အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း ၄၉၆ - သူဌေးကြီးတွေရဲ့ ဒေသခံတွေကို ကိုင်တွယ်ပုံက အားကျစရာပဲ
ရှောင်းယီသည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ မှော်ဆရာများနှင့် မျိုးနွယ်စုခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို အမူအရာကင်းမဲ့စွာ ကြည့်ရှုနေခဲ့သည်။
မှော်ဆရာများသည် သူတို့၏စိတ်ဝိဉာည်တိုက်ခိုက်မှုများ အောင်မြင်သွားသည်ဟု ထင်လိုက်ကြပြီး အလွန်ဝမ်းသာသွားခဲ့ကြလေသည်။
ထိုအချိန်တွင် ခေါင်းဆောင်လေးယောက်သည် သူတို့၏လက်သီးများကို ပင့်မြှောက်ကာ ရှောင်းယီအားထိုးနှက်ရန် ပြေးဝင်သွားခဲ့ပြီးဖြစ်၏။
ရုတ်တရက်...သူတို့၏မျက်လုံးများ မှုန်ဝါးသွားပြီး သူတို့ပစ်မှတ်၏အနောက်တွင်ရပ်နေခဲ့သောလူသည် သူတို့နှင့် ပစ်မှတ်ကြား၌ ထွက်ပေါ်လာခဲ့သည်။
သူတို့တွင် တွေးနေရန် အချိန်မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် အပြင်လူများဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုလူများအား အတူတကွ ရင်ဆိုင်ကြရမည်သာဖြစ်သည်။
သူတို့သည် နောက်ပြန်ဆုတ်ခြင်းမရှိဘဲ ရုတ်တရက်ထွက်ပေါ်လာသော ကျန်းယွင်ထျန်းဆီသို့ သူတို့၏လက်သီးချက်များဖြင့် ထိုးနှက်လိုက်ကြတော့လေသည်။
ကျန်းယွင်ထျန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ထိုခေါင်းဆောင်လေးယောက်က တစ်ယောက်တစ်ချက်စီကန်ကာ နောက်သို့ ဆုတ်စေလိုက်လေသည်။
“ဒီလူက မရိုးရှင်းဘူး။ အတူတူတိုက်ကြ...။”
မှော်ဆရာများထဲမှတစ်ယောက်က အော်ပြောလိုက်၏။
ကျန်းယွင်ထျန်းသည် စကားတစ်ခွန်းမျှ ပြောမနေဘဲ သူတို့ဆီသို့ တိုက်ရိုက်တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်တော့လေသည်။ သူ၏ပေါက်ကွဲထွက်လာသောအမြန်နှုန်းကို ကြည့်ရှုရင်းဖြင့် မှော်ဆရာလေးယောက်သည် သူတို့ရှေ့တွင်ရှိနေသောထိုလူသည် သူတို့ယှဉ်နိုင်သောလူတစ်ယောက်မဟုတ်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ထိုစဉ် မှော်ဆရာများထဲမှတစ်ယောက်သည် အန္တရာယ်ရှိသော စွန့်စားမှုတစ်ခုကို ပြုလုပ်လိုက်ပြီး အမှန်တကယ်ပင် အချိန်တိုအတွင်း၌ နောက်ထပ် စိတ်ဝိဉာည်တိုက်ခိုက်မှုတစ်ခုကို ပစ်လွှတ်လိုက်လေသည်။
သို့သော် တစ်ဖက်လူသည် သူ၏တိုက်ခိုက်မှုကြောင့် လုံးဝသက်ရောက်မခံခဲ့ရကြောင်း တွေ့ရှိလိုက်ရသောအခါ အံ့အားသင့်သွားခဲ့၏။ ထို့ပြင် သူ၏လှုပ်ရှားမှုများသည် လျင်မြန်သွက်လတ်ပြီး ရက်စက်ပြင်းထန်နေဆဲပင်။
မှော်ဆရာလေးလေးယောက်သည် မည်သည့်ခုခံကာကွယ်မှုမျှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ရိုက်ချခံလိုက်ရလေတော့သည်။
ရှောင်းယီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်၏။ သူ၏ဘေးတွင်ရှိနေသော ကျန်းယွင်ထျန်းသည်လည်း သူ၏ခြေထောက်များကို အလိုအလျောက် လှမ်းလိုက်လေသည်။
“မင်းတို့ခုခံချင်သေးလား။”
ရှောင်းယီက သူတို့ကိုကြည့်ကာ မေးလိုက်သည်။
သူတို့သည် ရှောင်းယီ၏စကားများကို နားလည်နိုင်ကြောင်း သိလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြ၏။
“မင်းတို့အပြင်လူတွေ ကောင်းကောင်းသေရမှာမဟုတ်ဘူးကွ...”
မှော်ဆရာတစ်ယောက်က ကျိန်ဆဲလိုက်သည်။
“မင်းတို့ ငါတို့ကို ဘာလို့အဲ့လောက်တောင်မုန်းနေလဲဆိုတာကိုမသိပေမယ့် ရှင်းပြဖို့အတွက်ကျတော့လည်း ငါအရမ်းပျင်းနေတယ်။ သူတို့ကို သတ်ပစ်လိုက်တော့။”
ရှောင်းယီက အမူအရာမဲ့စွာ ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် လုံးဝတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့လှမ်းတက်လိုက်၏။ ထိုမှော်ဆရာသည် ကျန်းယွင်ထျန်း၏ဓားမြှောင် သူ၏လည်ပင်းကို ဖြတ်တောက်သွားသည့်တိုင် မည်သည့်တုန့်ပြန်မှုမျှ ပြုလုပ်မည့်ပုံမရပေ။
ဖျစ်...
ထိုမှော်ဆရာ၏လည်ပင်းမှ လက်ဆတ်သောသွေးများ ပန်းထွက်လာပြီး မြေပြင်တစ်ခုလုံးကို နီရဲသွားစေခဲ့သည်။
“အခု ငါတို့ ကောင်းကောင်းစကားပြောလို့ရပြီလား။”
ရှောင်းယီသည် ကျန်ရှိနေသော မှော်ဆရာသုံးယောက်ကိုကြည့်ကာ မေးလိုက်သည်။
လူတစ်ယောက်ကို မျက်တောင်တစ်ချက်ပင်မခတ်ဘဲ ရှင်းပစ်လိုက်သော ကျန်းယွင်ထျန်းကိုကြည့်ရင်း သူတို့သုံးယောက်စလုံး၏လည်စိများ ပြင်းပြင်းထန်ထျန်း အပေါ်အောက်လှုပ်ရှားသွားကြလေသည်။
“ဟုတ်...ဟုတ်ကဲ့”
သူတို့က ဖြေလိုက်သည်။
“ကောင်းတယ်။ မင်းတို့ ငါမေးတာကိုဖြေ။”
ရှောင်းယီက ပြောလိုက်သည်။
“အဲ့ဒီလောက်လွှဲတွေ မင်းတို့သင်္ဘောပေါ်ကို ဘယ်လိုရောက်လာတာလဲ။ ပစ္စည်းသေတ္တာတွေကို ဖမ်းပြီးတော့လား။”
“ပစ္စည်းသေတ္တာလား။ အဲ့ဒါကဘာလဲ။”
မှော်ဆရာသုံးယောက်လုံး လုံးဝပဟေဠိဖြစ်သွားခဲ့ကြသည်။
ရှောင်းယီသည် သူရုတ်တရက် သတင်းအချက်အလက်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရကြောင်း သဘောပေါက်လိုက်လေသည်။
“မင်းတို့ ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပြီးတော့ မင်းတို့ပတ်လည်က ပင်လယ်ထဲမှာ သေတ္တာတချို့ပေါ်လာတာကို မတွေ့ဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
မှော်ဆရာသုံးယောက်သည် သူတို့၏ဦးခေါင်းများကို လေးလေးနက်နက် ခါပြလိုက်ကြ၏။
“ဒါဆို မင်းတို့ရဲ့လောက်လွှဲတွေက ဘယ်ကရလာတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“သူတို့ကို နတ်ဘုရားက ကျုပ်တို့ ပေးအပ်ထားတာပဲ။”
မှော်ဆရာတစ်ယောက်က ပြန်ဖြေလိုက်သည်။
“သေစမ်းကွာ...”
