← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း၁၄၅ -လက်ဖက်စိမ်းရတနာနတ်ဘုရား။

ချီလင်လေး၏ စိုက်ကြည့်မှုကို ခံလိုက်ရသဖြင့် လုပေါင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရပြီး သူ့မှာ ဘာမှမဆိုင်သလို ဟန်ဆောင်ကာ ပြောလိုက်သည်။

“ကလေးလေး... ဘာဖြစ်လို့လဲ ခြင်တွေ ကိုက်လို့လား။”

ပြောပြီးသည်နှင့် လုပေါင်သည် ချက်ချင်းပင် ဒေါသထွက်နေသည့်ပုံစံ ဖမ်းလိုက်သည်။အရာအားလုံးကို ဂရုမစိုက်တော့ဘဲ အံကြိတ်ကာ ချီလင်လေးကို ပွေ့ချီပြီး နဂါးဗိုက်အောက်မှ ဂျွမ်းထိုးကာ နဂါးကျောပေါ်သို့ ပြန်တက်လိုက်သည်။

“ဒီအမှိုက်ကောင်တွေက ငါ့ကလေးလေးကို နှိုးရဲတယ်ပေါ့ ငါ မင်းတို့ကို သေချာပေါက် သင်ခန်းစာ ပေးရမယ်။”

လုပေါင်သည် တရားမျှတမှုကို ကာကွယ်သူတစ်ဦးကဲ့သို့ တည်ကြည်လေးနက်စွာဖြင့် သူကိုယ်တိုင် ဆွဲဆောင်ထားသော နေမင်းပိုးကောင်များကို ကြည့်လိုက်သည်။သူ၏ မျက်နှာမှာ အနည်းငယ် စိုးရိမ်နေသည့်ပုံ ပေါက်သော်လည်း ရင်ခွင်ထဲက ချီလင်လေးကို ကြည့်ပြီး ချက်ချင်း ပြောလိုက်သည်။

“ကလေးလေး... ဒါတွေအားလုံးက ပါးပါး အရည်အချင်းမရှိလို့ပါ။သူတို့ ငါတို့ကို အနိုင်ကျင့်တာကို ဒီအတိုင်း ကြည့်နေရတယ်။”

မျှော်လင့်ထားသည့်အတိုင်းပင် အကောင်လေးမှာ လုပေါင်၏ သရုပ်ဆောင်မှုအောက်တွင် လှည့်စားခံလိုက်ရပြီး ဒေါသများ တလိပ်လိပ် ထွက်လာတော့သည်။

‘ငါ့ပါးပါးကို အနိုင်ကျင့်ရဲတယ်ပေါ့။’

အကောင်လေး၏ ပါးဖောင်းဖောင်းလေးမှာ ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသည်မှာ တစ်ခုခုကို အားယူနေသည့်ပုံပင်။

“ဟားဟား... ရတနာနတ်ဘုရားရေ မင်းရဲ့ သရုပ်ဆောင်မှုက တကယ့်ကို ရင်နင့်စရာပဲဒီနှစ် အော်စကာဆုမှာသာ မင်းရှိရင် မင်းသေချာပေါက်ဆုရမှာ မင်းရဲ့လက်ဖက်စိမ်းအနုပညာကတော့ တော်တော်လေး အဆင့်မြင့်တယ်။”

“Drama Queen ရတနာနတ်ဘုရားကတော့ ချီလင်လေးကို နေ့တိုင်း လိမ်နေပြီ မဟုတ်ဘူး... ဒါက လက်ဖက်စိမ်း ရတနာနတ်ဘုရားပဲ။”

“ရတနာနတ်ဘုရားရဲ့ သရုပ်ဆောင်မှုအတွက်တင် ကြက်ပေါင်တစ်လုံး ပိုပေးသင့်တယ်။”

“ချီလင်လေးရေ... မြန်မြန် အသိတရား ရပါတော့မဟုတ်ရင်တော့ ငါတို့ ရတနာနတ်ဘုရားရဲ့ လှည့်စားမှုအောက်မှာ မင်းတော့ မသေရုံတမယ် ဖြစ်တော့မှာပဲ။”

