← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း ၅၀၂ - ဝူနာ့၏ အိမ်ပြန်ခရီး၊ ခရီးသွားတွေက စွမ်းရည်ရှိနေတုန်းပဲ

“မစိုးရိမ်ပါနဲ့။ ကျွန်းပိုင်ရှင်က ဦးတည်ချက်ကျောက်ရဲ့စွမ်းအင်ပြဿနာကို ဖြေရှင်းပြီးသွားပြီ။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

ဝူနာ့က ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ။ ဒါဆိုရင်တော့ ကျွန်တော့်ဘက်က ပြဿနာမရှိပါဘူး။ ဘယ်တော့ စထွက်ရမလဲ။”

“ကျွန်းပိုင်ရှင်စီစဉ်ပေးတဲ့လူရောက်တာနဲ့ စထွက်လို့ရပြီ။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီသည် ယွမ်ရှီကိုခေါ်ပြီး မှားကြားလိုက်၏။

“ယွမ်လောင်စီစဉ်ပေးထားတဲ့လူတွေနဲ့အတူ ဝူနာ့ရဲ့ မျိုးနွယ်စုဆီလိုက်သွားပြီး သူတို့ကျွန်းကို သေချာရှာဖွေခဲ့။ ဒီမှာ စက်တစ်လုံးရှိတယ်။ မင်းအဲ့ကိုရောက်တာနဲ့ သူ့ကို အလိုအလျောက်ဆောင်ရွက်ခိုင်းလိုက်ရုံပဲ။”

“ဟုတ်ကဲ့။”

ယွမ်ရှီက တုံ့ပြန်လိုက်ပြီး၊ အိမ်ယာခြံဝင်းဆီသို့ အလျင်အမြန် သုတ်ခြေတင်လိုက်သည်။

ယွမ်နွန်သည်ဘည်း ရှောင်းယီ၏အသိပေးချက်ကို ရရှိပြီးသွားဖြစ်ပြီး ယွမ်ရှီရောက်ရှိလာသောချိန်တွင် လူများကို စီစဉ်ထားပြီးဖြစ်ကာ စုစုပေါင်း လူအယောက်သုံးဆယ်ရှိပေသည်။

“မှတ်ထားပါ...မင်းတို့ သေချာမသိတဲ့အပင်တွေရှိရင် ပြောင်းရွေ့စိုက်ပျိုးပြီး ပြန်ပြီးလဲလှယ်လိုက်။”

ယွမ်နွန်က မှာကြားလိုက်သည်။

“ဟုတ်ကဲ့။”

ထိုလူသုံးဆယ်က တုံ့ပြန်လိုက်ကြ၏။

ကျန်းယွင်ထျန်းသည်လည်း ရှောင်းယီက ဝူနာ့၏မျိုးနွယ်စုဆီသို့ လူစေလွှတ်လိုက်သည့်အကြောင်း ကြားလိုက်ရလေသည်။ သူသည် ခဏစဉ်းစားလိုက်ပြီးနောက် ဝေါ်ကီတော်ကီဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ကျုပ် သူတို့နဲ့အတူ လိုက်သွားသင့်လား။ တကယ်လို့ ဝူနာ့ရဲ့ကျွန်းမှာ စွမ်းအားကြီးမားတဲ့သားရဲတွေရှိနေခဲ့မယ်ရင် ကျုပ် ကိုင်တွယ်ပေးနိုင်တယ်။ မဟုတ်ရင် အဲဒီအပင်သုတေသီတွေအတွက် အန္တရာယ်များလွန်းတယ်။”

“လောလောဆယ်တော့ မလိုသေးပါဘူး။ မင်းလေ့ကျင့်ပေးထားတဲ့အဖွဲ့ကလည်း သူတို့နဲ့အတူလိုက်သွားမှာပဲ။ တကယ်လို့ သူတို့အန္တရာယ်နဲ့တွေ့ရရင်တောင်မှ အချိန်မီဆုတ်ခွာပြီး ငါတို့ကိုဆက်သွယ်နိုင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

သူတို့ပြန်လည်မောင်းနှင်သွားမည့် သင်္ဘောကြီးပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိပေသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိနေသရွေ့ မြို့ပြန်ကျောက်ကို တည်နေရာသတ်မှတ်ရန်အတွက် အသုံးပြုနိုင်သည်။ မြို့ပြန်ကျောက်ကို အသုံးပြုနိုင်သရွေ့ လူများကိုမည်သည့်အချိန်တွင်မဆို တည်နေရာကူးပြောင်းနိုင်သည်။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့် လိုက်ပါနေရန် မလိုအပ်ပေ။

ကျန်းယွင်ထျန်းသည် အနည်းငယ်မှင်သက်သွားခဲ့သော်လည်း သူသည် ယခုအခါ မြို့ပြန်ကျောက်နှင့်စွမ်းအင်ပြွန်များ ရှိနေပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လူများကိုစေလွှတ်ရန်မှာ ပြဿနာမရှိပေ။

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ပြဿနာရှိရင် ငါ့ကိုအချိန်မီဆက်သွယ်လိုက်ပါ။”

“အင်း”

ဝူနာ့တို့မျိုးနွယ်စု၏ ဦးတည်ချက်ကျောက်ကို စွမ်းအင်ပြန်လည်ဖြည့်တင်းပြီးနောက် ဝူနာ့သည် အဖွဲ့ကိုခေါင်းဆောင်ကာ မဟာမိတ်တောင်ဘက်ကျွန်းမှ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် ကစားရန်ရောက်လာသူများသည် ဘားထဲတွင် ရှိနေခဲ့ကြသည်။

“သူဌေးကြီးရဲ့ အပန်းဖြေစခန်းက အရင်ကမ္ဘာနဲ့အတူတူပဲဖြစ်လိမ့်မယ် ငါတကယ်ကို မျှော်လင့်မထားမိခဲ့ဘူး။”

“အေး ငါသွားခဲ့ဖူးတဲ့ အပန်းဖြေစခန်းတချို့ထက်တောင် ပိုကောင်းတယ်လို့ခံစားရတယ်။”

“မလာခဲ့တဲ့လူတွေကတော့ နောင်တရရနေတော့မှာပဲ။”

“ကျုပ်ကတော့ ဈေးကွက်မှာ B-အဆင့် ဝက်သား ကီလိုဂရမ်အတော်များများဝယ်ပြီး ပြန်ပို့လိုက်ပြီ။”

“တကယ်လား။ ကျုပ် အခုအထိ အဲဒီကိုမရောက်သေးဘူး။ ခင်ဗျားအဲ့ဒီဟာတွေအကုန်လုံး ဝယ်ခဲ့တာတော့မဟုတ်ဘူးမလား။”

“ကျုပ်တို့မဟာမိတ်မှာ အဲ့လောက်ထိ ပိုက်ဆံအများကြီးမရှိဘူး။ ဒါပေမယ့် သိပ်တော့မကျန်လောက်တော့ဘူးထင်တယ်။”

“ဒါဆို ကျုပ်မြန်မြန်သွားဝယ်ရမယ်။”

ရှုကျိုးသည် ချက်ချင်းပင် ထိုလူကိုပြန်ဆွဲကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ...ဝက်သားအပြင် သမင်သားနဲ့ ယုန်သားတွေလည်းရှိသေးတယ်။ အဆင့်သတ်မှတ်ထားတာတွေလည်း အတော်များများရှိပါတယ်။ ခဏလောက်နဲ့တော့ အကုန်လုံးမကုန်သွားပါဘူး။”

“ပစ္စည်းကောင်းတွေ အဲ့လောက်တောင်များတာလား။”

ထိုလူက အံ့အားသင့်စွာ ပြောလိုက်သည်။

“ဒါကဘယ်နေရာလဲဆိုတာ ခင်ဗျားမမြင်ဘူးလား။ သူဌေးကြီးအုပ်စုထဲမှာထည့်ထားတဲ့ပစ္စည်းတွေက ဘယ်တုန်းက နည်းဖူးလို့လဲ။”

