← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း ၅၁၇ - ရေသူမပြန်ပေါ်လာခြင်း၊ ခရီးဆောင်ဆက်သွယ်ရေးစက်

ဖန်မင်လုံသည် ပန်ပျန့်ထျန်းကို တစ်ချက်ကြည့်လိုက်ကာ အခြားသူများ၏ ပြက်လုံးထုတ်မှုကို လျစ်လျူရှုပြီး သူ့ရှေ့တွင်ရှိသော တုတ်ထိုးများကိုသာ ဆက်လက်ကိုင်တွယ်လိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး။”

ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။

“အစ်မက ဘယ်တော့ပြန်မှာလဲ။”

“ည ၁၁ နာရီလောက်မှပဲ ပြန်ဖြစ်မယ်။”

ပန်ပျန့်ထျန်းက ပြန်ဖြေလိုက်သည်။

“မင်းဒီမှာပဲ နေ့တိုင်းနားနေတာလား။”

“ဒါပေါ့ အတွင်းဘက်မှာက ကျွန်မအတွက် နေရာမရှိဘူးလေ။”

ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။

ဖန်မင်လုံက ဖန်ချင်းလွမ်ကို ခြေထောက်နှင့်ကန်လိုက်၏။ ဖန်ချင်းလွမ်သည် သူမ စကားလွန်သွားပြီဟု ခံစားလိုက်ရပြီး ချက်ချင်းပင် ပါးစပ်ပိတ်လိုက်လေသည်။

ပန်ပျန့်ထျန်းသည် ဖန်မင်လုံ၏ သေးငယ်သောလှုပ်ရှားမှုကို မြင်လိုက်ရသော်လည်း ဂရုမစိုက်ဘဲ ဆက်မေးလိုက်သည်။

“မင်းဒီမှာ ရေသူမကိုမြင်ဖူးလား။”

“ရေသူမလား။”

ဖန်ချင်းလွမ်က ခေါင်းခါကာ မေးလိုက်သည်။

“ဒီနေ့လူတွေအများကြီးမြင်လိုက်တဲ့ ရေသူမအကြောင်းကို ပြောနေတာလား။”

ပန်ပျန့်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မ တကယ် မမြင်ဖူးဘူး။”

ဖန်ချင်းလွမ်က ဆက်ပြောလိုက်သည်။

“အင်း...အခွင့်အရေးရှိလို့ မင်းနဲ့ထပ်တွေ့ရရင် စကားပြောထပ်ကြတာပေါ့။”

ပန်ပျန့်ထျန်းက စကားပြောဆိုမှုကို အစပြုကာ အဆုံးသတ်လိုက်ပြီး ထွက်သွားခဲ့သည်။

ရိုးရှင်းသောစကားပြောဆိုမှုတစ်ခုသာဖြစ်သော်လည်း ပန်ပျန့်ထျန်းသည် သတင်းအချက်အလက်အချို့ကို ရရှိခဲ့လေသည်။

ပထမဦးစွာ ဖန်ချင်းလွမ်နှင့် သူမ၏အစ်ကိုသည် သူဌေးတို့အဖွဲ့၏ အတွင်းပိုင်းအဖွဲ့ဝင်များမဟုတ်ပေ။ ဒုတိယအနေဖြင့် ဤရေသူမသည် မကြာသေးမီက သို့မဟုတ် ယနေ့မှ ပေါ်လာခဲ့ခြင်းဖြစ်သင့်သည်။ နောက်ဆုံးအနေဖြင့် ဖန်ချင်းလွမ်၏ ကျွန်းပေါ်ရှိအခြေအနေများအား အားကျမှုအရ ကျွန်းသည် ဤအပန်းဖြေစခန်းထက် ပိုမိုကောင်းမွန်နိုင်ကြောင်း ဖော်ပြနေပေသည်။

“ယီရန်ပင်းက ဘယ်လိုလုပ်ပြီး အခုလိုမျိုး ဖွံ့ဖြိုးတိုးတက်လာခဲ့တာလဲ။”

ပန်ပျန့်ထျန်းသည် သုမ၏မျက်ခုံးများကို စုကျုံ့ကာ စဉ်းစားလိုက်မိသည်။

“ဒီရေသူမက ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ မျိုးနွယ်စုတစ်ခုလား။ သူက ငါတို့ရဲ့နောက်ထပ်ရန်သူတစ်ယောက် ဖြစ်လာနိုင်မလား။”

ပန်ပျန့်ထျန်းသည် ဤမေးခွန်းများ၏အဖြေကို ချက်ချင်း အဖြေမရှာနိုင်သေးပေ။ ခရီးသွားများသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည်၍ တည်နေရာကူးပြောင်းလိုက်ကြသည်။

ယီထျန်းဂရုသည်လည်း နောက်ထပ်တစ်ဖန်ပြန်လည်၍ စည်ကားလာခဲ့ပြန်သည်။

“သူဌေးရဲ့ကျွန်းက အရမ်းသက်တောင့်သက်သာရှိတာပဲ။ ငါ တကယ် ပြန်ကိုမလာချင်ဘူး။”

“ဟုတ်တယ်...မဟုတ်သေးဘူး။ ကျုပ် အုတ်မြစ်ကျောက်တွေ မြန်မြန်စုရမယ်။ အခွင့်အရေးရရင် ပြန်သွားရမယ်။ ဟုတ်သားပဲ...ဒီနေ့ရော လက်မှတ်ဘယ်နှစ်ခုရှိလဲ။”