ရှောင်းယီ မနေနိုင်တော့ဘဲ ကျန်ဆဲလိုက်မိ၏။ ထိုနောက် ဆက်မေးလိုက်သည်။
“မင်းတို့ထဲမှာ ငါတို့အသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းပေါ်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ရွေးချယ်ထားတဲ့လူရှိလား။”
ထိုအခါ မှော်ဆရာတစ်ယောက်သည် သူ၏လက်ကိုမြှောက်ပြီး ညင်သာစွာ ပြောလာခဲ့သည်။
“ကျုပ်...”
“မင်းက ငါတို့အသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းမှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ရွေးချယ်ခဲ့ပြီးတော့ ကျွန်းရဲ့ဘေးပတ်လည်မှာ ဘာပစ္စည်းသေတ္တာမှ ပေါ်လာတာမတွေ့ဘူးလား။”
ရှောင်းယီက နောက်တစ်ကြိမ် ထပ်မံကာ အတည်ပြုလိုက်သည်။
မှော်ဆရာက ခေါင်းညိမ့်ပြလိုက်၏။
“ဒါဆို မင်းတို့ရဲ့နေ့စဉ်ထောက်ပံ့ရေပစ္စည်းတွေကို ဘယ်လိုရတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“နတ်ဘုရားက ကျုပ်သိမ်းပိုက်ထားတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်တယ်။ နေ့စဉ်ထောက်ပံ့ရေးပစ္စည်းတွေက အုတ်မြစ်ကျောက် ၆ ခု၊ အမျိုးမျိုးသောအခြေခံအရင်းအမြစ် ၁၀ ယူနစ်နဲ့ တချို့သောအခြားပစ္စည်းတွေကိုလည်း ကျပန်းပေးအပ်တယ်။ အဲ့ဒီလောက်လွှဲလိုမျိုးပေါ့။”
မှော်ဆရာက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိမ့်ကာ ထပ်မေးလိုက်သည်။
“မင်းတို့ရဲ့အုတ်မြစ်ကျောက်တွေကို ရေနေသတ္တဝါတွေ လာပြီးတိုက်ခိုက်တာကို ခံရလား။”
“သူတို့က ဘာလို့ရေနေသတ္တဝါတွေရဲ့တိုက်ခိုက်တာကို ခံရမှာလဲ။”
မှော်ဆရာက ရှုပ်ထွေးနေသောအကြည့်များဖြင့် ကြည့်လိုက်၏။
ထိုအကြည့်သည် ဒေသခံများမှ ကျွန်းကိုသိမ်းပိုက်ပြီးနောက်ပိုင်း ရေနေသတ္တဝါများသည် ကျွန်း၏အုတ်မြစ်ကျောက်ကို လာရောက်တိုက်ခိုက်ခြင်းမရှိကြောင်း သိသေနေပြီဖြစ်သည်။
စစ်ဆေးမေးမြန်းမှုမတိုင်မီကတည်းက ကျန်းယွင်ထျန်းသည် အထူးဘာသာပြန်တစ်ယောက်ကို သူ့နားသို့ ခေါ်ထားခဲ့ပြီးဖြစ်လေသည်။ ယခုအချိန်တွင် သူသည် မှော်ဆရာ၏အဖြေကို ကြားလိုက်ရသော်အခါ စိတ်ခံစားမှုများ ထိန်းမရအောင် မြင့်တက်သွားခဲ့တော့လေသည်။
“သေစမ်း...အရင်က ပိုင်ချီက ဒေသခံတွေရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြန်ယူလာခဲ့တာက ဆုံးရှုံးမှာတစ်ခုပဲမဟုတ်ဘူးလား။”
ရှောင်းယီက အနည်းငယ် ချင့်ချိန်တွေးတောပြီးနောက် ပြောလိုက်သည်။
“အဲ့ဒါက ဆုံးရှုံးမှုတစ်ခုတော့မဟုတ်ဘူး။ အဲ့ဒါက သာမန်အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့ ဆုံးရှုံးမှုတစ်ခုပဲ။ ဒါပေမယ့် ငါတို့အတွက်တော့ ဆုံးရှုံးမှုတစ်ခုမဟုတ်ဘူး။”
သာမန်အသက်ရှင်ကျန်ရစ်သူများအတွက်မူ နေ့စဉ်ပြန်လည်ဖြည့်တင်းပေးသော ပစ္စည်းသေတ္တာခြောက်ခုကို လွဲချော်ရမည်ဖြစ်သော်လည်း ရှောင်းယီအတွက်တော့မဟုတ်ပေ။ ယခုအချိန်တွင် ချင်းလုံနှင့် အော်ကာဝေလငါးမျိုးနွယ်တစ်ခုလုံးက ငါးဖမ်းရန်အတွက် အကူအညီပေးနေခဲ့လေသည်။ သူတို့သည် တစ်ခုစီတိုင်းကို အမှန်တကယ် ဖမ်းမိပြီး တစ်ချိန်တည်းမှာပင် သူတို့သည် အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေသော ရေနေသတ္တဝါများ၏ပြဿနာကိုလည်း ကိုင်တွယ်ပေးနေခဲ့သည်။
ထို့ကြောင့် ရှောင်းယီအတွက်မူ လုံးဝဆုံးရှုံးမှုမရှိပေ။
ကျပန်းပေးအပ်လာသော အချို့အရာများအတွက်မူ ယေဘုယျအားဖြင့် သူတို့ပစ္စည်းသေတ္တာဖွင့်ရာမှ ရရှိသောပစ္စည်းများနှင့် အတူတူပင်ဖြစ်သည်။
“အခု ငါကြေညာမယ်။ မင်းတို့မျိုးနွယ်စုလေးခုလုံးမှာရှိတဲ့ အရာမှန်သမျှက ငါ့အပိုင်ပဲ။ မင်းတို့မှာ မေးစရာရှိသေးလား။”
ရှောင်းယီက မေးလိုက်သည်။
“မေးစရာမရှိပါဘူး။”
သူတို့က ချက်ချင်းပင် ခေါင်းညိမ့်လိုက်ကြသည်။
မည်သို့ပင်ဆိုစေ မြေပြင်ပေါ်တွင် လဲလျောင်းနေသောမှော်ဆရာ၏လည်ပင်းမှ သွေးများ စီးကျနေဆဲပင်။
“ကောင်းပြီ စာချုပ်ချုပ်မယ်။ သေသွားတဲ့မှော်ဆရာရဲ့မျိုးနွယ်စုအတွက်ကတော့ မျိုးနွယ်စုခေါင်းဆောင်နဲ့ပဲ စာချုပ်ချုပ်လိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းသည် သူတို့ကို မဟာမိတ်အရှေ့ဘက်ကျွန်း၏ ကျွမ်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ဦးဆောင်သွားခဲ့လေသည်။
စာချုပ်ချုပ်ဆိုခြင်း ပြီးဆုံးသွားပြီနောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ညွှန်ကြားချက်အချို့ ပေးလိုက်သည်။
“မှော်ဆရာတစ်ယောက်ရဲ့ကျွန်းကို မဟာမိတ်အဖွဲ့ရဲ့အရှေ့မြောက်ဘက်ကိုရွှေ့ပြီး ချူဖုန်းနဲ့ချူရှန်းကို တာဝန်ယူခိုင်းလိုက်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အရင်မသိမ်းပိုက်နဲ့ဦး။ အဲ့ဒါက သူတို့ကို အကျိူးအမြတ်တွေဆက်ပြီးပေးနေဦးမလားဆိုတာ ကြည့်မယ်။”
