အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
202 01
အပိုင်း (202)
“ရပ်စမ်း”
“အဲဒီမှာ ဘယ်သူလဲ”
စုတ်ပြဲနေသော ယူနီဖောင်းများကို ဝတ်စားထားသည် စစ်သားတပ်ဖွဲ့က တောအုပ်ငယ်လေးအလား ဖြစ်နေသည့် ဆူးခြုံပင်များအနောက်ဖက်မှ ထွက်လာသည်။ သူတို့၏ မျက်နှာတွင်လည်း သွေးများက ပေကျံနေသေးသည်။ သူတို့သည် တဖြည်းဖြည်းချင်း လျှောက်လာသောပုံရိပ်ကို အေးစက်စွာကြည့်ပြီး လက်ထဲမှ သေနတ်ကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားကြသည်။
“အားလုံးပဲ မလန့်ကြနဲ့။ တိုင်းပြည်ကို ပြန်ပြီး သတိရစမ်း။ တိုက်ပွဲမှာသေတဲ့ လူတွေအားလုံးက အစောင့်ရှောက်တွေပဲ။ ဒီလိုလူမျိုးတွေက အညံ့ခံတဲ့သူတွေထက် ပိုပြီး မြင့်မြတ်တယ်”
ဖရန်စီက ကြောက်လန့်နေသော သူ၏လူများကို လှည့်ကြည့်ပြီး ဆူပူလိုက်သည်။
သူတို့၏အသင်းတွင် အယောက်တစ်ရာပင် မရှိတော့ချေ။ ထို့ကြောင့် ဒီနေရာတွင် ငါးရက်ပင် ထိန်းထားနိုင်ခြင်းကပင် ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။တိုက်ပွဲနယ်မြေ တစ်ခုလုံးက မကြာခဏဆိုသလို ပြုတ်ကျလာသော ဗုံးများကြောင့် ဝရုန်းသုန်းကား ဖြစ်နေသည်။
ကျူးကျော်သူ တပ်ဖွဲ့က ရူးသွတ်နေသည်ဟု ထင်သည်။ ငါးရက်တည်းနဲ့ ဗုံးထောင်ပေါင်းများစွာကို ပစ်ချပြီးနေပြီ။ ထိုအခြေနေက သူတို့အားဆုံးရှုံးမှု ကြီးမားစေသည်။
စစ်သားများက အသစ်စက်စက် ယူနီဖောင်းများကို ဝတ်ပြီးရုံသာ ရှိသေးသည်။ အရှေ့မှ တိုက်ပွဲနယ်မြေက သူတို့ကျောင်းတော်တွင် လေ့လာသင်ကြားခဲ့ဖူးသည့် အမျိုးမျိုးသော စွမ်းရည်များကို ထုတ်သုံးရန် အချိန်မရှိခင် ဖျက်စီးခြင်းနယ်မြေ အသွင်ပြောင်းလဲ သွားလေသည်။
သို့သော်.......
ဒါဟာ တိုင်းပြည်ကို ဖျက်ဆီးမည့် စစ်ပွဲကြီး ဖြစ်သည်။ လူတိုင်းက နောက်ပြန်ဆုတ် ရမည့်အစား တိုက်ခိုက်ရင်းသေရန်သာ ဆန္ဒရှိကြသည်။ အနောက်ဖက်တွင် သူတို့မွေးဖွားပြီး ကြီးပြင်းလာခဲ့သည့် တိုင်းပြည်ကြီးကရှိနေသည်။ သူတို့၏ ချစ်ရသူများ။ ကလေးများ။ မိဘများရှိနေသည်။ ထို့ကြောင့် ကျူးကျော်သူများက မည်သို့ဖြစ်နေစေကာမူ သူတို့သည် ခြေတစ်လှမ်းမျ နောက်မဆုတ်ဝံ့ ချေ။ ထိုသူများကိုလည်း ခြေတစ်လှမ်းပင် ရှေ့တိုးခွင့်ပြု၍မရချေ။
ဒိုင်း
ရုတ်တရက် ကောင်းကင်သို့ တစ်ချက်ပစ်ခက်ပြီးနောက် ဖရန်စီက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အသက်ရှူအောင့်ကာ မီးခိုးငွေ့ထဲမှ ထွက်လာသည့် ပုံရိပ်ကို ကြည့်သည်။
အနက်ရောင်ဆံပင် အဝါရောင်အသားရေကို ပိုင်ဆိုင်ထားကတည်းက နှာတံမြင့်မြင့်နှင့် သောက်ကျိုးနည်း ကျူးကျော်သူများ မဟုတ်နိုင်ပါချေ
သို့သော်.....
ကြည့်ရသည်မှာ ထိုလူငယ်ကလည်း ပြင်းထန်သည့် ဒဏ်ရာများကို ရရှိထားလောက်သည်။ သူ၏ ကျောပေါ်တွင်လည်း တစ်စုံတစ်ရာကို သယ်လာသေးသည်။
“မြန်မြန် မြန်မြန် ဒါကငါတို့လူပဲ......”
ထိုသူ၏ ကျောပေါ်မှ ပုံရိပ်တစ်ခုကို မြင်ရပြီးနောက် ဖရန်စီက အော်ဟစ်ရင်း ရှေ့သို့လျှင်မြန်စွာသွား၍
“ခေါ်........”
ဆုပိုင်က ကတုတ်ကျင်းထဲတွင် လှဲချရင်း အမောတကော အသက်ရှူသည်။
သူသည် တပ်ဖွဲ့မှ စစ်သားတစ်ယောက်က ကမ်းပေးလာသော အရက်ပုလင်းကို လှမ်းယူပြီး အလုတ်အနည်းငယ် သောက်သည်။ ထိုအခါမှသာ အသက်ရှူနိုင်သွားသည်ဟု ခံစားလိုက်ရသည်။
နှစ်ရက်လုံးလုံး.....
ဆုပိုင်သည် တိုက်ပွဲ နယ်မြေတွင် နှစ်ရက်လုံးလုံး ဂရုထားကာ လမ်းလျှောက်ခဲ့ရသည်။ အမျိုးမျိုးသော စစ်သားများနှင့် တွေ့ခဲ့သည်။ အချို့သောသူများသည် ရန်သူဘက်မှဖြစ်ပြီး အချို့ကမူ ခုခံသူများ ဖက်က ဖြစ်သည်။
သို့သော် မည်သည့်အသင်းတွင်မျှ ရှင်သန်သူများကိုမတွေ့ရပါ။
သူက လက်လျော့လုနီးပါး အချိန်တွင် အလင်းရောင်ကို မြင်လိုက်ရခြင်းဖြစ်သည်။
ဤကတုတ်ကျင်းတွင် ခုခံသူရာကျော်ရှိနေချေသည်။
202 02
“မင်း.....”
“ဘယ်သူလဲ”
ဆုပိုင်က စကားပြောမည့် အချိနတွငါ် ရုတ်တရက် မမျှော်လင့်ထားစွာဖြင့် ခေါင်းဆောင်ဟုထင်ရသည့် သူက တက်တက်ကြွကြွ ပြောလာသည်။
“အရှေ့မှာ အသက်ရှင်တဲ့သူတွေရှိသေးလား....”
“ကျူးကျော်သူ အဖွဲ့တွေက တိုက်ပွဲနယ်မြေကို ရှင်းလေးရေးလုပ်နေတာ “
“ငါက သတင်းပို့ခို သားဖောက်သူ ဆုပိုင်ပါ”
ဆုပိုင်က တခဏခန့် တွေးတောနေပြီးနောက် ပြောလာသည်။
“ အရှေ့က တိုက်ပွဲနယ်မြေကတော့ ရှင်းသွားပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သိပ်မကြာခင် အဲဒီလူတွေ သိပ်မကြာခင် ဒီနေရာကို လာကြလိမ့်မယ်”
“မင်းတို့ အခုနောက်မဆုတ်ဘူးဆိုရင် ငါအစိုးရိမ်တာက.....’’
Boom!
ဆုပန် စကားမဆုံးသေးခင် ဗုံးအသစ်တစ်သုတ်က ကျဆင်းလာပြန်သည်။
“ရှေ့တန်းကလူတွေ အားလုံးက သေကုန်ပြီဟုတ်လား”
ထိုစကားကို ကြားသောအခါ ဖရန်စီက ကြောင်သွားပြီး သူ၏ခန္တာကိုယ်က ဘေးဖက်ရှိ ကျင်း ထဲသို့ လဲကျလုနီးပါး ဖြစ်သွားသည်။
သူဟာ ထရပ်ရန် ခက်ခက်ခဲကြိုးစားပြီးနောက် ဆုပန်ရဲ့ အင်္ကျီကော်လံကို ဆွဲကာပြောသည်။
“ငါတို့ နောက်ဆုတ်လို့မရဘူး။ တိုက်ပွဲနယ်မြေ တစ်ခုလုံးက ဝိုင်းခံလိုက်ရပြီ။ ငါတို့ သတင်းရောက်အောင် ပို့နိုင်တာမျိုးမှ မဟုတ်ရင် အဲလိုမှ မဟုတ်ရင် .....”