“တစ်ရာပဲ။ သူဌေးကပြောတယ်...ဒါကအများဆုံးပမာဏပဲတဲ့။ နောက်ပိုင်းမှာ ဒီထက်ပိုပြီး မတင်တော့ဘူး။”

“လူတစ်ရာလား။ သူဌေးရဲ့ကျွန်းမှာရှိတဲ့ အစီအစဥ်တွေကို သက်ရောက်မှုရှိသွားမလားမသိဘူး။”

“အပေါ်ကလူ မင်းဒီမနက် B-အဆင့် လူတစ်ယောက်ပြဿနာရှာတာ မြင်ခဲ့တယ်မဟုတ်ဘူးလား။ ဘားပိုင်ရှင်က လက်ဝါးတစ်ချက်တည်းနဲ့ ဖြတ်ရိုက်ပစ်လိုက်တယ်လေ။”

“ဘာ...သူဌေး ဒီမနက်ပြောတဲ့ပြဿနာရှာတယ်ဆိုတဲ့သူက B-အဆင့်ရုပ်ခန္ဓာလား။”

“ဟုတ်လောက်တယ်။ တစ်ချက်တည်းနဲ့ ဖိနှပ်ခံလိုက်ရပြီးတော့ အဲ့လူက မဖြစ်နိုင်ဘူးဆိုပြီးတော့ ကြောက်လန့်တကြားနဲ့ ထပ်လဲလဲပြောနေခဲ့တာပဲ။”

“B-အဆင့်ကို လက်ဝါးတစ်ချက်တည်းနဲ့ ဖိနှိပ်ပစ်နိုင်တယ်ဆိုတော့ အနည်းဆုံး A-အဆင့်တော့ဖြစ်သင့်တယ်မလား။”

“ဖြစ်သင့်တယ်...ဘာပဲဖြစ်ဖြစ် ငါ့လို C-အဆင့်လူတစ်ယောက်တောင်မှ သူ့ရဲ့မြန်နှုန်းကိုလိုက်မီဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ရဲ့ခွန်အားနဲ့လည်း မနှိုင်းယှဉ်နိုင်ဘူး။”

“A-အဆင့်အသက်ရှင်ကျန်ရစ်သူတွေက ဘားရဲ့ခေါင်းဆောင်လုပ်နေတာလား။ သူဌေးရဲ့လက်အောက်ငယ်သားတွေအားလုံးက အဲ့လောက်တောင် အဆင့်မြင့်တာလား။”

“သူဌေးရဲ့စွမ်းအားက တစ်ရက်ပြီးတစ်ရက် ပိုပိုပြီးအားကောင်းလာနေတာ ဘာအံ့သြစရာရှိလို့လဲ။ အံ့သြစရာကောင်းတာက ငါတို့အဲ့ဒီအပန်းဖြေစခန်းရဲ့ကမ်းခြေမှာ ရေသူမတစ်ကောင်ကို မြင်လိုက်ရတာပဲ။”

“ဘာ...ရေသူမလား။ မင်းမျက်လုံးမှာ ပြဿနာရှိနေတာမဟုတ်ဘူးလား။”

“ငါမျက်လုံးက ပြဿနာရှိနေတယ်ဆိုရင်တောင်မှ အဲ့ဒီမှာ လူဆယ်ယောက်ကျော်ရှိတယ်။ သူတို့အားလုံးရဲ့မျက်လုံးတွေကရော ပြဿနာရှိနေကြတာလား။”

“အမှန်ပဲ။ ငါလည်းမြင်လိုက်တယ်။ တကယ့်ကို ရေသူမပဲ။ ဒါပေမယ့် ထူးဆန်းတာက ခဏလေးပဲပေါ်လာပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာပဲ။”

“အရမ်းစိတ်လှုပ်ရှားစရာကောင်းမှာပဲ။အဲ့ ဒီရေသူမက ဘယ်လိုပုံစံရှိလဲမသိဘူး။”

“ဒါပေါ့ အပေါ်ပိုင်းက လူသားနဲ့ အောက်ပိုင်းက ငါးအမြီးမျိုးပုံစံပဲ။ မဟုတ်ရင် အပေါ်ပိုင်းက ငါးခေါင်း၊ အောက်ပိုင်းက လူသားခြေထောက်နဲ့ဖြစ်ရမှာလား။”

“မဟုတ်ဘူး‌လေ။ ငါဆိုလိုတာက အပေါ်ပိုင်းမှာအဝတ်အစားဝတ်ထားလားလို့။”

“ငလူး မင်းက တကယ်ကို နှာဘူးပဲ။ ဒါပေမယ့်တကယ်ကို ဘာမှမဝတ်ထားဘူး။”

“ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသွားပြီ။ ဆက်ပြောပါဦး။”

“အကုန်လုံးက အကြေးခွံတွေချည်းပဲ။”

“ငလူး ငါက ဘောင်းဘီတောင် ချွတ်လိုက်ပြီလေ။ အခုမှ မင်းက ဒီလိုပြောစရာလားကွ။”

“ကျေးဇူးပြုပြီး မင်းဘောင်းဘီကို ပြန်ဆွဲတင်လိုက်တော့။ ရေသူမက မင်းတို့နားကို ချဉ်းကပ်သလားဆိုတာကို ငါပိုစိတ်ဝင်စားတယ်။”