“အမှန်ပဲ ကျုပ် အရမ်းဇာချဲ့မိသွားတယ်။”

“လူအားလုံးစုမိသွားရင် ဒီညကမ်းခြေမှာ ဘာဘီကျုးစားကြရအောင်။ ကျွန်တော်မေးထားတယ် အကင်စက်တွေ၊ အသားတွေရှိတယ်တဲ့။”

“အိုကေ ကျုပ်သဘောတူတယ်။”

“ကျုပ်လည်းသဘောတူတယ်။”

“ဒါဆို နေ့လယ်ကျရင် မဟာမိတ်ရဲ့လိုအပ်ချက်တွေကို အရင်ဆုံးဖြေရှင်းလိုက်ကြတာပေါ့။”

“ဟုတ်တယ်...အဲ့ဒါကို ဖြေရှင်းပြီးရင် ဒီည ကျုပ်တို့ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးလိုက်ကြတာပေါ့။”

“ကောင်းပြီ ဒါဆို အဲ့လိုပဲလုပ်ကြမယ်။ နေ့လယ်ခင်းကြီးမှာ တကယ်အပြင်မထွက်ချင်ဘူး။”

“ကျုပ်မှာသာ အုတ်မြစ်ကျောက်တွေလုံလောက်ရင် တကယ်ပဲ ဒီကနေမထွက်သွားချင်တော့ဘူး။ အပြင်မှာက အရမ်းပူတယ်။”

“ဆက်မပြောတော့ဘူး ကျုပ်တော့ ဘေးကဖျော်ဖြေရေးမြို့ထဲမှာ သွားကစားတော့မယ်။ ကျုပ်နဲ့အတူတူ ဘီလိယက်ကစားချင်တဲ့သူရှိ ဘယ်သူရှိလဲ။”

“ကျွန်တော်...ကျွန်တော်...ကျွန်တော် ဒါပေမယ့်ကျွန်တော့်ရဲ့ကျွမ်းကျင်မှုက နည်းနည်းတော့ညံ့တယ်။”

“အဓိကက ကစားတယ်ဆိုတာ ပျော်ဖို့ပဲလေ။ ညံ့တာက ဘာဖြစ်လို့လဲ။ ဒီနေရာမှာ ကမ္ဘာ့ချန်ပီယံဖြစ်နေတယ်ဆိုရင်တောင် ဘာလုပ်လို့ရမှာလဲ။”

ထို့နောက် လူအချို့သည် ဘားထဲမှထွက်သွားကြကာ ဘေးတစ်ဖက်ရှိ ဖျော်ရေးကစားကွင်းဆီသို့ လမ်းလျှောက်သွားကြတော့သည်။

လူအချို့သည်မူ ပူပြင်းသောနေရောင်အောက်တွင် ဈေးကွက်ဆီသို့ လျှောက်သွားခဲ့ကြသည်။

ရှောင်းယီသည် ဝူနာ့အား ကျွန်းဆီပြန်သွားပြီး ရွှေ့ပြောင်းရန်စီစဉ်ပေးပြီးနောက် အပန်းဖြေစခန်း၏ လဲလှယ်ရေးရုံးခန်းသို့ ပြန်ရောက်လာခဲ့သည်။

“ဘယ်လိုလဲ။”

ရှောင်းယီက မေးလိုက်သည်။

ယွမ်ရှီက မတ်တပ်ထရပ်ပြီး ပြန်ဖြေလိုက်သည်။

“ခင်ဗျားထွက်သွားပြီးနောက် သူတို့က စုစုပေါင်းအတု်မြစ်ကျောက် ၁၀၂၅ ခု လဲလှယ်ခဲ့ကြပါတယ်။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သူတို့က စွမ်းရည်နည်းနည်းတော့ရှိသေးသားပဲ။”

အစိတ်အပိုင်း တစ်ထောင်ကျော်...ပျမ်းမျှအားဖြင့် တွက်ချက်ကြည့်လျှင် လာကစားသူတစ်ဦးချင်းစီသည် အုတ်မြစ်ကျောက် ၃၀ ကျော်ကို လဲလှယ်ခဲ့ကြခြင်းဖြစ်သည်။

မဟာမိတ်တစ်ခုအတွင်း စီးဆင်းနေသောအုတ်မြစ်ကျောက်များသည် ဤထက်ပို၍ များသင့်ပေသည်။

သူထိုသို့ပြောနေစဉ် လူတစ်ဦးသည် အဝေးမှလမ်းလျှောက်လာနေပြီး ထိုလူမှာ ရှုကျိုးဖြစ်ပေသည်။

“ကျုပ် အုတ်မြစ်ကျောက် ၁၀၀ ထပ်လဲချင်ပါတယ်။”

ရှုကျိုးက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြကာ ချက်ချင်းပင် သူ့အတွက်လဲလှယ်ပေးလိုက်သည်။

လဲလှယ်မှုပြီးဆုံးသွားပြီးနောက် ရှုကျိုးသည် ဈေးကွက်ဆီသို့ ရောက်ရှိလာခဲ့ပြီး A-အဆင့် ငါးများကို ဦးစားပေး၍ စတင်ဝယ်ယူလိုက်လေသည်။

စုစုပေါင်း A-အဆင့် အသား ၃၀ကီလိုဂရမ်ကို ဖြန့်ချိထားခဲ့ခြင်းဖြစ်ပြီး ရှုကျိုးတစ်ဦးတည်းကပင် ၆ ကီလိုဂရမ်ကို ဝယ်ယူခဲ့ကာ ယွမ် ၉၆၀၀ အကုန်ချခံခဲ့သည်။ ထို့နောက် ထိုငါးအားလုံးကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ချိတ်ဆက်ထားမှုမှတစ်ဆင့် သူ၏ကျွန်းသို့ လဲလှယ်ပေးလိုက်လေသည်။

သူ၏ကျွန်းရှိအဖော်များသည် ထို A-အဆင့်ငါးကို မဟာမိတ်အဖွဲ့ဝင်အသီးသီးထံသို့ ပြန်လည်ဖြန့်ဝေပေးလိုက်သည်။

စောစောက အုတ်မြစ်ကျောက် ၁၀၀ ကို မဟာမိတ်တစ်ခုလုံးက စုဆောင်းခဲ့ခြင်းဖြစ်ပေသည်။

ဘားထဲတွင် ရှုကျိုးပြောခဲ့သည်များမှာ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်းဖြစ်ပေသည်။ သို့မှသာ အခြားသူများ ရောက်လာတော့မည်မဟုတ်ဘဲ သူကိုယ်တိုင် လျှို့ဝှက်စွာသွားရောက်ပြီး အဆင့်မြင့်အသားအချို့ကို အရင်ဆုံး ဝယ်ယူထားနိုင်မည်ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာမှာ သူတို့မဟာမိတ်အဖွဲ့သည် ဤနေရာရှိအသားအားလုံးကို မစားသုံးနိုင်ခြင်းပင်။

ရှုကျိုးသည် ဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဆီ၊ ဟင်းခတ်အမွှေးအကြိုင်စသည်တို့ကိုလည်း မြင်တွေ့ခဲ့ရပြီး ထိုအရာများကို အနည်းငယ်ဝယ်ယူကာ ပြန်ပို့လိုက်လေသည်။

“ဒီကအစားအစာတွေ ဒီလောက်တောင်အရသာရှိရနေတာ အံ့ဩစရာမဟုတ်တော့ဘူး။ ဟင်းခတ်အမွေးအကြိုင်တွေသာ အများကြီးရှိရင် ငါလည်းအရသာရှိအောင်လုပ်နိုင်တယ်။”

