← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း ၁၄၃- ငါတို့က အစစ်အမှန်ပဲ ကစားတယ်။

လုပေါင် ၏ Comment မှာ ထို အလိမ်ဖော်ဘုရင် ဆိုသူအား တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

“အလိမ်ဖော်တာက ကောင်းတဲ့အလုပ်ပါ။ ဒါပေမဲ့ ငါ့ဆီလာပြီး ပြဿနာရှာတယ်ပေါ့ ဒါဆိုရင်တော့ ပေါင်သခင်လေးက မင်းပါးကို ဖြတ်ရိုက်ပြရတာပေါ့။”

အင်တာနက်ပေါ်တွင် ရန်စတတ်သော ကီးဘုတ်သမားများကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အမှန်တရားဖြင့် သူတို့ပါးကို နာနာလေး ရိုက်ပြရန်သာ ဖြစ်သည်။

Comment ပေးပို့ပြီးနောက် လုပေါင်သည် ဖုန်းကို အိတ်ထဲသို့ ထည့်လိုက်ကာ ချပ်ဝတ်နဂါးကြီးကို ပုတ်ပြီး ဦးတည်ရာတစ်ခုသို့ ခိုင်းစေလိုက်သည်။ပုရွက်ဆိတ်နီများသည် အသုံးဝင်သော ဆေးပင်များကို ပထမဆုံး ရှာတွေ့ထားပြီးဖြစ်သည်။

တရုတ်ပြည်ရှိ မြို့တစ်မြို့တွင်။

“မြန်မြန်... ဒီကိစ္စကို အရှိန်မြှင့်လိုက်စမ်း။ လူကြည့်နှုန်းကို ဖမ်းဆုပ်ရမယ်။ဒီကောင်က အခုတလော အရမ်းနာမည်ကြီးနေတာ အခုတော့ ငါတို့လက်ထဲ ရောက်လာပြီ။ဒီအခွင့်အရေးကို အသုံးမချရင်တော့ ငါတို့က ငတုံးတွေပဲ။”

“ဒီကောင်က ငါတို့ကို ပြန်တုံ့ပြန်ရဲတယ်ပေါ့ ငါတို့ ဘာလုပ်စားလဲဆိုတာ သူသိရဲ့လားငါတို့က ဒီ Traffic နဲ့ အသက်မွေးနေတာ။ဒီတစ်ခါတော့ သူ့ကို အသေကစားပစ်မယ်။”

“ငါးမိနစ်အတွင်းမှာ ရတနာနတ်ဘုရားကို ပစ်မှတ်ထားတဲ့ အလိမ်ဖော်ဗီဒီယိုအသစ် တစ်ခုကို ငါမြင်ချင်တယ်။”

MCN အေဂျင်စီတစ်ခုအတွင်းတွင် Operation အဖွဲ့တစ်ခုလုံးမှာ မောက်စ် တွေကို ကလစ်နှိပ် ကီးဘုတ်တွေကို ရိုက်ပြီး လုပေါင်ကို ပုတ်ခတ်မည့် ဆောင်းပါးများနှင့် ဗီဒီယိုများကို အပြင်းအထန် ဖန်တီးနေကြတော့သည်။

ထိုအချိန်တွင် သူတို့၏ တိုက်ခိုက်ခြင်းကို ခံနေရသော လုပေါင်မှာတော့ သွားရည်တောက်တောက် ကျနေလေသည် မူလက လုပေါင်သည် ဆေးပင်များကို လိုက်လံစုဆောင်းရန်သာ ရည်ရွယ်ခဲ့သော်လည်း လမ်းခုလတ်တွင် လူငါးခြောက်ယောက် ဖက်စာလောက်ရှိသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။သစ်ခေါင်းထဲမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

လုပေါင် ခေါင်းပြူကြည့်လိုက်ရာ

“ဘုရားရေ...”

