်းပြင်း ရှူလိုက်ရသည်။
ဒဏ်ရာများသည် အနိစ္စအရာများ ဖြစ်သည်။ အချို့သော အနာများက အမာရွတ်များပင် ပေါ်နေသည်။ တစ်ဖက်ခြမ်းရှိ အရေပြားကမူ အနည်းငယ် မည်းနေသည်။ သိသာစွာပင် အချို့သော ဒဏ်ရာများက မပျောက်သေးပဲ ပုပ်သွားခြင်း ဖြစ်သည်။
သို့ရာတွင် အဖွားကျန်း၏ မျက်နှာရှိ အမူအယာအရ သူမသည် မိန်းကလေးကို ဒီလိုဆက်ဆံမည့် ပုံစံမျိုးမရှိချေ။
199 02
“ဒါရိုက်တာ ဆုပိုင်”
ရှောင်ယို့ယို့က သူမ၏ကျောမှ အဝတ်ကိုဆွဲချပြီး ယွီကျစ်၏ ခေါင်းလေးကို လက်နှစ်ဖက်လုံးဖြင့် သိုင်းဖက်ထားလိုက်သည်။ သူမသည်လည်း ဘာပြောရမှန်းမသိဘဲ ကူကယ်ရာ မဲ့သွားပုံ ပေါ်သည်။ သူမက ကြောက်လန့်စွာ ပြောသည်။
“ငါ မနာပါဘူး။ အဘွားကို မပြောပါနဲ့နော်”
“ဝူး ဝူး ဝူး။ ရေ ရေ ရေကို မထိပါနဲ့။ အဘွားက ရေကို ထိလိုက်တဲ့ အချိန်တိုင်း ညဘက်ကျရင် အကြာကြီး နာနေလေ့ရှိတယ်”
“ငါ ပန်းကန်တွေ ဆေးနိုင်တယ်လေ။ ဒီ ဒါဏ်ရာတွေက မနာပါဘူး။ တကယ်ပါ ဦးလေးဆုပိုင်ရယ် မနာပါဘူး”
“ဝူး ဝူး ဝူး အဘွားကို မပြောပါနဲ့တော့ ဟုတ်ပြီလား”
“ဟုတ်ပြီလား”
“ဟူး”
ဆုပိုင်က ကလေးမလေးကို အသာပွေ့ဖက်လိုက်ပြီး မျက်လုံးကို မှိတ်ကာ အသက်ပြင်းပြင်း ရှူသည်။ ဘေးဖက်မှ လောင်ကျိုးကလည်း အကြည့်လွှဲလိုက်ကာ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။
အခြားလူများသည် ထိုခံစားချက်ကို နားလည်ရန် ခက်ခဲလောက်သည်။ သ်ို့သော် လောင်ကျိုးကမူ ထိုခံစားချက်နှင့် အလွန်ရင်းနှီးနေသည်။ သူ၏ရှောင်လုံ့သည်လည်း အိမ်တွင် တစ်ယောက်တည်းရှိချိန်က ထိုသို့ ဖြစ်ခဲ့သည်။
25:30 လျှင်ပင် သူ့ရဲ့စိတ်က သည်းခံတတ်၏။ အတက်နိုင်ဆုံး ကူညီပေးနိုင်ရန် ကြိုးစားလေ့ ရှိသည်။ သို့သော်
အရှေ့မှ ရှောင်ယို့ယို့ဟာ ၅နှစ်သာရှိသေးသည်။
“ဒီမှာ ဒါရိုက်တာ ဆုပိုင်က သမီးကို ဆေးလိမ်းပေးမယ်နော်”
ဆုပိုင်က အခန်းတစ်ခုလုံးအနှံ့ ပတ်ရှာပြီးနောက် ဆေးပုလင်းကိုရှာတွေ့သွားသည်။ ထို့နောက် ကလေးမလေးကို ညှင်သာစွာ ဆေးလိမ်းပေးသည်။
“နာလား”
“မနာဘူးလား”
“ကျောကုန်းကို ဂျေးတွန်းတဲ့အခါ မနာဘူးလား”
“မနာပါဘူး။ အဘွား အဘွား ပန်းကန်တွေဆေးတဲ့အခါ ညဖက်ကျရင် ပိုနာနေတက်တယ်။ ယို့ယို့က အဘွားကို ညဖက်မှာ ကောင်းကောင်း အိပ်စေချင်တာလေ”
နာခံ သိတတ်လွန်းသော ကလေးမလေးကို ကြည့်ပြီး ဆုပိုင်က ပိုတိုး၍ ဖက်လိုက်မိသည်။
“ယွီ ယွီ ယွီ ယွီကျစ် ငါ ငါ နင် ကစားဖို့ အရုပ်ပေးမယ်လေ”
ထိုအချိန်တွင် ကလေးမလေးက အိပ်ခန်းထဲသို့ အတင်း ပြေးဝင်သွားပြီး အရုပ်လေးတစ်ရုပ်ကို ကိုင်လျက် ဧည့်ခန်းဖက်သို့ ပြန်ပြေးလာကာ လမ်းပြခွေးကို လှမ်းခေါ်သည်။
“ဒါ”
ဆုပိုင်က အရုပ်များ၏ အရောင်သွေးကို ကြည့်ပြီး သည်းမခံနိုင်တော့ချေ။ မျက်နှာကို လွှဲလိုက်ပြီး မငိုမိအောင် ထိန်းလိုက်ရသည်။
ဘာလို့လဲ။
ဘာလို့ မျက်လုံးမမြင်တဲ့ ကလေးတိုင်းက ဒီလိုဆိုးရွားတဲ့ ဘဝကို ခံစားနေရတာလဲ။ ဒါက ၅နှစ်အရွယ်ပဲရှိတဲ့ ကလေးတစ်ယောက်ပဲ။
မျက်လုံး မမြင်နိုင်သော အချက်ကြောင့်သာ မဟုတ်လျှင် ယခု ကလေးသာသာ အရွယ်လေးက ထိုမျှ အထိ သိတတ်နေစရာ အကြောင်းမရှိချေ။
“ငါတို့ ဒီနှစ်ယောက်ကို ဒီတိုင်းနေခိုင်းလို့ မဖြစ်တော့ဘူး။ မျက်လုံး မမြင်တဲ့သူနှစ်ယောက်ကို အတူနေခိုင်းတာက...နောက်ပြီး အဖွားကျန်းက အသက်ကြီးနေပြီ။ ဒီလိုဆက်နေတာက ရွေးချယ်စရာ တစ်ခုမဟုတ်ဘူး။ အနှေးနဲ့ အမြန်တစ်ခုခု ဖြစ်လာလိမ့်မယ်”
ဆုပိုင်က ကလေးမလေးနဲ့ ကစားနေသည့် လမ်းပြခွေး ယွီကျစ်ကို တစ်ချက် ကြည့်လိုက်သည်။ ကောင်မလေးက ပျော်ရွှင်နေပုံ ရ၏။ သူဟာ လောင်ကျိုးကို ပြောလိုက်သည်။
“ဒါရိုက်တာ နန်ကုန်းယွမ်နဲ့ ပါတ်သတ်တဲ့ ဆက်ဆံရေးမရှိရင်တောင်မှ သူတို့အတွက် နေစရာမရှိရင်တောင်မှ ငါတို့ရဲ့ တိရစ္ဆာန်ရုံမှာ ခေါ်ထားလို့ရတယ်”
199 03
“ဟုတ်တယ်”
လောင်ကျိုးကလည်း ခေါင်းကို လေးလံစွာ ညိတ်သည်။
ဗန်း
ထိုအခိုက်တန့်တွင် အိမ်တံခါးဖွင့်သံကို ကြားရသည်။ အဖွားကျန်းက ပြန်လာလေပြီ။
“အဘွား ဒါရိုက်တာ ဆုပိုင်ရောက်နေတယ်”