ရှုကျိုးက တီးတိတ်ပြောလိုက်မိလေသည်။

ရှုကျိုး၏အဖော်များသည် ယီထျန်းဂရုထဲတွင် မကြွားဝါဘဲမနေနိုင်ခဲ့ကြပေ။

“ဟားဟား ကျုပ်တို့ခေါင်းဆောင်က သူဌေးကြီးရဲ့ကျွန်းကိုသွားပြီး A-အဆင့်အသားတွေတင်မကဘူး ဟင်းသီးဟင်းရွက်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေတောင် ပြန်ပို့လိုက်တယ်။”

“ဘာလဲ...အဲ့ကိုသွားတဲ့လူက ဘာလုပ်နေတာလဲ။ ဘာလို့အခုထိဘာမှပြန်မပို့ရသေးတာလဲ။ နောက်တစ်ခါကျရင် သူ့ကိုမပို့တော့ဘူး။ အခွင့်အရေးတွေကို အရမ်းဖြုန်းတီးနေတာပဲ။”

“ပြောမနေပါတော့နဲ့ ကျုပ်အရမ်းနောင်တရမိတယ်။ မနေ့က သူဌေးကြီးရဲ့အပန်းစခန်းလက်မှတ်တွေကို ဘာလို့မဖမ်းခဲ့မိတာပါလိမ့်။”

“အဆင်ပြေပါတယ်...ဒီနေ့ ဖမ်းလို့ရသေးတယ်ဆိုတာ မမေ့နဲ့လေ။”

“ချီး ကျုပ်လက်ရဲ့အမြန်နှုန်းက အမြဲဆိုးတယ်။ အရင်က ဘာတစ်ခုမှကို မဖမ်းဆုပ်နိုင်ခဲ့ဘူး။”

“အပေါ်ကညီကို မင်းလက်ရဲ့အမြန်နှုန်းကို လေ့ကျင့်ထားသင့်တယ်။”

“အဲ့ဒါကိုလေ့ကျင့်တာတော့ မသင့်တော်ဘူး။ မဟုတ်ရင် ဆေးအတုရောင်းတဲ့သူဆီကနေ လျူဟွေ့တိဟွမ်းဆေးပြားတွေ ဝယ်နေရလိမ့်မယ်။”

“ဟေး ကျုပ်ကလက်အမြန်နှုန်းအကြောင်းပြောနေတာလေ လမ်းလွဲမသွားကြပါနဲ့ ဟုတ်ပြီလား။”

“ငါနားလည်ပါတယ်ကွာ...ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် လက်အမြန်နှုန်းကို လေ့ကျင့်လို့ရတယ်။”

“ဒီနေ့သူဌေးကြီးက နေရာ ၅၀ ထပ်ပေးလောက်မလား။ ဘာပဲပြောပြော မနေ့ကနေရာ ၃၀ ပဲရောင်းခဲ့ရတာဆိုတော့လေ။”

“ဖြစ်နိုင်တယ်။ သူကြီးကို နေရာ ၁၀၀ လောက် ဖွင့်ခိုင်းချင်မိတယ်။”

“နေရာ ၁၀၀ ကနည်းနည်းများလွန်းတယ်။ ကျွန်းပေါ်မှာလူတွေဒီလောက်များရင် သူဌေးကြီး မစီမံနိုင်မှာကို စိုးရိမ်ရမယ်မဟုတ်ဘူးလား။”

“မင်းအရမ်းတွေးလွန်းနေတာပဲ။ တစ်ယောက်ယောက် အရင်ကတွက်ချက်ခဲ့တဲ့အတိုင်းဆို သူဌေးကြီးရဲ့ကျွန်းမှာလူ ၂၀၀ ကျော်ရှိရမယ်။ လူ ၁၀၀ ကလောက်ကတော့ အလွယ်လေးပဲ။ ပြီးတော့ သူဌေးကြီးက အဆင့်မြင့်လက်နက်တွေ ဘယ်နှစ်ခုတောင် ထုတ်လာပြီးပြီလဲ။ သူဌေးကြီးလက်ထဲမှာ ဒီထက်ပိုပြီးအဆင့်မြင့်တဲ့လက်နက်တွေရှိမနေဘူးလို့ ဘယ်သူအာမခံနိုင်လဲ။”

အခန်း ၅၀၃ - တစ်စုံတစ်ယောက်က အမြောက်ပစ်လိုက်တယ်...ဒါပေမယ့်ယမ်းတွေကုန်သွားပြီ

“မင်းတို့ကောင်တွေ တကယ်ကို တခြားသူရဲ့အရေးကိစ္စကို ဝင်စွက်ဖက်နေကြတာပဲ။ ဘယ်သူမှထိန်းသိမ်းမယ့်သူမရှိဘူးဆိုရင်တောင် သူဌေးကျွန်းမှာ ပြဿနာရှာရဲမှာတဲ့လား။”

“သေချာပေါက်ပဲ...သူဌေးက မင်းတို့ကောင်တွေကို လက်ဝါးတစ်ချက်တည်းနဲ့ ပြားကပ်သွားအောင် ရိုက်ပစ်နိုင်မယ်လို့ ငါထင်တယ်။”

“ဒါကနည်းနည်းတော့ ချဲ့ကားလွန်းနေတာမဟုတ်ဘူးလား။ သူဌေးက စွမ်းအားကြီးတယ်ဆိုတာကိုတော့ ငါဝန်ခံပါတယ်။ ဒါပေမယ့် ငါ့ရဲ့ရုပ်ခန္ဓာက B-အဆင့်ကိုရောက်နေပြီ။ သူဌေးက B-အဆင့် ရုပ်ခန္ဓာကိုတော့ လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်မယ်မထင်ဘူး။”

“သောက်ကျိုးနည်း အပေါ်ကညီကို မင်းက တကယ့်ကို ပုဂ္ဂိုလ်ကြီးပဲ။ B-အဆင့်ကို ဒီလောက်မြန်မြန်ရောက်သွားပြီလား။”

“ကျစ် ကျုပ်ဆိုရင် A-အဆင့်ကို ရောက်နေပြီ။ ခင်ဗျားတို့ကို ပြောပြနေရဦးမှာလား။”

“ဘာတွေဖြစ်နေတာလဲ...မင်းတို့အဆင့်တွေအားလုံးက ဒီလောက်တောင်မြင့်နေကြပြီလားဟ။”

“ကျုပ်ကျဘာလို့ C-အဆင့်ပဲရှိနေသေးတာလဲ။”

“အပေါ်ကညီကို ဆက်မပြောတော့နဲ့။ ကျုပ်ဆိုရင် C-အဆင့်တောင်မရောက်သေးဘူး။”

“ညီကို မင်းလေထဲမှာနေနေတာလား။ သူဌေးက အဆင့်မြင့်အစားအစာတွေအများကြီးပေးထားတယ်လေ။ မင်းနည်းနည်းတော့ ဖမ်းနိုင်မယ်လို့ငါထင်တယ်။ မင်းရဲ့ရုပ်ခန္ဓာမှာ တုံ့ပြန်မှုတစ်ခုခုတော့ ရှိသင့်တယ်မဟုတ်ဘူးလား။”

“တုံ့ပြန်မှုတော့ရှိပါတယ်။ အရင်ကထက် နည်းနည်းပိုပြီး အားကောင်းလာတယ်လေ။ ဒါပေမယ့် အဆင့်တော့မတက်ခဲ့ဘူး အူးးးး။”

“ဖြစ်ပါမလား။ ကျုပ်တုန်းက C-အဆင့်အစားအစာ ၁၀ ကြိမ်လောက်ပဲစားပြီး အဆင့်တက်သွားတယ်လို့ ခံစားခဲ့ရတာ။”

“လူတိုင်းရဲ့ရုပ်ခန္ဓာက မတူညီကြတာ ဖြစ်နိုင်တယ်။”