ထိုအရာကို သိမ်းပိုက်လိုက်လျှင်ပင် ဆုံးရှုံးမှုမှာ များပြားမည်မဟုတ်သော်လည်း သူတို့ ထိုဒေသခံများအပေါ် မည်မျှထိ ကောင်းနိုင်မည်ကိုဆိုသည်ကို ကြည့်ရလျှင်လည်း အဆင်ပြေမည်ဖြစ်သည်။
“ကောင်းပြီ ငါ အခုချက်ချင်းစီစဉ်လိုက်မယ်။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
ယခုလေးတင် ဖမ်းမိထားခဲ့သော ဒေသခံများအားလုံးကို ရှောင်းယီ၏ကျွန်းသို့ အရင်ဦးဆုံး ပို့ဆောင်လိုက်လေသည်။ တစ်ပတ်တာအလုပ်ကြမ်းများက ၎င်းတို့ကို စောင့်ကြိုနေပြီဖြစ်သည်။
ယခုအချိန်တွင် ရှောင်းယီ၏ကျွန်းပေါ်၌ အလုပ်သမားလိုအပ်သည့်နေရာများ အများကြီးမရှိသေးပေ။ အချိန်အများစုကို ရှားဘာသာစကားကိုသင်ယူခြင်း၊ ကျွန်း၏စည်းမျဉ်းစည်းကမ်းများကို မှတ်သားခြင်း၊ အခြေခံယဉ်ကျေးမှုအသိပညာများကို လေ့လာခြင်း စသည့်တို့ဖြင့်သာ ကုန်ဆုံးရမည်ဖြစ်သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ရှိသော အိပ်ခန်းသို့ ပြန်သွားလိုက်ပြီး ဂရုထဲရှိလူအချို့သည်လည်း ဒေသခံများ၏ ပြောင်းလဲမှုများကို ရှာဖွေတွေ့ရှိထားခဲ့ပြီးလေသည်။
“သေစမ်း...အခုလေးတင် ငါတို့မဟာမိတ်ကို လာတိုက်ခိုက်တဲ့ ဒေသခံတွေဆီမှာလည်း လောက်လွှဲတွေရှိနေတယ်။ ဒါပေမယ့် သူတို့မှာရှိတာက တစ်ချက်ပစ်လောက်လွှဲလေးပဲ။ မဟုတ်ရင် ငါတို့အရှုံးပေးလိုက်ရတော့မှာ။”
“တကယ်လား။ သူဌေးကြီးရဲ့ အဆိပ်ငွေ့ဗုံးနဲ့ဆိုရင်တောင် မင်းတို့ကရှုံးရဦးမှာလား။”
“သူတို့က အစကတည်းက လောက်လွှဲတွေကို ခုခံကာကွယ်ထားပြီးသား။ အဲ့တော့ သူတို့သင်္ဘောပေါ်ကို အဆိပ်ငွေ့ဗုံးပစ်တင်ဖို့ဆိုတာ မလွယ်ဘူး။ ပြီးတော့ ငါတို့က သူတို့ရဲ့လောက်လွှဲတွေကို ခုခံကာကွယ်ဖို့ မပြင်ဆင်ထားခဲ့ကြဘူး။ ဆိုတော့ ဒီတိုက်ပွဲက အရမ်းအရမ်းကိုခက်ခဲတယ်။”
“ဒေသခံတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက အရမ်းမြန်တယ်။ သူတို့က ငါတို့ကိုဆန့်ကျင့်ပြီး ချက်ချင်းလက်ငင်း ဖွံ့ဖြိုးတိုးတက်လာတယ်လို့တောင် ခံစားနေရတယ်။”
“ဟုတ်တယ်။ အဲ့အချိန်တုန်းက ငါက အဲ့ဒီဒေသခံတွေကို ငါတို့မဟာမိတ်အဖွဲ့ရဲ့ ကူလီသမားတွေအဖြစ် ဖမ်းထားဖို့စဉ်းစားခဲ့သေးတယ်။ ဒါပေမယ့် သူတို့က နောက်ပြန်မောင်းထွက်သွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။”
“သူတို့ နောက်ပြန်ဆုတ်သွားတာကောင်းတာပေါ့။ အနည်းဆုံးတော့ မင်းတို့အခုလုံခြုံသွားပြီလေ။”
“အဲ့လိုတွေးမယ်ဆိုရင်တော့လည်း မှန်ပါတယ်။ ဟူး...ငါကတော့ သူဌေး နောက်ထပ်ပိုပြီးအစွမ်းထက်တဲ့လက်နက်တွေ ထုတ်လာနိုင်ပါစေလို့ပဲ မျှော်လင့်မိတယ်။”
“ဟုတ်တယ်။ အဲ့ဒါက ဒေသခံတွေကို ငါတို့ကို ကူညီခိုင်းဖို့အတွက် အလွယ်ကူဆုံးပဲ။ မဟုတ်ရင် အချိန်တိုင်း စိတ်ဖိစီးနေရတာက တော်တော်လေးပင်ပန်းတယ်။”
“အင်း...ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘူး စိတ်ပိုင်းဆိုင်ရာအရရောပဲ။ အရမ်းပင်ပန်းလွယ်တယ်။”
“ကျောက်ကပ်က ဖြတ်လတ်တက်ကြွခြင်းရဲ့ အရင်းအမြစ်ပဲ။ ပြီးတော့ အဲ့ဒါမှာ အဆီအနှစ်တွေကို သိုလှောက်ထားရတဲ့ လုပ်ဆောင်ချက်လည်းရှိတယ်။ စိတ်ဝိဉာည်က အဆင်မပြေဘူး၊ ပြီးတော့ မောပန်းလွယ်နေတယ်ဆိုရင် ကျောက်ကပ်ထဲကချီတွေ မလုံလောက်တော့ဘူးလို့ ဆိုလိုနေတာပဲ။ ဘာလို့ ကျုပ်ရဲ့ လျူဝေ့တိဟွမ်းစေးပြားကို အရင်မစဉ်းစားတာလဲ။ အဲ့ဒါက ခင်ဗျားရဲ့ရောဂါလက္ခဏာတွေကို ပိုပြီးတည်ငြိမ်စေတယ်။”
စွန်းယောင် တဖန်ပြန်လည် ခုန်ထွက်လာခဲ့သည်။
“ထွက်သွားစမ်း...မင်း ဆေးအတုရောင်းတဲ့လူ။ ငါက ကျန်းမာရေးကောင်းတယ်ကွ။”
အခန်း ၄၉၇ - လျှော့ဈေးအတည်ပြုခြင်း၊ အကန့်အသတ်ပစ္စည်းအမျိုးအစားများ
ရှောင်းယီသည်လည်း ယီထျန်းဂရုထဲရှိ မက်ဆေ့ခ်ျများကိုကြည့်ပြီး ဝင်ပြောလိုက်သည်။
“အနာဂတ်မှာ လူတိုင်း နည်းနည်းလောက်ပိုပြီး အာရုံစိုက်သင့်တယ်။ အခု ကျုပ်တို့မှာ ဒီလက်နက်တွေရှိတယ်။ အဆင့်မြင့်လက်နက်တွေကိုရဖို့ဆိုတာ ကျုပ်တို့အတွက် မလွယ်ကူဘူး။ သူတို့ကတော့ ဒေသခံတွေကို လက်နက်တွေကို တိုက်ရိုက်ဆုချနေတာ။ ထုံးစံအတိုင်း ကျုပ်တို့က ဒေသခံတွေဆီမှာလည်း ကျုပ်တို့လိုလက်နက်တွေရှိတယ်လို့ မှတ်ယူပြီး ကာကွယ်ထားသင့်တယ်။”
“သူဌေးပြောတာ မှန်တယ်။ ကျုပ်က အမြဲတမ်း ဒေသခံတွေရဲ့လက်နက်တွေက ကျုပ်တို့ တစ်ဆင့်ထက်နိမ့်ကျနေတာကို မြင်ခဲ့ရတယ်။ ပြီးတော့ ဒီလိုအခြေအနေမျိုးကို လုံးဝထင်မထားခဲ့ဘူး။”
“ဟုတ်တယ်...ဒီကမ္ဘာကြီးက ကျုပ်တို့နဲ့ ထိုက်တန်တဲ့ရန်သူတွေကို အမြဲစီစဉ်ထားတယ်။”
