ဟန်တောင်တန်းမြို့တော်၏ ကြီးမြတ်လှသော ရတနာ
Vol. 10 Ch. 136
ဖန်းမုခမျာ စိတ်ပျက်လက်ပျက် ဖြစ်နေရ၏။ ဘာကြောင့်မှန်း မသိသော်လည်း သူ၏ လျှိူ့ဝှက်ဆန်းကြယ်သော နောင်ကြီးမော့မှာ နှစ်ဝက်ကျော်မျှ သူ့ကို လျစ်လျူရှုထားခဲ့သည်။ တောထဲသို့ ကြိမ်ဖန်များစွာ ရောက်ရှိလာတိုင်း အသံပေးခေါ်ဝေါ်ခဲ့သော်လည်း အခေါက်တိုင်းမှာပင် စိတ်ဓာတ်ကျစွာဖြင့် ပြန်လှည့်ခဲ့ရ၏။
ဘယ်နေရာတွင် သူမှားသွားမှန်း မသိ၍ ဤလူနှင့် ဆုံခဲ့ရသည့် နောက်ဆုံးတစ်ခေါက်အကြောင်း ထပ်တလဲလဲ တွေးတောနေခဲ့မိသည်။ အကြိမ်ပေါင်းများစွာ တွေးတောစိတ်ဖြာ ကြည့်ခဲ့သော်လည်း ထိုအရာမှာ အရိုးဓားနှင့် သက်ဆိုင်နေလိမ့်မည်ဟု တွေးနေမိဆဲပင်။
လွန်ခဲ့သည့်နှစ်ဝက်က ဤအကြောင်းနှင့်ပက်သက်၍ အဖေ့အား ပြောပြခဲ့ဖူးသော်လည်း သူ့အဖေက ဆိတ်ဆိတ်နေမြဲပင် ဖြစ်သည်။ ထိုစဉ်က ဘာမျှမပြောခဲ့သော်လည်း ရက်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ ထိုလူမှာ မိုးသစ်တောမှ အလျင်စလို ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း၊ မတော်တဆ ဖြစ်ရပ်တစ်ခုခု ရှိခဲ့နိုင်ကြောင်း ပြောပြခဲ့သည်။
ဖန်းမုတစ်ယောက် ထိုစကားများကို ကြားစဉ်က အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက် သွားခဲ့ရသေးသည်။ လက်လျော့ အရှုံးပေးလိုက်ရန် စဉ်းစားကြည့်ဖူးသော်လည်း ယခင် သူတို့တွေ့ဆုံကြစဉ် အချိန်အတွင်း စုမင် ပြောခဲ့သည့် ဖြစ်နိုင်ချေ ၁၀ပုံ ၇ပုံဆိုသည့် ဒဏ်ရာအားလုံး ပျောက်ကင်းနိုင်မည့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးလိုက်ရမည်ဟူသော အတွေးက သူ့ကို တွေဝေစေခဲ့သည်။
ဤလူ ထွက်သွားခဲ့ပြီဟု အဖေက ရှင်းရှင်းလင်းလင်း ပြောခဲ့သော်လည်း ဖန်းမုသည် စကားပြန်လေးများ ရမလားဟူသည့် မျှော်လင့်ချက်ဖြင့် လစဉ်လတိုင်း သွားရောက်မြဲ၊ ရက်ပေါင်းများစွာ အော်ခေါ်နေဆဲပင်။ ပြီးခဲ့သည့် နှစ်အတွင်း သူ တောထဲသို့ဝင်ရောက်ရန် တစ်လလေးပင် ရပ်တန့်ခြင်းမပြုခဲ့ချေ။ ဤသည်က သူ၏တစ်ခုတည်းသော အခွင့်အရေးဟု သူ့စိတ်ထဲ၌ ခံစားနေခဲ့ရသည်။
အဖေက သူ့အပြုအမူများကို သတိပြုမိကြောင်းလည်း ဖန်းမုသိပါ၏။ ဖန်းမု တောထဲသို့လာတိုင်း အစွမ်းထက် မာန်စွမ်းအားရှင်အား အဖော်ပြုလိုက်ပါစေလျက် တောအပြင်တွင် စောင့်ဆိုင်းရန် အဖေ အမိန့်ပေးစဉ်ကတည်းက ဖန်းမု သိနေခဲ့ခြင်းပင်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခေါင်းထဲတွင် ပြန်လည်တွေးတောရင်း ဖန်းမု သက်ပြင်းရှည်ကြီးချမိသည်။ တောထဲသို့ တစ်ဦးတည်း ဝင်ရောက်လာရင်း ခါတိုင်းလိုပင် အော်ခေါ်လိုက်ပြန်သည်။
