အခန်း (၂၀၅-၂၀၇)
Vol. 14 Ch. 205-207
205 01
အပိုင်း (205)
ဒိုင်း
“ ဆုပိုင် အနောက်မှာပုန်းနေ ထွက်မလာနဲ့”
ဖရန်စီက မြေပြင်တွင် ဝပ်ချလိုက်ပြီး အဝေးသို့လှမ်းပစ်သည်။ တစ်ချိန်းတည်းတွင်ပင် ဆုပိုင် ကိဆွဲချရင်း နီရဲသော မျက်လုံးများနှင့်အော်သည်။
“ ဒီနေရာမှာ အန္တရာယ်အရမ်များတယ်။ ပုန်းဖို့ နေရာတစ်ခုသွားရှာလိုက်”
“ မင်းက ငါတို့နဲ့ မတူဘူး။ မင်းက အသက်ရှင်နိုင်တယ်”
“ ကောင်းပြီ”
ဆုပိုင်က နောက်ကို တွန်းထုတ်လိုက်ပြီးနောက် အရှေ့မှ ကျူးကျော်သူတစ်အုပ်ကို ကြီးမားသော မျက်လုံးများနှင့် ကြည့်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ပြောသည်။
“ထိန်းထား”
“ ငါတို့မှာ မျှော်လင့်ချက် ရှိတယ်”
ဆိုးရွားသည်မှာ စနစ်ကလည်း တာဝန်ကျရှုံးကြောင်း မပြောသေးချေ။ ဆိုလိုသည်မှာ သတင်းပို့ခိုနှစ်ကောင်က သတင်းကို ပို့ဆောင်ပြီးလေပြီ။
ယခုလုပ်ရမည်မှာ ပြင်းပြင်းထန်ထန် ရှင်သန်နိုင်အောင် ကြိုးစားပြီး မဟာမိတ်အင်အားစု ရောက်ရှိလာသည် အထိ စောင့်စားခြင်းဖြ စ်သည်။
ဒိုင်း
ဖရန်စီက မောင်းတင်လိုက်ပြီး အရှေ့မှ လူငယ်ကို လေးလေးနက် တစ်ချက်စိုက်ကြည့်လိုက်ကာ ခေါင်းကို မော့လျက် ထပ်ပစ်သည်။
“ လော်ရီ”
သူက ဘေးဘက်သို့ လှမ်းအော်သည်။
“ ဘယ်လိုနည်းနဲ့ မဆို ငါ့အတွက် ဗုံးကို ထုတ်ပြီး ပစ်ပေးစမ်း”
“ မြန်မြန်လေး”
သူ၏ အရှေ့မှ ကျူးကျော်သူများက ရှေ့သို့ တွားသွား၍ လာနေသည်။ ထို့အပြင် ဆက်သွယ်နိုင်စွမ်းကလည်း အကန့်သတ်နှင့် ရှိနေသည်။ တိုက်ပွဲက အချိန်ကြာကြာ ဖြစ်ပျက်နေခဲ့မည်ဆိုလျင် အချိန်ကြာ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။
“ ကောင်းပြီ”
လော်ရီ၏ မျက်နှာ အမူရာက ပြောင်းလဲသွားသည်။ သူသည် တွင်းထဲမှ ခုန်ထွက်လာပြီး ဖောက်ခွဲရေး ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်လျှက် ပြေးထွက်သွားသည်။ လူတိုင်းက ထိုအခြေနေကို မြင်သော အခါ ကျည်ဆံများကို တရစက် ပစ်ခတ်ကြပြီး သူ့ကို အသက်ရှူ ချောင်ချိန်ရအောင် ကြိုးစားပေးနေကြသည်။
“ ခေါင်းဆောင် ငါမင်းရဲ့ကတိ ကိုမှတ်မိနေမယ်”
“ရီတာကို ငါနဲ့ လက်ဆက်ပေးရမယ်”
လောရီက မြေပြင်တွင် ဝပ်ချလိုက်သည်။ သူသည် ရင်ဘတ်ထဲတွင် ဖောက်ခွဲရေးအိတ်ကို ကိုင်ထားသေးသည်။ သူဟာ နီရဲသောမျက်နှာနှင့် စအော်လေပြီး တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုရှိရာ နေရာသို့ ခပ်မြန်မြန် ပြေးသွားလေသည်။
“ ကြိုးစားထား လော်ရီ မင်းလုပ်နိုင်တယ်”
“ အဲဒီ မျိုးမစစ်တွေကို ကောင်းကောင်းလေး ထိုးနှက်လိုက်စမ်းပါ”
တစ်ချက် အော်ဟစ်ပြီးနောက် လောရီက သူ၏ ကွဲနေသော နှုတ်ခမ်းကို တစ်ချက်သပ်သည်။ ထို့နောက် မြေပြင်ကို လက်တဖက်ဖြင့် ဖိထားပြီး ခပ်မြန်မြန်ရှေ့သို့ ကုန်းထွက်သွားသည်။
သူ၏ ဘေးဘက်တွင် ရှိသည့် မြက်ခင်းပြင်များက အလုံးပေါက် ပေါက်ကွဲနေသည်။
သိပ်သည်းသော ရေစက်မိုးများကလည်း သူ၏ နားအတွင်း ကျယ်ခေါင်စွာ ပေါက်ကွဲနေ၏။
သူဟာ သူပစ်၍ ရသည့်နေရာ ရောက်ရှိကြောင်းသိသွားသောအခါ လော်ရီက ရုတ်တရက် ရပ်တန့်လိုက်သည်။
သူသည် ခေါင်းကို မော့ပြီး ဒီဘက်ခြမ်းသို့ ဆက်တိုက် တွားသွား၍ လာနေသော ကျူးကျော်သူများကို ကြည့်ကာ အံကိုကြိတ်လိုက်သည်။
ထိုအဖွဲ့ကြောင့်သာ မဟုတ်လျင် သူတို့သည် ကျောင်းတွင် ပျော်ပျော်ပါးပါး ကစား၍ ရသည်။
“ သေလိုက်စမ်း”
သူသည် ခပ်တိုးတိုးကျိန်ဆဲ လိုက်ပြီး လက်မောင်းတွင်းမှ ဖောက်ခွဲရေးအိတ်တစ်အိတ် ကိုထုတ်လိုက်ကာ ခလုတ်ကိုဖွင့်လျှက် ခပ်မြင့်မြင့် လှမ်းပစ်လိုက်သည်။
Boom!