Live ထဲက စနောက်နေသော Comment များကိုကြည့်ပြီး လုပေါင် အနည်းငယ် ရှက်သွားသည်။သူက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်မှ မဟုတ်တာ ဒီအဆင့်အထိ သရုပ်ဆောင်နိုင်တာတောင် အစွမ်းကုန် ကြိုးစားထားရခြင်း ဖြစ်သည်။လက်ဖက်စိမ်းဖြစ်တယ်ဆိုတာကလည်း ဇာတ်လမ်းကွက် ဖန်တီးဖို့ မဟုတ်ပါလား။သူက တကယ့်ကို ရိုးသားတဲ့လူတစ်ယောက်ပါ။

နေမင်းပိုးကောင်များ နီးကပ်လာသည်ကို မြင်သောအခါ လုပေါင်သည် ချီလင်လေးကို ရှေ့သို့ မြှောက်ပြလိုက်သည်။အားယူပြီးသွားသော ချီလင်လေးသည် ပါးစပ်ကို ဟကာ ချီလင်မီးတောက် ကို မှုတ်ထုတ်လိုက်တော့သည်။

“မယုံနိုင်စရာပဲ ကမ္ဘာ့အင်အားအကြီးဆုံး ချီလင်မီးတောက်က မင်းတို့လို နေမင်းပိုးကောင်တွေကို ရှုံးလိမ့်မယ်လို့ ထင်နေတာလား။”

ဒါက လုပေါင်၏ မီးကို မီးဖြင့် ပြန်တိုက်သည့် နည်းလမ်းပင်။ပူပြင်းလှသော ချီလင်မီးတောက်များ ထွက်ပေါ်လာပြီး ရှေ့က ပိုးကောင်အုပ်ကြီးကို ဝါးမြိုသွားသည်။ တိုက်ခိုက်ရေးစွမ်းရည်၏ အထွတ်အထိပ်ဖြစ်သော ချီလင်လေးမှာ လုပေါင်ကို စိတ်မပျက်စေခဲ့ပေ။

မကြာမီ ချီလင်မီးတောက်၏ အလွန်မြင့်မားသော အပူချိန်အောက်တွင် ပိုးကောင်များမှာ မခံနိုင်တော့ဘဲ တဖြဖြောက်မြည်သံများ ထွက်ပေါ်လာသည်။နေမင်းကဲ့သို့ တောက်ပနေသော ပိုးကောင်များမှာ တဖြည်းဖြည်း မီးကျွမ်းပြီး အမည်းရောင် ပြောင်းသွားကာ တစ်ကောင်ပြီးတစ်ကောင် မြေပေါ်သို့ ဘယ်သူမှ မလွတ်ဘဲ ပြုတ်ကျကုန်သည်။

ဤသည်ကို မြင်သောအခါ လုပေါင် သက်ပြင်းချနိုင်သွားပြီး ချီလင်လေး၏ ခေါင်းကို ပုတ်ကာ ချီးကျူးလိုက်သည်။

“တော်တယ် ကလေးလေး။”

လုပေါင် နဂါးကျောပေါ်မှ ဆင်းကာ သေဆုံးနေသော ပိုးကောင်အလောင်းများကို စစ်ဆေးကြည့်ရာ ၎င်းတို့မှာ မီးကျွမ်းနေသော ပိုးကောင်ခြောက်များ ဖြစ်နေသည်ကို တွေ့ရသည်။သို့သော် ၎င်းတို့မှာ သာမန် မီးသွေးခဲလို မဟုတ်ဘဲ အနက်ရောင် ကျောက်မျက်ရတနာများနှင့် တူနေသည်။

“နေမင်းပိုးကောင် အသားကင်လား ဘယ်လို အရသာရှိမလဲ မသိဘူး။”