“အဲ့လိုအရမ်းဖြစ်နိုင်ခြေရှိတယ်။ လူတိုင်းရဲ့စုပ်ယူနိုင်စွမ်းက မတူညီကြဘူး။ တစ်ချို့လူတွေက ကိုယ်အလေးချိန်အလွယ်တကူတက်တယ်။ တစ်ချို့ကကျ ဘယ်လောက်စားစားမတက်လာနိုင်ဘူး။ ကျုပ်က နောက်ဆုံးအမျိုးအစားထဲကပဲ။”

“အပေါ်ကညီကို မင်းက ထပ်ပြီးကြွားနေပြန်တာလား။”

“ကျုပ်က အမြဲကိုယ်အလေးချိန်တက်ချင်နေတာ ဒါပေမယ့်နည်းလမ်းမရှိဘူး။ ဘယ်လောက်စားစားကို မတက်လာနိုင်ဘူး။”

“ကျုပ်အကြံပေးချင်တာကတော့ မင်းရဲ့အစာအိမ်ကို စစ်ဆေးကြည့်လိုက်ပါ။ ဒါက ကောင်းတဲ့အရာမဟုတ်ဘူး။”

ထိုအချိန်အတောအတွင်း ရှောင်းယီ၏ကျွန်းပေါ်တွင် အနားယူပြီးသားခရီးသွားများသည် လက်တွေ့လုပ်ငန်းဆောင်တာများကို စတင်လိုက်ကြပြီဖြစ်ကာ ဈေးကွက်ဆီသို့ အပြေးအလွှားသွားကြတော့လေသည်။

လူများစွာသည် အုတ်မြစ်ကျောက်ခဲများ အများကြီး ယူမလာခဲ့ကြပေ။ ပင်လယ်ကမ်းခြေရှိ သင်္ဘောကြီးပေါ်မှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသာအသုံးပြု၍ ၎င်းတို့၏အဖော်များနှင့် ဗီဒီယိုလဲလှယ်မှုများကိုသာ ပြုလုပ်နိုင်ပေသည်။

အုတ်မြစ်ကျောက်များ ပိုမိုရရှိရန်အတွက် ရှောင်းယီသည် ထိုလုပ်ဆောင်ချက်ကို ပျော်ပျော်ရွှင်ရွှင်ပင် ဖွင့်လှစ်ပေးခဲ့သည်။

A-အဆင့်အသားများ၏အကန့်အသတ်ရှိသောထောက်ပံ့မှုကြောင့် ချက်ချင်းပင် ရောင်းကုန်သွားခဲ့သည်။

နောက်ကျပြီးမှ ရောက်လာကြသူများသည် B-အဆင့် နှင့် C-အဆင့် အသားများကိုသာ ဦးတည်နိုင်ခဲ့ကြရကာ ပမာဏအများအပြား စတင်ဝယ်ယူခဲ့ကြသည်။

အချို့သောအသက်ရှင်ကျန်ရစ်များတွင် B-အဆင့် သို့မဟုတ် A-အဆင့် ရုပ်ခန္ဓာများရှိပြီးဖြစ်သော်လည်း အများစုမှာ C-အဆင့်တွင်သာ ရှိနေဆဲဖြစ်သဖြင့် B-အဆင့် နှင့် C-အဆင့် အစားအစာများမှာ အလွန်ရေပန်းစားနေဆဲပင်။

ထိုလူများသည် ဝယ်ယူထားသောပစ္စည်းများကို ပြန်ပို့ပေးပြီးနောက် ၎င်းတို့၏မဟာမိတ်အဖွဲ့ဝင်အချို့မှာ စိတ်ရှုပ်ထွေးသွားခဲ့ကြလေသည်။

“သူဌေးရဲ့ကျွန်းမှာ A-အဆင့် အစားအစာတွေရောင်းတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့အားလုံးက B-အဆင့် နဲ့ C-အဆင့်တွေချည်းပဲလဲ။”

“ဟုတ်တယ် ကျုပ်ဘက်မှာလည်း အတူတူပဲ။ သွားတဲ့လူတွေက အကုန်လုံး စားပစ်လိုက်ကြတာလား။”

“ဒါမျိုးတော့ မဖြစ်သင့်ဘူး။ သူတို့ပြန်လာရဦးမယ်လေ။”

“ကျုပ်အထင်တော့ အဆင့်မြင့်အစားအစာတွေက အကန့်အသတ်ရှိလို့ပဲဖြစ်မယ်။”

သူတို့သည် ကျွန်းအထိမ်းအမှန်ကျောက်တိုင်ပေါ်တွင်လဲလှယ်နိုင်ပြီး မှတ်ချက်များတွင် စာကြောင်းတစ်ကြောင်းသာ ရေးနိုင်ပေသည်။ စကားပြောဆိုမှုလုပ်ဆောင်ချက်များ မရှိသဖြင့် မလာခဲ့သူများသည် ဘာဖြစ်နေသည်ကို မသိရှိနိုင်ကြပေ။

ဟုတ်ပါသည်...ပိုမို၍ဉာဏ်ရည်ထက်မြတ်သူအချို့သည် ထောက်ပံ့မှုမှာ အကန့်အသတ်ရှိကြောင်း ခန့်မှန်းမိပြီးဖြစ်သည်။

“အဲ့လိုမျိုးဖြစ်သင့်တယ်။ သေစမ်း...သူပြန်လာရင် ငါသူ့ကို ကောင်းကောင်းသင်ခန်းစာပေးရမယ်။ ဒီလိုပစ္စည်းကောင်းတွေမြင်တာတောင် လက်ကိုမြန်မြန်လှုပ်ရှားပြီး ရအောင်မယူနိုင်ဘူး။ အခြားမဟာမိတ်အဖွဲ့ကလူတွေက အကုန်ဝယ်သွားကြပြီ။”

“အမှန်ပဲ...သူပြန်လာရင် သူ့ကိုကောင်းကောင်းဆုံးမရမယ်။ ဒီလိုကောင်းမွန်တဲ့အခွင့်အရေးမျိုးကို အခြားသူတွေ လူယူသွားတာ ခံလိုက်ရတယ်လို့ကွာ။”

“မဟုတ်ဘူး...နောက်တစ်ခါကျရင် ကျုပ်ကိုယ်တိုင်သွားမယ်။ ဒါက ကျုပ်ရဲ့အချိန်တွေကို ဖြုန်းတီးနေတာပဲ။”

“လူတိုင်းပဲ စိတ်မပူကြပါနဲ့။ သူတို့ပြန်လာရင် အခြေအနေအတိအကျကို မေးကြည့်တာပေါ့။”

သင်္ဘောကြီးပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ချိတ်ဆက်ထားမှုပေါ်တွင် လူတိုင်း အကြိမ်ပေါင်းများစွာ ရောင်းဝယ်ဖောက်ကားပြီးသည်ကို မြင်တွေ့လိုက်ရသော ရှောင်းယီက “အချိန်ကျပြီ” ဟုတွေးလိုက်မိသည်။

ထို့ကြောင့် သူသည် လဲလှယ်ရေးနေရာကို စောင့်ကြပ်ရန်အတွက် စာချုပ်ချုပ်ဆိုထားသောဒေသခံတစ်ဦးကို ခေါ်ယူကာ ထိုနေရာမှ ထကာထွက်ခွာလာခဲ့လေသည်။

သူသည် သူ့ဆီသို့ ဦးတည်လာနေသော ကျန်းယွင်ထျန်းဆီသို့ ကြုံလိုက်ရလေသည်။

“ကျွန်းပိုင်ရှင် ဝေပေါ်ရဲ့ကျွန်းပတ်လည်မှာချထားတဲ့စစ်သားတွေက အဆိပ်ငွေ့တွေပျံ့သွားလာနီးပါးဖြစ်နေပြီလို့ သတင်းပို့လာပါတယ်။ အခု သူတို့ကို ပြန်သွားခွင့်ပြုလိုက်သင့်လား။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြကာ မေးလိုက်သည်။