သစ်ခေါင်းထဲတွင်ပျစ်ခဲနေသော ပျားရည်များ ပြည့်နေသည်မှာ စီးဆင်းနေသော ရွှေခဲကြီးများအလား။ဝဖင့်နေသော ပျားဘုရင်မကြီးမှာ သစ်ခေါင်းထဲတွင် ပုန်းနေရင်း လုပေါင်ကို ကြည့်နေသည်။ဘေးပတ်လည်တွင် ပျားအသေများစွာ ရှိနေသည်မှာ ပုရွက်ဆိတ်နီတပ်များ ဝင်ရောက်စဉ်က ဘုရင်မကို ကာကွယ်ရင်း သေဆုံးခဲ့ကြခြင်း ဖြစ်မည်။ထိုပျားများမှာလည်း သာမန်ထက် များစွာ ကြီးမားလှသည်။

“ဒါတွေက ပျားရည်အနှစ် တွေလား။”

လုပေါင် လက်ဖြင့် တို့စားကြည့်လိုက်ရာ အလွန်ပင် ချိုမြိန်လှပြီး ခန္ဓာကိုယ်ထဲတွင် ခွန်အားများ ချက်ချင်း တိုးတက်လာသလို ခံစားလိုက်ရသည်။လုပေါင်သည် သစ်သားတုံးတစ်ခုကို ခွက်အဖြစ် အသုံးပြုကာ ပျားရည်အနှစ်များကို အတော်များများ ခပ်ယူလိုက်သည်။ထို့နောက်မှ ခရီးဆက်တော့သည်။

လမ်းတစ်လျှောက်တွင် လုပေါင်သည် ပျားရည်အနှစ်များကို မြည်းစမ်းရင်း ပုရွက်ဆိတ်နီ တပ်မတော် ရှာပေးထားသော ဆေးပင်များကို လက်ခံရယူသည်။အနှစ်တစ်ထောင် ဂျင်ဆင်း၊ အနှစ်တစ်ထောင် လင်ဇီးမှို၊ နှစ်ငါးရာ သက်တမ်းရှိ နှင်းကြာပန်းသီး၊ နှစ်ရှစ်ရာ သက်တမ်းရှိ အိန်ဂျယ်လီကာ စသည့် ရှားပါးဆေးပင်များမှာ ကျွန်းပေါ်တွင် အလွန်ပင် ပေါများလှသည်။ပြင်ပလောကတွင် ရှာရခက်သော ဆေးပင်များမှာ ဤကျွန်းပေါ်တွင် နေရာတိုင်း၌ ရှိနေသကဲ့သို့ပင်။

သို့သော် လုပေါင် ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။

“ပုရွက်ဆိတ်နီတပ်နဲ့ ကြွက်တပ်က အကျအဆုံး အရမ်းများနေတာပဲ။”

တစ်ရက်အတွင်းမှာတင် အကျအဆုံးမှာ တစ်သောင်းကျော်သွားပြီဖြစ်သည်။ဤကျွန်းပေါ်တွင် ဘေးအန္တရာယ်များစွာ ရှိနေကြောင်း လုပေါင် သိလိုက်ရသည်။

“မနက်ဖြန်ကျရင်တော့ ပေါင်သခင်လေး ကိုယ်တိုင် ဦးဆောင်မယ်။ဘယ်လို မိစ္ဆာတွေက ငါ့လမ်းကို ပိတ်ရဲလဲဆိုတာ ကြည့်ရတာပေါ့။”

လုပေါင်သည် ပျားရည်နှင့် ဆေးပင်များကို ယူဆောင်ကာ အမျိုးသမီးနှစ်ဦးရှိရာ ဂူသို့ ပြန်လာခဲ့သည်။သူသည် ပျားရည်အချို့ကို ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့အား သောက်ရန် ပေးလိုက်သည်။ထိုပျားရည်ကို သောက်ပြီးနောက် ကျန်းရွှယ်ချီမှာ ပို၍ လန်းဆန်းလာပုံရသည်။

နောက်တစ်နေ့ မနက်တွင် လုပေါင် နိုးလာသောအခါ အသားကင်နံ့မှာ ဂူတစ်ခုလုံး သင်းပျံ့နေသည်။အမျိုးသမီးနှစ်ဦးသည် လုပေါင် ယူလာပေးသော သားရဲသားများကို ပျားရည်သုတ်ကာ ကင်နေကြခြင်းဖြစ်သည်။