“ခိုတွေက ဘယ်မှာလဲ”ဆုပိုင်က လူအများကို ကြည့်ပြီး အေးစက်စွာမေးလိုက်သည်။
ထိုအဖွဲ့၏ အခြေနေအရ သတင်းပို့ ခိုများအားလုံး အသတ်ခံရပြီးလောက်လေပြီ။
တာဝန်က တစ်ဆုံးထိ မပြီးသေးရုံသာ မကသေးလေဘဲ သနားစဖွယ် စစ်သားများ၏နောက်ဆုံးသော ဆန္ဒကိုလည်း ဖြည့်စီးနိုင်မည် မဟုတ်သလို ကတိလည်း တည်နိုင်မည် မဟုတ်ပေ။
“ရှိသေးတယ်”
ဖရန်စီက အေးစက်စွာ ခေါင်းငြိမ့်လိုက်ပြီး နောက်မှကောင်လေးတစ်ယောက်ကို လက်ရမ်းပြီးပြောလိုက်သည်။
“လော်ရီ...သွား လှောင်အိမ်တွေ သွားယူခဲ့”
ထိုအခါ ငယ်ရွယ်သောကောင်လေး သွက်လက်စွာဖြင့် အပြေးရောက်လာကြောင်း မြင်လိုက်ရသည်။သူက အဝတ်စားများကို ဖွင့်ပြီး အတွင်းမှ သတင်းပို့ခို နှစ်ကောင်ကို ပြသည်။သူဟာ စိုးရိမ်တကြီး ပြောလေသည်။
“ကံကောင်းစွာ ငါတို့မှာ ဒီနှစ်ကောင်ပဲ ရှိတော့တာနော် ငါတို့ထပ်ပြီး ရင်းနှီးလို့ မရဘူး။ ကျန်တဲ့အကောင်တွေ အကုန်လုံး ကုန်သွားပြီ “
“သူတို့က ရန်သူတွေရဲ့နေရာကို ကျော်ဖြတ်ပြီး ပျံသန်းသွားဖို့က မဖြစ်နိုင်ဘူး”
“ပေါက်ကရတွေ ပြောမနေနဲ့”
ဖရန်စီက သူ့ကိုဘေးဖယ်လိုက်ပြီး ခိုနှစ်ကောင်ကို လှမ်းဆွဲထုတ်ကာ ဆုပိုင်ကို ကြည့်ကာပြောသည်။
“မင်း ခိုမွေးတတ်လား။သူတို့ကို ရန်သူတွေရဲ့ နေရာကို ကွေ့ပတ်ပြီး ပျံသန်းသွားဖို့ စေခိုင်းနိုင်လား။ သတင်းရောက်အောင်တော့ ပို့မှဖြစ်မယ်”
“တိုက်ပွဲရဲ့ ဒီလိုအဆင့်မှာ ကျူးကျော်သူတွေက ရွေးချယ်စရာ မရှိတော့ဘူး။ နောက်ပြီး မဟာမိတ် အင်အားစုကသာ စတင်ပြီး ချီတက်လာခဲ့ရင် သူတို့ သေချာပေါက် နောက်ဆုတ် သွားလိမ့်မယ်။
“ဒါက ငါတို့ရဲ့ နောက်ဆုံးသော မျှော်လင့်ချက်ပဲ”
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး သတင်းပို့ ခိုကို လှမ်းယူလိုက်သည်။ ထို့နောက် သူ၏ နဖူးကို ညှင်သာစွာ ပုတ်လိုက်သည်။ သူသည် ခေါင်းကို တဖြည်းဖြည်းချင်းခါရင်း ပြောလိုက်သည်။
“ငါ့မှာသူတို့ကို ထိမ်းချုပ်တဲ့ နည်းလမ်းတော့ မရှိဘူး။ တကယ်လို့ မင်းပြောတဲ့ အတိုင်းမှန်နေမယ်ဆိုရင် တိုက်ပွဲနယ်မြေတစ်ခုလုံးက အဝိုင်ခံထားရရင် အဲ့ဒီလိုဆိုရင် သူတို့ ရန်သူတွေရဲ့ နေရာကို ကျော်သွားမှပဲ ရလိမ့်မယ်”
“မဖြစ်ဘူး”
ဖရန်စီက ခေါင်းပေါ်က ဦးထုတ်ကို ချွတ်လိုက်ပြီး မြေပေါ်သို့ ပစ်ချသည်။ သူဟာမျက်နှာကို လက်နှစ်ဖက်လုံးအုပ်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
ငါတို့ ခိုဆယ်ကောင်ကျော် လွှတ်ပြီးပြီ။ ဒါပေမဲ့ ဘာတုန့်ပြန်မှုမှ မရှိလာဘူး။ အခွင့်ရေးမရှိဘူး။
202 03
“ငါတို့ ဒီထက်ပိုပြီး အချိန်ဆွဲနေမယ်ဆိုရင် ကျူးကျော်သူတွေက မဟာမိတ်အင်အားစုကိုပါ အလုံးအရင်းနဲ့တိုက်ခိုက်လာလိမ့်မယ်။ အဲ့ဒီနောက် ငါတို့ရဲ့ မွေးရပ်မြေကလည်း ခုခံနိုင်တော့မှာ မဟုတ်ဘူး”
ဂလု
ဖရန်စီက နှုတ်ခမ်းထောင့်များကို တစ်ချက်သပ်လိုက်ပြီး အဝေးသို့ ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူသည် မြေပြင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်သည်။
သွေးနီရောင် မျက်ဝန်းတစ်စုံနှင့်အတူ သူဟာ စတင်ပြီးအော်သည်။
“စစ်သည်တော်တို့”
“ ငါတို့မိသားစုတွေက ငါတို့ကိုစောင့်နေတယ်”
“ငါတို့သေရမယ်ဆိုရင်တောင်မှ သတင်းကို ရအောင်ပို့ရမယ်”
“သေရမှာကို မကြောက်ဘဲ ပြေးထွက်ဖို့ ကြိုးစားကြ။ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”
ကလစ်ကလေး။
လူအများက တုံ့ဆိုင်းနေကြသော်လည်း အများစုကမူ သူတို့၏ ကျောပြင်မှ သေနတ်များကို ဆွဲထုတ်လိုက်ကြပြီး ကတုတ်ကျင်းထဲမှာ တစ်ယောက်ပြီး တစ်ယောက်ထရပ်ကြကာ ဆုံးဖြတ်ချက် ပြတ်သားတဲ့ မျက်နှာမျိုး ဖြစ်သွားကြသည်။
“ထွက်ကြမယ်”
အားလုံးက တစ်ပြိုင်တည်း အော်သည်။
လူတစ်အုပ်က ကတုတ်ကျင်းထဲမှ ပြေးထွက်လုနီးပါးဖြစ်နေကြောင်း မြင်သောအခါ ဆုပိုင်က ချက်ချင်းခုန်ထွက်လိုက်ပြီး လက်ဆန့်ထုတ်လျက် လှမ်းဆိုသည်။
“မင်းတို့တွေ ဒီလိုအရူးလို ထွက်သွားမှာလား”
“မင်းတို့အားလုံးသေကုန်ရင် သတင်းကို ဘယ်တော့မှ ပို့နိုင်တော့မှာမဟုတ်ဘူး”
အရှေ့မှ လူတစ်အုပ်က ခေါင်းကို ငုံ့လိုက်ပြီး စွံ့အနေသလိုမျိုး ဖြစ်နေကြတာ မြင်သောအခါ ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
ထိုလူများသည် အရည်ချင်း ပြည့်မီသော စစ်သားများဖြစ်သည်။
သူတို့က ဒီတိုင်းသေရမည်ဆိုလျှင်ပင် သတင်းပို့နိုင်ရုံနှင့် မျက်တောင်ပင် မခတ်ဘဲ သေဝံ့ကြသည်။ သို့သော် အမှန်တရားက ရက်စက်သည်။
အခုလိုအခြေနေမျိုးတွင် သတင်းပို့ ခိုတစ်ကောင် ပျံသန်းထွက်သွားရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။ထိုတစ်ဖွဲ့လုံး ထွက်သွားနိုင်ရန် ဆိုလျှင် မည်သည့်မျှော်လင့်ချက်မှမရှိပေ။
“ငါ ပြောတာနားထောင်။ ငါသတင်းပို့ ခိုနှစ်ကောင်လုံးကို တစ်ပြိုင်တည်း လွှတ်လိုက်မယ်။ ၂၄နာရီအတွင်း တုံ့ပြန်မှု မရှိဘူးဆိုရင် ငါ ငါ မင်းတို့နဲ့အတူ လိုက်ထွက်ပေးမယ်”
ထိုအချိန်တွင် အခြားနည်းလမ်း မရှိတော့ချေ။ ဒီတစ်ကြိမ် စနစ်၏တာဝန်က သတင်းပို့ခိုအပိုင်းအစ ဖြစ်နေသောကြောင့် ခိုများကို သေချာပေါက် ကယ်ရပေလိမ့်မည်။ သူသည်လည်း ဒီတာဝန်ကို ပြီးမြောက်အောင် ကူညီချင်နေသည်။
လူတိုင်းကို ဖြောင့်ဖြပေးနိုင်အောင် ဆုပိုင်က နာခံလိမ္မာသော ခိုနှစ်ကောင်ကို ယူလိုက်ပြီး ခပ်တိုးတိုး ပြောသည်။
