← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

208 01

အခန်း 208

ရုတ်တရက် မြေပြင်တွင် လဲနေသော အာဟက အဖြူရောင် မျက်လုံးတစ်စုံနဲ့ ကြည့်ပြီး ထခုန်လာသည်။ ထို့နောက် သူ၏ အစွယ်ကို ဖြဲလျှက် ဆုပိုင်ထံ ခပ်ကြမ်းကြမ်း လှောင်လေသည်။

“ဘာလဲ ဒီကောင်က မကြောက်ဘူးလား”

သို့ရာ‌တွင် အရှေ့မှ လူငယ်လေးက ကြမ်းတမ်းပုံ မပြကြောင်း မြင်သောအခါ အာဟက မျက်မှောင် ကြုတ်သည်။

ဒီကောင်က သူ့ရဲ့ရုပ်ရည်အမှန်ကို မြင်နေရတာလား။

မဖြစ်နိုင်တာ။

ငါ တောက်လျောက် ဒီလှည့်ကွက်တွေပဲ သုံးနေခဲ့တာပါ။

အရင်တစ်ခေါက်က တက်ဒီဆိုတဲ့ ခွေးလေးတောင် တော်တော်လေးကို ကြောက်သွားခဲ့တာ။ ဒါပေမဲ့ ဒါက အလုပ် မလုပ်တော့ဘူးလား။

ခဏလောက် တွေးကြည့်ပြီးနောက် အာဟက ဆုပိုင်ကို ခပ်ကြမ်းကြမ်း စိုက်ကြည့်သည်။ ထို့နောက် သူ၏အမြှီးကို ပေါင်ကြားထဲ ညှပ်ပြီး အဝေးရှိ ပန်းခြံအတွင်းမှ လူလုပ် တောင်ဘက်သို့ ပြေးလေသည်။

“ပြေးချင် နေတုန်းပဲပေါ့” ဆုပိုင်က တစ်ချက်အော်သည်။ ထို့နောက် အရှိန်နှုန်းကို အလွန်အမင်း မြင့်လိုက်ပြီး နောက်မှ လိုက်သည်။

“ဝုတ်”

“ဒီကောင် တစ်ခုခုတော့ မှားနေပြီ”

အာဟက နောက်လှည့် ကြည့်ပြီး အလန့်တကြား ဟောင်သည်။

ဘာလို့ ဒီလူက တအား မြန်တာလဲ။

ငါ ခြေထောက်တောင် မမြင်ရတော့ဘူး။ သို့ရာတွင် အရင်တစ်ခေါက်က ကဲ့သို့ လိုက်မည်ဆိုလျှင် ထင်သလောက် မလွယ်ချေ။

သူဟာ မျက်လုံးကို တစ်ချက် လှန်လိုက်သည်။ အာဟသည် လွန်ခဲ့သော နှစ်ရက်ခန့်က ပန်းခြံထဲတွင် တွေ့ခဲ့သည့် လူနှစ်ယောက်ကို သတိရသွားပြီး တစ်ဖက်သို့ လှည့်ကာ ခပ်မြန်မြန် ပြေးသည်။

သူဟာ ထိုလူများနှင့် တွေ့သည်နှင့် နောက်မှလူ သူ့ကိုဘာမှ မလုပ်နိုင်စေရပေ။

ဆုပိုင်က လမ်းတောက်လျှောက် ပြေးလာသည်။ အာဟ၏ အနောက်မှ ပြေးလာပြီး အာဟဟာ ပန်းခြံထဲရှိ တောင်ပေါ်ကို ပတ်ပြေးနေကြောင်း မြင်လိုက်ရသည်။

ထိုအချိန်တွင် ကောင်းကင်က မှောင်နေပြီ ဖြစ်သည်။

ဆုပိုင်က တောင်ကုန်းလေးကို တက်လိုက်ရသည်။ သူဟာ မျက်လုံးကို မှေးကျင်းပြီး တစ်ချက် ကြည့်လိုက်သောအခါ ယခုလေးတင် တောင်ပေါ် တက်သွားပြီးသော အာဟကို ပျောက်သွားကြောင်း မြင်လိုက်ရသည်။

သူက တောင်ပေါ်မှ ခပ်မြန်မြန် ပြေးဆင်းရပြန်သည်။

မှေးမှိန်သော လမ်းမီးမှ တစ်ဆင့် နံရံနားတွင် တဖျက်ဖျက် ဖြစ်နေသည့် ပုံရိပ်နှစ်ခုကို မြင်လိုက်ရလေသည်။

ထိုလူနှစ်ယောက်၏ နောက်တွင် ခွေးတစ်ကောင်၏ အစိမ်းရောင် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ သူဟာ ထိုနားတွင် တိတ်တဆိတ် ရပ်နေသည်။

“ဘာဖြစ်တာလဲ”

အာဟက တစ်ချက် အော်လိုက်ပြီး သစ်ပင်၏နောက်တွင် ဂရုတစိုက် ပုန်းလျှက် တ‌ဖြည်းဖြည်းချင်း လှမ်းကုတ်လိုက်သည်။

“ဟီး ဟီး ဘယ်လိုလဲ။ ဒီနေ့ အဆင်ပြေလား”

“နာရီဝက် ကြာသွားပြီ ကျေးဇူးပြုပြီး မြန်မြန် လုပ်လို့ရမလား။ နောက်ပြီး နင် ဆေးသောက် ထားတာ မဟုတ်လား။ ဆိုးလိုက်တဲ့ လူအိုကြီး။ ယွမ် ၅၀ အတွက်နဲ့ ဒီလောက်ထိ ဒုက္ခခံနိုင်တယ်”

“မဟုတ်ဘူးလား။ ဟီးဟီး ငါ မင်းကို မမြင်ရတာ ကြာပြီလေ”

208 02

“မြန်မြန် စကားမပြောနဲ့တော့”

“မဟုတ်သေးပါဘူး။ ဘာလို့ ဒီလောက်ထိ အမွှးတွေ ထူနေတာလဲ။ နောက်ပြီး ငါဖင်ကို လာလာ ကုတ်သေးတယ်”

ထိုအချိန်တွင် အသက် ပိုကြီးသော လူကြီးက မနေနိုင်ဘဲ ရပ်တန့်လိုက်မိပြီး ကျောကို လှမ်းတို့လိုက်မိသည်။

