အခန်း (၂၆၇-၂၆၈)
Vol. 25 Ch. 267-268
အခန်း ( ၂၆၇) မြို့ထဲဝင်ခြင်း
ကူချူတုန်းတို့ တော်ဝင်ပုရောဟိတ် ၏ စံအိမ်မှ ထွက်လာသောအခါ၊ ယဲ့ကျင်းလန် အထဲဝင်ခွင့် ငြင်းပယ်ခံရသည်ကို သူတို့ တွေ့လိုက်ရ၏။
ဂုဏ်သိက္ခာရှိသော ချင်းကျိုးပြည်နယ် ၏ နံပါတ် ၁ ကျွမ်းကျင်သူ၊ ကန်တိုင်းပြည် ကောင်းကင်စာရင်း တွင် ခေတ္တမျှ ပါဝင်ခဲ့ဖူးသော မဟာသိုင်းဆရာကြီး တစ်ဦး၊ နှင့် ယခုအခါ တရားရေး ဝန်ကြီးဌာန၏ ပဉ္စမအဆင့် အရာရှိ၊ အလားအလာ ကောင်းသော အစိုးရ အသိုင်းအဝိုင်းမှ တောက်ပလာမည့် ကြယ်ပွင့် တစ်ပွင့်သည် ကျန်းတာအိုယီ၏ ရှေ့တွင် မည်သည့် မျက်နှာမျှ မရှိခဲ့ချေ။
"အစ်ကိုယဲ့..."
ကူမော့က တံခါးမှ ထွက်လာစဉ် ပြောလိုက်သည်။
"ဆရာကြီးကျန်း က အတော်လေး စိတ်လိုက်မာပါ လုပ်တတ်တယ်၊ ဒါကြောင့် သူက အထဲဝင်ခွင့် မပေးတာပါ..."
ယဲ့ကျင်းလန် က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး
"အစ်ကိုကူ... ထပ်ပြောစရာ မလိုပါဘူး... ကျွန်တော်က အခု နန်းတွင်း အရာရှိ တစ်ယောက်ပါ၊ ပြီးတော့ တော်ဝင်ပုရောဟိတ် ရဲ့ စရိုက်ကို ကျွန်တော်က ပိုသိပါတယ်... ဧကရာဇ်မင်း တောင်မှ ဒီမှာ အရင်က ငြင်းပယ်ခံခဲ့ရဖူးတာလေ!"
ကူချူတုန်းက အံ့သြစွာဖြင့် မေးမြန်းလိုက်သည်။
"ဆရာကြီးကျန်း က အဲဒီလောက် အစွမ်းထက်တာလား..."
ယဲ့ကျင်းလန် က ပြုံးလျက် ဆိုသည်။
"သူက တာအိုဂိုဏ်း ရဲ့ ခေါင်းဆောင်လေ... ကျွန်တော်တို့ရဲ့ ကန်တိုင်းပြည် က ချူ နိုင်ငံလို ဂိုဏ်းဂဏဝါဒ နဲ့ အုပ်ချုပ်တာ မဟုတ်ပေမဲ့၊ တော်ဝင်ပုရောဟိတ် ရဲ့ အဆင့်အတန်းကတော့ ထူးခြားနေတုန်းပဲ
၊ ပြီးတော့ နန်းတွင်းမှာ တာအို မျိုးဆက်ရဲ့ လွှမ်းမိုးမှုကလည်း အတော်လေး ကြီးမားပါတယ်... သေချာတာပေါ့၊ အရေးအကြီးဆုံး အချက်က တော်ဝင်ပုရောဟိတ် ရဲ့ ကြီးမားလှတဲ့ လွှမ်းမိုးမှုပဲ... သူက လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်းမှာ အငြင်းပွားစရာ မရှိတဲ့ တစ်ဦးတည်းသော တာအိုဂိုဏ်း ခေါင်းဆောင်ပါ..."
"တခြားနည်းနဲ့ ပြောရရင်... မကြာသေးခင်က လင်းဟိုင် ခရိုင် မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် သတင်းတွေ မြို့တော်ကို ရောက်လာတဲ့အခါ၊ လင်းကျင်း က ဖေယွမ်ကျန်း ကို ဓားစာခံအဖြစ် အသုံးချဖို့ ကြိုးပမ်းတာ ကျရှုံးသွားတယ် ဆိုတာရယ်၊ လင်းကျင်း ရဲ့ နောက်ကွယ်မှာ ကျီ မင်းသား ရှိနေတယ် ဆိုတာကို လူတိုင်း သိကြပါတယ်... လူတိုင်းက ဒါကို သိပေမဲ့ ဘယ်သူမှ မပြောရဲခဲ့ကြဘူးလေ..."
"ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ကျီ မင်းသား ဟာ လုပ်ကြံခံလိုက်ရတယ်..." "မြို့တော် အပြင်ဘက်မှာတင် သူ့ခြေထောက် ကျိုးသွားတာလေ... လူသတ်သမား က... အင်း... တော်ဝင် အကြံပေး ကတော့ ရုံးတော် တက်တဲ့အခါ ဝတ်တဲ့ တာအို ဝတ်ရုံကိုတောင် မချွတ်ရသေးဘဲနဲ့ နည်းနည်းတော့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်...
အဲဒါအပြင် သူက လူအများကြီး ရှေ့မှာ သူ့အဝတ်အစားကနေ အဝတ်စ တစ်စကို ဆွဲဖြဲပြီး သူ့မျက်နှာကို ဖုံးကာ၊ နန်းတွင်း အရာရှိ အများအပြားရဲ့ ရှေ့မှာတင် ကျီ မင်းသား ရဲ့ ခြေထောက်ကို ရိုက်ချိုးခဲ့တာလေ..."
"နောက်ဆုံးတော့ တံခါးခြောက်ချပ်အဖွဲ့၊ ကျိုတို အစိုးရရုံး၊ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေး တရားရုံး နဲ့ တရားရေး ဝန်ကြီးဌာန တို့ အားလုံးက လူသတ်သမား နဲ့ ပတ်သက်တဲ့ သဲလွန်စ ဘာမှ မရှာတွေ့နိုင်ဘူးလို့ ပြောခဲ့ကြတယ်၊ ပြီးတော့ ဧကရာဇ်မင်း ကိုယ်တိုင်ကတောင် အင်ပါယာ မြို့စောင့်တပ်ဖွဲ့ က ဘာမှ မတွေ့ဘူးလို့ ပြောခဲ့တယ်..."
ကူမော့ -
"အထင်ကြီးစရာပဲ!"
ကူချူတုန်းက ခေါင်းနောက်ဘက်ကို ကုတ်ကာ ပြောလိုက်သည်
"သူက အဲဒီလောက် အစွမ်းထက်တာလား... မနေ့က သူ့ကြက်ပေါင် ကို ကျွန်မ ခိုးစားခဲ့သေးတယ်၊ သူက မျက်နှာဖုံး တပ်ပြီး ကျွန်မကို လာမရိုက်လောက်ပါဘူးနော်..."
ယဲ့ကျင်းလန် က ခပ်ဖွဖွ ရယ်မောလိုက်သည်
"အဲဒါတော့ မဖြစ်နိုင်ပါဘူး... အခုဆို မြို့တော်က လူတိုင်းက ခင်ဗျားတို့က တော်ဝင် အကြံပေး ရဲ့ လူတွေဆိုတာ သိနေကြပြီလေ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရုံးတော် အစည်းအဝေး မှာ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိ အားလုံးက လင်းကျင်း ကြောင့် ပါဝင်ပတ်သက်နေတဲ့ အရာရှိတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ဆွေးနွေးနေကြတုန်းက...
ကျီ မင်းသား ရဲ့ အဖွဲ့က တချို့လူတွေက အရမ်း ယုတ္တိမဲ့စွာနဲ့ 'အစ်ကိုကူ၊ ခင်ဗျားက သာမန် အရပ်သား တစ်ယောက် ဖြစ်ပြီး အရှေ့ဘက်နယ်စပ် ဆရာကြီး ကို သတ်ပိုင်ခွင့် မရှိဘူး၊ ပြီးတော့ ခင်ဗျားကို အပြစ်ပေးသင့်တယ်' လို့တောင် ပြောခဲ့ကြတယ်..."
"အဲဒီနောက် အဲဒီလူကို တော်ဝင်ပုရောဟိတ် က ရုံးတော် တစ်ခုလုံးနဲ့ ဧကရာဇ်မင်း ရှေ့မှာတင် ရိုက်နှက်ခဲ့တာလေ... သူက အခုထိ ဆေးခန်းမှာ လဲနေတုန်းပဲ... အင်း... သူ့ခြေထောက် နှစ်ဖက်စလုံး ကျိုးသွားတာလေ!"
ကူမော့က ခပ်ဖွဖွ ရယ်မောလျက်
"ဆရာကြီးကျန်း မှာ နည်းနည်းတော့ ကြမ်းတမ်းတဲ့ အကျင့်လေး ရှိတာပဲ..."
ဟု ဆိုသည်။
ယဲ့ကျင်းလန် က ခေါင်းညိတ်ပြလျက်
"အဲဒါ မှန်ပါတယ်... ဒါပေမဲ့ အဲဒါက တကယ်တော့ အတော်လေး ကောင်းပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်ပုရောဟိတ် က ခင်ဗျားဟယ တာအိုဂိုဏ်း ရဲ့ တပည့် တစ်ယောက်လို့ လူသိရှင်ကြား ပြောထားပြီးသားပါ... မေးမြန်းခံရတဲ့အခါ တာအိုဂိုဏ်း ရဲ့ ဘယ်အဖွဲ့ခွဲကလဲ ဆိုတာကို သူ တိတိကျကျ မပြောခဲ့ပေမဲ့ အဲဒါက အရေးမကြီးပါဘူး...
အနည်းဆုံးတော့ အဲဒါက ခင်းဗျား နန်းတွင်း ပဋိပက္ခတွေကနေ ရှောင်ရှားနိုင်စေပြီး၊ အဖွဲ့အစည်း အားလုံးက ခင်ဗျားနဲါ ပတ်သက်ပြီး ကြားနေ ရပ်တည်ချက်ကို ထိန်းသိမ်းထားကြလိမ့်မယ်၊ စည်းရုံးမှာလည်း မဟုတ်သလို စော်ကားမှာလည်း မဟုတ်ပါဘူး..."
ကူမော့က ခေါင်းညိတ်ပြလျက်
"ဒါ ကောင်းပါတယ်... အင်း... အစ်ကိုယဲ့... သွေးလက်စောင်းဆရာ ရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးပြီးပြီလား..."
ယဲ့ကျင်းလန် က ပြောကြားသည်
"ဟုတ်ကဲ့၊ ကျွန်တော်တို့ စုံစမ်းပြီးပါပြီ... အရင်က အဲ့ဒီ အမှုက မြို့တော်က ဝမ်ဟွာလုံ ပြည့်တန်ဆာအိမ် က နာမည်ကြီး ပြည့်တန်ဆာမ စုချင်းယွီ ကနေ အစပြုခဲ့တာပါ... အဖွဲ့နှစ်ဖွဲ့ကြား တိုက်ခိုက်နေစဉ်အတွင်း စုချင်းယွီ ရဲ့ အစောင့်တွေကလည်း သူမရဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ ဝင်ရောက် စွက်ဖက်ခဲ့ကြတယ်လေ..."
"အခင်းဖြစ်ပွားရာ နေရာကို ကျွန်တော်တို့ တိတ်တဆိတ် စုံစမ်းစစ်ဆေးပြီးနောက်၊ တိုက်ခိုက်မှုဟာ စုချင်းယွီ ရဲ့ ဂီတသမား တွေထဲက တစ်ယောက်ဆီကနေ စတင်ခဲ့တယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့တယ်..."
"မျက်နှာ ပျက်စီးနေတဲ့ ဂီတသမား တစ်ယောက်လေ... သံသယ အမျိုးမျိုးကနေ နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက် အဲဒီလူဟာ သွေးလက်စောင်းဆရာ ရှန်ဝူကျိုး တကယ် ဟုတ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်!"
ကူမော့ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်
"ပြည့်တန်ဆာမ လား... ရှန်ဝူကျိုး က ပြည့်တန်ဆာအိမ် က ဂီတသမား တစ်ယောက်လား... သူက အဲဒီလောက် အဆင့်နိမ့်တဲ့အထိ ကျဆင်းသွားတာလား..."
ယဲ့ကျင်းလန် က ရှင်းပြလေသည်
"ဖြစ်နိုင်တာက အချစ်ကြောင့် နေမှာပေါ့... စုချင်းယွီ ဟာ မြို့တော်ရဲ့ ထိပ်တန်း ပြည့်တန်ဆာမ ပါ၊ သူမရဲ့ အလှက ငါးတွေကို နစ်မြုပ်စေနိုင်တယ်၊ ငန်းတွေကို ကောင်းကင်ကနေ ပြုတ်ကျစေနိုင်တယ်၊ ပြီးတော့ လမင်းကိုတောင် ရှက်လို့ ပုန်းကွယ်သွားစေနိုင်တယ်...
ရာထူးကြီး အရာရှိတွေနဲ့ သိုင်းလောကက သူရဲကောင်း အများအပြားဟာ သူမရဲ့ ခြေတော်ရင်းမှာ ခစားခဲ့ကြတယ်လေ... အဓိက အချက်က ဒီအမျိုးသမီးဟာ သာမန် ပြည့်တန်ဆာတွေနဲ့ မတူဘူး... သူမက ဂီတ၊ စစ်တုရင်၊ စာရေးလက်ရာ၊ ပန်းချီ၊ ကဗျာ နဲ့ သီချင်းတွေမှာ ကျွမ်းကျင်တဲ့ တကယ့် ပါရမီရှင် တစ်ယောက်ပါ...
သူမက အနုပညာကိုသာ ရောင်းပြီး ခန္ဓာကိုယ်ကို မရောင်းတဲ့ သန့်စင်တဲ့ ပြည့်တန်ဆာမ တစ်ဦးလည်း ဖြစ်လို့၊ သူမကို သဘောကျတဲ့သူ အများကြီး ရှိပါတယ်..."
"ကျွန်တော့် လူတွေရဲ့ တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုအရဆိုရင်၊ ရှန်ဝူကျိုး ကလည်း စုချင်းယွီ အပေါ် ခံစားချက်တွေ ရှိနေသင့်တယ်၊ ဒါကြောင့် သူမကို ကာကွယ်ဖို့ စုချင်းယွီ ရဲ့ အနားမှာ ပုန်းနေတာ ဖြစ်နိုင်ပါတယ်..."
ကူမော့သည် ယဲ့ကျင်းလန် ၏ ဖော်ပြချက်ကို နားထောင်ရင်း တစ်ခဏမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွား၏။။
"ရိုးရိုးသားသား ပြောရရင် ပြည့်တန်ဆာအိမ် တွေက 'သန့်စင်တဲ့ ပြည့်တန်ဆာ' တွေဆိုတာ ဘယ်လို လူစားမျိုးလဲ ဆိုတာ ကျွန်တော် တစ်ခါမှ တကယ် နားမလည်ခဲ့ဘူး..."
ဟု ကူမော့က ပြောလိုက်သည်။
ယဲ့ကျင်းလန် က ခပ်ဖွဖွ ရယ်မောလိုက်သည်
"အဲဒါက သူတို့ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့နဲ့ သာမန် ပြည့်တန်ဆာတွေနဲ့ ကွဲပြားအောင် လုပ်တဲ့ နည်းလမ်း တစ်ခုပါ... အစ်ကိုကူ... ပြည့်တန်ဆာအိမ် ထဲက ဘယ်သူမဆို တကယ် ဖြူစင်စွာ နေနိုင်မယ်လို့ တကယ် ယုံကြည်လို့လား..."
ကူချူတုန်းက
" ခုနက ပြောခဲ့တဲ့ စုချင်းယွီ ကကော ဘယ်လိုလဲ..."
ယဲ့ကျင်းလန် က ပြောသည်
"စုချင်းယွီ က အမြဲတမ်း ထိပ်တန်း ပြည့်တန်ဆာမ မဟုတ်ခဲ့ပါဘူး... အင်း... အဲဒီအကြောင်း မပြောကြတော့ဘူး... ရှန်ဝူကျိုး အကြောင်းကို ပြန်သွားကြတာပေါ့... အစ်ကိုကူ... ကျွန်တော်တို့ သူ့ကို အခု သွားဖမ်းကြမလား..."