ရှောင်ယို့ယို့က ခေါင်းကိုမော့ပြီး လှမ်းအော်သည်။
ထိုနောက် ဆုပိုင်က အတင်းပြေးသွားပြီး အဘွားကျန်းကို ကူညီပေးသည်။ အဘွားက နံရံနားတွင် မှီလျှက် ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထိန်းနေရလေသည်။
“ငါ ငါက အိုနေပါပြီ။ ဒီလောက် အမြင့်ကြီး မတက်နိုင်တော့ရုံပါပဲ”
အဘွားချန်းက သက်ပြင်းချပြီး ဆုပိုင်ကိုပြောသည်။
“အခန်းက တအားရှုပ်နေမှာ နေရာတစ်ခုရှာပြီး ထိုင်လိုက်ပေါ့”
“ငါ အခန်းထဲဝင်ပြီး အဝတ်လဲလိုက်ဦးမယ်”
သူမက ဝယ်လာသည့် အသီးနှံများကိုချပြီး အိပ်ခန်းထဲသို့ တစ်လှမ်းစီ ဝင်သွားသည်။ ဆုပိုင်က ပြောရန် အကြောင်းရာများကို တွေးတောနေရုံသာရှိသေးသည်။ ဗုံးခနဲ အသံကို ကြားလိုက်ရသည်။
အသံက အလွန်ကျယ်သည်။ ဆုပိုင်ရဲ့ မျက်နှာ အမူအယာကလည်း မပြောင်းလဲသွားပြီး သူနှင့် လောင်ကျိုးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆိုဖာပေါ်မှ ထရပ်လျှက် အခန်းထဲသို့ အတင်ူပြေးဝင်သွားသည်။
တံခါးကို တွန်းဖွင့် လိုက်သောအခါ ကြမ်းပြင်တွင် နာကျင်မှု အပြည့်ဖြင့် လဲကျနေသည့် အဖွားကျန်းကို မြင်လိုက်ရသည်။ သူမက ထနိုင်ရန် မနည်းရုန်းကန်နေရပုံ ပေါ်သည်။ ထို့နောက် သူတို့ကို ပို၍ ခံစားရစေသည်မှာ အဘွားက အင်္ကျီလဲရန်အတွက် ကုတ်အင်္ကျီကို ချွတ်ထားပုံရသည်။ သူမ၏ လက်မောင်းတွင်ပေါ်နေသော အသားရည်များက ကြောက်စရာ ကောင်းသော အမာရွတ်များ ပြည့်နေသည်။ အရေပြားတစ်ခုလုံ့းက ပါးရေတွံ့ပြီး လန်တက်နေသည့်အပြင် အချိူ့သော နေရာများဆိုလျှင် အရိုးကိုပင် မြင်နေရသည်။
“အဘွား ဝူး ဝူး ဝူး ဝူး” ထိုအချိန်တွင် ရှောင်ယို့ယို့က ငိုသည်။ ငိုပြီး ပြေးဝင်လာ၏။
“ရပြီ ရပြီ မငိုနဲ့။ အဘွားက မတော်တဆလဲကျသွားရုံပဲ။ အဆင်ပြေတယ်”
ကျန်းယွီရန်က အံကိုကျိတ်လိုက်ပြီး အိပ်ယာထောင့်စွန်းနားကို ကိုင်ကာ တဖြည်းဖြည်းချင်း ထလာသည်။
ထို့နောက် လက်လေးဆန့်ထုတ်ပြီး ရှောင်းယို့ယို့ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးရှာသည်။
“အဆင်ပြေပါတယ် ။ အဘွားက...”
သို့သော် ရုတ်တရက် ဆုပိုင်ဟာလည်း သူမ၏ မျက်နှာအမူယာက ပြောင််းလဲ သွားကြောင်းသိလိုက်သည်။ သူမ၏ မျက်နှာတွင် အလွန်နာကျင်နေသော မျက်နှာအမူရာက ပေါ်ထွက်လာ၏။ ထို့နောက် နှုတ်ခမ်းထောင့်မှ သွေးများကျလာသည်။
“အဘွားကျန်း မရဘူး”
“လောင်ကျိုး ကလေးကိုခေါ်လာခဲ့။ ငါတို့ အခုပဲ ဆေးရုံကိုသွားကြမယ်”
သိသာစွာပင် အဖွားကျန်း၏ အခြေနေဟာ အလွန်ဆိုးရွားနေသည်။
ထို့ပြင် ဆုပိုင် မြင်နေရသည့် ပေါ်နေသော ဒဏ်ရာများအရ သူမအရင်တစ်ခေါက်က မီးလောင်မှုတွင် တစ်ကိုယ်လုံးနီးပါး လောင်ခဲ့လောက်သည်။ နေရာက များနိုင်၏။
တစ်ဖက်သူ၏ ဘဝဟာ နဂိုထဲက ခက်ခဲနေခဲ့ပြီးသားဖြစ်သည်။ သို့တိုင်အောင် မျက်လုံးမြင်သော ကလေး၅ယောက်ကို အရွယ်ရောက်သည် အထိစောင့်ရှောက်ပေးခဲ့သည်။
ထိုအကြောင်းရာကို တွေးမရုံနှင့် ဆုပိုင်က သူမကို စကားပြောခွင့် မပေးနိုင်တော့ချေ။ ဒီတိုင်း ကောက်ပွေ့လိုက်ပြီး အလျှင်စလို ပြေးဆင်းလိုက်သည်။
…..
ဟန်ချန်း အများပြည်သူ့ဆေးရုံ
“လူနာက အခြေနေဘယ်လိုရှိလဲ”
နန်ကုန်းယွမ်က ဆေးရုံလျှောက်လမ်းပေါ်သို့ အပြေးအလွှားတက်လာပြီး ဆုပိုင်၏ လက်မောင်းကို လက်နှစ်ဖက်လုံးဖြင့် လှမ်းကိုင်ကာ တက်ကြွစွာမေးသည်။
“သူ့မရဲ့ အခြေနေဘယ်လိုရှိလဲ”
“ဆရာဝန်က ဘယ်မှာလဲ”
199 04
“ယွီရန် “
ဆုပိုင်က တစ်ချက် လက်ညိုးထိုးပြလိုက်သည်။ အရှေ့က ဆေးရုံခန်းကို လက်ညိုးထိုးပြ၍ သူသည်လည်း တိတ်ဆိတ် သွားလေသည်။
အံ့အားသင့်စရာကောင်းသည်မှာ ဆရာဝန်၏ ရှင်းပြပေးမှုနောက်တွင် အဘွားကျန်း၏ ဒဏ်ရာများက အလွန််ကြောက်စရာ ကောင်းနေသည်။ ဒါဟာ ရိုးရှင်းစွာပင် မျက်လုံး မမြင်ယုံမဟုတ်ချေ။ သူမ၏ ခန္တာကိုယ်၏ ၇၀ ရာခိုင်နှုန်းခန့် အပြည့် မီးလောင်ခဲ့ရသည်။ ပို၍ဆိုးသည်မှာ ကိုယ်တွင်းအင်္ဂါများကပင် လှုပ်ရှားမှု မရှိတော့ပဲ သိမ်လာသည့် လက္ခဏာပြလာသည်။
အရှေ့မှ ထိုအဘွားအိုကြီးက မည်မျှ သန်မာကြောင်း တွေးတောကြည့်ရန်ပင် ခက်ခဲသည်။
“ငါ....”