သူ၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားပြီး နေရာတွင်ပင် တောင့်ခဲသွားသည်။ ကျောရိုး တောက်လျှောက် စိမ့်တက်သွားသေး၏။

အနောက်မှာ တစ်ခုခု ရှိနေတယ်။ နောက်ပြီး အမွှေးတွေနဲ။

“ဘာလို့ ရပ်လိုက်တာလဲ။ ငါ ပြောမယ်။ နောက်ထပ် ၁၀မိနစ်ပဲ ကြာသေးတာ။ အဲ့ဒါမှ အလုပ်မဖြစ်ရင် ငါ စျေးမြင့်ပေးမယ်”

အရှေ့မှ မိတ်ဆွေအိုကြီးက စိတ်မရှည်သလိုနှင့် မျက်လုံးကို ပြူးပြဲ ဖွင့်လိုက်သည်။

သို့ရာတွင် မျက်လုံးဖွင့်လိုက်သည့် အခိုက်တန့်တွင် လူအိုကြီး၏ အနောက်ဖက်တွင် အစိမ်းရောင် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးရှိ အမွှေးများက ထောင်တက်သွားသည်။

“အား ကယ်ကြပါ”

“အနောက်မှာ တစ်ခုခု ရှိနေတယ်”

“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”

“ကယ် ကယ် ကယ်”

အာဟက အော်သံများကို နားထောင်ပြီး ပြေးထွက်သွားသည်။ သူက ဓာတ်မီးကို ဖွင့်ပြီး အရှေ့မှ လူနှစ်ယောက်ကို ထိုးကြည့်လိုက်သည်။ ထို့နောက် ထူးဆန်းသော မျက်လုံးများနှင့်အတူ ဆောင့်ကြောင့် ထိုင်လိုက်ပြီး အာဟကို ကြည့်လိုက်မိသည်။

ရူးနေတာပဲ။

“ ဝုတ်”

“အခုတော့ သေဖို့ ပြင်ထားတော့”

အရှေ့မှ အာဟက အမှန်တကယ် ထွက်ပြေး မသွားခဲ့ချေ။ ထို့အစား ရန်ငြိုးအပြည့်နှင့် ဟောင်ပြီး ဆုပိုင်၏ ခြေထောက် ကြားထဲသို့ နာခံစွာ ပြေးလာသည်။ ထို့နောက် သူ၏ နှာဖူးပင် ဆုပိုင်၏ ခြေသလုံးကို ပွတ်သတ်လာသေးသည်။

“ မဟုတ်ဘူးနော်။”

“ ခင်များတို့ ထင်သလို မဟုတ်ဘူး။ ငါ ဒီခွေးကို မသိဘူး”

ဆုပိုင်က အရှေ့မှ အဝတ်အစားများ ပြန်ဝတ်ပြီး တုန်မှုန်သော မျက်နှာများဖြင့် လျောက်လာသော လူနှစ်ယောက်ကို ကြည့်ရင်း လက်ကို ခါရမ်းပြသည်။ သူ ဒီတစ်ခုကို မနည်း ခုခံနေရတယ်။

“ဟွန့် ယောက်ျားရေ လုံခြုံရေး ဌာနကို မြန်မြန်လေး သတင်းပို့လိုက်ရအောင်။ ငါ ကြောက်လို့ သေတော့မယ်”

“ ဟုတ်တယ်။ ဟုတ်တယ်။ ကိုယ့်ခွေးကို ကောင်းကောင်း ကြည့်မထားဘူး။ နောက်ပြီး ကိုယ့်ခွေး မဟုတ်ဘူးလို့တောင် လာငြင်းနေသေးတယ်။ ဘယ်သူက ယုံမှာလဲ”

ထိုနှစ်ယောက်က အကြိမ်ကြိမ် အော်ဟစ်ကာ ဆူပူနေကြသည်။ လူအုပ်ကြီးက ဖုန်းကို ထုတ်ပြီး ဖုန်းဆက်ရန် ပြင်ဆင်နေကြသည်။

“သတိထား”

ဆုပိုင်က တစ်ယောက်၏ နောက်ဘက်သို့ လက်ညှိုးထိုးကာ အော်လိုက်သည်။ ထို့နောက် နောက်သို့ လှည့်ကာ ပြေးသည်။

ဒီ အာဟက ဒီလောက်ထိ ရန်ညှိုးကြီးမယ်လို့ မထင်ထားဘူး။ ဒီလို နေရာမျိုးကိုတောင် ရည်ရွယ်ချက်ရှိရှိနဲ့ မြှားခေါ်လာသေးတယ်။

နောက်ပြီး…

“ အာဟက ဘယ်မှာလဲ”

သူဟာ ခြံဝန်းထဲသို့ ပြေးပြီး ငုံ့ကြည့်လိုက်သည်။ သို့သော် အာဟကို မြင်ရရန် ဆုပိုင်က ခပ်မြန်မြန် လှည့်ကြည့်ပြီးနောက် ထိုလူများက ဖမ်းမိသွားခြင်း မရှိကြောင်း မြင်ရမှသာ စိတ်အေး သွားသည်။

သို့သော်

မည်သို့ပင်ဆိုစေ ဒီနေ့ ထိုအကောင်ကို ရအောင် ရှာရပေမည်။

208 03

ထိုအကောင်ကို သင်ခန်းစာ ပေးကို ပေးရမယ်။ သို့မဟုတ်လျှင် ကယ်ဆယ်သည့် ဖြစ်စဥ် အောင်မြင်သွားသည့် တိုင်အောင် အနာဂတ်တွင် ပိုက်ဆံများက ပိုများ လာနိုင်သေးသည်။

ထို့ကြောင့် ထိုအကောင်ကို အရင်ဆုံး ကိုင်တွယ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။

“ ယောကျာ်းရေ မြန်မြန်လေး ပြန်ရအောင်”

“ ဟုတ်တယ်။ ဟုတ်တယ်။ ဒီလို game မျိူးကို ကစားလို့ မဖြစ်တော့ဘူး။ နှလုံးရောဂါ ရတော့မယ်”

“ ဟေး ဒါက အဲ့ဒီခွေး မဟုတ်လား”

နှစ်ယောက်က ရုတ်တရက်

ဘေးဘက်နားတွင် ဖင်ကို လှုပ်ခါပြနေသည့်ခွေးကို ကြည့်ပြီး တစ်ယောက်နှင့် တစ်ယောက် အော်လိုက်ကြသည်။