ကူမော့က ပြန်ပြောသည်
" အစ်ကိုယဲ့ သဘောပါ..."
ယဲ့ကျင်းလန် က ဆိုသည်
"ဒါဆို သူ့ကို အခု သွားဖမ်းကြတာပေါ့... ဝမ်ဟွာလက ညဘက်မှ ဖွင့်တာဆိုတော့ နေ့ခင်းဘက်မှာ လူနည်းတယ်၊ သူ့ကို ဖမ်းဖို့ ပိုလွယ်တာပေါ့..."
...
ချန်အန်း မြို့သည် ကန်တိုင်းပြည် တွင် အခမ်းနားဆုံးနှင့် အစည်ကားဆုံး မြို့ကြီး ဖြစ်သည်။ ၎င်း၏ မြို့ရိုးများမှာ ကျန်း သုံးဆယ် သို့မဟုတ် လေးဆယ်ခန့် မြင့်မားပြီး အလွန် ခမ်းနားထည်ဝါလှ၏။
မြို့တွင်းမှာ စည်ကားလှပြီး မြင်းလှည်းများနှင့် မြင်းများက မြစ်တစ်စင်းအလား စီးဆင်းနေသည်။ ဝိုင်ဆိုင် အလံများက ပန်းပုထွင်းထားသော အမိုးစွန်းများနှင့် ဆေးခြယ်ထားသော တန်းများကြားတွင် လွင့်ပျံနေပြီး၊ စည်ကားသော မြို့ပြဘဝနှင့် ဧကရာဇ်မင်း၏ ခမ်းနားမှုတို့ သဟဇာတဖြစ်စွာ ရောယှက်နေလေသည်။
သို့သော်လည်း သူမတွင် လုပ်ဆောင်စရာ အရေးကြီးသော ကိစ္စများ ရှိနေသဖြင့်၊ ကူချူတုန်းမှာ ရှုခင်းများကို ခံစားရန် အချိန်များများ မရှိခဲ့ဘဲ ယဲ့ကျင်းလန် နှင့် တရားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်စုနောက်သို့ စည်ကားသော လမ်းမများတစ်လျှောက် အလျင်အမြန် လိုက်ပါသွားခဲ့၏။
ဝမ်ဟွာလုံ သို့ ရောက်ရှိချိန်တွင် မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်သည်။
ဝမ်ဟွာလုံ မှာ စည်ကားသော လမ်းမပေါ်တွင် တည်ရှိသော စံအိမ်တစ်ခု ဖြစ်သည်၊ ၎င်းသည် ညဘက်တွင် လည်ပတ်သော်လည်း နေ့ခင်းဘက်တွင်လည်း ဖွင့်လှစ်ထားပြီး ဖောက်သည် အချို့ ရှိနေဆဲ ဖြစ်သည်။
"တရားရေး ဝန်ကြီးဌာနက အမှုတစ်ခုအတွက် လာတာ!"
ယဲ့ကျင်းလန် သည် အရာရှိ တစ်ဖွဲ့ကို ဦးဆောင်ကာ ဝမ်ဟွာလုံ ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး နောက်ဖေးဝင်းဆီသို့ တည့်တည့် သွားလေသည်။ အတွင်းရှိ အစေခံများမှာ သူတို့ကို မတားရဲဘဲ သတင်းပို့ရန် အလျင်အမြန် သွားကြလေသည်။
ယဲ့ကျင်းလန် နှင့် သူ၏ အဖွဲ့ နောက်ဖေးဝင်းသို့ ရောက်ခါနီးတွင်၊ လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးက လူတစ်စုကို အလျင်အမြန် ဦးဆောင်၍ ထွက်လာ၏။
ထိုအမျိုးသမီးမှာ ရတနာများဖြင့် ဆင်ယင်ထားပြီး၊ သူမ၏ အနီရဲရဲ နှုတ်ခမ်းများမှာ ပြောင်လက်နေကာ အနည်းငယ် စူးရှသော အသံဖြင့် ပြောဆိုလျက် ယဲ့ကျင်းလန် ကို ဦးညွှတ်ကာ ဆိုသည်
"အို သခင်... ရှင် ဘယ်လို အမှုမျိုးကို ကိုင်တွယ်နေတာလဲ... ရှင့်ကို ကြိုဆိုဖို့ ကျွန်မတို့ ပြင်ဆင်နိုင်အောင် ဘာလို့ ကြိုမပြောခဲ့တာလဲ..."
ထိုသို့ပြောရင်း အမျိုးသမီးက ယဲ့ကျင်းလန် ၏ လက်ထဲသို့ ငွေစက္ကူ အထုပ်တစ်ထုပ်ကို တိတ်တဆိတ် ထည့်ပေးလိုက်၏။
သို့သော် ယဲ့ကျင်းလန် က လက်ဝှေ့ယမ်းကာ ငြင်းပယ်လိုက်ပြီး
"ငါ သုံးအထိ ရေမယ်... မင်းတို့ ဖယ်မပေးရင် တရားဝင် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းဆီးပြီး မင်းတို့ရဲ့ ဝမ်ဟွာလုံ ကို ပိတ်ပစ်မယ်!"
ဟု ပြောလိုက်သည်။
ယဲ့ကျင်းလန် ၏ ချဉ်းကပ်၍မရသော စကားများကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားကာ ပြောလိုက်သည်
"သခင်... ကျွန်မရဲ့ ဝမ်ဟွာလုံ က တရားဝင် စီးပွားရေး လုပ်ငန်းတစ်ခုပါ... ရှင်က အရာရှိ တစ်ယောက် ဖြစ်ရင်တောင်မှ ဥပဒေကို လိုက်နာသင့်တယ်..."
ယဲ့ကျင်းလန် က ရှာဖွေရေး ဝရမ်း တစ်ခုကို တိုက်ရိုက် ထုတ်ပြကာ ဆိုလိုက်သည်။
"တရားရေး ဝန်ကြီးဌာနရဲ့ ရှာဖွေရေး ဝရမ်း ဒီမှာ ရှိတယ်"
အမျိုးသမီးမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီးနောက် ထပ်မံ ပြောကြားသည်
"ဒီလိုဆိုမှတော့ သခင် က ရှာချင်သလို ရှာနိုင်ပါတယ်၊ ဒါပေမဲ့ ဒီအချက်ကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောပါရစေ ။ ဒီအဆောက်အအုံမှာ ညအိပ်တည်းခိုတဲ့ ဧည့်သည်တွေ အများကြီး ရှိတယ်၊ သူတို့ အားလုံးက ချမ်းသာပြီး သြဇာအာဏာရှိတဲ့ သူတွေချည်းပါပဲ... တကယ်လို့ ရှင်က ကျွန်မရဲ့ ဧည့်သည်တွေကို အနှောင့်အယှက် ပေးရင်တော့..."
"ဖြန်း!"
ယဲ့ကျင်းလန် က အမျိုးသမီးကို မြေကြီးပေါ် လဲကျသွားသည်အထိ ပါးရိုက်လိုက်ပြီး အေးစက်စွာ ဆိုသည်
"ပြည့်တန်ဆာအိမ် ခေါင်းဆောင် တစ်ယောက်က ငါ့ကို ခြိမ်းခြောက်ရဲတဲ့ သတ္တိ ဘယ်က ရလာတာလဲ... ရာထူးကြီး အရာရှိ အနည်းငယ်ကို ဖျော်ဖြေပေးဖူးရုံနဲ့ မင်းကိုယ်မင်း အရေးပါတဲ့ သူတစ်ယောက်လို့ တကယ် ထင်နေတာလား..."
ထိုသို့ပြောပြီးနောက် ယဲ့ကျင်းလန် က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်
"ရှာ! ငါတို့ကို နှောင့်ယှက်ရဲတဲ့ သူတိုင်းကို သတ်ပစ်!"
ချက်ချင်းပင် တရားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်စုက နောက်ဖေးဝင်းထဲသို့ ပြေးဝင်သွားကြ၏။ ဝမ်ဟွာလုံ ၏ အစောင့်များမှာ ကြောက်လန့်တကြားဖြင့် ဘေးသို့ ကပ်နေကြသည်။ ခေါင်းဆောင် အမျိုးသမီး၏ မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာ တစ်ခု ပေါ်လာပြီး သူမ နောက်ထပ် စကားတစ်ခွန်းမှ မဟရဲတော့ချေ
မကြာမီ နောက်ဖေးဝင်းတွင် ကမောက်ကမ ဖြစ်သွားပြီး၊ အထူးသဖြင့် အခွင့်ထူးခံ လူငယ် အချို့ အပါအဝင် အနှောင့်အယှက်ပေးခံရသော ဧည့်သည် အများအပြားမှာ ကျိန်ဆဲ အော်ဟစ်နေကြ၏။
သို့သော်လည်း တံခါးခြောက်ချပ်အဖွဲ့မှ အရာရှိများ သူတို့၏ ဓားများကို ဆွဲထုတ်လာသည်ကို မြင်သောအခါ သူတို့ အားလုံး ပါးစပ်ပိတ်သွားကြသည်။ တရားရေး ဝန်ကြီးဌာနကို ရန်စရဲလောက်အောင် မည်သူမျှ မမောက်မာရဲကြချေ။
"သခင်... ဒီမှာ မရှိဘူး!"
"သခင်... ရှာမတွေ့ဘူး!"
"..."
မကြာမီ တရားရေး ဝန်ကြီးဌာန အရာရှိများ တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြသော်လည်း၊ သူတို့၏ ရှာဖွေမှုများမှာ ရှန်ဝူကျိုး အတွက် မည်သည့် ရလဒ်မျှ မထွက်ပေါ်ခဲ့ချေ။
ယဲ့ကျင်းလန် ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တင်းမာလာ၏။ ရှန်ဝူကျိုး သည် ယခုအချိန်တွင် ဤဝမ်ဟွာလုံ ပြည့်တန်ဆာအိမ်၌ ရှိနေကြောင်း သူ ရှင်းလင်းသော သတင်း အတိအကျ ရရှိထားခဲ့ခြင်း ဖြစ်သည်။
"ဝိုင်းထား! ဘယ်သူမှ ထွက်မသွားရဘူး!"
ယဲ့ကျင်းလန် က အမိန့်ပေးလိုက်သည်
"ဆိုင်တာဝန်ခံ အားလုံးကို ခေါ်လာခဲ့!"
"သခင်ယဲ့... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး!"
ထိုစဉ် အမျိုးသမီး တစ်ဦး ဝင်းငယ်လေး တစ်ခုထဲမှ ထွက်လာ၏ သူမသည် လမင်းရောင် ပိုးသား ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ နူးညံ့သော မျက်ခုံးများမှာ မြူခိုးများ ဖုံးလွှမ်းနေသည့် အဝေးမှ တောင်တန်းများအလား အနည်းငယ် တွန့်ချိုးနေကာ၊ သူမ၏ မျက်လုံးများမှာ ကြယ်များကို ရောင်ပြန်ဟပ်နေသော နွေဦးစမ်းရေအလား ဖြစ်ပြီး၊
သူမ၏ ဖြူဝင်းသော မျက်နှာလေးမှာ မည်သည့် ပါးနီမှ မပါဘဲ နှင်းအလား ဖြူဖွေးနေကာ၊ ချယ်ရီ နှုတ်ခမ်းများမှာ အသစ်ပွင့်လာသော မက်မွန်ပန်းများအလား ဖြစ်နေသည်။ ဆံထိုးလေးမှာ ညင်သာစွာ ယိမ်းယိုင်နေပြီး သိမ်မွေ့သော ရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။ သူမသည် တကယ့်ကို ပြိုင်ဘက်ကင်းသော အလှပဂေး တစ်ဦး ပင် ဖြစ်လေသည်။
အမျိုးသမီးက ယဲ့ကျင်းလန် အနားသို့ ချဉ်းကပ်လာပြီး လေးစားစွာ ဦးညွှတ်လိုက်ရာ၊ သူမ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပုံ ရသည်။ သူမက တိုးညင်းစွာ ပြောလိုက်သည်
"ကျွန်တော်မျိုးမ စုချင်းယွီ... သခင်ယဲ့ကို ဂါရဝပြုပါတယ်... သခင်ယဲ့ က ဘာကို ရှာဖွေနေလို့ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေရတာလဲ ဆိုတာ သိပါရစေ... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောပါ သခင်ယဲ့... ကျွန်မတို့ရဲ့ ဝမ်ဟွာလုံ က စီးပွားရေး လုပ်ဖို့ လိုသေးလို့ပါ၊ ကျေးဇူးပြုပြီး သနားညှာတာပေးပါ!"
ယဲ့ကျင်းလန် က တည်ငြိမ်စွာ ပြန်ပြောသည်
"စုချင်းယွီ... မင်း လာတာ အချိန်ကိုက်ပဲ... မင်းရဲ့ လက်အောက်မှာ ဝူချိုး လို့ခေါ်တဲ့ ဂီတသမား တစ်ယောက် ရှိတယ်... အခု သူ ဘယ်မှာလဲ..."
စုချင်းယွီ မှာ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်
"သခင်ယဲ့... ဝူချိုး က ဘာလုပ်လို့လဲ..."
ယဲ့ကျင်းလန် က အေးစက်စွာ ပြန်ပြောသည်
"ဘာလဲ၊ ငါ အမှုတစ်ခုကို ကိုင်တွယ်နေတဲ့ အချိန်မှာ မင်းကို ရှင်းပြနေဖို့ လိုသေးလို့လား..."
စုချင်းယွီ မှာ ကြောက်လန့်သွားပုံရပြီး သနားစရာကောင်းကာ ထိတ်လန့်နေသော အမူအရာကို ပြသနေ၏။ သူမ၏ နူးညံ့ပြီး အားနည်းသော အသွင်အပြင်က သူမ၏ အလှတရားနှင့် ပေါင်းစပ်လိုက်သောအခါ အမျိုးသားများသာမက အမျိုးသမီးများကိုပင် သနားစိတ် ဖြစ်ပေါ်စေနိုင်လေသည်။ သူမက အလျင်အမြန် ပြောလိုက်သည်
"မဟုတ်ပါဘူး သခင်ယဲ့... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ဝူချိုး က ကျွန်မကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့တာပါ၊ ကျွန်မတို့မှာ သခင်နဲ့ အစေခံ ဆက်ဆံရေး ရှိပါတယ်... အခု ရှင်က ဒီလောက် အင်အားသုံးပြီး ရောက်လာတော့၊ ကျွန်မက ဒီတိုင်း လျစ်လျူရှုထားလို့ မရလို့ပါ၊ ဒါကြောင့်..."
"ပါးစပ်ပိတ်ထား!"
ယဲ့ကျင်းလန် က စုချင်းယွီ ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး၊ အေးစက်စွာ နှာမှုတ်ကာ အော်ဟစ်လိုက်သည်
"အစောင့်တွေ! စုချင်းယွီ က ရာဇဝတ်ကောင် တစ်ယောက်ကို ကာကွယ်ပေးဖို့ ကြိုးစားနေတယ်! သူမကို ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးစမ်း!"
ချက်ချင်းပင် အရာရှိ နှစ်ဦးက ရှေ့သို့ လှမ်းလာပြီး သူမကို သံကြိုးများဖြင့် ချည်နှောင်လိုက်ကြ၏။ စုချင်းယွီ က သူမ၏ မျက်နှာကို ကွယ်ထားလိုက်ရာ သူမ၏ မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်မှုများနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ယဲ့
ကျင်းလန် က ရိုမန်တစ် မဆန်ဘဲ၊ ယောကျ်ားတစ်ယောက်က သူမကို ဤမျှ ကြမ်းတမ်းစွာ ဆက်ဆံလိမ့်မည်ဟု သူမ သေချာပေါက် မထင်ထားခဲ့ချေ။
အရာရှိများမှာလည်း အတော်လေး အံ့အားသင့်နေကြ၏။
ကူမော့နှင့် ကူချူတုန်းတို့သာလျှင် ၎င်းကို ပုံမှန်ဟု ထင်ခဲ့ကြသည်၊ ဤသည်မှာ သူတို့သိသော ယဲ့ကျင်းလန် ပင် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ သူသည် နန်ကုန်းယွဲ့ရှီးကဲ့သို့သော အလွန် လှပသည့် အမျိုးသမီးကိုပင် မျက်တောင်မခတ်ဘဲ ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်သည့် ရက်စက်သော သူတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
စုချင်းယွီ သည် အမှန်တကယ် လှပသော်လည်း...