မီးခိုးငွေ့များနှင့် ဖုန်မှု့န်များက မြောက်တက်သွားသည်။ အဝေးမှ လာသော အသံ များကို နားထောင်ရင်း လော်ရီ ၏ မျက်နှာက အပြုံးပေါ်လာသည်။
“နောက်တစ်ခု ကျန်သေးတယ်”
သူသည် နောက်ဆုံး ဖောက်ခွဲရေး အိတ်ကို ဖွင့်ပြီးနောက် အရှေ့ကို ခြေလှမ်းအနည်းငယ် တွားသွားလိုက်ပြီး တဖန်ထပ် ချီတက်လာပြန်သည့် ကျုးကျော်သူများကို ကြည့်ကာ သူ၏ လက်ချောင်းမှ စုပ်ကိုင်မှု ၏ကို တင်းကြပ် လိုက်သည်။
“ သွား”
သူက ကျယ်လောင်စွာ အော်ဟစ်ပြီး ပစ်လိုက်ပြန်သည်။ထို့နောက် နောက်သို့ ခပ်မြန်မြန် တွားသွား၍ လာခဲ့သည်။
ဒိုင်း
ထိုအခိုက်တန့်တွင် သေနတ် ပစ်သံကပေါ်ထွက်လာသည်။ လော်ရီဟာ နာကျင်နေသော မျက်နှာဖြင့် သူ၏ ပေါင်မှ သွေးထွက်နေသော ဒဏ်ရာ ကို ငုံ့ကြည့်လိုက်ကာ အံကို ကျိတ်လိုက်ပြီး အင်အားကုန်သုံးကာ ပြန်လည် တွားသွား၍ လာခဲ့သည်။
“သတ်”
205 02
သူ၏ နောက်ဘက်မှ အော်သံကို ကြားရသည်။ထို့နောက် ပုံရိပ်တစ်ခုက ချက်ချင်း ခုန်ဝင်လာသည်။
“ တူတူတူ”
သွေးများ ဆိုရွှဲနေသော ကျူးကျော်သူ၏ကိုယ်မှ ယမ်းမှုန့် အနံ့ကိုပင် ရနိုင်သည်။ သူ၏ ပါးစပ်က သားရဲတစ်ကောင်လို ဆက်တိုက် အော်ဟစ်နေပြီး လည်ပင်းကို လက်နှစ်ဖက်လုံးဖြင့် ညှစ်နေသည်။
“အားအားအား…”
လောရီက အော်သည်။ သူသည် ခေါင်းကို ခပ်ကြမ်းကြမ်း မြောက်ပြီး ထိုလူ၏ ခေါင်းကို ဆောင့်တိုက်လိုက်သည်။ ထို့နောက် ပါးစပ်ကို ဖွင့်လျက် နားရွက်ကို ကိုက်သည်။
ဗြီ။
ပျင်းထန်သည့် ကိုက်ဆွဲအားကို သုံးလိုက်သောကြောင့် တစ်ဖက်သူ၏ နားပင် ဆွဲဖြတ်လိုက်နိုင်သည်။
Boom!
အရှေ့မှ ကျူးကျော်သူက ရူးသွပ်သွားပုံရသည်။ သူ၏ ဒဏ်ရာကိုပင် ဂရုစိုက်မနေပဲ မြေပြင်မှ ကုန်းထလာပြန်ကာ လော်ရီ၏ ခြေထောက်ကို လက်နှစ်ဖက်လုံးဖြင့်ဖက်ပြီး ပေါင်မှ သေနတ်ဒဏ်ရာအတွင်းသို့ လက်ထိုးထည့်ကာ ဆွဲဖြဲရန်ကြိုးစားသည်။
“ဟစ် အား”
လော်ရီ၏ မျက်နှာက တင်းမာသွားသည်။ သူသည် အံကို ကြိတ်လိုက်ပြီး အော်ဟစ်ကာ ခြေထောက်ကိုမြောက်လျက် ကန်မည့်အချိန်တွင် ရုတ်တရက် ဓားမြှောင်တစ်ချောင်း ပေါ်လာကြောင်းမြင်လိုက်ရသည်။
ဓားမြောင်လာသော ဘက်သို့ကြည့်သော အခါ သူ၏ မျက်လုံးက ကျဥ်းမြောင်းသွားပြီး မှင်သက်သွားသည်။
သေသွားပြီလား။ အဆုံးသတ်တွင် သူသည် သေရတော့မှာလား။
အဆုံးသတ်တွင် သူဟာ အသက်ရှင်လျှက် မထွက်နိုင်ခဲ့ချေ။
ဒိုင်းဒိုင်းဒိုင်း။
ရုတ်တရက် အဝေးရှိ တွင်းများက ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ဗုံးဖောက်ခွဲသော အသံများ ထွက်ပေါ်လာသည်နှင့် အတူ သူ၏ ရှေ့မှ ကျုးကျော်သူက လည်း ကြောင်အ သွားသည်။ လော်ရီကိုယ်တိုင်ကလည်း တစ်ဖက်မှ ဓားမြောင်ကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ပြီး တဖက်သူထံ ပြန်လည် တွန်းထိုးလိုက်သည်။
“ ကျူးလစ်”
အဝေးမှ ကျယ်လောင်သည့်အော်သံ ကိုကြားလိုက်ရသည်။
သူ၏ မျက်လုံးက မယုံကြည်နိုင်မှု အပြည့်နှင့် ပြူးကျယ်သွားသည်။ မဟာမိတ် အင်အားစုက ရောက်လာလေပြီ။ သတင်းကို အောင်အောင်မြင်မြင် ပေးပို့လိုက်နိုင်၏။
“ ဟားဟားဟားး”
ဖရန်စီက ရုတ်တရက် မြေပြင်မှ ထရပ်လိုက်ပြီး အလန့်တကြား ထွက်ပြေးကြသည့် ကျုးကျော်သူများကို ကြည့်ကာ နီရဲသော မျက်နှာဖြင့်အော်သည်။
“ လိုက်”
“ ဒီကောင်တွေကို ထွက်ပြေးခွင့် မပြုနဲ့”
“ ညီအကိုတို့ ငါတို့အသက်ရှင်ပြီ။ မဟာမိတ် အင်အားစုက လာနေပြီ”
“ သတ်”
ထိုသို့ဖြင့် အယောက် ၅၀ ပင်မရှိသော ကျန်ရစ်သည့် စစ်သားများအားလုံး ကမြေပြင်မှ ကုန်းထလျက် အဝေးရှိကျူးကျော်သူများထံ အပြေးသွားကြသည်။
“ ဂလု”
ဆုပိုင်က အဝေးမှ မြင်ကွင်းကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းကို တစ်ချက်သတ်လိုက်ပြီး နောက်ဆုံးတွင်အလင်းက ရောက်လာပေပြီ။ သို့သော်
ဒါဆိုရင် သတင်းပို့ ခိုနှစ်ကောင် ဘာဖြစ်သွားလဲ။
ထိုအကြောင်းရာ ကိုတွေးမိသောအခါ ဆုပိုင်က တဖက်သို့ လှည့်ပြီး မဟာမိတ်အင်အားစုထံ အပြေးသွားလိုက်မိသည်။
……
နောက်တစ်ရက်တွင်
205 03
ကောင်းကင်ပြာ တိရစ္ဆာန် ရုံ
ဟားဟားဟား
ငှက်တောက မျောက်ဝံအစား သိမ်းငှက်၏ အသိုက်တွင်း တက်တက်ကြွကြွ ရှိနေသည်။ သူသည် ရောင်စုံငှက်မွှေးအသစ်များ ပြန်လည် ပေါက်လာပြီးဖြစ်သဖြင့် ပျော်ရွှင်နေလေသည်။
“ ငါ ကင်းကုံ နံပါတ်သုံးက ပြန်လည်ရောက်ရှိလာပြီ”
သူ့အနေဖြင့် အမွှေးများ ပြန်ပေါက်ရန် တစ်လခန့် အချိန်ယူခဲ့ရသည်။ သို့သော်...
