← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း ၅၀၅ - အနားယူခရီးစဉ် ရိတ်သိမ်းခြင်း၊ ရေသူမ

“ဒီကမ်းခြေက သဲတွေက တကယ်ကို သန့်တယ်တာပဲ။”

“ဟုတ်တယ် ခြေထောက်ပေါ်မှာ နည်းနည်းပူနေရုံပဲ။”

“နည်းနည်းလောက် ထပ်စောင့်လိုက်ပါဦး။ အပူချိန်ကျသွားပါလိမ့်မယ်။ အရင်ဆုံး ဘာဘီကျူး စလုပ်ကြရအောင်။”

ရှုကျိုးတို့အဖွဲ့သည် ကမ်းခြေပေါ်တွင် ဘာဘီကျူးဆိုင်ငယ်တစ်ခုကို အတူတကွ စုစည်းထူထောင်ခဲ့ကြသည်။ သူတို့သည် အသားတုတ်ထိုးများကို လုံလောက်စွာ ဝယ်ယူထားခဲ့ကြပြီးဖြစ်သည်။

အားလုံးသည် သာမန်အသားတုတ်ထိုးများဖြစ်ပြီး ကျွန်း၏ဒေသခံများမှ ပြင်ဆင်ပေးထားခြင်းဖြစ်ပေသည်။

သူတို့ကိုယ်တိုင်မှာမူ အဆင်သင့် ကင်လိုက်ရန်သာ လိုအပ်ပေသည်။

သူတို့သည် ဒူခန်း၏ ဘားမှ ဘီယာသစ်သားစည်ပိုင်းတစ်ခုကိုယူပြီး ဘေးတစ်ဖက်တွင် ထားလိုက်ကြသည်။

“ငါလုပ်မယ်။ တုတ်ထိုးကင်တဲ့နေရာမှာ ငါကပရော်ဖက်ရှင်နယ်ပဲ။”

တစ်စုံတစ်ဦးက စေတနာ့ဝန်ထမ်းလုပ်ရန် ပြောလိုက်သည်။

သဘာဝအလျောက် လူအတော်များများသည် ဘာဘီကျူးမီးဖိုလေးလုံးရှေ့တွင် မရပ်နေနိုင်ကြပေ။ အချို့လူများသည် သူတို့ကူညီ၍မရနိုင်ကြောင်း သိလိုက်ရသောအခါ ပင်လယ်ထဲသို့ တိုက်ရိုက်ပြေးဆင်းသွားခဲ့ကြလေသည်။

ရှောင်းယီသည် ဂရုစာတိုထဲတွင် သတိပေးချက်များ ပို့ပေးထားခဲ့ပြီးဖြစ်ပြီး ကမ်းခြေအနီးရှိပင်လယ်ပြင်သည် ရေတိမ်ပိုင်းဖြစ်သောကြောင့် ရေကူးနိုင်ပေသည်။

“ငါဆိုရင် ကမ်းခြေဘေးက ရေချိုးခန်းထဲမှာ မွန်းလွဲပိုင်းတုန်းက ရေချိုးခဲ့တာ။ အတော်လေးနေလို့ကောင်းသွားတယ်။”

“ဟုတ်တယ် တကယ်ပဲ တစ်လလုံးလုံး ရေမချိုးခဲ့ရသေးဘူး။ ကိုယ့်ဆီကထွက်လာတဲ့ရေတွေဆိုရင် အကုန်လုံးကို မည်းညစ်နေတာပဲ။”

“အရင်တုန်းက ရေက အရမ်းအဖိုးတန်တယ်။ ဘယ်သူက ရေချိုးဖို့သုံးမှာလဲ။ ကျုပ်ကတော့ ရှပ်အင်္ကျီတစ်ထည်ပါ ဝယ်ထားသေးတယ်။ ခင်ဗျားတို့ရော ဘယ်လိုလဲထင်လဲ။”

“အိုး ဒီရှပ်အင်္ကျီမှာ ပုံစံတောင်ပါနေပါ့လား။ ခင်ဗျား ဘယ်ကဝယ်လာတာလဲ။”

“သေချာပေါက် ဈေးထဲကပဲပေါ့။ အလှလေးတစ်ယောက်က ဒါကို သူမကိုယ်တိုင်ရက်လုပ်ထားတာလို့ပြောခဲ့တယ်လေ။”

“တကယ်လား နောက်ထပ်ရှိသေးလား။ ငါလည်း နောက်ကျရင် သွားဝယ်ရမယ်။”

“စုစုပေါင်းနှစ်ဆယ်ခုပဲရှိတာ။ အားလုံးရောင်းကုန်သွားလောက်ပြီထင်တယ်။”

“ဝမ်းနည်းစရာပဲ။ ခင်ဗျားတို့တွေးကြည့်စမ်းပါ။ အဲ့ဒီအလှလေးနဲ့ အခွင့်အရေးရနိုင်မယ်လို့ထင်လဲ။”

“ဟေး မင်းက သူဌေးကြီးရဲ့ကျွန်းက အလှလေးကို ကြံစည်နေတာလား။”

“မဟုတ်ပါဘူး။ ကျုပ်က သာမန်အတိုင်း သဘောကျရုံပါပဲ မရဘူးလား။”

“ဒီကမ္ဘာမှာ မင်းအတွက်အခွင့်အရေးရှိတယ်လို့ ထင်လို့လား။”

“အမှန်ပဲ သူဌေးကြီးလို စွမ်းအားကြီးမားတဲ့သူကိုမြင်ပြီးတဲ့နောက် သူမက ငါတို့ကိုကြည့်ချင်မှာတောင်မဟုတ်လောက်ဘူး။”

“လုံလောက်ပြီ...စွမ်းအင်တွေလောင်ကျွမ်းသွားအောင် အရင်ဆုံး တစ်ပတ်လောက် ရေကူးကြည့်ရအောင်။”

ရှုကျိုးသည် ဘီယာခွက်တစ်ခွက်ကိုင်ကာ ကမ်းခြေပေါ်ရှိ ပက်လက်ခုံတစ်ခုပေါ်တွင် ကိုယ်တစ်ဝက်မှီကာ လဲလျောင်းလိုက်လေသည်။

“သူဌေးကြီးရဲ့ ဒီအပန်းဖြေစခန်းက ကြီးမားကျယ်ပြန့်တဲ့ ဖျော်ဖြေရေးပစ္စည်းကိရိယာတွေမရှိကလွဲရင် လုံးဝပြီးပြည့်စုံနေပြီ။ ဒါတွေအားလုံးကို သူဘယ်လိုရခဲ့တာများလဲ။”

သူ၏အနီးအနားက ပက်လက်ကုလားထိုင်ခုံပေါ်တွင် သက်တောင့်သက်သာလဲလျောင်းနေသူတစ်ဦးက ပြောလိုက်သည်။

ရှုကျိုးက သူ၏ခေါင်းကိုခါယမ်းကာ ပြန်ပြောလိုက်သည်။

“ဘယ်သူသိမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကို ပစ္စည်းသေတ္တာတွေထဲကနေ ရနိုင်တယ်လို့တော့ ကျုပ်မယုံဘူး။”

“ကျုပ်လည်းမယုံဘူး။ သူဌေးကြီးမှာ ပစ္စည်းတွေရယူနိုင်တဲ့ တခြားနည်းလမ်းတွေရှိတယ်လို့ ခင်ဗျားထင်လား။”

