အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း ၁၄၇ - မင်းက ဘယ်လို ဖားပြုပ်မျိုးစိတ်ကြီးလဲ။
လုပေါင် သည်လည်း ဤငှက်စုတ်ကြောင့် တော်တော်လေး စိတ်တိုနေရသည်။သို့သော် ခဏအကြာတွင် Live ထဲ၌ အလွန်ပင် မတင့်တယ်သော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။
နှင်းလုံးလေး သည် ပျံသန်းနေရင်း သူ၏ မစင်များကို အတားအဆီးမရှိ စွန့်ထုတ်နေတော့သည်။
“ဗြစ်... ဗြစ်... ဗြစ်”
သူ့မှာ ရပ်လို့ကို မရတော့ပေ။ဤသည်ကို မြင်မှ လုပေါင် သက်ပြင်းချနိုင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် အသက်အန္တရာယ်ရှိသည်အထိ အဆိပ်မဖြစ်ဘဲ ဝမ်းနှုတ်ဆေး အာနိသင်လောက်သာ ရှိနေခြင်းဖြစ်သည်။
“နောက်ခါ လျှောက်စားရဲသေးလား ကြည့်ရသေးတာပေါ့။”
လုပေါင်က စိတ်ပျက်လက်ပျက် ပြောလိုက်သော်လည်း Live ထဲက ပရိတ်သက် များမှာတော့ စိတ်ပျက်နေကြသည်။
“နောက်ဆုံးတော့လည်း ဒါက အစွမ်းထက်တဲ့ ဝမ်းနှုတ်ဆေးပဲလား။ဒီငှက်ကို အဆိပ်မိပြီး သေမသွားတာ နှမြောစရာပဲ။”
“ဟူး... ကျွန်တော်ကတော့ နာရေးဂီတတောင် တီးပေးဖို့ အဆင်သင့် လုပ်ထားတာ။”
“Live လွှင့်ရင်း အီးပါတဲ့ ပထမဆုံးငှက်ပဲဟေ့။ တော်ပါတော့... ဆယ်မိနစ်တောင် ရှိပြီ ကျွန်တော်တို့ အရှုံးပေးပါတယ် ငှက်မင်းကြီးရာ။”
လုပေါင်ပင်လျှင် ထိုလိမ္မော်ရောင်အသီး၏ အစွမ်းကို အံ့ဩနေမိသည်။ဒါတစ်လုံး စားလိုက်ရင် အနှစ် ၃၀ လောက်ရှိတဲ့ ဝမ်းချုပ်ရောဂါတောင် ပျောက်သွားနိုင်လောက်သည်။
ချပ်ဝတ်နဂါးကြီးသည် ရှေ့သို့ ဆက်လက်ချီတက်ရာ လမ်းတစ်လျှောက်တွင် လုပေါင်သည် မျိုးရိုးဗီဇဆေးအတွက် လိုအပ်သော ဆေးပင်များစွာကို ရရှိခဲ့သည်။၎င်းတို့မှာ ပုရွက်ဆိတ်နီတပ်နှင့် ကြွက်တပ်တို့ ရှာဖွေပေးထားခြင်း ဖြစ်သည်။
လုပေါင်အတွက်လည်း မျက်စိပွင့်စရာ မြင်ကွင်းများပင်။
ပန်းနှစ်ပွင့် ပွင့်နေသော အနှစ်တစ်ထောင် အမွှာကြာပန်းမှာ တစ်ပွင့်က အပူဓာတ်ရှိပြီး တစ်ပွင့်က အအေးဓာတ်ရှိသည်။အပူဓာတ်ရှိသော ပန်းကို ကိုင်ထားရုံဖြင့် တစ်ကိုယ်လုံး နွေးထွာသွားပြီး ဆောင်းတွင်းမှာတောင် နွေဦးလို ခံစားရသည်။အအေးဓာတ်ရှိသော ပန်းကို ကိုင်ထားပါက အေးမြသွားစေသဖြင့် နွေရာသီတွင် အဲကွန်း ပင် လိုမည်မဟုတ်ပေ။