“ပျားရည်ကို ဒီလိုလည်း သုံးလို့ရတာလား။ ဒါပေမဲ့ အနံ့ကတော့ တကယ်မွှေးတာပဲ။”

လုပေါင် အဝစားပြီးနောက် ထရပ်လိုက်သည်။

“အလုပ်လုပ်ရမယ့်အချိန် ရောက်ပြီ။ဆေးသွားရှာပြီး ရောဂါကုကြစို့။”

သူသည် ချပ်ဝတ်နဂါးပေါ် တက်ကာ ချက်ချင်းပင် Live လွှင့်လိုက်သည်။ကြည့်ရှုသူ အရေအတွက်မှာ ချက်ချင်းပင် ထိုးတက်သွားတော့သည်။လူအများအပြားမှာ မနက်အစောကတည်းက စောင့်နေကြခြင်းဖြစ်သည်။

“ရတနာနတ်ဘုရား နောက်ဆုံးတော့ လာပြီဟေ့။”

“ကျုပ်တော့ တကယ် စိတ်တိုနေပြီ။ရတနာနတ်ဘုရားရေ... မြန်မြန် ဆေးသွားရှာပြီး ဟို ပိုက်ဆံရရင် ဘာမဆိုလုပ်တဲ့ အကောင့်တွေရဲ့ ပါးကို ရိုက်ပြလိုက်စမ်းပါ။”

Comment များကိုကြည့်ရင်း လုပေါင်အခြေအနေကိုခန့်မှန်းမိသည်။သူ၏ မနေ့က Comment ကြောင့် ဟို အလိမ်ဖော်ဘုရင် နှင့် စစ်ပွဲစနေပြီ ဖြစ်သည်။ထိုကဲ့သို့ ရန်စတတ်သူကတော့ နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။သို့သော် လုပေါင်ကရော နောက်ဆုတ်မည်လား။

“ဝေးသေးတယ်။”

သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး ဆဲနေမှတော့ လုပေါင် အောင့်ခံနေလိမ့်မည် မဟုတ်ပေ။

‘အကျိုးဆက်လား ဂရုမစိုက်ဘူး။’

“ညီအစ်ကိုတို့... ကျွန်တော် အများကြီး မပြောတော့ဘူး။Live ကိုပဲ ကြည့်လိုက်ပါ။ ဘယ်သူမဆို လေကြီးလို့ရပေမဲ့ ငါတို့ကတော့ အစစ်အမှန်ပဲ ကစားတယ်။”

အခန်း ၁၄၄ - ဒဏ္ဍာရီလာ နေမင်းပိုးကောင်။

ချပ်ဝတ်နဂါးကြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် လှမ်းတက်လိုက်သည်နှင့်အတူ ဒီနေ့အတွက် Live အစီအစဉ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

“အမေရေ... သားတော့ အောင်မြင်ပြီ သားလည်း နဂါးစီးနေရပြီဗျ။”

“ဟာ... ဒါက နဂါးပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းလား။”

“ရတနာနတ်ဘုရား... မြန်မြန်သွား။”

“မြေပဲနဲ့ ဖရုံစေ့တွေ အဆင်သင့်ပဲ ရတနာနတ်ဘုရား ဆေးရှာတာကိုပဲ စောင့်နေတော့မယ်။”

“ရတနာနတ်ဘုရားရေ... နဂါးကို ခပ်ဖြည်းဖြည်း သွားခိုင်းပါဦး။ကျွန်တော် ခုနကမှ မနက်စာ စားထားတာ လိုင်းကားမူးသလို မူးပြီး အန်ထွက်ကုန်ဦးမယ်။”

နဂါးကျောပေါ်တွင် ထိုင်နေသော လုပေါင် သည် ခေတ္တစဉ်းစားပြီးနောက် ချပ်ဝတ်နဂါးကို အရှေ့တောင်ဘက်သို့ ဦးတည်ခိုင်းလိုက်သည်။ပုရွက်ဆိတ်နီလေးနှင့် ကျောက်တုံးဘုရင်တို့၏ ပြောကြားချက်အရ ထိုဘက် ဆယ်မိုင်ခန့်အကွာတွင် ကြွက်များ အကျအဆုံး များခဲ့သည့် နေရာတစ်ခု ရှိနေသည်။