ဝုတ်။

ဝုတ်။

ဝုတ်။

အာဟက သွားကို ဖြဲပြီး အော်သည်။ သူ၏ ခေါင်းကိုလည်း ခပ်ကြမ်းကြမ်း တွန့်ပြသေးသည်။

“သေစမ်း တစ်ခုခုတော့ မဟုတ်တော့ဘူး”

“ငါ မနေ့က ထွက်နိုင်ပါသေးတယ်။ ဘာလို့ ဒီနေ့ မထွက်နိုင်တော့တာလဲ”

ရုတ်တရက် သူ၏မျက်လုံးက ဘေးဘက်ရှိ တိုင်ဘက်သို့ ရောက်သွားပြီး ပြူးကျယ် သွားသည်။

ဝုတ်။

“ ဘယ်လို ဖြစ်နိုင်မှာလဲ”

သူဟာ အပေါက် မှားတိုးမိခြင်း ဖြစ်သည်။

သူ၏ လက်သည်းနှစ်ဖက်က တိုင်ကို လှမ်းချိတ်လိုက်ပြီး ကိုယ်ကို ဆက်တိုက် လျောချနိုင်အာင် ကြိုးစားနေရခြင်း ဖြစ်သည်။

အချိန်တန်ကြာအောင် ရုန်းကန်ပြီးနောက်… အာဟက ခေါင်းကို စိတ်ဓာတ်ကျစွာ လှည့်ကြည့်လိုက်သည်။ သူသည် တိုက်အောက်နားရှိ platform ပေါ်တွင်သာ တိတ်တဆိတ် လဲနေလိုက်ရသည်။ သူ၏ လျှာများကလည်း တိတ်တိတ်လေး ထွက်နေသည်။ သူသည် အောက်တွင် ဖြတ်သွားနေသည့် ကားများကို ကြည့်ပြီး အသက်မဲ့သလို ဖြစ်သွားသည်။

သွားပြီ။ အဆုံးသတ်ပြီ။

ဒါက ဘယ်လို ဦးနောက်လဲ။

လုံးဝ သိပ္ပံနည်း မကျဘူး။ ဘာလို့ ခေါင်းက ဝင်လို့ရပြီး ခန္ဓာကိုယ်က ထွက်လို့ မရတာလဲ။

မဟုတ်သေးပါဘူး။ ဘာလို့ တစ်နေတာလဲ။

“ဟားဟားဟား”

ရုတ်တရက် အော်ရယ်သံကို ကြားလိုက်ရသဖြင့် အာဟ၏ နှာဖူးက တောင့်ခဲသွားသည်။ သူဟာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

ရုတ်တရက် သူဟာ ဒေါသထွက်သွားသည်။

“ ရယ်နေ ရယ်နေ”

ဆုပိုင်က သူ၏ အရှေ့တွင် ဆောင့်ကြော င့်ထိုင်လိုက်ပြီး နှာဖူးကို ဖြန်းခနဲ ရိုက်လိုက်သည်။ ထို့နောက် အေးစက်စွာ ပြောသည်။

ဝုတ်။

ကလစ် ကလစ် ကလစ်။

အာဟက သူ့နောက်သို့ တစ်ညလုံး လိုက်ခဲ့သည့် ရှေ့မှ လူငယ်ကို ကြည်ပြီး ပါးစပ်ကိုဖြဲကာ လည်တံကို လှမ်းကိုက်လိုက်သည်။

“ အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

“ ဒီသွားတွေ မထက်ဘူး လို့ထင်လား။ ဟမ်”

“ဆုတ်ဖြဲ နိုင်တယ်ဆိုတာကို ယုံလား”

“သွားစမ်း။ ဒီကို ထပ်မလာနဲ့”

208 04

ဖြန်း။

ဆုပိုင်က သူ၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ဖိညစ်လိုက်ပြီး ထပ်ရိုက်ပြန်သည်။ စကားတစ်ခွန်း မဆိုတော့လေဘဲ လက်ဝါးကို ထပ်ခါတလဲလဲ မြှောက်လျက် အာဟ၏ နှာဖူးကို တဖြောင်းဖြောင်း ရိုက်နှက် လိုက်သည်။

ဟာသပဲ။

Huskyက ဘယ်လို စိတ်မျိုး ရှိတယ်ဆိုတာကို မသိရင် အခြောက်ခံရန်ိုင်တယ်။ သို့သော် ဆုပိုင်ဟာ အချိန်ခရီးသွားခြင်း မရှိခင်ကတည်းက ထိုအကောင်နှင့် ရင်းနီးနေပြီးသား ဖြစ်သည်။

အပြင်ဘက်တွင် သန်မာပြီး အတွင်းဘက်တွင် လုပ်နိုင်စွမ်းရည် ရှိသော အကောင်မျိုး ဖြစ်သည်။

သူ ဘယ်လောက် ကြမ်းတမ်းနေလည်း ဆိုတာကို မကြည့်နဲ့ဦး။ Teddy ခွေးတစ်ကောင်ဆိုလျင်တောင်မှ အာဟကို နိုင်တယ်။

တကယ်ပါ။

ဆုပိုင်က ငါးချက်မြောက် ရိုက်ချက်ကို ပေးပြီးနောက် အာဟလေးကလည်း လက်လျော့သွားပုံ ပေါ်သည်။

“ ဝူးး ဝူး ဝူးး”

“ဘုရားရေ ငါတို့ ကိုယ့်ရဲ့ အိမ်မွေးခွေးကို အနိုင်ကျင့်နေရတာလဲ။ ကယ်ကြပါဦး။ ဒီကလေးကို ကယ်ကြပါဦး”

“ ညီအစ်ကို ငါ့ကို မရိုက်ပါနဲ့တော့။ နာတယ်”

ဆုပိုင်က အထင်သေးသလို ပြုံးလိုက်ပြီး ထိုအကောင်၏ ပါးစပ်ကို လွှတ်ပေးလိုက်သည်။ တစ်ချက်ငုံ့ ကြည့်လိုက်ပြီးနောက် လေးနက်စွာပြောသည်။

“ မင်း နာခံမှာလား”

“ နာခံတယ် ဟုတ်ပြီလား”