“ညကျရင် ငါသတင်းပို့ ခိုနှစ်ကောင်ကို အပြင်ဖက် နယ်နိမိတ်နား နီးတဲ့နေရာနားမှာ သွားလွှတ်လိုက်မယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီလူတွေရဲ့ စိတ်ကိုလည်း စွချင်တယ်။ ဒီလိုဆိုရင် သူတို့တွေငါတို့ကို အာရုံစိုက်နေတာနဲ့ ခိုတွေကို သတိထားနိုင်မှာ မဟုတ်ဘူး”
“မရဘူး”
ထိုစကားကို ကြားတဲ့အခါ ဖရန်စီက အလျှင်စလို ခေါင်းခါပြီး ဆုပိုင်ပုခုံးပေါ် လက်တင်လာသည်။
“ငါတို့ မင်းကို သွားခွင့်ပြုလို့မရဘူး။ သွားမဲ့သွား ငါတို့ပဲ သွားသင့်တယ်။ငါတို့က ကိုယ့်ကိုယ် စတေးနိုင်မယ်ဆိုရင်လည်း ငါတို့ပဲ စတေးရလိမ့်မယ်။ နောက်ပြီး လျှို့ဝှက်နေရာမှာ သတင်းပို့ ခိုနှစ်ကောင်ကို သေချာပေါက် လွှတ်ပေးလို့ရပါတယ်”
“မလိုပါဘူး” ဆုပိုင်က အရှေ့မှာ မက်တပ် ရပ်နေကြတဲ့လူများကို ကြည့်ပြီး လက်ကို အလျှင်စလို မြှောက်လိုက်ရသည်။”
“မင်းတို့ ခိုတွေရဲ့ အလေ့ကျင့်ကို နားမလည်ပါဘူး။ လူတွေ အရေအတွက်က များလေလေ ရှာတွေ့သွားဖို့ လွယ်လေပဲ”
“ငါ တစ်ယောက်တည်း သွားမယ်။ဒါက ဆုံးဖြတ်ချက်ပဲ”
ထို့သို့ပြောပြီးနောက် ဆုပိုင်က ခိုများကို သူ၏ အဝတ်ထဲသို့ ထိုးထည့်လိုက်ကာ ကတုတ်ကျင်းထဲမှခပ်မြန်မြန်ထွက်ခဲ့လိုက်သည်။
“ထ”
ဖရန်စီကလည်း တဖြည်းဖြည်းချင်း ထရပ်လာပြီး ကျယ်လောင်စွာ တံတွေးမျိုချသည်။ ကျန်သောသူများကလည်း လိုက်လံ ထရပ်လာကြရပြီး အမည်မသိရလေသည့်ရှေ့ မှ လူငယ်ကိုသာ တည်ငြိမ်စွာ ကြည့်နေကြရသည်။
202 04
သူက သူ၏ညာဖက်လက်ဖြင့် ရင်ဘက်ကို ခပ်ကြမ်းကြမ်း ရိုက်ရင်း ရယ်သည်။ ဆုပိုင်က အသာပြုံးလာပြီး လူအများကိုလည်း ရယ်ရင်း နှုတ်လိုက်ဆက်လိုက်ကာ ခါးကို ငုံ့ကိုင်းလျက် အဝေးသို့ တဖြည်းဖြည်းချင်းချင်း သွားလိုက်သည်။
အချိန်က ညနေစောင်းနေပြီ ဖြစ်သည်။ သိပ်မကြာခင်မှောင်လာပေလိမ့်မည်။
ကျည်ဆံခွံများ ကျဆင်းလာပြီးနောက် ကျူးကျော်လာသူများက ဆက်လက်ပြီး ရှာဖွေလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ဒီအခိုက်တန့်က တိုက်ပွဲနယ်မြေတစ်ခုလုံးတွင် အလုံခြုံဆုံး ဖြစ်နိုင်သည်။
သို့ရာတွင် အရာအားလုံးတွင် တစ်ထစ်ချ သေချာမှုမရှိပေ။ သတိထားလျှင်ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဆုပိုင် ပျောက်ကွယ် သွားသောအခါ ဖရန်စီက ဘေးမှစစ်သားအချို့ကို ခေါင်းညိတ်ကာ အံကိုကြိတ်ပြီးပြောသည်။
“သူ့နောက် လိုက်သွား။ သူ တစ်ခုခုဖြစ်ရင် သူ့အစား တစ်ခုခုလုပ်ဖို့ မမေ့နဲ့။ သူ့ရဲ့ လုံခြုံရေးကို သေချာပါစေ”
“ဟုတ်ကဲ့”
ထိုသို့ဖြင့် စစ်သား သုံးယောက်က သူတို့ရဲ့ သေနတ်များကို ခပ်တင်းတင်း စုပ်ကိုင်လိုက်ကြပြီး ချက်ချင်းဆိုသလိုပင် ခုန်ထွက်လိုက်ကြသည်။
ထို့သုံးယောက်ထွက်သွားမည့်အချိန်တွင် ဖရန်စီက ရုတ်တရက်မျက်လုံးကိုမှိတ်ပြီး အသက်ဖြည်းဖြည်း ရှူကာ ပြောလာသည်။
“မင်းတို့ အသက်ရှင်လျှက်ပြန်လာခဲ့ကြ”
ထိုသုံးယောက်က နောက်သို့ လှည့်ပြီး အလေးပြုသည်။ ထို့နောက် ဆုပိုင် နောက်မှတစိုက်မက် လိုက်သွားကြသည်။
“အသင်းခေါင်းဆောင်”
“ သူတို့ တကယ်ပဲ သတင်းပို့နိုင်မှာလား”
ဘေးဖက်က လော်ရာက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ တဖြည်းဖြည်းချင်း မေးလာသည်။
“ပို့နိုင်မှာ”
ဖရန်စီက ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်ပြီး ထို့နောက် ဘေးဖက်မှ လော်ရီကို ပြုံးပြီးကြည့်သည်။
ကလေး မင်းဆက် အသက်ရှင်မှာပါ။ မင်း အသက်ရှင်ရင် ငါမင်းကို နွေလာနဲ့ လက်ဆက်ပေးမယ်”
“အား တကယ်လား”
လော်ရီ၏မျက်နှာက နည်းနည်းပြူးကြောင်ကြောင် ဖြစ်သွားပုံရသည်။
“ဒါပေမဲ့ငါတို့အားလုံး အသက်ရှင်မှ ဖြစ်လိမ့်မယ်”
“အားလုံးပဲ မှောင်တာနဲ့ တိုက်ပွဲနယ်မြေ တစ်ခုလုံး အနှံ့ရှာဖွေဖို့ အသင့်ပြင်။ငါတို့ ကောင်းကောင်းနေနိုင်ရမယ်”
“နောက်နှစ် ကျူးလစ်တွေပွင့်တဲ့အခါ ငါတို့အားလုံးအဲ့မှာရှိနေဖို့ မျှော်လင့်တယ်.”
…..
++++++ 203 01
အခန်း 203
Boom!
မဲမှောင်နေသော လေကာအမိုးတစ်ခု အောက်တွင် မီးခိုးရောင်ဆံပင်များနှင့် လူအိုကြီးတစ်ယောက်က ရပ်နေသည်။ သူသည် သေသပ်သော စစ်ယူနီဖောင်းကို ဝတ်ဆင်ထားလေပြီး ရှေ့မှ စားပွဲကို ဖြန်းကနဲ ရိုက်ထည့်လိုက်သည်။ တခြားသော သူများအားလုံးက ဒေါသထွက်နေသော မျက်နှာမျိုးနှင့်ဖြစ်သည်။
“ဘာလို့ အခုချိန်ထိ သတင်းမရသေးတာလဲ”
“တကယ်ပဲ တိုက်ပွဲနယ်မြေထဲ ဘာဖြစ်နေတာလဲ”
“ငါတို့စစ်သားတွေအားလုံးကို စတေးလိုက်ရပြီလား”
ထိုသို့ ပြောနေသော လူအိုကြီးက သူ့ရဲ့အသံတုန်ရင် နေကြသည်။
“အားလုံး လူတစ်သောင်းလုံး ပိတ်မိနေကြတာ ဘယ်သူမှ မရှင်ကြဘူးလား”
“ဗိုလ်ချုပ် ငါတို့ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ရန်သူရဲ့ ပစ်ခက်မှုက တအားကို ပြင်းထန်လို့ ငါတို့အလောတကြီးဝင်သွားလို့ မရဘူး ဖြစ်နေတယ်”
ခန္ဓာကိုယ်တွင် ပတ်တီးနှင့် အသက်လက်ပိုင်းအရွယ်လူက ဖြည်းဖြည်းချင်း ထွက်လာပြီး တည်ငြိမ်သော လေသံနဲ့ပြောတယ်။
“ငါတို့ အလျှင်စလို လှုပ်ရှားလို့မရဘူး။ ဒီလူတွေ အားလုံးအပေါ် ပြင်းထန်တဲ့ တိုက်ကွက်တွေ စေလွှတ်လိုက်တာနဲ့ ခုခံဖို့ ခက်သွားလိမ့်မယ်။ နောက်ပြီး ဘယ်နေရာကို တိုက်ခိုက်သင့်သလဲဆိုတာက သေချာဆုံးဖြတ်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် အတွင်းပိုင်းက စုံစမ်းစစ်ဆေးပြီးလို့ ပြန်ပြီး သတင်းပို့လာတာကိုပဲ စောင့်ရလိမ့်မယ်”
“ဗိုလ်ချုပ် ငါတို့ အလောင်းအစား လုပ်လို့ မရဘူးနော်”
“ငါတို့ရဲ့နောက်မှာ မိသားစုတွေရှိနေသေးတယ်။ ငါတို့တွေ....”