ထိုလူက ဆိုသည်။

“ကျုပ်မသိဘူး...အပန်းဖြေစခန်းရဲ့အဆောက်အဦတွေထဲက အဲယားကွန်းတွေ အမြဲတမ်းလည်ပတ်နေတာကိုပဲ ကျုပ်ပိုပြီးစိတ်ဝင်စားတယ်။ ဒီလိုမျိုး လျှပ်စစ်ဓာတ်အားတွေ အများကြီးသုံးတာကို သူ မကောင်းဘူးလို့ မခံစားရဘူးလားမသိဘူး။”

ရှုကျိုးက ပြောလိုက်သည်။

အနားတွင်ထိုင်နေကြသူများကလည်း ခေါင်းခါပြလိုက်ကြသည်။

“သူဌေးကြီးရဲ့ကျွန်းက ဘယ်လောက်ကြီးတယ်လို့ ခင်ဗျားတို့ထင်လဲ။”

“ကျုပ်ထင်တာထက် ပိုကြီးတယ်လို့ ခံစားရတယ်။ သူက တံတိုင်းနဲ့ကာထားတာ ကံဆိုးတာပဲ။ မဟုတ်ရင် ကျုပ်တို့ခန့်မှန်းကြည့်လို့ရနိုင်တယ်။”

“ကျုပ်ကတော့ မစိတ်ဝင်စားဘူး။ ခန့်မှန်းကြည့်တော့ရော ဘာအကျိုးရှိလို့လဲ။ မနာလိုစိတ်တွေ တိုးလာရုံပဲရှိတယ်။”

“အမှန်ပဲ။ ကျုပ်တို့ ပြန်သွားပြီးရင် ကြိုးကြိုးစားစား အလုပ်လုပ်ကြမယ်။ ပြီးရင် တစ်ပတ်တစ်ခါ ဒီကိုလာပြီး အပန်းဖြေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ ဘယ်သူ့ကျွန်းကမှ သူဌေးကြီးရဲ့ကျွန်းကို မကျော်လွန်နိုင်ဘူး။”

“တိုတောင်းတဲ့ကာလတင်မကဘူး တစ်သက်လုံးကျော်လွန်ဖို့ကို မစဉ်းစားနဲ့တော့။”

“ဟုတ်တယ် သူဌေးကြီးက ကျုပ်တို့နဲ့ လုံးဝအဆင့်မတူဘူး။”

“ကျုပ်မေးချင်တာက ခင်ဗျားတို့ ဘယ်တော့ပြန်ကြမှာလဲ။”

“အနည်းဆုံး ဆယ့်တစ်နာရီကျော်လောက်မှပေါ့။ မဟုတ်ရင် ဝင်ကြေးအဖြစ်ပေးရတဲ့ အုတ်မြစ်ကျောက်သုံးခုက အလဟဿဖြစ်သွားမယ်လေ။”

“မှန်တယ် အနည်းဆုံး ဆယ့်တစ်နာရီခွဲကျော်လောက်မှပြန်မယ်။”

ထိုစဉ် ရှောင်းယီသည် ယနေ့ရရှိခဲ့သော အုတ်မြစ်ကျောက်များကို တွက်ချက်နေခဲ့သည်။ ခရီးသွားအယောက်သုံးဆယ်သည် မဟာမိတ်အဖွဲ့ပေါင်း သုံးဆယ်ကို ကိုယ်စားပြုပြီး စုစုပေါင်း အုတ်မြစ်ကျောက် ၄၁၅၃ ခုရရှိခဲ့ပေသည်။

ဤရိတ်သိမ်းမှုကို မြင်လိုက်ရသောအခါ ရှောင်းယီ ကျေနပ်စွာခေါင်းညိတ်လိုက်လေသည်။ အများပြည်သူဆီသို့ ဤကဲ့သို့သော ကောင်းမွန်သည့် အပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ခဲ့ခြင်းမှာ ထိုက်တန်လှပေသည်။

သူတို့တစ်ခါလာတိုင်း ဤကဲ့သို့ အများကြီးသုံးစွဲရန်မှာ မဖြစ်နိုင်သော်လည်း သူတို့သည်လည်း နေ့တိုင်းလာနေကြမည်မဟုတ်ပေ။

သူတို့သည် ရက်အနည်းငယ်ကြာမှ တစ်ခါလာမည်ဖြစ်ပြီး ဤရက်အနည်းငယ်အတွင်း မဟာမိတ်အဖွဲ့တစ်ခုသည် အုတ်မြစ်ကျောက်များစွာကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

ဤနည်းဖြင့် သူသည် အခြားအသက်ရှင်ကျန်ရစ်သူများထံမှ အုတ်မြစ်ကျောက်များကို ဆက်လက်ညှစ်ထုတ်နိုင်ပေသည်။

အနာဂတ်တွင် နိုင်ငံခြားသားများအတွက်လည်း ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး အုတ်မြစ်ကျောက်များ ပိုမိုရရှိနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ရှောင်းယီသည် အလွန်ပျော်ရွှင်သွားပြီး ယီထျန်းဂရုထဲတွင် ပြောလိုက်သည်။

“ယနေ့ အပန်းဖြေစခန်းအတွက် ခွဲတမ်းက လူဦးရေ အယောက် ၈၀ ပါ။ စာရင်းသွင်းလိုပါက ခဏနေရင် ကျုပ်တင်သွင်းမယ့် လဲလှယ်မှုကို ရယူကြပါ။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် အုပ်စုထဲတွင် လဲလှယ်မှုတစ်ခုကို တင်သွင်းလိုက်လေသည်။

“လဲလှယ်မှုမရှိပါ 【အုတ်မြစ်ကျောက်】 ၃။”

ထိုလဲလှယ်မှုကို တင်သွင်းလိုက်သည်နှင့်တပြိုင်နက် အစုရှစ်ဆယ်စလုံး ချက်ချင်းပင် ဆက်ခနဲဆွဲယူခြင်းခံလိုက်ရလေသည်။

ရှောင်းယီသည် အလွန်အံ့အားသင့်သွားခဲ့ပြီး ယီထျန်းဂရုထဲကို ကြည့်လိုက်သည်။

“သေစမ်း! ခင်ဗျားတို့လူပျိုသိုးကြီးတွေ ဒီလောက်လက်မြန်နေရင် အရေပြားပွန်းပြီး အပူလောင်မှာမကြောက်ဘူးလား။”

“ဟားဟား...အရင်အမြဲတမ်း လက်နှေးနေတဲ့ငါက ဒီတစ်ခါတော့ ဆုပ်ကိုင်မိသွားပြီ။”

“ငါ ဘာမှတောင်မတုံ့ပြန်ရသေးဘူးလေ။ မင်းတို့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ မနေ့ကတုန်းကကျတော့ မလိုချင်ကြဘဲနဲ့ ဒီနေ့ကျမှ တိုက်ခိုက်နေကြတာလား။”

“အဆင့်မြင့်အစားတွေအပြင် တခြားပျော်စရာတွေရှိမလားဆိုတာကို မသိရသေးဘူး။

“စိတ်မပူပါနဲ့...သေချာပေါက်ရှိပါတယ်။ သွားကစားတဲ့သူတွေ ခုထိ ပြန်ရောက်မလာသေးဘူးဆိုပေမယ့် ပျော်စရာအရာတွေ အများကြီးရှိမယ်ဆိုတာတော့ ကျုပ်သေချာတယ်။”

“တေးအတုရောင်းတဲ့သူက သူသွားခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ထွက်လာပြီး တစ်ခုခုပြောပါဦး။”

“ဟမ့် မနေ့ကတုန်းကျ မင်းတို့က မယုံကြဘူး။ အခုကျမှ ကျုပ်ကိုလာပြီးသတိရနေကြတာလား။”