ထို့ပြင် ဆင်ခြေထောက်လောက် တုတ်သော ယန်ဘုရင် ကြီးလည်း ရှိသေးသည်။၎င်းကို တူးဖော်ရန် ကြွက်အုပ်စုက နာရီဝက်နီးပါး အချိန်ပေးခဲ့ရသည်။တောင်ကုန်းတစ်ခုလုံးမှာလည်း ကြက်သွေးနွယ်ပင် များဖြင့် ဖုံးလွှမ်းနေပြီး နောက်ဆုံးတွင် ထိုတောင်ကုန်းတစ်ခုလုံးရှိ နွယ်ပင်များမှာ အပင်ကြီး တစ်ပင်တည်းမှ ဖြာထွက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
Live ထဲက ပရိတ်သက် များမှာလည်း ဤမြင်ကွင်းများကို ကြည့်ပြီး အံ့ဩလွန်းသဖြင့် အရမ်းမိုက်တယ် ဟု အော်ရတာတောင် ပင်ပန်းနေကြပြီ ဖြစ်သည်။
“ဘုရားရေ... ဒီလို ရှားပါးရတနာတွေက ဒီကျွန်းပေါ်မှာ အမှိုက်ကောက်သလို ကောက်နေရတာလား။နောက်နေတာလား။”
“ရတနာနတ်ဘုရား... နေရာလေးသာ ပေးလိုက်စမ်းပါ။ကျွန်တော်လည်း အမှိုက်သွားကောက်ချင်လို့ပါ။အမှိုက်ကောက်တဲ့နေရာမှာ ကျွန်တော်က ဆရာကြီးပဲ။”
ထိုအချိန်တွင် လုပေါင်စီးထားသော နဂါးကြီးမှာ ဦးတည်ရာတစ်ခုသို့ သတိကြီးစွာ စိုက်ကြည့်လိုက်သည်။
အခြေအနေတစ်ခုခု ရှိနေပြီ။
လုပေါင် စိတ်လှုပ်ရှားသွားသည်။နောက်ထပ် တွေ့ရှိမှုကြီး တစ်ခု ဖြစ်နိုင်သည်။သူသည် နဂါးကြီးကို ထိုဘက်သို့ ချက်ချင်း မောင်းနှင်လိုက်သည်။
မကြာမီမှာပင် ချိုင့်ဝှမ်းတစ်ခု လုပေါင်၏ မြင်ကွင်းထဲသို့ ပေါ်လာသည်။အဝေးမှပင် လန်းဆန်းသော ပန်းရနံ့နှင့် ဆေးနံ့များ ရောယှက်နေသည်ကို ရလိုက်သဖြင့် လုပေါင်၏ မျက်လုံးများ တောက်ပသွားသည်။ သို့သော် လုပေါင် မချဉ်းကပ်ရသေးခင်မှာပင် ဟိန်းထွက်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ဂွားးးး”
လုပေါင်သည် နဂါးပေါ်မှဆင်းကာ ချီလင်လေးကို ချီပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် လုပေါင် မှင်သက်သွားရသည်။
ဤချိုင့်ဝှမ်းတွင် ပန်းများနှင့် မြက်ခင်းများမှာ စနစ်တကျ အမျိုးအစားခွဲပြီး စိုက်ပျိုးထားသည်။အရာအားလုံးက သပ်သပ်ရပ်ရပ် ရှိလှသည်။
ထိုအပင်များကို ပြုစုနေသော ခါးကုန်းကုန်း ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ထိုပုံရိပ်မှာ ကျောပြင်က ကျယ်သော်လည်း အောက်ပိုင်းမှာ သေးသွယ်နေသဖြင့် ထူးဆန်းနေသည်။
“ဒီကျွန်းပေါ်မှာ လူသားတွေ နေထိုင်တာလား။”
သို့သော် ထိုသတ္တဝါ လှည့်ကြည့်လိုက်သောအခါ လုပေါင် သိလိုက်ရသည်။ဒါက လူမဟုတ်ဘဲ ဧရာမ ဖားပြုပ်ကြီး တစ်ကောင် ဖြစ်နေသည်။သူ၏ မျက်လုံးနှစ်လုံးမှာ အလွန်ကြီးမားပြီး မျက်စံမှာ ရွှေရောင် တောက်ပနေသည်။
“ဟာ... ဒါက နောက်ကျောကကြည့်ရင် လူရှေ့ကကြည့်ရင် ဖား ပါလား။”
“ဘယ်လို ဖားပြုပ်မျိုးက ဒီလောက်တောင် ကြီးရတာလဲ။”