“မဟုတ်ဘူး...အဲ့ဒါက ခဏလေးပဲပေါ်လာပြီး ပြန်ပျောက်သွားတာ။ ငါတို့က အပန်းဖြေစခန်းရဲ့ကမ်းခြေမှာပဲနေရဲပြီး ရေနက်ထဲထိ မသွားရဲဘူး။”

“မျိုးစိတ်အသစ်ပဲ။ သူတို့ဆီမှာလည်း ကိုယ်ပိုင်ယဉ်ကျေးမှုရှိနေမယ်ဆိုရင် ကျုပ်တို့အတွက် ကောင်းတဲ့အရာမဟုတ်ဘူး။”

ဂရုထဲတွင် အပေါ်ပိုင်းခန္ဓာကိုယ်နှင့် တွေးတောဆင်ခြင်နိုင်သည့် သတ္တဝါများ ရှိနေဆဲပင်။

“ဟုတ်တယ်...အဲ့ဒီမှာရေသူမတွေက ရှေးပညာပေးပုံပြင်ထဲက ရေသူမတွေလိုမျိုးမဟုတ်ဘူး။ သူတို့က ငါတို့ကို ရန်ငြိုးဖွဲ့နိုင်ခြေရှိတယ်။”

“မဖြစ်နိုင်ဘူး...ဒေသခံတွေတောင် လုံးဝမကုန်သေးဘူးလေ။ အခုရေသူမျိုးနွယ်စုပါ ပါလာပြီလား။ ငါပျော့သွားပြီကွာ။”

“ဒီကမ္ဘာကြီးအကြောင်းကို ငါတို့သိထားတာက နည်းနေသေးတယ်။”

ဤစကားပြောလိုက်သည်နှင့် လူတိုင်းသည် အချိန်တစ်ခုအထိ စကားပြောဆိုလိုစိတ်များ ဆုံးရှုံးသွားခဲ့ကြလေသည်။

“အိပ်လိုက်တော့။ အဲ့လောက်အများကြီးတွေးနေတာက အသုံးမဝင်ဘူး။ စစ်သားတွေရောက်လာရင် ငါတို့တားဆီးမယ်၊ ရေတွေရောက်လာရင် ငါတို့ဆည်နဲ့ကာမယ်။”

“ဟုတ်တယ်...အဲ့ဒါက တကယ်ပဲ အလုပ်မဖြစ်တော့ဘူးဆိုရင် ကျုပ်တို့အားလုံးပေါင်းစည်းလိုက်မယ်။ ဒီကမ္ဘာထက်ကျော်လွန်နေတဲ့ ကျုပ်တို့ရဲ့နည်းပညာအသိပညာနဲ့ဆိုရင် ဒီကမ္ဘာမှာခြေထောက်တစ်ဖက်တောင် ချလို့မရနိုင်ဘူးလို့ ကျုပ်မယုံဘူး။”

ထိုအချိန်တွင် ရှောင်းယီသည် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်ပြီး အပန်းဖြေစခန်း၏ရှေ့တည့်တည့် ပင်လယ်ပြင်တွင် ရေထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် လရောင်အောက်တွင် ရောင်ပြန်ဟပ်နေခဲ့ပြီး ၎င်းသည် ရှောင်းယီ ပြန်လွှတ်လိုက်သော ရေသူမဖြစ်ပေသည်။

“အရင်ကကမ်းခြေပေါ်ကလူတွေအားလုံးက အပြင်လူတွေဖြစ်သင့်တယ်မလား။ ဒါပေမယ့် ဘာလို့အဲဒီလူက သူ့ကိုယ်သူ အပြင်လူဆိုတာကို ငြင်းဆန်နေရတာလဲ။”

လင်းရှားက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။

“ဝေါင်း”

ထိုစဉ် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသောနဂါးခေါင်းကြီးတစ်ခု ရေသူမ၏အနောက်တွင် ထွက်ပေါ်လာခဲ့လေသည်။ လင်ရှား၏မျက်နှာအမူအရာသည် တမဟုတ်ချင်းပြောင်းလဲသွားပြီး သူမသည် ချက်ချင်းပင် ရေထဲသို့ ငုပ်ဆင်းလိုက်တော့သည်။

ချင်းလုံသည် သူမနောက်မှ အမှီလိုက်သွားပြီး ရေထဲသို့ ငုက်ရှိုးလိုက်၏။ သို့သော် ချင်းလုံကိုစိတ်ရှုပ်သွားစေသည်မှာ ရေထဲဆင်းသွားပြီးနောက် သူသည် ထိုရေသူမ၏ပုံရိပ်ကို နောက်ထပ်မမြင်ရတော့ပေ။

“ဟမ်...”