ဒါရိုက်တာ ဆုပိုင်ကို ကျေးဇူးတင်ရမည်။ ဒါရိုက်တာ ဆုပိုင်ကသာ ဒဏ်ရာရနေသည့် ခိုနှစ်ကောင်ကို ပြန်မခေါ်လာခဲ့လျှင် သူသည်လည်း မျောက်ဝင်စားသိန်းငှက်၏ မိခင်သဘာဝကို လှုံဆော်နိုင်လိမ့်မည် မဟုတ်ချေ။
ဒါဆိုရင် သူဘယ်လို လွှတ်မြောက်မှာလဲ။
“ညီအစ်ကိုတို့ ငါ ကင်းကုံက မင်းတို့ကို လာသတ်ပြီ”
ထူးဆန်းသော အော်သံနှင့်အတူ ငှက်တောက တောင်ပံကို ခက်လျှက် ပန်ဒါအုပ်တွေရှိရာဖက်သို့ အပြေးသွားလေသည်။
အဝေးမှ ကြည့်လိုက်သောအခါ ပန်ဒါကြီး တစ်ကောင်ကို မြင်ရသည်။ သူသည် မြေပြင်တွင် ထိုင်နေသည်။ သို့သော် သူ၏လည်ပင်းမှတစ်ဆင့် သိုင်းချည်ထားသော ပတ်တီးကို မြင်ရသည်။ သူ၏ လက်တစ်ဖက်က ကျိုးသွားသောကြောင့် ပတ်တီးချည်ထားရခြင်း ဖြစ်သည်။
“ဟစ်”
ငှက်တောက လေအေးများကို ရှူရှိုက်လိုက်သည်။ သူသည် တိတ်တဆိတ် အနားရှိ သစ်ပင်ပေါ်သို့ ဆင်းသက်လိုက်ရင်း တိတ်တဆိတ် လေ့လာကြည့်သည်။
Wow!
“အကောင်ကြီးတာနဲ့ပဲ အံ့သြစရာကောင်းရောလား”
“ခန္တာကိုယ်ကြီးတာနဲ့ပဲ ဘာမဆို လုပ်လို့ရပြီလို့ ထင်တာလား”
တပိုင်က ပါးစပ်ထဲတွင် ဝါးမြစ်လေးကို ကိုက်ထားသည်။ သူသည် ကောင်းကင်သို့ လက်တစ်ဖက်နှင့် ဆွဲယူလိုက်ပြီး တစ်ကိုက် ကိုက်စားကာ စားသည်။ အထူသဖြင့် နောက်ထပ် လက်မောင်းကျိုးမည့် အခြေနေကို တွေးမိရုံဖြင့် တုန်ယင်လာမိသည်။
ဒါက တအား ဘက်လိုက်တာပဲ။
သူ အရိုးတောင် ကျိုးသွားသေးတယ်။ ဒါတောင် ဒါရိုက်တာ ဆုပိုင်က သူ့အတွက် ကလဲ့စားမချေပေးဘူး။
သူက တကယ်ကို နောက်ခံမရှိပါဘူး။ မမျှော်လင့်ထားပဲ ဒါရိုက်တာဆုပိုင်က ဒီလိုဘက်လိုက်တဲ့ လူမျိုးဖြစ်နေတာပဲ။ သူက အင်အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အင်အားကြီးတဲ့သူကို ကြောက်တာပဲ။
“ဟွန့် “
တပိုင်က ဝါးမြှစ်များကို မျိုချပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
နေပါဦး။
ငါမင်းကို ရန်စလို့ မရဘူးပေါ့။ ဟုတ်လား။
အနှေ နဲ့ အမြန် ဒိုင်နိုစောဥက ပေါက်လာမှာပဲ။ အဲ့ဒီအခါ ဟွန့် အကောင်ကြီးကို မနိုင်ရင်တောင် အကောင်သေးကိုတော့ နိုင်လိမ့်မယ်။
ငါ့ကို လာနောက်တယ် ဟုတ်လား။ ကောင်းပြီ။ ငါ့ရဲ့သွားက အရွက်ပဲ စားတယ်လို့ ထင်နေတာလား။
“မင်းက ဘာကြည့်တာလဲ။ မြန်မြန်ဆင်းလာခဲ့”
သူက အပေါ်မှ ငှက်တောကို ကြည့်ပြီး မျက်လုံးလှန်ပြလိုက်သည်။
“ငါမင်းနဲ့ ဆွေးနွှေးချင်တာရှိတယ်”
“မြန်မြန်လာ”
“ကောင်းပြီ”
ငှက်တောက အချိန်ခဏ တုန့်ဆိုင်းနေပြီးနောက် လေသံတိုးတိုးနှင့် မေလာသည်။
“အကိုပိုင် ရန်ငြိုးဆိုတာ မထားကောင်းဘူးနော် သိလား။ ငါအဲ့ဒီနေ့က ဒီတိုင်း ပေါက်ကရတွေ ပြောခဲ့တာလေ”
“အူး”
“ဘာကို ရန်ငြိုးထားရမှာလဲ။ ငါက အဲလိုလူမှ မဟုတ်တာ။ အဲဒီကိစ္စ ပြီးသွားတာကြာပြီ။ ငါမင်းကိုလည်း မတွေ့တာလည်း ကြာပြီလေ။ ဒီတိုင်း ဒဏ်ရာရထားတာရော မင်းကို လွမ်းတာရောကြောင့် နောက်ပြီး ငါ့ကိုလည်း စကားပြောမဲ့သူမှ မရှိတာ။ ဒီအတိုင်း မင်း မြန်မြန်ဆင်းလာပြီး ငါနဲ့စကားပြောစမ်းပါ”
ငှက်တောကလည်း တစ်ဖက်သူ အားနာနေပုံ မရသဖြင့် ထိုအကောင်က ဘယ်လောက် မည်မျှယုံကြည်အားကိုး၍ မရကြောင်း တွေးမိသွားပြီး ယခုလိုမျိုး မေ့လျော့သွားခြင်းက ပုံမှန်သာလျှင် ဖြစ်သည်ဟု ထင်လိုက်သဖြင့် ယုံကြည်မှု အပြည့်ဖြင့် ဆင်းလာလိုက်သည်။
“ကောင်းပြီလေ”
“မပြောစမ်းပါနဲ့။ ငါအခုတလော ဝလာတာ။ ဒါကြောင့် ငါ့ရဲ့အမွှေးတွေကို တော်တော်လေး ဂရုစိုက်နေရတယ်။ တအားကြီးဝသွားရင် ငါပျံလို့ မကောင်းတော့ဘူးလေ”
ငှက်တောက တပိုင်၏ အနားသို့ဆင်းလာပြီး ကျယ်လောင်စွာ သက်ပြင်းချသည်။
“ဒီနေရာကိုလာ။ ဒီနေရာကိုလာ။ ငါ့ရဲ့လက်တစ်ဖက် ကျိုးနေတာ။ ဒီနေရာက တအားယားနေလို့”
တပိုင်က သူ၏ခေါင်းလေးကို ငုံ့လိုက်ပြီး သူ၏ ပန်ဒါခြေထောက် နှစ်ဖက်ကို ပြန်လည်မျက်မှောင် ကျုံ့ကာ အော်လေသည်။
“မြန်မြန်လေး။ ငါသည်းမခံနိုင်တော့ဘူး။ တအားယားတယ်”
“ဒီနေရာလား”
“မဟုတ်ဘူး။ နည်းနည်း နီးဦး”
Boom!