“ကောင်းပြီ ဆက်မပြောနဲ့တော့”
ထိုလူကို အဓိက ခေါင်းကိုမော့ပြီး ခပ်ကြမ်းကြမ်း အော်လိုက်သည်။
စစ်ပွဲတွေ ဒီလိုအခြေနေမျိုးတွေ နှစ်ဖက်လုံးက လမ်းဆုံးဖြစ်နေသည်။ သို့သော် တိကျသော အချက်လက်များ မရှိသေးပဲ သူတို့သည် ရမ်းသမ်းမှန်းတမ်း လုပ်နေ၍မရချေ။
ကျရှုံးသွားသည်နှင့် သူတို့ရင်ဆိုင်ရသည်မှာ သူတို့၏ မိသားစုအားလုံး ဖျက်ဆီးခံရသည့် အခြေနေဖြစ်သည်။
“တစ်ရက်လောက်ပဲပိုပြီး”
“ အဲဒီအချိန်မှ သတင်းမရသေးရင် ငါတို့ လက်နက်ကြီးနဲ့ပဲ တိုက်ခိုက်ကြတာပေါ့။ နောက်ထက် ထပ်ပြီး မစောင့်တော့ဘူး။ ဒီထက် ထပ်စောင့်နေရင် မဟာမိတ်အင်အားစု နောက်ဆုတ်သွားတာနဲ့ ငါတို့ရဲ့တိုင်းပြည်က စွန့်ပစ်လိုက်ရလိမ့်မယ်”
လူအိုကြီးက ထိုင်ခုံပေါ်သို့ ထိုင်လျက်ကျသွားပြီး သူသည် အရှေ့မှ လူများကိုကြည့်ပြီး တိုးတိုးပြောသည်။
“ငါတို့မှာ ရွေးချယ်စရာမရှိဘူး။”
“ ကျူးလစ်တွေက ကောင်းချီးပေးပါစေ”
“ဒါပေမဲ့”
ရုတ်တရက် လူအိုကြီးတစ်ယောက်ရဲ့ အသံက ထွက်လာပြီး သူ၏ မျက်လုံးက တောက်ပသွားပြီး တစ်လုံးချင်းစီ ပြောသည်။
“ငါတို့ရဲ့ နောက်မှာ ငါတို့ရဲ့ အိမ် ငါတို့အားလုံး တိုက်ပွဲမှာ မသေသမျှ ဘယ်သူကမှ နောက်ဆုတ်ခွင့်မရှိဘူး”
“ဟုတ်တယ်”
“သေတဲ့ထိ ကာကွယ်ဖို့ ကျိန်ဆိုကြတာပေါ့”
ဒီစကားကို ကြားပြီးနောက် အားလုံးက စိတ်ခံစားသွားကြရသည်။ သူတို့အားလုံး၏ မျက်လုံးများတွင် မျက်ရည်များက ပြည့်နှက်လာသည်။
လူတိုင်း ထွက်ခွာသွားချိန်ထိ စောင့်ကြည့်နေပြီးနောက် လူအိုကြီးတစ်ယောက်တည်းကသာ ကျန်ရစ်ခဲ့သည်။ သူဟာ အရှေ့မှာ အံဆွဲကို တဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အညိုရောင် မှတ်စုစာအုပ်လေးကို ဖွင့်ကာ ဖတ်လိုက်သည်။
သူ၏အရှေ့တွင် ကျူးလစ်ပန်းချောင်းအဖြူလေးက ပေါ်ထွက်လာသည်။
203 02
လူအိုကြီးက ခက်ဖြည်းဖြည်း ရှူရှိုင့်ပြီး ထို့နောက်ပြုံးလာသည်။
“ငါတို့ ရှုံးလို့မရဘူး”
“ငါတို့ရှုံးသွားရင် အိမ်ခြေရာမဲ့တွေ ဖြစ်သွားလိမ့်မယ်”
“ကျရှုံးသွားတာနဲ့ ငါ မွေးရပ်မြေက ကျူးလစ်ပန်းရနံ့ကို ရနိုင်တော့မှာ မဟုတ်ဘူး”
“ငါတို့ရှုံးသွားရင် ငါတို့ရဲ့ တိုင်းပြည်က ပျောက်ကွယ်သွားလိမ့်မယ်”
“ဟုတ်တယ် ငါတို့ရှုံးလို့မရဘူး။ငါတို့တိုက်ပွဲမှာ မသေသမျှ လုံးဝမရှုံးနိုင်ဘူး”
သူဟာ စာအုပ်ကိုတဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်ပြီး ခက်တိုးတိုး ရေရွတ်လိုက်သည်
…….
မင်း….
ဆုပိုင်က သူ့နောက်မှ လိုက်လာသော လူသုံးယောက်ကို ကြည့်ပြီး မျက်မှောင် ကြုတ်လိုက်မိသည်။ သူတို့၏ မျက်လုံးများကို မြင်ပြီးနောက် သူသည်လည်း တိတ်ဆိတ် သွားရသည်။
ထိုသူများသည်လည်း အသေလာခံသည့် လူများအလား ဖြစ်နေခဲ့သည်။”
“ငါ့နောက်က ကပ်လိုက်ခဲ့ကြ။ သိပ်မကြာခင် အဲ့ဒီကိုရောက်တော့မှာပါ”
ဆုပိုင်က တစ်ချက်ပြောလိုက်ပြီး သူ၏လက်မောင်းများ အတွင်းမှ သတင်းပို့ခိုကို တစ်ချက် ဖက်ကာ အရှေ့ရှိ တွင်းထဲသို့ ခုန်ချလိုက်သည်။
သူတို့သည် အလွန်းဝေးသည့်နေရာသို့ ရောက်နေပြီ ဖြစ်သည်။ အလင်းများကပင် စပေါ်လာ၏။ သိပ်မကြာခင် ကျူးကျော်သူများ၏ အဝိုင်းခံရမည့် အခြေနေကိုပင် စိုးရိမ်နေရသည်။
သို့သော်....
သေနတ်များကိုင်ပြီး ကင်းလှည့်နေသော စစ်သည်တော်အဖွဲ့ကိုလည်း မြင်လိုက်ရသည်။ ထိုအခါမှသာ ဆုပိုင်သည်လည်း သတင်းပို့ ပင်ကွင်းများက မည်သည့်အတွက်ကြောင့် ခုခံရေး အားလိုင်းကို မကျော်ဖြတ်နိုင်ကြောင်း နားလည်လိုက်သည်။
ခုခံရေးအားလိုင်းတစ်ခုလုံးကို အစောင့်များက ကင်းလှည့်နေရုံသာ မကသေးလေပဲ လေထဲတွင် ပျံမတက်နိုင်သည့် စတီးဝါယာများဖြင့်ကာထားသေးသည်။ ထိုအရာများက သတင်းပို့ပင်ကွင်းများကို တားစီးရန် ဖြစ်သည်။
ထို့နောက်......
တိုက်ပွဲနယ်မြေတွင် လေထဲတွင် ယမ်းငွေ့ရနံ့များက ပြင်းထန်နေသောကြောင့် သတင်းပို့ခိုများက အလွန်မြင့်မားစွာ မပျံသန်းနိုင်။ထိုအတွက်ကြောင့်လည်း သတင်းပို့ရန် ခက်ခဲနေခြင်း ဖြစ်ပေလိမ့်မည်။
ဂူး....ဂူး....ဂူး....