ကြီးမားသောနဂါးမျက်လုံးကြီးများသည် သံသယများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူသည် ရေသူမရေထဲဆင်းသွားသည်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီး မည်သို့ပျောက်ကွယ်သွားနိုင်ရသနည်း။

ချင်းလုံသည် အနီးအနားရှိပင်လယ်ပြင်ကို ဂရုတစိုက်ရှာဖွေကြည့်လိုက်သော်လည်း ဘာမျှမတွေ့ရှိခဲ့ရခြင်းက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။ သို့သော်လည်း မျှော်လင့်ချက်မရှိတော့ပေ။

နောက်တစ်နေ့ ရှောင်းယီသည် အိပ်ရာနိုးလာသည်နှင့် ချင်းလုံထံမှ တုံ့ပြန်ချက်ကို ရရှိခဲ့လေသည်။

“ကျွန်းပိုင်ရှင် မနေ့က ညသန်းခေါင်မှာ ကျုပ် အဲ့ဒီရေသူမရဲခြေရာကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် ရေထဲဆင်းပြီးနောက်ပိုင်း ပျောက်ကွယ်သွားတယ်။”

ချင်းလုံက ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ငါသိပြီ။ နေ့စဉ်ကင်းလှည့်တာကို ဆက်လုပ်လိုက်ပါ။ သူ့မှာခြေရာဖျောက်ဖို့နည်းလမ်းရှိပုံရတယ်။ သူပြန်ပေါ်လာတဲ့အထိ စောင့်လိုက်တာပေါ့။”

“ဟုတ်ကဲ့”

ချင်းလုံက တုံ့ပြန်လိုက်သည်။

ရှောင်းယီသည်လည်း အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။ အိပ်ယာမှထပြီး ရေချိုးပြီးနောက် သူ၏စိတ်ထဲတွင် တွေးလိုက်သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ခရီးဆောင်ဆက်သွယ်ရေးစက် (SSS အဆင့်) (ခေါ်ဆိုမှုချစ်ပ်ပါဝင်သည်) 30။”

“ခရီးဆောင်ဆက်သွယ်ရေးစက် (SSS အဆင့်)- စွမ်းအားကြီးမားပြီး သယ်ဆောင်ရလွယ်ကူသော အရွယ်အစားသေးငယ်သည့် ဆက်သွယ်ရေးစက်ဖြစ်ပြီး အလင်းစွမ်းအင်ဖြင့် အားသွင်းထားသည်။ အလင်းရောင်ရှိသမျှကာလပတ်လုံး ရပ်တည်နိုင်သည်။ ခေါ်ဆိုမှုချစ်ပ်ကိုတပ်ဆင်ထားပါက အခြေစိုက်စခန်းနှင့် အပြန်အလှန်ဆက်သွယ်ကာ အဝေးမှသတင်းအချက်အလက်ဖလှယ်ခြင်းကို အချိန်နှင့်တပြေးညီ အောင်မြင်စေနိုင်သည်။”

“ဒါက မိုဘိုင်းလ်ဖုန်းမဟုတ်ဘူးလား။ စနစ် မင်းကတော့ တကယ်ကို တစ်ခုခုပဲ။ နှစ်ရက်အတွင်း မင်းက ငါ့ဆီကို ဒီပစ္စည်းပို့ပေးလိုက်တယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

ဤပစ္စည်းသည် မနေ့ကရရှိခဲ့သော အခြေစိုက်စခန်း(basic station) နှင့်အတူ အသုံးပြုရန်အတွက်ဆိုသည်မှာ ရှင်းနေပေသည်။ ၎င်းသည် ယခင်က ပြောခဲ့သည့် အဝေးမှ အချိန်နှင့်တပြေးညီ ဆက်သွယ်ရေးပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးလိုက်ပြီဖြစ်သည်။

ရှောင်းယီ၏အမြင်တွင် ဤပစ္စည်း၏ပိုမိုနက်ရှိုင်းသောအဓိပ္ပာယ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ခွဲထွက်လိုက်သော ဆက်သွယ်ရေးသည် ပိုမိုလုံခြုံသည်ဟူ၍ပင်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ဤကမ္ဘာ၏စည်းမျဉ်းများ၏ ထုတ်ကုန်တစ်ခုဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်ပေါ်ရှိ သူတို့၏ဆက်သွယ်ရေးသည် ဤကမ္ဘာ၏စည်းမျဉ်းများအောက်တွင် လုံးဝထုတ်ဖော်ပြသခံရလျက်ရှိသည်။

ဤဆက်သွယ်ရေးစက်ကို အသုံးပြုခြင်းသည် ဤကမ္ဘာ၏စည်းမျဉ်းများ၏ စောင့်ကြည့်မှုကို လုံးဝရှောင်ရှားနိုင်ချင်မှ ရှောင်နိုင်မည်ဖြစ်သော်လည်း ဤကမ္ဘာ၏စည်းမျဉ်းများသည်လည်း ၎င်းတို့ကို စောင့်ကြည့်ရန် အချိန်ရှိချင်မှရှိပေလိမ့်မည်။ ၎င်းသည် ကျွန်းအထိမ်းအမှတ်ကျောက်ကို အသုံးပြုခြင်းထက် ပိုကောင်းသည်ဟု ခံစားရ‌ပေသည်။

အခန်း ၅၁၈ - AI ပါသော ဆက်သွယ်ရေးစက်၊ ကျွန်းအတွင်းသို့ဝင်ရောက်ခြင်း

ရှောင်းယီသည် စနစ်အာကာသထဲမှ ဆက်သွယ်ရေးစက်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် ယခင်ကမ္ဘာမှ မိုဘိုင်းလ်ဖုန်းများနှင့် အနည်းငယ်ဆင်တူပေသည်။

ဆက်သွယ်ရေးစက်သည် အနက်ရောင်လေးထောင့်ပုံစံတစ်ခုဖြစ်ပြီး အညီအမျှအထူရှိသဖြင့် ကိုင်ရသည်မှာလည်း အလွန်အဆင်ပြေသည်။

ရှောင်းယီသည် ကိရိယာတစ်ခုလုံးတွင် ခလုတ်များကို ရှာမတွေ့သဖြင့် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဒီဟာကို ဘယ်လိုဖွင့်ရမှာလဲ။”

“အသံနဲ့ဖွင့်ရမယ်။”

စနစ်က ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် ထိုဆက်သွယ်ရေးစက်ကိုကြည့်ကာ “ဖွင့်” ဟုပြောလိုက်သည်။

“ဒင်း..”