ငှက်တောက သူ၏ နှုတ်သီးလေးနှင့် ပန်ဒါခြေထောက်ကြီး၏ အမွှေးများကို အသာကုတ်ပေးနေရာမှ ရုတ်တရက်
ပန်ဒါခြေထောက် နှစ်ဖက် က အတူကပ်သွားသည်။
“အကိုပိုင် ဘာလုပ်တာလဲ”
ငှက်တောက အလန့်တကြားမော့ကြည့်သည်။
ဗြီ။
တပိုင်က ပါးစပ်ကို ဖွင့်ပြီး ငှက်မွှေးတစ်သုတ်ကို ဆွဲဖြဲလိုက်ကာ လှောင်သလို အော်သည်။
“ဘာလုပ်တာလဲ။ ဟုတ်လား။ ငါ့အထင် မင်းရဲ့ ဒီအဝတ်တွေက မင်းနဲ့ မတော်သလိုပဲ။ ဒီတော့ ငါက ပြန်ဖျက်ပြီး ပြန်ပေါက်အောင် လုပ်ပေးမယ်လေ”
“အား ကယ်ကြပါဦး”
“ပန်ဒါကြီး မင်း ပျော်ပျော်ကြီး သေသင့်တယ်”
“ဝူး ဝူး မဆွဲပါနဲ့တော့ တအားနာတယ်။ တစ်လကျော် ကြာမှ ပြန်ပေါက်မှာ”
.....
++++++ 206 01
အခန်း 206
“ကြင်နာမှာလား”
ဆုပိုင်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်သည်။ သူ၏ ကြိမ်းကိုင်းနေသည့် ပုခုံးများကို ပွတ်သက်လိုက်ရင်း အိပ်ရာမှ ထထိုင်လိုက်သည်။
သတင်းပို့ခိုများ၏ တာဝန်ပြီးသွားသည်မှာ နှစ်ရက်ကြာသွားခဲ့ပြီဖြစ်သည်။
ကံကောင်းသည်မှာ ပြင်းထန်လွန်းသော ဒဏ်ရာများမှ လွဲပြီး ထိုသတင်းပို့ ခိုများ၏ အသက်က ချိန်းခြောက်ခံရခြင်း မရှိချေ။
သန့်ရှင်းပြီးနောက် ဆုပိုင်က စနစ်၏ ဇယားကို ဖွင့်ကြည့်လိုက်သည်။
သူ၏ ခန္တာကိုယ်မှ ပြင်းထန်သော နာကျင်မှုများကြောင့်သာ မဟုတ်လျှင် ဆုပိုင်သည် ဒုတိယမြောက် အပိုင်းစ တာဝန်ကိုပင် စတင်နေပြီ ဖြစ်သည်။
“ဒီတစ်ခေါက် refresh ဖြစ်တဲ့ တာဝန်တွေက ခက်ခဲမှု လျော့နည်းဖို့ပဲ မျှော်လင့်ရတယ်”
သူက တစ်ချက် ငြီးငြူလိုက်သည်။
ထို့နောက် အရှေ့မှ ဇယားကို တစ်ချက်လှန်ပြီး တိရစ္ဆာန် အပိုင်းအစ mallကို ဖွင့်လိုက်သည်။
“ငါလူး”
Refresh ဖြစ်ပြီး ပေါ်လာသည့် တိရစ္ဆာန် အပိုင်းအစများကို ကြည့်ရင်း ဆုပိုင်က ကျိန်ဆဲလိုက်မိသည်။
နတ်ဘုရားက မညှာတာပေးဘူးလား။ ဒါက စနစ်က ရည်ရွယ်ချက် ရှိရှိ လုပ်တာဖြစ်မယ်။
[တိရစ္ဆာန် အပိုင်းစ Mall]
ဧကရာဇ်မိချောင်း အပိုင်းအစ:အံ့အားသင့်မှု အမှတ် ၁.၅သန်း နဲ့ လဲလှယ်နိုင်ပါတယ်။
မိုဆာဆောအပိုင်းအစ : အံ့အားသင့်မှု အမှတ် ၂ သန်းနဲ့ လဲလှယ်နိုင်ပါတယ်။
မီခါလွန်ဒန် ငမန်းအပိုင်းစ:အံ့အားသင့်မှု အမှတ် ၁သန်းနဲ့ လဲလှယ်နိုင်ပါတယ်။
တောင်ပံပါမြင်းခွာဂဏန်းအပိုင်းအစ:အံ့အားသင့်မှု အမှတ် ၈သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
Husky အပိုင်းအစ: အံ့အားသင့်မှု အမှတ်၂သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
.....
“ရက်စက်လိုက်တာ။ ရက်စက်လိုက်တာ”
ဆုပိုင်က စွံ့အနေသည်။
သိသိသာသာပဲ သူ့ကို Husky အပိုင်းအစနဲ့ လဲခိုင်းနေတာပဲ။
သူသည် အလက်စကားများကို လဲလှယ်ခဲ့သည့် အချိန်ကပင် အမှားအယွင်း တစ်ခုကို ကြုံရမည့် အခြေနေကို စိုးရိမ်နေခဲ့ရသည်။ ကံကောင်းသည်မှာ ဟာလီ၏ အင်အားက ထင်သလောက်သန်မာခြင်း မရှိချေ။ သို့သော် Husky ကမူ ကွာခြားသည်။
အတိတ်ကဆိုလျှင် တရုတ်တွင် ကျော်ကြားသော ဆိုရိုးစကားတစ်ခုရှိသည်။'ရန်သူတစ်ယောက် ကျားသုံးကောင်ကို နိုင်တယ်။ ရန်သူ သုံးယောက်က လေယာဥ်မြှုပ်အောင်လုပ်နိုင်တယ်။ ရန်သူငါးယောက်က နတ်ဘုရားကိုတောင် ယှဥ်ပြီး တိုက်ခိုက်နိုင်တယ်။ ရန်သူဆယ်ယောက်ကတော့ ခေတ်တစ်ခုကို ဖန်တီးနိုင်တယ်တဲ့။ ရန်သူ အယောက်တစ်ရာက နဂါးငွေ့တန်း နယ်ပယ်ကြီးကို ဖျက်ဆီးနိုင်တယ်”
ပိုဆိုးသည်မှာ ဒီတာဝန်ကြောင့် Husky မည်မျှ ခေါ်လာရမည်ဖြစ်ကြောင်း မသိသေးချေ။ ဆယ်ကောင်သာ ကျော်နေမည်ဆိုလျှင် မည်မျှ...