အာဟက ကြောင်သွားသည်။ ထို့နောက် ရှေ့မှ လူငယ်ကို မျက်လုံး ပြူးကျယ်စွာ ကြည့်သည်။

ဒီကောင်က ငါနဲ့ စကားပြောနိုင်တယ်။ ပေါက်ကရတွေ လာပြောနေတာလား။

ဘယ်လို ဖြစ်နိုင်မှာလဲ။ ထိုခဏတွင် အာဟက မယုံကြည်နိုင် ဖြစ်သွားလေသည်။

သူသည် သူပြောသော စကားကို နားလည်နိုင်သော လူသားမျိူးကို မမြင်ဖူးချေ။ တစ်ရက်အတွင်း လူသားပြောသော စကားကိုပင် နားလည် နိုင်မည်ဟူ၍လည်း မထင်မိပြန်ချေ။

မဟုတ်သေးပါဘူး။

တစ်ခုခုတော့ မှားနေပြီ။ ထင်ယောင်ထင်မှား ဖြစ်နေတာလား။

အာဟက ခပ်ကြမ်းကြမ်း ခေါင်းညိတ်သည်။ သူဟာ မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ဆုပိုင်ကို ပြန်ကြည့်ကာ ခပ်တိုးတိုး အော်သည်။

++++++ 209 01

အခန်း 209

“ ဦးလေးရဲ့ ခြေထောက်။ မျိုးမစစ်ကောင်”

ဟီးဟီးဟီး။

သူ ဒီစကားနှစ်လုံးကို နားလည်မယ်ဆိုရင်တော့ သူနဲ့ ဆက်သွယ်နိုင်မယ်လို့ ဆိုလိုတာပဲ။ နားမလည်ရင်တော့…

သူဟာ အခွင့်ကောင်း ယူထားခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်စရာလည်း မရှိပါချေ။

ဖြန်း..ဖြန်း..ဖြန်း

ဆုပိုင်က အာဟကို အံအားတကြီး ကြည့်လိုက်သည်။ ပါးစပ်က အဟောင်းသား ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းသော အကြည့်မျိုးနှင့် လက်နှစ်ဖက်လုံးကို သုံးပြီး ဖြန်းခနဲ ရိုက်လိုက်သည်။

အချိန်အတန် ကြာပြီးနောက် မှေးမှိန်သော အလင်းရောင်က လမ်းပေါ်ဖြာကျနေသည်။

အဝေးရှိ လမ်းပေါ်တွင် ကားတစ်စီးမှ ဖြတ်သွားခြင်းမရှိချေ။

ကောင်းကင်ရှိ လမင်းကလည်း အနက်ရောင်တိမ်ဆိုင်များ၏ ဖုံးလွှမ်းမှုကို ခံလိုက်ရလေပြီ။ ကြယ်စင်များကလဲ ပျောက်ကွယ်နေသည်။

Husky ၏ ခေါင်းက သံတိုင်ကြားထဲမှ ထွက်လာသည်။ သူသည် သူ၏ အရှေ့မှ မိစ္ဆာကောင်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။

မိစ္ဆာကောင်ပဲ။

ဒီလောက်ရက်စက်တဲ့ သူမျိုးကို မမြင်ဖူးဘူး။ မကယ်တဲ့အပြင် ရိုက်တောင် ရိုက်နေသေးတယ်။ ရိုက်တယ်ဆိုရင်လည်း ဒီတိုင်း ရိုးရိုးတမ်းတမ်း ရိုက်ပေါ့။ နောက်ပြီး နှိပ်စက်နေသေးတယ်။

ဂျီ။

ဂျလု ဂျလု။

ဟားဟား တစ်အားမွှေးတယ်။

ဆုပိုင်က ဘယ်ဘက်လက်ဖြင့် ကြက် ခြေထောက်ကို ကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် coke ကိုင်ထားသည်။ သူသည် အာဟ၏ မျက်နှာချင်း ဆိုင်တွင် ထိုင်ကာ ဆွဲဆောင်မူရှိစွာ ဝါးစားပြနေသည်။

“ မကြည့်နဲ့”

အာဟ၏ မျက်လုံးက ဘေးဘက်သို့ ရောက်သွားကြောင်း မြင်သောအခါ ဆုပိုင်က နှာဖူးကို တစ်ချက်ပုတ်ပြီး ပေါင်ကို ဝါးစားပြပြန်သည်။

“ နူးညံ့နေတဲ့ အသားကိုကြည့်ဦး။ အတော်လေးကို စားလို့ကောင်းတာပဲ”

“ ငါ မင်းကို အနံ့ ခံခိုင်းမယ်လေ။ ဘယ်လိုလည်း မွှေးလား။ မွှေးလား”

ဆုပိုင်က ကြက်ခြေထောက်ကို အာဟ၏ နှာခေါင်းနားသို့ တွန်းပေးပြီး ပြုံးလိုက်သေးသည်။

ဂလု ဂလု ဂလု…။

ထိုအကောင်က ဆက်တိုက် တံတွေး မြိုချနေကြောင်း မြင်သောအခါ ဆုပိုင်က ဂုဏ်ယူစွာ ပြောသည်။

“ ဟွန့် ငါမင်းကို မနိုင်ဘူးလို့ ထင်လား”

တိုက်ရိုက် ထုတ်လွှင့်မူ အခန်းထဲမှ လူများက ကြောင်အ သွားကြသည်။ ထို့နောက် သူတို့သည် အရယ် မရပ်ကြတော့ချေ။

ဆုပိုင်က take away ရှိဆိုင်မှ အရသာရှိသော စားစရာများကို ဝယ်လာပြီး ထိုအကောင်၏ ရှေ့တွင် စားပြသော အခါမှသာ အားလုံးက စာများ ရိုက်ကြတော့သည်။

[တော်တော်လေး ရက်စက်တာပဲ။ ညနက်ပိုင်းမှာ အဆိပ်ချနေတယ်။ စကားမစပ် ဒါရိုက်တာ ဆုပိုင်က ဘာစားနေတာလဲ။ ဘာလို့ အရသာရှိတဲ့ပုံ ပေါ်နေတာလဲ။ အနံ့က ဖန်သားပြင်ကိုတောင် ဖောက်ပြီးလာနေ သလိုပဲ။]