စွန်းယောင်က စိတ်ကောက်ချင်ဖြင့် ပြန်ဖြေလိုက်သည်။

“အိုး ဆေးအတုရောင်းတဲ့သူ မင်းက စိတ်ကောက်ပြနေတာလား။ ဒါမျိုးတော့ လာမလုပ်နဲ့လေ။ ခင်ဗျားက အရွာ်ရောက်ပြီးသားလူကြီးတစ်ယောက်ပဲဟာ ဘယ်လိုလုပ်ပြီး ဒါမျိုးဖြစ်နေရတာလဲ။”

“မှန်တယ် ပုံမှန်အတိုင်းပဲ ပြောစမ်းပါ။ငါ မင်းဆီကနေ လျူဝေ့တိဟွမ်းဆေးလုံး နှစ်စုံထပ်မံမှာမယ်ကွာ။”

“ဟေ့ အပေါ်ကလူ မင်းက မင်းကိုယ်မင်း ထုတ်ဖော်လိုက်ပြီပေါ့။”

“ဘာကိုထုတ်ဖော်လိုက်တာလဲ။ ကျုပ်က ကျုပ်ရဲ့ကျောက်ကပ်ကို အားဖြည့်ရုံပဲ။”

“ကျောက်ကပ်အားကောင်းရင် အားဖြည့်စရာမလိုဘူးလေ။ ဆိုလိုတာက မင်းက အလွန်အကျွံသုံးစွဲနေတာပဲ။”

ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ သီးသန့်ချန်နယ်ကို ကြည့်လိုက်သည်။ ကျောက်စရစ်ခဲသည် မည်သည့်သတင်းအချက်အလက်မျှ ပြန်မပို့သေးပေ။ နိုက်ထရိတ်နှင့် ဆာလဖာသတ္တုကြောများ ရှာမတွေ့သေးသည့်ပုံပင်။

သူအနားယူရန်ပြင်လိုက်စဉ် သူ၏ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှ အသံမြည်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင် ပင်လယ်ထဲကနေ ကျုပ်တို့ ဒီအရာကို ဖမ်းမိခဲ့တယ်။”

စွန်းကုထောင်က ပြောလိုက်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်၏။ ပုံမှန်မဟုတ်သောအရာတစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုလျှင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထဲမှ မဘယ်ကြောင့် တိုက်ရိုက်မပို့လိုက်ရသနည်း။

“ဘာလဲ။”

ရှောင်းယီက မေးလိုက်သည်။

စွန်းကုထောင်သည် အဖြေပြန်မပေးဘဲ ဗီဒီယိုခေါ်ဆိုမှုတစ်ခုကို ပေးပို့လိုက်လေသည်။

ရှောင်းယီသည် ချက်ချင်းပင် ဗီဒီယိုခေါ်ဆိုမှုကို သဘောတူလိုက်သည်။ စွန်းကုထောင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏စခရင်ပေါ်တွင် ထွက်ပေါ်လာသည်ကိုမြင်ရသောအခါ “ဘာလဲ” ဟု မေးလိုက်သည်။

“ဒါက အထူးပစ္စည်းတစ်ခုမဟုတ်ဘူး။ ခင်ဗျားကိုယ်တိုင်ကြည့်လိုက်ပါ။”

စွန်းကုထောင်၏မျက်နှာပေါ်၌ အံ့အားသင့်နေသည့်အရိပ်အယောင်များဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် စွန်းကုထောင်သည် သူ့ခန္ဓာကိုယ်ကို ဘေးတစ်သို့ ဖယ်ပေးလိုက်ပြီး စခရင်ပေါ်တွင် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့လေသည်။

“မိန်းမတစ်ယောက်ကို ငါးဖမ်းရင်း မိလာတာလား။”

ရှောင်းယီက ပြူးကျယ်နေသောမျက်လုံးများဖြင့် မေးလိုက်သည်။

“အတိအကျတော့ မဟုတ်ဘူး။”

စွန်းကုထောင်၏အသံက ဘေးတစ်ဖက်မှ ထွက်လာခဲ့သည်။

ရှောင်းယီ ပို၍ပင်ပဟေဠိဖြစ်သွားခဲ့သည်။

သို့သော် ဟွားလန်နှင့် ကိုးယုတို့က ထို “မိန်းမ” ကို အနည်းငယ်ရွှေ့လိုက်သောအခါ ရှောင်းယီ၏မျက်လုံးများ ချက်ချင်းပင် ထပ်မံ၍ပြူးကျယ်သွားခဲ့ပြန်သည်။

ရှောင်ယီ၏ရှေ့တွင် ပြသထားသည်မှာ အကြေးခွံများဖြင့် ဖုံးအုပ်ထားသော မိန်းမတစ်ဦးဖြစ်ပြီး အောက်ဘက်သို့ကြည့်လိုက်သောအခါ ငါးအမြီးကြီးဖြစ်နေလေသည်။

“ဒါ... ရေသူမလား။”

ရှောင်းယီက မသေချာမရေရာစွာဖြင့် မေးလိုက်သည်။

“ကျုပ်မြင်ဖူးတဲ့အတိုင်းဆိုရင်တော့ ဖြစ်သင့်ပါတယ်။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

ဒီကမ္ဘာကဘာလဲ။ ပထမဆုံး ဘီခြေထောက်ရိုးတွေ့ရှိခဲ့ပြီး အခု ရေသူမတွေ ပေါ်လာပြန်ပြီလား။

“သူမ အသက်ရှင်နေသေးလား။”

ရှောင်းယီသည် မိမိ၏အံ့အားသင့်မှုများကို ချုပ်တည်းကာ မေးလိုက်လေသည်။

အခန်း ၅၀၆ - ကုသမှု၊ ရေသူမကို ခေါ်ဆောင်ကာပြန်လာခြင်း

“သူမ အသက်ရှူနေသေးတယ်လို့ထင်ရပေမယ့် ဒဏ်ရာတွေအများကြီးရှိနေတယ်။ အချို့ဒဏ်ရာတွေဆိုရင် ပြည်တည်ပြီး အနံ့ဆိုးတွေတောင် ထွက်နေပြီ။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အနည်းငယ် တွေးတောလိုက်ပြီး ပြောလိုက်သည်။

“ငါ ခဏနေရင် အစ်ကိုကျန်းနဲ့အတူ သူမကို ပြန်လာခေါ်မယ်။ ဒီကိစ္စကို အရင်ဆုံးလျှို့ဝှက်ထားလိုက်။”

“ဟုတ်ကဲ့။”

စွန်းကုထောင်က တုံ့ပြန်လိုက်သည်။

ထို့နောက် ရှောင်းယီသည် သူ့ဘေးရှိဝေါ်ကီတော်ကီကို ကောက်ယူကာ ကျန်းယွင်ထျန်းကို ဆက်သွယ်လိုက်သည်။

“အစ်ကိုကျန်း အထူးအခြေအနေတစ်ခုရှိတယ်။ ဆိပ်ကမ်းရောက်ရင် အသေးစိတ်ပြောပြမယ်။”

သူသည် ထိုသို့ပြောရင်းဖြင့် အပျော်စီးရွက်သင်္ဘောငှားရမ်းထားမှုကို ပယ်ဖျက်လိုက်လေသည်။ ထို့နောက် ထရပ်ကာ အပြင်သို့ထွက်လာခဲ့လေသည်။

အန်းရန်သည် တစ်စုံတစ်ဦး အောက်ထပ်သို့ ရောက်လာသည်ကို ကြားလိုက်ရသောကြောင့် တံခါးဖွင့်ကြည့်လိုက်ရာ ရှောင်းယီဖြစ်နေသည်ကို တွေ့ရှိရသည်။ သူမက မေးလိုက်၏။

“တစ်ခုခုဖြစ်လာတာလား။”