ထိုအချိန်တွင် လုပေါင်၏ နားထဲတွင် အသံတစ်ခု ထပ်မြည်လာပြန်သည်။

“တိ... တိ... နေမင်းပိုးကောင်များကို ရှင်းလင်းသည့် တာဝန် အောင်မြင်ပါသည်။ ဆုလာဘ် - ရှားပါးဆေးပင်များ ပုံပြလက်စွဲစာအုပ်။”

ပိုင်ရှင်:လုပေါင်။

စွမ်းရည်များ: သားရဲရင်းနှင်းမှု +၁၀၀ (ရွေရောင်), ပင်လယ်ဘုရင် ခန္ဓာကိုယ် (ငွေရောင်)

ပစ္စည်းများ: အဆင့်မြှင့်တင်ထားသော မျိုးရိုးဗီဇဆေးဖော်မြူလာ၊ ရှားပါးဆေးပင်များ ပုံပြလက်စွဲစာအုပ်...

လုပေါင်သည် ထိုစာအုပ်က ဘာလဲဆိုသည်ကို သိချင်သဖြင့် နှိပ်ကြည့်လိုက်သည်။ ထိုအခါ စနစ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြေပေါ်က ပိုးကောင်အလောင်းများပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ထို့နောက် စာသားအချို့ ပေါ်လာသည်။

“ရှေးဟောင်း နေမင်းပိုးကောင် အလောင်း ဆေးဝါးအဖြစ် အသုံးပြုနိုင်ပြီး ယန်အရင်းအမြစ်ဟုလည်း‌ခေါ်သည်။ကမ္ဘာအဆင့်ဆေးဘက်ဝင် ပစ္စည်း ဖြစ်သည်။”

အောက်တွင်လည်း သက်ရှိထင်ရှားပုံစံ ပုံတစ်ခု ပေါ်လာသည်။လုပေါင် Live က Comment များကို တစ်ချက်ကြည့်လိုက်ရာ ပရိတ်သက် များမှာ ဤအလင်းတန်းနှင့် စာသားများကို မမြင်ရကြောင်း သိလိုက်သဖြင့် စိတ်အေးသွားသည်။သို့သော် ယန်အရင်းအမြစ် ဆိုသည့် စကားလုံးက သူ့ဦးနှောက်ကို ရိုက်ခတ်သွားသည်။

မျိုးရိုးဗီဇဆေး ဖော်မြူလာထဲတွင် ယန်အရင်းအမြစ်ဆိုသည့် ဆေးပစ္စည်း တစ်မျိုး ပါဝင်နေသည် မဟုတ်ပါလား။ဒါက အဲ့ဒီအရာပဲလား။တကယ်ကို ရှာစရာမလိုဘဲ အလိုလို ရောက်လာခြင်းပင်။လုပေါင်သည် မဆိုင်းမတွပင် ပိုးကောင်အလောင်းအားလုံးကို သိမ်းဆည်းလိုက်သည်။

လမ်းတစ်လျှောက်တွင် လုပေါင်သည် ဤပုံပြစာအုပ်၏ အသုံးဝင်ပုံကို နားလည်သွားသည်။

“ဒါက ဆေးပင်တွေကို ခွဲခြားပေးနိုင်တာလား။ကမ္ဘာအဆင့် က ဘယ်အဆင့်လဲ။”

လုပေါင်သည် ပုရွက်ဆိတ်နီတပ်နှင့် ကြွက်တပ်တို့ ရှာပေးထားသော ဆေးပင်များကို စမ်းသပ်ကြည့်ရာ။

“နှစ်နှစ်ရာသက်တမ်း ဟွမ်လျန် အဝါရောင်အဆင့်။”

“နှစ်ရှစ်ရာသက်တမ်း အိန်ဂျယ်လီကာ အဝါရောင်အဆင့်။”

အဝါရောင် ကတော့ အနိမ့်ဆုံး အဆင့်ဖြစ်မှာ သေချာသည်။နောက်ဆုံးတွင် အနှစ်တစ်ထောင် ဂျင်ဆင်းကို ထုတ်ကြည့်လိုက်ရာ။