[ သူက ချက်ချင်း ဆိုသလိုပဲ ငါချ က်ထားတဲ့ ခေါက်ဆွဲတွေက မဝေးတော့ဘူးလို့ ခံစားလိုက်ရတယ်။]

[ငါကပဲ ဒီ အာဟက သနားစရာ ကောင်းတယ်လို့ ခံစားမိနေတာလား။ သူ ငိုတောင် ငိုတော့မယ် ထင်တယ်။ ]

[ ပြေမနေနဲ့တော့။ ငါလဲ ငိုတော့မလို့ ဟုတ်လား။ ဒီလုံးလုံးဝိုင်းဝိုင်းနဲ့ ကြက်ပေါင်လို့ ခေါ်တဲ့အရာက ဘယ်လိုပဲ ကြည့်ကြည့် စားချင်စရာပဲလေ။ ]

[အာဟ: ငါလူသား မဟုတ်ဘူးဆိုပေမယ့်လည်း မင်းကမှ တကယ့်ခွေးပဲ။ ပြောစကားတောင် ရှိနေသေးတယ်။ ဒါမယ့် ငါ ဘယ်လို ပြောရမလဲသာ မသိတာ။]

[ဟားဟားဟား…]

209 02

[ ငါယုံကြည်မူ အပြည့်နဲ့ ပြောန်ိုင်တယ်။ ဒါရိုက်တာ ဆုပိုင်က ဒီ အာဟကိုကိုင်တွယ်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု စဥ်းစားနေတာ ဖြစ်မယ်။ တော်တော်လေး ရယ်နေရတာပဲ။]

[ တော်တော်လေး ရက်စက်လိုက်တာ။ အာဟရဲ့ မျက်လုံး ကိုကြည့်ဦး။ သေချင်နေပြီ။]

….

တပိုင်က လွဲပြီး ဆုပိုင်က မည်သည့် တိရစ္ဆာန်ကိုမှ ထိုသို့ မဆက်ဆံဖူးချေ။ အရှေ့မှ အာဟကောင်က ဒုတိယမြောက်တစ်ကောင် ဖြစ်သည်။

တပိုင်ကို ဆက်ဆံသည်ထက်ပင် ပို၍ ရက်စက်သေးသည်။

အနည်းဆုံး ပန်ဒါကြီးကို မျှစ်များ ကျွေးသေးသည်။ ထို့အပြင် ယခုလို နှိပ်စက်မှုမျိုးကို မခံစားရချေ။

ဝုတ်။

“ မစားနဲ့။ ကျေးဇူးပြုပြီး မစားပါနဲ့တော့”

အာဟက ငိုညည်းသည်။ သူက ဆုပိုင်ကို အသနားခံလိုက်သည်။

တော်တော်လေးကို နှိပ်စက်နေတာပဲ။ ဘယ်ချိန်က ခွေးက ဒီလို သိက္ခာကျဖူးလို့လဲ။ သူသည် ဒီကျုံးဟန်ကျန်းရှင်း လမ်းတွင် တစ်ပါတ်လုံးလုံး သွားလာနေခဲ့သည့် အခိုက်တန့်အတွင်း အခြားသော လူများကိုသာ စနောက်ခဲ့သည်။ ယခုလို တစ်ခါမှ အဆက်ဆံ မခံရခဲ့ပါချေ။

ထိုနည်းလမ်းမှ တစ်ဆင့် သူ၏ ဝိဉာဥ် အပေါ် အများကြီး ထိခိုက်သွားလေသည်။

“ စားချင်လား”

ဆုပိုင်က အရိုးကို တစ်ချက် လျက်လိုက်ပြီး တပိုင်၏ ပါးစပ်ထဲသို့ ထည့်ပေးကာ ပြောသည်။

“ တအားကောင်းတာ”

အာဟက သွားကို တစ်ချက်သပ်လိုက်ပြီး ချက်ချင်းဆိုသလို လျှာကို ထုတ်ကာ လှမ်းလျက်ရန် ကြံစည်သည်။ သို့သော် အရှေ့မှ လူငယ်ကမူ လက်ကို ရုတ်သွားသည်။

ဝုတ်။

“ ရပ်မယ်”

သူက တစ်ချက် ဟောင်လိုက်သည်။ အာဟက ချက်ချင်း ထလိုက်ပြီး ခွန်အားကို သုံးကာ ခေါင်းကို ဆန့်ထုတ်လိုက်သည်။

ထိလို့တောင် မရဘူး။

ငါ လျက်နိုင်တော့မှာ။

ဘုန်း။

ရုတ်တရက် သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပြေလျှော့သွားသည်။ အာဟက မင်သက်စွာ လှည့်ကြည့်လိုက်သောအခါ သူဟာ တိုင်ထဲမှ ထွက်လာကြောင်း သိလိုက်ရသည်။

“ ဟားဟားဟား မင်းတော့ အဆုံးသတ်ပြီ”

သူဟာ စိတ်လှူပ်ရှားစွာ အော်ရယ်သည်။ အာဟက ပါးစပ်ကို ဖွင့်ပြီး ချက်ချင်း ခုန်ဝင်လာသည်။

မည်သို့ပင်ဆိုစေ သူသည် ဒီအကောင်နှင့် တိုက်ခိုက်ရပေမည်။

.....

ထို့နောက် မနက်ခင်း နေရောင်က ဆင်းသက်လာသည်။ အာဟက မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်သည်။ သူဟာ သူ၏ သူရှေ့တွင် ထိုင်နေသော လူငယ်ကို ကြောက်လန့်မှု အပြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက တုန်ရင်သွားသည်။

“ နိုးပြီလား။”

ဆုပိုင်က တစ်ချက် ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။

“ ငါ့ကို မရိုက်ပါနဲ့။ ဝူးဝူးဝူး။ ငါ မှားပါတယ် မရိုက်ပါနဲ့”