“သူတို့ကို ပြန်ခွင့်ပြုလိုက်ပါ။ ငါတို့မှာဒုံးကျည်နဲ့ အဆိပ်ငွေ့ဗုံး ဘယ်နှစ်ခုကျန်သေးလဲ။”

“အဆိပ်ငွေ့ဗုံး ၅၀ နဲ့ ဒုံးကျည် ၄၃၂ ခု ကျန်ပါသေးတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့က ပုံမှန်ဒုံးကျည်ကို သိပ်မသုံးရဘူးဆိုတော့ ပြဿနာကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် စတော့ရှိနေတဲ့ အဆိပ်ငွေ့ဗုံးကတော့ သိပ်မလုံလောက်သေးဘူး။”

“အင်း ငါနားလည်ပြီ။ ငါ တစ်ချက်လောက်ပြန်သွားပြီးကြည့်ပြီးရင် နောက်ထပ် နည်းနည်းလောက် ထပ်လုပ်လိုက်မယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ရှောင်းယီသည် အဆိပ်ငွေ့ဗုံး တစ်ဒါဇင်ခန့်သာပြုလုပ်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ယမ်းမလုံလောက်သောကြောင့် မပြုလုပ်နိုင်တော့ကြောင်း သတိပေးလာလာခဲ့လေသည်။

မီးဘောလုံးများနှင့် ဒုံးကျည်များကို ကမ္ဘာတစ်ဝှမ်း ရောင်းချခဲ့စဉ်က ယမ်းမှုန့်ပမာဏများစွာ ကုန်ကျခဲ့ပြီး နောက်ဆုံးတွင် အားလုံးကုန်ဆုံးသွားပြီဖြစ်သည်။

“ဝေပေါ်က ယမ်းစိမ်းထုတ်လုပ်နိုင်တယ်ဆိုပေမယ့်ဆာလဖာကိုတော့ သတ္တုကြောတစ်ခုလောက် ရှာတွေ့မှ ရနိုင်လိမ့်မယ်။”

ရှောင်းယီက တွေးလိုက်မိသည်။

“အခု ငါမျှော်လင့်နိုင်တာက ဝူနာ့ရဲ့ကျွန်းမှာ အနည်းငယ်ရှာတွေ့နိုင်ဖို့ပဲရှိတော့တယ်။”

ထို့နောက် သူသည် ယီထျန်းဂရုစာမျက်နှာသို့ ပြောင်းလိုက်ပြီး လူတိုင်း၏ဆွေးနွေးမှု အကြောင်းအရာများကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က စုပ်ယူနိုင်စွမ်းပြဿနာအား ဖော်ပြထားသည်ကို မြင်လိုက်ရသော ရှောင်းယီက ဝင်ပြောလိုက်လေသည်။

“လူတိုင်း ခန့်မှန်းထားတာက အမှန်ပါပဲ။ လူတိုင်းရဲ့စုပ်ယူနိုင်စွမ်းက မတူညီကြဘူး။ တစ်ချို့လူတွေက အဆင့်မြင့်ပစ္စည်းတွေ နည်းနည်းလောက်စားရုံနဲ့ အဆင့်တက်နိုင်ပေမယ့် တစ်ချို့ကတော့ တစ်လလုံးစားနေရင်တောင် အဆင့်မတက်နိုင်ဘူး။”

“သူဌေးက သူ့ရဲ့အတွေ့အကြုံကနေ ပြောနေတာပဲ။ ဒါပေမယ့်သူဌေး ခင်ဗျားရဲ့အင်တာနက်ကွန်နက်ရှင်က ရွာမှာပဲရှိနေသေးတာလား။”

“ဟုတ်တယ် ကျုပ်တို့ ဒီမေးခွန်းဆွေးနွေးနေကြတာ တစ်နာရီကျော်နေပြီ။”

“သူဌေးက အင်ထရိုဗာ့အမျိုးအစားဖြစ်မယ်လို့ မထင်ခဲ့မိဘူး။ သူတို့က စကားပြောဆိုမှုမှတ်တမ်းတွေကို ဖတ်ရတာကြိုက်ကြတယ်လေ။”

“ဟူး ဒီအချိန်မှာတောင်တစ်ဦးချင်းစီရဲ့ပါရမီအပေါ် မူတည်နေလိမ့်ဦးမယ်လို့ မထင်ထားမိဘူး။”

“မင်းရဲ့ပါရမီက မလုံလောက်ဘူးဆိုရင် ပစ္စည်းကိရိယာနဲ့ ဖြည့်စွက်လိုက်ပေါ့။ လူတိုင်းပဲ ဒါဘာလဲဆိုတာ ကြည့်ကြပါဦး။ [အမြှောက်ထုတ်လုပ်မှုပုံစံ] ၁။”

“ဝိုး အဲ့ဒါကို ကျုပ်ဆီပြန်ရောင်းပါ။ အုတ်မြစ်ကျောက်ဘယ်လောက်ပဲ ပေးရပေးရပေးမယ်။”

“ငါ့ခေါင်းကိုပဲရောင်းမယ်...ဒီပစ္စည်းက သဘာဝအတိုင်း ကျုပ်ကိုယ်တိုင်သုံးဖို့ပဲ။ ဒီလိုအရေးကြီးတဲ့ကာကွယ်ရေးလက်နက်ကို ဘယ်လိုလုပ်ပြီးရောင်းနိုင်မှာလဲ။ မရောင်းဘူးဆိုတာမှန်ပေမယ့် ဒီထုတ်လုပ်မှုပုံစံမှာ ကြေး၊ သွပ်နဲ့ သံဖြူတို့ပါဝင်တဲ့ ကြေးဝါသတ္တုစပ်ကို လိုအပ်တယ်။ အခု ကျုပ်လက်ထဲမှာ သွပ်နဲ့သံဖြူမရှိဘူး။ ရှာတွေ့ထားတဲ့သူရှိရင် ကျုပ်နည်းနည်းဝယ်ပါ့မယ်။”

“ခင်ဗျားပြောတဲ့သတ္တုနှစ်မျိုးက ရှားပါးတယ်။ ရှိတယ်ဆိုရင်တော့ အရမ်းနည်းလိမ့်မယ်။”

“ကျုပ်အများကြီးမလိုအပ်ပါဘူး။ နည်းနည်းပဲလိုအပ်တာ။”

ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောပြလိုက်သည်။

“ကနဦးတုန်းကရခဲ့တဲ့ သတ္တပြားတွေကိုသုံးပြီး ဘယ်သတ္တုနဲ့မဆို အစားထိုးလို့ရတယ်။ ခင်ဗျားလက်ထဲမှာ သတ္တုပြားမရှိဘူးဆိုရင် ကမ္ဘာတစ်ဝှမ်းကနေ တစ်သူတ်လောက်စုဆောင်းလိုက်ပါ။ ဒီပစ္စည်းရဲ့အသုံးဝင်ပုံကို မသိသေးတဲဘသူတစ်ချို့တော့ ရှိလောက်ဦးမယ်။”

မူလက ရှောင်းယီနှင့် နယ်မြေတစ်ခုတည်းတွင်ရှိနေခဲ့သော အသက်ရှင်ကျန်ရစ်သူများသည် ဤအသိပညာကို အခြေခံအားဖြင့်သိထားခဲ့ကြသည်။ နယ်မြေများကို ပေါင်းစည်းပြီးနောက် လူတိုင်းကသတ္တုပြားအကြောင်းကို မပြောကြတော့ပေ။ ထို့ကြောင့် ဤသတင်းအချက်အလက်ကို မသိသေးသူများစွာရှိနေဆဲဖြစ်သည်။