“ဟေ့လူတို့... ဒီဖားပြုပ်က ဒီအပင်တွေကို စိုက်နေတာလား။ဒါတွေအားလုံးက သူစိုက်ထားတာလား။”
“မသိရင် ပါးစပ်ပိတ်ထားကြ။ မင်းတို့ကမှ ဖားပြုပ်တွေ သေချာကြည့်စမ်း... သူ့မှာ ခြေထောက် သုံးချောင်းပဲ ရှိတာ။ဒါကို ရွှေဖားလို့ ခေါ်တယ်ကွ။”
“ဟာ... တကယ်ပဲ ခြေသုံးချောင်းတည်း အမေရေ... ကျွန်တော် ခြေသုံးချောင်း ဖားကို တွေ့ပြီ။”
“ခြေသုံးချောင်း ဖားကို ရှာရခက်ပေမဲ့ ဒီနေ့တော့ တွေ့ပြီဗျ။ခြေနှစ်ချောင်း မိန်းမကျတော့ ဘယ်မှာလဲ။ရှာရလွယ်တယ်ဆို။”
“အပေါ်ကလူကတော့ ငါ့ကို လာထိခိုက်ပြန်ပြီ။စိတ်ဓာတ်မကျဘဲ အားပေးကြစမ်းပါ။”
လုပေါင်သည်လည်း ပရိတ်သက် များ၏ Comment ကြောင့် သတိပြုမိသွားသည်။ ဤဖားပြုပ်ကြီးမှာ တကယ်ပင် ခြေထောက် သုံးချောင်းတည်း ရှိခြင်းဖြစ်သည်။သူ လူသားတစ်ဦးဟု ထင်လိုက်ခြင်းမှာ ထိုဖားပြုပ်ကြီးက နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်နေသောကြောင့် ဖြစ်သည်။
တတိယခြေထောက်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် ပေါက်နေပြီး အလွန်ပင် သွယ်လျသော်လည်း ဖျတ်လတ်လှသည်။ခုနက အပင်များကို ပြုစုရာတွင် ထိုခြေထောက်ကို အသုံးပြုနေခြင်း ဖြစ်သည်။
အရေးကြီးဆုံးမှာ ဤရွှေဖားကြီးက ဤမျှ ကြီးမားသော စိုက်ခင်းကြီးကို စိုက်ပျိုးထားခြင်းပင်။အပင်များမှာလည်း သာမန်အပင်များ မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် များ ကြွယ်ဝနေသည်။
“ဒီရွှေဖားက လယ်သမားလုပ်တတ်တာလား။ ပြီးတော့ သူက ဘာလို့ ဒီလောက် တောက်ပြောင်နေရတာလဲ။”
လုပေါင် ရေရွတ်လိုက်သည်။
လုပေါင်က ရွှေဖားကြီးကို ကြည့်နေစဉ်မှာပင် ရွှေဖားကြီးကလည်း လုပေါင်ကို တွေ့ရှိသွားသည်။မမျှော်လင့်ဘဲ ရွှေဖားကြီးက ရန်လိုခြင်း မရှိဘဲ လုပေါင်အပေါ် ခင်မင်မှု ပြသလာသည်။လုပေါင်၏ “သားရဲချစ်ခင်မှု +၁၀၀” စွမ်းရည်မှာ အသုံးဝင်လာပြန်ပြီ ဖြစ်သည်။
လုပေါင်သည် အိပ်ပျော်နေသော ချီလင်လေးကို ချီကာ ချိုင့်ဝှမ်းထဲသို့ လမ်းလျှောက်ဝင်သွားသည်။သူသည် ရွှေဖားကြီးနှင့် စကားပြောရန် ကြိုးစားလိုက်သည်။သို့သော် လုပေါင် ထပ်မံ အံ့ဩသွားရပြန်သည်မှာ ဤရွှေဖားကြီး ဝတ်ဆင်ထားသော အဝတ်အစား ကြောင့်ပင်။
စိုက်ပျိုးရေး လုပ်တတ်ရုံတင်မကဘဲ အဝတ်အစားပါ ဝတ်တတ်သည့် ရွှေဖားလား။ဒါက တကယ့်ကို ယဉ်ကျေးတဲ့ လူပျိုကြီးပဲ။
ရွှေဖားကြီးက အရင်ဆုံး အသံပြုလိုက်သည်။
“ဂွား... ဂွား...”