“ဟုတ်တယ်...ပြန်ရောက်မှ အသေးစိတ်ရှင်းပြမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ရှောင်းယီ၏ အနည်းငယ်တင်းမာနေသော မျက်နှာအမူအရာကို ကြည့်ကာ အန်းရန်သည် ပုံမှန်မဟုတ်သောအရာတစ်ခုခု ထပ်ဖြစ်နိုင်ကြောင်း သိရှိသွားပြီး နောက်ထပ်မမေးတော့ဘဲ ခေါင်းသာညိတ်ပြလိုက်လေသည်။

ရှောင်းယီ ဗီလညတံခါးမှ ထွက်လာသည်နှင့် ကျန်းယွင်ထျန်းသည်လည်း အခြားဗီလာတစ်ခုထဲမှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

“ကျွန်းပိုင်ရှင် ဘာဖြစ်လို့လဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“စွန်းကုထောင်က ရေသူမတစ်ကောင်ကို တွေ့ရှိခဲ့တယ်။”

ရှောင်းယီက ဖြေလိုက်သည်။

ကျန်းယွင်ထျန်းသည် အနည်းငယ် ကြက်သေသေသွားပြီးနောက် ထပ်မေးလိုက်၏။

“လူတစ်ပိုင်းငါးတစ်ပိုင်းသတ္တဝါမျိုးကို ဆိုလိုတာလား။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။ ကျန်းယွင်ထျန်းသည် အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်၏။

“ဒီလိုသတ္တဝါမျိုးတွေက တကယ်ရှိလို့လား။”

“အရင်က တစ်စုံတစ်ယောက်က ဘီဘူးအရိုးတစ်ချောင်းကို တွေ့ရှိခဲ့တယ်။ အခုကျတော့ ရေသူမပေါ်လာပြန်ပြီ။ ဒီကမ္ဘာကြီးက ပိုပိုပြီးရှုပ်ထွေးလာနေပြီလို့ ငါခံစားရတယ်။”

ရှောင်းယီက တီးတိုးပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် ဘာမှမပြောတော့ပေ။

ရှောင်းယီသည် နာ့နာကိုလည်း ခေါ်သွားခဲ့သည်။ ရေသူမအကြောင်း သိရှိလိုပါက ဤရေသူမကို ကယ်တင်ရမည်ဖြစ်သည်။

မကြာမီတွင် ငှားရမ်းထားသော အပျော်စီးရွက်သင်္ဘော ပြန်ရောက်လာခဲ့ပြီး ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ချက်ချင်းပင် အပျော်စီးရွက်သင်္ဘောပေါ်တက်ကာ စွန်းကုထောင်၏ကျွန်းသို့ ထွက်ခွာသွားခဲ့ကြလေသည်။

ဆယ်မိနစ်အကြာတွင် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ရေသူမကို မြင်တွေ့ခဲ့ရကြလေသည်။

စွန်းကုထောင်နှင့် ကိုးယုတို့သည် ထိုနေရာတွင် စောင့်ကြပ်နေခဲ့ကြပြီး ဒေသခံအဖွဲ့တစ်ဖွဲ့က ဘေးတွင် ရပ်နေခဲ့ကြသည်။

“သူမကို ဘယ်သူ ဖမ်းမိခဲ့တာလဲ။”

ရှောင်းယီက မေးလိုက်သည်။

စွန်းကုထောင်က ဒေသခံအဖွဲ့ကို ညွှန်ပြီးပြောလိုက်သည်။

“သူတို့ပါ။ သူတို့က ကျုပ်တို့လမ်းကြောင်းပေါ်မှာ ပုံမှန်အတိုင်း ငါးဖမ်းနေခဲ့ကြတာ။ ဒါပေမယ့် ဒီနေ့ အဝေးကို နည်းနည်းပိုသွားခဲ့ပြီးတော့ မကြာခင်ကမှ ပြန်ရောက်လာခဲ့ကြတာ။”

ရှောင်းယီက သူတို့ကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့ ဒီလိုမျိုးသတ္တဝါကို အရင်က မြင်ဖူးကြလား။”

ဒေသခံအားလုံးက ခေါင်းခါပြလိုက်ကြပြီး ဒီလိုထူးဆန်းသည့်သတ္တဝါမျိုးကို ပထမဆုံးအကြိမ်မြင်ခဲ့ကြရခြင်းဖြစ်ကြောင်း ညွှန်ပြနေခဲ့လေသည်။

“နာ့နာ သွားပြီး သူမကိုကယ်တင်လို့ရမရ ကြည့်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

နာ့နာသည် ချက်ချင်းပင် ရှေ့တက်သွားပြီး ရေသူမကို စတင်ကုသလိုက်လေသည်။

ထိုအချိန်တွင် ရှောင်းယီသည် မီးရောင်အောက်တွင် ရေသူမကို သေချာစွာစစ်ဆေးရန် အချိန်ရလာခဲ့သည်။

သူမ၏အပေါ်ပိုင်းသည် ထူးခြားဆန်းကြယ်ပြီး အရောင်အသွေးစုံလင်လှကာ စွဲမက်ဖွယ်ကောင်းသည့်အပြင်အဆင်များဖြင့် လှပသောမိန်းကလေးတစ်ဦးဖြစ်ပြီး အောက်ပိုင်းသည် ငါးအမြီးဖြစ်သည်။ သူမ၏ရင်ဘတ်သည် အနည်းငယ်အတက်အကျဖြစ်နေသေးသောကြောင့် အသက်ရှင်နေသေးပေသည်။

နာ့နာသည် ရေသူမကို ကုသရန် မိနစ်နှစ်ဆယ်ကြာမြင့်ခဲ့ပြီးအောင် ရှောင်းယီထံသို့ သတင်းပို့လိုက်လေသည်။

“သူမခန္ဓာကိုယ်ပေါ်က အဓိကဒဏ်ရာတွေက အဆိပ်သင့်တာကြောင့်ပဲ။ ပြီးတော့ စုတ်ပြဲနေတဲ့ဒဏ်ရာတွေနဲ့ ထိခိုက်ဒဏ်ရာတွေလည်း ရှိပါတယ်။ အဆိပ်တွေကိုတော့ ကျွန်မ ဖယ်ရှားပေးပြီးပါပြီ။ ပြင်ပဒဏ်ရာတွေအားလုံးကိုလည်း ကုသပြီးသွားပြီ။ သူမရဲ့လက်ရှိအခြေအနေအရ ၁၂ နာရီအတွင်း သတိရလာမယ်လို့ မျှော်လင့်ရပါတယ်။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အင်း ပင်ပန်းသွားပြီ။”

“သူမကို အပျော်စီးရွက်သင်္ဘောပေါ်တင်လိုက်ကြပါ။”

ရှောင်းယီက စွန်းကုထောင်နှင့် အခြားသူများအား ပြောလိုက်လေသည်။

“ဟုတ်ကဲ့။”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

ရေသူမကို အပျော်စီးရွက်သင်္ဘောပေါ်သို့ တင်ပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ပင်မကျွန်းသို့ တိုက်ရိုက်ပင် ပြန်လာခဲ့ကြသည်။

ဆိပ်ကမ်းသို့ ပြန်ရောက်သောအခါ ရှောင်းယီနှင့် ကျန်းယွင်ထျန်းသည် ရေသူမကို လှည်းပေါ်သို့ တင်ကာ ‌ဗီလာဆီသို့ မောင်းနှင်သွားခဲ့ကြသည်။