အသွင်အပြင်နှင့် အမူအရာ နှစ်ခုစလုံးတွင် သူမသည် အဲဒီတုန်းက ချင်းကျိုးပြည်နယ် ၏ နံပါတ် ၁ အလှပဂေး နန်ကုန်းယွဲ့ရှီး ထက် များစွာ ယုတ်ညံ့လေသည်။
နန်ကုန်းယွဲ့ရှီး သည် ယဲ့ကျင်းလန် ၏ နှလုံးသားကို အနိုင်ရရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည် ဆိုလျှင်၊ စုချင်းယွီ မှာတော့ ပြောစရာပင် မလိုတော့ချေ။
"မင်းတို့ တကယ်ကို သတ္တိရှိတာပဲ! ပြည့်တန်ဆာအိမ် ခေါင်းဆောင် တစ်ယောက်နဲ့ ပြည့်တန်ဆာမ တစ်ယောက်က တရားရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်ရဲတဲ့ သတ္တိ ဘယ်က ရလာတာလဲ... ရိုက်စမ်း!"
ချက်ချင်းပင် အရာရှိ တစ်ဦးက သူ၏ ဓားအိမ်ဖြင့် စုချင်းယွီ ကို ရိုက်ချလိုက်၏။
"ကျွန်မ ပြောပါ့မယ်၊ ကျွန်မ ပြောပါ့မယ်..."
စုချင်းယွီ မှာ ကြောက်လန့်တကြား ဖြစ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာကာ အလျင်အမြန် ပြောပြလေသည်
"အမွှေးတိုင် တစ်တိုင်စာ အချိန်လေး မတိုင်ခင်က၊ ကျွန်မရဲ့ အစေခံမလေး တစ်ယောက် ရုတ်တရက် ဗိုက်နာလာတယ်... ဝူချိုး က သူမကို ကုပေးနိုင်တယ်လို့ ပြောတော့ ကျွန်မက သူ့ကို စမ်းကြည့်ခိုင်းလိုက်တာ... ဒါပေမဲ့ အချိန်အတော်ကြာတဲ့ အထိ ဘာလှုပ်ရှားမှုမှ မရှိဘူး... ကျွန်မ အထဲဝင်ကြည့်တော့ အစေခံမလေး က သတိလစ်နေပြီး သူမရဲ့ အဝတ်အစားတွေ ချွတ်ခံထားရတာ တွေ့လိုက်ရတယ်... ဝူချိုး က... မိန်းမ တစ်ယောက်လို ရုပ်ဖျက်ပြီး ထွက်ပြေးသွားတာ ဖြစ်ရမယ်!"
ယဲ့ကျင်းလန် က လေးနက်သော လေသံဖြင့် မေးလိုက်သည်
"ဘယ်အရောင် အဝတ်အစားလဲ... အတိအကျ အချိန်က ဘယ်အချိန်လဲ... တိကျတဲ့ အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ..."
စုချင်းယွီ က မေးခွန်းကို နောက်ထပ် မရှောင်လွှဲရဲတော့ဘဲ အရာအားလုံးကို အသေးစိတ် ပြန်လည် ပြောပြလေသည်။
နားထောင်ပြီးနောက် ယဲ့ကျင်းလန် က စုချင်းယွီ ကို လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်သည်
"မင်းတို့ ပြည့်တန်ဆာအိမ် တွေမှာ အစွမ်းထက်တဲ့ နောက်ခံတွေ ရှိတယ်ဆိုတာ ငါ သိတယ်... မြို့တော်မှာ မင်းတို့ရဲ့ ဂုဏ်သတင်းက မင်းတို့ရဲ့ အဆက်အသွယ်တွေဟာ အရေးပါတယ် ဆိုတာကို ပြသနေတယ်... ဒါပေမဲ့ ဝူချိုး သာ ဒီနေ့ ထွက်ပြေးလွတ်မြောက်သွားရင်၊
မင်းရဲ့ ဝမ်ဟွာလုံ လည်း ပြီးသွားပြီပဲ... မင်းရဲ့ နောက်ခံတွေက မင်းကို ကာကွယ်ပေးနိုင်မလား ဆိုတာကို မင်း စမ်းကြည့်လို့ ရတယ်... ချီးကျူးစကား အနည်းငယ် ကြားရုံနဲ့ မင်းက အမှားအမှန် ခွဲခြားနိုင်စွမ်း ပျောက်သွားပြီပဲ!"
ချက်ချင်းပင်...
ယဲ့ကျင်းလန် က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်
"ဒုတိယအဖွဲ့၊ ဒီမှာ နေခဲ့ပြီး အချိန်မရွေး ဝမ်ဟွာလုံ ကို ပိတ်ပစ်ဖို့ ပြင်ထား... ကျန်တဲ့လူတွေ၊ သူ့ကို လိုက်ဖမ်းဖို့ ငါ့နောက် လိုက်ခဲ့!"
*****
အပိုင်း (၂၆၈-၁) - ရှောင်ဝူရှန်း ကျင့်စဉ် ကို ရရှိခြင်း
သိပ်မကြာခင်မှာပင် ယဲ့ကျင်းလန် သည် ကူမော့နှင့် ကူချူတုန်းတို့ကို ဝမ်ဟွာလုံ ထွက်လာခဲ့၏။ လူယုံတစ်ဦးမှာ ပတ်ဝန်းကျင်ရှိ သူလျှိုများကို ရှာဖွေကာ အသေးစိတ် အချက်အလက်များ စုဆောင်းရန် သွားရောက်ခဲ့ပြီး ဖြစ်သည်။ ထိုလူယုံက အလျင်အမြန် ပြန်ရောက်လာပြီး ဦးညွှတ်လျက် ပြောလိုက်သည်
"သခင်... ဒီနေ့ ဝမ်ဟွာလုံ ကနေ ထွက်လာတဲ့လူ စုစုပေါင်း ခုနစ်ဆယ့်သုံးယောက် ရှိပါတယ်၊ အဲဒီအထဲက လေးဆယ့်ငါးယောက်က အမျိုးသမီး အဝတ်အစားတွေ ဝတ်ထားတာပါ..."
"စုချင်းယွီ ရဲ့ ပြောပြချက်အရဆိုရင်၊ အမွှေးတိုင် တစ်တိုင်စာ အချိန်လေး မတိုင်ခင်က အမျိုးသမီး အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက် ဝမ်ဟွာလုံ ကနေ တကယ်ပဲ ထွက်သွားခဲ့ပါတယ်... ကံကောင်းထောက်မစွာနဲ့ တိတ်တဆိတ် လွှတ်ထားတဲ့ ညီအစ်ကိုတွေက အဲဒီလူအပေါ် ခြေရာခံ ဆေးမှုန့် ဖြန်းထားလိုက်နိုင်ပါတယ်..."
ယဲ့ကျင်းလန် က မေးမြန်းလိုက်သည်
"သူတို့ရဲ့ တည်နေရာကို အတိအကျ သိဖို့ အချိန်ဘယ်လောက် ကြာမလဲ..."
လူယုံက ပြန်ဖြေသည်
"အနောက်ဘက်ကို သွားရမှာပါ... အများဆုံး အမွှေးတိုင် တစ်ဝက်စာ အချိန်ဆိုရင် ညီအစ်ကိုတွေက အဲဒီလူရဲ့ တည်နေရာကို ခြေရာခံနိုင်ပါပြီ..."
"ကောင်းပြီ..."
ယဲ့ကျင်းလန် က ကူမော့ကို ကြည့်ကာ ပြောလိုက်သည်
"အစ်ကိုကူ... ကျွန်တော်တို့ ခဏလောက် စောင့်ရမယ် ထင်တယ်... မြို့တော်ကို လျှောက်ကြည့်ချင်လား... ဒါက မောင်နှမ နှစ်ယောက်စလုံးအတွက် မြို့တော်ကို ပထမဆုံး ရောက်ဖူးတာ ဖြစ်ရမယ်!"
"ဟုတ်ပါတယ်..."
ကူချူတုန်းက ခေါင်းညိတ်ပြလျက်
"မြို့တော်က တကယ်ကို ကြီးမားပြီး စည်ကားတာပဲ... အရင်က ချန်ယွမ် မြို့ကို ရောက်ဖူးတော့၊ အဲဒါက အစည်ကားဆုံး နေရာလို့ ထင်ခဲ့တာ... ဒါပေမဲ့ မြို့တော်က ချန်ယွမ် မြို့ထက်တောင် ပိုပြီး စည်ကားနေသေးတယ်!"
ယဲ့ကျင်းလန် က
"မြို့တော်မှာ နာမည်ကြီး နေရာတွေ အများကြီး ရှိပါတယ်၊ ဥပမာ ကျွမ်းယွမ် မျှော်စင်၊ ဝမ်ဖုန်း ဘုရား နဲ့ ပန်းယွဲ့ ရေကန် တို့လိုပေါ့... ချူတုန်း... မင်း စိတ်ဝင်စားရင် သွားလည်လို့ ရပါတယ်... အင်း... ချန်ယန် မင်းသမီး က မင်းနဲ့ ကစားချင်နေတာ..."
ကူချူတုန်းက ခေါင်းညိတ်ပြလျက်
"အချိန်ရောက်ရင် ကြည့်ရသေးတာပေါ့!"
ဟု ပြန်ပြောလိုက်သည်။
သူတို့ သုံးဦး အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက်၊ မကြာမီမှာပင်...
တရားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦး လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်
"သခင်... အတည်ပြုပြီးပါပြီ... ဝူချိုး က အခု လီယွမ် လမ်းကြား မှာ ရှိနေပါတယ်... သူ့ရဲ့ ရည်ရွယ်ချက်က ပြဇာတ်အဖွဲ့ထဲမှာ ပုန်းပြီး မြို့ထဲကနေ ခိုးထွက်ဖို့ ဖြစ်နိုင်ပါတယ်..."
ယဲ့ကျင်းလန် ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်း တစ်ခု လက်သွားပြီး သူက အမိန့်ပေးလိုက်သည်
"လီယွမ် လမ်းကြား နားက တစ္ဆေမြို့တော် ထဲ ဝင်တဲ့ မြေအောက်လမ်းတွေနဲ့ တူးမြောင်းတွေ အားလုံးကို စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်ပါ!"
"နားလည်ပါပြီ..."
အရာရှိက ဦးညွှတ်ကာ ထွက်သွားလေသည်။
ချက်ချင်းပင် ယဲ့ကျင်းလန် သည် ကူမော့နှင့် ကူချူတုန်းတို့ကို လမ်းကြားလေး တစ်ခုဆီသို့ အလျင်အမြန် ခေါ်သွားတော့၏။
"အစ်ကိုယဲ့... တရားရေး ဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေး စွမ်းရည်က တကယ်ကို အထင်ကြီးစရာပဲ!"
ကူမော့က အံ့သြတကြီး ပြောလိုက်သည်။
ယဲ့ကျင်းလန် က ခေါင်းယမ်းလျက် ပြန်ပြောသည်
"တရားရေး ဝန်ကြီးဌာနက ထူးခြားတာ ဘာမှ မရှိပါဘူး... မြို့တော်မှာ တကယ့်ကို အစွမ်းအထက်ဆုံး ထောက်လှမ်းရေး စွမ်းရည်ရှိတာက အင်ပါယာ မြို့စောင့်တပ်ဖွဲ့ နဲ့ ညဌာန ပါ... အဲဒီ ဌာန နှစ်ခုစလုံးက ဧကရာဇ်မင်း ကပဲ တိုက်ရိုက် အမိန့် ပေးလို့ရတာ…. နှမြောစရာပဲ...
အင်ပါယာ မြို့စောင့်တပ်ဖွဲ့ က အရာရှိတွေကို ကြီးကြပ်ဖို့ တာဝန်ရှိပြီး၊ ညဌာန ကတော့ သိုင်းလောက အင်အားစုတွေကို ကြီးကြပ်ဖို့ တာဝန်ရှိတယ်... ကျွန်တော်တို့ရဲ့ တရားရေး ဝန်ကြီးဌာနက သူတို့ကို သုံးလို့ မရပါဘူး၊ မဟုတ်ရင် အမှုတွေကို စုံစမ်းစစ်ဆေးရတာ အများကြီး ပိုလွယ်သွားမှာပါ..."
"တံခါးခြောက်ချပ်အဖွဲ့ကကော ဘယ်လိုလဲ..."
ကူမော့က မေးမြန်းလိုက်သည်။
ယဲ့ကျင်းလန် က ခပ်ဖွဖွ ရယ်မောလျက် ဆိုသည်
"မြို့တော်မှာရှိတဲ့ တံခါးခြောက်ချပ်အဖွဲ့က ဟန်ပြ သက်သက်ပါ... သူတို့ရဲ့ အဓိက လုပ်ငန်းက နေရာအသီးသီးမှာရှိတဲ့ တံခါးခြောက်ချပ်အဖွဲ့တွေကို စီမံခန့်ခွဲဖို့ပါပဲ...
ဘယ်လိုပဲဖြစ်ဖြစ် တံခါးခြောက်ချပ်အဖွဲ့ရဲ့ တာဝန်က သိုင်းလောကကို ဖိနှိပ်ဖို့လေ... ဧကရာဇ်မင်း ရဲ့ မျက်စိအောက် မြို့တော်မှာ ဘယ်သိုင်းလောက အင်အားစုကများ မိုက်ရူးရဲဆန်ပြီး လှုပ်ရှားရဲမှာလဲ... တံခါးခြောက်ချပ်အဖွဲ့က ဘာလိုအပ်လို့လဲ..."
ကူမော့ စဉ်းစားကြည့်ရာ ယဲ့ကျင်းလန် ၏ စကားများမှာ ယုတ္တိရှိကြောင်း တွေ့လိုက်ရ၏။ မြို့တော်တွင် တံခါးခြောက်ချပ်အဖွဲ့ အမှန်တကယ်ပင် မလိုအပ်ပေ။
သူတို့ အဖွဲ့သည် စကားပြောဆိုရင်း လီယွမ် လမ်းကြား ဆီသို့ အလျင်အမြန် သွားကြလေသည်။
...
လီယွမ် လမ်းကြား သည် မြို့တော်တွင် လူသိများသော လူနေရပ်ကွက် တစ်ခု ဖြစ်သည်။ ၎င်း နာမည်ကြီးရခြင်းမှာ မြို့တော်ရှိ ပြဇာတ်အဖွဲ့များ၏ ထက်ဝက်ခန့် နေထိုင်ရာ နေရာဖြစ်သောကြောင့် ဖြစ်ပြီး၊ နာမည်ကြီး ပြဇာတ်အဖွဲ့ အားလုံးနီးပါး ဤနေရာတွင် တည်ရှိသောကြောင့် လီယွမ် လမ်းကြား ဟု အမည်တွင်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် လီယွမ် လမ်းကြား ရှိ အိမ်ငယ်လေး တစ်လုံးတွင်၊ ယွီထန် ပြဇာတ်အဖွဲ့ ဟုခေါ်သော ပြဇာတ်အဖွဲ့ တစ်ခုသည် သူတို့၏ ခေါင်းဆောင်က အစေခံများကို ဝတ်စုံများ ပြင်ဆင်ရန် ညွှန်ကြားနေ၏။
သူတို့ ပြဇာတ်အဖွဲ့သည် ထိုနေ့တွင် မြို့စွန်ရှိ ချမ်းသာသော သူတစ်ဦးအတွက် ဖျော်ဖြေရန် အလုပ်ကြီး တစ်ခု ရရှိထားသည်။
ထောင့်တစ်နေရာတွင် မျက်နှာ၌ မီးလောင်ဒဏ်ရာများ ရှိပြီး ကျောတွင် ကြိုးခုနစ်ချောင်းပါ ဗျပ်စောင်းတစ်လက်ကို သယ်ဆောင်ထားသော အမျိုးသား တစ်ဦး ထိုင်နေ၏။
ထိုအမျိုးသားသည် ခေါင်းငုံ့ကာ နှမ်းမုန့် စားနေစဉ်၊ တစ်ခုခုကို သတိရသွားသည့်အလား ရုတ်တရက် မော့ကြည့်လိုက်သည်။ သူက ပြဇာတ်အဖွဲ့ ခေါင်းဆောင်ဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်
"ခေါင်းဆောင် ကျန်း... ထားလိုက်ပါတော့၊ ကျွန်တော့် ဒဏ်ရာတွေ ပြန်ပွင့်လာလို့ ဒီနေ့ မြို့ထဲကနေ မထွက်တော့ဘူး..."
ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က အလျင်အမြန် မေးလိုက်သည်
"ဝူချိုး... မင်း ဒဏ်ရာရထားတာလား..."
ဝူချိုး ဟု အမည်ရသော အမာရွတ်များနှင့် အမျိုးသားက ပြန်ဖြေသည်
"ဟုတ်တယ်... ခွေးကိုက်ခံရတာ... မကြာသေးခင်က ခွေးတစ်ကောင်က ကျွန်တော့်ကို ပစ်မှတ်ထားပြီး အမြဲတမ်း လိုက်နေတာ... ဒီနေ့ အကိုက်ခံလိုက်ရတယ်..."
ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က ပြောသည်
"ဒါပေမဲ့ မြို့ထဲမှာ မင်း လုပ်စရာ ကိစ္စ ရှိတယ် မဟုတ်ဘူးလား..."
"ဒါက ကိစ္စသေးသေးလေးပါ... နောက်မှ လုပ်လို့ ရပါတယ်... ကျွန်တော် သွားပြီး ဆေးအရင် ထည့်လိုက်ဦးမယ်..."
ဟု ဝူချိုး က ဆိုသည်။
"ဒါဆိုရင်လည်း အဆင်ပြေပါတယ်... ငါတို့ ပြဇာတ်အဖွဲ့က မနက်ဖြန် မြို့ပြင်ကို ထပ်ထွက်မှာ... အဲဒီအချိန်ကျမှ ပြန်လာခဲ့လေ..."
ဟု ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က ပြောကြားသည်။
"ကျေးဇူးပါပဲ..."
ဝူချိုး က အရိုသေပြု၍ ဖြည်းညင်းစွာ လှည့်ထွက်သွားလေသည်။
ဝူချိုး တံခါးဝသို့ ရောက်ရှိသွားစဉ်၊ ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က ရုတ်တရက် လှမ်းခေါ်လိုက်သည်
"ဝူချိုး..."
ဝူချိုး ဇဝေဇဝါဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်
"ခေါင်းဆောင် ကျန်း... ဘာဖြစ်လို့လဲ..."
ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က ပါးစပ်ဟလိုက်ပြီး၊ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောကြားလိုက်သည်
"ဝူချိုး... ငါ့အကြံဉာဏ်ကို နားထောင်ပါ၊ လက်တွေ့မကျတဲ့ စိတ်ကူးတွေကို စွန့်လွှတ်လိုက်ပါတော့... အဲဒီ သခင်မ စု က နတ်သမီးလေး တစ်ပါးလိုပဲ၊ နောင်ကျ သူမ ဝမ်ဟွာလုံ ကနေ ထွက်သွားရင်တောင်၊ ရာထူးကြီး အရာရှိတွေရဲ့ အိမ်တွေမှာ မယားငယ် ဖြစ်သွားမှာပဲ... ငါတို့လို သာမန်လူတွေက စိတ်ကူးယဉ် မနေသင့်ဘူး..."
"မင်း ဗျပ်စောင်းတီးတာ အရမ်း ကောင်းပါတယ်... လီယွမ် လမ်းကြား တစ်ခုလုံးမှာ မင်းလောက် ဗျပ်စောင်းတီးကောင်းတဲ့သူ အများကြီး ရှာမတွေ့နိုင်ဘူးလို့ ငါ ပြောရဲတယ်...
နေရာတစ်ခု ရှာပြီး ပြဇာတ်အဖွဲ့ တစ်ခုမှာ ဂီတသမား လုပ်၊ ပိုက်ဆံ နည်းနည်းရှာ၊ ပြီးတော့ ချောမောတဲ့ ဇနီးလေး တစ်ယောက် ရဖို့ အခွင့်အရေးတောင် ရနိုင်တယ်လေ... အဲဒါ မကောင်းဘူးလား... ငါတို့လို သာမန်လူတွေက စိတ်ကူးယဉ် အများကြီး မထားသင့်ဘူး!"
ဝူချိုး က ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်
"ကောင်းပါပြီ ခေါင်းဆောင် ကျန်း... တကယ်လို့... အခွင့်အရေး ရှိသေးရင်၊ ခင်ဗျားရဲ့ ပြဇာတ်အဖွဲ့ထဲ ကျွန်တော် ဝင်ပါ့မယ်!"
"သေချာတာပေါ့၊ အခွင့်အရေး ရှိပါတယ်..."
ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က ဆိုသည်
"မင်းရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် ဘယ်ပြဇာတ်အဖွဲ့မဆို မင်းကို လိုချင်ကြမှာပဲ... မင်းက ငါ့ရဲ့ ပြဇာတ်အဖွဲ့လေးကို အထင်သေးမှာကိုပဲ ငါ စိုးရိမ်တာပါ..."
ဝူချိုး အနည်းငယ် ပြုံးလိုက်ရာ၊ ထိုအပြုံးက သူ၏ မျက်နှာပေါ်ရှိ မီးလောင်ဒဏ်ရာ အမာရွတ်များကို ဆွဲဆန့်သွားစေပြီး အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသော အသွင်ကို ဖြစ်ပေါ်စေ၏။
ထို့နောက် ဝူချိုး က သူ၏ စောင်းကို ပခုံးပေါ် တင်ကာ ထွက်သွားလေသည်။
ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း သည် ဝူချိုး ၏ ထွက်သွားသော ပုံရိပ်ကို ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်
"အဲဒီ ဝူချိုး... နှမြောစရာပဲ... သူသာ အစကတည်းက လေးလေးနက်နက် နေခဲ့ရင်၊ အခုဆို နာမည်ကြီး ဗျပ်စောင်းသမား တစ်ယောက် ဖြစ်နေလောက်ပြီ!"
အစေခံ တစ်ဦးက ရယ်မောလျက် ဆိုသည်
"ခေါင်းဆောင်... ဘာနှမြောစရာ ရှိလို့လဲ... ဝူချိုး က ဘာမှ မအောင်မြင်သေးပေမဲ့၊ သူက စုချင်းယွီ ရဲ့ ဘေးမှာ နေ့တိုင်း ရှိနေခဲ့တာလေ... အဲဒါက လူအများကြီး လိုချင်တဲ့ အခွင့်အရေးပဲ... ကျွန်တော်သာ ဆိုရင်လည်း သဘောတူမှာပဲ!"
ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကျန်း က လက်ဝှေ့ယမ်းပြလျက် ပြောသည်
"အဲဒါ မတူဘူးလေ... ဝူချိုး ရဲ့ ပညာက မင်းတို့နဲ့ မတူဘူး... သူ့ဗျပ်စောင်းက အသက်ဝင်တယ်... သူသာ အချိန်မဖြုန်းခဲ့ရင်၊ သေချာပေါက် ဗျပ်စောင်းဆရာကြီး တစ်ယောက် ဖြစ်လာနိုင်တယ်... ဟူး... နှမြောစရာပဲ... သူရဲကောင်းတွေတောင် အလှပဂေး ရဲ့ ဆွဲဆောင်မှုကို မခံနိုင်ကြဘူးလေ!"
"သူရဲကောင်းက ဘာလဲ... သူက ငန်းသား စားချင်နေတဲ့ ဖားပြုပ် တစ်ကောင်ပါ!"
"ဟားဟားဟား..."
ပြဇာတ်အဖွဲ့ အတွင်း ရယ်မောသံများ ထွက်ပေါ်လာ၏။
ထိုအချိန်တွင်...
ပြဇာတ်အဖွဲ့မှ ထွက်လာခဲ့ပြီဖြစ်သော ဝူချိုး သည် ဗျပ်စောင်းကို ကိုင်ဆောင်ကာ လမ်းကြားထဲတွင် လမ်းလျှောက်နေသည်။ သူ၏ ခြေလှမ်းများမှာ ပိုမို မြန်ဆန်လာပြီး လမ်းကြား ဆယ်ခုကျော်ကို လျင်မြန်စွာ ဖြတ်သွားခဲ့၏။
လမ်းကြားတစ်ခု အတွင်းသို့ ထပ်မံ ဝင်ရောက်သွားသောအခါ လူငယ် အမျိုးသားနှင့် အမျိုးသမီး တစ်ဦးကို သူ တွေ့လိုက်ရသည်။ သူတို့ နှစ်ဦးစလုံးမှာ အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ငယ်ရွယ်ကာ ဆင်တူသော မျက်နှာသွင်ပြင် ရှိကြသည်။
သူတို့၏ အသားအရေမှာ အလွန် နူးညံ့ပြီး ဖြူဝင်းကာ ချမ်းသာသော မိသားစုမှ အလိုလိုက်ခံထားရသော သခင်လေးနှင့် သခင်မလေး တစ်ဦးနှင့် တူနေတော့၏။
သို့သော်လည်း...
ထိုအချိန်တွင် ဝူချိုး မှာ တင်းမာနေလေသည်။
အဘယ်ကြောင့်ဆိုသော် မျက်လုံးစည်းထားသော အမျိုးသားနှင့် ခန္ဓာကိုယ် သေးသွယ်သော်လည်း ဧရာမ စာအုပ်သေတ္တာကြီး ကို သယ်ဆောင်ထားသော အမျိုးသမီး စုံတွဲမှာ သိုင်းလောကတွင် ကျော်ကြားနေသောကြောင့် ပင် ဖြစ်သည်။
"ယွင်ကျိုးရဲ့ မဟာသူရဲကောင်း ကူမော့!"
ဝူချိုး ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။
"ငါ သေသေချာချာ စဉ်းစားကြည့်တယ်၊ ၊ ဒါပေမဲ့ ငါ နားမလည်နိုင်သေးဘူး... ငါ့တစ်သက်မှာ ယွင်ကျိုးကို တစ်ခါပဲ သွားဖူးတယ်၊ လွန်ခဲ့တဲ့ ရှစ်နှစ်ကလေ... အဲဒီမှာ လူတစ်ယောက်တည်းပဲ သတ်ခဲ့တာပါ..ဒါက အနာဂတ် ယွင်ကျိုးရဲ့ မဟာသူရဲကောင်း ကို စော်ကားမိတာ…. ဒီလောက်တောင် တိုက်ဆိုင်ဖို့ မဖြစ်နိုင်ဘူး မဟုတ်လား..."
"မဟုတ်ပါဘူး..."
ကူမော့က ပြန်ဖြေလိုက်သည်။
ဝူချိုး က လေးနက်သော လေသံဖြင့် မေးလိုက်သည်
"ဒါဆို သိုင်းလောက တစ်ခုလုံးကို ပြန့်သွားအောင် လုပ်ပြီး၊ ငါ့ကို ဒီအထိ လိုက်ဖမ်းနေရတာလဲ..."
ကူမော့က ဆိုသည်
"ငါက ကြေးစား လေ၊ မင်းက ဝရမ်းပြေးပဲ... မင်းကို သတ်ဖို့ ငါ့မှာ အကြောင်းပြချက် မလိုဘူး မဟုတ်လား..."
ဝူချိုး က ပြောသည်
"လောကမှာ ဝရမ်းပြေးတွေ မရေမတွက်နိုင်အောင် ရှိတယ်... ငါ ရှန်ဝူကျိုး က မဟာသူရဲကောင်း ကူ ရဲ့ တန်ဖိုးထားမှုကို ခံရအောင် ဘာလုပ်ခဲ့လို့လဲ..."
"မင်းက သေဖို့ ကောင်းတယ်လေ!"
ကူမော့သည် ဝရမ်းပြေး အများအပြားကို သတ်ခဲ့ဖူးသော်လည်း၊ ရှန်ဝူကျိုး ကဲ့သို့ အကြောင်းပြချက် မရှိဘဲ လူသတ်သော သူများမှာ အလွန် ရှားပါးသည်။
ယေဘုယျအားဖြင့် လူသတ်သမားများသည် လူသတ်သောအခါ အကြောင်းနှင့် အကျိုးကို စဉ်းစားလေ့ ရှိသော်လည်း ရှန်ဝူကျိုး မှာမူ မတူညီချေ။ သူ့တွင် အကြောင်းနှင့် အကျိုး မရှိပါ၊ လမ်းသွားလမ်းလာများကို ကျပန်းရှာဖွေကာ ငွေကြေးအတွက် ဖျော်ဖြေပေးရသည်ကို သဘောကျခြင်း ဖြစ်သည်။
လမ်းသွားလမ်းလာက ငြင်းဆန်ပါက သတ်ဖြတ်ခံရမည် ဖြစ်ပြီး၊ ငွေပေးရန် ရွေးချယ်ပါက အသက်ရှင်ရန် အခွင့်အရေး ရမည် ဖြစ်သော်လည်း အခွင့်အရေး သက်သက်သာ ဖြစ်၏။
စောင်းတီးပြီးနောက် သူ၏ စွမ်းရည်များကို အကဲဖြတ်ရန် နားထောင်သူအား သူက တောင်းဆိုလေ့ ရှိသည်။ အကဲဖြတ်မှုမှာ ကျေနပ်စရာ ကောင်းပါက အသက်ရှင်ခွင့် ရမည်ဖြစ်ပြီး
ငွေလည်းပြန်လည် ရရှိမည် ဖြစ်ကာ၊ အကဲဖြတ်မှုကို မကျေနပ် ပါက သတ်ဖြတ်ခံရမည် ဖြစ်သည်။
ဤသည်မှာ လုံးဝ ကျပန်းဖြစ်ပြီး၊ သေမလား ရှင်မလား ဆိုသည်မှာ ရှန်ဝူကျိုး အပေါ်တွင်သာ မူတည်နေ၏။
လူတစ်ရာထက် မနည်း ရှန်ဝူကျိုး ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
"ဒါပေမဲ့ ငါ လူမသတ်တာ နှစ်အတော်ကြာပြီလေ..."
ရှန်ဝူကျိုး က ပြောလိုက်သည်။
ကူမော့က ဇဝေဇဝါဖြင့် မေးမြန်းသည်
"မင်း လူသတ်ခဲ့တယ်၊ အပြစ်တွေကလည်း ကြီးမားတယ်
ပြီးတော့ ဝရမ်းပြေးပဲ... ... အဲဒါက မင်း ပြစ်မှုကျူးလွန်တာကနေ အနားယူတာနဲ့ ဘာဆိုင်လို့လဲ..."
"ကြည့်ရတာ... အဲဒါနဲ့ ဘာမှ မဆိုင်ဘူးထင်တယ်..."
"မင်းက လူတွေအတွက် စောင်းတီးပေးရတာ ကြိုက်တယ်လို့ ငါ ကြားတယ်၊ ငါ့အတွက် တစ်ပုဒ်လောက် တီးပြပါလား..."
ဟု ကူမော့က ပြောလိုက်သည်။
"ကောင်းပါပြီ..."
ရှန်ဝူကျိုး က ခေါင်းညိတ်ပြလျက် ဆိုသည်
"မဟာသူရဲကောင်း ကူ... အခု မင်း ငါ့ကို ဖမ်းမိပြီဆိုတော့ ငါ သေရတော့မယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ငါ မသေခင် မင်းကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်..."
ထိုသို့ပြောရင်း ရှန်ဝူကျိုး သည် သူ၏ ဝတ်ရုံထဲမှ စာတစ်စောင်ကို ထုတ်ယူကာ သူ၏ ဘေးရှိ မြေကြီးပေါ်တွင် တင်လိုက်ပြီး ဆက်ပြောသည်
"ဒီစာကို ဝမ်ဟွာလုံ က စုချင်းယွီ ဆီ ပေးပေးလို့ ရမလား..."
ကူချူတုန်းက အံ့သြစွာဖြင့် မေးမြန်းလိုက်သည်
"ရှင်က အချစ်ကြောင့် ဝမ်ဟွာလုံ ကို တကယ် သွားခဲ့တာလား..."