“အနှစ်တစ်ထောင် ဂျင်ဆင်း အမဲရောင်အဆင့်။”

(ကောင်းကင်၊ မြေပြင်၊ အနက်ရောင်၊ အဝါရောင်)

ဤပုံပြစာအုပ်၏ အဆင့်သတ်မှတ်ချက်မှာ ဤသို့ ဖြစ်ပုံရသည်။အနက်ရောင်အဆင့် ရောက်ဖို့တောင် အနှစ်တစ်ထောင် သက်တမ်း လိုအပ်သည်။သို့သော် နေမင်းပိုးကောင်မှာတော့ တိုက်ရိုက် Earth-Grade ဖြစ်နေသည်။ဂျင်ဆင်းထက်ပင် အဆင့်မြင့်နေသည်။

လုပေါင်၏ စိတ်ထဲတွင် ကောင်းကင်အဆင့် ကို မြင်ချင်စိတ်များ တဖွဖွ ဖြစ်လာသည်။ ထို့ကြောင့် သူသည် ပုံပြစာအုပ်၏ အလင်းတန်းကို ချီလင်လေးပေါ်သို့ ချိန်ကြည့်လိုက်ရာ။

“ချီလင်လေး၏ ဦးချို - ကောင်းကင်အဆင့်။”

“ချီလင်လေး၏ အကြေးခွံ - ကောင်းကင်အဆင့်။”

“ချီလင်လေး၏ အသား - ကောင်းကင်အဆင့်။”

ဒီရလဒ်ကို မြင်လိုက်ရသောအခါ လုပေါင်သည် ကြောင်တောင်တောင် ဖြစ်နေသော ချီလင်လေးကို ပွေ့ချီကာ နမ်းလိုက်သည်။

“ကလေးလေးရေ... မင်းကတော့ တစ်ကိုယ်လုံး ရတနာတွေချည်းပဲ။”

ထို့နောက် လုပေါင်၏ မျက်နှာတွင် ဖခင်မေတ္တာများ ပြည့်နှက်နေသော အမူအရာ ပေါ်လာသည်။

“ကလေးလေး... ပါးပါးက မင်းရဲ့ အုပ်ထိန်းသူပါ သားရဲ့ ခြေသည်းတွေ ရှည်နေပြီပဲ ဖေဖေ သေချာ ဂရုမစိုက်မိတာ တောင်းပန်ပါတယ်နော်။”

ပြောပြီးသည်နှင့် လုပေါင်သည် ချက်ချင်းပင် ချီလင်လေး၏ ခြေသည်းများကို ညှပ်ပေးတော့သည်။

ချီလင်လေးမှာ လုပေါင် ဘာလုပ်နေမှန်း နားမလည်သော်လည်း လိမ်လိမ်မာမာပင် ငြိမ်ခံနေရှာသည်။ထို့နောက် Live ထဲက လူအားလုံး၏ မျက်စိရှေ့မှာပင် လုပေါင်သည် ချီလင်လေး၏ ခြေသည်းအစအနများကို အိတ်ကပ်ထဲသို့ သေချာ ထည့်သိမ်းလိုက်တော့သည်။

အခန်း ၁၄၆ - ငှက်တစ်ကောင်၏ ပြန်လည်တိုက်စစ်။

“ရတနာနတ်ဘုရား... မင်းမှာ ခြေသည်းခွံတွေ စုဆောင်းရတာကို ဝါသနာပါတဲ့ အထူးအာသီသများ ရှိနေတာလား။”

“ဟာ... မင်းတို့ကတော့ အတွေးတိမ်လိုက်တာ။ဒါကချီလင်ဗျ ခြေသည်းတင်မကဘူး သူ့ကိုယ်ပေါ်က ဂျီးခြစ်ယူရင်တောင် အသုံးဝင်နိုင်တယ်။”