တံခါးဝသို့ရောက်သည်နှင့် ရှောင်းယီသည် အန်းရန်နှင့် အခြားသူများအားလုံး ဧည့်ခန်းထဲတွင် ရှိနေကြပြီး သူတို့ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေဟန်ရှိကြောင်း တွေ့လိုက်ရသည်။

“အခုအချိန်က အရမ်းနောက်ကျနေပြီလေ။ ခင်ဗျားတို့အားလုံး ဘာလို့မအိပ်ကြသေးတာလဲ။”

ရှောင်းယီက ပြောလိုက်သည်။

“မင်း ရေးကြီးသုတ်ပြာနဲ့ ယွင်ထျန်းကိုခေါ်သွားတယ်ကြားလို့ ငါတို့နည်းနည်းစိုးရိမ်သွားတယ်လေ။ ဒါကြောင့် မင်းပြန်လာတဲ့အထိ ဒီမှာစောင့်နေကြတာ။”

ယွမ်နွန်က ရှင်းပြလိုက်လေသည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ဘာကိစ္စကြောင့် အရေးတကြီးထွက်သွားရတာလဲ။”

အန်းယွဲ့က မေးလိုက်သည်။

ရှောင်းယီသည် ဘာမှပြန်မပြောဘဲ ဒေသခံအနည်းငယ်ကို ခေါ်ယူကာ ရေသူမကို လှည်းပေါ်မှ ချခိုင်းလိုက်သည်။

ရေသူမကို ပိတ်စဖြင့်ဖုံးအုပ်ထားပြီး ခေါင်းတစ်လုံးသာ အပြင်ဘက်သို့ ထုတ်ထားခဲ့လေသည်။

လူတိုင်းသည် ဒေသခံများက မိန်းမတစ်ဦးကို သယ်ဆောင်လာပြီး ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်ကို မြင်သောအခါ ရှောင်းယီကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။

ဒီလောက်နောက်ကျပြီး မိန်းမတစ်ယောက်အတွက်နဲ့ ပြေးထွက်သွားတာလား။

ဤသည်မှာ လူတိုင်း၏စိတ်ထဲတွင်ရှိသော တူညီသည့်မေးခွန်းတစ်ခုဖြစ်ပေသည်။

“ဒါက ဘယ်သူလဲ။”

ယွမ်နွန်က မေးလိုက်သည်။

“ကျုပ်လည်းမသိဘူး။ ဒီလိုရေသူမမျိုးကို ကျုပ်လည်း ပထမဆုံးအကြိမ်မြင်ဖူးတာ။”

ရှောင်းယီက ဖြေလိုက်သည်။

“ဘာ... ရေသူမ!”

လူတိုင်းက တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။

ကျန်းယွင်ထျန်းသည် ဖုံးအုပ်ထားသော ပိတ်စကို မြှောက်လိုက်သောအခါ အောက်ပိုင်းရှိ ငါးအမြီးသည် ချက်ချင်းပင် လူတိုင်းရှေ့၌ ပေါ်ထွက်လာခဲ့လေသည်။

လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူတို့သည် ဤကဲ့သို့သောသတ္တဝါမျိုးကို ရုပ်ရှင်နှင့် တီဗီပြပွဲများတွင်သာ မြင်ဖူးခဲ့ကြပေသည်။

“ဒါကို ဘယ်သူတွေ့ခဲ့တာလဲ။”

အန်းယွဲ့က မေးလိုက်သည်။

“စွန်းကုထောင် စီစဉ်ပေးထားတဲ့ ငါးဖမ်းဖို့သွားတဲ့ ဒေသခံတွေပဲ။ သူတို့က ကျုပ်တို့လမ်းကြောင်းပေါ်မှာ သူမကိုဖမ်းမိခဲ့တာ။”

ရှောင်းယီက ဖြေလိုက်သည်။

“ရေသူမတွေ ပြီးတော့ အရင်က ဘီလူးခြေထောက်အရိုးတစ်ချောင်း...ဒီကမ္ဘာက မရိုးရှင်းဘူး။”

ယွမ်နွန်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် အဲ့ဒါကြောင့် ကျုပ်က ဒီရေသူမကို ညဘက်မှာခေါ်လာပြီး သတင်းအချက်အလက်တွေ ကြိုတင်သိရှိနိုင်မလားလို့ ကြည့်ချင်တာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီလိုမျိုးသတ္တဝါကို အဲဒီဒေသခံတွေရော မြင်ဖူးကြလား။”

အန်းယွဲ့သည်လည်း ရှောင်းယီနည်းတူ တွေးလိုက်မိသည်။

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျုပ်မေးကြည့်သေးတယ်။ အနည်းဆုံး စွန်းကုထောင် ရဲကျွန်းက ဒေသခံတွေကတော့ ဒီလိုသတ္တဝါမျိုး မမြင်ဖူးကြဘူး။ မနက်ဖြန်ကျရင် ကျုပ်တို့မှာရှိတဲ့ ဒေသခံမှော်ဆရာတွေနဲ့ ခေါင်းဆောင်တွေအားလုံးကို စုစည်းပြီး မေးမြန်းကြည့်မယ်။”

“ကောင်းပြီ။”

အန်းယွဲ့နှင့် ကျန်းယွင်ထျန်းတို့က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

“သူမ အသက်ရှင်နေသေးလား။”

လီယန်က ရေသူမကို ကြည့်ကာ မေးလိုက်သည်။

“သူမအသက်ရှင်နေသေးတယ်။ နာ့နာက သူမကိုကုသပေးပြီးပြီ။ မနက်ဖြန် ဆယ်နာရီလောက်ကျရင် နိုးလာမယ်လို့ မျှော်လင့်ရတာပဲ။”

ရှောင်းယီက ဖြေလိုက်သည်။

“ဒီမှာ ရေသူမဘာသာစကားကို နားလည်တဲ့သူ မရှိဘူးထင်တယ် ဟုတ်တယ်မလား။”

ဆုဝမ်က ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ မျက်နှာချင်းဆိုင်တွေ့နေသမျှကာလပတ်လုံး ငါနားလည်နိုင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ အားလုံးပဲ ပြန်အိပ်ကြတော့။ ဒီကိစ္စကို အရင်ဆုံး မကြေညာနဲ့ဦး။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

“ဒါဆို ဒီရေသူမကို ဘယ်မှာထားမှာလဲ။”

အန်းရန်က မေးလိုက်သည်။

“ရေကူးကန်ဘေးမှာ ထားလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

ဒေသခံအနည်းငယ်သည် ရေသူမကို ရေကူးကန်ဘေးသို့ သယ်ဆောင်သွားရန် ကူညီလိုက်ကြပြီးနောက် လူတိုင်းသည် လေးလံသောခံစားချက်များဖြင့် သူတို့၏အခန်းများဆီသို့ ပြန်သွားခဲ့ကြသည်။

ဤအချိန်တွင် ဆယ့်တစ်နာရီနီးပါးရှိနေပြီဖြစ်ပြီး ကမ်းခြေရှိ ဘာဘီကျူးပွဲသည်လည်း အဆုံးသတ်ခါနီးနေပြီဖြစ်သည်။

ဤကမ္ဘာတွင် ရက်ပေါင်း ငါးဆယ်ကျော် ရှင်ကျန်ရပ်တည်နိုင်ခဲ့သူများသည် မူလကတည်းက အခြေအနေမဆိုးကြပေ။ ထို့အပြင် အဆင့်မြင့်အစားအစာများ၏ အာဟာရဖြင့် လူတိုင်း၏ ခန္ဓာကိုယ်သည် အမျိုးမျိုးသောအဆင့်များသို့ တိုးတက်လာခဲ့ကြပြီဖြစ်သည်။