ဆုပိုင်သည်လည်း တစ်ရက်လောက် အိပ်ပျော်သွားရုံနှင့် တိရစ္ဆာန်ရုံကြီး တစ်ခုလုံးက ပျောက်ကွယ်သွားမည့် အခြေနေကို စိုးရိမ်မိသေးသည်။
ထိုကဲ့သိုသော သတ္တဝါမျိုးက ကြောက်စရာ ကောင်းလွန်းသည်။ အမြဲတစေ မဆုံးနိုင်သည့် အင်အားကို ပိုင်ဆိုင်သည်။
သူတို၏ အိမ်ကို ဖြိုရန်လိုအပ်သည် ဖြစ်စေ။ ဖြိုလုနီးပါဖြစ်သွားသည် အထိပင် ဖြစ်စေ ဖြစ်အောင် လုပ်တက်သည်။
သို့ရာတွင် အခြားသော တိရစ္ဆာန်အပိုင်းစများက သန်းကျော်နှင့် လဲလှယ်ရန် လိုအပ်နေသော်လည်း ပြီးမြောက်အောင် လုပ်နိုင်ဦးမည် မဟုတ်ချေ။
“ကောင်းပြီလေ”
သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး Husky အပိုင်းအစကိုသာ လဲလိုက်ရသည်။
သို့သော်
206 02
ငါ အကူညီတော့ ခေါ်ရမယ်ထင်တယ်။
ဆိုရိုးစကားအတိုင်း ဒုတိယအဆင့်လူက ဒုတိယအဆင့်ကို နိုင်ပေလိမ့်မည်။
အကြောင်းမူကား သူတို့သည် တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး သိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ဆုပိုင်က တခဏ တွေးတောလိုက်ပြီးနောက် တိရစ္ဆာန်ရုံထဲတွက် မယုံကြည်ရဆုံး အဆင်မပြေဆုံးသူက ပန်ဒါကြီးသာ ရှိသည်။
ထို အချက်ကို တွေးပြီး ဆုပိုင်က တံခါးကို ခပ်မြန်မြန် ဖွင့်လိုက်ပြီး ထွက်လာသည်။
ထိုအခါ အဝေးမှ အော်သံများကို ကြားနေရသည်။
“ဝူးဝူး ငါ့ရဲ့အမွှေးတွေ ငါ့ရဲ့အမွှေတွေ”
“မင်းက တအား ရက်စက်တာပဲ။ ငါ့အတွက် အမွှေးတွေ ပြန်ပေါက်ဖို့ လွယ်တယ်များထင်နေလား”
“ပန်ဒါကြီး။ ငါ ငှက်တောက မင်းနဲ့ဘယ်တော့မှ ပြန်ပြီး မသင့်မြတ်နိုင်ဘူး”
ဆုပိုင်က ပန်ဒါ ဥယျာဥ် ဂိတ်တံခါးကို တွန်းဖွင့်ပြီး မြေပြင်တွင် ပြန့်ကျဲနေသည့် ငှက်မွှေးများကို ကြည့်ကာ နှုတ်ခမ်းထောင့််စွန်းများက တွန့်ကွေးသွားသည်။ သူဟာ တစ်ချက် မော့ကြည့်လိုက်သော အခါ ငှက်တောဟာ သစ်ပင်ထိပ်တွင် ရပ်ပြီး အော်ဟစ်ကာ ဆူပူနေသည်။ သူ၏ ထိပ်မှ ရောင်စုံအမွှေးများအားလုံးကို အနှုတ်ခံလိုက်ရသည်။ ကြည့်ရသည်မှာ အတော်လေး ကို့ရို့ကားယားနိုင်သည်။
ဝေါင်း။
“မင်း ထပ်ပြောလိုက်စမ်း။”
“ ငါသစ်ပင် မတက်နိုင်ဘူးလို့ ထင်နေတာလား”
ဆုပိုင်က ရုတ်တရက် မြေပြင်မှ ခုန်ထလာပြီး သစ်ပင်ပေါ်မှ ငှက်အစုတ်ပြတ်ကို ကြည့်ကာ အော်သည်။
“တော်ပြီ”
ဆုပိုင်က တပိုင်ကို ကြည့်လိုက်ပြီး တစ်ချက် ကန်လိုက်သည်။
“မင်းလက်က ကောင်းနေတာကို ဘာလို့ ဆက်ပြီး ပတ်ထားသေးတာလဲ”
“ ဝူးး ဝူးး”
တပိုင်၏ မျက်နှာအမူအယာက ကြောင်အသွားပုံ ပေါ်သည်။ သူသည် ရမ်းခါပြနေသည့် သူ၏ လက်လေးကို အသာပြန်ချလိုက်ပြီး ခြေနှစ်လှမ်းခန့် နောက်ဆုတ်ကာ ရယ်သည်။
“ ဟား ဟား ရပါတယ်”
“လက်က ဘယ်ချိန်ပြန်ကောင်းမလဲ ဆိုတာကို မသိနိုင်ဘူးလေ”
“ သွားမယ်။ ငါ မင်းကို ခိုင်းစရာရှိတယ်”
ဆုပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည် ။ ထို့နောက် အဝေးမှ ရုံးခန်းထံ ထွက်သွားသည်။ တပိုင်က ငှက်တောကို တစ်ချက်ကြည့်သည်။ ထို့နောက် ဖျင်ကို လိမ်တွန့်ပြီး လိုက်သွားလိုက်သည်။
နောက်ထပ် တာဝန် တစ်ခုလား။
အိုး ပန်ဒါမလေးက သူ့ကို လွမ်းနေပြီထင်တယ်။ ဟီး ဟီး ဟီး။
အသက်ပြင်းပြင်း တစ်ချက် ရှူပြီးနောက် တပိုင်က သူ၏ အသားကုန်ဝနေသော ဗိုက်ကြီးကို တစ်ချက် ခါရမ်းစေရင်း ရုံးခန်းရှိရာ ဘက်သို့ပြေးသွားလိုက်သည်။
အူးအူးး။
ဟာလီက မျက်ခွံလှုပ်သွားပြီး မျက်လုံးကို ဖွင့်ကာ တပိုင်ကို ကြည့်သည်။ ထို့နောက် အော်သည်။ သူက ခေါင်းကို တစ်ချက်လှည့်ပြီး အဝေးမှ သေးငယ်သော အလဇကန်း လေးများကို ကြည့်သည်။ ထို အလဇကန်းလေးများက မြေတွင် ခုန်ပေါက်နေကြသည်။
ဝုတ်။
“မင်းတို့ ဘာကိုမှ ဆုတ်ဖြဲလို့ မရဘူးနော်။ ဘိုးဘေးလေးရေ။ ကျေးဇူးပြုပြီး အဲ့ဒါက သူများရဲ့ အသိုက်ကွ။ ဘာလို့ လိုက်ဖြဲနေတာလဲ”
တစ်ချက်ဆူပူပြီးနောက် ထိုကောင်ငယ်လေးများကို ရုံးခန်းထဲသို့ ပြန်ခေါ်လာရသည်။ ဟာလီက မျက်လုံးကို နားလည်စွာ ပြန်ပိတ်လိုက်သည်။ ထိုအကောင်ငယ်လေးများက ကြီးသည်ထက် ကြီးလာသည်။ သူတို့ဟာ ပို၍ အင်အားကြီးသည်ထက် ကြီးလာပြီး စုတ်ဖြဲနိုင်စွမ်းရည် ပြင်းထန်လာသည်။
သို့သော်…
206 03
ကံကောင်းသည်မှာ သူဟာ အချိန်တိုင်းလိုလို အချိန်မီ ရှာတွေ့ခဲ့သည့်အတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်မလာခဲ့ချေ။ အဲဒီလို ကောင်မျိုးသာ ဆိုရင်…. တိရစ္ဆာန်ရုံ တစ်ခုလုံးတောင် ပြောင်းပြန်အလှန် ခံရလောက်တယ်။
“ သွားသွား သွား နာနာခံနေ နားလည်လား”