ဖြန်း
“မျိုးမစစ် မျိုးမစစ် နန်ကုန်းယွမ် မင်းက မျိုးမစစ်ကောင်ပဲ”
နန်ကုန်းယွမ်က အခန်းပြင်ရှေ့တွင်ရပ်လျှက် ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်နေသည်။ သူ၏ တစ်ကိုယ်လုံးက ပြိုလဲကျသွားပြီး ချက်ချင်းလိုလို မြေပြင်ပေါ်သို့ ထိုင်လျှက်သား ဖြစ်သွားသည်။
“ဘာလို့ ဘာလို့ဒီလိုဖြစ်လာရတာလဲ”
သူက ဆက်တိုက် အော်ညည်းနေသည်။
နောက်မှသူများက သူ၏ ပုံစံကိုကြည့်ကာ အနောက်မှ ခပ်မြန်မြန် တွန်းပြီး ထူပေးချင်သည်။ သို့သော် ဆုပိုင်က သူ့ကိုတားပြီး ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး ငါ ဝင်သွားမယ်။ ငါ ဝင်သွားချင်တယ်”
နန်ကုန်းယွမ်က မြေပြင်မှ ကုန်းထသည်။ ထို့နောက် တံခါးကို တုန်ယင်စွာ ဖွင့်ပြီး အတွင်းထဲ တစ်လှမ်းချင်းစီ ဝင်သွားသည်။
ဆေးရုံကုတင် အနားသို့ ရောက်သွားပြီးနောက် အရှေ့မှ နာကျင်နေသော ပုံရိပ်ကို ကြည့်ကာ မျက်ရည်များက ဆင်းကျလာသည်။
“ယွီရန်”
“ယွီရန်”
သူက ခပ်တိုးတိုးခေါ်ပြီး အမာရွတ်များ ပြည့်နေသည့် လက််ဖဝါးကို ကောက်ကိုင်လိုက်ကာ သူ၏မျက်နှာနားတွင်ကပ်လိုက်သည်။
“ငါမင်းကို တစ်ဘဝလုံးရှာနေခဲ့တာ”
“ဘာလို့ အခုမှ တွေ့ရတာလဲ။ ဘာလို့လဲ”
“ဘာလို့ ပုန်းနေခဲ့တာလဲ။ မင်းကငါ့ရဲ့ အသက်ကို ကယ်ခဲ့တာလေ။ ငါက မင်းကို ဘာကြောင့်များ သဘောမကျ ဖြစ်ရမှာလဲ”
ယခု အချိန်မှသာ သူမ၏ တစ်ကိုယ်လုံးတွင် ရှိသည့် ဒဏ်ရာများကို မြင်လိုက်ရပြီး သူမက မည်သည့်အတွက် စကားတစ်ခွန်းမဆိုဘဲ ထွက်သွားခဲ့ကြောင်း နားလည်လိုက်သည်။ သူမသည် မည်သူ့ကိုမှ မဆက်သွယ်ခဲ့ချေ။
မျက်လုံးလည်း မမြင်သည့်အပြင် တစ်ကိုယ်လုံး၏ ၇၀ရာခိုင်နှုန်းအနှံ့ မီးလောင်ကျွမ်းမှုကို ခံလိုက်ရသော လူတစ်ယောက်က နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့သည့် ကိစ္စနဲ့ ပါတ်သက်ပြီး အံ့အားသင့်စရာ ကောင်းနေသည်။
“ ငါက နင့်ကို ဆွဲမချချင်ရုံပဲ”
ရုတ်တရက် ကျန်းယွီရန် က ခပ်တိုးတိုးပြောသည်။
“ နင်အဲ့ဒီ အချိန်က ဆုတောင်ရခဲ့တာ မဟုတ်လား။ ငါက ဒီတိုင်းနေပြီး နင့်ကို ဆွဲချလို့ မရဘူးလေ”
“ နောက်ပြီး ငါ သင်ပေးခဲ့တာကို မမေ့နဲ့”
“ ငါတို့က တရုတ်လူမျိုးတွေ။ ငါတို့စစ် uniformကို ဝတ်ထားတဲ့အချိန်မှာ ငါတို့ရဲ့တာဝန်က လူတိုင်းကို ကယ်ဖို့။ လူတိုင်းကို ကာကွယ်ဖို့ပဲ”
“ ငါတို့ရဲ့ အသက်ကိုပေးရမယ် ဆိုရင်တောင်မှပေါ့”
“ တစ်ခန်းတည်းမှာရှိတဲ့ လူ ၈၅ ယောက်မှာ 60% ရာခိုင်နှုန်းက အရှင်လတ်လတ် မီးလောင်ခံခဲ့ရတယ်။ နောက်ပြီး ငါက…”
“ နန်ကုန်းယွမ်”
ထိုအချိန်တွင် ယဲ့ယွီရန်က ရုတ်တရက် အော်သည်။
199 05
“ ရှိ”
နန်ကုန်းယွမ်က ရုတ်တရက် ကိုယ်ကို ဖြောင့်မတ်အောင် မတ်လိုက်ပြီး အလေးနက်ထားကာ ပြန်ဖြေသည်။
“ နင်အဲ့ဒီ အချိန်က ကျိန်ဆိုခဲ့တာကို ပြန်ပြောပေးနိုင်မလား”
“ ဟုတ်ကဲ့”
နန်ကုန်းယွမ်က အလေးနက်ထားကာ ခေါင်းညိတ်သည်။ ထို့နောက် ထိုင်ခုံမှ တစ်ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ ညာဘက်လက်ကို အသာ မြှောက်ပြီး ကုတင်ပေါ်မှ အဘွားအိုကြီးကို အလေး ပြုလိုက်သည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ပြီး လေးနက်သော လေသံဖြင့်အော် ပြောသည်။
“ ငါ နန်ကုန်းယွမ်”
“ ဒီနေ့ကစပြီး စိတ်ရင်းနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ခုခံကာကွယ် ပေးသွားမယ်”
“အမိန့်တွေကို နာခံပြီး စည်းကမ်းကို လိုက်နာစောင့်ထ်ိမ်းမယ်။ ရဲရဲ ဝံ့ဝံ့ တိုက်ခိုက်မယ်။ စတေးရမှာကို ဘယ်တော့မှ မကြောက်ဘူး။ ငါရဲ့ တာဝန်အပေါ် သစ္စာရှိသွားမယ်”
“ ဘယ်လိုအခြေနေမျိုးမှာမဆို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဘယ်တော့မှ မစွန့်ပစ်ဘူး။ ဘယ်တော့မှ လက်မလျော့ဘူး”
“ ငါ…”
“ သွားရအောင်”
ဆုပိုင်က ဆေးရုံ အခန်းဝတွင် စောင့်ကြည့်နေရင်းမှ မျက်ရည်များ ပြည့်နှက်နေသော လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ရမ်း ပြလျှက် ထွက်သွားခိုင်းလိုက်သည်။ သူကိုယ်တိုင်ကလည်း ထွက်လာ ခဲ့သည်။
“ဒါရိုက်တာ ဆုပိုင် အဘွားက အဆင်ပြေမှာပါနော်။”
ထိုအချိန်တွင် နောက်မှ လိုက်လာသော ရှောင်ယို့ယို့လေးက ခေါင်းကို မော့လျက် တုန်ရင်သော လေသံဖြင့်မေးလာသည်။