“ဘုရားရေရတနာနတ်ဘုရား... တစ်ယောက်တည်း အကုန်မယူပါနဲ့။ကျွန်တော့်အတွက် နည်းနည်းလောက် ချန်ထားပေးပါ၊ ထမင်းနဲ့ နယ်စားမလို့ပါ။”

ကီလင်လေး: ထမင်းနဲ့ နယ်စားမယ်။မင်းကတော့ တကယ့် ကာမဂုဏ်လိုက်စားတဲ့ ငနဲပဲ။”

“ပေါင်ပေါင်ရေ... မင်းကတော့ ပရိတ်သက် တွေ မတွေးမိတာကိုတောင် အကုန်တွေးမိတယ်နော်။ မင်းကတော့ တကယ်ကို ညဏ်ကြီးရှင်ပဲ။”

“ဖခင်မေတ္တာနဲ့ သားသမီးကျေးဇူးတရား မြင်ကွင်းလေးကို ကြည့်ပြီး မျက်ရည်ကျမလို့ ရှိသေးတယ် ရတနာနတ်ဘုရားက ဒီလိုကွက်မျိုး ထုတ်ပြလိုက်တာလား မင်းနဲ့ တကယ်တူတယ်။”

လုပေါင် သည် Live ထဲမှ စနောက်နေသော Comment များကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

‘သိက္ခာဆိုတာဘာတန်ဖိုးရှိလို့လဲ။တကယ့် လက်တွေ့အကျိုးအမြတ်ကသာ အဓိကပဲ။’

သူသည် ချီလင်လေးထံမှ ညှပ်ယူထားသော ခြေသည်းခွံများကို ဆေးပင်ပုံပြလက်စွဲစာအုပ်ဖြင့် စမ်းသပ်ကြည့်ရာ ရလဒ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။

“ကမ္ဘာအဆင့်ပဲ။”

ဒီခြေသည်းခွံလေးတွေကတောင် ကမ္ဘာအဆင့်တွေ ဖြစ်နေသည်။လုပေါင်က ချီလင်လေးကို တစ်ချက်ကြည့်ပြီး

“ဒီအကောင်လေးကို ရေချိုးပေးရင်း ဂျီးတွေများ ထပ်ခြစ်ယူရမလား...”

သို့သော် ထိုအချိန်တွင် ချီလင်လေးမှာ သမ်းဝေလိုက်ပြီး ပြန်အိပ်ချင်နေပုံရသည်။လုပေါင်က အကောင်လေးကို ရင်ခွင်ထဲ ပွေ့ပိုက်လိုက်သည်။

ထူးခြားသော တွေ့ရှိမှုအသစ်ကို ရရှိထားသဖြင့် လုပေါင်သည် ချပ်ဝတ်နဂါးကို စီးကာ ဆေးရှာဖွေခြင်း ခရီးစဉ်ကို ဆက်လက် Live လွှင့်တော့သည်။

မကြာမီမှာပင် သူသည် ချုံပုတ်များ ထူထပ်သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ဤနေရာတစ်ခုလုံးမှာ အမျိုးအမည်မသိသော အပင်များ နွယ်ပင်များနှင့် အပင်မြစ်များဖြင့် ရှုပ်ထွေးနေသည်။ကျေးလက်မှာ ကြီးပြင်းလာသော လုပေါင်ပင်လျှင် ဤအပင်အချို့ကို မမြင်ဖူးသဖြင့် ထူးဆန်းနေမိသည်။

“ဒါတွေက ရှားပါးမျိုးစိတ်တွေများလား။”

ထူးခြားသည်မှာ ဤနေရာတွင် သတ္တဝါများကို မတွေ့ရခြင်းပင်။အချို့နေရာများတွင် ပိုးမွှားလေးများတောင် မတွေ့ရပေ။၎င်းမှာ အကြီးမားဆုံးသော ပုံမှန်မဟုတ်မှုပင် ဖြစ်သည်။ ယကျောက်မင်တို့ ဂူအပြင်ဘက်က သားရဲစားအပင်များကို သတိရကာ လုပေါင် ပို၍ သတိထားလိုက်သည်။