“အပြာရောင်အလင်းတွေ ထွက်လာတဲ့အခါ မင်း ပြေးဝင်လာခဲ့။ နားလည်လား”
သူဟာ တပိုင်ကို နှစ်ကြိမ် ခေါ်သွားခဲ့ဖူးပြီးလေပြီ။ ထို့ကြောင့် ဆုပိုင်က ညွှန်ကြားချက်အချို့ ပြန်ပေးလိုက်ပြီး နောက် စနစ်ကို စတင်ရန် ပြောလာသည်။
“သင် Husky အပိုင်း စ တာဝန်က စတင်ပါပြီ”
“ သင် အရူးသုံးကောင် စုဆောင်းခြင်း တာဝန်က စတင်ပါပြီ”
“ ရေတွက်နေပါပြီ”
10
9
8
…
“အူးး”
“ လူက ဘယ်မှာလဲ”
တပိုင်က ပျောက်သွားသော ဆုပိုင်ကို ကြည့်ပြီး ခေါင်းကုတ်သည်။ အလင်းလတ် လာရင်လို့ ပြောသွားတာ မဟုတ်ဘူးလား။ ဘယ်မှာလဲ အလင်း။ သေစမ်း ။ ဒါရိုက်တာ ဆုပိုင်က မယုံကြည်ရတာပဲ။ ဘာအလင်းမှလည်း မရှိဘူး။ ဟုတ်ပြီလား။
******
207 01
အပိုင်း (207)
“တီတီ”
“တီတီ”
“တီတီ”
ဆုပိုင်က လမ်းပေါ်တွင် ရပ်လျှက်သား ဖြစ်သည်။ အနောက်ဘက်မှ လာသည့် ဟွန်းသံများကို ကြားရင်း ဘေးဖက်သို့ ခပ်မြန်မြန် ဖယ်ရှားပေးလိုက်သည်။
ဘေးဘီကို ကြည့်သောအခါ ဒီတစ်ကြိမ်တွင် သူက ညနေစောင်းအချိန်သို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ လမ်းတွင် လမ်းသွားလမ်းလာများ ပြည့်နှက်နေသည်။ အားလုံးက အလုပ်မှ ပြန်ဆင်းလာခြင်း ဖြစ်နိုင်သည်။
“တပိုင်က ဘယ်မှာလဲ”
ရုတ်တရက် ဆုပိုင်က အနောက်ကို ပြန်ကြည့်သည်။ သို့သော် တပိုင်ကို မမြင်ရချေ။ ကြည့်ရသည်မှာ တာဝန်စတင်ခဲ့သော အချိန်က ထိုကောင်လေးဝင်သည်အထိ မစောင့်မိခဲ့ ပုံရသည်။ ဆိုရမည်ဆိုလျှင် တပိုင်က မလိုက်လာခဲ့ဘူးလား။
ဆုပိုင်က အသက် ဖြည်းဖြည်းရှူပြီး လှေကားထစ်နားတွင် ရပ်လိုက် လမ်းတလျှောက် လိုက်ကြည့်လိုက်သည်။
လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ပို့လိုက်ကတည်းက ပြောရမည်ဆိုလျှင်...
Husky အပိုင်းအစ တာဝန်သည် အိမ်မွေး husky ဖြစ်နိုင်သည်။ သို့သော် ဒီတာဝန်၏ ခက်ခဲမှုက ပို၍ပင် ခက်ခဲ သွားရသေးသည်။
ကြည့်ရတာ လမ်းပေါ်က အဲဒီခွေးကို ဘယ်သူကမှ မနိုင်လောက်ဘူး။
“အိုး”ရုတ်တရက် ဆုပိုင်က အနောက်ဖက်မှ လာသည့် အားတစ်ရပ်ကို ခံစားမိသည်။ ထို့နောက် အူသံလိုလို အသံမျိုးကို ကြားလိုက်ရသည်။ မီးခိုးရောင် အမွှေးများနှင့် ထိုအကောင်က သူ့ကို မြေပြင်ပေါ်သို့ ကျသွားအောင် တွန်းထုတ်လိုက်ပြီး အမြှီးကို ရမ်းခါလျှက် အလျှင်စလို ပြေးသွားသည်။
“အာဟ”
ဆုပိုင်က တစ်ချက်ကြည့်ပြီး အော်သည်။ ထို့နောက် မြေပြင်မှ ခပ်မြန်မြန် ထသည်။
“ဖမ်းထား ဖမ်းထား”
“ အဲဒီကောင်ကို မပြေးစေနဲ့”
“သေစမ်း ငါက အိမ်သာ သွားရုံပဲလေ။ ဒီကောင်က တံခါးဖွင့်ပြီး ဝင်လာတယ်”
ထိုအချိန်တွင် သက်လက်ပိုင်း လူတစ်ယောက်က ဆုပိုင်ကို ခပ်မြန်မြန် ကျော်ဖြတ်သွားသည်။ သူသည် လက်နှစ်ဖက်လုံးဖြင့် ဘောင်းဘီကို ကိုင်ထားသည်။ မျက်နှာကလည်း တင်းမာနေသော မျက်နှာထားမျိုး ဖြစ်သည်။ သူသည် ဆက်တိုက် အော်ဟစ်နေပြီး အာဟ၏ အနောက်မှ လိုက်သည်။
ထိုအခြေနေက ဆုပိုင်ကို အစွံ့ စေဆုံး အခိုက်တန့်ကမူ ဆုပိုင်ကို ယခုလေးတင် တွန်းချသွားသော အကောင်က ခပ်မြန်မြန် ပြေးထွက်သွားခြင်း မရှိဘဲ ရပ်တန့်ပြီး သူ၏မျက်လုံး သေးသေးလေးကို ကျဥ်းမြောင်းလျှက် ဖြဲပြပနေခြင်း ဖြစ်သည်။ ထို့နောက် ခေါင်းကို ရန်ဆောင်သလိုမျိုး မော့ကာ စောင့်ခေါ်နေသေးသည်။
“အားအား ငါ ဒီနေ့ မင်းကို သတ်မှာ”
သက်လက်ပိုင်းလူက ထိုအခြေနေကို မြင်သောအခါ ဒေါသထွက်သွားသည်။ သူက သူ၏ စိုနေသော ဘောင်းဘီကို ခပ်မြန်မြန်ဆွဲ၍ အပြေး လိုက်ပြန်သည်။
“သေစမ်း တော်တော်လေးကို ကိုးယို့ကားယား နိုင်တာပဲ”
ဆုပိုင်က တစ်ချက် ငြီးလိုက်ပြီး အနောက်မှ အမှီလိုက်သည်။
“ညီအစ်ကို ဘာဖြစ်တာလဲ”
သက်လက်ပိုင်းလူက ဘေးဖက်မှ ငယ်ရွယ်သော ကောင်လေးကို တစ်ချက်ကြည့်သည်။ သူသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော ဆွေမျိုးကို ပြန်ရှာတွေ့သလိုမျိုး မျက်ရည် အပြည့်နှင့် ပြောသည်။
“ပြောမနေပါနဲ့တော့”
“ငါ အခုလေးတင် အဓိက အများသုံးအိမ်သာမှာ ဆောင့်ကြောင့် ထိုင်ကာစပဲ ရှိသေးတယ်။ ဒီကောင်က ဘယ်ကမှန်း မသိ ရုတ်တရက် ထွက်လာတယ်လေ။ သူက အရင်ဆုံး ခေါင်းကို အောက်ဖက်နားကို ကပ်လာတော့ ငါ ပျက်သွားမှာကိုတောင် စိုးရိမ်ခဲ့ရသေးတယ်”
207 02
“အာ… အသေးစိတ် ပြန်ပြောဖို့ မလိုပါဘူး”
ဆုပိုင်၏ နှုတ်ခမ်း ထောင့်စွန်းများက တွန့်သွားသည်။ သူက ဆက်ပြောရန် အလျှင်စလို ပြောလိုက်ရသည်။
“ငါလည်း အချို့မိသားစုပိုင် ခွေးတွေက ဒီလောက်ထိ ထောင်လွှားမယ်လို့ မထင်ဘူးလေ။ ဒါပေမဲ့ လက်စသတ်တော့...”