စနစ်က ပေးထားသော စွမ်းရည်ကြောင့် လုပေါင်သည် သူ၏စကားကို နားလည်သွားသည်။
(မင်းက ဘယ်လို ဖားပြုပ်မျိုးစိတ်ကြီးလဲ)
လုပေါင်မှာ ပြောစရာ စကားမရှိတော့ပေ။ ဖားပြုပ်ကြီး၏ အမြင်တွင် သူသည်လည်း ဖားပြုပ်မျိုးစိတ် တစ်မျိုးသာ ဖြစ်ပုံရသည်။
အခန်း ၁၄၈ - ဘာ..ရွှေဖား ရွှေဖား ဆိုတာ ဒါကို ပြောတာလား။
သို့သော် လုပေါင် ပြန်မဖြေရသေးမီမှာပင် ရွှေဖားကြီး ၏ အာရုံမှာ လုပေါင် ဝတ်ဆင်ထားသော အဝတ်အစားများဆီသို့ ရောက်ရှိသွားပြီး မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
ရွှေဖားကြီးသည် သူ၏ သန်မာသော ခြေထောက်များဖြင့် ခုန်လိုက်ရာ သုံးလံ ခန့် မြင့်တက်သွားပြီး လုပေါင်၏ ရှေ့တည့်တည့်သို့ ကျဆင်းလာသည်။ထိုဖျတ်လတ်သော တတိယခြေလက်မှာ ချက်ချင်းပင် ရှေ့သို့ ဆန့်ထွက်လာပြီး လုပေါင်၏ အဝတ်အစားများကို ဆွဲရမ်းကြည့်တော့သည်။
“ဟေ့... ဟေ့ ပေါင်သခင်လေးက ရုပ်ဖြောင့်ပြီး ဆွဲဆောင်မှု ရှိတယ်ဆိုတာ သိပါတယ်ဒါပေမဲ့ ငါက လူသား ဖားမဟုတ်ဘူး။ ငါတို့ကြားမှာ အနာဂတ် မရှိနိုင်ဘူး။”
Live ထဲက ကြည့်ရှုသူများမှာ ဤမြင်ကွင်းကို ကြည့်ပြီး အူတက်အောင် ရယ်နေကြသည်။
“ကျွန်တော်တို့ ပရိတ်သက် တွေကတော့ ဒီအိမ်ထောင်ရေးကို သဘောတူတယ်ဟေ့ရတနာနတ်ဘုရား... အရှုံးပေးလိုက်စမ်းပါ။”
“ဘုရားရေ... နောက်ထပ်ပြမယ့် မြင်ကွင်းက Live လွှင့်လို့တောင် ရပါ့မလား။စဉ်းစားကြည့်တာနဲ့တင် ရင်ခုန်စရာပဲ။”
“ဟားဟား... ပေါင်ပေါင်ရေ မင်းတော့ ဒီတစ်ခါ တကယ် သွားပြီ။”
သို့သော် ရွှေဖားကြီးသည် ပရိတ်သက် များ မျှော်လင့်ထားသလို လုပေါင်ကို ဆက်လက် နှောင့်ယှက်ခြင်း မပြုပေ။၎င်းသည် သူ၏ ထူးဆန်းသော တတိယခြေထောက်ကို အသုံးပြုကာ လုပေါင်၏ အဝတ်အစား ဒီဇိုင်းကိုသာ အသေအချာ လှန်လှော စစ်ဆေးနေခြင်း ဖြစ်သည်။သူသည် အလွန်ပင် စိတ်ဝင်စားပုံရသည်။
လုပေါင်လည်း ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ ဤရွှေဖားကြီးက သူ့အပေါ် တခြားရည်ရွယ်ချက်မရှိရင် တော်သေးသည်။သို့သော် နောက်ထပ် ဖြစ်ပျက်လာသော မြင်ကွင်းမှာ လုပေါင်၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားပြန်သည်။
ရွှေဖားကြီးသည် ပန်းခင်းထဲသို့ ခုန်ဝင်သွားပြီး ပါးလွှာသော ပိတ်စကဲ့သို့ အရွက်များရှိသည့် ထူးဆန်းသော အပင်တစ်ပင်ကို ခူးလိုက်သည်။ထို့နောက် သူသည် တစ်နေရာမှ အရိုးအပ် တစ်ချောင်းကို ထုတ်ယူလိုက်သည်။