"နောင်ကြီး နောင်ကြီး"
စုမင်နှင့် နောက်ဆုံးတွေ့ခဲ့သော နေရာသို့လာရောက်၍ ဟိုဟိုသည်သည် ကြည့်ရှုမိသည်။ ဖန်းမုမျက်နှာထပ်တွင် စိတ်ပျက်လက်ပျက် အရိပ်အယောင်တို့ ပေါ်ထွက်လာခဲ့ပြန်သည်။
"ငါ တောင်းဆိုထားတဲ့ ဆေးပင်တွေ ရလာခဲ့ပြီလား"
သူ့အနောက်မှ အတန်ငယ် နွမ်းလျနေသည့် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ရုတတရက် ပေါ်ထွကလာခဲ့သည်ဟု ထင်ရသော်လည်း မိုးသစ်တောအတွင်း အစကနဦးထဲက ရှိနေခဲ့သည့်အတိုင်းလည်း ဖြစ်သည်။
ဖန်းမု ခေတ္တမျှ မင်သက်သွားမိသည်။ အသာအယာ ခေါင်းလှည့်ကြည့်လိုက်ရာ ယခင်နှစ်က နေရာမှာပင် ရပ်လျက်ရှိသည့် ရင်းနှီးကျွမ်းဝင်ရင်းစွဲရှိသော ပုံရိပ်ကို မြင်လိုက်ရသည်။
"နောင်... နောင်ကြီး"
ဖန်းမုတစ်ကိုယ်လုံး တုန်ယင်သွားပြီး တစ်ကိုယ်လုံး ပျော်ရွှင်မှုများဖြင့် ပြည့်သွားခဲ့သည်။ အသက်ရှူသံတို့ မြန်ဆန်လာလျက် မယုံနိုင်မှုများလည်း မျက်နှာထက်၌ အထင်းသား ပေါ်လာခဲ့သည်။
"ရုပ်နယ်လွန်အဆင့်နဲ့ ညီမျှတဲ့ သားရဲအရိုးတွေတော့ ပြင်ဆင်လာခဲ့ပေမယ့်..."
ဖန်းမု စုမင်အား ကြည့်လိုက်မိသည်။ ဤလူ နောက်တစ်ခေါက် ပျောက်သွားဦးမည်ကို သူစိုးထိတ်လှပေသည်။ သူပေါ်လာချိန်လေးတွင် ဖန်းမုမှာ အလောတကြီး ရှင်းပြမိ၏။
"ဒါပေမယ့် ဆေးပင်သုံးမျိူးက ရှားပါးတဲ့ ပစ္စည်းဖြစ်နေတော့ နှစ်ခုပဲ ရခဲ့ပါတယ်။ နောက်ဆုံးတစ်ခုက ကောင်းကင်ပုလွေသံလို့ ခေါ်တဲ့ကိုင်းပါ။ အဲဒါက တောင်ပိုင်းအရုဏ်ဦးကုန်းမြေမှာ မျိူးတုံးသွားခဲ့တာ သိပ်ကြာနေပြီဆိုတော့ အထူးနေရာတစ်ချိူ့က လွဲရင် အဲဒီဆေးပင်ကို တစ်ခြားနေရာတွေမှာ ရှာရခက်တယ်"
ဖန်းမုသည် စကားပြောနေရင်း သူ့ရင်ဘတ်ထဲမှ ခေါင်းလောင်းနက်တစ်လုံးကို ချက်ချင်းထုတ်ယူကာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်သည်။ မြူခိုးနက်များအဖြစ် ကွဲပြားသွားကြပြီး ဖန်းမုရှေ့တွင် တလက်လက်တောက်ပနေသော ခရမ်းရောင်သားရဲအရိုးနှစ်ချောင်း ပေါ်ထွက်လာခဲ့သည်။
စုမင်၏ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများက အမှောင်ထုထဲတွင် ပုန်းကွယ်နေခဲ့သည်။ သူသည် ဖန်းမု၊ သားရဲအရိုးများနှင့် ဆေးပင်များအား ကြည့်ရှုလျက် နှုတ်ဆိတ်နေမိသည်။
"နောင်ကြီး... ကျွန်တော့ကို အချိန်ထပ်ပေးပါဦး။ ကျွန်တော်..."