မူလက အမှောင်ချထားသော မျက်နှာပြင်သည် ချက်ချင်း တောက်ပလာခဲ့သည်။

“ပထမဆုံးအကြိမ် အသက်သွင်းခြင်း: အသုံးပြုသူနှင့် ချိတ်ဆက်ရန် သို့မဟုတ် အသုံးပြုမှုညွှန်ကြားချက်များကို ကြည့်ရှုရန် ရွေးချယ်ပါ။”

ဆက်သွယ်ရေးစက်မှ နားဝင်ချိုသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အသုံးပြုသူနဲ့ချိတ်ဆက်မယ်။”

ရှောင်းယီသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပြန်ဖြေလိုက်သည်။

“ကျေးဇူးပြုပြီး လုပ်ဆောင်ချက်လမ်းညွှန်အတိုင်း အသံ၊ လက်ဗွေ၊ မျက်နှာ၊ မျက်ဝန်းနှင့် အခြားသတင်းအချက်အလက်များကို စုဆောင်းပါ။”

ဆက်သွယ်ရေးစက်၏ ညွှန်ကြားချက်အတိုင်း ရှောင်းယီသည် ပြောသည့်အတိုင်းပြုလုပ်ပြီး ဆက်သွယ်ရေးစက်ကို ချိတ်ဆက်လိုက်သည်။

“ဒီဆက်သွယ်ရေးစက်က ငါတို့အရင်ကမိုဘိုင်းလ်ဖုန်းတွေနဲ့ အတူတူပဲလား။”

ရှောင်းယီက ဆက်သွယ်ရေးစက်ကိုကြည့်ကာ မေးလိုက်သည်။

ဤတစ်ကြိမ်တွင် စနစ်က ဘာမှပြန်မပြောခဲ့ဘဲ ဆက်သွယ်ရေးစက်ကသာ ပြန်ဖြေလာခဲ့သည်။

“သင်ပြောတဲ့မိုဘိုင်းလ်ဖုန်းတွေထက် အများကြီးပိုအဆင့်မြင့်ပါတယ်။ ဒီထဲမှာ မိုဘိုင်းလ်ဖုန်းမှာရှိသမျှလုပ်ဆောင်ချက်အားလုံး ပါဝင်ပါတယ်။”

ရှောင်းယီ နောက်ထပ်တဖန် ထပ်၍အံ့အားသင့်သွားခဲ့သည်။

“မင်းက မိုဘိုင်းလ်ဖုန်းတွေအကြောင်းလည်း သိတာပဲလား။”

“ကျုပ်က ဉာဏ်ရည်တုဖြစ်ပြီး အခြေခံသတင်းအချက်အလက်တွေ ရှိပါတယ်။”

“မိုဘိုင်းလ်ဖုန်းမှာ ဉာဏ်ရည်တုတပ်ထားတာလား။”

ရှောင်းယီ၏နှုတ်ခမ်းထောင့်စွန့်များ တွန့်လိမ်သွားကာ ပြောလိုက်သည်။

“ဒါကနည်းနည်းဖြုန်းတီးရာမကျဘူးလား။”

“ကျုပ်လိုရိုးရှင်းတဲ့ ဉာဏ်ရည်တုက ထုတ်လုပ်ဖို့မခက်ခဲပါဘူး။”

ရှောင်ယီက မျှော်လင့်ချက်ကင်းမဲ့စွာပြောလိုက်သည်။

“ဒါဆို ငါ့ဖုန်းနံပါတ်ကဘာလဲ။”

“သင်ကိုယ်တိုင်သတ်မှတ်နိုင်ပါတယ်။”

“ဒါဆို ငါ့နံပါတ်ကို 6601 လို့သတ်မှတ်ပေးပါ။ ကျန်တာတွေကိုတော့ ၆၆၃၀အထိ နံပါတ်အစဉ်လိုက်တပ်လိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“သင့်သဘောပါပဲ။”

ထို့နောက် ရှောင်းယီသည် ဆက်သွယ်ရေးစက်အားလုံးကို ထုတ်ယူလိုက်ပြီး အရင်ဆုံး နံပါတ်များကို သတ်မှတ်ကာ စက္ကူဖြူပေါ်တွင် ရေးမှတ်ထားလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီ၏ ဝေါ်ကီတော်ကီမှ အသံမြည်လာခဲ့သည်။

“ကျွန်းပိုင်ရှင် သူတို့အားလုံးရောက်လာပါပြီ။ အပန်းဖြေစခန်းမှာတွေ့မလား၊ ဒါမှမဟုတ် နေရာအသစ်တစ်ခုရှာလိုက်ရမလား။”

အန်းယွဲ့က မေးလိုက်သည်။

ယနေ့ ခရီးသွားအယောက် ၁၀၀ ကို လက်ခံရမည်ဖြစ်သောကြောင့် အန်းယွဲ့သည် ထိုနေရာတွင် ဆူညံလွန်းမည်ကို စိုးရိမ်နေခဲ့သည်။