ရှန်ဝူကျိုး က ခေါင်းညိတ်ပြလျက် ပြောပြလေသည်
"လွန်ခဲ့တဲ့ ခြောက်နှစ်က စုချင်းယွီ ကို ပထမဆုံး တွေ့လိုက်တဲ့ အချိန်မှာတင် ကျွန်တော် ချစ်မိသွားခဲ့တယ်... အဲဒီအခိုက်အတန့်မှာပဲ နောင်တရခဲ့တယ်၊ တကယ် နောင်တရခဲ့တယ်... ဝရမ်းပြေး တစ်ယောက် ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ် မုန်းတယ်၊ လူအများကြီး သတ်ခဲ့မိတာကို မုန်းတယ်... ကျွန်တော် သူမကို ချစ်တယ်၊ ဒါပေမဲ့ သူမနဲ့ ထာဝရ အတူတူ နေဖို့ ဆိုတာ မဖြစ်နိုင်ခဲ့ဘူးလေ..."
"ဒါကြောင့် ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးပြီး စောင်းသမား တစ်ယောက် ဖြစ်လာခဲ့တယ်..." သရုပ်မှန် အသစ်နဲ့ ပြည့်တန်ဆာအိမ် ထဲ ဝင်လာခဲ့တယ်၊ ကျွန်တော်က သူမနဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ်...
ကျွန်တော် လိုချင်တာ က သူမအနားမှာ နေခွင့်ရဖို့ပါပဲ... ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူမကို ပြောချင်တဲ့ စကားတွေ အများကြီး ကျွန်တော့် ရင်ထဲမှာ ပိတ်လှောင်နေခဲ့တယ်၊ ဒါပေမဲ့ ပြော မရဲခဲ့ဘူး...
လွန်ခဲ့တဲ့ နှစ်ရက်မှာ၊ တစ်ယောက်ယောက်က ကျွန်တော့်ကို စောင့်ကြည့်နေတယ် ဆိုတာကို သတိထားမိခဲ့ပြီး၊ ကျွန်တော့်ရဲ့ သရုပ်မှန် ပေါ်လွင်သွားပြီးဆိုတာ သိလိုက်ရတယ်...
အခု မပြောပြရင် နောက် အခွင့်အရေး ရတော့မှာ မဟုတ်ဘူးဆိုတာ သိတယ်... ဒါပေမဲ့ သူမရှေ့မှာ ရပ်နေတာတောင်မှ ကျွန်တော် စကားမပြောနိုင်ခဲ့ဘူးလေ... ဒါကြောင့် ကျွန်တော် ပြောချင်တာတွေ အားလုံးကို စာတစ်စောင် ထဲမှာ ရေးလိုက်တာပါ...
ကူမော့မှာ အကြီးအကျယ် တုန်လှုပ်သွားပြီး ဇဝေဇဝါ ဖြစ်သွား၏။
"မင်းလို ရက်စက်တဲ့ လူသတ်သမား တစ်ယောက်က အမျိုးသမီး တစ်ယောက်ကို ချစ်မိသွားတယ်၊ ပြီးတော့ မင်းရဲ့ ခံစားချက်တွေကို မပြောပြရဲဘူးလို့ ပြောနေတာလား... မင်းက အရူးပဲ..."
"အစ်ကို!"
ကူချူတုန်းက ကူမော့ကို ဖြတ်ပြောလိုက်ပြီး
"ကိုယ့်ချစ်သူ ရှေ့မှာဆိုရင် ဘယ်သူမဆို သိမ်ငယ်စိတ် ခံစားရတတ်ပါတယ်၊ ဒါကြောင့် အချစ်ရူးရူးတာကို မလှောင်ပြောင်သင့်ပါဘူး!"
ကူမော့က စကားမပြောနိုင်လောက်အောင် ဖြစ်စွာဖြင့် ပြန်ပြောသည်
"အချစ်ရူးရူးတာကို သေချာပေါက် မလှောင်ပြောင်သင့်ပါဘူး၊ ဒါပေမဲ့ မိုက်မဲတဲ့ လုပ်ရပ်ကိုတော့ လှောင်ပြောင်သင့်တယ်လေ!"
ရှန်ဝူကျိုး က တိုးတိုးလေး သက်ပြင်းချလိုက်သည်
"မဟာသူရဲကောင်း ကူ... တစ်နေ့နေ့ မင်း ချစ်ရတဲ့သူနဲ့ တွေ့တဲ့အခါ ကျွန်တော့် လုပ်ရပ်ကို မိုက်မဲတယ်လို့ ထင်မှာ မဟုတ်ပါဘူး..."
ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်သည်
"ဒီလောကမှာ အချစ်ရူး ရူးတာ တစ်ခုတည်းကိုပဲ မလှောင်ပြောင်သင့်ပါဘူး၊ ဒါပေမဲ့ ဒီလောကမှာ အချစ်ရူး တာက အမိုက်မဲဆုံး အရာပဲ!"
နောက်ဆုံးကြွေကျလာသည့် သစ်ရွက်ခြောက်လေးမှာ အပြာရောင် ကျောက်စရစ်ပြင်ထက်တွင် ဝဲလည်နေ၏။ ထိုစဉ် ရှန်ဝူကျိုး၏ စောင်းကြိုးများမှာ ပစ်ခတ်တော့မည့် လေးကြိုးတစ်ချောင်းအလား အစွမ်းကုန် တင်းကျပ်နေသည်။ သူသည် စောင်းကြိုးကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ ကပ်ငြိနေသည့် တံဆိပ်တစ်ခုကို အားဖြင့် ဆွဲခွာလိုက်သကဲ့သို့ ပြတ်သားလှပေသည်။
ရေခဲပိုးမျှင် ခုနစ်ချောင်းက သူ၏ လက်ဖဝါးထဲတွင် အလင်းတန်းအဖြစ် ကခုန်နေပြီး၊ လက်ချောင်းထိပ်များနှင့် စောင်းကြိုးကို ပွတ်တိုက်မိသောအခါ ကြည်လင်ပြီး သာယာသံ ထွက်ပေါ်လာသည်။
စောင်းသံ စတင်ထွက်လာသောအခါ လမ်းကြားအဝင်ဝရှိ လေပြင်းမှာ ရုတ်တရက် ရပ်တန့်သွား၏။
အပြာရောင် ကျောက်ပြားများ၏ အက်ကွဲကြောင်းများမှ စိမ့်ထွက်လာသော မြူခိုးများမှာ၊ သူ၏ လက်ချောင်းထိပ်များ လှုပ်ရှားမှုနှင့်အတူ ရေတံတိုင်း တစ်ခုအဖြစ်ဖန်တီးခံလိုက်ရသည်။
အသံလှိုင်း တစ်ခုစီထွက်ပေါ်လာတိုင်း ကြာပန်းပုံစံများဖြစ် လာပြီး၊ တောက်ပသော ဓားစွမ်းအင်များ အဖြစ် ပြောင်းသွားကာ
အရှိန်အဟုန်ဖြင့် ကူမော့နှင့် သူ၏ ညီမဆီသို့ ပြေးဝင်သွားသည်။
ဓားစွမ်းအင်များ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် လေထုသည် လှိုင်းဂယက်များသဖွယ် တုန်ခါသွား၏။ ကြွေကျနေသော သစ်ရွက်ခြောက်များမှာလည်း မမြင်ရသည့် ဆွဲအားတစ်ခုကြောင့် လွင့်ပျံလာကာ ဓားအရှိန်အဟုန်နှင့်အတူ ဝဲလည်ကခုန်နေကြသည်။
ထိုအရာများကို ဓားစွမ်းအင်များဟု ဆိုရမည့်အစား တေးဂီတနောက်သို့ ယဉ်ပါးစွာ လိုက်ပါနေသော ပိုးစုန်းကြူးအုပ်ကြီးနှင့် ပို၍ တူနေပေသည်။ အေးစက်စူးရှသော အလင်းစက် ရာပေါင်းများစွာသည် ဓားအရှိန်အဟုန်တစ်ခုအဖြစ် စုစည်းသွားပြီး၊ ၎င်းတို့ ဖြတ်သန်းသွားသည့်အခါ လွင့်ပျံနေသော သစ်ရွက်ခြောက်လေးများ၏ သွေးကြောမျှင်လေးများအထိ ထိုးဖောက်လင်းထိန်သွားစေတော့သည်။
ကူမော့သည် မိုးမခရွက်ပုံစံ လက်နက်ပုန်း ကို ပစ်လွှတ်လိုက်၏။၎င်းကို မည်သို့ ပစ်လွှတ်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ရချေ။ ဓားသွားက ရှန်ဝူကျိုး တီးခတ်လိုက်သော အသံလှိုင်းများကို ရောင်ပြန်ဟပ်နေပြီး အလင်းလှိုင်းတစ်ခုနှင့် တူနေတော့၏။
ပထမဆုံး အသံလှိုင်းက ဓားနှင့်ထိပ်တိုက် တိုက်လိုက်သည့် အခိုက်အတန့်တွင် မီးပွားများ လွင့်စင်သွားပြီး အုတ်ချပ်များကို လောင်ကျွမ်းသွားစေသည်။ ဒုတိယ အသံလှိုင်းမှာ ဓားကြောင့် ကြိုးမျှင်များအဖြစ် အပိုင်းပိုင်းအစစ ဖြတ် တောက်ခံလ်ုက်ရသည်။ တတိယ အသံလှိုင်း ရောက်ရှိလာချိန်တွင်မူ ဓားမှာ ကြည်လင်ပြတ်သားသော အသံဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
လက်နက်ပုန်းမှာ ဓား တစ်လက်အလား အသံလှိုင်း များကို အားပြင်းပြင်းဖြင့် ဖောက်ထွင်းသွားပြီး ဗျပ်စောင်း၏ စွမ်းအင်ကို ပျောက်ကွယ်သွား စေသည်။
ထို့နောက် ချက်ချင်းပင် လက်နက်ပုန်းမှာ ရှန်ဝူကျိုး ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားတော့၏။
ဓားက သူ၏ ရင်ဘတ်ထဲသို့ ဝင်သွားစဉ် ရှန်ဝူကျိုး ၏ လက်ချောင်းထိပ်များမှာ စောင်းကြိုးများ အပေါ်တွင် ဖိထားဆဲ ဖြစ်သည်။
သွေးစက်များက စောင်းကြိုးများ တစ်လျှောက် မြန်ဆန်စွာ ကျဆင်းနေလေသည်။
သူသည် ရုတ်တရက် ရယ်မောလိုက်ပြီးနောက် လက်ချောင်းထိပ်များဖြင့် စောင်းကြိုးများကို ညင်သာစွာ ပွတ်တိုက်လိုက်သည်။ သေစေနိုင်သော တိုက်ခိုက်မှုအဖြစ် ပေါ်ထွက်လာရမည့် စောင်းသံမှာ “ဖီးနစ်ငှက် အဖော်ရှာခြင်း” ၏ နောက်ဆုံးတေးသွားများအဖြစ် ပြောင်းလဲသွားလေ၏။ စောင်းကြိုးများပေါ်သို့ ကျသွားသော သွေးစက်များနှင့်အတူ အသံလှိုင်းများသည် လမ်းကြားလေးထဲသို့ ဖြာကျနေသည့် နေရောင်ခြည်တန်းလေးများအလား တောက်ပနေတော့သည်။
သူ တုန်ယင်သွားပြီး သူ၏ အဝတ်အစားများမှာ သွေးများကြောင့် ချက်ချင်း နီရဲ သွားကာ ဆီးနှင်းထဲတွင် ပွင့်နေသော အနီရောင် ဆီးနှင်းပန်း တစ်ပွင့်အလား ဖြစ်နေသည်။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း သူက ဆက်တီးရန် အတင်းအကျပ် ကြိုးစားနေဆဲဖြစ်ပြီး၊ သူ၏ သေးသွယ်သော လက်ချောင်းများက စောင်းကြိုးများပေါ်တွင် ညင်သာစွာ တင်ထားကာ ဖြည်းညင်းစွာ တီးခတ်နေ၏။ သို့သော် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမှ မရှိတော့ဘဲ သန့်စင်သော တီးခတ်မှု သက်သက်သာ ဖြစ်သွားတော့သည်။
တေးဂီတမှာ သာယာနာပျော်ဖွယ်ကောင်းပြီး နူးညံ့ကာ၊ ဝမ်းနည်းမှုနှင့် လွမ်းဆွတ်မှု အနည်းငယ် ပါဝင်နေပြီး တိတ်ဆိတ်နေသော လမ်းကြားလေးထဲတွင်အဆုံးမရှိသော စိတ်ကူးများကို ပြောပြနေလေသည်။
မကြာမီမှာပင် ရှန်ဝူကျိုး သည် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်ရာ သူ့ရှေ့ရှိ စောင်းကြိုးများကို စွန်းထင်းသွားစေသည်။
သူ၏ ရင်ခွင်ထဲရှိ ကြိုးခုနစ်ချောင်းပါ ဗျပ်စောင်းမှာ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားပြီး၊ သူသည်လည်း အကူအညီမဲ့စွာ လဲကျသွားတော့၏။
"အရူး..."
သူ၏ နှုတ်ခမ်းများနှင့် သွားများကြားမှ သွေးများစီးကျလာသည်။ နောက်ဆုံး သစ်ရွက်ခြောက်လေးမှာ ရှန်ဝူကျိုး ၏ ပေါ်သို့ နောက်ဆုံးတွင် ကျဆင်းသွားလေသည်။ လမ်းကြားလေး၏ နေဝင်ဆည်းဆာ အလင်းရောင်မှာ ပျံ့နှံ့လာပြီး၊ အသံမှာ အားနည်းကာ အထီးကျန်ဆန်နေတော့၏
ထိုအခိုက်အတန့်တွင် စနစ်၏ အသိပေးချက်က ကူမော့၏ စိတ်ထဲတွင် မြည်လွင်လာသည် -
[ကြယ်သုံးပွင့် ဝရမ်းပြေးကို သတ်ဖြတ်နိုင်ခဲ့သည်]
[ကြယ်သုံးပွင့် ဆုလာဘ် - အမြင့်ဆုံးအဆင့် ရှောင်ဝူရှန်း ကျင့်စဉ် ကို ရရှိသည်]
[ယခု ရယူမည်လား]
...
ထိုအခိုက်အတန့်တွင်...
ကူမော့သည် အမြင့်ဆုံးအဆင့် ရှောင်ဝူရှန်း ကျင့်စဉ် ကို ရရှိသွားလေသည်။
ဤကျင့်စဉ်မှာ ပုံသဏ္ဌာန်မဲ့ပြီး ခြေရာခံ၍ မရနိုင်ချေ။ ၎င်းမှာ တာအို ကျင့်စဉ် တစ်ခုဖြစ်ပြီး၊ ဝိညာဉ်ကို လေဟာနယ်ထဲတွင် သွားလာနိုင်အောင်လုပ်ဆောင်ပေးသည်။
"ပုံသဏ္ဌာန်မဲ့ခြင်း" ကို အနှစ်သာရ အဖြစ်ထားရှိကာ ပုံသဏ္ဌာန်အပေါ် တွယ်တာမှု မရှိဘဲ ကျင့်ကြံထားသဖြင့် မရေမတွက်နိုင်သော ဖြစ်ရပ်များအဖြစ် ပြောင်းလဲသွားနိုင်သည်။ စွမ်းအားမှာ မြင့်မားလှပြီး အခြားသူများ၏ နည်းစနစ်များကို အတုခိုးနိုင်စွမ်း ရှိကာ မူရင်းထက်ပင် သာလွန်နိုင်သေး၏။
သေချာတာပေါ့ ကူမော့အတွက်ကတော့...