“ ဘာမှ မဖြစ်ပါဘူး”
ဆုပိုင် က သူမလေး၏ ခေါင်းကို အသာပုတ်ပြီး ပြုံးရယ်ကာ ပြောသည်။
“ အဘွားက အနာဂါတ်မှာ တစ်ယောက်တည်း ဖြစ်တော့မှာ မဟုတ်ဘူး။ အမြဲတစေ သူမရဲ့အနားမှာ ရှိနေမယ့် သစ္စာရှိ စစ်သည်တော်တစ်ယောက်ရှိနေပြီလေ။ အမြဲတမ်း အတူရှိနေမယ့် လူတစ်ယောက်ပေါ့”
******
200 01
အပိုင်း (200)
“ ဒါက တကယ်ပဲ သားဖောက်နိုင်ပါ့မလား”
ကျိုးကျန်းက အရှေ့မှ မှောင်ရိပ်မြင်ရသည့် ကြည်လင်သော ဖန်သားများဖြင့် ဝိုင်းထားသည့် အိမ်ကြီးကို ကြည့်သည်။ ဒိုင်နိုဆောဥကိုမူ သတ္ထုခွက်တစ်ခုအတွင်းတွင် ထည့်ထားသည်။
ထိုနေရာသည် ဒါရိုက်တာ ဆုပိုင် နှင့် တရုတ် တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနက ပူးပေါင်းပြီး တစ်လအတွင်း ရအောင် တည်ဆောက်ထားသော သားဖွားခြင်းနှင့် ဥ ဖောက်ခြင်းစင်တာ ဖြစ်သည်။
“ အဆင်ပြေမှာပါ”
အားလီက ဂျာမန်ကြက်လေး တစ်ကောင်ကို ပိုက်ထားပြီး အတွင်းမှ ဒိုင်နိုဆောဥကို ကြည့်ရင်းမျက်မှောင် ကြုတ်နေသည်။ သူသည် သတိထားလျက် ပြောသည်။
“ ငါဒါမျိုးကို ထုတ်တောင် မပြောရဲဘူး။ မင်းသိလား”
“ နဂါးအမေသာ သိသွားရင် ငါတို့သေမှာပဲ”
“ တပိုင် ဘာဖြစ်သွားလဲ ကြည့်လိုက်လေ”
ကျိုးကျန်းက ထိုအကြောင်း တွေးမိရုံနှင့် တုန်ရင်သွားပြီး ခေါင်းကို အသာညိတ်လိုက်သည်။
သူသည် အားလီကို ဘေးဘက်သို့ ဆွဲခေါ်သွားပြီး မေးမြန်းလိုက်သည်။
“ မင်း အခုတလော ဘယ်လို လုပ်လိုက်တာလဲ။ ငါတို့ရဲ့ ဝက်တွေက စတင် သားဖောက်နေပြီလေ။ ဒါပေမဲ့ ဒီတိုင်း မဖြစ်ထွန်းသလိုပဲ။ မင်းမှာ လျို့ဝှက်ချက်တွေများ ရှိနေလို့လား။ နောက်ပြီး ဒီကောင်တွေက အခုတလော သိသိသာသာ weight ကျသွားသလိုပဲ”
“ ဟေး မင်း လူမှန်ကို မေးလိုက်တာပဲ”
အားလီက ရယ်ပြီး လျို့ဝှက် ဆန်းကြယ်စွာ ပြောသည်။
“ ငါအားလီက တခြားကိစ္စတွေကို မလေ့လာ ဖြစ်ရင်တောင်မှ ဒီသားဖောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သေချာလေ့လာထားတယ်။ မင်းသတိထားမိလား။ ဒီတစ်လ အတောအတွင်းမှာ လယ်မြေကြွက်တွေရဲ့ အရေတွက်က ပိုပြီးများလာတယ်လေ”
“ မင်း ဒီဝက်တွေကို အမြဲအတူထားထားလို့ မရဘူး။ နောက်ပြီး သူတို့ကိုအမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံစေနဲ့။ သူတို့က ဘာမှ လုပ်စရာ မရှိရင်တောင်မှ လေ့ကျင့်ခန်းတော့ လုပ်ရမယ်”
“လယ်မြေကြွက် လေးတွေကို ကြည့်ဦး။ အခုနည်းနည်းလေး ထိန်းချုပ်မှု လွတ်ကင်း နေရုံလေးပဲ ရှိတာ။ ဘာပဲ ဖြစ်ဖြစ် ဒီသတ္တဝါ နှစ်ကောင်က အမျိုးစားတူတာ မဟုတ်တော့ မင်း စမ်းကြည့်ပြီး အလုပ် မဖြစ်တာလည်း ဖြစ်နိုင်တာပဲ”
“ ငါ အခုတလော မိသားစု စီမံကိန်းကို လေ့လာနေတာ။ ဒီ လယ်မြေကြွက်လေးတွေက တော်တော်လေးတော့ ကြောက်ဖို့ ကောင်းတယ် သိလား။ သူတို့က ရပ်တောင် မရပ်ကြဘူး။ သူတို့က ကြိုးစားရင်ကြိုးစား မကြိုးစားရင်လည်း ကြိုးစားဖို့ ကြိုးစားနေကြတာပဲ”
“ သေစမ်း။ ငါ တော်တော်လေးကို မနာလို ဖြစ်တယ်”
“ ကောင်းပြီ”
ကျိုးကျန့်က မင်သက်သွားပုံရပြီး ခေါင်းကို ငုံ့ကာ စတင်ကာ တွေးတောသည်။
ထိုဖြစ်စဥ်ကို အချိန်ခွဲကာ လုပ်သင့်ခြင်း ဖြစ်လောက်သည်။ မည်သို့ပင်ဆိုစေ ထိုအကောင်များဟာ သုံးရက်ဆက်တိုက် မနားမနေ လှုပ်ရှားနိုင်ကြလေသည်။
ထို့အပြင် သားဖောက်သည့် ဖြစ်စဥ် အလုံးစုံပြီးမြောက်ရေးအတွက် နှစ်လနီးပါး အချိန်ကြာသေးသည်။
“ ကောင်းပြီ ငါ ကြိုးစားကြည့်မယ်။ ငါနားလည်တယ်”
သူက ခေါင်းညိတ်လိုက်ပြီး နောက်သို့လှည့်ကာ ဝက်ခြံသို့ အလျင်အမြန် သွားသည်။
သူတို့သည် အဖြူရောင် အစင်းကြောင်းဝက်များကို အလွန်ကောင်းမွန်စွာ ကျွေးကာ မွေးမြူထားသော်လည်း သားဖောက်သည့် ဖြစ်စဥ်ကမူ ပြဿနာကြီးဖြစ်နေသေးသည်။ မည်သို့ပင်ဆိုစေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှသာ နောက်နှစ်တွင် အလုံးရင်းနှင့် ပမာဏ များစွာ ရရှိနိုင်မည်ဖြစ်သည်။
ဒါရိုက်တာ ဆုပိုင်က နေရာကိုပင် အတည်ရွေးထားပြီးလေပြီ။ ထိုဖြစ်စဥ်က သာ အောင်မြင်သွားသည်နှင့် ထို့နောက်တွင်...
“ဝေါင်း”
“ မလွန်လာနဲ့နော်”
“ ငါပြောမယ်။ ငါ တပိုင်က ကောင်းကင်ပြာ တိရစ္ဆာန်ရုံထဲမှာ အဆင့်တန်းတစ်ခုရှိတယ်။ မင်း ဒီလို ဆက်လုပ်နေမယ်ဆိုရင်...”