အာဟက ခပ်မြန်မြန် လက်သည်းလေးကို ထုတ်ပြီး ခေါင်းကို ငုံ့လျက် ငိုညည်းနေလေသည်။

ငါမနေ့ညက ကလဲ့စား ချေနိုင်တေ့ာမယ်လို့ ထင်ခဲ့တာ။ မမျှော်လင့်ထားပဲ။

သူတို့က ပြိုင်ဘက်တောင် မဟုတ်ခဲ့ဘူး။

209 03

ဝူးဝူးဝူး။

ဆုပိုင်က သူ၏ ခြေထောက်နားမှ အကောင်ကို တစ်ချက် ကြည့်ပြီး အသက်ပြင်းပြင်း ရှူသည်။ တစ်ညလုံး ကိုင်တွယ်ပြီးနောက် ထိုအကောင်ကို အနိုင်ပိုင်း၍ ရသွားသည်။ သို့သော် ပြဿနာတစ်ခုက ရှိသွားပြန်သည်။ ယခုချိန်ထိ စနစ်က တာဝန် ပြီးမြောက်ကြောင်း မပြောသေးချေ။

ဒါက တော်တော်လေး ကြောက်ဖို့ကောင်းတယ်။

သူ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေရဦးမှာလား။

ဆုပိုင်က မျက်မှောင် အသာကျုံ့ပြီး မတ်တပ် ထရပ်လိုက်သည်။

ထို့နောက် ခြေထောက်နားမှ အာဟကို တရွတ်တိုက် ဆွဲလျက် လမ်းတောက်လျောက် လျှောက်လာခဲ့ရသည်။

သူ အိပ်ချင်နေပြီ။

သူ ပန်းခြံအတွင်း ထိုင်ခုံတွင်သာ ထိုင်နေခဲ့ရသည်။ ထိုအကောင်၏ အိမ်ကို ဖျက်စီးတတ်သော အကျင့်ကြောင့် ဘာမှပင် မလုပ်ရဲခဲ့ချေ။

သို့သော် မနေ့ညက သင်ခန်းစာပေးပြီးနောက် ထိုအာဟက အများကြီး ယဥ်ပါးသွားသည်။ သူသည် သိုးသာသာ ယဥ်ပါးသွားသည်။

ထိုအခြေနေက ဆုပိုင်ကို စိတ်အေးစေသည်။ သို့မဟုတ် သူကိုယ်တိုင် လုံခြုံမှုအတွက် လှောင်အိမ် ဝယ်သင့်သည်။

“ သော့များများ ခတ်ရမယ်”

တစ်ချက် ညည်းညူလိုက်ပြီးနောက် ဆုပိုင်က အာဟကို ခေါ်ကာ အိမ်မွေးတိရစ္ဆာန် ဆိုင်ကို လိုက်ရှာသည်။

ဝုတ်။

“ ငါ မဝင်ဘူး။ ငါ မဝင်ဘူးနော်”

အာဟက ရှေ့မှ တိရစ္ဆာန်လှောင်အိမ်ကို ကြည့်ပြီးအော်သည်။

နောက်မှ လူငယ်လေးက လက်ကို တဖက်မြောက်လိုက်သာအခါ သူဟာ အလိုအလျောက် အမြှီးကို ရုတ်လျက် ခပ်မြန်မြန် ဝင်သွားရသည်။

“အာဟက တော်တော်လေး သန်မာတာပဲ”

တိရစ္ဆာန်လှောင်အိမ်ထဲတွင် နေရင်း သူက အရှေ့မှ မိစ္ဆာဘုရင်ဆုကို လှမ်းရယ်ပြသည်။

ဘေးဘက်မှ hotel ဝန်ထမ်းလေးက သူ့ကို စိတ်ရှုပ်ထွေးသလို ကြည့်သည်။ ထို့နောက် လျော်ကြေးကဒ်ကို စားပွဲပေါ်သို့ တိုက်ရိုက်တင်လိုက်ရင်း ပြောသည်။

“ Hello လူကြီးမင်း”

“ ငါတို့ရဲ့ Hotelက တိရစ္ဆာန်တွေကိုတော့ ဝင်ခွင့် မပြုဘူးဆိုပေမယ့် ဘာပဲ ဖြစ်ဖြစ် မင်းရဲ့ တိရစ္ဆာန်ကိုတော့ လှောင်အိမ်ထဲက မထွက်စေရင် ရပါတယ်”

“ Hotelမှာ နေ့ချိန်ဆိုရင် ဧည့်သည်တွေအများ ကြီးရှိတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မရှိစေဖို့အတွက် မင်းကိုယ်တိုင် တာဝန်ယူပေးဖို့ မျှော်လင့်တယ်”

“ ကောင်းမွန်တဲ့ နေ့တစ်ရက် ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။ ငါ မနှောက်ယှက်တော့ဘူး”

ထိုသို့ ပြောပြီးနောက် လှောင်အိမ်အတွင်း လှုပ်ရှားမှု ကင်းမဲ့စွာလှဲနေသော Huskyကို တစ်ချက်ကြည့်ကာ စားပွဲထိုးက မျက်မှောင်ကြုတ်ကာ ထွက်သွားသည်။

ဒီခွေးက တစ်ခုခုတော့မှားနေတယ်လို့ ငါခံစားနေရတယ်။

နောက်ပြီး ဒီလောက် နာခံတဲ့ Husky မျိုးကို မမြင်ဖူးသလိုပဲ။

ချွင်။

တံခါးကို သော့ခတ်ပြီးနောက် ဆုပိုင် က ထိုအကောင်၏ လှောင်အိမ်ထဲသို့ ရေနည်းနည်းထည့်သည်။ ထို့နောက် coat အကျီကို ချွတ်လျက် ရေချိုးခန်းအတွင်းသို့ ဝင်သွားလိုက်သည်။

သူသည် တစ်ညလုံး မအိပ်ရသေးချေ။ သူ ကောင်းကောင်း အိပ်ရန် လိုအပ်နေသေးသည်။ ဆုပိုင်ကလည်း စနစ်က ပေးသော တာဝန်က သူသည် ထို Husky နှင့် ရက်အနည်းငယ် အတူနေရန်သာ ဖြစ်ကြောင်း ထင်လိုက်သည်။ ထို့ကြောင့် ထိုအကောင် အိမ်ကို မဖြိုချအောင် ကာကွယ် ရပေမည်။

မည်သို့ပင်ဆိုစေ စနစ်၏ တာဝန်များက အမြဲတစေ အခက်ခဲဆုံး အကန့်အသတ်က ရှိတတ်သည်။

တစ်ခုခု မှားလို့ မဖြစ်ဘူး။

ဆုပိုင်က ထွက်သွားပြီး သိပ်မကြာခင် အာဟက ရုတ်တရက် ထရပ်လိုက်သည်။ သူသည် ပါးစပ်ကို ဟ ပြီး ရှေ့မှ သံမဏိ ဘောင်ကို ကိုက်သည်။