“ငါတို့က ခဏလောက် အနားယူရုံပဲရှိသေးတယ်။ သူတို့က နောက်ထပ်ပြဿနာတစ်ခုကို ပေးလာပြန်ပြီ။ ငါတို့တော့ တကယ်ကို အရမ်းခက်ခဲနေပြီ။”
ရှောင်းယီသည် အကူညီမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်မိသည်။ ယခုအချိန်၌ သူတို့အားလုံးသည် စစ်တုရင်ခုံပေါ်က စစ်တုရင်ရုပ်များသာ ဖြစ်ပေသည်။ ဘာတွေပဲ ချဲ့ကားပြောနေပါစေ စည်းမျည်းများကိာ မလိုက်နာဘဲ စစ်တုရင်ကစားနေသောလူသည် ဘေးမှစစ်တုရင်အပိုင်းအစများကို ကောက်ယူပြီး မည်သည့်အချိန်မဆို စစ်တုရင်ခုံပေါ်သို့ တင်လိုက်နိုင်ပေသည်။
ညစာစားချိန်၌ ကျန်းယွင်ထျန်းသည် သူ့ကိုယ်သူ လူသိရှင်ကြား ဝေဖန်အပြစ်တင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏စစ်သားများအားလုံးကို လုံလုံလောက်လောက် သတိမပေးနိုင်ခဲ့သောကြောင့်ပင်။ သူတို့တွင် လောက်လွှဲများကို ဆန့်ကျင်ကာကွယ်ရန်ပစ္စည်းများရှိသော်လည်း သူသည် ထိုအရာများကို သင်္ဘောနှင့်အတူ ယူဆောင်မသွားခဲ့ပေ။
“ကျုပ် တကယ်စိတ်မကောင်းပါဘူး။ အခုတစ်ခေါက် ကျုပ်နည်းနည်းပေါ့ဆသွားခဲ့တယ်။ ကျေးဇူးပြုပြီး ကျုပ်ကိုအပြစ်ပေးပါ ကျွန်းပိုင်ရှင်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီနှင့်အခြားသူများ အံ့အားသင့်သွားကြ၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ အခြားသူများသည် သဘာဝအတိုင်း ဘာမှဝင်မပြောကြဘဲ ရှောင်းယီကိုသာ ကြည့်လိုက်ကြလေသည်။
ရှောင်းယီက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
“အစ်ကိုကျန်း ထိုင်လိုက်ပါ။ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှမျှော်လင့်မထားခဲ့ဘူး။ ဒါက မတော်တဆနည်းနည်းဖြစ်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီအချိန်တုန်းက မင်းရဲ့တုံ့ပြန်မှုက အရမ်းအချိန်ကိုက်ပြီး တိကျတယ်။ အဲ့တော့ မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့။ အနာဂတ်အတွက်ပဲ အာရုံစိုက်ပါ။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဒီမတော်တဆဖြစ်ရပ်က ငါတို့ကို ဖုံးကွယ်ထားတဲ့အခြေအနေတွေရှိတယ်ဆိုတဲ့အကြောင်း သတိပေးလိုက်တာလို့ ယူဆလို့ရတယ်။ ငါတို့ အခုအနိုင်ရခဲ့တဲ့တိုက်ပွဲတွေအကြောင်းကိုကြည့်ပြီး ငါတို့ အမြဲတမ်းအနိုင်ရနေမယ်လို့ တွေးလို့မရဘူး။ တစ်နေ့မှာ အထက်လူတွေက ဒေသခံတွေကို အလိုအလျောက်ရိုင်ဖယ်တွေပေးပြီး၊ သုံးနည်းတွေသင်ပေးပြီးတော့ ငါတို့ကို ပစ်ခတ်လာတယမျိုးလည်းဖြစ်လာနိုင်တယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။
“တကယ်တော့ အဲ့ဒါက ချဲ့ကားပြောနေတာမဟုတ်ဘူး။ ထုံးစံအတိုင်း ဖြစ်လာနိုင်တဲ့ ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှာဦးတည်ချက်အတိုင်း ဆုံးဖြတ်ကြည့်တာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ ပျော်စရာအကြောင်းလေးတွေပဲ ပြောကြရအောင်။ မနက်ဖြန်ကျရင် ကျုပ်တို့ကျွန်းက ခရီးသွားပထမအသုတ်ကို ကြိုဆိုရတော့မယ်။ တည်နေရာကူးပြောင်းမှာလက်မှတ်ကြေးအတွက် ဘယ်လောက်တောင်းရင် အဆင်ပြေမယ်လို့ ထင်ကြလဲ။”
“ဒီလိုမျိုး ကောင်းမွန်တဲ့အပန်းဖြေစခန်းတစ်ခုနဲ့ဆိုရင် အုတ်မြစ်ကျောက် ၁၀ ခုက သိပ်မများပါဘူး။”
ဒူခန်းက သူ၏အမြင်ကို ပထမဆုံး ထုတ်ဖော်လိုက်သည်။
“ဒစ်စနေးလန်းအတွက် လက်မှတ်အတွက် ထောင်ပေါင်းများစွာပေးရတယ်ဆိုတာ ခင်ဗျားတို့သိကြတယ်မလား။ ပြီးတော့ ကျုပ်တို့က တစ်ကမ္ဘာလုံးမှား တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ တစ်ဦးပိုင်ကုမ္ပဏီပဲ။”
အန်းယွဲ့က သူ၏ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“လူတိုင်းက အပန်းဖြေချင်ကြတယ်ဆိုပေမယ့် တစ်ခါတည်းနဲ့ အုတ်မြစ်ကျောက် ၁၀ ခုပေးချေရမယ်ဆိုရင် ငါထင်တယ် ဘယ်သူကဆန္ဒရှိတော့မှာမဟုတ်ဘူး။ ငါတို့က အဲ့ဒီအုတ်မြစ်ကျောက်တွေအများကြီးကို နှစ်ရက်အတွင်း မိုင်းထောင်နိုင်မယ်ဆိုတာလည်း မသေချာဘူး။”
“ဟုတ်တယ်...ဆယ်ခုကတော့ အရမ်းမြင့်တယ်။ ငါတို့က လူတိုင်းရဲ့တတ်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားရမယ်။ မဟုတ်ရင် ဘယ်သူမှလာမှာမဟုတ်ဘူး။ ပြီးရင် ငါတို့ရဲ့နေရာကို ဖြုန်းတီးသလိုဖြစ်နေလိမ့်မယ်။”
ယွမ်နွန်ကလည်း ထောက်ခံလိုက်သည်။
“ဒါပေမယ့် တန်ဖိုးအရမ်းနည်းနေမယ်ဆိုရင် ကျုပ်တို့ရဲ့ဂုဏ်ပုဒ်ကို နှိမ့်ချနေသလိုဖြစ်မနေဘူးလား။”
ဒူခန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ရှောင်းယီက အချိန်ခုကြာအောင်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒါဆို ကျုပ်တို့ ပျမ်းမျှနေ့စဉ်ရိတ်သိမ်းမှုပမာဏအတိုင်း အုတ်မြစ်ကျောက်သုံးခုလို့ပဲထားလိုက်ကြတာပေါ့။ ဒါက အဖွင့်အနေနဲ့ အထူးဈေးနှုန်းပဲ။ ပြီးရင် နောက်ပိုင်းမှာ အုတ်မြစ်ကျောက် ၅ ခုတိုင်းသွားမယ်။ ခင်ဗျားတို့ဘယ်လိုထင်လဲ။”