အရေးအကြီးဆုံး အချက်မှာ ၎င်းကို ရန်သူများနှင့် တိုက်ခိုက်ရန် အသုံးပြုနိုင်ခြင်း မဟုတ်ဘဲ၊ သူ၏ အကန့်အသတ်မဲ့ မူလသို့ပြန်ခြင်းချီ မှာ ပြီးပြည့်စုံသွားပြီ ဖြစ်ခြင်း ပင် ဖြစ်သည်။
မူလသို့ပြန်ခြင်းချီ ကို ထူးခြားသော ဂုဏ်သတ္တိ ခြောက်ခုနှင့် အကန့်အသတ်မဲ့ အလားအလာရှိသော နတ်ဘုရားကျင့်စဉ် ခုနစ်ခုဖြင့် ဖွဲ့စည်းထားသည်။ ရှောင်ဝူရှန်း ကျင့်စဉ် မှာ သူ လိုအပ်နေသော နောက်ဆုံး သိုင်းပညာ ပင် ဖြစ်လေသည်။
ပထမဆုံးသော ဟန်ချက်ထိန်းညှိမှုမှာ ထိုက်ချိ နတ်ဘုရားကျင့်စဉ် ဖြစ်ပြီး၊ ဒုတိယမြောက် အသွင်ပြောင်းနည်းစနစ်မှာ ရှောင်ဝူရှန်း ကျင့်စဉ် ဖြစ်သည်။ တတိယမြောက် တည်ငြိမ်မှုအခြေခံမှာ အလင်းလေးဖြာ နတ်ဘုရားကျင့်စဉ် ဖြစ်၍၊ စတုတ္ထမြောက် အကာအကွယ်မှာ ကောင်းကင်ပိုးအိမ် နတ်ဘုရားကျင့်စဉ် ဖြစ်၏။ ပဉ္စမမြောက် စွမ်းအင်အရင်းအမြစ်များအဖြစ် ယန်ကိုးသွယ် နတ်ဘုရားကျင့်စဉ် နှင့် တောက်ပသော ကျောက်စိမ်းကျင့်စဉ် တို့ရှိကြပြီး၊ ဆဋ္ဌမမြောက် ဉာဏ်အလင်း မြှင့်တင်ပေးမည့် အရာမှာမူ ထိုက်ရွှမ် ကျမ်းစာ ပင် ဖြစ်လေသည်။
အပိုင်း (၂၆၈) မူလသို့ပြန်ခြင်းချီ
ယခု သိုင်းပညာ နည်းစနစ် ခုနစ်ခုလုံး နေရာကျသွားပြီဖြစ်ရာ...
ကူမော့မှာ စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရ၏။
မကြာသေးမီက တာဝန်ခံချုပ် နှင့် တိုက်ခိုက်ရန် မူလသို့ပြန်ခြင်းချီ ကို အသုံးပြုခဲ့ပုံကို သူ ပြန်အမှတ်ရသွားသည်။ အဲဒီတုန်းက အဖြစ် ရှောင်ဝူရှန်း ကျင့်စဉ် မရှိခဲ့သဖြင့် သူ၏ မတူညီသော အတွင်းအားများမှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြပြီး၊ သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။
…
ကူမော့ အတွေးနက်နေစဉ်မှာပင် ကူချူတုန်းသည် ရှန်ဝူကျိုး ၏ အလောင်းဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမက ငွေရောင် လက်အိတ်များကို ဝတ်ဆင်ကာ ရှန်ဝူကျိုး ခန္ဓာကိုယ်မှ ငွေအိတ် တစ်အိတ်ကို အလျင်အမြန် ဆွဲထုတ်လိုက်၏။ အတွင်းတွင် ငွေစ အနည်းငယ်နှင့် ကြေးပြား အချို့သာ ပါဝင်သော်လည်း ကူချူတုန်းမှာ အလွန် ဝမ်းသာသွားလေသည်။
ထို့နောက် သူမက ရှန်ဝူကျိုး ၏ ခန္ဓာကိုယ်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ရာ၊ အဖုံးတွင် " နှလုံးကြိုး ဘေးဒုက္ခ “ ဟူသော စာလုံးကြီးများ ပါရှိလေသည်။
၎င်းမှာ ရှန်ဝူကျိုး ၏ သိုင်းပညာ ပင် ဖြစ်လေသည်။
ချက်ချင်းပင်...
ကူချူတုန်းသည် စာအုပ်ကို စာအုပ်သေတ္တာကြီး ထဲသို့ လျင်မြန်စွာ ထည့်လိုက်ပြီး၊ ရှန်ဝူကျိုး ၏ ကြိုးခုနစ်ချောင်းပါ ဗျပ်စောင်းကိုလည်း အတွင်းသို့ ထည့်လိုက်လေသည်။
ထိုစဉ်...
ယဲ့ကျင်းလန် သည် လမ်းကြားလေး၏ အခြားတစ်ဖက်မှ တရားရေး ဝန်ကြီးဌာန အရာရှိ တစ်စုကို ဦးဆောင်၍ ထွက်လာ၏။ တကယ်တမ်းကျတော့ သူတို့သည် ထိုနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့ကြပြီ ဖြစ်သော်လည်း၊ အားလုံးမှာ အလွန် ပါးနပ်ကြသည် ။
ရှန်ဝူကျိုး မှာ ယဲ့ကျင်းလန် က ကူမော့အား ပေးသော လက်ဆောင် တစ်ခုသာ ဖြစ်ကြောင်း သိထားသဖြင့် ကူမော့က ရှန်ဝူကျိုး ကို သတ်ပြီးနောက်မှသာ ရောက်လာခဲ့ကြခြင်း ပင် ဖြစ်လေသည်။
"ဂုဏ်ယူပါတယ် အစ်ကိုကူ... မင်း နောက်ထပ် ဝရမ်းပြေး တစ်ယောက်ကို သတ်နိုင်ခဲ့ပြန်ပြီ... ကျိုတိုခရိုင် အစိုးရရုံးကို ကျွန်တော် ကိုယ်တိုင် ကြီးကြပ်ပေးပါ့မယ်၊ ဆုငွေက အများဆုံး ငါးရက်အတွင်း ရောက်လာမှာပါ..."
ယဲ့ကျင်းလန် လျှောက်လာပြီး အလောင်းကို သယ်သွားရန် သူ၏ အရာရှိများကို အချက်ပြလိုက်၏။ သူက ကူချူတုန်း၏ စာအုပ်သေတ္တာကြီး ကို တစ်ချက် ကြည့်လိုက်သည်၊ ကြိုးခုနစ်ချောင်းပါ စောင်းမှာ ရှည်လွန်းသဖြင့် စာအုပ်သေတ္တာ၏ အဖုံးကို သေချာစွာ ပိတ်၍ မရဖြစ်နေလေသည်။
သူမ၏ ပိုင်ဆိုင်မှု အလွန် ပိုင်စိုးပိုင်နင်းနိုင်သော ကူချူတုန်းသည် ကူမော့၏ အနောက်သို့ ချက်ချင်း ပြေးသွားပြီး သူမ၏ မျက်လုံးများမှာ အလွန် သတိထားနေပုံ ရသည်။
ယဲ့ကျင်းလန် က ခပ်ဖွဖွ ရယ်မောလျက် ပြောလိုက်သည်
"စိတ်မပူပါနဲ့ ချူတုန်း... မင်းရဲ့ ရတနာတွေကို ငါ မခိုးပါဘူး... ရှန်ဝူကျိုး ရဲ့ ကြိုးခုနစ်ချောင်းပါ ဗျပ်စောင်း၊ တစ္ဆေငို ကြိုးခုနစ်ချောင်း စောင်း လို့လည်း ခေါ်တယ်။ အဲဒါက အထူး ပစ္စည်းတွေနဲ့ လုပ်ထားတယ် ဆိုတာကိုပဲ နင့်ကို သတိပေးချင်တာပါ... ကိုယ်ထည်က အရမ်း မာကျောပြီး သာမန် လက်နက်တွေနဲ့ ဖျက်ဆီးဖို့ ခက်ပါတယ်...
ဒါပေမဲ့ အစွမ်းအထက်ဆုံး အပိုင်းက ကြိုးတွေပါပဲ... ကြိုးတွေက ပါးလွှာပြီး ပျော့ပျောင်းပေမဲ့ အရမ်း ခံနိုင်ရည်ရှိပြီး ထက်မြက်တယ်... သိုင်းဆရာကြီး အများစုဟာ အနီးကပ် တိုက်ခိုက်ချိန်မှာ အဲဒီကြိုးတွေနဲ့ လည်ပင်း အလှီးခံရပြီး ရှန်ဝူကျိုး ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာလေ!"
ကူချူတုန်းက အလျင်အမြန် ပြန်ပြောသည်
"ကျွန်မ နားလည်ပါတယ်... နောင်ကျရင် ကျွန်မ မနိုင်တဲ့ သူတစ်ယောက်ယောက်နဲ့ တွေ့ရင် ကြိုးတွေကို ဖြုတ်ပြီး အငိုက်ဖမ်း တိုက်ခိုက်ဖို့ လက်နက်ပုန်း တွေ အဖြစ် သုံးလို့ ရတယ်လေ!"
ယဲ့ကျင်းလန် - "..."
"ငါ ပြောချင်တာက၊ တကယ်လို့ မင်း စောင်းတီးတာကို သင်ချင်တယ် ဆိုရင်... သတိထားပါ၊ တစ္ဆေငို ကြိုးခုနစ်ချောင်း စောင်း က အရမ်း ထက်တယ်၊ ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့... အင်း... မင်းက... သင်ယူထားတာတွေကို အသုံးချတဲ့ နေရာမှာ အရမ်း တော်တာပဲ၊ ဟားဟားဟား... သိုင်းလောကမှာ လှည့်လည်သွားလာဖို့ တကယ် သင့်တော်ပါတယ်၊ ဟားဟားဟား!"
ဘေးတွင် ရပ်နေသော ကူမော့က ခပ်ဖွဖွ ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။ သူက မြေကြီးပေါ်ရှိ စာတစ်စောင်ကို လက်ညှိုးထိုးကာ မေးလိုက်သည်
"အစ်ကိုယဲ့... ဒီစာက..."
ယဲ့ကျင်းလန် က နှုတ်ခမ်းကို တွန့်လျက် ဆိုသည်
" သူ ဝမ်းနည်းသလို ဟန်ဆောင်နေတာ... မျက်တောင်မခတ်ဘဲ လူသတ်တဲ့ လူယုတ်မာ တစ်ယောက်က၊ ဒီအချစ်ရူးရူးတာကြီးက ဘာလဲ... စဉ်းစားကြည့်ရုံနဲ့တင် ထူးဆန်းနေပြီ...
ဒီစာကို ပေးချင်တဲ့သူ ပေးလို့ ရပါတယ်... သောက်ကျိုးနည်း၊ သူမက ပြည့်တန်ဆာမ တစ်ယောက် သက်သက်ပါ၊ အဲဒါ တကယ် လိုအပ်လို့လား..."
ထိုသို့ပြောပြီးနောက် ယဲ့ကျင်းလန် က ကူမော့ကို အရိုသေပြုလျက် ပြောကြားသည်
"ဒါနဲ့ အစ်ကိုကူ... မင်းနဲ့ ညီမလေး ချူတုန်း တို့ ကျွန်တော့်အိမ်မှာ လာနေလို့ ရပါတယ်... အိမ်မှာ ကျွန်တော်ကလွဲပြီး ဘယ်သူမှ မရှိပါဘူး၊ အတော်လေး ကျယ်ဝန်းပါတယ်... အခု လိုက်ပြပါ့မယ်၊ မင်း မကြိုက်ဘူးဆိုရင် တခြား နေရာတစ်ခုကို သွားရှာကြတာပေါ့..."
"ကောင်းပါပြီ!"
ကူမော့က နှုတ်ဆက်သည့် အနေဖြင့် အရိုသေပြုလိုက်၏။
ချက်ချင်းပင် ထိုအဖွဲ့သည် လမ်းကြားလေးမှ ထွက်လာခဲ့ကြသော်လည်း မထွက်ခွာမီ ကူချူတုန်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စာကို ကောက်ယူလိုက်လေသည်။
"ဝိုး... အရမ်း မွှေးတာပဲ!"
ကူချူတုန်းသည် စာအိတ်ကို ကိုင်လျက် ကူမော့ကို အမီလိုက်သွားပြီး ပြောလိုက်သည်
"အစ်ကို... ဒီစာကို နမ်းကြည့်ပါဦး၊ အရမ်း မွှေးတာပဲ!"
ကူမော့က အနည်းငယ် နမ်းကြည့်ပြီး ပြောလိုက်သည်
"စန္ဒကူးနံ့ ရနေတယ်... အင်း... ဝမ်ဟွာလုံ မှာတုန်းက ဒီအနံ့ကို ငါ ရခဲ့တယ်..."
ယဲ့ကျင်းလန် က စာအိတ်ကို ယူကာ နမ်းကြည့်ပြီး ဆိုသည်
"ဒါက လင်းဟိုင်မြို့ က ထောင်ထဲမှာတုန်းက လင်းကျင်း ခဏခဏ တောင်းဆိုနေခဲ့တဲ့ ယွင်လု စန္ဒကူးနံ့သာ ပဲ... အဲဒါက ချန်အန်း ရဲ့ ဒေသထွက် ပစ္စည်းဖြစ်ပြီး အဆင့်မြင့် စန္ဒကူးနံ့သာ ဈေးကွက် နီးပါးကို လက်ဝါးကြီးအုပ်ထားတာလေ..."
"ဝမ်ဟွာလုံ လို ထိပ်တန်း ပြည့်တန်ဆာအိမ် မျိုးကို ချမ်းသာပြီး သြဇာအာဏာရှိတဲ့ လူတွေက မကြာခဏ လာကြတော့၊ သူတို့ သုံးတဲ့ စန္ဒကူးနံ့သာ က ယွင်လု စန္ဒကူးနံ့သာ ဖြစ်နေတာပေါ့... ဝမ်ဟွာလုံ ကနေ ရှန်ဝူကျိုး ယူသုံးတဲ့ ရွှမ် စက္ကူမှာ ယွင်လု စန္ဒကူးနံ့သာ အနံ့ ရှိနေတာ ပုံမှန်ပါပဲ..."
ကူချူတုန်းက အံ့သြစွာဖြင့် အော်ဟစ်လိုက်သည်
"ချန်အန်းမှာ ဘာလို့ ဒီလောက် နာမည်ကြီးနေလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ... ဒီ ယွင်လု စန္ဒကူးနံ့သာ က အရမ်း မွှေးတာပဲ! ဒါပေမဲ့ ဒီလို ပစ္စည်းကောင်းမျိုးက ချန်အန်းမှာပဲ ရှိတာ... သိုင်းလောကရဲ့ တခြား ဘယ်နေရာမှာမှ ငါတို့ မတွေ့ဖူးဘူး..."
"ဟုတ်တယ်၊ သေချာပေါက် ရနိုင်ပါတယ်..."
ယဲ့ကျင်းလန် က ပြောသည်
"ချင်းကျိုးမှာ ကျွန်တော် တွေ့ဖူးပါတယ်၊ ဒါပေမဲ့ အရမ်း ရှားတယ်... ဒီ ယွင်လု စန္ဒကူးနံ့သာ က ချန်အန်း ရဲ့ ဒေသထွက် ပစ္စည်းဖြစ်ပြီး ထုတ်လုပ်မှုက အရမ်း နည်းပါတယ်... ချန်အန်း အတွင်းမှာတောင်မှ ရောင်းလိုအားက ဝယ်လိုအားကို မမီပါဘူး၊ ပြီးတော့ တခြား နေရာတွေကို ရောက်တာ အရမ်း နည်းပါတယ်..."
"ဒီလိုလား..."
ကူချူတုန်းက ခေါင်းညိတ်ပြလိုက်၏。
ယဲ့ကျင်းလန် က ပြောသည်
"ချူတုန်း လိုချင်ရင် အဲဒီဆိုင်တွေမှာ ကျွန်တော် သွားမေးကြည့်ပေးပါ့မယ်..."
"ဘယ်လောက်လဲဟင်..."
ကူချူတုန်းက မေးမြန်းလိုက်သည်။
ယဲ့ကျင်းလန် က ဆိုသည်
"ပေါက်ဈေးက တစ်အောင်စ ကို ငွေစ လေးဆယ် ပါ၊ ဒါပေမဲ့ ဝယ်ရခက်ပါတယ်... နင် တကယ် ဝယ်ချင်တယ်ဆိုရင် ငွေစ ခြောက်ဆယ် လောက် ကျလိမ့်မယ်..."
"ဓားပြတိုက်နေတာလား!"
ကူချူတုန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
"ဒီအရာကို နမ်းလိုက်ရုံနဲ့ ကောင်းကင်ဘုံကို တက်သွားစေတာလား... တစ်ပေါင် ကို ငွေ ခြောက်ရာ တောင်! ယွင်ကျိုးရဲ့ အလိုချင်ဆုံး ဝရမ်းပြေး စာရင်းမှာ ပါတဲ့ ဝရမ်းပြေး တွေတောင် တစ်ယောက်ကို ငွေစ ရာဂဏန်းလောက်ပဲ ရတာလေ!"