တပိုင်က သူ့နောက်သို့ တောက်လျှောက်လိုက်နေသည့် ထရန်နိုဆောရက်ရပ်ကို ကြည့်ပြီး ထိန့်လန့်သော မျက်နှာထားမျိုး ဖြစ်လာသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့် အဆုတ်များ ကွဲမတတ်အော်သည်။
သောက်ကျိုးနည်း ငှက်တော။
200 02
ဘယ်လောက် ဆိုးလိုက်တဲ့ အကြံလဲ။ ဒီကောင်စုတ်က တော်တော်လေးကို ဒုက္ခပေးတာပဲ။ နောက်ပြီး အဲဒီ ရှောင်ပိုင်လဲ ရှိသေးတယ်။
သူက အဲဒီ ဒိုင်နိုဆောဥက များစွာ ရှိတယ်လို့တောင် ပြောသေးတယ်။ သူက ဒီအတိုင်း ခိုးပြီး တစ်ကိုက် ကိုက်ကြည့်ရုံပါ။ ဥအခွံကိုတောင် ကွဲအောင် မကိုက်နိုင်ဘူး။ သွားတောင် ကျွတ်တော့မလို့။
ထိုအရာက အရေးကြီးဆုံးအပိုင်းမဟုတ်ချေ။ အရေးကြီးဆုံးကိစ္စကမူ သူက ထိုသို့ကိုက်ရန် ကြံစည်ခြင်းကို ဒိုင်နိုဆောအမေက တွေ့သွားပြီး ရူးသွပ်သွားခြင်းဖြစ်သည်။
ဘုန်း
ထရန်နိုဆောရက်ရပ်က တစ်ချက်ခုန်ပြီး တပိုင်၏ အရှေ့သို့ ခုန်ဆင်းလာသည်။ ထို့နောက် ချက်ခြင်းဆိုသလို အေးဆက်သော မျက်လုံးများဖြင့် စိုက်ကြည့် လာလေသည်။
ဝေါင်းးး။
သူက အော်သည်။
ဟစ်
တပိုင်က မြေပြင်တွင် ဖင်ထိုင်လျက် လဲကျသွားသည်။ သူသည် အရှေ့မှ သွေးများပေကြံနေသော ပါးစပ်ကြီးကို ကြည့်ပြီး ကြောက်လန့်သွားသည်။
“ အူးး”
“ ငါ မှားပါတယ်။ ငါ မကိုက်တော့ပါဘူး။ အားးး”
“ကယ်ကြပါ ငှက်တောရေ ငါ မင်းနဲ့ မပြီးသေးဘူးနော်”
ထရန်နိုဆောရက်ရပ်က အရှေ့မှ ပန်ဒါကို တစ်ချက်ကန်လိုက်ပြီး နောက်မှ တစ်လှမ်းချင်းစီ လာသည်။
သူ ဒီလှည့်ကွက်ကို ဒါရိုက်တာ ဆုပိုင်ဆီက နေသင်ထားတာ။
တိရစ္ဆာန်ရုံထဲမှ အကောင်တွေကို သတ်လို့မရဘူး။ ထိခိုက် နာကြင်အောင် မလုပ်နိုင်ဘူး ဆိုပေမယ့်လည်း ဒီနဂါးအမေရဲ့ ဥတွေကို လာပြီး အခွင့်ကောင်းယူရင် သင်ခန်းစာတော့ ပေးရမှာပေါ့။
“ဟေ့ ငါကို တစ်ယောက်ယောက် ခေါ်လိုက်သလိုပဲ”
အလွန် ဝေးကွာသော ထောင့်တစ်နေရာရှိ အသိုက်ထဲမှ ငှက်တောက ရုတ်တရက် ခေါင်းလေးကို ဆန့်ထုတ်လိုကသည်။ သူသည် ဘော်လုံးလို ကန်ထုတ်ခံနေရသည့် ပန်ဒါကို လှည့်ကြည့်လိုက်ပြီး တုန်ရင်သွားလေသည်။
“သိမ်းငှက်အမေရေ မြန်မြန်လေးပြန်လာပါတော့။ အေးလိုက်တာ “
သူက အော်ဟစ်လိုက်ပြီး အသိုက်ထဲသို့ ခပ်မြန်မြန် ပြန်ဝင်သွားသည်။
ဆိုးလိုက်တာ ငါက ဒီအတိုင်းလေး ဖြစ်သလိုလေး ပြောလိုက်ရုံပါ။ သူက တကယ်ပဲ ဒိုင်နိုဆောဥကို သွားကိုက်တာလား။
ရူးများရူးနေတာလား။
…
“နောက်ဆုံးတော့ အချိန်ကျပြီး”
ဆုပိုင်က ရုံးခန်းထဲတွင်ထိုင်ရင်း စနစ်၏ ရေတွက်ချိန်ကို ကြည့်ကာ တစ်ချက် ညည်းညူနေသည်။
တစ်လနီးပါး သူ စောင့်ဆိုင်းပြီးလေပြီ။
နေ့ရက်တိုင်းတွင် အံအားသင့်မှု အမှတ်သားအသစ်များ ရရှိနေသော်လည်း တိရိစ္ဆာန်ရုံသို့ လာသော လူအများစုက တိရစ္ဆာန်များကို မြင်ဖူးပြီးသားဖြစ်လေရာ အထူးတလည်ပြီး အံအားသင့်မူများကို မရရှိနိုင်တော့ချေ။
ထို့ကြောင့် တစ်လနီးပါးခန့် အချိန်ယူပြီးမှသာ အံအားသင့်မှု အမှတ်တစ်သန်းသို့ ရောက်ရှိသွားခဲ့သည်။
ယခုလေးတင် စနစ်ကလည်း တိရစ္ဆာန် အပိုင်းစ mission များကို ပြန်လည်၍ refresh လုပ်ပေးမည်ဟု ဆိုလာသည်။
“ စတော့”
“ တစ်လ လုံးလုံး နှောင့်နှေးသွားတော့ တိရစ္ဆာန်တွေကို ကယ်ဆယ်မယ့် အချိန်ကို အမိအရ ဖမ်းဆုပ်မှ ဖြစ်လိမ့်မယ်”
ဆုပန်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ခပ်တိုးတိုး ညည်းညူနေသည်။
200 03
မည်သို့ပင်ဆိုစေ တိရစ္ဆာန်ရုံထဲတွင် အကောင်ငယ်လေးများ၏ မျိုးစိတ်က နည်းနေသေးသည်။ သူ သတိထားရမည်မှာ သဘာဝတွင် မရေမတွက်နိုင်အောင် မြောက်မြားသော တိရစ္ဆာန် အမျိုးစားပေါင်းများစွာ ရှိနေသေးသည်။
ကုန်းနေ သတ္တဝါ များကို မဆိုထားနှင့် ပင်လယ်သတ္တဝါများ၊ ငှက်များ၊ ပိုးကောင်များ စသည်ဖြင့် အမျိုးမျိုးသော သတ္တဝါ များ ရှိနေသည်။ အားလုံးကိုတစ်ကောင်ချင်းစီ ကယ်ဆယ်နေရသည်။ ထို့ကြောင့် ခရီးရှည်ကြီး ကျန်သေးသည်ဟု ဆိုရပေမည်။
သက်ပြင်းချရင်း ဆုပိုင်က စနစ်၏ ဇယား ကိုတစ်ချက်ဖွင့်ကာ ကြည့်လိုက်သည်။
[တိရစ္ဆာန် အပိုင်းစ Mall ]
ကုလားအုတ် အပိုင်းစ : အံ့အားသင့်မှု အမှတ် နှစ်သိန်းနှင့် လဲလှယ် နိုင်ပါတယ်။
ဇီးကွက် အပိုင်းစ : အံအားသင့်မှု အမှတ်နှစ်သိန်းနှင့် လဲနိုင်ပါတယ်။
သစ်တောက်ငှက် အပိုင်းစ : အံအားသင့်မှု အမှတ် တစ်သိန်းခွဲနှင့် လဲလှယ်နိုင်ပါတယ်။
သတင်းပို့ ပင်ကွင်းအပိုင်းစ : အံအားသင့်မှု အမှတ်တစ်သိန်းနှင့် လဲနိုင်ပါတယ်။
ဖား အပိုင်းစ : အံအားသင့်မှု အမှတ် ရှစ်သောင်းနှင့် လဲနိုင်ပါတယ်။
…..
Mall ကိုအချိန်ကြာကြာ စိုက်ကြည့်နေပြီး ဆုပိုင်က မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်ထားမိသည်။
တိရစ္ဆာန် အပိုင်းစများကို refresh ပေးလာသမျှ က အသစ်များဖြစ်နေပြီး အတော်လေး လွယ်ကူသည်ဟု ထင်ရသော်လည်း...
ဒါပေမဲ့
“ သစ်ကုလားအုတ်ကိုတော့ မေ့ထားလိုက်ပါဦး။ တိရစ္ဆာန်ရုံထဲက အကောင်တွေက နည်းနည်းလေး ယုံကြည့်လို့ ရတာမဟုတ်ဘူး။ တစ်ကောင်တွေ ပိုတိုးလာရင်….