ရုတ်တရက် သတင်းပို့ခိုနှစ်ကောင်မှ မသက်မသာ ဖြစ်သော အသံများ ထွက်လာသောအခါ ဆုပိုင်က သူတို့ကို ညှင်သာစွာ ထုတ်ပေးလိုက်သည်။
သူသည် စစ်သားများက သူ့ကိုပေးလာသည့် စာများကို ယူပြီး သူတို့၏ခြေထောက်တွင် တွဲချည်ပြီး
“မကြောက်နဲ့”
“သေချာပေါက် ကျော်ဖြတ်ပြီး ပျံသန်းနိုင်ပါလိမ့်မယ်”
ထိုနှစ်ကောင်၏ နှဖူးကို အသာထိတွေ့ပြီးဆုပိုင်က သူတို့ကို ခပ်တိုးတိုး နှစ်သိမ့်ပေးလိုက်သည်။
“အောင်မြင်နိုင်ပါ့မလား။ ငါဘာလို့ ရုတ်တရက်ကြီး အန္တရယ်များလွန်းတယ်လို့ ခံစားနေရတာလဲ။ ဒီခိုနှစ်ကောင်ပေါ် ကြီးမားတဲ့ တာဝန်ယူမှုကြီးက ပုံကျနေသလိုပဲ တကယ်ကို”
[တစ်ချိန်သောအခါက တရုတ်ပြည်ရဲ့ စစ်ပွဲအတောအတွင်းမှာ ဒီလိုနည်းလမ်းမျိုးကို သုံးခဲ့ကြရတာ]
[ တော်တော်လေးကို အံ့သြဖို့ကောင်းတယ်။ ငါအခုလေးတင် စာကြည့်တိုက်မှာ အချက်လက်ကို သွားပြီး စစ်ဆေးကြည့်ထားတာ။ အဲဒီအချိန်က ဒီလိုတိရစ္ဆာန်မျိုးကိုသုံးပြီး လောကအနှံ့ သတင်းစကားပေးပို့ ကြတယ်တဲ့လေ။ ဒါပေမဲ့ သတင်းပို့ခိုတွေကို စစ်ပွဲမှာ သုံးတာတော့ အတော်လေးရှားတယ်။ တော်တော်လေးကို ကံမကောင်း အကြောင်းမလှစေတဲ့ သတင်းမျိုးမှပဲ ဒီလိုမျိုးသတင်းပို့ကြတာ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သတင်းပို့ ခိုလိုမျိုး သတ္တဝါတွေက မျိုးတုန်း ပျောက်ကွယ် သွားကြတယ်လေ။]
[သောက်ကျိုးနဲ စာကြည့်တိုက်မှူး။ ဒီသတင်းက ဟုတ်ပါ့မလား။ ဒီလိုအရာမျိုးက ရှိပါ့မလား]
203 03
[သေချာပေါက် မရှိနိုင်ဘူးပေါ့။ လူသားတွေက ဘာလို့ ဒီလောက်ထိ ကျေးဇူး မသိတတ်ရမှာလဲ။ နောက်ပြီး မျိုးတုံး ပျောက်ကွယ်သွားတယ်ဆိုတာကလည်း လူသားတွေ သတ်လို့ဆိုတာ တော်တော်လေးကို လက်သင့်မခံနိုင်စရာပဲ]
…..
လူတိုင်းက ဆုပိုင်ရဲ့လက်မောင်းထဲက ခိုနှစ်ကောင်ကို ကြည့်ပြီး အလွန်စိတ်ဓာတ် ကျသွားသည်။
သို့သော် စာကြည့်တိုက်မှူးကပေးတဲ့ သတင်းအချက်လက်များကို ဖတ်ပြီးနောက် အားလုံးကလည်း ဒါဟာ မှန်ကန်ခြင်း ရှိ၊ မရှိ မေးမြန်းချင်ကြသည်။ထိုသတင်းကသာ မှန်ကန်နေခဲ့လျှင်.....
မည်သူကမျှလည်း သတင်းပို့ခိုများကဲ့သို့ လူသားများတွင် အရေးကြီးသော ကဏ္ဍတွင် ပါဝင်နိုင်သောသူများက လူသားများကြောင့် မျိုးတုန်းပျောက်ကွယ်သွားသည့် အခြေနေကို နားလည်နိုင်လိမ့်မည် မဟုတ်။
ရိုးရှင်းစွာပြောရသော်......
ဆုပိုင်က comment များကို တစ်ချက်ကြည့်ပြီး ခိုများကို ပြန်ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
Comment များတွင် ပြောသော စကားကမမှားချေ
“ကျုပ်ပြောတာ မှန်တယ်။ သတင်းပို့ ခို့လို့ပြောတဲ့ သတ္တဝါမျိုးက အတိတ်မှာ လူသားတွေကြောင့် သတ်ဖြတ်ခံရပြီး မျိုးတုံးပျောက်ကွယ် သွားခံတာပဲ။ ငါ့ရဲ့လက်မောင်းထဲက ခိုနှစ်ကောင်က သတင်းပို့ခိုတွေပဲ”
ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုဘေးသို့ တစ်ချက်ပို့ပြီး အခြားသော စစ်သားသုံးယောက်ကို ရှောင်ကာ ခပ်တိုးတိုးပြောသည်။
“ဒါပေါ့ ဒီလို သတင်းပို့ ခိုတွေက ရှေးခေတ် တရုတ်ပြည်က ဇာတိတော့ မဟုတ်ဘူး။ ဒါကြောင့် သူတို့ကို အလုံးရင်းနဲ့ သုတ်သင်ခံရတယ်လို့ ပြောတာကတော့ နည်းနည်းလေးတော့ ရက်စက်တယ်”
“မင်းတို့တွေလည်း ရှေ့ခေတ် အနောက်ပိုင်းတိုင်းပြည်တွေမှာ ဒီလို သတင်းပို့ ပင်ကွင်း ဘီလီယံ ၅သန်းလောက်ထိ ရှိတာကို သိနိုင်မှာ မဟုတ်ဘူး။ နှစ်တစ်ရာအတွင်းမှာ ဒီဘီလီယံ ၅သန်းကျော်တဲ့ သတင်းပို့ ခိုတွေအားလုံး သေသွားတယ်။ အဲ့ဒီနောက် အားလုံး မျိုးသုဥ်း သွားတော့တာပေါ့”
“အချို့မှတ်တမ်းတွေထဲမှာဆိုရင် အတိတ်က သတင်းပို့ခိုတွေကို လုပ်ခဲ့တဲ့ ရက်စက်တဲ့အကြောင်းအရာ အချို့ကိုသာ ရှာတွေ့နိုင်လောက်တယ်”
ဆုပိုင်က သတင်းပို့ခိုနဲ့ ပတ်သက်တဲ့ ဗီဒီယို တစ်ခုအကြောင်းကို တွေးမိပြီး သူ့ရင်ဘက်က မီးတောက်လောင်လာသလို ခံစားလိုက်ရသည်။
“တစ်ချို့သူတွေက သတင်းပို့ခိုတွေကို အောင်သွယ် ခိုလို့ခေါ်ကြတယ်။ ဒီနေ့ခေတ်ထိ ဒီလိုစကားလုံးမျိုးက တည်ရှိနေတုန်းပဲ။ ဒီစကားလုံးက သတင်းပို့ ခိုကနေ ဆင်းသက်လာတာလေ။ တဖြည်းဖြည်းချင်း ဆက်သွယ်နိုင်တဲ့ ကိရိယာတွေကို တီထွင်လာနိုင်ခဲ့တော့ သတင်းပို့ခိုတွေက စာတွေထပ်ခါ တလဲလဲ ပို့ဖို့ မလိုအပ်တော့ဘူး။ ဒါကြောင့် လူတွေရဲ့ ဖမ်းတာကို ခံခဲ့ရတာပေါ့”
“သတင်းပို့ခိုတွေကို အမဲလိုက်ဖို့ တချို့လူတွေက ဒီလိုနည်းလမ်းကို သုံးကြတယ်။ သူတို့က သတင်းပို့ခိုတွေရဲ့ မျက်ခွံတွေကို ဝက်အူစုပ်ထားပြီး ဘာကိုမှ မမြင်အောင် လုပ်ကြတယ်။ အဲ့ဒီနောက် ရက်ရက်စက်စက် ဝါးဒုတ်နဲ့ တွဲချည်ထားပြီး လွှတ်ပေးလိုက်တယ်။သတင်းပို့ခိုက တောင်ပန်ကို ခတ်ပြီး ပျံသန်းတဲ့အခါ ဘာမှမမြင်ဘဲ ပြုတ်ကျပြီး သေဆုံးကြတာပေါ့”
“နောက်ပြီး မျက်ခွံတွေကို အချုပ်ခံထားရတဲ့ တချို့သတင်းပို့ခိုတွေကိုတော့ အောင်သွယ်ခိုတွေလို့ ခေါ်ကြသေးတယ်။ သူတို့မှာ အခြားနာမည်ရှိတယ်။ သတင်းပို့သူတဲ့။ တော်တော်လေးတော့ ရယ်ရတယ်”
ဆုပိုင် ပြော၍ ဆုံးသွားသည့် အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှူ အခန်းတွင်းတစ်ခုလုံးက တိတ်ဆိတ် သွားသည်။ လူတိုင်းက စာကြည့်တိုက်မှူးက ပြောပြလာသည့် အကြောင်းအရာများကို ကြည့်ပြီး တိတ်နေကြသည်။
မည်သို့ပင်ဆိုစေ လူသားများက ထိုမျှအထိ ရက်စက်မည်ဟု မထင်ထားကြပေ။ အခြားသော သတင်းပို့ခိုများကို စွဲဆောင်ပြီး ဖမ်းနိုင်ရန်အလို့ငှာ သတင်းပို့ ခိုများ၏ မျက်ခွံကိုပင် ချုပ်ကြသည်။
ဒါက…
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတွေသာမက တိတ်ဆိတ်သွားကြခြင်း မဟုတ်ပေ။ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနမှ လူများကလည်း တိတ်ဆိတ် နေကြသည်။
ဒီနေ့ဆုပိုင် တိုက်ရိုက်ထုတ်လွင့်မှု အခန်းက ပြဇာတ်ရုံကြီးတွင် ပြသထားသည်။ရုံအတွင်းထိုင်နေသောလူများက ကျောင်းမှ ဘွဲယူခါနီး နောက်ဆုံးနှစ်ကျောင်းသားများ ဖြစ်နေသည်။
လူတိုင်းက ဒေါက်တာဆုပိုင်၏ လက်မောင်းအတွင်းမှ အစိမ်းရောင်နှင့် မီးခိုးရောင် ရောယှက်နေသော အမွှေးလေးမျာနှင့် ခိုနှစ်ကောင်ကို ကြည့်နေကြပြီး တိတ်ဆိတ် သွားကြသည်။ သူတို့၏ နှလုံးသားကို ဓားများဖြင့် လာထိုးသလို ခံစားရသည်။
203 04
ထို တိရစ္ဆာန်များနှင့် သူတို့၏အနာဂါတ် ဆက်ခံသူများကြား မည်သို့ ဆက်ဖြစ်မည်ဖြစ်ကြောင်း မည်သူကမျှ မသိနိုင်ချေ။
သူတို့က လူသားတွေကို ကူညီပြီး အမျိုးမျိုးသော သတင်းတွေကို ပို့ပေးမှာလား။
“တော်တော်လေးကို သည်းမခံနိုင်စရာပဲ။ တကယ်ပဲ ဘာလို့ ဒီလိုများ လုပ်ခဲ့ကြတာလဲ”
ရုတ်တရက် ခုံမှ ကျောင်းသားတစ်ယောက်က စားပွဲကို ခပ်ကြမ်းကြမ်း ရိုက်ပြီး အော်သည်။ သူသည် မျက်လုံးကို ပြူးကျယ်အောင် ချဲ့ထားသည်။ ရုတ်တရက် လူတိုင်းက သူ့ကို လှည့်ကြည့်လာကြသည်။ သို့ရာတွင် မည်သူမျှ အနှောက်အယှက် ပေးသည့်အတွက် သူ့ကို အပြစ်မတင်ကြပေ။ လူအများစုက အလားတူ ခံစားနေရသည်။ သူတို့၏ ရင်ဘက်အတွင်း ဒေါသများက ပြင်းထန်နေပြီး ဖြစ်သည်။
Boom!