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“သူတို့တွေက အတော်လေးကြိုးစားကြတယ်။ ကျေးဇူးပြုပြီး သူတို့ကိုတံတိုင်းအတွင်းကို ခေါ်ခဲ့လိုက်ပါ။ ငါတို့ ဗီလာထဲမှာ နေ့လည်စာစားကြမယ်။ ဒီအတွက် ပြင်ဆင်ထားလိုက်ပါဦး။”

“ဟုတ်ကဲ့။”

အန်းယွဲ့က တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် စွန်းကုထောင်တို့အဖွဲ့သည် ဘားထဲတွင်ထိုင်ကာ ဝင်ထွက်သွားလာနေသော ခရီးသွားများကိုကြည့်ရင်း စကားပြောနေခဲ့ကြသည်။

“ကျွန်းပိုင်ရှင် ဒီလိုလုပ်နေတာက လူတိုင်းရဲ့လက်ထဲက အုတ်မြစ်ကျောက်တွေအားလုံးကို ညှစ်ထုတ်ဖို့ပဲ။”

စွန်းယောင်က ပြုံးရင်းပြောလိုက်သည်။

စွန်းကုထောင်က ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ် ဒီကိုတစ်ခါလာပြီးရင် ပြန်ချင်တော့မှာမဟုတ်ဘူး။”

“ဟုတ်တယ်...ပြီးတော့ ဒီလူတွေက မဟာမိတ်အဖွဲ့ကအပ်နှံထားတဲ့တာဝန်တွေနဲ့ ရောက်လာကြတာပဲ။ ကျွန်းပိုင်ရှင်က အဆင့်မြင့်အစားအစာအနည်းငယ်ထုတ်ယူလိုက်ရုံနဲ့ အကုန်လုံး လုယက်ခံရနိုင်ချေရှိတယ်။”

ပိုင်ချီကလည်း ထောက်ခံလိုက်သည်။

“အရေးအကြီးဆုံးကတော့ တစ်ဦးပိုင်လုပ်ငန်းဖြစ်နေတာပဲ။ တစ်နှစ်အတွင်းမှာ ဒီလိုအပန်းဖြေစခန်းမျိုးတည်ဆောက်ဖို့ ဘယ်လိုကျွန်းမျိုးအတွက်မဆို ခက်ခဲလိမ့်မယ်။”

ဖန်မင်လုံက ပြောလိုက်သည်။

ထိုအခါ ချူရှန်းက ဖြတ်ပြောလိုက်သည်။

“အဲ့ဒါကြောင့် ကျုပ်တို့ရဲ့ကံက အံ့သြစရာကောင်းလောက်အောင်ကို ကံကောင်းတယ်။ ကျုပ်တို့က ကျွန်းပိုင်ရှင်နောက်ကိုလိုက်နေပြီး ကျုပ်တို့လိုချင်တဲ့အချိန်မှာ လာလို့ရတယ်။ ပြီးတော့ လစာလည်းရတယ်။ ကျုပ်တို့စိတ်ကြိုက်သုံးနိုင်တယ်။ ခင်ဗျားတို့မှတ်မိလား။ ကျုပ်တို့ပစ္စည်းတွေအတွက်ပေးရတဲ့စျေးကို ဈေးကွက်စျေးထက် ၅၀% လျှော့ပေးထားတယ်။”

ချူရှန်းသည် သူ၏အသံကို နောက်ဆုံးပိုင်းတွင် အလွန်နှိမ့်ချလိုက်လေသည်။

“ဒီလောက်ကြီးတဲ့လျှော့ဈေးမျိုး...”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

ချူရှန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကျုပ် လာရောက်လည်ပတ်တဲ့ခရီးသွားတွေနဲ့ဆက်သွယ်ပြီးပြီ။ အဲ့ဒါကို အတည်ပြုနိုင်တယ်။”

ရှောင်းယီသည် ယီထျန်းဂရုထဲတွင် ကဒ်အမျိုးအစားအမျိုးမျိုးအတွက် လျှော့ဈေးများရှိကြောင်း ပြောခဲ့သော်လည်း အပြင်ဘက်သို့ပေးမည့်လျှော့ဈေးကိုသာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်ပိုင်လူများအတွက် လျှော့ဈေးများကို အတည်ပြုထားသော်လည်း လူတိုင်းထံသို့ သေချာပေါက်အသိပေးခြင်းမရှိသေးပေ။

“၅၀% လျှော့ဈေး...ပြီးတော့ ကျုပ်တို့ရဲ့အပတ်စဉ်လစာက အရမ်းမြင့်တာ...အလကားရနေသလိုတောင် ခံစားလိုက်ရပြီ။”

စွန်းယောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်နောက်ကိုလိုက်တာက သေချာပေါက်မှန်တယ်လို့ ကျုပ်ပြောခဲ့သားပဲ။”

စွန်းယောင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။

“ကျစ် ခင်ဗျားပြောစရာလိုလို့လား။”

လူတိုင်းက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“ဒီမှာလူတွေအများကြီးပဲ ကျုပ်တို့ အပန်းဖြေစခန်းထဲမှာ အစည်းအဝေးလုပ်ရမှာလား။”

ဖန်မင်လုံက မျက်မှောင်ကျုံ့ကာ ပတ်ဝန်းကျင်ရှိ စည်ကားနေသောမြင်ကွင်းကို ကြည့်လိုက်သည်။

စွန်းကုထောင်က ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။

“မသိဘူးလေ။ အနားမှာရှိတဲ့အခန်းကြီးကြီးတစ်ခုလောက်ရှာလိုက်ရင်လည်း ရတာပဲ။”