မကြာမီ လုပေါင်၏ သံသယမှာ အမှန်ဖြစ်လာသည်။ လုပေါင်နောက်က လိုက်လာသော နှင်းလုံးလေး သည် ဝက်အော်သလို အော်ဟစ်လိုက်သည်။

“သခင်... ကယ်ပါဦး။”

လုပေါင် လှည့်ကြည့်လိုက်ရာ နှင်းလုံးလေးမှာ သစ်ပင်တစ်ပင်ရှိ နွယ်ပင်များနှင့် ငြိပြီး မုန့်ထုပ်သလို အထုပ်ခံထားရသည်ကို တွေ့လိုက်ရသည်။ထိုနွယ်ပင်မှာ ပို၍ တင်းကျပ်လာသဖြင့် လုပေါင် ဓားဖြင့် ဖြတ်ရန် ကြိုးစားသော်လည်း မရပေ။ထိုနွယ်ပင်က အလွန်မာကျောလှသည်။ထို့ပြင် ထိုနွယ်ပင်က လုပေါင်ကိုပါ ပြန်လည် တိုက်ခိုက်လာသည်။

“ဟား... ဒီနွယ်ပင်က နတ်ဝင်နေတာလား။”

“စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာရတနာနတ်ဘုရား... သူ့ကို နှိမ်နင်းလိုက် နွယ်ပင်လေးကတောင် လာပြီး ရမ်းကားနေတာလား။”

“နှင်းလုံးလေး... မင်းကတော့ ငတုံးငှက်ပဲ။ ကောင်းကင်မှာ ပျံနေတာကိုတောင် အဖမ်းခံရတယ်ပေါ့ ခံရမှာပဲ။”

Live ထဲက Comment များကို နှင်းလုံးလေး မြင်သွားပုံရသည်။သူသည် သိက္ခာကျသွားသလို ခံစားရပြီး။

“မင်းတို့ကမှ ငတုံးတွေ မင်းတို့က သိပ်တော်ရင် လာစမ်းကြည့်လေ မလုပ်နိုင်ရင်တော့ ပါးစပ်ပိတ်ထားကြ ဂူး... ဂူး”

ဒီစကားတစ်ခွန်းကြောင့် Live ထဲက လူတွေ အားလုံး ရယ်မောကုန်ကြသည်။

“ဟာ... နှင်းလုံးလေး မင်းကတော့ တကယ်ပဲ။ စကားပြောရုံတင်မကဘူ အခုတော့ လူတွေကိုပါ ပြန်ဆဲတတ်နေပြီလား။”

“နှင်းလုံးလေးက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းမှန်း သိပါတယ် အခုတော့ Comment တွေတောင် ဖတ်တတ်နေပြီ။”

“ငှက်တစ်ကောင်ရဲ့ ပြန်လည်တိုက်စစ်ပဲ။”

လုပေါင်မှာတော့ ပြောစရာ စကားမရှိတော့ပေ။နှင်းလုံးလေးသည် သူ့နောက်လိုက်ကတည်းက မျောက်အရက်နှင့် တောင်စောင့်နတ်မင်း ပုံရိပ်ယောင် တို့ကြောင့် ဉာဏ်ရည်များ မြင့်မားလာခဲ့သည်။ထို့ကြောင့် Comment ဖတ်ရတာ သူ့အတွက် ပြဿနာမဟုတ်ပေ။

စိတ်တိုဖို့ကောင်းသည်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်ဘဲ သူတပါးကို ပြန်ဆဲဖို့ စဉ်းစားနေခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ထိုနွယ်ပင်မှာ လုပေါင်ကို တိုက်ခိုက်နေစဉ် နှင်းလုံးလေးကို လွှတ်ပေးလိုက်သည်။နှင်းလုံးလေး လွတ်မြောက်လာသည်နှင့် လုပေါင်ဘေးတွင် လာပုန်းတော့သည်။လုပေါင်သည် ထိုနွယ်ပင်များနှင့် အချိန်ဖြုန်းမနေဘဲ နဂါးကြီးကို ထွက်ခွာရန် ခိုင်းလိုက်သည်။