ဖန်းမု နှလုံးသားမှာ ပြင်းထန်စွာခုန်လှုပ်နေ၏။ စိတ်လှုပ်ရှားမှုတို့ကလည်း တစ်ကိုယ်လုံးအား ဖုံးလွှမ်းနေသည်။
"ငါမင်းကို ဆေးပင်တွေရှာခိုင်းတယ်ဆိုတာ ဆေးပဒေသာ ဖော်စပ်ဖို့ပဲ။ အဲဒီ ဆေးပဒသာက ငါ့အတွက် အရမ်းအသုံးဝင်တယ်။ ပြီးတော့ အဲဒါကပဲ မင်းခန္ဓာကိုယ်က မာန်ပညာရပ်တစ်ခုကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေအကုန်လုံးကို ရှင်းထုတ်ပေးနိုင်မှာ"
စုမင် အေးဆေးစွာပြောလိုက်သည်။
"တစ်ခု မစုံတာနဲ့ ဆေးပဒေသာ ဖော်စပ်ဖို့လည်း ခက်လိမ့်မယ်"
ဖန်းမု အံကြိတ်၍ လက်သီးနှင့်လက်ဝါးထပ်ကာ စုမင်အား ဦးညွှတ်လိုက်သည်။ ခေါင်းပြန်မော့လာချိန်၌ သူ့မျက်နှာထားမှာ လေးနက်နေခဲ့ချေပြီ။
"နောင်ကြီး ကောင်းကင်ပုလွေသံ ကိုင်းကို ရဖို့က မခက်ခဲဘူးလို့ အဖေ တစ်ခါပြောဖူးပါတယ်။ ဟန်တောင်တန်းမြို့တော်ရဲ့ ချောက်ကမ်းပါးအောက်မှာ လျှိူ့ဝှက်နေရာ သုံးခုရှိတယ်။ ဆယ်စုနှစ်အလွန်က ကျွန်တော်တို့ မျိူးနွယ်စုဝင်တွေ အပါအဝင် မျိူးနွယ်စု သုံးခုက လူတွေက အဲဒီနေရာတွေဆီ ဝင်ရောက်ပြီး ကောင်းကင်ပုလွေသံကိုင်းကို ရယူခဲ့ပေမယ့် အခုတော့ အရောင်စုံရေကန်မျိူးနွယ်စုက ယူလိုက်ပါတယ်။ တစ်ခြား ဆေးဝါးတစ်ခု ဖော်စပ်ရာမှာ သုံးနေတယ်လို့ ကျွန်တော် ကြားပါတယ်"
"ဒါပေမယ့် ကျွန်တော့အဖေရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေအရ ချောက်ကမ်းပါးထဲမှာ တစ်ခြား ကောင်းကင်ပုလွေသံကိုင်းတွေ ရှိနိုင်ပါသေးတယ်။ နောက်နှစ်ဝက်မှာ ထာဝရဖန်တီးမှုနေ့ရက် ရှိပြီး အဲဒီနေ့က ဆယ်စုနှစ်မှာ တစ်ခါပဲကျရောက်တဲ့ ဟန်တောင်တန်းမြို့တော်မှာ မြူခိုးတွေ အကြီးအကျယ် ဖုံးလွှမ်းမယ့် နေ့ရက်ပဲ။ အဲဒီနေ့ရောက်တိုင်း မျိူးနွယ်စုသုံးစုက လူတွေက ဟန်တောင်တန်းမြို့တော်ရဲ့ မြေအောက်ကို ဦးတည်သွားတဲ့ ဥမင်လှိုဏ်ခေါင်းကိုဖွင့်ပြီး မျိူးနွယ်စုသုံးစုရဲ့ မျိူးနွယ်ဝင်တွေနဲ့ သူတို့ရဲ့ ဧည့်သည်တော်တွေက ဝင်ရောက်ခွင့်ရပါလိမ့်မယ်"
"ကျွန်တော့အဖေက အဲဒီအချိန်ကို အသုံးချပြီး မျိူးနွယ်ဝင်တွေကို စေလွှတ်လို့ ကောင်းကင်ပုလွေသံကိုင်းကို ရှာပေးပါလိမ့်မယ်။ ကျွန်တော် တောင်းဆိုပါတယ်... နောက်ထပ် နှစ်ဝက်လောက်စောင့်ပေးပါနော်"
"အို"