“အဲ့ဒီနေရာမှာ တစ်ခုခု ထူးဆန်းနေတာ သေချာတယ်။”

ချပ်ဝတ်နဂါး၏ အစွမ်းကုန် အပြေးနှုန်းဖြင့် မကြာမီမှာပင် ထိုနေရာသို့ ရောက်ရှိသွားသည်။နဂါးကြီး ရပ်လိုက်သည်နှင့် လုပေါင်၏ စိတ်ထဲတွင် အသံတစ်ခု မြည်လာသည်။

“တိ တာဝန် တစ်ခု စတင်ပါပြီ”

“နေမင်းပိုးကောင် များကို ရှင်းလင်းပါ။”

“ဆုလာဘ် - ရှားပါးဆေးပင်များ ပုံပြလက်စွဲစာအုပ်။”

လုပေါင်၏ မျက်နှာမှာ ချက်ချင်းပင် အရောင်စုံ သွားတော့သည်။

“ငါသိသားပဲ ဒီလျှို့ဝှက်ကျွန်းပေါ်မှာ နှစ်လတောင့်ခံရမှာက ဒီလောက် မရိုးရှင်းဘူးဆိုတာ။အခုတော့ တာဝန် တွေတောင် ပေါ်လာပြီပေါ့။”

သို့သော်လည်း လုပေါင်သည် စိတ်လှုပ်ရှားနေမိသည်။

‘ပျင်းနေတာထက်စာရင်တာဝန် ရှိတာက ပိုကောင်းသည် မဟုတ်ပါလား။ပြီးတော့ ဒီ ဆေးပင်ပုံပြလက်စွဲစာအုပ် ဆိုတာက ဘာများလဲာ ဘာပဲဖြစ်ဖြစ် ဆုလာဘ်ဆိုရင် အကုန်ယူမှာပဲ။’

ချက်ချင်းဆိုသလိုပင် လုပေါင်သည် နေမင်းပိုးကောင် ဆိုသည်မှာ ဘာလဲဆိုတာကို သိလိုက်ရသည်။

“ဝူး... ဝူး..”

စနစ်၏ တာဝန် ကို လုပေါင် သတိထားမိလိုက်ချိန်မှာပင် ခြင်အုပ်ကြီး လာသကဲ့သို့ အသံမျိုး သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။သို့သော် ဤအသံမှာ အလွန်ပင် ကျယ်လောင်လှသည်။

“လေကြောင်းလိုင်းတိုက်ခိုက်မှု လေကြောင်းလိုင်းတိုက်ခိုက်မှု။”

ကောင်းကင်တွင် ပျံသန်းနေသော နှင်းလုံးလေး မှာ အော်ဟစ်ပြီး လုပေါင်၏ နောက်တွင် ချက်ချင်း ပုန်းလိုက်သည်။လုပေါင် မော့ကြည့်လိုက်ရာ ကောင်းကင်မှ နတ်မီးလုံးကြီးတစ်လုံး သူ၏ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

သို့သော် လုပေါင် သေချာကြည့်လိုက်သောအခါ ၎င်းမှာ နတ်မီးမဟုတ်ဘဲ ထူးဆန်းသော ပိုးကောင်အုပ်ကြီး ဖြစ်နေသည်။ထိုပိုးကောင်များမှာ ပူပြင်းလှသော နေမင်းကဲ့သို့ အလင်းတန်းများ ထုတ်လွှတ်နေသဖြင့် တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။စုပေါင်းလိုက်သောအခါ တောက်လောင်နေသော မီးတောက်ကြီးအလားပင်ဖြစ်၏။

အမြင်အာရုံတင် မဟုတ်ဘဲ ထိုပိုးကောင်များ ရောက်ရှိရာနေရာတိုင်းတွင် အပူရှိန်က အဆမတန် တိုးလာသည်ကို လုပေါင် ခံစားရသည်။ပိုးကောင်အုပ်သည် မြင့်မားသော သစ်ပင်ကြီးတစ်ပင်အနီးမှ ဖြတ်သွားရုံဖြင့် ထိုသစ်ပင်၏ ထိပ်ဖျားမှာ ချက်ချင်း မီးစွဲလောင်သွားသည်ကို လုပေါင် မျက်မြင်တွေ့လိုက်ရသည်။