ဘီယာအများအပြားသောက်ခဲ့ကြသော်လည်း ယခင်အချိန်နှင့်နှိုင်းယှဉ်ပါက လူတိုင်းသည် တည်ငြိမ်‌နေကြဆဲပင်။

“ကောင်းပြီ အားလုံးပဲ ကျုပ်အရင်သွားလိုက်ပါဦးမယ်။ အခွင့်အရေးရရင် ဒီမှာ ဘာဘီကျူးထပ်လုပ်စားကြတာပေါ့။”

ရှုကျိုးသည် လူတိုင်းဆီသို့ လက်နှစ်ဖက်ယှက်၍ အရိုအသေပေးကာ ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်။ အခွင့်အရေးရရင် ထပ်လာကြတာပေါ့။”

“ဟုတ်တယ် ပြန်ရမယ့်အချိန်တောင် ရောက်လာပြီ။ ဒီနေ့တကယ်ကို ပျော်စရာကောင်းခဲ့တယ်။”

“ပြန်ရောက်ရင် ပိုပြီးကြိုးစားရမယ်။ ပြီးရင် နောက်ထပ်အကြိမ်အနည်းငယ်လောက် ထပ်လာမယ်။”

“ဟားဟား..ငါကတော့ ကြိုးစားစရာစရာမလိုဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က ကျုပ်ကျွန်းမှာ သူဌေးဖြစ်နေလို့ပဲ။ ကျုပ်စိတ်ကြိုက်လာနိုင်တယ်။ ဒါပေမယ့် အုတ်မြစ်ကျောက်ပြဿနာကိုတော့ ထည့်သွင်းစဉ်းစားရဦးမယ်။”

“ခင်ဗျားကိုတော့ တကယ်အားကျမိပါတယ်။”

“ကျေးဇူးပြုပြီး သင့်ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနီးမှာရှိတဲ့ မြို့ပြန်ကျောက်ကို သတ်မှတ်ပြီးရင် ပြန်ပို့ပေးပါ။”

ကမ်းခြေရှိ သင်္ဘောကြီးပေါ်မှ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ဤခရီးသွားများကို ပြန်ပို့ရန် တာဝန်ရှိသူဝန်ထမ်းသည် အခြားသူများအား စတင်ညွှန်ကြားလိုက်လေသည်။

အခန်း ၅၀၇ - တုံ့ပြန်မှု၊ ရေချိုးခန်းပစ္စည်းများ၏ မိန်းကလေးများအပေါ် ဆွဲဆောင်နိုင်မှု

ထိုလူများ သူတို့၏တည်နေရာကို သတ်မှတ်ပြီးသည်နှင့် မြို့ပြန်ကျောက်များကို ပြန်လည်လဲလှယ်ပြီး တည်နေရာကူးပြောင်းရေးအထူးပြုသူများသည် မြို့ပြန်ကျောက်များကို သက်ဆိုင်ရာခရီးသွားများထံသို့ ပေးအပ်လိုက်ကြသည်။

အသုံးပြုပြီးနောက် ထိုခရီးသွားများသည် ချက်ချင်းပင် သူတို့၏ကျွန်းများဆီသို့ ပြန်ရောက်လာခဲ့ကြလေသည်။

ရှုကျိုးသည် သူ့ရှေ့ရှိ ကျောက်တုံးအိမ်ကို ကြည့်ရှုလိုက်ပြီး ရုတ်တရက် စိတ်ဝင်စားမှုမရှိတော့သလိုပင် ခံစားလိုက်ရလေသည်။

သူသည် ယခင်က သူ့ကိုယ်သူ အကောင်းဆုံး ဖွံဖြိုးတိုးတက်နေသော အသက်ရှင်ကျန်ရစ်သူများထဲမှ တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း ယီရန်ပင်း၏ကျွန်းသို့ သွားရောက်လည်ပတ်ခဲ့ရပြီးနောက် စိတ်ဓာတ်ကျသွားခဲ့လေသည်။

လူလူချင်းနှိုင်းယှဉ်လျှင် ဒေါသထွက်စရာကောင်းပြီး ပစ္စည်းချင်းနှိုင်းယှဉ်လျှင် လွှတ်ပစ်ချင်စိတ်ပင် ပေါက်ပေသည်။

အခြားသူတွေရဲ့ကျွန်းတွေကို ကြည့်လိုက်စမ်း...အပန်းဖြေစခန်းတွေကို အများပြည်သူဆီ ဖွင့်လှစ်ထားတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။

ဆိုလိုသည်မှာ သူတို့သည် အနည်းဆုံး အပန်းဖြေစခန်းနီးပါး ကောင်းမွန်သောနေရာများတွင် နေထိုင်ကြသည်။ မဟုတ်ပါက ငတုံးများသာ အပန်းဖြေစခန်းတွင် မနေထိုင်ဘဲနေမည်ဖြစ်သည်။

“သူဌေး အပန်းဖြေစခန်းက ဘယ်လိုလဲ။”

သူ၏လက်အောက်ငယ်သားများထဲမှ တစ်ဦးက သူပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

“ဘယ်လိုနေရမှာလဲ။ အရင်ကမ္ဘာက အပန်းဖြေစခန်းတွေထက် အများကြီးပိုကောင်းတယ်။”

ရှုကျိုးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ဖြေလိုက်လေသည်။

“ကျုပ်လည်း သွားလို့ရမလား။”

လက်အောက်ငယ်သားက သတိထားပြီး မေးလိုကါသည်။

“ဟမ့် တစ်ခါသွားရင် အုတ်မြစ်ကျောက်သုံးခု‌လေ။ မင်း အုတ်မြစ်ကျောက်သုံးခု စုပြီးတဲ့အထိစောင့်။”

ရှုကျိုးက ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ လက်အောက်ငယ်သားသည် သူထံ၌ အခွင့်အရေးမရှိတော့ကြောင်း သဘောပေါက်သွားခဲ့လေသည်။ သူသည် ရှုကျိုးနှင့် စာချုပ်ချုပ်ဆိုထားခဲ့ပြီး ယခုအခါ ရှုကျိုးသည် သူဖမ်းမိသော ပစ္စည်းသေတ္တာများအားလုံးကို ကိုယ်တိုင်ဖွင့်ကာ သူ့လက်ထဲသို့ ဖြတ်သန်းခွင့် မပေးတော့ပေ။ ထို့ကြောင့် လက်အောက်ငယ်သားသည် အုတ်မြစ်ကျောက်ကို မည်သို့ကိုင်တွယ်နိုင်မည်နည်း။

ရှုကျိုးသည် သူ၏လက်အောက်ငယ်သား၏ စိတ်ဓာတ်ကျဆင်းသွားမှုကို လျစ်လျူရှုကာ တိုက်ရိုက်ပင် အခန်းထဲသို့ပြန်ဝင်သွားပြီး မာကျောသောသစ်သားအိပ်ယာပေါ်တွင် လဲလျောင်းလိုက်လေသည်။

“ငလူးပဲ ဘယ်လိုတောင် ချာတူးလံနေတဲ့အိပ်ယာလဲ။ အပန်းဖြေစခန်းက ပက်လက်ကုလားထိုင်တွေကိုတောင် မမှီဘူး။”

ရှုကျိုးသည် ကျိန်ဆဲလိုက်ပြီး ထပ်မံ၍မတ်တပ်ထရပ်လကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်လေသည်။

ဤအချိန်တွင် အပန်းဖြေစခန်းသို့ သွားရောက်လည်ပတ်ခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများစွာသည် ၎င်းတို့၏ကျွန်းများသို့ ပြန်ရောက်နေကြပြီဖြစ်သည်။