ထိုလူကြီးက ရုတ်တရက် နီရဲသော နှာခေါင်းနှင့် ငိုလေသည်။
“ဒီကောင်က ဘေးဖက် အခန်းထဲကိုလည်း ခုန်ဝင်သွားပြီး တံခါးကို လက်နဲ့ တွန်းဖွင့် လိုက်တယ်။ နောက်ပြီး...”
“ဝူး ဝူး ဝူး သူက ပြန်ဝင်လာပြီး ငါ့ရဲ့ဘောင်းဘီ ခြေထောက်ကို ကိုက်လို့ အပြင်ကို ဆွဲခေါ်သေးတယ်လေ။ ငါ ဖင်တောင် ပြောင်အောင် မသုတ်ခဲ့ရဘူး”
“အဲဒီမှာ လူတွေ အများကြီးပဲ။ ငါဒီမျက်နှာနဲ့ သူတို့ကို ဘယ်လိုပြန်ကြည့်ရတော့မှာလဲ”
အဟားးး ဒါက တအားတော်တဲ့ ကောင်ပဲ။
တော်တော်လေးကို ရက်စက်တယ်။
ဒါဟာ အိမ်ကို ဖြိုချအောင် လုပ်သည့် အခြေအနေလောက် မရိုးရှင်းတော့ချေ။ ဒီတစ်ကြိမ်တာဝန်မှ အာဟက ထွက်ပြေးသွားသော အကောင် ဖြစ်နေလောက်သည်။ သို့မဟုတ်လျှင် သူ၏ IQက မြင့်နေစရာ အကြောင်း မရှိချေ။
ဘယ်လို လှောင်ရမလဲ သိနေတာပဲ။ ဒါပေမဲ့ ဒီကောင့်မှာ သခင်မရှိဘူးလား။
“အိုး မဟုတ်ဘူး”
ရုတ်တရက် ဘေးဖက်မှ တရုတ်လူမျိုး၏ မျက်နှာက တင်းမာသွားပြီး ခပ်ကြမ်းကြမ်း အော်ပြန်သည်။
“ငါတို့ ဒီကောင်ကို ဒီနေ့ရအောင်ဖမ်းရမယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်က ပိုင်ရှင် မရှိတဲ့ လမ်းဘေးခွေး တစ်ကောင်ပဲလေ”
“ညီအစ်ကို ကူညီပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ သူ့ကို ဖမ်းပြီးရင် ငါမင်းကို ညစာ ကျွေးပါ့မယ်”
“စကားမဆက် ညီအစ်ကိုကို ဘယ်လိုခေါ်ရမလဲ”
“ဆုပိုင်ပဲ ခေါ်ပါ”
“ဒီလီကောက မင်းကို ကျေးဇူးအများကြီး တင်တယ်လို့ပြောရမယ်”
လီတဲ့က နှုတ်ခမ်းကို တိတ်တဆိတ် ပိတ်လိုက်ပြီး ဆုပိုင်၏ ပုခုံးကို လက်နှင့် လှမ်းပုတ်ကာ လေးနက်သော လေသံဖြင့် ပြောသည်။
“ဒီကောင်ကို အဝေးကြီး ထွက်ပြေးစေလို့ မရဘူး။ ကြည့်စမ်း ငါသူ့ကို ဖမ်းမိသွားတဲ့အခါ ဒီကောင့်ကို ဘယ်လို သွန်သင်မလဲဆိုတာကို ကြည့်နေ”
ထို့သို့ ပြောပြီးနောက် သူက ဘောင်းဘီကို လက်နှစ်ဖက်နှင့် ကိုင်လျှက် အဝေးရှိ ပန်းခြံထံ တောက်လျှောက် ပြေးလေသည်။
အချိန်တန် ကြာပြီးနောက်
လီတဲ့သည် ပန်းခြံထဲရှိ ဂုန်းစောင်းလေးပေါ်တွင် ထိုင်ရင်း အမောတကော အသက်ရှူနေရသည်။ သိပ်မဝေးသောနေရာတွင် ရပ်လျှက် ပြန်ဟောင်နေသော အာဟကို ကြည့်ရင်း သူ၏ မျက်နှာက နီရဲလာပြန်သည်။
တစ်ဖက် အကောင်ကို လိုက်ရှာရန် မခက်ခဲချေ။
ပန်းခြံ၏ ဝင်ပေါက်သို့ ရောက်လာသောအခါ ထိုအကောင်က ထိုနေရာတွင် ဆောင့်ကြောင့် ထိုင်ရင်း သူ့ကို စောင့်နေသလို ဖြစ်နေသည်။ ကြောက်ရွံ့သော မျက်နှာကို မပြချေ။
လီတဲ့ကမူ စိုစွတ်စေးကပ်မှုကို ခံစားနေရသေးသည်။ သူသည် ပေါက်ကွဲတော့မည်ဟု ခံစားနေရသဖြင့် ခပ်ကြမ်းကြမ်း ပြေးသွားလိုက်သည်။
ရလဒ်အနေဖြင့်...
နာရီပေါင်းများစွာ ပတ်ပြေးနေပြီးနောက် ထိုအကောင်နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ကြောင်း သိလိုက်သည်။
ထိုအာဟသည် ရေပင် ကူးနိုင်နေသည်။
သူ့ကို ဖမ်းမိလုနီးပါး ဖြစ်သွားကြောင်း မြင်သောအခါ ရေကန်ထဲသို့ ခုန်ချလိုက်ပြီး တဖက်ကမ်းသို့ ခပ်အေးအေး ကူးသွားသည်။
“ ညီကိုဆုပိုင်။ ဒီနေ့တော့ အခွင့်အရေး မရှိဘူးထင်ပါရဲ့”
207 03
လီတဲ့က နှဖူးမှ ချွေးများကို သုတ်ပြီး တွန့်ဆုတ်မှု အချို့နှင့် ပြောသည်။
“ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါ မင်းကို လိုက်ကျွေးမယ်ဆိုတာကို လိုက်ကျွေးမှာပါ။ ဒီကောင် မနက်ဖြန် ပြန်လာလိမ့်မယ်”
“ ကောင်းပြီ”
ဆုပိုင်၏ နှုတ်ခမ်း ထောင့်စွန်းများက တွန့်သွားသည်။ သူက အဝေးရှိ မြေပြင်တွင် လဲနေသော အာဟကို ကြည့်သည်။ ထိုအကောင်က လျာတစ်လစ် ထုတ်နေသေး၏။ ဆုပိုင်က သဘောတူသို ခေါင်းညိတ်နေလိုက်၏။
“ကြည့်ရတာ ဒီနေ့ ဒီအကောင်နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တော့ဘူး ထင်တယ်။ ဒီခွေးပိုင်ရှင်ကလည်း လာမရှာတဲ့ပုံပဲ။”
“ဘာလဲ။ ဒီလိုကောင်ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ငါ နှစ်ရက်လုံးလုံး ဒေါသထွက်နေရတာ။ ငါ့အထင် သူ့မှာပိုင်ရှင် မရှိလောက်ဘူး။ ရည်ရွယ်ချက် ရှိရှိနဲ့ မလိုချင်လို့ ပစ်သွားတာ ဖြစ်မယ်”