209 04

တအား မာတာပဲ။ ကိုက်လို့မရဘူး။

သူဟာ အရှေ့တွင် ချိတ်ဆွဲထားသည့် သော့နှစ်ခုကို ကြည့်လိုက် ပြီး နှူတ်ခမ်းများက အထင်သေးသလို ကော့တက်သွားသည်။

သော့နှစ်ခုတောင် ခတ်ထားတယ် ဟုတ်လား။

လာစမ်းနေတာပဲ။ ဆယ်ခု ခတ်ထားရင်တောင် သူ့ရဲ့ နှလုံးသားကို ပိတ်လှောင်ထားဖို့ မဖြစ်နိုင်ဘူး။

ဂီတ သံများကို နားထောင်ရင်း အာဟက ပြုံးလိုက်ကာ သူ၏ လက်သည်းလေးဖက်လုံးကို တဖြည်းဖြည်းခြင်း ထုတ်လိုက်သည်။

ဟားဟား မင်း တွေးတောင် တွေးနိုင်မှာ မဟုတ်ဘူး။

လှောင်အိမ် ၏ အောက်အကန့်က ရုတ်တရက် ကန်ဖွင့်ခံလိုက်ရသည်။ သူဟာ ဖင်ကို ခါရင်း သံမဏိဘောင်ကို တရွတ်တိုက်ဆွဲလျက် အိပ်ရာ ဘေးသို့ တဖြည်းဖြည်းချင်း သွားသည်။ ထို့နောက် လျှာကို ခပ်ကြမ်းကြမ်း ဆန့်ထုတ်လိုက်ကာ အဝတ်များပေါ်တွင် တင်ထားသည့် သော့ကို လှမ်းယူလိုက်သည်။ ထို့နောက် ပါးစပ်ဖြင့် ကိုက်သည်။

အာဟက ထွက်လာသည့် ဆုပိုင်ကို တစ်ချက်ကြည့်ပြီး ခပ်မြန်မြန် နောက်ဆုတ်သည်။

ဂျွတ်။

ဆုပိုင်က တံခါးကို ဖွင့်ပြီး ထွက်လာသည်။ သူဟာ မျက်လုံးပိတ်ကာ အိပ်နေသည့် အာဟကို ကြည့်လိုက်ပြီး အသာပြုံးလိုက်သည်။

တစ်ညလုံး ရုန်းကန်ပြီးနောက် သူသည်လည်း ထိုအကောင်ဟာ အင်အားအပြည့်ရှိနေဦးမည်ဟု မယုံကြည်ပါချေ။

လိုက်ကာများကို ချထားသောအခါ hotel ခန်းတစ်ခုလုံးဟာ အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။

ဆုပိုင်က အိပ်ရာထဲတွင် လဲပြီး အိပ်စက်နေသည်။

အချိန်အတန် ကြာပြီးနောက် မျက်လုံးတစ်စုံသည် ရုတ်တရက် ပွင့်လာသည်။ လျှာကို ထုတ်လျက် ကိုက်ထားသော သော့ကို ထွေးထုတ်လိုက်သည်။

သော့ဖွင့်တဲ့ ကိစ္စကတော့

++++++ 210 01

အခန်း 210

သူဟာ ဆရာသခင် အဆင့်ရောက်နေပြီလို့ ပြောရင် ချဲ့ကားရာ မရောက်နိုင်ဘူး။

သူသည် လျှာကို သုံးပြီး သော့ကို သော့ချိတ်အတွင်းသို့ပင် ထိုးထည့်နိုင်သည်။

သူ၏ သွားက သံမဏိဘောင် ပေါ်တွင် ကိုက်ခဲထားပြီးနောက် လျှာကို ဆန့်ထုတ်လိုက်ပြန်ကာ အချိန်ကြာကြာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် သော့ကို ထိုးထည့်၍ရသွားသည်။

ကလစ်။

သော့ဖွင့်သံကိုနားထောင်နေရင်း အာဟက ခေါင်းကိုမော့လျှက် သတိဖြင့်ထားကာ ကြည့်သည်။ ထိုအခါ ဆုပိုင် က လှုပ်ရှား ခြင်းမရှိပဲ အိပ်ပျော်နေသည်ကို အချိန်ကြာကြာမြင်ရမှသာ စိတ်အေးသွားသည်။ သူသည် ခွေးလှောင်အိမ်တံခါးကို ခပ်တိုးတိုးဖွင့်လျက် ခေါင်းကို ခပ်မြင့်မြင့် မြှောက်လိုက်သည်။

ဟူး။

ဝုတ်။

ဒါက လွတ်လပ်မှူရဲ့ ရနံ့ပဲ။

သူဟာ မနေနိုင်ဘဲ ဟောင်လိုက်မိသည်။ ထို့နောက် အိပ်ရာဘေးသို့ ပြန်ပြေးသွားပြီး သူ၏ ခေါင်းကို ဆောင်အောက်သို့ ထိုးထည့်လျက် အချိန်ကြာကြာ စိုက်ကြည့်နေလိုက်သည်။

မဟုတ်သေးပါဘူး။

ဒီကောင်က အဝတ်တစ်ထည်တည်း ဝတ်ပြီး အိပ်တယ်။ ဘယ်နေရာကို ဆွဲဖြဲရမှာလဲ။

ဒါပေမဲ့….