“ဒါက နည်းနည်းလေးဈေးကြီးနေတုန်းပဲ။ ဈေးကွက်တုံ့ပြန်မှာကို အရင်ဆုံးကြည့်ကြတာပေါ့။”
အန်းယွဲ့ကပြောလိုက်သည်။
အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
“စကားမစပ် ဦးလေးအန်း ပစ္စည်းအမျိုးအစားတစ်ခုချင်းစီအတွက် ဈေးကွက်ဈေးနှုန်းသတ်မှတ်ပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။
အန်းယွဲ့က ပြန်ဖြေ၏။
“အခြေခံအားဖြင့်တော့ သတ်မှတ်ပြီးပါပြီ။ ကျုပ် ပစ္စည်းတစ်မျိုးချင်းစီရဲ့ဈေးနှုန်းကို နည်းနာပြီးရင် မင်းဆီကိုလာပြပါ့မယ်။ လျှော့ဈေးနဲ့ပတ်သတ်ပြီးတော့ ကျုပ်တို့ကျွန်းရဲ့ လက်ရှိအခြေအနေအရ အဆင့်ငါးခုခွဲထားပါတယ်။ ပထမအဆင့်ကတော့ ဗဟိုဝန်ထမ်းတွေပါ။ အခြေခံအားဖြင့် သူတို့တွေက ကျုပ်တို့လူတွေပါပဲ။ သူတို့တွေက ရောင်းဈေးရဲ့ ၁၀% လျှော့ဈေးရမှာဖြစ်ပါတယ်။ စွန်းကုထောင်နဲ့ အခြားသူတွေလိုမျိုး အရံဝန်ထမ်းတွေက ၅၀% လျှော့ဈေးရမှာဖြစ်ပါတယ်။ ဒေသခံတွေက ၃၀% လျှော့ဈေးရမယ်။ ကျန်တဲ့အပြင်လူတွေအတွက်ကတော့ သူတို့ရဲ့ခန္ဓာကိုယ်ထဲကို လိုလိုလားလားနဲ့ ချစ်ပ်ထည့်သွင်းခံမယ်ဆိုရင် ၂၀% လျှော့ဈေးရမယ်။ ကတ်နဲ့ရှင်းမယ့်သူတွေကတော့ ၁၀% လျှော့ဈေးရမယ်။ ယာယီကတ်ကိုအသုံးပြုမယ့်သူတွေအတွက်ကတော့ လျှော့ဈေးရမှာမဟုတ်ပါဘူး။”
အန်းယွဲ့က ပြောနေခြင်းကိုရပ်တန့်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒါက အဆင်ပြေရဲ့လား။”
ရှောင်းယီက ခေါင်းညိမ့်ပြကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ လျှော့ဈေးကို ကောင်းကောင်းလုပ်ထားတာပဲ။”
မူလက ရှောင်းယီသည် ဗဟိုဝန်ထမ်းများအတွက် အခွင့်အလမ်းခံစားခွင့်ပေးရန် အမှန်တကယ် စဉ်းစားထားခဲ့သည်။ သို့သော်လည်း သူတို့သည် လတိုင်းအတွက် လစာအမြောက်အမြားရရှိထားပြီး သူတို့သုံးဖြုန်းရန် အဆင်ပြေပေသည်။
အခြားတစ်ဖက်တွင် သူသည် လူတိုင်းကို ချစ်ပ်ထည့်သွင်းရန် တိုက်တွန်းနေရဆဲပင်။ ရှောင်းယီသည် လူတိုင်းကို ချစ်ပ်မှတစ်ဆင့် ထိန်းချုပ်နိုင်သောကြောင့်မဟုတ်ဘဲ သူသည် သေခြင်း၊ ရှင်ခြင်းကဲ့သို့ လူတိုင်း၏ အခြေခံအခြေအနေများကို နားလည်လိုသောကြောင့်ပင်။
လူတစ်ယောက်သေသောအခါ ထည့်သွင်းထားသော ချစ်ပ်၏ဒေတာများသည် ချစ်ပ်ထုတ်လုပ်ရေးစက်ဆီသို့ တိုက်ရိုက်ပြန်ရောက်လာမည်ပြီး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို သေဆုံးသူမသေဆုံးမီ သတ်မှတ်ထားသော အကျိုးခံစားခွင့်ရှိသူအား လွှဲပြောင်းပေးမည်ဖြစ်သည်။
အကယ်၍ အကျိုးခံစားခွင့်ရှိသူကို သတ်မှတ်ထားခြင်းမရှိပါက ၎င်းသည် ရှောင်းယီ၏ စိတ်အခြေအနေပေါ်တွင် မူတည်သွားပြီဖြစ်သည်။
“ဒူခန်း မင်းဘက်မှာ ဝိုင်တွေလုံလောက်အောင် ပြင်ဆင်ထားပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။
ဒူခန်းက ပြုံးကာ ပြောလိုက်သည်။
“သူတို့တွေ ဘာမှမစားလဲ ဝိုင်ပဲသောက်မယ်ဆိုရင်တောင် လုံလောက်တယ်။”
“ဒါပေမယ့် သူတို့က ပြန်ယူသွားကောင်းယူသွားနိုင်တယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
ဒူခန်းသည် အနည်းငယ် ကြောင်အသွားပြီးနောက် မသေချာမရေရာဟန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါဆိုရင်လည်း လုံလောက်သင့်ပါတယ်။”
“တကယ်လို့ လုံးဝမလုံလောက်တော့ဘူးဆိုရင် ကန့်သတ်လိုက်လို့ရတယ်။ ဒီပြဿနာက သိပ်တော့မဆိုးသေးပါဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ကန့်သတ်ချက်အကြောင်းပြောရရင် အဆင့်ကိုလည်း ကန့်သတ်သင့်တယ်မလား။”
ကျန်းယွင်ထျန်းက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဟုတ်တယ်...အဆင့်မြင့်အစားအစာတွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ကျန်းရွှဲ့ကလည်း သဘောတူလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ S-အဆင့်နဲ့ သက်ဆိုင်တဲ့ အစားအစာတွေကို အခုအချိန်မှာ အများပြည်သူအတွက် မဖွင့်လှစ်သေးဘူး။ A-အဆင့်ကို ကန့်သတ်ထားမယ်။ B-အဆင့် နဲ့အောက်ကိုတော့ အထူးကန့်သတ်ထားဖို့ မလိုအပ်ဘူး။ ဒါပေမယ့် အကန့်အသတ်မရှိတာမျိုးလည်း ဖြစ်လို့မရဘူး။”
“ဟုတ်ကဲ့”
လူအားလုံးက တုံ့ပြန်လိုက်ကြသည်။
“ဦးလေးအန်း မျိုးနွယ်စုလေးခုကရောင်းမယ့်ပစ္စည်းတွေကို ခင်ဗျား စစ်ဆေးပေးဖို့လိုတယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ကျုပ် မနက်ဖြန်အတွက် သူတို့ရောင်းမယ့်ပစ္စည်းတွေကို အသင့်ပြင်ထားဖို့ ပြောထားပြီးပါပြီ။ ညစာစားပြီးရင် သွားကြည့်ပြီး စစ်ဆေးလိုက်ပါ့မယ်။”