ယီထျန်းဂရုသည် စတင်၍ အပြင်းအထန်ဆွေးနွေးနေကြပြီဖြစ်သည်။

“မင်းမသိဘူး သူဌေးကြီးရဲ့ အပန်းဖြေစခန်းက တကယ့်ကို အစစ်အမှန်အပန်းဖြေစခန်းပဲ။ လျှော့ဈေးမရှိဘူး။”

“အမှန်ပဲ။ အပန်းဖြေစခန်းထဲက အဆောက်အဦတွေအားလုံးမှာ အဲယားကွန်းတပ်ထားတယ်။ တကယ်ကို အဲဒီမှာလဲနေပြီးရင် လှုပ်တောင်မလှုပ်ချင်တော့ဘူး။”

“တကယ်လား။ နေရာတိုင်းမှာ အဲယားကွန်းတပ်ထားတာလား။ လျှပ်စစ်မီးတွေအားလုံးက ဘယ်ကလာတာလဲ။”

“အဟက်...မင်းဆီမှာမရှိတိုင်း သူဌေးကြီးဆီမှာ မရှိရတော့ဘူးလား။ ဒါဘယ်လိုတောင် သောက်အဓိပ္ပာယ်မရှိတဲ့ ယုတ္တိဗေဒလဲ။”

“အတိအကျပဲ။ တကယ်တော့ ကျုပ်က သူဌေးကြီးရဲ့ကျွန်းက ချစ်ပ်ပြုလုပ်တဲ့စက်ကို ပိုပြီးစိတ်ဝင်စားတယ်။ အရမ်းအစွမ်းထက်တာပဲ။”

“ဟုတ်တယ်။ ကျုပ်လေ့လာခဲ့သေးတယ်။ အဲ့ဒီချစ်ပ်က မှတ်ပုံတင်ကတ်ပြားနဲ့ ဘဏ်ကတ်လိုမျိုးဖြစ်ပြီး ငွေလွှဲလုပ်ငန်းနဲ့ ကုန်သွယ်မှုတွေမှာလည်း အသုံးပြုနိုင်တယ်။”

“ချစ်ပ်ထည့်သွင်းပြုလုပ်လို့တောင်ရတယ်။ မယုံနိုင်စရာပဲ။ ဒါဟာ တကယ်ပဲ ဒီအဆင့်မှာရှိသင့်တဲ့ စက်တစ်ခုလား။”

“အဲ့ဒါတော့ ကျုပ်မသိဘူးလေ။ ကျုပ်သိတာက ဘားမှာရှိတဲ့ဘီယာက အရမ်းချိုမြိန်တယ်ဆိုတာပဲ။ C အဆင့် နဲ့ B အဆင့်ဘီယာတောင်ရှိသေးတယ်။ ဒါပေမယ့် နည်းနည်းစျေးကြီးလို့ မဝယ်ခဲ့ရဘူး။”

“မင်းဘာတွေတွေးနေတာလဲ။ အဲ့ဒါက လုံးဝမစျေးကြီးဘူးကွ။ အရင်တုန်းက သူဌေးကြီး အဆင့်မြှင့်အစားအစာရောင်းတဲ့စျေးထက်တောင် ချိုသေးတယ်။ ပြီးတော့ အဲဒီလိုကစော်ဖောက်ထားတဲ့အစားအစာဆို ပိုပြီးအာဟာရရှိတယ်။”

“အဲ့အကြောင်းပြောရရင် နည်းနည်းနောင်တရမိတယ်။ အဲ့ဒါကို အရသာခံကြည့်ဖို့ ဝယ်ထားလိုက်သင့်တာ။ ဒါမှမဟုတ် အနည်းဆုံး တစ်ချို့တော့ ပြန်ယူလာခဲ့သင့်တယ်။”

“ကျုပ်ပြောရရင် ဖျော်ဖြေရေးစင်တာက အကောင်းဆုံးပဲ။ ကြီးမားကျယ်ပြန့်တဲ့ ဖျော်ဆဖြေရေးပစ္စည်းကိရိယာတွေမရှိပေမယ့် ဘီလိယက်၊ စစ်တုရင်၊ကျားကစားခြင်း၊ KTV နဲ့ ဂိမ်းစက်အမျိုးမျိုးရှိတယ်။ ကျုပ်ဆိုရင် အဲဒီမှာ ခြောက်နာရီအပြည့်နေခဲ့တာ။”

“ကျုပ်ရောပဲ။ နောက်ကျရင်လည်း အတူတူထပ်သွားကြရအောင်။ တစ်ယောက်တည်းကစားတာထက် အုပ်စုနဲ့ကစားရတာက ပိုကောင်းတယ်။”

“မင်းက ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုနဲ့ အုပ်စုလိုက်ကာမပွဲတွေအကြောင်းပြောနေတာလား။”

“ထွက်သွားစမ်း မင်းက အခြားအရာတွေမှာ အသုံးမကျပေမယ့် စကားအရှိန်ပျက်အောင်လုပ်တာတော့ တကယ်ကျွမ်းတာပဲကွ။”

“ငါအကြိုက်ဆုံးက သူဌေးကြီးဆီမှာ အခမဲ့ရေချိုးလို့ရတာပဲ။ ပြီးတော့ တစ်ကြိမ်ကို ရေချိုးဆပ်ပြာအခမဲ့ပေးသေးတယ်။ ငါဆိုရင် နှစ်လနီးပါးလောက် နံစော်နေတာ။ ဒီနေ့မှပဲ အနံ့ကောင်းကောင်းပြန်ရတော့တယ်။”

“ဘာ။ သူဌေးကြီးရဲ့ကျွန်းမှာ ရေချိုးလို့ရတယ်လား။ ပြီးတော့ ရေချိုးဆပ်ပြာပါပါသေးတယ်လား။”

ရှောင်းယီ၏ကျွန်းတွင် ရေချိုးလို့ရပြီး ရေချိုးဆပ်ပြာပါရှိသည်ကို ကြားရခြင်းသည် ထိုအမျိုးသမီး အသက်ရှင်ကျန်ရစ်သူများအတွက် ခံနိုင်ရည်မရှိသော အဆိပ်တစ်မျိုးပင်ဖြစ်သည်။

“ဟုတ်တယ်..သဘာဝဆပ်ပြာသီးကနေ လုပ်ထားတယ်လို့ပြောတာပဲ။ ပြီးတော့ ခေါင်းလျှော်တဲ့နေရာမှာလည်း သုံးလို့ရတယ်။”

“ငါမခံနိုင်တော့ဘူး။ အခုချက်ချင်း ငါ့ကိုအဲဒီကိုပို့ပေးကြပါတော့။”

“အပေါ်ထပ်ကလူ မင်းလက်မှတ်ရထားပြီးပြီလား။”

“ဒါပေါ့ ငါက အတော်လေးမြန်တယ်လေ။”

“ဒါဆို မင်းရဲ့ယောက်ျားကတော့ တကယ်ကံကောင်းတာပဲ။”

“ထွက်သွားစမ်း ငါက အဲဒီလိုမျိုး ညစ်ပတ်တဲ့အရာတွေနဲ့ မကစားဘူး။”

“ကျေးဇူးပြုပြီး သူဌေးကြီး၊ နောက်ထပ်အပေါက်တွေ ထပ်ဖွင့်ပေးပါဦး။ ကျွန်မ တကယ်ကို ရေချိုးချင်နေပြီ။”

“သူဌေးကြီး ရေချိုးဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေ ကျွန်မကိုရောင်းပေးပါလား။”

ရှောင်းယီသည် သူ၏အိပ်ခန်းသို့ ပြန်ရောက်သည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် သူ့ကိုရှာဖွေနေသည်ဟု အဆက်မပြတ်သတိပေးနေသည်ကို ကြားလိုက်ရလေသည်။