အထက်မှ နန်ကုန်းယွမ်က အောက်ဖက်မှ ဒေါသကြီးနေသော ကျောင်းသားများကို ကြည့်ပြီး စားပွဲကို ရိုက်ချလိုက်သည်။ လူတိုင်းကလည်း သူတို့ သွန်သင်ဆုံးမ ခံရတော့မည်ဟု တွေးတောလိုက်သည့် အချိန်တွင် ဒါရိုက်တာ နန်ကုန်းက မည်သူ့ကိုမှ မဆူပူလေပဲ စိတ်သက်သာရာ ရသလိုကြည့်လာသည်။
“ငါမင်းတို့ရဲ့ လုပ်ဆောင်မှုကို အရမ်းကြီးကျေနပ်နှစ်သိမ့်မိတယ်”
နန်ကုန်းယွမ်က ကျောင်းသားများကို ကြည့်လျက် ပြောသည်။
“ဆိုလိုတာက မင်းတို့တွေက ဒီလိုသတ္တဝါမျိုးကြောင့် ဝမ်းနည်းနာကျင် ပေးကြတယ်။ စိတ်မကောင်း ဖြစ်ပေးကြတယ်။ ဒါကတိရစ္ဆာန်ကို ကာကွယ် စောင့်ရှောက်ပေးရမဲ့ အလုပ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အနိမ့်စား အရည်အသွေး တစ်ခုပဲ”
“မင်းတို့ရဲ့ ခေတ်က တကယ်ကောင်းပါတယ်”
“အဲဒီခေတ်မှာ တိရစ္ဆာန်တွေကို လူတိုင်းက မြင်နိုင်ကြလိမ့်မယ်။ ဒေါက်တာဆုပိုင်လိုမျိုး တိရစ္ဆာန်နဲ့ တဲ့ အကြောင်းအရာတွေကို ဝေမျှပေးမဲ့ လူမျိုးလည်းရှိနေတယ်”
“ငါတို့ သူတို့တွေကို အကြာကြီး ဆုံးရှုံးထားခဲ့ရတာ”
“ထိုသို့ဖြင့် နန်ကုန်းယွမ်က တဖြည်းဖြည်း ထိုင်ခုံက ထရပ်လာပြီး ခံစားချက်အပြည့်နှင့် ပြောသည်။
“မင်းတို့အတွက် လက်ခုပ် တီးပေးပါတယ်”
“ငါလည်း မျှော်လင့်တယ်။ မင်းတို့တွေ ဒီနေ့လိုမျိုး ဒေါသထွက်ရတဲ့ ခံစားချက်တွေကို ထိန်းသိမ်းထားပြီး နှစ်ပေါင်းများစွာ ကြာပြီးတဲ့ အချိန်မှာတောင်မှ လူသားတွေ ရှိသင့်တဲ့ အခြေခံ အကျဆုံးနဲ့ စိတ်ဓာတ် တစ်ခုအနေနဲ့ ကိုင်ဆွဲထားကြဖို့ မျှော်လင့်တယ်”
ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ ငါးနှစ်အရွယ်ပဲ ရှိသေးတဲ့ မျက်မမြင် ကလေးမ တစ်ယောက်ရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်”
“မင်းတို့အားလုံးက သဘာဝ ကလေးတွေပဲ။ အားလုံရဲ့ အသက်တွေက ညီမျှပါတယ်”
“မင်းတို့က အမျိုးမျိုးသော အဖွဲ့အစည်းတွေကြောင့် အမျိုးမျိုးသော တိရစ္ဆာန်ကို မွေးမြူလာနိုင်ရင်တောင်မှ ငါတို့ဟာ ဒီအခွင့်အရေးကြောင့်ပဲ သူတို့ကို လိုသလို ဖျက်စီးပစ်လိုက်လို့ရတယ်လို့ မဆိုလိုဘူး။ သူတို့ရဲ့ ဦးရေတိုးပွားလာအောင် ကြိုးစားပေးရဦးမယ်။ ငါတို့ လူသားတွေလိုပဲ သူတို့ရဲ့ အရေ အတွက်တွေကို တိုးပွားလာအောင် လုပ်ရမယ်။ အဲ့ဒီအတွက် လူတိုင်းက အတူတကွ ကာကွယ် စောင့်ရှောက်ပေးဖို့ လိုအပ်နေသေးတယ်”
“ငါဒီနေ့ ဒီနေရာမှာပြောချင်တာက မင်းတို့တွေရဲ့ အနာဂါတ်မှာ မင်းတို့တွေရဲ့ အခုလိုမျိုး မူရင်းစိတ်ကို မှတ်မိနေပြီး တာဝန်ကို ဘယ်တော့မှ မမေ့သွားဖို့ မျှော်လင့်တယ်”
“တိရစ္ဆာန်တွေကို ဆောင်ပုဒ်အရပဲ။ ကောင်းကောင်းဆက်ဆံပေးနေတာ မဟုတ်ဘဲ စိတ်ရင်းနဲ့ အမှန်တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာမျိုးကို လိုချင်တယ်”
“နောက်ပြီး တိရစ္ဆာန်တွေက ဒီထက်ပိုများလာဦးမှာ ငါတို့ပုခုံးပေါ် ရောက်လာတဲ့ ဝန်ထုတ်ဝန်ပိုးကလည်း လေးလံသည်ထက် လေးလံလာပြီ။ ဒါပေမဲ့ ငါမင်းတို့ကို ယုံချင်တယ်။ ဒီတိရစ္ဆာန်တွေကလည်း ငါတို့ကို ယုံစေချင်တယ်။
ဒါကြောင့် သူတို့ ငါတို့အပေါ် ထားတဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်မိပါစေနဲ့”
နန်ကုန်းယွမ်က စကားအဆုံးသက်သွားသည့်အချိန်တွင် ပြဇာတ်ရုံထဲမှထွက်သွားပြီး တံခါးထံ လျှောက်သွားသည်။သူက အောက်ထပ်မှ ဟင်းလင်းပြင် ကွင်းပြင်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ ထိုအခါ ငွေရောင်ဆံပင်နှင့် အဖွားအိုကြီးတစ်ယောက်က သူမ၏လက်တစ်ဖက်နှင့် မိန်းမငယ်လေးတစ်ယောက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ လမ်းပြခွေးကို ကိုင်လျက် ပတ်လျှောက်နေသည်။ ဒါဟာ လေ့ကျင့်ခန်းလိုက်နေခြင်းဖြစ်သည်။ သူ၏မျက်လုံးများက နီရဲသွားသည်။
“ကောင်းလိုက်တာ”
တိရစ္ဆာန်တွေသာ မရှိရင် သူယွီရန်ကို ဘယ်တော့မှာ ပြန်တွေရမှာ မဟုတ်ဘူး။အရာအားလုံးက တဖြည်းဖြည်းချင်း ကောင်းလာပြီ.......
++++++ 204 01
အခန်း 204
“ဂူး...ဂူး...”