အန်းယွဲ့က ပြောလိုက်သည်။
“အရမ်းနောက်ကျနေပြီ အပြင်ထွက်ဦးမလို့လား။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“အဆင်ပြေပါတယ်။ အစာချေဖို့ အပြင်ထွက်လမ်းလျှောက်ရုံပါပဲ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ညစာစားပြီးနောက် လူတိုင်းသည် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားခဲ့ကြပြီး ရှောင်းယီသည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားကာ အန်းယွဲ့ပြုစုထားသော စည်းမျဉ်းများကို ဂရုပ်ထဲသို့ ထည့်လိုက်သည်။
“ကျုပ်တို့ကျွန်းကို လာရောက်အပန်းဖြေမယ့်သူအားလုံးက ကျုပ်တို့ကျွန်းရဲ့ စည်းကမ်းချက်တွေကို လိုက်နာရပါမယ်။ စည်းကမ်းချက်တွေကို ချိုးဖောက်မယ်ဆိုရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“သဘာဝကျပါတယ် သူဌေး ကျုပ်တို့ ခင်ဗျားရဲ့ စည်းမျဉ်းတွေအတိုင်း သေချာပေါက်လုပ်ဆောင်ကြမှာပါ။”
“ဟုတ်တယ်...သူဌေး ရဲ့ကျွန်းမှာ ပြဿနာဖြစ်စေတာက သူ့ကိုယ်သူ အသက်အရမ်းရှည်တယ်လို့ထင်နေတဲ့ လူအိုကြီးက တောင်ဝင်ရိုးစွန်းမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချတာနဲ့အတူတူပဲ။”
“ဒီစည်းမျဉ်းတွေကို ကျုပ်ဖတ်ထားပြီးပြီ။ ဒါတွေအားလုံးက အခြေခံအကျဆုံးတွေစည်းမျည်းတွေပဲမဟုတ်ဘူးလား။ သူဌေး အုတ်မြစ်ကျောက်ဘယ်နှစ်ခုလိုတယ်ဆိုတာသာ အမြန်ပြောပါ။”
“ဟုတ်တယ်...ဟုတ်တယ်။ ကျုပ်ကတော့ အုတ်မြစ်ကျောက်ဘယ်နှစ်ခုလိုလဲဆိုတာ ပိုဂရုစိုက်တယ်။ ဈေးကြီးရင်တော့ မသွားတော့ဘူး။”
ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် ဂရုထဲတွင် ပြောလိုက်တော့လေသည်။
“ဖွင့်လှစ်ပြီး ပထမသုံးရက်အတွက် စမ်းသပ်ဈေးနှုန်းက အုတ်မြစ်ကျောက် ၃ ခုဖြစ်ပြီး မြို့ပြန်ကျောက်နဲ့ သွားလာခ၊ အပန်းဖြေစခန်းသို့ ဝင်ရောက်ခ၊ ကတ်ပြုလုပ်ခအားလုံး အပါအဝင်ဖြစ်ပါတယ်။ သုံးရက်နောက်ပိုင်း ဈေးနှုန်းကတော့ အုတ်မြစ်ကျောက် ၅ ခုဖြစ်လာမှာပါ။”
“အုတ်မြစ်ကျောက် ၃ ခုလား။ နည်းနည်းဈေးကြီးသလိုပဲ ငါမသွားတော့ဘူး။”
“ကျုပ်ကတော့သွားမယ်။ ဒါက နေ့စဉ်ရိတ်သိမ်းရတဲ့ပမာဏလေးပဲ မဟုတ်ဘူးလား။ လေအေးပေးစက်၊ ဘားနဲ့ ကမ်းခြေကို အတွေ့အကြုံရအောင်တော့ သွားရမှာပဲ။”
“ဘုရားရေ...မင်းကတကယ်ချမ်းသာတာပဲ။ သွားပြီးတဲ့နောက် လူတိုင်းရဲ့သုံးသပ်ချက်ကို ငါစောင့်ကြည့်ဦးမယ်။”
“လူတိုင်းပဲ ကတ်ပြုလုပ်ခအကြောင်းကို မသိချင်ကြဘူးလား။ ဒါက ဘယ်လိုကတ်မျိုးလဲ။”
အခန်း ၄၉၈ - ကတ်လျှောက်ထားခြင်းနှင့် မေးခွန်းများဖြေဆိုခြင်း၊ လူအယောက်သုံးဆယ်သာ ရောက်လာခြင်း
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ လူတိုင်း စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။
“မှန်တယ်...ကတ်လုပ်ဖို့တောင်လိုသေးတာလား။ ဆံပင်ညှပ်ဆိုင်တွေလိုမျိုးလေ။ တစ်ခါသွားတိုင်း တိုနီဆရာက ကတ်လုပ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းနေတာမျိုးလား။”
“မင်းက တရားဝင်ဆံပင်ညှပ်ဆိုင်တွေအကြောင်းကို ပြောနေတာလား။”
“တရားမဝင်တဲ့ဆိုင်တွေရော ရှိလို့လား။”
“ခရီးလေးသွားဖို့အတွက်ကို အသင်းဝင်ကတ်လုပ်ဖို့လိုတယ်လို့တော့ မပြောနဲ့နော်။ ဒါက တကယ့်ကို ခေါင်းပုံဖြတ်တာပဲ။”
“တကယ်သာ ကတ်လုပ်ရမယ်ဆိုရင် သေသေချာချာ စဉ်းစားဖို့တော့လိုလိမ့်မယ်။”
လူတိုင်း၏ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက ရှင်းပြလိုက်သည်။
“ကျွန်းရဲ့ငွေကြေးစနစ်က အုတ်မြစ်ကျောက်ပါ။ ဒါပေမယ့် သာမန်အရာတချို့အတွက်ဆို အုတ်မြစ်ကျောက်တစ်ခုတည်းနဲ့ အများကြီးဝယ်လို့ရတယ်။ ခင်ဗျားတို့က တကယ်ပဲ အဲဒီလောက်အများကြီးကို တစ်ခါတည်းဝယ်မှာသေချာလား။ ဒီကတ်က အုတ်မြစ်ကျောက်ကို ကျုပ်တို့ကျွန်းရဲ့ ဒီဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဒါဆို ပစ္စည်းဝယ်တဲ့အခါ ပိုအဆင်ပြေသွားလိမ့်မယ်။ ကတ်မလုပ်ဘဲလည်း နေလို့ရပါတယ်။ ဒါပေမယ့် အုတ်မြစ်ကျောက်ကိုတော့ ခွဲသုံးလို့မရတော့ဘူး။ ခင်ဗျားတို့ နစ်နာသွားမှ ကျုပ်ကိုအပြစ်မတင်ပါနဲ့။”
အထိုအခါ ယီထျန်းဂရုထဲရှိ လူများသည် ခဏတာ ကြောင်အသွားခဲ့ကြပြီးနောက် ထပ်မံဆွေးနွေးကြပြန်သည်။
“ဒီဂျစ်တယ်ငွေကြေးလား။ ဒါက အရမ်းခေတ်မီလွန်းမနေဘူးလား။”
“သူဌေးပြောတာက အဓိပ္ပါယ်ရှိတယ်။ ကျုပ်တို့က တကယ်ပဲ သာမန်အစားအစာတွေပဲ စားမယ်ဆိုရင် အုတ်မြစ်ကျောက်တစ်ခုလုံး သေချာပေါက်မလိုအပ်ဘူး။ ကျုပ်တို့က အကုန်လုံးကို ပါဆယ်ထုပ်ပြီး ပြန်ယူမသွားနိုင်ဘူးလေ။”