“ဟမ် ဒါတကယ်လား။”

“မင်းမသိဘူးလား။”

“မသိဘူးလေ။ ဘယ်သူကမှ ကျုပ်ကို ဒီအကြောင်းမပြောပြကြဘူး။”

“ကျုပ်တို့တော့ မပြောခဲ့ပုံပဲ။ အစတုန်းက ယီရန်ပင်းသူဌေးနဲ့ နယ်မြေတစ်ခုတည်းမှာရှိတဲ့လူတိုင်းက ဒါကိုသိကြတယ်။ ဒီနေ့ ဒီရှားပါးသတ္တုတွေကိုသာ မဖော်ပြခဲ့ရင် ကျုပ်ဒါကို ပြန်ပြီးသတိထားမိမှာတောင်မဟုတ်ဘူး။”

“မင်းတို့ကောင်တွေ ဒီလိုအရေးကြီးတဲ့သတင်းအချက်အလက်တွေကိုတောင် မပြောခဲ့ဘူးပေါ့။ မင်းတို့လွတ်သွားတဲ့အခြားသတင်းအချက်အလက်ရှိသေးလားဆိုတာ မြန်မြန်စဉ်းစားကြည့်ကြစမ်းပါဦး။”

“ရှိတော့မရှိသင့်တော့ပါဘူး ဟုတ်တယ်မလား။”

“ဖြစ်သင့်တယ်ဆိုတာကိုပြောမနေနဲ့ မြန်မြန်သာစဉ်းစားစမ်းပါကွာ။”

“ဘာမှမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးစဉ်းစားနိုင်မှာလဲ။”

ယီထျန်းဂရုထဲရှိလူအားလုံးသည် ရှောင်းယီနှင့်အစတုန်းက နယ်မြေတစ်ခုတည်းရှိခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများကို နောက်ထပ်သတင်းများရှိမရှိမေးမြန်းနေကြဆဲပင်။

ထိုစဉ် ဈေးကွက်တွင်၌ သတ္တုပြားများစုဆောင်းရန်အတွက် လဲလှယ်မှုများစွာ ရုတ်တရက်ထွက်ပေါ်လာတော့လေသည်။

အခန်း ၅၀၄ - သတ္တုပြား၊ သံသတ္တုကြော ထပ်မံတွေ့ရှိ

တိလင်းထျန်းရှားသည်လည်း ဈေးကွက်ရှိ အပြောင်းအလဲများကို သတိပြုမိသွားခဲ့ပြီး ချက်ချင်းပင် သတ္တုပြားများကို စတင်စုဆောင်းခဲ့လေသည်။

ယခုအချိန်တွင် ရရှိနိုင်ခြေသည် အလွန်အမင်းနည်းပါးသော်လည်း သူရယူနိုင်သလောက် ရအောင်ယူရမည်ဖြစ်ပြီး ဤပစ္စည်း၏အရေးပါမှုကိုလည်း သူကောင်းကောင်းနားလည်ထားပေသည်။

အခြားသတ္တုများကို အစားထိုးနိုင်ခြင်း...ဤဂုဏ်သတ္တိသည် အနာဂတ်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာမည်မှာ သေချာသည်။

ဟုတ်ပါသည်...။ နိုင်ငံရပ်ခြားတွင် သတ္တုပြားများ ကိုင်ဆောင်ထားသော လူအနည်းငယ် ရှိနေသေးသည်။ အခြားသူများသည်မူ ထိုအရာများအားလုံးကိုအသုံးပြုပြီးဖြစ်ကာ ဘာမှမကျန်တော့ပေ။

တစ်စုံတစ်ဦးသည် ဤပစ္စည်းကို စုဆောင်းရန်အတွက် အကြီးအကျယ် ရင်းနှီးမြုပ်နှံနေသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့သည် သတ္တုပြားများကို ပစ္စည်းကောင်းအချို့နှင့်လဲလှယ်ရန် ပြင်ဆင်ကာ တစ်ခုပြီးတစ်ခု ထုတ်ယူလာခဲ့ကြလေသည်။

“ခင်ဗျားရဲ့အကြံပေးစကားအတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး။ ကျုပ်တကယ်ပဲ သတ္တုပြားအပိုင်းအစတစ်ခုရသွားပါပြီ။”

ထိုလူသည် ယီထျန်းဂရုထံသို့ အလျင်အမြန်ပြန်လာကာ ပြောပြလာခဲ့သည်။

“ကျုပ်လည်း သတ္တုပြားနည်းနည်းရခဲ့တယ်။ သူတို့မှာ တကယ်ပဲ ဒီပစ္စည်းရှိနေလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။”

“သတင်းအချက်အလက်က တန်ဖိုးအရှိဆုံးလို့ အမြဲကြားရတာ အံ့ဩစရာမဟုတ်တော့ဘူး။ ဒီနေ့မှာ နောက်ဆုံးတော့ ငါနားလည်သွားပြီ။”

“မှန်တယ်။ ဒီသတင်းအချက်အလက်ကိုသာမသိခဲ့ဘူးဆိုရင် ဒီပစ္စည်းကိုစုဆောင်းဖို့ ဘယ်တော့မှစဉ်းစားမိမှာမဟုတ်ဘူး။”

“ဒီအကြောင်းပြောရရင် သခင်ကြီးက တော်တော်များများ စုဆောင်းမိထားပြီပေါ့။

“သေချာတာပေါ့...ကုန်သည်တစ်ယောက်အနေနဲ့ သူက အရမ်းအရည်အချင်းပြည့်မီတယ်။ တိလင်းထျန်းရှားတောင်မှ အရင်က သူ့လက်ထဲမှာဆုံးရှုံးခဲ့ရတာပဲလေ။”

“ဒီလိုတော့ မပြောပါနဲ့။ မင်းစဉ်းစားကြည့်...မင်းသာ ဒီသတင်းအချက်အလက်တွေကိုသိရင် အခြားသူတွေကို ပြန်ပြောပြမှာလား။ ဒါမှမဟုတ် ကိုယ်တိုင်သတ္တုပြားတွေကို တိတ်တိတ်လေးစုဆောင်းမှာလား။”

“သေချာတာပေါ့...ကျုပ်ကိုယ်တိုင်သတ္တုပြားတွေ တိတ်‌တိတ်လေးစုဆောင်းမှာပဲ။ ကျုပ်က အရူးမဟုတ်ဘူး။ အခြားသူတွေကိုပြောပြလိုက်ရင် ကျုပ်ဘယ်လိုလုပ်ပြီး စုဆောင်းလို့ရတော့မှာလဲ။”

“ဆိုတော့ သခင်ကြီးက သာမန်လူတွေလုပ်ဆောင်မယ့်ဆုံးဖြတ်ချက်အတိုင်းကိုပဲ လုပ်လိုက်တာလေ။ ဘာမှပြောစရာမရှိပါဘူး။”

ဤသတင်းသည် သဘာဝအတိုင်း ရွှမ်းယွမ်ဝူဝေ့၏နားထဲသို့ ရောက်ရှိသွားခဲ့ပေသည်။ ထိုသတင်းကိုရရှိပြီးနောက် သူသည်တုန်လှုပ်သွားခဲ့ပြီး ကျိန်ဆဲတော့လေသည်။

“ဘာလို့ဒီလိုအရေးကြီးတဲ့သတင်းကို အရင်ကတည်းက မပြောခဲ့တာလဲ။ သေစမ်း...ငါတို့လူတိုင်းရဲ့လက်ထဲက သတ္တုပြားတွေအားလုံးကို သုံးပြီးသွားပြီကွ။”

ချန်ပေါ်သည်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်မိပြီး ထို့နောက်ပြောလိုက်သည်။