လူတိုင်းဆွေးနွေးနေကြစဉ် အန်းယွဲ့သည် ဘားထဲသို့ ဝင်ရောက်လာခဲ့ပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ သူတို့ကိုတွေ့လိုက်ရပြီးနောက် တည့်တည့်လျှောက်လာလိုက်သည်။

“လူတိုင်းပဲ ကျုပ်နောက်ကိုလိုက်ခဲ့ကြပါ။ ကျွန်းပိုင်ရှင်က လူတွေအရမ်းများပြီး အပြင်မှာ နားတွေအရမ်းများလို့ ကျွန်းထဲကို ဖိတ်ခေါ်လိုက်ပါတယ်။”

အန်းယွဲ့က ပြောလိုက်သည်။

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

သူတို့ထဲက သူအများစုသည် ကျွန်းပေါ်သို့ မရောက်ဖူးကြသေးပေ။ ဤသည်မှာသူတို့၏ပထမဆုံးအကြိမ်ဖြစ်ပေသည်။

“ဒီမှာပဲထိုင်မနေကြနဲ့ မြန်မြန်သွားကြရအောင်။”

အန်းယွဲ့သည် သူတို့ထဲမှအချို့သည် နေရာတွင်သာ ထိုင်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါ တိုက်တွန်းလိုက်လေသည်။

ထိုအခါ လူတိုင်း ချက်ချင်းပင် ထရပ်လိုက်ကြပြီး အန်းယွဲ့နောက်သို့ လိုက်သွားခဲ့ကြသည်။

မထွက်ခွာမီ အန်းယွဲ့သည် ဘားကောင်တာသို့ အထူးတလည် သွားရောက်ပြီး ဒူခန်းအား ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က နေ့လည်စာအတွက် ပြန်လာရမယ်လို့ပြောလိုက်တယ်။”

“ရပါပြီ။”

ဒူခန်းက တုံ့ပြန်လိုက်သည်။

လာရောက်လည်ပတ်သူများသည် ထိုအဖွဲ့ထွက်ခွာသွားသည်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေခဲ့ကြပြီး သူတို့အချင်းချင်း ဆွေးနွေးကြတော့သည်။

“အခုနကလူတွေက ဘယ်သူတွေလဲ။”

“သူတို့က ဒီကျွန်းကလူတွေဖြစ်သင့်တယ်။”

“သူဌေးကြီးရဲ့အဖွဲ့က တကယ်ကို လုံလောက်အောင် ကြီးမားတာပဲ။”

ထိုအချိန်တွင် ခရီးသွားတစ်ဦးသည် အပြင်ဘက်မှ ဝင်ရောက်လာပြီး ပြောလိုက်သည်။

“အဲဒီအဖွဲ့က တံတိုင်းကိုဖြတ်ပြီး အတွင်းဘက်ကိုသွားနေတာကို ကျုပ်မြင်လိုက်တယ်။”

“သေချာတာပေါ့...သူတို့က ဒီကျွန်းကလူတွေပဲ။ ဒီအပန်းဖြေစခန်းကို ဘယ်အချိန်မဆို လာပြီးကစားနိုင်တာကို ကျုပ် တကယ်အားကျတယ်။”

“ဟုတ်တယ်...ကွဲပြားတဲ့လူတွေက ကံကြမ္မာချင်းလည်း မတူညီကြဘူး။ ဒီတစ်ခဏလေးကိုပဲ ခံစားကြရအောင်။”

“မှန်တယ်...ဘာလို့ ဒီလောက်အများကြီးစိုးရိမ်နေတာလဲ။ ဖျော်ဖြေရေးမြို့တော်ကို ခဏလောက်သွားကြရအောင်။”

“အတူတူသွားကြမယ် ငါလည်းသွားမယ်။”

အန်းယွဲ့သည် စွန်းကုထောင်တို့အဖွဲ့ကို ဦးဆောင်ကာ တံတိုင်းကို ဖြတ်ကျော်လာခဲ့ပြီးနောက် လှည်းပေါ်တက်ကာ ကျွန်းဆီသို့ အသော့နှင်လိုက်သည်။

ပထမဆုံးအကြိမ် ကျွန်းပေါ်သို့ ရောက်ရှိလာသူများသည် လှည်း၏ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။

“ကျွန်းပိုင်ရှင်က ဒီကျွန်းပေါ်ကလမ်းတွေကို တော်တော်လေးညီညာအောင် တည်ဆောက်ထားတာပဲ။”

ဤသည်မှာ သူတို့၏အပြုသဘောဆောင်သော အတွေးများဖြစ်သည်။

မကြာမီ လှည်းရပ်သွားခဲ့သည်။ လှည်းပေါ်မှမဆင်းမီ သူတို့သည် မြင့်မားသောမြို့ရိုးကြီးတစ်ခုကို မြင်တွေ့လိုက်ကြရလေသည်။

“ဒီမြို့ရိုးက ဘာပစ္စည်းနဲ့လုပ်ထားတာလဲ။ ကျုပ်လုံးဝမပြောတတ်တော့ဘူး။”

“မြို့ရိုးပေါ်ကတံခါးကိုကြည့်လိုက်စမ်း အဲ့ဒါက လျှပ်စစ်တံခါးပဲ။ ဒါက အရင်ကမ္ဘာမှာတောင် မဖြစ်နိုင်ဘူး။”

“ငါတို့ဘယ်လောက်တောင် အသိပညာမဲ့လိုက်သလဲကွာ...”