“ဒီကျွန်းပေါ်မှာ ဆေးပင်တွေ ထူးဆန်းတဲ့ သတ္တဝါတွေတင်မကဘူး ဒီလို စွမ်းအားကြီး အပင်တွေ လည်း အများကြီး ရှိနေတာပဲ။”

လမ်းတစ်လျှောက်တွင် နှင်းလုံးလေး၏ ကျေးဇူးကြောင့် ထိုကဲ့သို့ အပင်မျိုး ဒါဇင်ပေါင်းများစွာကို သူ ရှာတွေ့ခဲ့သည်။နှင်းလုံးလေးမှာ ထိုအပင်များ၏ ဖမ်းဆီးခြင်းကို ဆယ်ကြိမ်မက ခံခဲ့ရသည်။နဂါးကြီးကတော့ ကိုယ်လုံးကြီးသဖြင့် ထိုအပင်များကို ဂရုမစိုက်သော်လည်း နှင်းလုံးလေးမှာတော့ ကံဆိုးရှာသည်။တစ်ခါကဆိုလျှင် လူစားပင်ကြီးတစ်ပင်၏ ဝါးမြိုခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သေးသည်။

ချုံပုတ်တောထဲမှ ထွက်လာသောအခါ လုပေါင် သက်ပြင်းချလိုက်သည်။နှင်းလုံးလေးမှာတော့ ကြောက်လို့ တုန်နေဆဲပင်ဖြစ်၏။

“ကြောက်လို့ သေတော့မှာပဲ ဂူး... ဂူး။”

လုပေါင်က ထိုငှက်ကို ကြည့်ပြီး ရယ်ချင်နေသည်။ဆေးပင်ဆက်ရှာရန် ပြင်နေစဉ်မှာပင် နှင်းလုံးလေးသည် အပင်နိမ့်လေးတစ်ပင်ပေါ် နားပြီး အသီးများကို စားနေသည်ကို တွေ့လိုက်ရသည်။

လုပေါင် ဒေါသထွက်သွားသည်။

‘ဒီငှက်စုတ်ကတော့ဘယ်တော့မှ မှတ်မှာမဟုတ်ဘူး။’

ထိုအပင်မှာ ၁၀ စင်တီမီတာခန့်သာ မြင့်ပြီး လိမ္မော်ရောင် အသီးလေးများ သီးနေကာ ဘာမှ အန္တရာယ်ရှိပုံမရပေ။သို့သော် လုပေါင်က

“ငှက်ငတုံး... လျှောက်မစားနဲ့လေ။”

သို့သော် နှင်းလုံးလေးက မြန်လှသည်။လုပေါင် တားချိန်မရလိုက်ဘဲ အသီးအချို့ သူ၏ လည်ချောင်းထဲ ရောက်သွားပြီဖြစ်သည်။ခဏအကြာတွင် နှင်းလုံးလေးထအော်တော့သည်။

“အား... ငှက်မင်းကြီးရဲ့ ဗိုက် အားး”

ဒီမြင်ကွင်းကို မြင်ရသော ပရိတ် များမှာလည်း ဝမ်းသာအားရ လှောင်ပြောင်ကြတော့သည်။

“ဟားဟား... ဒီငှက်ကတော့ ဘယ်တော့မှ သင်ခန်းစာမရဘူး။ အခုတော့ သွားပြီ။”

“အဖြူရောင်ပိတ်စနဲ့ အုပ်ပြီး သယ်ထုတ်သွားလိုက်ကြတော့။နောက်ဘဝကျရင် လျှောက်မစားဖို့ မှတ်ထားဦး။”

“ရတနာနတ်ဘုရား... သူ့အတွက် ဆုတောင်းပေးရင်း ပုလွေမှုတ်ပေးလိုက်ပါဦး။”

All Chapters