စုမင်၏ အမူအယာမှာ ထူးမခြားနားပင်၊ သို့သော်လည်း သူ့စိတ်ထဲတွင်တော့ ထိုအကြောင်းအရာနှင့် ပက်သက်၍ ဟယ်ဖုန်းအား မေးမြန်းနေခြင်း ဖြစ်သည်။
"သခင်... ဒီကောင်လေးပြောတာ ဟုတ်ပါတယ်။ ဟန်တောင်တန်းမြို့တော် ဘိုးဘေးရဲ့အုတ်ဂူမှာ စွမ်းအားကြီးမားတဲ့ ချိပ်ပိတ်စည်းချထားပါတယ်။ တစ်ခြားမျိူးနွယ်စုတွေတင် မက၊ ကျူပ်တောင် တစ်ခြားအချိန်တွေဆိုရင် အဲနေရာတွေကို မသွားနိုင်ဘူး။ ဆယ်စုနှစ်ကြာမှ တစ်ကြိမ်ကျရောက်တဲ့ ထာဝရဖန်တီးမှု နေ့ရက်မှာ ဟန်တောင်တန်းမြို့တော် တစ်ခုလုံးကို မြူခိုးတွေ ဖုံးလွှမ်းသွားပါလိမ့်မယ်။ အဲဒီအချိန်မှာ ဘိုးဘေးအုတ်ဂူပေါ်က ချိပ်စည်းကလည်း အမည်မသိ အင်အားတစ်ခုကြောင့် အစွမ်းလျော့သွားပြီး လူတွေ ဝင်လို့ရသွားတယ်"
"ဒီရာစုနှစ်တွေထဲမှာ မျိူးနွယ်စုသုံးစုက အဲဒီနေရာထဲကို အကြိမ်ကြိမ် ဝင်ရောက်ခဲ့ကြမှာပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘိုးဘေးချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို ရယူကြဖို့ပဲ။ တစ်ကယ်တမ်းမှာလည်း သူထားရစ်ခဲ့တဲ့ ကြီးမြတ်တဲ့ ရတနာပစ္စည်းလေးမျိူးကလွဲရင် တစ်ခြား ရတနာပစ္စည်းတွေအားလုံးက အုတ်ဂူထဲက သူ့ဘေးမှာ လဲလျောင်းနေကြတာကိုး"
"အဲဒီအကြောင်းအရာတွေကို အရင်က ကြားဖူးထားတာမို့ အသေးစိတ်ကိုတော့ မသိပါဘူး။ ကျူပ်သိတာက ဟန်တောင်တန်းဘိုးဘေး သေဆုံးချိန်မှာ မျိူးနွယ်စုသုံးစုက ကျူပ်တို့ကို သစ္စာဖောက်တယ်။ ဒါပေမယ့် ဘိုးဘေးရဲ့အုတ်ဂူကိုတော့ ဖောက်ထွင်းဖို့ မလွယ်ခဲ့ဘူး၊ မဟုတ်ရင် ရတနာပစ္စည်းတွေအကုန်လုံး သူတို့ယူသွားတာ ကြာပေါ့။ အဲဒီနေရာကို အခေါက်ခေါက်အခါခါ သွားနေဖို့လည်း လိုတော့မှာမဟုတ်ဘူးလေ။ အဲဒါကြောင့် အခုက သူတို့ဘာမှမရသေးတာ ရှင်းနေတာပဲ"
"သခင် ဒါအခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။ သခင်သာ ကျူပ်ဘိုးဘေးရဲ့ အုတ်ဂူထဲဝင်ရင် သခင်လိုချင်တဲ့ ပစ္စည်းကိုရနိုင်တယ်။ ပြီးတော့ မျိူးနွယ်စုသုံးခုက ဧည့်သည်တွေကို အကြာကြီး ဖိတ်ခေါ်ထားတယ် ဆိုတာလည်း ဒါအတွက် ပြင်ဆင်နေကြတာပဲ"
"မျိူးနွယ်စု သုံးခုဆိုတာလည်း တစ်ကယ်တမ်းကျ ဟန်တောင်တန်းမျိူးနွယ်စုရဲ့ လက်အောက်ခံမဟာမိတ်တွေ ဖြစ်ခဲ့တာပဲ။ ကျူပ်ကြားဖူးတာတော့ ဘိုးဘေးက သူတို့ကို အမိန့်ပေးနိုင်ပြီး သုတို့ကိုယ်ပေါ်မှာ ကျွန်တံဆိပ်တွေ ရိုက်နှိပ်ခဲ့တယ်တဲ့။ ဒါကြောင့် သူတို့တွေ ဘိုးဘေးအုတ်ဂူထဲလာရင် နေရထိုင်ရ ခက်လာတတ်ပေမယ့် အပြင်လူတွေကတော့ ဘာကန့်သတ်ချက်မှ မခံစားရဘူးတဲ့"