“ကျုပ် ဈေးကွက်မှာ သတ္တုပြားစုဆောင်းဖို့ လဲလှယ်မှုတချို့တင်ထားပြီးပြီ။ နည်းနည်းလောက်တော့ ရနိုင်မယ်လို့ မျှော်လင့်မိတယ်။ တစ်ချို့ပစ္စည်းတွေမှာ သတ္တုတွေလိုအပ်တာက အဆန်းတော့မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒါကို ဘယ်တုန်းကမှ မရခဲ့ဖူးသလိုခံစားရတယ်။ ဒါက ကနဦးကသတ္တုပြားတွေကို အစားထိုးအသုံးပြုလို့ ရနိုင်တာပဲ။”

“ဒီယီရန်ပင်းက တမင်တကာလုပ်နေတာပဲဖြစ်ရမယ်။ သူက ငါတို့ သူ့တို့ထက်သာသွားမှာကို ကြောက်နေတာ။”

ရွှမ်းယွမ်ဝူဝေ့က ဒေါသတကြီး ပြောလိုက်သည်။

ချန်းပေါ်မှာမူ ဆိတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်နိုင်ခဲ့လေသည်။

လမ်းညွှန်နှစ်ခုထုတ်ထားပြီးဖြစ်သော ဂျေဘီသည်လည်း ဈေးကွက်ရှိ သတ္တုပြားများစုဆောင်းသည့် လဲလှယ်မှုများ ရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ဤသတင်းကိုစုံစမ်းရန် အတွက် အရင်းအမြစ်အနည်းငယ်ကိုသာ အသုံးပြုခဲ့ရပေသည်။

“သတ္တုပြားတွေမှာ ဒီလိုအကျိုးသက်ရောက်မှုမျိုး ရှိတယ်တဲ့လား။”

ဂျေဘီက အံ့အားသင့်စွာ တွေးလိုက်မိသည်။

သူသည် အံ့အားသင့်သွားခဲ့သော်လည်း သူ၏လုပ်ဆောင်မှုများမှာ နှေးကွေးနေခဲ့ခြင်းမရှိပေ။ သူသည် ချက်ချင်းပင် လမ်းညွှန်အတွင်းပိုင်းရှိလူများအား သတ္တုပြားများရောင်းချခြင်းကို တားမြစ်ရန်တောင်းဆိုကာ သူကိုယ်တိုင်ဈေးကြီးပေး၍ ဝယ်ယူခဲ့ပေသည်။

လူတိုင်းက ထိုသတင်းအချက်အလက်ကို ရရှိပြီးနောက် ရှုပ်ထွေးသွားခဲ့ကြသည်။

“ဥက္ကဌက ဘာလုပ်နေတာလဲ။ ဒါကအရမ်းသက်တမ်းရင့်နေပြီလေ။ ဘာလို့ ကျုပ်တို့ကိုမရောင်းခိုင်းတာလဲ။ ပြီးတော့ သူကဘာလို့ ဈေးကြီးပေးပြီး ပြန်ဝယ်ချင်နေတာလဲ။”

“မသိဘူးလေ။ ဒါပေမယ့် ဥက္ကဌဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေက မှားဖူးတယ်လို့တော့မထင်ဘူး။ သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ။”

“အမှန်ပဲ ကျုပ်ကတော့ ဘာမှစဉ်းစားမနေတော့ဘူး။ ဒီကမ္ဘာက ကျုပ်တို့လိုသာမန်လူတွေ နားလည်နိုင်တဲ့အရာမဟုတ်ဘူး။”

သတ္တုပြားများကို စုဆောင်းသူများ များပြားလာသည်နှင့်အမျှ လက်ထဲတွင်သတ္တုပြားများကျန်ရှိနေသေးသောအသက်ရှင်ကျန်ရစ်သူများသည် ချက်ချင်းပင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ကြရလေသည်။

သူတို့သည် သူတို့လက်ထဲရှိသတ္တုပြားများကို အလွယ်တကူမရောင်းချတော့ပေ။

အမြောက်ထုတ်လုပ်မှုပုံစံရရှိသွားသောသူသည် ကုန်ကြမ်းများကို စုဆောင်းပြီးနောက် ထိုအမြောက်ကို ထုတ်လုပ်ခဲ့လေသည်။

“ငလူး...ငါအဲ့ဒါကို ထုတ်လုပ်ပြီးသွားတော့မှ ငါအသုံးပြုလို့မရနိုင်သေးဘူးဆိုတာ သိလိုက်ရတယ်လို့ကွာ။”

“ညီအစ်ကို ဒါကဘာအခြေအနေကြီးလဲ။ မင်းထုတ်လုပ်ပြီးသွားပြီဆိုရင် ဘာလို့မသုံးနိုင်တာလဲ။”

“ကျုပ်မှာယမ်းမှုန့်မရှိဘူးလေ။”

“ဈေးကွက်မှာသွားစုဆောင်းကြည့်ပါလား။ ရရင်ရနိုင်မှာပေါ့။”

“ဟုတ်တယ်...အဲဒါမှ အလုပ်မဖြစ်ဘူးဆိုရင် သခင်ကြီးဆီမှာ ပိုလျှံနေတဲ့ယမ်းမှုန့်တွေရှိလားလို့ မေးကြည့်ပြီး မင်းကိုရောင်းပေးလို့ရနိုင်မလားလို့ မေးကြည့်လိုက်ပေါ့။”

ထိုအခါ ထိုလူသည် ချက်ချင်းပင် ဂရုထဲတွင် ရှောင်းယီအား မေးတော့သည်။

“သခင်ကြီး ကျုပ်ကိုယမ်းမှုန့်နည်းနည်းလောက် ရောင်းပေးလို့ရမလား။”

ရှောင်းယီ၏မျက်နှာအမူအရာသည် အနည်းငယ်ရှုံ့မဲ့သွားပြီး ပြန်ဖြေလိုက်သည်။

“ကျုပ်လက်ထဲမှာလည်း ယမ်းမှုန့်မရှိဘူး။ အရင်ကဒေသခံမျိုးနွယ်စုတစ်စုမှာ ယမ်းစိမ်းနဲ့ဆာလဖာသွေးကြောကို တွေ့ခဲ့တယ်လေ။ အရင်ကမီးဘောလုံးတွေနဲ့ ဒုံးကျည်တွေကို အများကြီးရောင်းချခဲ့စဥ်ကတည်းက ကုန်လုနီးပါးဖြစ်သွားခဲ့တာ။ ပြီးခဲ့တဲ့နေ့တွေတုန်းက အဆိပ်ငွေ့ဗုံးလုပ်ဖို့သုံးလိုက်ရတော့ ဘာမှမကျန်တော့ဘူး။”

“ဟူး ဟုတ်ကဲ့ပါ ကျုပ် ဈေးကွက်မှာ တစ်ချက်လောက် သွားကြည့်လိုက်ပါဦးမယ်။”

လူတိုင်းက ယီရန်ပင်းသည် ယမ်းမှုန့်နှင့်သက်ဆိုင်သောကုန်ကြမ်းများ အများအပြား ရောင်းချခဲ့သောကြောင့် သူ့လက်ထဲတွင် ယမ်းမှုန့်အများအပြားရှိသင့်သည်ဟု ထင်ခဲ့ကြခြင်းဖြစ်ပေသည်။ ထို့ကြောင့် သခင်ကြီးတွင် တစိုးတစိမျှ အပိုမရှိကြောင်းကိုမူ မျှော်လင့်မထားမိခဲ့ကြပေ။

“ဒါဆို သခင်ကြီးလက်ထဲမှာယမ်းမှုန့်မရှိတော့ဘူးရင် ဒေသခံမဟာမိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျုပ်တို့ဘယ်လိုတားဆီးရတော့မှာလဲ။”