“ဒါဆို သူဌေးက ငါတို့အတွက် စဉ်းစားပေးနေတာပဲ။ ငါတို့ သူဌေးကို ထပ်ပြီး အထင်လွဲသွားပြန်ပြီပေါ့။”
“သူဌေးက ငွေမျက်နှာပဲကြည့်တယ်ဆိုပေမယ့် နည်းနည်းတော့အသိစိတ်ရှိပါသေးတယ်။”
“ငါဘာလို့ မင်းက သူ့ကို ချီးမွမ်းနေတာမဟုတ်ဘူးလို့ ခံစားနေရတာလဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ကတ်အမျိုးအစားကွဲပြားသွားတာနဲ့အမျှ လျှော့ဈေးအမျိုးမျိုးလည်းရလိမ့်မယ်။ အများဆုံး ၂၀% အထိရမယ်။ အုတ်မြစ်ကျောက်ကို ဒီဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲတဲ့ပမာဏကို ကန့်သတ်မထားဘူး။ တစ်ခုပြောင်းရင်တောင် ကျုပ်တစ်ခုလက်ခံမယ်။ ခင်ဗျားတို့ရရှိမယ့်ကတ်တွေမှာ သက်တမ်းကုန်ဆုံးရက်မရှိဘူး။ ရေရှည်အထိ အကျိုးသက်ရောက်မှုရှိတယ်။ ဒါပေါ့ ကတ်ထဲက ဒီဂျစ်တယ်ငွေကြေးကိုတော့ အုတ်မြစ်ကျောက်အဖြစ် ပြန်ပြောင်းလို့မရဘူး။ ဒါပေမယ့် ခင်ဗျားတို့အချင်းချင်း ဖလှယ်ရောင်းဝယ်မယ်ဆိုရင်လည်း ကျုပ်တားဆီးမှာမဟုတ်ဘူး။”
ရှောင်းယီ ရှင်းပြပြီးနောက် လူတိုင်း ထပ်မံဆွေးနွေးကြပြန်သည်။
“သူဌေးကတော့ တကယ်အံ့ဩစရာကောင်းတယ်။ သူဌေး ခင်ဗျားအထင်မလွဲပါနဲ့နော်။ ကျုပ်က ခင်ဗျားကိုချီးမွမ်းနေတာပါ။”
“သူဌေးက ဒါကိုသေသေချာချာရှင်းပြထားပြီးပြီဆိုတော့ ပြဿနာမရှိတော့ပါဘူး။ နည်းနည်းတော့စျေးကြီးတယ်ဆိုပေမယ့် ကျုပ်ကတော့ သူဌေးကိုယုံတယ်။ ဒီဈေးနှုန်းနဲ့ တန်မယ်လို့ထင်တယ်။”
“မှန်တယ်။ ကျုပ်လည်း တစ်ချက်လောက်သွားကြည့်ဖို့စီစဉ်ထားတယ်။ ကိုယ့်နေရာမှာပဲ အမြဲနေနေရတာက စိတ်ညစ်ဖို့ကောင်းတယ်။ လှုပ်ရှားသွားလာနေတာကမှ ပိုကောင်းတာ။”
“ဟုတ်တယ်...ဟုတ်တယ်။ သူဌေး ကျုပ်တို့ ဘယ်လိုမှတ်ပုံတင်ရမှာလဲ။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“၉ နာရီခွဲရင် ကျုပ် ဂရုထဲမှာ လဲလှယ်မှု ၅၀ ချထားပေးမယ်။ လဲလှယ်မှုပြီးသွားတာက မှတ်ပုံတင်လိုက်တာပါပဲ။ မှတ်ပုံတင်ခွင့်နေရာကို လဲလှယ်ရောင်းဝယ်ခြင်းကို ထားမြစ်ထားတယ်။ ကျုပ်ဆိုလိုတာက လူတိုင်းပဲ လက်မှတ်မှောင်ခိုမလုပ်ကြပါနဲ့။”
“အိုကေ ကျုပ်သိပြီ။ ကျုပ် လက်ဆေးနေပြီ နေရာအမိဖမ်းဖို့ အဆင်သင့်ပဲ။”
“ကျုပ်အမြင်ကတော့ နေရာအမိဖမ်းဖို့မလိုပါဘူး။ လူတိုင်းက ဘာမှအသေးစိတ်မသိရသေးတဲ့ ကျွန်းတစ်ကျွန်းကိုသွားပြီး ပန်းဖြေဖို့အတွက်နဲ့ သူတို့ရဲ့တစ်နေ့တာရိတ်သိမ်းတဲ့ပမာဏကို သုံးချင်မှာမဟုတ်ဘူး။”
“ကျုပ်အထင်ကလည်း အဲ့ဒီလိုပဲ။ ဒါပေမယ့် သူဌေးက ကိုယ့်ကိုယ်အရှက်ရအောင်တော့ လုပ်မှာမဟုတ်ပါဘူး။”
“မှန်တယ်...’ယီရန်ပင်း’ ဆိုတဲ့စကားလုံးအတွက်သက်သက်ပဲ ကျုပ်ကသွားမှာ။ သူဌေးကို ကျုပ်ယုံတယ်။”
မကြာခင်မှာပင် ည ၉:၃၀ အချိန်သို့ ရောက်ရှိလာခဲ့ပြီး ရှောင်းယီသည် ဂရုထဲတွင် လဲလှယ်မှု ၅၀ ကို တင်လိုက်သည်။
“လဲလှယ်မှုမရှိပါ 【အုတ်မြစ်ကျောက်】 ၃။”
လဲလှယ်မှု ၂၃ ခုကို ချက်ချင်းရောင်းချလိုက်ရပြီးနောက် ကျန်သည့်ဟာများမှာ လှုပ်ရှားမှုမရှိကြတော့ပေ။
၎င်းသည် ရှောင်းယီ လဲလှယ်မှုတင်ရာ၌ အကြီးအကျယ်ရှုံ့နိမ့်ခြင်းပင်။ ယခင်က သူဂရုထဲတွင်တင်လိုက်သည့်ပစ္စည်းတိုင်းသည် စက္ကန့်ပိုင်းအတွင်း အားလုံးရောင်းကုန်သွားသည်ချည်းပင်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဘယ်သူမှမလိုချင်ကြပေ။
“မျှော်လင့်ထားတဲ့အတိုင်း ဆင်ခြင်တုံတရားက အနိုင်ရသွားတာပဲ။”
“ဟုတ်တယ်...။ ဒါက သုံးစတုရန်းမီတာပဲ။ အဲဒါကို ဒီတိုင်း စွန့်လွှတ်ပစ်လိုက်လို့မရဘူးလေ။”
“ဒါက သူဌေးတင်လိုက်တဲ့လဲလှယ်မှုတွေထဲမှာ စက္ကန့်ပိုင်းအတွင်းမှာမပြီးလိုက်တဲ့ ပထမဆုံးသောလဲလှယ်မှုပဲ။”
“ဟုတ်တယ်...သူဌေးတော့ စိတ်ပျက်သွားမှာသေချာတယ်။”
ထိုအချိန်တွင် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ထိုင်နေပြီး စိတ်တော့ပျက်မနေခဲ့ပေ။ ဘာဖြစ်ဖြစ် ပထမဆုံးလာသည့်လူများ ပြန်သွားပြီးနောက် သဘာဝအတိုင်း လူပြောများလာမည်ပင်။
ဤကဲ့သို့ အရင်းအနှီးကြီးမားသည့် အခြေအနေက လူတိုင်းကို ဆွဲဆောင်နိုင်မည်ဟုတော့ မဆိုလိုပေ။ သို့သော် ဤနေရာသို့ ရောက်ရှိလာပြီးနောက် လူတိုင်းသည် အဆင့်မြင့်အစားအစာအများအပြားကို ဝယ်ယူနိုင်သည်ဆိုသည့်အချက်ကပင် တကယ်တမ်း လူအများအပြားကို အများဆုံးဆွဲဆောင်နေသည့် အရာဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ရှောင်းယီက ထိုအကြောင်းကို တိုက်ရိုက်မပြောခဲ့ပေ။ သူသည် တဖြည်းဖြည်း လူပြောများလာပြီးနောက် စိတ်အချဉ်ပေါက်ပြီး သူ့တို့ကိုယ်တိုင် အပျော်လာရှာသည့်အချိန်အထိ စောင့်ဆိုင်းမည်ဖြစ်သည်။
ရှောင်းယီ ညဘက်အနားမယူခင်အချိန်အတွင်း၌ အစုံ ၃၀ သာ ရောင်းချနိုင်ခဲ့ပေသည်။