စုမင်အား ရှင်းပြနေစဉ် ဟယ်ဖုန်းစိတ်အခြေအနေက အနည်းငယ် ညှိုးနွမ်းသွားခဲ့သည်။
"ဒါတောင်မှ ဘာကြောင့် မျိူးနွယ်စုသုံးခုက ဟန်တောင်တန်းမျိူးနွယ်စုကို ဖျက်ဆီးနိုင်ခဲ့တာလဲ"
စုမင်စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာ၏။
"သခင်တင် မကပါဘူး။ ကျူပ်နဲ့ ကျူပ်မျိူးနွယ်ဝင်တွေလည်း အဲဒီအကြောင်းကို စဉ်းစားလာခဲ့တာ ကြာပြီ။ ဒါပေမယ့် အဲဒါက လွန်ခဲ့တဲ့ ရာစုနှစ်တွေက ဖြစ်ပွားခဲ့တာ။ အဲဒီနှစ်က ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်သိတဲ့သူ နည်းနည်းပဲရှိတော့တယ်။ ဒါပေမယ့် ကျူပ်ခန့်မှန်းမိသလောက်တော့ အပြင်လူတွေအများကြီး ပါဝင်ပက်သက်နေတယ်"
ဟယ်ဖုန်းက ခေတ္တတိတ်ဆိတ်နေပြီးမှ တီးတိုးပြောဆိုလာသည်။ စုမင်၏ မျက်လုံးများထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူသည် ဟန်တောင်တန်းမျိူးနွယ် ဘိုးဘေး၏ အုတ်ဂူကို အလွန်စိတ်ဝင်စားခြင်း မရှိသော်လည်း မြက်ခင်းနီ၏ လျှိူ့ဝှက်ဆန်းကြယ်မှုနှင့် သူ့အပေါ်တွင် အများနှင့်မတူသည့် သက်ရောက်မှုရှိခြင်းတို့က သူ့အား အံ့အားသင့်စေသောကြောင့် ဟန်တောင်တန်းဘိုးဘေးနှင့် ပက်သက်၍ ထင်မြင်ချက်တစ်ချိူ့ ထုတ်မိသွားစေသည်။
"ငါမင်းကို နောက်ထပ်နှစ်ဝက် စောင့်ပေးမယ်။ နှစ်ဝက်ကြာပြီးနောက်မှာ ငါ့ဆီကို ကောင်းကင်ပုလွေသံကိုင်း ယူလာပေးခဲ့ရင် ငါလည်း ငါ့ကတိကို အဆုံးထိ တည်သွားမှာပါ"
စုမင် ဖန်းမုကိုကြည့်၍ အေးစက်စက်ပြောလိုက်သည်။
"လျှိူ့ဝှက်နေရာတွေကို မသွားရသေးခင် ဒီနေရာကို မင်းလာခဲ့နိုင်တယ်။ ငါ့မှာ မင်းကိုမေးစရာတွေရှိတယ်"
စုမင်က ရှေ့တစ်လှမ်းတိုးလာရာ ဖန်းမု၏ အမြင်အာရုံများ ဝေဝါးသွားသည်။ စုမင်အား သေချာမမြင်ရသော်လည်း သူ့ပါးစပ်ထဲတွင် အေးမြမှုတစ်ခု ခံစားလိုက်ရပြီး သူနှင့်စိမ်းသက်သော အရာတစ်ခုက အရည်ပျော်သွားကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
အခြေအနေအား ပြန်လည်သတိပြုမိချိန်တွင် ဖန်းမုပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေခဲ့ချေပြီ။ စုမင်မှာ ထွက်သွားနှင့်ပြီဖြစ်ပြီး မြေပြင်ပေါ်မှ အရိုးများ၊ ဆေးပင်များလည်း မရှိတော့ပေ။