သူ၏ လက်မောင်းတွင်းမှ သတင်းပို့ ခိုနှစ်ကောင်၏ မသက်မသာ ဖြစ်နေသော ငြီးသံကို ကြားသောအခါ ဆုပိုင်က ကျင်းထဲမှ ထရပ်သည်။ သူဟာ မျက်လုံးကို မှေးကျဥ်းလိုက်ပြီး
“မင်းတို့ ကျော်ပြီး ပျံသန်းသွားနိုင်ရမယ်”
ခပ်တိုးတိုးပြောလိုက်သည်။
သူ၏လက်ကို တဖြည်းဖြည်းချင်း ဖွင့်ပေးလိုက်သောအခါ ထိုခိုနှစ်ကောင်က ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားသည်။ ဆုပိုင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဘေးဖက်မှ သေနတ်ကို လှမ်းဆွဲလိုက်သည်။
ယခုအခါ သတင်းပို့ခိုများကို လွယ်လွယ်ကူကူနဲ့ ဖြတ်သွားနိုင်စေလျှင် တစ်ဖက်လူများ၏ အာရုံကို ဆွဲဆောင်ရပေမည်။
“ဒိုင်း”
ဆုပိုင်က အသက်ပြင်းပြင် ရှူလိုက်ပြီး ကောင်းကင်သို တစ်ချက်ပစ်လိုက်သည်။ ရုတ်တရက် စစ်သားတစ်အုပ်က ချက်ချင်းပြေးထွက်လာသည်။
“နောက်ဆုတ်ရင်း တစ်ခါတည်း တိုက်ခိုက်”
ဆုပိုင်က အော်ဟစ်လိုက်ပြီး ကတုတ်ကျင်းကို အကာအကွယ်ယူကာ ဆုတ်ပြေးကြသည်။
Boom!
ရုတ်တရက် အနီးနားမှ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ အနောက်ဖက်မှ စစ်သားတစ်ယောက်က ချက်ချင်းခုန်ထွက်လာပြီး ဆုပိုင်၏ ရှေ့သို့ လဲကျသွားသည်။
“အဆင်ပြေရဲ့လား။ ငါမင်းကို ကူညီပြီး ထပေးမယ်။ မြန်မြန်ထ”
“မလိုပါဘူး”
ထိုစစ်သားက အင်္ကျီကို ဖွင့်ပြလိုက်ပြီး သူ၏ရင်ဘက် တွင် ဗုံးအပြည့်ကို ဝတ်ဆင်ထားလေသည်။သူသည် အသက်ကို အမောတကောရှူနေရင် ပြောသည်။
“ငါဒီလိုမျိုး ဆုတ်သွားလို့မရဘူး။ သတင်းပို့ခိုကို အပြင်ကို ပြန်ထွက်သွားနိုင်အောင် ပျံခိုင်းရတာက တအားခက်တယ်”
“လှုပ်ရှားမှုနည်းနည်းရှိတာနဲ့ ငါသွား….။ မင်းသေချာပေါက် အသက်ရှင်ရမယ်။ ငါတို့ သေချာပေါက် အသက်ရှင်ရမယ်”
ဆုပိုင်က မြေပြင်မှ ခက်ခက်ခဲခဲ ထရပ်နေသည့် သူ့ကို ကြည့်ပြီး နောက်ဖက်မှ လူတစ်ချို့ကို ပြန်ကြည့်သည်။ ထိုသူများက ဆုပိုင်အတွက် ခေါင်းမော့ ရင်ကော့ကာ ကာကွယ်ပေးထားပြီး အဝေးသို့ စောင့်ရှောက်သွားသည်။
“အန်နာ မင်းက အဖြူရောင် ကျူးလစ်တွေလိုပဲ ဘယ်တော့မှ ထိခိုက်ခံရမှု မသင့်ဘူး”
“မဟာမိတ်ကြီးက ဘယ်တော့မှ မကျဘူး”
“ကျူးကျော်သူတွေ သေချာပေါက် အပစ်ပေးခံရလိမ့်မယ်။ ကျူးလစ်တွေက ထာဝရခံတယ်”
“ဝုန်း”
အဝေးမှ အော်သံကို နားထောင်နေသည့် ဆုပိုင်က မျက်လုံးကို မှိတ်လိုက်ပြီ အသက်ဖြည်းဖြည်းရှူပြီး ထို့နောက် ဆက်ပြေးသည်။ သူသည် သေသွားသော စစ်သားများရှိရာဖက်သို လေးစားစွာ ဂါဝရပြုလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ပြေး”
ထို့နောက် သူက နောက်သို့ ဆက်တိုက် ပြေးသည်။
သတင်းပို့ ခိုနှစ်ကောင်ဟာ မီးခိုးငွေ့များကို တိတ်တဆိတ် ကျော်ဖြတ်လိုက်သည်။ သူတို့သည် အောက်ဖက်မှ မီးများကြောင့် လန့်လန့်သွားသည့်အလား ထင်ရသော်လည်း......
သူတို့၏ ခြေထောက်တွင် တွဲချည်ထားသော စာများကို တွေးမိပြီး ထိုသတင်းပို့ခိုနှစ်ကောင်က အရှိန်နှုန်းကို မြင့်လိုက်ကြသည်။
“ဒိုင်း”
ရုတ်တရက် အောက်ဖက် သေနတ်သံက ထွက်ပေါ်လာပြီး သတင်းပို့ ခိုတစ်ကောင်က ရှေ့ဆုံးမှ ပျံနေရာမှ အနည်းငယ်လန့်ပြီး ရုတ်တရက် ပြုတ်ကျသွားသည်။
တခြားတစ်ကောင်က တက်တက်ကြွကြွအော်ဟစ်လိုက်ပြီး သူ၏အမြင့်ကို နှိမ့်လျက် သူ၏အပေါင်းဖော် အနားသို့သွားသည်။
“ဒိုင်း”
နောက်ထပ် သေနတ်ပစ်သံက ထွက်ပေါ်လာသည်။ သွေးမြူက ပေါက်ကွဲထွက်သွား၏။ လက်သည်း တစ်ဖက်က ကိုယ်ပေါ်မှ ကွာကျသွားသည်။
204 02
“ဂူး....ဂူး...”
ကျော်ပြီး ပျံတက်သွားသည်။ သတင်းပို့ ခိုနှစ်ကောင်က တပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့သည် တစ်ယောက်ကို တသ်ယောက် အားပေးနေပုံပေါ်သည်။ သူတို့က အောက်သို့ ကျလုနီးပါး ဖြစ်သွားကြပြီး နောက်ခါ တောင်ပျံကို ခပ်ကြမ်းကြမ်း ခတ်လျက် လျှင်မြန်စွာ ထွက်ခွာသွားကြသည်။ ထိုအချိန်တွင် သူတို့၏ ကိုယ်မှ ငှက်မွှေးများကပင် သွေးများ ဆိုရွှဲနေလေသည်။
၏ထိုအရာသာမကသေးပေ ခိုတစ်ကောင်၏ ရင်ဘက်ကမူ ဆုတ်ပြဲနေသည်။ သို့တိုင်အောင် မျက်လုံးများကမူ ခိုင်မာနေသေးသည်။
အခြားသောတစ်ကောင်က နောက်ဖက်တွင် ပြတ်ကျန်ရစ်ခဲ့သည်။ သူက ခေါင်းကိုငုံ့ပြီး အောက်ဖက်မှ အခြေနေကို ငုံ့ကြည့်သည်။
ပြတ်ကျသွားသော လက်သည်းမှ တစ်ဆင့် စီးကျသွားသော သွေးများက ရေတံခွန်အလား ထင်ရသည်။
ဂူး..ဂူး...ဂူး..
ဂူး....ဂူ.....ဂူး...
သတင်းပို့ခိုနှစ်ကောင်က ဘေးချင်းယှဥ်လျက် ပျံသန်းပြီး တစ်ယောက်ကို တသ်ယောက်ကြည့်ကာ ကြင်နာစွာ အော်ကြသည်။
ဒိုင်း...ဒိုင်း....ဒိုင်း
ထို့နောက်သေနတ်သံများက ထွက်ပေါ်လာသည်။ သို့သော်
သူတို့သည် အကွာဝေးတစ်ခုကို ကျော်ဖြတ်ရဦးမည့်ပုံ ပေါ်သည်။ သို့သော် အောက်ဖက်မှ လူတစ်အုပ်ကလည်း ထပ်ထွက်လာလေပြီး သေနတ်များကို မြှောက်နေကြသည်။
ဂူး...ဂူး.....
“မင်း ပျံသွားလိုက်”
ရင်ဘက် ဒဏ်ရာရသော သတင်းပို့ခိုတစ်ကောင်က ခပ်ကြမ်းကြမ်း အော်လိုက်ပြီး နောက်သို့ ချက်ချင်းလှည့်ကာ စစ်သားအဖွဲ့ရှိရာဖက်သို့ ဆင်းသွားလေသည်။
ဂူး...ဂူး....ဂူး...
ခြေထောက်တစ်ဖက် ထိထားတဲ့ တခြားတစ်ကောင်က ပါးစပ်ကိုဟကာ ဆက်တိုက် အော်သည်။ သူသည် တစ်ဖက်သူကို ပြန်လှည့်လာစေလိုသည်။
သူသည် အတောင်ပံကို တဖျက်ဖျက် ခတ်လိုက်ပြီး ခပ်မြန်မြန် ပြန်လှည့်ပြေးသည်။
အတားဆီးကို ကျော်ဖြတ်ပြီးနောက် သတင်းပို့ခိုက နောက်လှည့်ကြည့်ချိန် ရသွားသည်။
သို့သော် အပေါင်းဖော်ကို မမြင်ရပေ။
“ဂူး....ဂူး...ဂူး...”