အိပ်ရာမဝင်ခင် ရှောင်းယီသည် မပြီးပြတ်သေးသော လဲလှယ်မှုများကို ပယ်ဖျက်ကာ ပြောလိုက်သည်။
“မနက်ဖြန်ကျရင် ခင်ဗျားတို့ရဲ့လဲလှယ်မှုအစဉ်အတိုင်း တည်နေရာကူးပြောင်းပေးပါမယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့ပြောရေးဆိုခွင့်ရှိသူရဲ့လိုအပ်ချက်တွေအတိုင်း လုပ်ဆောင်ပေးရုံပါပဲ။”
“ဟုတ်ကဲ့ပါ သူဌေး။ ကျုပ်ကတော့ မနက်ဖြန်အားလက်ရပ်မှာ အနားယူရဖို့ မျှော်လင့်နေပြီ။”
“အရမ်းကြီးလည်း မျှော်လင့်ချက်မထားပါနဲ့။ မျှော်လင့်ချက်ကြီးလေ စိတ်ပျက်ရလေပဲ။”
“ပြဿနာမရှိပါဘူး။ ယီရန်ပင်းသူဌေးရဲ့ကျွန်းကို သွားလည်ရရုံပဲဆိုရင်တောင် ဒီဈေးနှုန်းက တန်နေပြီ။”
“အမှန်ပဲ...။ သူဌေးက သူ့ကျွန်းကိုဘယ်လိုကာကွယ်သလဲဆိုတာ သွားကြည့်နိုင်တယ်ဆိုရင်လည်း အကျိုးမယုတ်ပါဘူး။”
“ဟုတ်တယ်...သူဌေးဆီကနေ အဆင့်မြင့်အစားအစာအချို့တောင် ဝယ်လို့ရကောင်းရနိုင်တယ်။”
“သေရော မင်းတို့ဘာလို့ စောစောမပြောတာလဲ။ ငါ အဲ့လိုမှန်းသိခဲ့ရင် လက်မှတ်ဝယ်ထားပြီးလောက်ပြီ။ အခု သူဌေးက လက်မှတ်အားလုံးကို ပယ်ဖျက်လိုက်ပြီကွ။”
“ချီး ငါက လက်မှတ်ဝယ်ဖို့ အုတ်မြစ်ကျောက်သုံးခုကုန်မယ်ဆိုတာကိုပဲ ဂရုစိုက်မိသွားတယ်ထင်တယ်။ ဒီတစ်ခါတော့ နစ်နာသွားပြီ။”
“ကံဆိုးစွာနဲ့ပဲ သူဌေးက ငါတို့ကိုလက်မှတ်မှောင်ခိုလုပ်ခွင့်မပေးထားဘူး။ မဟုတ်ရင် အဲ့ဒီလက်မှတ်အတွက် အုတ်မြစ်ကျောက် ၆ ခုလောက်ပေးပစ်လိုက်ပြီ။”
“အပေါ်ကညီကို မင်းကတကယ်ညစ်ပတ်တာပဲ။”
ရှောင်းယီသည် ဂရုထဲရှိ ဆွေးနွေးမှုများကို ဂရုမစိုက်တော့ဘဲ အိပ်ရာပေါ်လှဲပြီး စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။
“ဒီခရီးသွားအုပ်စုကနေတစ်ဆင့် မဟာမိတ်တစ်ခုရဲ့သုံးစွဲနိုင်စွမ်းကို အကြမ်းဖျင်းတော့ သိရလိမ့်မယ်။ ပြီးတော့ သူတိုရဲ့ နေ့စဉ်ဝင်ငွေကိုလည်း ခန့်မှန်းလို့ရမယ်။ ဒါက ငါ့ကျွန်းရဲ့ဧရိယာကြီးထွားမှုအတွက် နောက်ထပ်အချက်တစ်ချက်ပဲ။”
“ငါ ဒီနေ့ အန်းရန်ဆီထပ်သွားသင့်လား။”
ရှောင်းယီသည် ထိုအအတွေးကို ချက်ချင်းစွန့်လွှတ်လိုက်၏။
“မေ့လိုက်တော့။ ငါ အန်းရန်ကို တစ်နေ့လုံး ပန်ဒါမျက်လုံးတွေနဲ့တော့ မထားနိုင်ဘူး။ သူမက S-အဆင့် ရုပ်ခန္ဓာရှိပြီးသားတောင်မှ ငါက သူမကို ပန်ဒါမျက်လုံးတွေဖြစ်အောင် လုပ်နိုင်တုန်းပဲ။ သူမကပဲ အားနည်းလွန်းတာလား။ ငါကပဲ အားကြီးလွန်းနေတာလားမသိတော့ဘူး။”
ထိုသို့တွေးနေရင်းဖြင့် ရှောင်းယီ ဖြည်းဖြည်းချင်းအိပ်ပျော်သွားခဲ့သည်။
ထိုအချိန်တွင် အန်းယွဲ့သည် မနက်ဖြန် ဆိုင်တင်ရောင်းချမည့် မျိုးနွယ်စုလေးခုမှ ပို့လိုက်သောပစ္စည်းများကို စစ်ဆေးနေခဲ့သည်။
အမျိုးအစားများမှာ စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ၊ တောရိုင်းသီးနှံများ၊ လက်မှုပစ္စည်းတချို့နှင့် အတော်လေးစုံလင်လှသည်။
“ဒါတွေအားလုံးက အဆင်ပြေပါတယ်။ မနက်ဖြန်ထပ်ထည့်မယ့်တချို့အရာတွေရှိရင်လည်း အဲ့ဒါတွေကို ပြင်ပဈေးကွက်ထဲမဝင်ခင် စစ်ဆေးရမယ်။”
အန်းယွဲ့က သတိပေးလိုက်သည်။
“ဟုတ်ကဲ့”
မျိုးနွယ်စုလေးခု၏ ခေါင်းဆောင်များက ပြောလိုက်ကြသည်။
ပိုင်ချီသည် မဟာမိတ်၏အနောက်ဘက်ကျွန်းကို စီမံခန့်ခွဲရန် လျှောက်ထားခဲ့သည့်အတွက် သူ၏ယခင်လက်အောက်ငယ်သားနှစ်ဦးဖြစ်သော ဝမ်ပေါ်နှင့် ဝမ်လေ့တို့က မျိုးနွယ်စုစီမံခန့်ခွဲမှုကို ဆက်ခံခဲ့ကြသည်။
နောက်တစ်နေ့မနက် အာရုံမတက်ခင်အချိန်တွင် ရှောင်းယီသည် ဝေါ်ကီတော်ကီမြည်သံကြောင့် နိုးလာခဲ့လေသည်။
“ကျွန်းပိုင်ရှင် ဝေပေါ်ကအကူအညီတောင်းတဲ့စာပို့လိုက်တယ်။”
ထိုအရာမှာ ဆုဝမ်၏အသံဖြစ်သည်။
“အဲ့ဒါက မနက် ၂:၃၀ တုန်းကပါ။”
ရှောင်းယီ အချိန်ကိုကြည့်လိုက်သည်။ မနက် ၄ နာရီမထိုးသေးပေ။ သူ စိတ်ထဲမှ တွေးလိုက်မိ၏။
“ဝေပေါ်ကို ဖြေရှင်းပစ်လိုက်တာမျိုးမဖြစ်ပါစေနဲ့။”
ထို့နောက် သူသည် ဝေါ်ကီတော်ကီကိုင်ပြီး ကျန်းယွင်ထျန်းကို ဆက်သွယ်လိုက်လေသည်။
“အစ်ကိုကျန်း မင်းနိုးပြီလား။”
“နိုးပြီ...လူလည်းစုပြီးပြီ။ ဘယ်အချိန်မဆိုသွားဖို့အဆင်သင့်ပဲ။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
“ကောင်းပြီ ဒါဆို သွားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဂရုစိုက်။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ပြီးခဲ့သည့်ရက်နှစ်ရက်လောက်က သူသည် ဝေပေါ်ကို သူ့မဟာမိတ်အဖွဲ့ထဲသို့ ဆွဲမထည့်ခဲ့မိပေ။ တစ်ခုမှာ ဝေပေါ်သည် သူနှင့်အတော်လေးနီးပြီး ကီလိုမီတာ ၁၀၀ အောက်သာရှိသောကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ သူသည် သူ့ကို အမှန်တကယ် မေ့သွားခဲ့သောကြောင့်ပင်။