ယီထျန်းဂရုကိုဖွင့်လိုက်သောအခါ လူတစ်စုသည် ဂရုထဲတွင် သူ့ကို @ လုပ်ထားသည်ကို တွေ့လိုက်ရသည်။

ကြည့်ရှုပြီးနောက် သူတို့အားလုံးသည် ရေချိုးဆပ်ပြာကဲ့သို့သော ပစ္စည်းများကို ဝယ်ယူလိုကြောင်း တွေ့ရှိခဲ့ရသည်။

ယခုအခါ ကျွန်းပေါ်တွင် လူအလုံအလောက်ရှိနေပြီဖြစ်ပြီး ဤပစ္စည်းများ၏ ကုန်ကြမ်းများသည်လည်း ကျွန်းပေါ်တွင်ရှိပြီး ကုန်ခန်းခြင်းမရှိဟုပင် ဆိုနိုင်ပေသည်။ မည်သို့ပြုလုပ်ရမည်ကိုသာ သိရှိထားပါက ဤပစ္စည်းများသည် ကုန်ခန်းခြင်းမရှိဟုပင် ဆိုရပေမည်။

“ကောင်းပြီ မနက်ဖြန်ကျရင် အဖွဲ့ကို စျေးနှုန်းသတ်မှတ်ခိုင်းလိုက်ပါ့မယ်။”

ရှောင်းယီက အုပ်စုထဲတွင် ပြန်ဖြေလိုက်လေသည်။

“သိပ်ကောင်းတယ်။ သူဌေးကြီးက ဒီပစ္စည်းတွေကို ရောင်းဖို့သဘောတူလိုက်ပြီ။ ကျွန်မကိုယ်ကျွန်မတောင် ပေးပစ်လိုက်ချင်တယ်။”

“မင်းကလိုချင်တယ်ပေါ့။ လူတိုင်းလည်း လိုချင်တယ်လေ။ ဒါပေမယ့် သူဌေးကြီးက မလိုချင်ဘူးဟ။”

“သူဌေးကြီးရဲ့ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ရေချိုးခန်းပစ္စည်းတွေသာရှိရင် နောက်ဆုံးတော့ ကောင်းကောင်းရေချိုးလို့ရပြီ။”

ရှောင်းယီသည် အုပ်စုထဲတွင် ထပ်မံပြောကြားလိုက်သည်။

“လူအများကို ကျုပ်တို့ကျွန်းရဲ့ကတ်ကို လျှောက်ထားဖို့ အကြံပြုပါတယ်။ ဒါက ကုန်သွယ်မှုတွေကို ပိုမိုလွယ်ကူစေပြီး လျှော့ဈေးအနည်းငယ်လည်းရှိပါတယ်။”

“လျှောက်မယ်...သေချာပေါက်လျှောက်မယ်။ သူဌေးကြီးက မြင်နိုင်၊ ထိတွေ့နိုင်တဲ့ လျှော့ဈေးတွေပေးနေတာ။ ကတ်သာမလျှောက်ရင် ရူးနေလို့ပဲ။”

“မင်းတို့ပြောတာကြားလိုက်ရမှ အပန်းဖြေစခန်းကို တကယ်သွားချင်လာပြီ။ လက်မှတ်တစ်ခုမှမရတာ ဝမ်းနည်းစရာပဲ။”

“မဝမ်းနည်ပါနဲ့။ နောက်ထပ်အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။”

“မှန်တယ်။ နောက်ဆုံးကျရင် ငါတို့အလှည့်ရောက်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့အုတ်မြစ်ကျောက်တွေက မလုံလောက်သေးဘူး။”

“မှန်တယ်...နောက်ဆုံးကျရင် ငါတို့အလှည့်ရောက်လာလိမ့်မယ်။ စောတာနဲ့ နောက်ကျတာပဲ ကွာတာပါ။”

ဂရုသည် သူ၏အပန်းဖြေစခန်းအကြောင်း အဆက်မပြတ်ဆွေးနွေးနေသည်ကို ကြည့်ရင်း ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်သည်။

“လူတိုင်းပဲ အခုတလော ပုံမှန်မဟုတ်တဲ့အရာတွေကို သတိထားမိကြလား။ ဒါမှမဟုတ် ထူးဆန်းတာတစ်ခုခု ဖမ်းမိကြသေးလား။”

“ပုံမှန်မဟုတ်တဲ့ဟာလား။ မရှိပါဘူး။ ဒီမှာတော့ အားလုံးပုံမှန်ပါပဲ။ ရာသီဥတုကပူလွန်းလို့ အပြင်ထွက်မသွားချင်တာနဲ့ ပစ္စည်းသေတ္တာအနည်းငယ်တောင် လွတ်သွားခဲ့သေးတယ်။”

“မရှိပါဘူး။ ကျုပ်ဖွင့်လိုက်တဲ့ပစ္စည်းတွေကလည်း ပုံမှန်ပဲ။ အရင်ကထက်စာရင်တော့ တစ်ခါတစ်ရံမှာ သေနတ်လိုမျိုးပစ္စည်းတွေတော့ ဖွင့်မိတယ်။”

“ဟုတ်တယ် ကျုပ်လည်းအဲဒီလိုပဲ။ သူဌေးကြီးက ထူးဆန်းတာတစ်ခုခုကို ဖမ်းမိခဲ့လို့လား။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မဟုတ်ပါဘူး..အရင်က ဘီလူးခြေထောက်ရိုးချောင်းကို တစ်စုံတစ်ယောက်က ဖမ်းမိခဲ့တယ်မို့လား။ အဲ့ဒါကြောင့် နောက်ထပ်မေးခွန်းနည်းနည်းလောက် မေးကြည့်တာပါ။ အခုဆိုရင် လူတိုင်းက ဒေသခံတွေရဲ့တိုက်ခိုက်မှုကို အခြေခံအားဖြင့် ကိုင်တွယ်နိုင်နေပြီ။ ဒါပေမယ့် ဒေသခံတွေက ဆက်တိုက်တိုးတက်နေတော့ ကျုပ်တို့အနားယူလို့မရဘူး။”

“သူဌေးကြီးသတိပေးတာ မှန်ပါတယ်။ ဒီနေ့တိုက်ခိုက်လာတဲ့ ဒေသခံတွေက ကျုပ်တို့ရဲ့လောက်လွှဲတွေကို ကာကွယ်နိုင်နေပြီ။ သူတို့သင်္ဘောတွေမှာလည်း လောက်လွှဲတွေရှိတယ်။ ဒါပေမယ့် အဲ့ဒါကလည်း တစ်ချက်ပစ်လောက်လွှဲတွေပါပဲ။”

“ဟုတ်တယ်...ကစားတာလည်းကစား၊ ရယ်စရာပြောတာလည်းပြောပေါ့။ ဒါပေမယ့် အသက်ရှင်သန်ရပ်တည်ရေးကိစ္စကိုလည်း ပြက်ရယ်အပြုကြနဲ့။”

“ဒါပေမယ့် ဒီနှုန်းထားအတိုင်းတိုးတက်နေတာက နည်းနည်းနှေးနေသေးတယ်။”

“ရတနာမြေပုံတစ်ခုလောက် တူးဖော်နိုင်ရင် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို အရှိန်မြှင့်နိုင်လိမ့်မယ်။ သူဌေးကြီး အဲ့ဒါကို တူးဖော်နိုင်သရွေ့ပေါ့။”

“ဟက် ရတနာမြေပုံလား။ အဲ့ဒါကိုရဖို့ ဘယ်လိုလုပ်လွယ်မှာလဲ။”

All Chapters