ထိုအခိုက် မှေးမှန်သော မြူခိုးရောင် မီးခိုးငွေ့လုံးအတွင်း အားနွဲ့သော ပုံရိပ်တစ်ခုက ပျံသန်းထွက်လာခဲ့သည်။
ပြေးထွက်လာခဲ့။
သူ့ရဲ့အသင်းဖော်က မသေသေးချေ။ ထို့အပြင် ပြေးထွက်လာခဲ့သည်။
သူသည် မြေကို ဝိုင်းပတ်ပြီး တစ်ဖက်သူ၏ အနားသို့ ခပ်မြန်မြန် သွားလိုက်သည်။
သတင်းပို့ ခိုနှစ်ကောင်က သွေးများ ဆိုရွှဲနေသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အတောင်ကို တဖျက်ဖျက် ခတ်ကာ ခက်ခက်ခဲခဲ ပျံသန်းလျက် အဝေးရှိ စခန်းထံသွားသည်။
ထို့နောက် ထိုအချိန်တွင်.....
တိုက်ရိုက်ထုတ်လွင့်မှုတွင်လည်း သတင်းပို့ခိုနှစ်ကောင်က အတားဆီးကို ကျော်ဖြတ်သွားသည့်မြင်ကွင်းကို ပြသနေသည်။
တိုက်ရိုက်ပြသမှု ဖန်သားပြင်ကြီးတစ်ခုလုံးကလည်း သတင်းပို့ခိုနှစ်ကောင် ပျောက်ကွယ်သွားတဲ့ မြင်ကွင်းကို ကြည့်နေရင်း တိတ်ဆိတ်နေကြသည်။ သူတို့သည်လည်း ယခုလို အားနည်းသော သတ္တဝါမျိုးမှာ ဒီလိုအင်အားမျိုးကို ပိုင်ဆိုင်ထားမည်ဟု မထင်ထားကြပေ။
သူသည် အသက်ကိုပင် ရင်းပြီး အပေါင်းဖော် ပျံသန်းသွားနိုင်ရန်အလို့ငှာ ကျန်နေရစ်ပေးခဲ့သည်။
[ငါရုတ်တရက် အသက်ကြီးအသက်ကြီးသွားတာလား။ဘာလို့ ကြည့်နေရုံနဲ့ မျက်ရည်တွေကျလာလဲ]
204 03
[စာအုပ်တွေထဲမှာ တိရစ္ဆာန်တွေရဲ့ ခံစားချက်က လူသားတွေထက် ပိုပြီးစစ်မှန်တယ်လို့ ပြောကြတာ မအံ့သြတော့ပါဘူး။ တကယ်ကိုပဲ ဒီတိရစ္ဆာန်လေးနှစ်ကောင်က တော်တော်လေးကို ကောင်းကောင်း ပူးပေါင်းဆောင်ရွက် နိုင်ကြတယ်]
[သူတို့ အောင်မြင်ဖို့ မျှော်လင့်တယ်။ သူတို့ တန်ကြေးကြီးကြီး ပေးဆပ်ထားရတာ။ သူတို့ ရှင်သန်ဖို့ ခက်ခဲ့မှာကိုတောင် စိုးရိမ်မိတယ်]
[သေချာပေါက် အောင်မြင်မှာပါ။ သေချာပေါက် အောင်မြင်လိမ့်မယ်]
[ဒီလို တိရစ္ဆာန်မျိုးက အမှန်တကယ် ကယ်ဆယ်နိုင်ခဲ့ရင် ဘယ်လိုနည်းနဲ့မဆို သေချာပေါက် သစ္စာစောင့်တည်မည့် ကောင်မျိုးပဲ.]
…..
ဖန်သားပြင်က ဆုပိုင် ပြန်ပြခဲ့သောကြောင့် လူတိုင်းကမူ သူတို့ရဲ့ခံစားချက်များကို ထုတ်ဖော်ပြသခဲ့သည်။ ထိုအချိန်တွင် ဆုပိုင်က မူရင်း ကတုတ်ကျင်းသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် လူတိုင်းက တိတ်တဆိတ်ရပ်ကာ တိတ်ဆိတ်နေကြသည်။
သတင်းကသာ အာရုံမတက်ခင် မရောက်သွားခဲ့လျှင် သူတို့အသက်ရှင်လျက် ထွက်လာနိုင်မည်မဟုတ်ချေ။ သူတို့၏ အိမ်ကိုပင်ဆုံးရှုံး ခံရနိုင်သည်။
ထိုအကြောင်းကိုတွေးမိချိန် လူတိုင်း၏ စိတ်က တုန်လှုပ်သွားကြသည်။ သို့သော် တခြားနည်းလမ်းလည်း မရှိပါချေ။
လက်ရှိအချိန်က တိတ်တဆိတ် စောင့်ရန်သာ လိုအပ်သည်။ သတင်းပို့ခိုနှစ်ကောင် သတင်းကို သွားရောက်ပို့ဆောင်မည့် အချိန်ကို စောင့်ရန်လိုအပ်သည်။
ဆုပိုင်က သက်ပြင်း ချလိုက်သည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မူ အခန်းကို ကြည့်ပြီးနောက် သတင်းပို့ခိုနှစ်ကောင်က တွဲဖက် သွားနိုင်ကြောင်း သိထားသည်။ သို့သော် ဒဏ်ရာဟာ ပြင်းထန်လွန်းနေသည်။
တစ်ကောင်၏ ရင်ဘက်က ကျည်ဆန်ဒဏ် မိထားပြီး တစ်ကောင်၏ ခြေထောက်ကမူ ကျိုးသွားသည် ။ထို့အပြင် သေးငယ်သောဒဏ်ရာများလည်း ရှိနိုင်သေးသည်။ သူတို့ တကယ်ပဲ ပျံပြီးလာနိုင်ပါ့မလား။
ဆုပိုင်ကိုယ်တိုင်ကပင် မသိတော့ချေ။
ကတုတ်ကျင်းတစ်ခုလုံး လေထု အခြေနေက စိတ်ဓာတ်ကျဖွယ်ရာ ဖြစ်သည်။ လူတိုင်ကလည်း နေအလင်းရောင်ကိုသာ တိတ်တဆိတ် စောင့်နေကြသည်။
အချိန်ဟာ တစ်မိနစ်ချင်းကုန်လွန်နေပြီ။
နောက်ဆုံးတွင်....
အရှေ့ဖက်မှ နေရောင်အလင်းက စထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော နေလုံးကြီးက တဖြည်းဖြည်းချင်း ကုန်းတက်လာသည်။ ဖရန်စီက အသက်ပြင်းပြင်း ရှူလိုက်ပြီး အသာပြုံးသည်။ သူသည် စုတ်ပြတ်ေနသော စစ်ယူနီဖောင်းကို သက်ရပ်စွာ တစ်ချက်ပြင်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း သေနတ် ကိုင်လျက်ထရပ်လိုက်သည်။
“နေထွက်လာပြီ...အားလုံးပဲ ထကြတော့။အားလုံးပဲ မကြောက်ကြနဲ့”
“ငါတို့ကျူး ကျော်သူတွေကို ပွေ့ဖက်ဖို့ အခွင့်ရေးရမှာပါ”
“ငါတို့ရဲ့ မွေးရပ်မြေထဲကို ခြေလှမ်းချချင်ရင် ငါတို့ရဲ့အလောင်းတွေကို ကျော်ဖြတ်သွားမှ ဖြစ်လိမ့်မယ်”
“အားလုံးပဲ ထရပ်ကြ။ ကျည်ဆန်တွေကို အသင့်ပြင်။ မောင်းတွေကိုတင်ပြီး ကျူးလစ် တွေကို စောင့်ကြပ်ပြီး သေရမှာကို မကြောက်တဲ့ စစ်သားတွေအဖြစ် ပြောင်းလဲရအောင်”
“စတော့”
လူတိုင်းက ခေါင်းဆောင် ဖရန်စီကို ကြည့်သည်။ ခေါင်းဆောင်ဖရန်စီဟာ နေရောင်အလင်းတန်း အောက်တွင်ရပ်နေသည်။ အားလုံးက လက်ထဲတွင် သေနတ်များကိုကိုင်ဆောင်ထားပြီး တဖြည်းဖြည်းချင်း စီတန်းရပ်ကာ ကတုတ်ကျင်းထဲမှ ခုန်ထွက်လိုက်ကြသည်။ ထိုအချိန်တွင် လူတိုင်းက နားလည်သွားပြီ ဖြစ်သည်။
သတင်းပို့ဆောင်မှုက ကျဆုံးသွားသည်။ သူတို့တိုက်ခိုက်ရမည့် အချိန်ရောက်လေပြီး။
သို့ရာတွင် သူတို့အားလုံးက တိုင်းပြည်အတွက် တိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
အိမ်အတွက် ချစ်သူများအတွက် ကလေးများအတွက် မိဘများအတွက် ကျူးလစ်များအတွက် အားလုံး၏ နှလုံးသာက တည်ငြိမ်နေကြသည်။
******