သစ်ကုလားအုတ်အပိုင်းစကို အချိန်ကြာကြာ စိုက်ကြည့်နေပြီးနောက် ဆုပိုင်က ချက်ချင်း ဆိုသလို သတင်းပို့ ပင်ကွင်းကိုသာ လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။
စနစ်က ကယ်ဆယ်ပေးသော တိရစ္ဆာန် တိုင်းက အလွန်ဉာဏ်ကောင်းသည်။ ထို့ကြောင့် သစ်ကုလားအုတ်များကို အောင်မြင်စွာ ကယ်ဆယ်ပြီးလျှင် တစ်စုံတရာ ဖြစ်လာလောက်သည်။
ဒီကောင်တွေကို အတတ်နိုင်ဆုံး တစ်ဆင့်ခြင်းစီ ကယ်ဆယ်တာ အကောင်းဆုံးပဲ။
ပို၍ ဆိုးသည်မှာ သတင်းပို့ ပင်ကွင်းများ က မွေးမြူသားဖောက်ရန် အလွန်လွယ်လေသည်။
“ စနစ် ရဲ့ တာဝန်စတင်ပါပြီ”
သူက စနစ်ကိုညွှန်ကြားချက်ပေးသွင်းလိုက်ပြီးနောက် အချက်ပြစကား ထွက်လာသည်။
“ တင်း သတင်းပို့ ပင်ကွင်း တာဝန်က စတင်ပါပြီ”
“ တင် အထူးတာဝန်ကို တစ်ခုကို ထောက်လှမ်းရရှိပြီး သတင်းပို့ ပင်ကွင်းတာဝန်ကို အောင်မြင်တဲ့ အခါအံအားသင့်မူ အမှတ်ကို နှစ်ဆခန့် လက်ခံရရှိမှာပါ။ တာဝန်ရဲ့ ခက်ခဲမှုကလည်းမြင့်တက်သွားပါလိမ့်မယ်”
“ ရေတွက်နေပါပြီ “
10
9
8
…
သေစမ်း ဘာလို့ ပုံမှန်လမ်းကြောင်းအတိုင်း မသွားတာလဲ။ ဆုပိုင်က စနစ်၏ အချက်ပေးသံကို နားထောင်နေပြီး ကျိန်ဆဲမိသွားသည်။ ထို့နောက် မူးဝေမှုက သူ့ကို ရိုက်ခတ်လာသည်။
…..
++++++ 201 01
အခန်း 201
ဘုန်း
ဘုန်း
ဘုန်း
သူက မြေပေါ်သို့ ပြုတ်ကျပြီးပြီးချင်း ဘေးဘက်တွင် တစ်စုံတစ်ရာက ပေါက်ကွဲသံလို အသံထွက်လာသဖြင့် ဆုပိုင်က လွင့်ထွက်သွားလေသည်။
ဖုံး
“အဟွတ်”
သူဟာ မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ပြုတ်ကျသွားပြီးနောက် ခပ်ကြမ်းကြမ်း ချောင်းဆိုး လိုက်ရသည်။
သူဟာ တစ်ဖြည်းဖြည်းချင်း စိတ်ရှုပ်ထွေးနေသော မျက်နှာမျိုးနှင့် ထထိုင်ပြီး ဘေးဘီကို ကြည့်သည်။
နေရာတိုင်းတွင် အနက်ရောင်မီးခိုးများက လိမ့်တက်နေသည်။အလောင်းများကလည်း လဲလျက်ရှိနေသည်။
ကောင်းကင်မှ ကျည်ဆံ အခွံများက တောက်လျောက် ကျဆင်းလာသည်။ ထို့နောက် အဝေးသို့ မီးလုံးများ အဖြစ် ပြောင်းလဲကာ ဝင်ရောက်သွားသည်။
[သေစမ်း ဒါရိုက်တာဆုပိုင် ဘယ်နေရာကို ရောက်သွားတာလဲ။ဒါက ဗုံး ဗုံးကြဲတာလား။]
[မဟုတ်ဘူး။ ဒီလူတွေ ဝတ်ထားတဲ့ ပုံစံက ငါတို့ခေတ်က မဟုတ်သလိုပဲ။ နောက်ပြီး အဝါရောင် ဆံပင်နဲ့ မျိုးနွယ်ခြားကောင်တွေတွေ့နေရတယ်]
[ ငါလေး မေးပါရစေဦး။ ဒါက ဘယ်နေရာလဲ။ ငါ တိုက်ရိုက်ထုတ်လွင့်မှု အခန်းမှားပြီးဝင်မိတာလား။ သတင်းပို့ ပင်ဂွင်းက ဘယ်မှာလဲ]
[အားအား အားအား သတိထား နောက်ထပ် နောက်ထပ် နောက်ထပ် ကျည်ဆံတစ်ခု ကျလာပြီ]
[ဒါက တိုက်ရိုက် ထုတ်လွှင့်မူ အခန်းလားလို့ ငါမေးရုံ ပဲရှိသေးတယ်။ ရောက်ရောက်ချင်း တိုက်ပွဲနယ်မြေကြီးကို ရောက်သွားတယ်။ သွေးတွေတောင် ဆူပွက်လာပြီ။ ဒါရိုက်တာဆုပိုင် က သေနတ် ကောက်ဆွဲပြီး တိုက်ခိုက်တော့မယ် ထင်တယ်။]
[အပေါ်က တစ်ယောက်က အရူးလား။ မြေပြင်မှာ ကျည်ဆံတွေ ရှိနေ။ အိုး မကောင်းဘူး။ ငါ ငါသွားပါရစေ။ ဒါက ခေတ်ဟောင်း style သေနတ်ကြီး မဟုတ်လား။]
…..