ယဲ့ကျင်းလန် က ပြောသည်
"ယွင်လု စန္ဒကူးနံ့သာ ရောင်းတာထက် ပိုမြန်မြန် ပိုက်ဆံ ဘယ်လို ရှာနိုင်မှာလဲ..."
ကူချူတုန်း - "..."
ယဲ့ကျင်းလန် က ခပ်ဖွဖွ ရယ်မောလိုက်ပြီး စာအိတ်ကို ဖွင့်ကာ အတွင်းရှိ အကြောင်းအရာများကို စစ်ဆေးလိုက်ပြီးနောက် ကူချူတုန်းထံ ပြန်ပစ်ပေးရင်း ပြောလိုက်သည်
"နင် စိတ်ဝင်စားရင် အချိန်ရတဲ့အခါ စုချင်းယွီ ကို သွားပေးလို့ ရပါတယ်..."
"အင်း... အခြေအနေ ကြည့်ရသေးတာပေါ့!"
ကူချူတုန်းက တိကျသော အဖြေ မပေးဘဲ စာကို သေချာ သိမ်းဆည်းထားရန် တောင်းဆိုလိုက်၏။
"ဟေး အစ်ကို..."
ကူချူတုန်းက မေးလိုက်သည်
"ရှန်ဝူကျိုး သေခါနီးမှာ 'အရူး' လို့ ပြောသွားတယ်လို့ အစ်ကို ပြောတယ်နော်၊ သူက ဘယ်သူ့ကို ပြောနေတာလဲဟင်..."
ကူမော့က ခေါင်းယမ်းလျက် ပြန်ဖြေသည်
"ငါ မသိဘူး..."
ကူချူတုန်းက ရေရွတ်လိုက်သည်
"သူ့ကိုယ်သူ အရူးလို့ ပြောနေတာတော့ မဖြစ်နိုင်ပါဘူးနော်... အရင်က အစ်ကို သူ့ကို အရူးလို့ ခေါ်ခဲ့တယ်လေ၊ ပြီးတော့ သူက ရုတ်တရက် သူ့ကိုယ်သူ အရူးလို့ ထင်သွားတာလား... အဲဒီလိုတော့ မထင်ပါဘူး၊ သူက စုချင်းယွီ ကို အရမ်း သဘောကျတာလေ..." ...
ယဲ့ကျင်းလန် ၏ လစာမှာ သိပ်မများသော်လည်း မြေနေရာ အလွန် တန်ဖိုးကြီးသော ဂျူကျွဲ လမ်းမကြီး၏ အဓိက နေရာတွင် ဝင်းသုံးခုပါသော စံအိမ်ကြီး တစ်လုံးကို ဝယ်ယူခဲ့ပြီး အစေခံ ဆယ်ယောက်ကျော် ရှိလေသည်။
သို့သော်လည်း သေချာ ပြန်စဉ်းစားကြည့်သောအခါ ယုတ္တိရှိပေသည်။
အရာရှိ မဖြစ်မီက ယဲ့ကျင်းလန် သည် ချင်းကျိုးရှိ ကောင်းကင်ဓားဂိုဏ်း ၏ ခေါင်းဆောင်ဖြစ်ပြီး ချင်းကျိုးရှိ သိုင်းလောက၏ ၃၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားသူ ဖြစ်သည်။
သူ ဂိုဏ်း၏ စီးပွားရေး လုပ်ငန်းများမှာ ချင်းကျိုး၏ ထက်ဝက်ခန့်ကို လွှမ်းခြုံထား၏။ သူ ရာထူးမှ နုတ်ထွက်သွားသော်လည်း သူ၏ ပိုင်ဆိုင်မှုများမှာ ရှိနေဆဲဖြစ်သဖြင့် သူသည် သေချာပေါက် ငွေကြေး မပြတ်လပ်ချေ။
သူ၏ အဆင့်အတန်းကြောင့်သာ ယဲ့ကျင်းလန် သည် မြို့တော်တွင် စံအိမ်တစ်လုံးကို ဝယ်ယူနိုင်လောက်သည်။
သူတို့ ဝင်းအတွင်းသို့ ဝင်လာသောအခါ...
ကူမော့က မေးမြန်းလိုက်သည်
"အစ်ကိုယဲ့... ကျွန်တော့် တာဝန် ပြီးသွားပြီ၊ အခု မင်းအလှည့်ပဲ... အဲဒီ လူ့မျက်နှာ မိစ္ဆာသားရဲ က မြို့တော်မှာ သောင်းကျန်းနေတာ ဆယ်နှစ်ကျော်ပြီ၊ နန်းတွင်းကလည်း အကူအညီမဲ့နေတယ်... ရာထူး သုံးဆင့် တိုးပေးမယ်ဆိုတဲ့ သွေးဆောင်မှုက နန်းတွင်း အရာရှိတွေအတွက် မလွန်ဆန်နိုင်စရာ ဖြစ်ပေမဲ့ အမှုကို မဖြေရှင်းနိုင်ကြတာက အဲဒါရဲ့ ခက်ခဲမှုကို ပြနေတာပဲ..."
"ဒီအမှုကို ဖြေရှင်းဖို့ အစ်ကိုယဲ့ ဆုံးဖြတ်လိုက်ပြီ ဆိုကတည်းက၊ ရုတ်တရက် စိတ်ကူးပေါက်လို့တော့ မဟုတ်ဘဲ သဲလွန်စ တချို့တော့ ရှိရမှာပေါ့..."
ယဲ့ကျင်းလန် က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်
"ရိုးရိုးသားသား ပြောရရင် အစ်ကိုကူ၊ ကျွန်တော့်မှာ သဲလွန်စ တချို့ ရှိပါတယ်... မဟုတ်ရင် ဘာသဲလွန်စမှ မရှိဘဲ ဒီ လူ့မျက်နှာ မိစ္ဆာသားရဲ ကို တွေ့နိုင်မှာလဲ... တကယ်တော့ လူ့မျက်နှာ မိစ္ဆာသားရဲ အမှုမှာ အခက်ခဲဆုံး အပိုင်းက အဲဒါကို ကိုင်တွယ်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ မဟုတ်ပါဘူး..."
"ဒီ လူ့မျက်နှာ မိစ္ဆာသားရဲ ရဲ့ ပေါ်လာမှုက ကျပန်း ဖြစ်နေတာ ကြိုတင် ချုံခိုတိုက်ခိုက်ဖို့ မဖြစ်နိုင်တာပါပဲ..."
ကူမော့က သံသယဖြင့် မေးမြန်းလိုက်သည်
" သဲလွန်စတစ်ခုခု နန်းတွင်းက တွေ့လို့လား..."
ယဲ့ကျင်းလန် က ခေါင်းယမ်းလျက် ပြန်ဖြေသည်
" ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ... တကယ်လို့ ရှိခဲ့ရင်၊ နန်းတွင်းက အဲဒီ လူ့မျက်နှာ မိစ္ဆာသားရဲ ကို ဒီလောက် နှစ်ပေါင်းများစွာ သောင်းကျန်းခွင့် ပြုထားမှာ မဟုတ်ဘူးလေ... ဒါပေမဲ့ လူ့မျက်နှာ မိစ္ဆာသားရဲ ရဲ့ တည်နေရာကို ကျွန်တော်တို့ ရှာတွေ့နိုင်တာပါပဲ...
မူလကတော့ လူ့မျက်နှာ မိစ္ဆာသားရဲ အမှုကို ကျွန်တော် စုံစမ်းစစ်ဆေးဖို့ မရည်ရွယ်ခဲ့ပါဘူး၊ အဲဒါကို ရှာဖို့ မဖြစ်နိုင်လို့ပါပဲ... သူက ကျပန်း ပေါ်လာတတ်ပြီး၊ မြေအောက် တစ္ဆေမြို့တော် ကလည်း လူ့မျက်နှာ မိစ္ဆာသားရဲ ရဲ့ တည်နေရာကို အတိအကျ သိဖို့ အရမ်း ရှုပ်ထွေးလွန်းတယ်..."
"ဒါပေမဲ့ မကြာသေးခင်က ဆရာကြီးချီမြောင်ရွှမ် က ကျွန်တော့်ဆီ စာရေးခဲ့တယ်..." "လန်ထျန်း ခရိုင် ရဲ့ ခရိုင်ဝန် စုန့်ဇီချူ လို့ခေါ်တဲ့ လူတစ်ယောက်ကို သူ အကြံပြုခဲ့ပါတယ်... ဒီလူက ဆရာကြီးချီ ရဲ့ တပည့် တစ်ယောက်ဖြစ်ပြီး မြင်သမျှ အရာအားလုံးကို မှတ်မိနိုင်တဲ့ စွမ်းရည် ပိုင်ဆိုင်ထားပါတယ်..."
ကူချူတုန်းက အံ့သြတကြီး ပြောလိုက်သည်
"အဲဒီလောက်တောင် အံ့သြစရာ ကောင်းတာလား..."
ယဲ့ကျင်းလန် က သက်ပြင်းချလျက် ဆိုသည်
"စုန့်ဇီချူ က အနှစ်နှစ်ဆယ်ကျော် သူ့ရဲ့ ကိုယ်ပိုင် ကမ္ဘာလေးထဲမှာပဲ ကန့်သတ်ခံထားရတာ နှမြောစရာပဲ... မဟုတ်ရင် သူ့ရဲ့ ဓာတ်ပုံ မှတ်ဉာဏ်မျိုးနဲ့ဆိုရင်၊ အသက် သုံးဆယ်အရွယ် ခရိုင်ဝန် တစ်ယောက် ဖြစ်နေမယ့် အစား သူ သေချာပေါက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့မှာပဲ..."
"သူ ငယ်ငယ်တုန်းက သူ့အစ်မနဲ့ အစ်ကို ကို လူကုန်ကူးသူ တွေက ပြန်ပေးဆွဲပြီး တစ္ဆေမြို့တော် ထဲ ခေါ်သွားတာကို မျက်မြင်တွေ့ခဲ့ရတယ်... အဲဒီနောက်မှာ သူ့အဖေက ကလေးတွေကို ရှာဖို့ တစ္ဆေမြို့တော် ထဲ သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး... သူ့အမေက အဲဒီ စိတ်ကြောင့် ရူးသွားခဲ့တယ်..."
"တစ်ချိန်က သာယာခဲ့တဲ့ မိသားစုလေးဟာ လအနည်းငယ် အတွင်းမှာပဲ ပျက်စီးသွားခဲ့ရတယ်... အဲဒီအချိန်က စုန့်ဇီချူ က အသက် အနည်းငယ်ပဲ ရှိသေးတာ..." ရူးသွပ်နေတဲ့ အမေ တစ်ယောက်နဲ့ဆိုတော့ ပိုဆိုးတာပေါ့၊ မြို့တော်ကို အလည်လာတဲ့ ဆရာကြီးချီ နဲ့ ဆုံတွေ့ခွင့် ရတာ ကံကောင်းသွားတယ်...
ဆရာကြီးချီ က စုန့်ဇီချူ ၏ ဇွဲလုံ့လနှင့် မိဘအပေါ် သိတတ်မှုကို သဘောကျပြီး သူ၏ မိခင်၏ စိတ်ရောဂါကို ကုသပေးခဲ့သည်။ ထိုကာလအတွင်း စုန့်ဇီချူ တွင် ဓာတ်ပုံ မှတ်ဉာဏ်မှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ သူ၏ အရည်အချင်းကို အသိအမှတ်ပြုသော ဆရာကြီးချီ က စုန့်ဇီချူ ကို သိုင်းပညာနှင့် ဆေးပညာများ သင်ကြားပေးခဲ့သည်။
စုန့်ဇီချူ သည် လူကုန်ကူးသူများကို မုန်းတီးပြီး သူတို့၏ ဂိုဏ်းများကို ရှင်းလင်းပစ်ရန် ကတိပြုခဲ့သည်။ သို့သော်လည်း အရာရှိ တစ်ဦး ဖြစ်လာပြီးနောက်၊ နန်းတွင်းပင်လျှင် တစ္ဆေမြို့တော်၏ နေထိုင်သူများကို ထိန်းချုပ်ရန် မတတ်နိုင်ကြောင်း သူ သဘောပေါက်ခဲ့သည်။
ထိုအချိန်မှစ၍ သူသည် အစိုးရ ရာထူးများ တိုးယူရန် စိတ်မဝင်စားတော့ဘဲ အခြား နည်းလမ်းတစ်ခု ရှာဖွေရန် ဆုံးဖြတ်ခဲ့လေသည်။
သူသည် သူ၏ မှတ်ဉာဏ်ကို အသုံးပြု၍မြေအောက်ရှိ ရှုပ်ထွေးသော လမ်းကြောင်းများနှင့် ဥမင်လှိုဏ်ခေါင်းများ အားလုံးကို မှတ်သားရန် တစ္ဆေမြို့တော် အတွင်းသို့ မကြာခဏ သွားရောက်ခဲ့သည်။ ဤသည်မှာ လုံးဝ အဓိပ္ပာယ်မဲ့သော စိတ်ကူး တစ်ခုဖြစ်ပြီး စုန့်ဇီချူ သည် မြို့တော်တွင် ဟာသ တစ်ခု ဖြစ်လာခဲ့သည်။
လူတိုင်းက သူ၏ စိတ်ကူးယဉ်မှုကို ရယ်မောခဲ့ကြသည်၊ အဘယ်ကြောင့်ဆိုသော် မြေအောက် တစ္ဆေမြို့တော် သည် အလွန် ရှုပ်ထွေးလွန်းသောကြောင့် ဖြစ်သည်။ ၎င်း၏ အောက်တွင် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော ရေနှုတ်မြောင်းများ တည်ရှိပြီး ရှေးဟောင်း မြို့တော်များပင် မြှုပ်နှံထားခဲ့ဖူးသည်။ လူတစ်ယောက်တည်းက လမ်းကြောင်း အားလုံးကို မှတ်သားထားရန် ဆိုတာ မဖြစ်နိုင်ပေ။
သို့သော်လည်း စုန့်ဇီချူ ၏ အမြင်ကို ထောက်ခံသူ လောကတွင် တစ်ယောက်တည်းသာ ရှိလေသည်။ ဆယ်စုနှစ် တစ်ခုကျော် ရှာဖွေလေ့လာပြီးနောက်၊ သူသည် တစ္ဆေမြို့တော် တစ်ခုလုံးကို မှတ်မိရန် လိုသေးသော်လည်း၊ တစ္ဆေမြို့တော် ၏ အကြမ်းဖျင်း မြေပုံတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ကူမော့သည် လက်မထောင်ပြကာ
"ဒီသူက တကယ်ကို ဇွဲလုံ့လနဲ့ ရှိတဲ့ လူတစ်ယောက်ပါပဲ!"
"တကယ်ပါပဲ၊ သူက လေးစားထိုက်တဲ့ သူတစ်ယောက်ပါ... သူ့ရဲ့ လုပ်ရပ်တွေက လူများစွာရဲ့ လေးစားမှုကို ခံထိုက်ပါတယ်"
ဟု ယဲ့ကျင်းလန် က ဆိုသည်။
"တစ္ဆေမြို့တော် မြေပုံ တကယ် ရေးဆွဲပြီးသွားရင်၊ အရင်လို လျှို့ဝှက်ဆန်းကြယ်နေမှာ မဟုတ်တော့ဘူးလို့ ဆိုလိုတာပဲ... အစိုးရက တစ္ဆေမြို့တော် ကို အများကြီး ကန့်သတ်ပြီး စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ရာဇဝတ်မှုတွေကို တစ်ဝက်ကျော်လောက် လျှော့ချနိုင်မှာပါ... ဒါက လူတိုင်းကို အကျိုးပြုနိုင်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ..."