“ဟာ... ဒီလောက်တောင် အစွမ်းထက်တာလား။ ငါ့ကိုသာ လာထိရင် လူခြောက်ဖြစ်သွားမှာပေါ့။”

Live ကြည့်နေသူများမှာလည်း ဤမြင်ကွင်းကြောင့် မှင်တက်သွားရသည်။

“ဒါတွေက ပိုးကောင်တွေလား ဒီလောက် ပူနေတာကို သူတို့က ဘာလို့ မသေတာလဲ။”

“ဒါက ဒဏ္ဍာရီထဲက နေမင်းပိုးကောင် တွေထင်တယ်။ဒါပေမဲ့ ဒါတွေက မျိုးသုဉ်းသွားပြီ မဟုတ်ဘူးလား။”

“ပေါင်ပေါင်ရေ... ဒါက Hell Mode ထဲ ရောက်နေပြီဗျ။ မြန်မြန်ပြေးကြစို့၊ ညီအစ်ကိုတွေ ကြောက်နေပြီ။”

ထိုအချိန်တွင် လုပေါင်မှာ အံ့ဩသွားသော်လည်း အလွန်အမင်း မတုန်လှုပ်ပေ။သူသည် နဂါးကျောပေါ်တွင် မတ်တပ်ရပ်ကာ ထိုပိုးကောင်များနှင့် မိတ်ဖွဲ့ရန် ကြိုးစားကြည့်မည်ဟု ကြံလိုက်သည်။သူ့မှာ သားရဲရင်းနှင်းမှု +၁၀၀ ရှိနေသည် မဟုတ်ပါလား။

သို့သော် လုပေါင် စကားမပြောရသေးခင်မှာပင် ထိုပိုးကောင်အုပ်မှာ သူ့စကားကို နားထောင်မည့်ပုံ မရှိပေ။၎င်းတို့သည် လုပေါင်ကို ပစ်မှတ်အဖြစ် သတ်မှတ်ကာ တစ်အုပ်လုံး ဝိုင်းအုံ တိုက်ခိုက်လာကြသည်။ ဆွေးနွေးလို့ မရတာကတော့ သေချာသွားပြီဖြစ်၏။

ထို့ပြင် လုပေါင်မှာ ကြီးမားသော ပြဿနာတစ်ခုကို တွေ့ရှိလိုက်သည်။

“ညီအစ်ကိုတို့... မသိလို့ မေးပါရစေ၊ ပိုးကောင်ဆိုတာ သားရဲ ထဲမှာ ပါသလားဗျအရေးကြီးလို့ပါ။”

Live ထဲက ပရိတ်သက် များလည်း ကြောင်သွားကြသည်။

“ပေါင်ပေါင်... မင်း ကြောက်လွန်းလို့ ရူးသွားပြီလား။ ပိုးကောင်က ပိုးကောင်ပဲ သားရဲက သားရဲလေ။”

“ကျွန်တော်က ကျောင်းစာတော်တဲ့သူပါ။ ပိုးကောင်တွေက အဆစ်ရှိ သတ္တဝါတွေပါ။”

လုပေါင်မှာ ချက်ချင်းပင် ဆွံ့အသွားသည်။

‘ကောင်းပြီလေဒါဆို ငါက ဒီပိုးကောင်တွေနဲ့ မိတ်ဖွဲ့ဖို့ ကြိုးစားနေတာ အလကားပဲပေါ့။’

ထိုအချိန်တွင် အလွန်မြန်သော ပိုးကောင်များသည် နဂါးကြီးဆီသို့ ရောက်ရှိလာပြီး နဂါး၏ အကြေးခွံများကို တိုက်မိကြသည်။ ကံကောင်းထောက်မစွာဖြင့် နဂါး၏ အကြေးခွံများမှာ ခုခံအားကောင်းသဖြင့် သစ်ပင်ကြီးကဲ့သို့ ချက်ချင်း မီးမစွဲသွားပေ။ သို့သော် လုပေါင်သည် သူစီးထားသော နဂါး၏ အကြေးခွံများ အပူချိန် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်ကို ခံစားရသည်။

သူ့ကိုသာ လာထိလျှင် နဂါးသွေးသောက်ထားသော်လည်း နဂါးအကြေးခွံကဲ့သို့ ခုခံအား မရှိသဖြင့် အန္တရာယ်ရှိနိုင်သည်။

“နတ်ဆရာကြီးရယ်... မင်းရဲ့ ဂါထာကလည်း ဘာလို့ ဒီလောက် ရှည်နေရတာလဲ...”