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ရေတွက်မိတ်ဆွေများ အားလုံးက ကျည်ဆံများ ပစ်ခတ်နေသည့် မြင်ကွင်းကိုကြည့်ရင်း အော်ဟစ် မိနေကြသည်။ အထူးသဖြင့် အဆုံးစမဲ့သော အလောင်းများပေါ်နေသော တိုက်ပွဲ နယ်မြေကြီးကို မြင်ရချိန်တွင်ဖြစ်သည်။ လူတိုင်းက မျက်လုံး ပြူးကျယ်လျက် တွင်းထဲမှ ကုန်းတက်လာသော ဆုပိုင်ကိုသာ ကြောင်ကြည့်နေကြသည်။
အဟွတ်
သူ၏ ပါးစပ်ထဲမှ ရွံ့နွံများကို တိုက်ရိုက် ထွေးထုတ်လိုက်ပြီးနောက် ဆုပိုင်က ပျက်စီးနေသည့် အလံအောက်တွင် မတ်တပ်ရပ်ကာ ဘေးဘီကို မျက်လုံးများ မှေးကျဥ်းလျှက် ကြည့်သည်။ အနားတွင် မည်သည့် သက်ရှိမှ မရှိချေ။
ယမ်းမှုန့်များ၏ ပျင်းထန်သော ရနံ့ကဒီ နယ်မြေတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။
“ဒါက အရမ်း”
သူကိုယ်တိုင်ကပင် တုန်ယင် သွားသလို ခံစားရသည်။
သီတင်းပို့ပင်ကွင်းသည် အံ့အားသင့်မှု အမှတ်၁သိန်းတောင် ပေးရသည်။ ထို့ကြောင့် တာဝန်၏ ခက်ခဲမှု အဆင့်က မြင့်သွားလျှင်ပင် ယခုအခြေနေအရ အလွန်မြင့်လွန်းနေခြင်း ဖြစ်နေသည်။
ဗုံး
သိပ်မဝေးသော နေရာတွင် မီးလုံးတစ်လုံးက ပေါက်ကွဲသွားပြန်ပြီး လွင့်စင်သွားသော မြေဆီလွှာများက ဆုပိုင်ရဲ့မျက်နှာကို လာရောက် ရိုက်ခက်လေရာ နာကျင်သွားစေသည်။
“ညီအစ်ကို”
ရုတ်တရက် အဝေးမှ အော်သံတစ်သံက ထွက်လာသည်။ မျက်ဝန်းအရောင်ရင့်ပြီး ဆံပင်ရွှေအိုရောင်ဆံပင်နှင့် လူတစ်ယောက်က မြေကြီးပေါ်မှ ကုန်းထာလာသည်။ သူ၏ လက်ထဲတွင် အလံကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားကာ အမောတကော အသက်ရှူနေသည်။
“အင်ပါယာကြီးက ဘယ်တော့မှာ ဖျက်စီးခံရမှာမဟုတ်ဘူး”
“အောင်မြင်မှု”
ဖုံး
သူ၏ မြူဆိုင်များက သူ၏ရင်ဘက်မှ စတင်ကာ ပေါက်ထွက်သွားပြီးနောက် သူဟာ မှင်သက်စွာ စိုက်ကြည့်သည်။ ထို့နောက် အလံကို တင်းတင်းကြပ်ကြပ် ဖက်ရင်း တစ်ကိုယ်လုံးနှင့်အတူ ဒူးထောက်လဲကျသွားလေသည်။
201 02
ဆုပိုင်က မြေပြင်တွင် လှဲနေရင်း ထိုစစ်သားကို လှမ်းကြည့်လိုက်သည်။
သူသည် လက်တစ်ဖက်ကို ဆန့်ရင်း ဆုပိုင်ရှိရာဖက်သို့ လက်ဟန်အမူယာနှင့် လှမ်းပြောသည်။
“သတင်းပို့ပေးပါ”
“မင်း သေချာပေါက် သတင်းပြန်ပို့ပေးရမယ်”
“ကျေးဇူးပြုပြီး သတင်းရအောင် ပို့ပေးပါ”
ဆုပိုင်က မြေပြင်တွင်လှဲရင်း တစ်ဖက်သူ၏ ဆန့်ထုတ်ထားသော လက်များကို ကြည့်သည်။ ထို့နောက် တွင်းထဲမှ လက်ကိုထုတ်ကာ တစ်ဖက်သူကို အတွင်းထဲ ဆွဲခေါ်လိုက်ကာ ဒဏ်ရာများကို လက်များဖြင့် ဖိသိပ်ပေးရင်း ခပ်တိုးတိုး ပြောသည်။
“စကား မပြောနဲ့ စကားမပြောနဲ့”
“မဟုတ်ဘူး”
အရှေ့မှ ထိုစစ်သားက ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်သည်။ သူသည် အရှေ့မှ အနင်ရောင်ဆံပင်နှင့် လူငယ်လေး၏ အဝတ်များကို လက်နှစ်ဖက်လုံးနှင့် ဆုပ်ကိုင်၍ မျက်လုံးများပြူးကျယ်အောင် အော်ဟစ်ရင်းပြောလိုက်သည်။
“အိမ်”
“သေချာပေါက် သတင်းပို့မှရမယ်။ ဒီ ဒီ ဒီကျူးကျော်သူတွေကို သေချာပေါက်...”
“သေချာပေါက် အနောက်မှာ....”
“ကျေးဇူးပြုပြီး”
ဆိုပိုင်က အမာရွတ်များ ပြည့်နှက်နေသည့် လက်က တဖြည်းဖြည်းချင်း ဘေးဘက်သို့ ပြုတ်ကျသွားသော မြင်ကွင်းကို ကူရာမဲ့စွာ ကြည့်လိုက်ရသည်။ သူသည် လက်ကိုဆန့်ထုတ်ပြီး တစ်ဖက်သူ၏ မျက်လုံးများကို အုပ်ပေးလိုက်ရသည်။
တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။ တစ်ဖက်သူက ပြောသွားသော စကားအနည်းငယ်အရ မွေးရပ်မြေကို ကာကွယ်ရန် ကြိုးစားရင်း သေဆုံးသွားသောသူဟု ဆိုရပေလိမ့်မည်။ သို့သော်
သတင်းပို့တယ်ဆိုတာက ဘာလဲ။
ရုတ်တရက် ဆုပိုင်၏ မျက်နှာ အမူအယာက ကြောင်အ သွားသည်။
သူသည် အတိတ်မှ တစ်စုံတစ်ရာကို သတိရသွားသည်။ အတိတ်တွင် နည်းပညာက မဖွံ့ဖြိုးသောကြောင့် စာပို့၍ မရနိုင်ချေ။ ထို့ကြောင့် စစ်ပွဲများစွာ ဖြစ်သောအခါ သတင်းပို့ ပင်ကွင်းကဲ့သို့ ပင်ကွင်းမျိုးကို သုံးပြီး အရေးပါသော စာများကိုပို့ပေးလေ့ရှိသည်။
သတင်းပို့ ပင်ကွင်းများသည် ယဥ်ပါးသော သဘာဝရှိပြီး အသိုက်နေရာကိုလည်း ကောင်းကောင်း မှတ်နိုင်ကြသည်။
အတိတ်တွင် တရုတ်က သတင်းပို့ ပင်ကွင်းတိုင်းကို သုံးပြီး ပွဲများပင် ကျင်းပလေ့ရှိသေးသည်။
ထို့ကြောင့် သူတို့ ရောက်နေသော နေရာက မည်မျှဝေးကွာနေစေကာမူ အမြဲတစေ အိမ်ပြန်လမ်းကို ရှာတတ်လေသည်။
ထိုအကြောင်းရာကို တွေးမိသောဆုကိုင်က ရုတ်တရက် မြေပြင်မှ ကုန်းထလိုက်ပြီး တိုက်ပွဲနယ်မြေရှိရာသို့ တောက်လျှောက် လျှောက်သွားသည်။ သူသည် ခါးကိုကုံးပြီး ကွယ်ကာ သွားရလေသည်။
“ထိန်းထားဦး အသက်ရှင်...မလှုပ်...”