“ဒီကောင်လည်း ကြည့်ရတာတော့ သာမန်တော့မဟုတ်ဘူးပဲ။”
ဤရွှေဖားကြီးသည် မြင်ရသလောက် မနုံညံ့ပေ။သူသည် တကယ့်ကို အစွမ်းထက်သော ဇာတ်ကောင် ဖြစ်နိုင်သည်။
ရွှေဖားကြီးသည် ထိုအရွက်များကို အစင်းလိုက်များ ဆွဲဖြတ်လိုက်ပြီးနောက် လုပေါင်၏ မှင်သက်နေသော မျက်လုံးများရှေ့မှာပင် အရိုးအပ်ကို အပေါ်အောက် လျင်မြန်စွာ ရွှေ့လျားကာ အဝတ်ချုပ်တော့သည်။မကြာမီမှာပင် လုပေါင် ဝတ်ဆင်ထားသော အဝတ်အစားနှင့် ပုံစံတူသည့် အင်္ကျီတစ်ထည် ထွက်ပေါ်လာတော့သည်။
“ဟာ... တကယ့် ပညာရှင်တွေက သာမန်လူတွေကြားမှာ ပုန်းနေတာပဲ။သူ့ကို ဖားဒီဇိုင်ဒါလို့ပဲ ခေါ်လိုက်တော့မယ်။”
“ရွှေဖား... ရွှေဖားလို့ ဘယ်နှစ်ခါ ပြောရမလဲ ဒါကို ရွှေဖားလို့ ခေါ်တယ်။”
“ဒီလက်မှုပညာကတော့ အံ့မခန်းပဲ။သူသာ အပြင်လောကမှာဆိုရင် ထမင်းငတ်မှာ မဟုတ်ဘူး။”
လုပေါင်သည် သူ၏ သားရဲရင်းနှီးမှု +၁၀၀ကို အသုံးပြုကာ ရွှေဖားကြီးနှင့် ပိုမို ရင်းနှီးအောင် ကြိုးစားလိုက်သည်။ဤချိုင့်ဝှမ်းအတွင်းရှိ အပင်များမှာ ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေပြီး အားလုံးမှာ တန်ဖိုးရှိသော အရာများ ဖြစ်ကြောင်း သူ သိထားသည်။
“ဟေ့... လူကောင်ကြီး မင်းကို မူပိုင်ခွင့်ဥပဒေအကြောင်း နည်းနည်း ပညာပေးရဦးမယ်။ မင်းလုပ်တာက ခိုးကူးတာပဲ ဒါက တရားမဝင်ဘူး။အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ သေဒဏ်အထိ ကျနိုင်တယ်။ဒါပေမဲ့ မင်းက ပထမဆုံးအကြိမ်မို့လို့ ငါ့ကို ဒီက အပင်လေးတွေနဲ့ ပြန်ပြီး လျော်ကြေးပေးရင်တော့ ပြဿနာမရှိဘူး ဟုတ်တယ်မလား။”
လုပေါင်က အတည်ပေါက် ပြောလိုက်သည်။ Live ထဲက ပရိတ်သက် များမှာတော့ နားထောင်ရင်း ဆွံ့အကုန်ကြသည်။
“ဘုရားရေ... ရတနာနတ်ဘုရားရဲ့ ဥပဒေရေးရာ အတန်းတိုလေး စတင်လိုက်ပြီ။”
“ထောင်ဒဏ် သုံးနှစ်ကနေ သေဒဏ်အထိတဲ့လား ဟားဟား။”
“ရတနာနတ်ဘုရား... ကျွန်တော်က ရှေ့နေတစ်ယောက်ပါ။မင်းလုပ်နေတာက ခြိမ်းခြောက်ငွေတောင်းတာ မြောက်နေပြီ။ ငါ့ကို မင်းရှိတဲ့နေရာ ပြောပြရင်တော့ အမှုပိတ်ပေးဖို့ စဉ်းစားပေးမယ်။”
လုပေါင်၏ Live ကို စောင့်ကြည့်နေသော Platform မှ တာဝန်ရှိသူများပင် ဝင်ရောက် စနောက်လာကြသည်။Moderator အကောင့်တစ်ခုက Live ထဲတွင် သတိပေးချက် ပို့လိုက်သည်။