သို့သော် လုပေါင်မှာ အကြံတစ်ခု ရသွားပြီး ချက်ချင်း အော်လိုက်သည်။

“ညီအစ်ကိုတို့... ခဏတော့ သည်းခံပေးကြပါဦး။”

ထို့နောက် သူသည် နဂါးကျောပေါ်မှ ဂျွမ်းထိုးပြီး ဆင်းလိုက်သည်။ပြီးနောက် နဂါး၏ ခြေထောက်တစ်ဖက်ကို ဆွဲကာ နဂါးဗိုက်အောက်တွင် ဝင်ပုန်းလိုက်တော့သည်။

“နေဦး ငါက နဂါးစီးရမှာလေ အခုတော့ နဂါးရဲ့ ပေါင်ကြားထဲ ရောက်နေပြီ။”

“ပေါင်ပေါင်ရဲ့ ပုန်းတဲ့ပညာကတော့ ထိပ်တန်းပဲ။မင်း ခဏခဏ ကုတင်အောက် ဝင်ပုန်းဖူးတယ် မဟုတ်လား။”

“ဟိုပိုးကောင်တွေက တကယ် ကြောက်စရာကောင်းတာပဲ။လာထိတာနဲ့ အကင်ခံရတော့မှာ။”

လုပေါင်လည်း အတော်လေး အခြေအနေ ဆိုးနေသည်။ဒီအချိန်မှာ ပုရွက်ဆိတ်နီတပ် ကြွက်တပ် ဒါမှမဟုတ် မြွေနက်ကြီးကို ခေါ်လည်း အလကားပဲ။ချပ်ဝတ်နဂါး တစ်ကောင်တည်းသာ ဤအပူဒဏ်ကို ခံနိုင်ရည်ရှိသည်။ သို့သော် ထိုနဂါးကြီးပင်လျှင် ပိုးကောင်များ၏ အပူရှိန်ကြောင့် အခက်တွေ့နေပြီဖြစ်ကြောင်း လုပေါင် သိလိုက်ရသည်။

“ဒီကောင်တွေကို နဂါးအသက်ရှူခြင်းနဲ့ မှုတ်ပစ်လိုက်။”

နဂါးဗိုက်အောက်မှနေ၍ လုပေါင် အမိန့်ပေးလိုက်သည်။သို့သော် နဂါးက မီးမှုတ်လိုက်သည့်အခါ ပိုးကောင်များမှာ မရှောင်တိမ်းသည့်အပြင် ထိုမီးတောက်ကြောင့် သူတို့ကိုယ်ပေါ်က မီးများမှာ ပို၍ပင် တောက်လောင် အားကောင်းလာတော့သည်။

‘ဒုက္ခပါပဲ လေက မီးကို ပိုတောက်စေတာကို ငါမေ့သွားတယ်။’

လုပေါင် ခေါင်းခဲနေချိန်တွင် သူ၏ ရင်ခွင်ထဲမှ အသံလေးတစ်ခု ထွက်လာသည်။ ၎င်းမှာ ချီလင်လေး ပင် ဖြစ်သည်။

မနေ့က အသားကင်စားပြီး လုပေါင်၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ထိုအကောင်လေးမှာ အခုမှ နိုးလာခြင်းဖြစ်သည်။

“ငါ မင်းကို မေ့နေတာပဲ အချောလေးရယ်။”

လုပေါင် ဝမ်းသာအားရဖြင့် ချီလင်လေးကို တစ်ချက် ဆွဲဆိတ်လိုက်သည်။နာသွားသဖြင့် ချီလင်လေးမှာ ချက်ချင်း နိုးလာပြီး လုပေါင်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေတော့သည်။

All Chapters