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
တစ္ဆေမြို့တော် မြေပုံ၏ အရေးပါမှုကို သူ နားလည်သည်၊ ၎င်းက ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ပြဿနာ တစ်ခုကို ဖယ်ရှားပေးလိမ့်မည်။
ယဲ့ကျင်းလန် က ဆက်ပြောသည်
" ဒီပြဿနာကို ဖြေရှင်းဖို့ အဝေးကြီး လိုပါသေးတယ်၊ ဒါပေမဲ့ အဲဒါက လူ့မျက်နှာ မိစ္ဆာသားရဲ ကို ရှာတွေ့ဖို့ ကူညီပေးနိုင်ပါတယ်... လူ့မျက်နှာ မိစ္ဆာသားရဲ က အရှည်က ဆယ်ပေကျော်ပြီး အမြင့်က ပေဝက်လောက် ရှိတယ်... သူက နေရာတိုင်းမှာ ပုန်းနေလို့ မရဘူး၊
ပြီးတော့ သူက မယုံနိုင်လောက်အောင် ရက်စက်တယ်... တရားရေး ဝန်ကြီးဌာနရဲ့ လူ့မျက်နှာ မိစ္ဆာသားရဲ ရဲ့ လက္ခဏာတွေနဲ့ သူ့ရဲ့ တည်နေရာတွေ မှတ်တမ်းတွေနဲ့ ပေါင်းစပ်လိုက်ရင်၊ စုန့်ဇီချူ က အဲ့ဒီကောင် ပုန်းနေနိုင်တဲ့ နေရာတွေကို ရှာဖို့ ကူညီပေးနိုင်တယ်လို့ ပြောတယ်..."
ကူချူတုန်းက သံသယဖြင့် မေးမြန်းလိုက်သည်
"ဒါဆို အစ်ကိုယဲ့... ဒီလိုဖြစ်နေမှတော့ ရှင်က တရားရေး ဝန်ကြီးဌာနကို အင်အား အများကြီး စုဆောင်းခိုင်းဖို့ ဘာလို့ မတောင်းဆိုတာလဲ..."
ထိုနေရာတွင် ကူချူတုန်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်
"ထားလိုက်ပါတော့..."
ယဲ့ကျင်းလန် နှင့် ကူမော့ နှစ်ဦးစလုံး အနည်းငယ် ပြုံးလိုက်ကြပြီး၊ စကားလုံးများ မလိုအပ်ဘဲ နားလည်သွားကြလေသည်။
ဤသည်မှာ ရာထူး သုံးဆင့် တိုးပေးနိုင်သည့် ကြီးမားသော အောင်မြင်မှု တစ်ခု ဖြစ်သည်။ အကယ်၍ ယဲ့ကျင်းလန် သာ တစ်ယောက်တည်း ရယူနိုင်ခဲ့ပါက၊ သူသည် တတိယအဆင့် တရားရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ရာထူးသို့ တိုက်ရိုက် တိုးမြှင့်ခံရမည် ဖြစ်သည်။
အကယ်၍ သူက တရားရေး ဝန်ကြီးဌာနကို အကြောင်းကြားလိုက်ပါက၊ ၎င်းကို ဝန်ကြီးဌာန တစ်ခုလုံး၏ စုပေါင်း လှုပ်ရှားမှု တစ်ခု အဖြစ် ပြောင်းလဲသွားစေမည်။ သူသည် ပထမဆုံး ဂုဏ်ပြုခံရမည့်သူ ဖြစ်သော်လည်း၊ ဂုဏ်ပြုမှုကို မျှဝေခံရမည်ဖြစ်ကာ၊ ပဉ္စမအဆင့်မှ စတုတ္ထအဆင့်ထိသာ အများဆုံး ရာထူးတိုးခံရမည် ဖြစ်သည်။
စတုတ္ထအဆင့်နှင့် တတိယအဆင့်မှာ အဆင့်တစ်ဝက်သာ ကွာဟသည်ဟု ထင်ရသော်လည်း၊ တကယ်တမ်းတွင် ကောင်းကင်နှင့် မြေကြီးလောက် ကွာခြားလေသည်။
"အစ်ကိုကူ၊ ညီမလေး ချူတုန်း... စုန့်ဇီချူ ဘက်က အချိန်နည်းနည်း လိုသေးတယ်ဆိုတော့ မင်းတို့ လောလောဆယ် ကျွန်တော့်အိမ်မှာ နေလို့ ရပါတယ်... ဘာလိုအပ်လိုအပ် ကျွန်တော့်ကို ပြောပါ..."
...
ယဲ့ကျင်းလန် ၏ အိမ်သို့ ပြောင်းရွှေ့ပြီးနောက်...
ကူမော့သည် ရှန်ဝူကျိုး ၏ နှလုံးကြိုး ဘေးဒုက္ခ ကို စတင် လေ့လာလေသည်၊ ၎င်းမှာ အတော်လေး ကောင်းမွန်သော အသံလှိုင်း တိုက်ခိုက်မှု နည်းစနစ် တစ်ခု ဖြစ်သည်။
ကောင်းကင်နဂါး အသံရှစ်မျိုး လောက် မကောင်းသော်လည်း၊ သိုင်းလောကတွင် ပထမတန်းစား သိုင်းပညာ တစ်ခု ဖြစ်ပြီး ရှားပါးသော အသံလှိုင်း နည်းစနစ် တစ်ခုလည်း ဖြစ်လေသည်။
အသံလှိုင်း သိုင်းပညာများသည် ကျင့်ကြံရန် အလွန် ခက်ခဲသော်လည်း၊ ကူမော့၏ လက်ရှိ သိုင်းပညာ နယ်ပယ်မှာ အလွန် မြင့်မားလှ၏။ စနစ်၏ ဆုလာဘ် မပါဘဲနှင့်ပင်၊ သူသည် လေ့ကျင့်မှု အနည်းငယ် ဖြင့် ထိုသိုင်းပညာ ၏ လျှို့ဝှက်ချက်များကို မြင်နိုင်ပြီး၊ ကျင့်ကြံစရာ မလိုဘဲ ကျွမ်းကျင်သည့် နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိနိုင်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း၊ ကူချူတုန်းသည် သူမ၏ အချိန်များကို သိုင်းပညာ လေ့ကျင့်ခြင်းနှင့် ချန်ယန် မင်းသမီး နှင့်အတူ အပြင်ထွက်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့၏။ ကူမော့မှာမူ ဈေးဝယ်ထွက်ရန် သို့မဟုတ် ရှုခင်းကြည့်ရန် ပင် စိတ်မဝင်စားခဲ့ချေ။
နှလုံးကြိုး ဘေးဒုက္ခ သိုင်းပညာကို ပြင်ဆင်ရန် သူ ကြိုးစားနေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဤသိုင်းပညာမှာ ပြီးပြည့်စုံခြင်း မရှိသေးကြောင်း သူ တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ သူ၏ လက်ရှိ သိုင်းပညာ အဆင့်နှင့်ဆိုလျှင် အားနည်းချက်များကို အပြည့်အဝ ဖာထေးနိုင်လေသည်။
သူသည် ဤလေ့လာမှုတွင် နေ့ရောညပါ အာရုံစိုက်နေခဲ့ပြီး စားခြင်းနှင့် အိပ်စက်ခြင်းတို့ကိုပင် မေ့လျော့နေခဲ့၏။
တစ်ချိန်တည်းမှာပင် မြို့တော်အပြင်ဘက်ရှိ လန်ထျန်း ခရိုင် တွင် နေ့ရောညပါ လေ့လာနေသူ နောက်တစ်ယောက် ရှိနေ၏။ သူသည် လန်ထျန်း ခရိုင် ၏ ခရိုင်ဝန် စုန့်ဇီချူ ပင် ဖြစ်လေသည်။
ညအမှောင်ထုမှာ ငြိမ်သက်နေပြီး၊ လန်ထျန်း ခရိုင် ရှိ စုန့် စံအိမ်မှာ နက်ရှိုင်းသော အမှောင်ထုထဲတွင် လွှမ်းခြုံနေ၏။
စုန့်ဇီချူ သည် အုတ်ကြမ်းပြင်ပေါ်တွင် ထိုင် နေပြီး၊ သူ၏ မျက်လုံးများမှာ နီရဲနေကာ ပါးပြင်များမှာ ချိုင့်ဝင်နေလေသည်။ သူ၏ အားအင် များ ကုန်ခမ်းနေပုံရပြီး၊ မျက်လုံးများကသာ သူ့ရှေ့ရှိ ဆယ်ပေကျော် ရှည်လျားသော မြေပုံပေါ်တွင် စူးစိုက်နေလေသည်။
သူ၏ ဘယ်ဘက်လက်တွင် ဆီမီးခွက် တစ်လုံးကို ကိုင်ထားပြီး၊ မှိန်ဖျော့ဖျော့ အလင်းရောင်က မြေပုံပေါ်တွင် ယိမ်းယိုင်နေ သည်။ ဤမြေပုံမှာ သူ နှစ်ပေါင်းများစွာ မှတ်သားထားခဲ့သော တစ္ဆေမြို့တော် ၏ မြေပုံ ပင် ဖြစ်လေသည်။
ရုတ်တရက် တိုက်ခတ်လာသော ညလေပြင်းက ခန်းမကို ဖြတ်သန်း တိုက်ခတ်သွားပြီး တစ်ဝက်တစ်ပျက် ပိတ်ထားသော သစ်သားတံခါးကို ပွင့်သွားစေ၏။
လေပြင်းတစ်ချက် ဝင်ရောက်လာပြီး ဆီမီးခွက်မှာ "ဖူး" ခနဲ ငြိမ်းသွားကာ အခန်းမှာ လုံးဝ အမှောင်ကျသွားတော့၏။ စုန့်ဇီချူ တုန်ယင်သွားပြီး သူ၏ ညာလက်က ခါးရှိ ပျော့ပြောင်းသော ဓားဆီသို့ အလိုအလျောက် ရောက်သွားကာ လှည့်ကြည့်လိုက်လေသည်။
လရောင်က ဝင်းအတွင်းသို့ ဖြာကျနေပြီး၊ ပါးလွှာသော မြူခိုးများက ကျောက်လှေကားထစ်များပေါ်တွင် လှိမ့်တက်နေ၏။ မြူခိုးများ အတွင်းမှ တိုးညင်းပြီး ဝမ်းနည်းဖွယ် ငိုကြွေးသံ တစ်ခု ထွက်ပေါ်လာလာလေသည်။
စုန့်ဇီချူ မျက်မှောင်ကြုတ်သွားပြီး ဆီမီးခွက်ကို ပြန်ထွန်းရန် မီးခြစ်ဗူးကို ထုတ်လိုက်စဉ် မြူခိုးများကြားမှ သူ့ဆီသို့ မှိန်ပျပျ ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရ၏။
"ဘယ်သူလဲ..."
စုန့်ဇီချူ က အော်ဟစ်လိုက်သည်။
"ဆန်းလန် ... ဆန်းလန်..."
အသံမှာ အဝေးကြီးမှ လာသကဲ့သို့ လွင့်မျောနေသော်လည်း သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်
"ငါပါ..."
စုန့်ဇီချူ ၏ မီးခြစ်ဗူးကို ကိုင်ထားသော သူ၏ လက်မှာ အနည်းငယ် တုန်ယင်နေ၏။
မြူခိုးများ တဖြည်းဖြည်း ပါးသွားပြီး လရောင်က ပုံရိပ်တစ်ခုကို ပုံဖော်ပေးလိုက်သည်။ သူမ၏ လွင့်ပျံနေသော စကတ်မှာ မြေကြီးပေါ်တွင် တွဲလောင်းကျနေပြီး ဆံပင်အမည်းရောင်များက ရေတံခွန်တစ်ခုအလား ကျဆင်းနေ၏။ သူမမှာ အခြားသူမဟုတ်ဘဲ သူတို့ ခွဲခွာစဉ်က အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည့် သူ၏ အစ်မကြီး ပင် ဖြစ်လေသည်။
သူမ၏ မျက်လုံးများတွင် ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုနှင့် နာကြည်းမှုများ ပါဝင်နေလေသည်။
"ဆန်းလန်..."
အစ်မကြီး က သူမ၏ ဖြူဝင်းသော လက်ကို ဆန့်ထုတ်လိုက်ရာ၊ လက်ကောက်ဝတ်ရှိ ဆည်းလည်းလေးမှာ သူမ၏ လှုပ်ရှားမှုနှင့်အတူ တိုးညင်းစွာ ချွင်ချွင် မြည်သွား၏။
"ငါ နင့်ကို အရမ်း လွမ်းနေခဲ့တာ ဆန်းလန် ရယ်... လာပါ၊ လာပါ၊ အစ်မနဲ့ လိုက်ခဲ့ပါ၊ ငါတို့ မိသားစု ပြန်လည် ဆုံစည်းကြရအောင်..."
သူမ၏ အသံမှာ အလွန် နူးညံ့ပြီး ချစ်ခင်ကြင်နာမှု ပါဝင်နေသဖြင့် စုန့်ဇီချူ သည် သူ၏ ခေါင်းထဲတွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
သူ၏ စိတ်မှာ ဗလာဖြစ်သွားပြီး သူ၏ အမြင်အာရုံများ ဝေဝါးသွားကာ မိန်းမောနေသကဲ့သို့ အပြင်သို့ လျှောက်သွားပြီး၊ အစ်မကြီး ၏ လက်ကို ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်ရာ သူ၏ ခြေထောက်များက အလိုအလျောက် ရှေ့သို့ တိုးသွားလေသည်။
မိန်းမောနေစဉ် စုန့်ဇီချူ သည် လက်ဆန့်ထုတ်လျက် တံခါးအပြင်သို့ လျှောက်သွား၏ ။ လက်ချောင်းထိပ်များက သူ၏ အစ်မကြီး ၏ လက်ဖဝါးကို ထိတော့မည့် အချိန်မှာပင်၊ စုန့်ဇီချူ ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်း တစ်ခု လက်သွားသည်။
သူ၏ အင်္ကျီလက်ထဲမှ အေးစက်သော အလင်းတန်း တစ်ခု ပစ်ထွက်လာပြီး ပျော့ပြောင်းသော ဓားတစ်လက်က နဂါးတစ်ကောင်အလား ပုံရိပ်၏ လည်ချောင်းဆီသို့ တည့်တည့် ထိုးလိုက်လေသည်။ သူက အေးစက်စွာ ဖြင့်
"မိစ္ဆာ၊ ဒါကို ယူလိုက်!"
ဓားစွမ်းအင် တစ်ခု လေထုကို ဖောက်ထွင်းသွားပြီး စူးရှသော လေခွဲသံနှင့်အတူ ခုတ်ချလိုက်လေသည်။
အစ်မကြီး မှာ ချက်ချင်း မီးခိုးငွေ့တစ်စအဖြစ် ပြောင်းလဲသွား၏။
သို့သော် စုန့်ဇီချူ တုံ့ပြန်ရန် အချိန်မရလိုက်မီ၊ အစ်မကြီး ၏ ပုံရိပ်က အခြားတစ်ဖက်တွင် ပြန်လည် ပေါ်လာပြီး ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်
"ဆန်းလန်... ဆန်းလန်... ငါပါ၊ အစ်မကြီး ပါ..."
" မိစ္ဆာ၊ မင် သေလမ်းရှာနေတာပဲ!"
စုန့်ဇီချူ ချက်ချင်းပင် သူ၏ ပျော့ပြောင်းသော ဓားကို ဝှေ့ယမ်းကာ သူ၏ "အစ်မကြီး" ကို သတ်ရန် ပြင်ဆင်လိုက်သော်လည်း၊ ထိုအခိုက်အတန့်တွင် အခြား အသံတစ်ခုကို သူ ကြားလိုက်ရသည်
"တတိယ ညီလေး၊ ပြေး!"
သူ သေချာ ကြည့်လိုက်ရာ သူ၏ အစ်မကြီး နှင့် တစ်ချိန်တည်း ပျောက်ဆုံးသွားခဲ့သော သူ၏ ဒုတိယ အစ်ကို ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"တတိယ သား..."
အခြား ရင်းနှီးသော အသံတစ်ခုက အနောက်မှ ထွက်ပေါ်လာသည်။ သူ လှည့်ကြည့်လိုက်ရာ တစ္ဆေမြို့တော် သို့ သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့သော သူ၏ ဖခင်ကို တွေ့လိုက်ရ၏။ သူ၏ ဖခင်ဘေးတွင် လွန်ခဲ့သော နှစ်နှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ မိခင်ရှိနေလေသည်။
သူ၏ မိခင်ကလည်း သူ့ကို လှမ်းခေါ်နေသည်
"တတိယ သား၊ မြန်မြန် လာခဲ့၊ ငါတို့ မိသားစု ပြန်ဆုံပြီ..."
စုန့်ဇီချူ ၏ မျက်လုံးများမှာ ရေခဲအလား အေးစက်နေပြီး သူ၏ ပျော့ပြောင်းသော ဓားကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်
"လှည့်စားနေတာပဲ! သေလိုက်ကြစမ်း၊ မင်းတို့ အားလုံး!"