“မလှုပ်နဲ့ မလှုပ်နဲ့ ငါအခုပဲ လူသွားရှာပေးမယ်”
“မြေပြင်မှာ လှဲချထား။ လှဲပြီးသွား။ မြေကနေ လှဲပြီးသွား။ လက်နက်တွေကို သတိထား”
လမ်းတောက်လျှောက်တွင် ဒဏ်ရာရနေသော စစ်သားပေါင်းများစွာကို မြင်နိုင်သည်။ သို့ရာတွင် ဆုပိုင်ကို အခံစားရစေဆုံးဟာ ဒဏ်ရာ ပြင်းပြင်ထန်ထန် ရထားသော စစ်သားများက သူ၏ ကယ်ဆယ်မှုကို လက်မခံကြချေ။ တစ်ယောက်ချင်းဆီတိုင်းက ဆုပိုင်၏ လက်ကိုကိုင်ပြီး သတင်းပို့ပေးရန်သာ ပြောနေကြသည်။
အချို့ဆိုလျှင် သူတို့၏ ဝင်သက်ကိုပင် ထိန်းထားပြီး ထိုစကားကို ပြောရန် ကြိုးစားကြသည်။ ထို့နောက်မှသာ မျက်လုံး မှိတ်သွားကြသည်။
ဆုပိုင်က လက်ဆန့်ထုတ်ပြီး ထိုမျက်လုံးများကို လိုက်ပိတ်ပေးရသည်။ ထို့နောက် အမောတကော အသက်ရှူ၏။
တော်တော်လေးကို စိတ်ဓာတ်ကျစရာပဲ။
သူ တော်တော်လေးကို စိတ်ဓာတ်ကျနေမိတယ်။
201 03
တိုက်ပွဲနယ်မြေအတွင်း အချိန်အတော်ကြာသွားလာနေပြီးနောက် သူကြုံတွေ့ခဲ့ရသမျှ ထိုသို့ အသနားခံနေသည့် စကားများသာ ဖြစ်သည်။ ထိုအခြေနေဟာ ဆုပိုင်ဟာ အတိတ်မှ တရုတ်ပြည်အကြောင်း တွေးမိသွားသည်။
အရင်ကလည်း အတူတူပဲ ဖြစ်ခဲ့လောက်တယ်။
ထန်း
ရုတ်တရက် အဝေးမီ သေနတ်ပစ်သံကို ကြားလိုက်ရသည်။ ဆုပိုင်က မြေပြင်ပေါ်သို့ ပြန်လှဲလိုက်ရပြန်သည်။
သူက မော့ကြည့်လိုက်သောအခါ မီးခိုးရောင် စစ်တပ်ယူနီဖောင်းကို ဝတ်ထားသော လူတချို့က သူ့ကို အေးစက်စက် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူတို့၏ ရှည်လျားသော သေနတ်ကြီးများကို သူရှိရာ တည့်တည့်သို့ ချိန်ပြီး ခလုတ်ကိုမူ နှိပ်လိုက်ကြသည်။
ဒိုင်း ဒိုင်း ဒိုင်း
ဆုပိုင်၏ ခေါင်းအရှေ့က မြက်ခင်းများကပင် ပေါက်ကွဲထွက်သွားပြီး ရိတ်သိမ်းခြင်းခံရသည်။
ဆုပိုင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းကိုငုံ့လျှက် ဘေးဖက်မှ သေနတ်တစ်လက်ကို ဆွဲယူလိုက်သည်။
ထို့နောက် အခြားသောသူများကို တုပလေပြီး ခက်သွက်သွက် ချိန်ရွယ်ကာ ပစ်ခက်သည်။
ဒိုင်း
ထိုသို့ဖြင့် မီးအလင်းတန်း တစ်တန်းက ဖြတ်သွားသည်။ အဝေးရှိ ရန်သူစစ်သား၏ ရင်ဘက်မှ သွေးမြူများက ပေါက်ထွက်လာသည်။
ဒိုင်း
ဆုပိုင်က ရပ်တန့်ခြင်း မရှိပဲ ဆက်တိုက် ပစ်ခတ်သည်။ သို့သော် သူ၏မျက်နှာတွင် အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမူကား သူ့တွင်ကျည်ဆန်များ မရှိတော့ပေ။ ဒါက
“သွား သွား သွား။ သူ့ကို သွားသတ်”
“ကျည်ဆန် မရှိတော့ဘူး မြန်မြန်လေး သူ့ကို အဆုံးသတ်လိုက်”
“သေစမ်း သူက ငါတို့ထဲက တစ်ယောက်ကိုတောင် သတ်ရဲတယ်။ သူ့ကို သေတဲ့ထိ ရိုက်သတ်စမ်း”
စစ်သားတစ်အုပ်က အော်ဟစ်ပြီး ပြေးလာကြသည်။
“တိုက်ခိုက်”
ဆုပိုင်က အံကိုကြိတ်ပြီး ကျောပိုးအိပ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ မြေပြင်မှ ထရပ်သည်။ သူသည် ချင်းကပ်လာသော စစ်သားများကို ကြည့်ရင်း သူ၏ မျက်လုံးများက ခက်ထန်သွားသည်။
တစ်ဖက်သူ၏ မျက်နှာတွင်လည်း တင်းမာ ကြမ်းတမ်းသည့် မျက်နှာမျိုးကို မြင်နိုင်သည်။ သူတို့သည် ကျောမှ ကျည်ကာကဲ့သို့ ပစ္စည်းမျိုးကို ထုတ်လျှက် ရင်ဘက်၏ အရှေ့တွင် ကာထားသည်။
“သူ့ကိုသတ်”
ခေါင်းဆောင်ဟု ထင်ရသည့် တစ်ယောက်က အော်ရယ်ပြီး လက်ထဲမှ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ပြီး အပြေးလာသည်။
ဖုံး
ဆုပိုင်က ဘေးဖက်သို့ ခုန်ရှောင်လိုက်ပြီး တစ်ဖက်သူ၏ မျက်လုံးရှေ့တွင် ကားထားသောကျည်ကာကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လျှက် အောက်ဖက်ပိုင်းမှ ခပ်ကြမ်းကြမ်း တိုက်ခိုက်လိုက်သည်။
ထို့နောက် သူက ဓားမြှောင်ကို ခပ်ကြမ်းကြမ်း ဆုတ်ကိုင်ပြီး ခပ်ကြမ်းကြမ်း ထိုးစိုက်လိုက်သည်။
ဒိုင်း
ထိုအချိန်တွင် အနီးနားတွင် ရပ်နေသော စစ်သားတစ်ယောက်က ဆုပိုင်တည့်တည့် ချိန်ရွယ်လျှက် သေနတ်ဖြင့်လှမ်းပစ်လိုက်သည်။
ဆုပိုင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူက ကိုင်ထားသော ဓားမြှောင်ကလည်း အရှေ့မှ ခေါင်းဆောင်၏ ကိုယ်ထဲသို့ဖောက်ဝင်သွားသည်။ သို့သော်
သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရချေ။ သူ၏ မျက်နှာ အမူယာက ကြောင်သွားသည်။
201 04
ထိုမျှနီးကပ်နေသော အကွာအဝေးမျိုးတွင် ပစ်ခတ်သည်ကား လွဲနိုင်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် သူက တဖြည်းဖြည်းချင်း နောက်လှည့်ကာ ကြည့်လိုက်သောအခါ
သူ၏ အနောက်ဖက်တွင် ယခုလေးတင် မျက်လုံး မှိတ်ထားသည့် စစ်သားက သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လျှက် ကျည်ဆံကို ခန္တာကိုယ်ဖြင့် အစား ဝင်ခံပေးလိုက်ကြောင်း တွေ့လိုက်ရသည်။
“သွား”
“မြန်မြန်သွားတော့”
ဆုပိုင်ကို ကြည့်ကာ အော်ဟစ်ပြီးနောက် တစ်ဖက်က လူများကို လှည့်ကြည့်ကာ အော်ဟစ်သည်။
“ကျူးကျော်သူတွေ အခြားသူတွေရဲ့ အိမ်ကို လာပြီး ဖျက်ဆီးတာက မင်းတို့ကို သေတာထက် ဆိုးတဲ့ ဘဝကို ရစေလိမ့်မယ်”
“သွား”
ဒိုင်း
ထိုအချိန်တွင် ကျည်ဆံ သုံးခုလုံးက သူ၏ခန္တာကိုယ်အတွင်းသို့ စိုက်ဝင်သွားသည်။
“အား အား အား “
ဆုပိုင်က မျက်နှာကို စင်လာသည့် သွေးများကို တစ်ချက်သုတ်လိုက်ပြီး အံကိုကြိတ်ကာပြေးသည်။ သူသည် နောက်လှည့် မကြည့်ဘဲ ဆက်တိုက်ပြေးသည်။
ဗုံး
ဆုပိုင်က မီတာ၁၀ကျော်ခန့်သာ ပြေးရသေးသည်။ နောက်ဖက်မှ ပေါက်ကွဲသံကို ကြားလိုက်ရလေသည်။
ထိုသို့ဖြင့် လေထဲတွင် အသွေးသားများက ပြန့်နှံ့ရင်း ပြုတ်ကျလာသည်။
ဖုံး
ဆုပိုင်က သူ၏ရှေ့တည့်တည့်တွင် ပြုတ်ကျလာသော လက်တစ်ဖက်ကို ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ကာ ပို၍ မြန်ဆန်စွာပြေးသည်။
ဒီသောက်ကျိုးနည်း ကျူးကျော်သူတွေ။
******