စုမင်သည် အလင်းတန်းရှည်တစ်ခုအသွင် ပြောင်းလဲထားခဲ့သော်လည်း ကောင်းကင်ထက်က မသွားပဲ မိုးသစ်တောထဲသို့သာ တဟုန်ထိုး တိုးဝင်သွားခဲ့မိသည်။
"သခင်... ဘာလို့ ချောက်ကမ်းပါးထဲ သွားမယ့်အကြောင်း မပြောတာလဲ"
ဟယ်ဖုန်းသည် အောင့်အီးမထားနိုင်တော့ပဲ ထုတ်မေးမိသွားသည်။
"မင်းက ငါ့ကိုသွားစေချင်တာလား"
စုမင်သည် စိတ်ထဲမှ တည်ငြိမ်စွာ မေးမြန်းလိုက်ရင်း အံ့မခန်း အရှိန်နှုန်းဖြင့် ခြေလှမ်းကျဲကြီးများ လှမ်းကာ ရှေ့ဆက်သွားနေသည်။
"သခင် အထင်လွဲနေပြီ။ ကျူပ်ဆိုလိုတာ အဲလိုမဟုတ်ပါဘူး"
ဟယ်ဖုန်း တုန်တုန်ယင်ယင်နှင့် ပါးစပ်ပိတ်လိုက်မိသည်။ ဟယ်ဖုန်းသည် လမ်းတစ်လျှောက်တွင် ထပ်မံ စကားမဆိုတော့ပဲ ဦးတည်ရာအရပ်များကို ညွှန်ပြကာ သူရတနာပစ္စည်း ဝှက်ထားခဲ့သည့်နေရာအား လမ်းညွှန်ပေးခဲ့သည်။ လဝက်အကြာတွင် စုမင်သည် ဟန်တောင်တန်းမြို့တော်နှင့် အဝေးရှိ ရှည်လျားသော တောင်စဉ်တန်း၏ တောင်ထွတ်တစ်ခုပေါ်တွင် ရပ်လျက် အောက်သို့ငုံ့ကြည့်နေခဲ့၏။
ဤနေရာကား လူသူကင်းမဲ့နေပြီး အနီးအနားတွင် တစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ ချောင်ကျဝေးခေါင်သော နေရာတွင်ရှိရာ လူသူအရောက်အပေါက် နည်းလှသည်။ လေပြင်းများက သူ့ကိုယ်အား ဖြတ်တိုက်သွားရာ စုမင်၏ ဆံပင်ရှည်တို့က လေထဲတွင် လွန့်လူးသွားကြသည်။ သူ့ဝတ်ရုံရှည်မှာလည်း တဖျတ်ဖျတ်လှုပ်ခတ် လွင့်မျောနေသည်။
သူ့ရှေ့တွင်မူ တောင်ကုန်းများကြောင့် ဖြစ်ပေါ်နေသည့် တောင်ကြားအမျိူးမျိူး ရှိနေပြီး ထိုတောင်ကြားများအား အပင်ကြီးအပင်ငယ် အမျိူးမျိူးတို့က ဖုံးအုပ်နေသည်။ မိုးသစ်တောနေရာ မဟုတ်သော်လည်း လူသူကင်းမဲ့သော တောင်ကုန်းဒေသတစ်ခုပင် ဖြစ်သည်။
"သခင် ကျူပ်နေတဲ့ လှိုဏ်ဂူက အရှေ့ဘက်က ခုနစ်ခုမြောက် တောင်ကြားထဲမှာပါ"
ဟယ်ဖုန်းအသံက စုမင်ခေါင်းထဲတွင် ပဲ့တင်ရိုက်နေသည်။ စုမင် မျက်လုံးများ တောက်ပသွားပြီး ခေတ္တငြိမ်သက်နေပြီးမှ ခြေထောက်ကို မလျက် ခုနစ်ခုမြောက် တောင်ကြားထဲသို့ ပြေးလွှားသွားလိုက်သည်။