“Streamer ၏ လက်ရှိ အပြုအမူမှာ ဥပဒေအရ အန္တရာယ်ရှိပါသည်။ ကျေးဇူးပြု၍ မိမိကိုယ်ကို ပြန်လည်စစ်ဆေးပြီး။”
ပရိတ်သက် များမှာတော့ ထိုစာကို ကြည့်ပြီး အူတက်အောင် ရယ်နေကြတော့သည်။ သို့သော် ရွှေဖားကြီးက လုပေါင်၏ စကားကို နားလည်ပုံရသည်။သူသည် လုပေါင်ကို ဝေခွဲမရစွာ ကြည့်ပြီးနောက် ဝိညာဉ်စွမ်းအင် ထွက်ပေါ်နေသော အပင်များကို လက်ညှိုးထိုးပြကာ ရက်ရက်ရောရောပင်။
(မင်း ကြိုက်တာ ယူသွားပါ)
လုပေါင် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ လက်မထောင်ပြလိုက်သည်။
“ရွှေဖားကြီး... မင်းက တကယ့် လူကြီးလူကောင်းပဲ ညီအစ်ကိုတို့... ရွှေဖားကြီး ရက်ရောတယ် ဆိုပြီး Comment မှာ ဝိုင်းရေးပေးကြစမ်းပါ။”
လုပေါင်သည် မဆိုင်းမတွပင် ဆေးပင်များကို စတင် သိမ်းဆည်းတော့သည်။သူ မစုဆောင်းရသေးသော ရှားပါးဆေးပင်များစွာ ဤနေရာတွင် ရှိနေသည်။
“အနှစ်တစ်ထောင် ဝူလင်ဟူ နှစ်ငါးရာ သက်တမ်းရှိ ချောင်ကျန်း အသီး...”
လုပေါင် ခူးရင်း ခူးရင်း ပို၍ စိတ်လှုပ်ရှားလာသည်။
‘ဒီဖားကြီးကအနုပညာဝါသနာပါပြီး စိတ်ဝင်စားတာပဲငါ့ဖုန်းထဲက အွန်လိုင်းစျေးဝယ်ဆိုက် ကိုသာ ပြလိုက်ရင် ဒီချိုင့်ဝှမ်းထဲက အရာအားလုံး ငါ့ကို ပေးလိုက်မှာလား မသိဘူး။’
လုပေါင် ထိုအကြောင်းကို ဆွေးနွေးရန် ရွှေဖားကြီးဘက် လှည့်ကြည့်လိုက်ရာ ရွှေဖားကြီးသည် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အပေါ့အလေး စွန့်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။
“အော်... ဆောရီးပါ ရွှေဖားကြီး။မင်းအလုပ် မင်းဆက်လုပ်ပါ ငါ နှောင့်ယှက်မိသွားပြီ။”
လုပေါင် ချက်ချင်းပင် မျက်နှာလွှဲရန် ကြံလိုက်သည်။သို့သော် နောက်တစ်စက္ကန့်တွင် လုပေါင် မျက်တောင်ပင် မခတ်နိုင်တော့ပေ။
ရွှေဖားကြီး၏ ပါးစပ်မှာ ဖောင်းကားလာပြီး သူ၏ အောက်ပိုင်းမှ တောက်ပနေသော ရွှေရောင် လုံးလုံးလေးများ ထွက်ကျလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
“ဟာ... ဒီရွှေဖား အီးပါတာက ရွှေတွေလား။”
လုပေါင် မှင်တက်သွားရသည်။ရွှေဆိုသည်မှာ သူ မြင်ဖူးနေကျ ဖြစ်သဖြင့် မမှားနိုင်ပေ။
“ရွှေဖား ရွှေဖား ဆိုတာ... ဒီနာမည်က ဒီလို အဓိပ္ပာယ်ကို ပြောတာလား။”
အခုတော့ လုပေါင် တစ်စက်လေးတောင် ရွံရှာခြင်း မရှိတော့ပေ။သူသည် ချက်ချင်း ရှေ့တိုးကာ သေချာ ကြည့်လိုက်ရာ
“ဟုတ်တယ် ဒါတွေက တကယ် ရွှေတွေပဲ။”