သူ၏ သွေးထိုး စမ်းလိုစိတ်က ပြင်းထန် လာသည်။ မနေ့ညက အရှက်ခွဲခံရသော ကိစ္စအရ သူဟာ မိစ္ဆာဘုရင်ဆုကို ပြန်လည် ပေးဆပ်ခံရပေမည်။

ငါ အာဟက ဘယ်တော့မှ လက်မလျော့ဘူး။

သူသည်အံကို တင်းတင်းကျိတ်လျက် ပါးစပ်ကိုဖြဲပြီး ကုလားထိုင်ပေါ်မှ အဝတ်များကို ဆွဲဖြဲ ပစ်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆွဲချလိုက်သည်။ ထို့နောက် အင်္ကျီများများ ထွက်လာသော အသံမျိုးကို ကြားရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

နောက်ပြီး coat အင်္ကျီ ။

“ဟေး။ ဘာလို့ဘော င်းဘီကို ဂျင်းသားနဲ့ လုပ်ထားတာလဲ။ ငါမင်းကို အပေါ်ကလေးတွေ ဖောက်ပေးမယ်လေ။ သေးပေါက်ရ လွယ်တာပေါ့”

“ ဟုတ်တယ်။ ဟုတ်တယ်။ ဒီဘောင်းဘီပေါ် သေးပန်းပေးရဦးမယ်”

“ အာ ဟုတ်သားပဲ။ ဘာလို့ sofa ထဲမှာ အမွှေးက ရှိနေတာလဲ”

“ ဟေး ဒီသစ်သား ကုလားထိုင်က တော်တော်လေး မာတယ်။ သွားသွေးလို့ ရတာပေါ့။”

“နောက်ပြီး အိမ်သာအဖုံး”

“နောက်ပြီး ကော်ဇော။ ဘာ ကော်ဇောမှာ လှဲအိပ်ရဲတယ်ပေါ့ ဟုတ်လား”

သူဟာ Hotel ခန်းအနှံ့ လျောက်သွားနေသည့် ပိုးဟပ်ကို ကြည့်ရင်း အသက်ရှူခြင်း မရှိလောက်အောင် အလုပ်များသွားသည်။

သူ၏ အရှေ့မှ လက်ရာမြောက်သော လက်ရာကို မြင်သောအခါ အာဟက စိတ်လှုပ်ရှားစွာဖြင့် သူ၏ ချွန်ထက်နေသည့် အစွယ်ကို တစ်ချက် လျက်လိုက်သည်။ ပစ္စည်းများကို ဖြဲထားရသောကြောင့် သွားက နည်းနည်း ကျိန်းနေသော်လည်း အခြေနေက ကောင်းသေးလေပြီ။ ထို့နောက် သူက တစ်ဖန်လှည့်ပြီး လှောင်အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။

ထို့နောက် လက်သည်းလေးကို ဆန့်လျက် တံခါးလေးကို ပြန်ဆွဲပိတ်လိုက်သည်။ အလိုလျောက် သော့ပိတ်သွားသော အသံကို ကြားသောအခါ သူဟာ မျက်လုံးကိုမှိတ်ပြီး ကျေနပ်စွာအိပ်လေပြီ။

210 02

ဆုပိုင်က အိပ်မော ကျသွားသော်လည်း တိုက်ရိုက် ထုတ်လွင့်မှု အခန်းကမူ မပိတ်ထားချေ။ ထို့ကြောင့် သူတို့သည် အရာအားလုံးကို မြင်လိုက်ရလေသည်။ သို့သော်…

လူတိုင်းဟာ ဖြစ်ပျက်သွားသော ကိစ္စများကို ကြည့်ရင်း အံအား သင့်နေကြသည်။

မင်း ဉာဏ်ကောင်းရင်တောင် ဒီလောက်ထိ မကောင်းလေဘူး။ ဟုတ်တယ်မလား။ ဒါက မှင်စာလား။

ထိုအရာသာ မကသေးပေ။ အထူးသဖြင့် ထိုအကောင်က hotel တစ်ခုလုံးကို ရှပ်ထွေးရန် ဖျက်စီးပြီး ဘာမှမလုပ်ချင်ဟန် ဆောင်ကာ လှောင်အိမ်ထဲ ပြန်ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သော မြင်ကွင်းက လူတိုင်းကို ချွေးစီး ပျံသွားလောက်စေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်သာ မဟုတ်လျှင် ထိုအကောင်လုပ်ကြောင်း မည်သူကမှ မသိလောက်ချေ။

အိပ်ရာ နိုးလာသောအခါ အခန်းကို လုယက်ခံရသည်ဟုပင် ထင်မိလိုက်သည်။

[ငါ ယုံသွားပြီ။ ငါ ယုံသွားပြီ]

[ဒါရိုက်တာ ဆုပိုင်က ဒီအကောင်က ကိုင်တွယ်ဖို့ တအားခက်တယ်လို့ ပြောတာ မအံ့သြတော့ပါဘူး။ တော်တော်လေးကို ကြောက်စရာ ကောင်းတာပဲ။]

[ငါ့အမေက ထပ်ခါတလဲလဲ လာပြီး ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှု အရှေ့မှာ ဒူးထောက်ပြီး ကြည့်နေတာလဲလို့ မေးနေတာ။ ငါလဲ မသိတော့ပါဘူး။]

[စကားမစပ် ရှေ့ခေတ် လူမှုအသိုင်းမှာ ဒီလိုအကောင်မျိုးကို တကယ်ပဲ မွေးကြတာလား။ ကိုယ့်ကိုကိုယ် ဒုက္ခပေးနေတာ မဟုတ်ဘူးလား]

[ ငါနိုးလာတဲ့ အချိန်မှာ အရာရာ အားလုံး ပြောင်းလဲသွားပြီ။]

[ အာဟ အံသြ သွားလား။ အံသြ သွားလား။ ပျော်လား။ ]

[ ဟားဟားဟား ငါ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကို မပိတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဆုပိုင် နိုးလာရင် ဘယ်လို ဖြစ်သွားမလဲ သိချင်နေပြီ။]

[ ငါတော့ ဘဝကိုတောင် သံသယ ဝင်နေပြီ။ ဒီကောင်နဲ့သာဆိုရင် နှလုံးရောဂါရမှာပဲ။]

တိုက်ရိုက် ထုတ်လွှင့်မှုအခန်းတွင်း လှုပ်ရှားမှုများ မရှိတော့သလို လူတိုင်းကလည်း ဖန်သားပြင် ကိုသာ စိုက်ကြည့် နေကြသည်။ သူတို့သည် ပြပွဲကောင်းတစ်ခုကို လွတ်သွားမည့်အရေးကို ကြောက်လန့် နေကြသည်။

ဒါရိုက်တာ ဆုပိုင်က ယခုလို တိုက်ရိုက် ထုတ်လွှင့်ချိန်က စတင်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ထိုးနှက်မှူကြီးကို ခံစားလိုက်ရခြင်း ဖြစ်သည်။ ခံစားကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းသည်။

သူနိုးလာတဲ့ အခါဘယ်လို သင်ခန်းစာ ပေးမလဲ အားလုံးက သိချင်နေကြသည်။

******

All Chapters