လီတဲ့က မတ်တပ် ထရပ်လိုက်ပြီး ဘောင်းဘီကို ခပ်တင်းတင်း ဇစ်ပိတ်လိုက်သည်။ ထို့နောက် ဆုပိုင် ရှိရာသို့ လက်တစ်ဖက်ကို ရမ်းပြလိုက်ရင်း အာဟကို စူးစူးရဲရဲ ကြည့်ကာ ထွက်သွားလေသည်။
ထွက်သွားသော ပုံရိပ်ကို မြင်သွားသောအခါ ဆုပိုင်က မတ်တပ် ထရပ်လိုက်ရင်း Husky ၏ အနားသို့ ကပ်သွားလိုက်သည်။
[ အဟားဟားဟား။ ဒါရိုက်တာဆုပိုင်ရဲ့ ဒီနေ့ တိုက်ရိုက်ထုတ်လွင့်မှု အခန်းက နာမည်ကို ကြည့်ပြီး ငါကတော့ ဘယ်လိုကောင်မျိုးလဲလို့ ထင်နေခဲ့တာ။ မမျှော်လင့်ထားပဲ]
[ဒီ huskyရဲ့ပုံကို ကြည့်ရုံနဲ့တင် ငါက အရင်တစ်ခေါက်က နှင်းဝံပုလွေကိုတောင် တွေးမိသွားသေးတာ။ ဘယ်သူသိမှာလဲ လျှက်တပြတ် ငကြောင်ကောင် ဖြစ်နေတယ်]
[တော်တော်လေးကို ပျော်တက်တာပဲ ဒီလိုကောင်မျိုးကို မတွေ့ဖူးဘူး]
[ဒါပေမဲ့ လီတဲ့ကတော့ တော်တော်လေး ဆိုးရွားတယ်။ သူ့ရဲ့ဘောင်းဘီဆိုရင် အညစ်ကြေးတွေ ပြည့်နှက်နေတာပဲ။ ဒီလူက တော်တော်လေးလည်း အင်အားကြီးတယ်။ သူ ဘောင်းဘီကိုတောင် မလဲဘူး။ ချက်ချင်း အပြေးလိုက်ပြီး လူသတ်သမားကို လာဖမ်းတာ]
[ငါ့ကို ပြောစမ်းပါဦး။ ဒီခွေးက အိမ်သာကို သွားပြီး လူတွေကို အနိုင်မကျင့်ခင် ဘယ်သူတွေကိုများ ထပ်ပြီး အနိုင်ကျင့်ထားပြီလဲ]
[အာဟ: ငါလည်း မမျှော်လင့်ထားပါဘူး။ ဟေ့ မင်းမှာ စွမ်းရည်ရှိရင် ဖင်သုတ် စရာမလိုဘဲ ငါ့ကို ဖမ်းလေ]
.....
တိုက်ရိုက် ထုတ်လွင့်မှု အခန်းထဲမှ ရေတပ်မိတ်ဆွေများကလည်း ကင်မရာနောက် တောက်လျောက် လိုက်နေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် husky၏ အခြေအနေကို မြင်ပြီး မယုံကြည် နိုင်သလို ဖြစ်နေကြသည်။ လူအများစုကမူ အသားကုန် ရယ်မော နေကြသည်။
ကောင်းကင်ပြာ တိရစ္ဆာန်ရုံတွင် ပန်ဒါကြီးသပိုင်က လွဲပြီး ယခုလို စိတ်နေ သဘောထားရှိသည့် မည်သည့်အကောင်ကိုမှ မမြင်ဖူးကြသေးချေ။
လမ်းတောက်လျောက်တွင် ဖမ်းမိမည့်အရေးကို ကြောက်လန့်ခြင်း မရှိသေးရုံသာ မကသေးလေပဲ ခြေလှမ်း အနည်းငယ်ပင် နောက်ဆုတ်ပြီး အမြှီးကို ယမ်းခါလျက် လှောင်သလို ပြသေးသည်။
ဒါဟာ လူတိုင်း၏ ထင်မြင်ချက်ကို ပြောင်းလဲသွားစေသည်။
“ငါ ဒီနေ့ ဘယ်လိုနည်းနဲ့မဆို ဒီကောင်ကို ရအောင်ဖမ်းရမယ်”
ဆုပိုင်က ကင်မရာမှ ရေတွက် မိတ်ဆွေများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဂရုတစိုက် ပြောပြလိုက်သည်။
“သူ့ရဲ့ ပုံစံကို ကြည့်ပြီး အရူးလုပ်မခံနဲ့”
“သူက အားလုံးအတွက် တာဇံလိုပဲ။ ဒီ huskyလို့ခေါ်တဲ့ သတ္တဝါ အားလုံး အသေးစိတ် နားလည်အောင် ရှင်းပြပေးလို့ ရတယ်”
“လူမှုအသိုင်းဝိုင်းမှာဆိုရင် ဒီအစ်ကိုကြီး အာဟက ငကြောက်။ စကားအများကြီး မပြောတဲ့ကောင်လို့ ထင်ရပေမဲ့ တိုက်ခိုက်တယ်ဆိုရင် မနိုင်တဲ့အခါ အရင်ဆုံး ပြန်ရန်တွေ့လိမ့်မယ်။ ဆိုရိုးစကား တစ်ခုတောင် ရှိသေးတယ်။ ဝံပုလွေ တစ်ကောင်က ကျောပေးထားရင် အကြောင်းပြချက် တစ်ခုရှိ နေလိမ့်မယ်။ ဒါက မျက်နှာသာ ပေးချင်တာကြောင့် ဖြစ်ဖြစ် ကလဲ့စား ချေချင်တာကြောင့် ဖြစ်ဖြစ်ပေါ။ ဒါပေမဲ့ ဒီအာဟကတော့ ကျောပေးထားတယ်ဆိုရင် အဆုံးသတ်ပြီလို့ ဆိုလိုတာပဲ။ မဟုတ်ဘူး အိမ်ကို ဖြိုချဖို့ ပြင်ရင်ပြင် အိမ်ကို ဖြိုချရတဲ့ အခြေအနေ ရောက်ရင်ရောက်။ တစ်ခုခုကိုပဲ”
“နောက်ပြီး ရှက်စရာ အကောင်းဆုံး ကိစ္စက ဒီကောင်တွေက ဒီနေ့ခေတ် လူသားတွေလိုမျိုး လှည့်ကွက် မသုံးတင်ဘူး။ ဒါပေမဲ့ အိမ်တွေကိုတော့ ဆုတ်ဖြဲ နိုင်တယ်”
“ဟုတ်တယ်။ အိမ်တွေကို တကယ် ဆုတ်ဖြဲနိုင်တာနော်။ အာဟ မဖြဲနိုင်တာ ဘာမှမရှိဘူး။ တစ်ခုခု ရှိနေရင်လည်း သူ့ရဲ့ ညီအစ်ကိုတွေကို ခေါ်ပြီး ဖြဲလိမ့်မယ်”
ဒါကြောင့် ဒီတိုက်ရိုက် ထုတ်လွှင့်မှုကတစ်ဆင့် အာဟက ဘယ်လောက် IQမြင့်တဲ့ သတ္တဝါမျိုးလည်းဆိုတာ လူတိုင်း သိဖို့ မျှော်လင့်တယ်။ ဒီတင်ဆက်သူကလည်း အိမ်တံခါးကို သော့ပိတ်ထားတာပဲ ဖြစ်ဖြစ် ဖွင့်ထားတာပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုးမှာမဆို ဒါမှမဟုတ် လှောင်အိမ်ထဲမှာ သော့ ပိတ်ထားတာမျိုး ဆိုရင်တောင်မှ သူ ဖွင့်နိုင်တယ်ဆိုတာကို သိစေချင်တယ်”
အို…
++++++