တောင်ကြားလေးမှာ အဝေးတွင် နစ်မြုပ်နေပြီး အထဲတွင် လွင်ပြင်များစွာရှိကာ ငှက်များ၏ သားရဲများလည်း အများအပြားရှိနေသည်။ စုမင်သည် တောင်ကြားထဲသို့ သတိအပြည့်ဖြင့် ဝင်ရောက်လာလျက် ပတ်ဝန်းကျင်အား စူးစမ်းကြည့်နေမိသည်။ ဘေးပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်လျက် တောင်နံရံများတွင်မူ အက်ကြောင်းများ ဖြစ်ပေါ်နေခဲ့သည်။ ထိုအက်ကွဲကြောင်းများကြားတွင် အပင်များ စုပြုံပေါက်ရောက်နေသည်။
တောင်ကြားနေရာအား ဝေ့ဝဲကြည့်ရှုရင်း လက်ထဲ၌ အဖြူရောင် ကျောက်ဒင်္ဂါးတစ်ပြားကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုဒင်္ဂါးကို ခပ်တင်းတင်းဆုပ်ကိုင်ပြီးသည်နှင့် သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ အနီးနားဝန်းကျင် ပေ ၁၀၀၀သော အကျယ်အဝန်းမှာ သု့စိတ်ထဲတွင် ချက်ချင်းပေါ်ပေါက်လာခဲ့သည်။ လေယူရာ ယိမ်းနေသော မြက်ရိုင်းများနှင့် အချိူ့သော သတ္တဝါဆန်းများ၏ ခြေရာလက်ရာ အလုံးစုံမှာ သူ့ခေါင်းထဲတွင် ထင်ရှားစွာပေါ်ထွက်လာခဲ့၏။
မကြာမီ စုမင်သည် တောင်၏ညာဘက်အပိုင်းအား စူးစိုက်ကြည့်လိုက်သည်။ သိပ်မကြီးလှသော အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရပြီး သူ့မျက်လုံးများက ခေတ္တမျှ လက်ဖြာသွားသည်။
ထိုအက်ကွဲကြောင်းထဲ၌ ကြီးမားသော သိမ်းငှက်နှစ်ကောင်ကို မြင်လိုက်ရသည်။ ထိုငှက်များသည် ၎င်းအက်ကွဲကြောင်းကို သူတို့အသိုက်အဖြစ် မှတ်ယူထားသည်မှာ ရှင်းလင်းလို့နေ၏။
"ဒီနေရာကို မင်းသေချာ ဖုံးကွယ်ထားနိုင်တာပဲ။ ဒါက မင်းပြောတဲ့ မင်းနေတယ်ဆိုတဲ့ နေရာလား"
စုမင် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။
"ငှက်တွေ၊ သားရဲတွေ စတည်းချတဲ့နေရာကို ရှာတွေ့ဖို့ မခက်ပေမယ့် အဲဒီနေရာတွေကို ကျော်သွားမိဖို့ကလည်း အရမ်းလွယ်တယ်။ အထူးသဖြင့် လူသူအရောက်အပေါက် နည်းတဲ့ ဒီလို တောင်တန်းဒေသမျိူးမှာပေါ့။ ဒီနေရာမှာ သိမ်းငှက်တွေ အများကြီးရှိနေတယ်လေ"
ဟယ်ဖုန်း၏ အသံက သတိကြီးစွာထားနေသော အသံနေအသံထားဖြင့် စုမင်ခေါင်းထဲ ဝင်ရောက်လာသည်။ စုမင်သည် အက်ကွဲကြောင်းပေါ်တွင် အပြည့်အဝ အာရုံစိုက်၍ တံဆိပ်ခတ်နှိပ်ထားလိုက်သည်။ ဂရုတစိုက် လေ့လာစစ်ဆေးပြီးနောက်တွင်ော့ မူမမှန်သည်များကို ရှာမတွေ့ခဲ့ပေ။ သို့မှသာ အက်ကွဲကြောင်းထဲသို့ ဝင်ချသွားလိုက်တော့သည်။ ထိုအထဲသို့ ရောက်ရှိသွားသည်နှင့် အထဲမှ သိမ်းငှက်နှစ်ကောင်နှင့် ရင်ဆိုင်မိတော့သည်။ သူတို့ ပျံသန်းလာချိန်တွင် စုမင်က တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကိုသုံး၍ သူတို့ခေါင်းများကို ထိုးနှက်လိုက်ရာ စူးစူးဝါးဝါး အော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အက်ကွဲကြောင်းအပြင်သို့ အနိုင်နိုင် ထွက်ပြေးသွားရပြီး တောင်ကြားထဲ၌ သတိမေ့မျောသွားကြသည်။
စုမင်သည် လှိုဏ်ဂူ၏ ညာဘက်ပိုင်းသို့ လျှောက်သွား၍ ဒူးထောက်ထိုင်ချလိုက်သည်။ မြေပြင်ကို ကြည့်၍ သူ၏ညာလက်ဖြင့် ထိုးချလိုက်သည်။ လက်သီးနှင့် ထိမိသွားသည်နှင့် တစ်ပြိုင်နက် မြေပြင်က တုန်ခါလျက် ပွင့်ဟလာခဲ့သည်။ အထဲတွင်တော့ လက်ဝါးအရွယ်ခန့်ရှိသော ကျောက်စိမ်းသေတ္တာတစ်လုံး ရှိနေခဲ့သည်။
ကျောက်စိမ်းသေတ္တာနှင့် ပက်သက်၍ ထူးခြားနေသည်မျိူးတော့ မရှိပေ။ သေတ္တာတွင် အလှဆင်ထားသည့် ထွင်းရာများသာ ရှိနေသည်။ စုမင်က ချက်ချင်း မကောက်လိုက်သေးပဲ ခဏတာ လေ့လာကြည့်ဖို့ ရွေးချယ်လိုက်သည်။ သို့သော် အချိန်ကြာလေလေ၊ စုမင်၏ အမူအယာတို့က ပို၍လေးနက်လာလေလေ ဖြစ်သည်။
ထိုသေတ္တာအားလည်း ကျောက်ဒင်္ဂါးများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။
"ဟန်တောင်တန်းမျိူးနွယ်စုရဲ့ ဘိုးဘေး ချန်ထားရစ်ခဲ့တဲ့ ကြီးမြတ်တဲ့ ရတနာပစ္စည်း... တစ်ကယ်ပဲ ဒါက ဘာများပါလိမ့်"
စုမင် ထိုင်ချကာ သေတ္တာအား သေချာကြည့်နေမိသည်။ ဤရတနာနှင့် ပက်သက်၍ ဟယ်ဖုန်းအား အရင်က မေးမြန်းကြည့်ခဲ့ဖူးသည်။
သို့သော် ဟယ်ဖုန်းအဖြေကမူ မရှင်းမလင်းပင်။ သူတစ်ခါ ဖွင့်ကြည့်ဖူးသော်လည်း အလင်းရောင်ခြည်တန်းများကိုသာ မြင်တွေ့ခဲ့ရပြီး ထိုအလင်းတန်း ပျောက်သွားသည်နှင့် သေတ္တာလည်း သူ့အလိုလို ပြန်ပိတ်သွားကာ အဲသည့်နောက်ပိုင်း တွင်တော့ ဘယ်လိုပြန်ဖွင့်ဖွင့် ပွင့်မလာခဲ့တော့ပါဟုသာ။
ထိုရတနာပစ္စည်းအား ထိန်းချူပ်နိုင်သည့် စွမ်းအား မရှိသောကြောင့် သူသေမည်ကိုလည်း စိုးရိမ်ခဲ့ရ၏။ ထို့ကြောင့် သေချာ စဉ်းစားဆင်ခြင်ပြီးနောက်တွင်တော့ ရတနာပစ္စည်းကို ဤနေရာတွင်ဝှက်ကာ ရုပ်နယ်လွန်နယ်ပယ်သို့ တက်လှမ်းနိုင်သွားသည့်အခါမှ ထပ်မံဖွင့်ကြည့်ရန် တွေးထားခဲ့ခြင်း ဖြစ်သည်။
*****