လက်ရှိတွင် ကျွန်းအများစုသည် ဒေသခံများကို ခုခံရန်အတွက် မီးဘောလုံးများနှင့် အဆိပ်ငွေ့ဗုံးများကိုသာ မှီခိုနေရဆဲပင်။

မဟာမိတ်များ ပေါင်းစည်းလိုက်သည်နှင့်အမျှ မဟာမိတ်တစ်ခုစီရှိ လောက်လွှဲအရေအတွက်သည် တဖြည်းဖြည်းတိုးပွားလာခဲ့ပြီး ထိုလောက်လွှဲအမြောက်အမြားကို အသုံးပြု၍ကာကွယ်မှသာ ဖြစ်နိုင်မည်ဟု မှတ်ယူနိုင်ပေသည်။

ယခင်က ကျန်းယွင်ထျန်းသည် အနောက်ဘက်မှတိုက်ခိုက်လာသော ဒေသခံမဟာမိတ်များကို လောက်လွှဲအမြောက်အမြားဖြင့် အနိုင်ယူခဲ့သည်။

သို့သော် ရှောင်းယီသည် ဒေသခံများတွင်လည်း လောက်လွှဲများရှိနေကြောင်း တွေ့ရှိခဲ့ရပြီးနောက် ဒေသခံများတွင် မကြာမီ မီးဘောလုံးကဲ့သို့သော ခဲယမ်းမီးကျောက်များရှိလာမည်ကို စိုးရိမ်လာခဲ့မိပေသည်။

အဆုံးတွင် ဤကမ္ဘာသည် အသက်ရှင်ကျန်ရစ်သူများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို ဆွေးနွေးနေမည်မဟုတ်ပေ။

ဒေသခံများအတွက် အနောက်တံခါးဖွင့်မည်ဟုပြောလျှင် ချက်ချင်းဖွင့်ပေးလိမ့်မည်ဖြစ်သည်။

ရှောင်းယီသည် ယမ်းမှုန့်အတွက် ကုန်ကြမ်းများ၏မူလအရင်းအမြစ်အကြောင်း စဉ်းစားနေစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ယွမ်ရှီထံမှမက်ဆေ့ချ်တစ်စောင် ရောက်ရှိလာခဲ့လေသည်။

ယွမ်ရှီသည် ဝူနာ့နှင့်အတူ ပြန်သွားခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဝူနာ့၏မျိုးနွယ်စုကျွန်းသို့ ရောက်ရှိသွားပြီးဖြစ်နိုင်သည်။

“သူတို့အန္တရာယ်တွေ့နေတာလား။”

ရှောင်းယီသည် သူ၏မျက်ခုံးမျာကို စုကြုံ့ကာ ပြောလိုက်ပြီး ယွမ်ရှီ၏မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်လေသည်။

“ကျွန်းပိုင်ရှင် ကျုပ်တို့ ဝူနာ့ရဲ့ကျွန်းပေါ်ကိုရောက်တာ နှစ်နာရီရှိပါပြီ။ ခင်ဗျား ကျုပ်ကိုလုပ်ခိုင်းလိုက်တဲ့စက်က စစချင်း ရှာဖွေတွေ့ရှိမှုတစ်ခု ရှိခဲ့ပါတယ်။”

ထိုစာကြောင်းကို မြင်လိုက်ရသောအခါ ရှောင်းယီ၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားပြီး မေးလိုက်သည်။

“ဘာတွေ့ခဲ့တာလဲ။”

“သံသတ္တုကြောတစ်ခုပါ။”

ယွမ်ရှီက ပြန်ဖြေလိုက်သည်။

ရှောင်းယီ၏တောက်ပနေသောမျက်လုံးများမှာ ပြန်လည်မှေးမှိန်သွားခဲ့သည်။

“ဘာလို့ယမ်းစိမ်းနဲ့ ဆာလဖာသွေးကြောမဟုတ်ရတာလဲ။”

သက်ပြင်းချပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် သတ္တုတူးဖော်စက်နှင့် အရည်ကျိုစက်ကို ပို့ပေးလိုက်လေသည်။

ဘယ်လိုသွေးကြောပဲဖြစ်ဖြစ် တူးဖော်ရမည်ဖြစ်သည်။

လဲလှယ်မှုပြီးဆုံးသွားပြီးနောက် ရှောင်းယီညွှန်ကြားချက်ပေးလိုက်သည်။

“ယမ်းစိမ်းနဲ့ဆာလဖာသွေးကြောတွေ့ရင် ဦးစားပေးပြီးတူးဖော်လိုက်ပါ။ ပြီးရင်ငါ့ကိုအသိပေး။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်”

ယွမ်ရှီက ပြန်ဖြေလိုက်သည်။

ယွမ်ရှီနှင့် စကားပြောဆိုမှုပြီးဆုံးသွားပြီးနောက် ဝေပေါ်ဆီမှ မက်ဆေ့ချ်တစ်စောင် ထပ်မံရောက်ရှိလာခဲ့လေသည်။

“ကျွန်းပိုင်ရှင် ကျုပ်ကိုလည်း မဟာမိတ်ထဲထည့်ပေးပါ။ မဟုတ်ရင် တခြားမဟာမိတ်ကျွန်းတွေကိုသွားဖို့လမ်းကြောင်းမရှိဘူး။”

“အင်း မင်းလျှောက်ထားလိုက် ငါ ဒီဘက်ကနေ ခွင့်ပြုချက်ပေးလိုက်မယ်။ မင်းရဲ့ကျွန်းက မဟာမိတ်ရဲ့အနောက်တောင်ဘက်မှာ တပ်စွဲရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ဝေပေါ်က ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်လေသည်။

“ပြီးတော့ မင်းဘက်ကယမ်းစိမ်းထွက်ရှိမှုအခြေအနေကရော ဘယ်လိုလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ထွက်ရှိမှုက အဆက်မပြတ် တိုးလာနေပါတယ်။ လက်ရှိမှာတော့ တစ်ရက်ကို ၃၀ ကီလိုဂရမ်လောက် ရှိသင့်တယ်။”

“အင်း ယမ်းစိမ်းကျိုချက်တာကို မရပ်ပစ်လိုက်နဲ့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ဝေပေါ်သည် မဟာမိတ်၏အနောက်တောင်ဘက်သို့ သူ၏ကျွန်းကိုရွှေ့ပြီးနောက် ချူဖုန်းနှင့် ချူရှန်းတို့ ညီအစ်ကိုများသည်လည်း ဒေသခံများသိမ်းပိုက်ထားသော ဒေသခံကျွန်းတစ်ကျွန်းကို မဟာမိတ်၏အရှေ့မြောက်ဘက်သို့ ရွှေ့လိုက်ပြီဖြစ်လေသည်။

လက်ရှိတွင် ရှောင်းယီ၏မဟာမိတ်တွင် နေရာလွတ်နှစ်ခုရှိနေသေးသည်။ တစ်ခုမှာအနောက်မြောက်ဘက်တွင်ရှိပြီး အခြားတစ်ခုမှာအရှေ့တောင်ဘက်တွင်ဖြစ်သည်။

ရှောင်းယီသည် ဤနေရာလွတ်နှစ်ခုအတွက် ကျွန်းများကိုစီစဉ်ရန် အရမ်းအလျင်လိုမနေချေ။ နောက်ပိုင်းတွင် ၎င်းတို့ကိုတွေ့ခဲ့လျှင် ယူလိုက်မည်ဖြစ်ပြီး မတွေ့ခဲ့လျင်လည်း အဆင်ပြေပေသည်။

မိုးကောင်းကင်သည် တဖြည်းဖြည်းမှောင်မိုက်လာခဲ့ပြီး အပန်းဖြေစခန်းရှိ ခရီးသွားများသည်လည်း နောက်ဆုံးတွင် ကမ်းခြေပေါ်သို့ လမ်းလျှောက်ထွက်လာခဲ့ကြလေသည်။

All Chapters