အန်းယွဲ့သည် မျက်နှာကို အသိအမှတ်ပြုပြီးနောက် လျှပ်စစ်တံခါးကိုဖွင့်ကာ သူတို့အားလုံးကို ဝင်ခွင့်ပေးလိုက်သည်။

မြို့ရိုးအတွင်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်ရောက်ရှိလာကြသည့် ဝေပေါ်နှင့် အခြားသူများသည် မြင်ကွင်းကျယ်ပန်းခြံကြီးထဲသို့ ဝင်လာသည့် အဖွားလျူကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုနေခဲ့သော်လည်း သတိထားမိသည့်အသွင်အပြင်များလည်း ရှိခဲ့ပေသည်။

ကော်ရစ်တာတစ်လျှောက်ကို ဖြတ်သန်းပြီးနောက် လူတိုင်းသည် ဗီလာကြီးနှစ်လုံးဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။

ရှေ့မှောက်တွင်ရှိနေသော ဗီလာကြီးကိုကြည့်ကာ ဝေပေါ်နှင့်အခြားသူများ တံတွေးမျိုချမိလိုက်ကြသည်။ အချို့သူများက ကျွန်းပိုင်ရှင်သည် ဗီလာတွင်နေထိုင်သည်ဟု အရင်ကပြောခဲ့သော်လည်း ကိုယ်တိုင်မျက်ဝါးထင်ထင်မြင်ရသည်မှာ အလွန်အံ့အားသင့်စရာကောင်းလှပေသည်။

“ဝင်လာကြပါ။ ဧည့်ခန်းကို ရှင်းလင်းထားပြီးပြီ။ လူတိုင်းပဲ မြန်မြန်ဝင်ထိုင်လိုက်ကြ။”

အန်းယွဲ့က သူတို့ကို အရှေ့ဘက်ဗီလာထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

ဤတစ်ကြိမ်တွင် သူတို့သည် အလုပ်အစီရင်ခံရန်နှင့် ညစာစားပွဲပြုလုပ်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျွန်းပိုင်ရှင်၏ဗီလာတွင် ပြုလုပ်နိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်းယီ၏ဗီလာကို မီးခိုးထွက်ပြီးရှုပ်ပွသွားစေပါက မကောင်းသောကြောင့်ပင်။

နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် အန်းယွဲ့သည် သူ၊ ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့ နေထိုင်သောဗီလာတွင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပေသည်။

အခန်း ၅၁၉ - မိတ်ဆက်ခြင်း၊ အစီရင်ခံခြင်း၊ မေးခွန်းများ

လူတိုင်းသည် ဗီလာအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီးနောက် သူတို့ထံသို့ အေးမြသောလေညင်းတစ်ခု တိုးဝင်လာခဲ့သည်။ ဗီလာ၏လေအေးပေးစက်သည် အလွန်ပင် ထိရောက်လှပေသည်။

ဧည့်ခန်းကို လုံးဝရှင်းလင်းထားခဲ့ပြီး သစ်သားထိုင်ခုံများကို တန်းစီထားခဲ့သည်။ ဤသစ်သားထိုင်ခုံများအားလုံးကို နက်မျိုးနွယ်စု၏ လက်သမားများက ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

“လူထိုင်းပဲ ဝင်ထိုင်ကြပါဦး။ ကျုပ် ကျွန်းပိုင်ရှင်ကို သွားခေါ်လိုက်ပါဦးမယ်။”

ထိုသို့ပြောပြီးနောက် အန်းယွဲ့က အပြင်ပြန်ထွက်သွားခဲ့သည်။

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အပြန်အလှန်နားလည်မှုရှိစွာဖြင့် ဒုတိယတန်းသို့သွားကာ ထိုင်လိုက်ကြလေသည်။

သူတို့ခေါ်ဆောင်လာသော လက်အောက်ငယ်သားများသည်မူ သဘာဝအတိုင်း နောက်ပိုင်းရှိနေရာများကို ရှာဖွေလိုက်ကြသည်။

လူတိုင်းသည် အနည်းငယ်စိတ်ကျဉ်းကြပ်နေသကဲ့သို့ ဖြောင့်မတ်စွာ ထိုင်နေကြကာ ရှောင်းယီ၏ရောက်ရှိလာမှုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

အန်းယွဲ့သည် ရှောင်းယီ၏အိပ်ခန်းသို့ ရောက်ရှိလာပြီး တံခါးခေါက်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် အားလုံးအဆင်သင့်ဖြစ်ပါပြီ။”

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကျုပ်တို့လူတွေမှာ အရေးတကြီးကိစ္စမရှိရင် အကုန်လုံးပြန်ခေါ်ပြီး အတူတူစကားပြောကြရအောင်။ ဒူခန်းကိုတော့ အပန်းဖြေစခန်းကို ခဏကြည့်ခိုင်းထားလိုက်ပါ။”

“ဟုတ်ကဲ့။”

အန်းယွဲ့က တုံ့ပြန်လိုက်ပြီး အခြားလူများကို ပြန်ခေါ်ရန် ပြန်လှည့်လိုက်သည်။

“ခဏလေး ဒေသခံမျိုးနွယ်စုလေးခုရဲ့ ခေါင်းဆောင်တွေကိုလည်း ခေါ်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် စက္ကူပြုလုပ်စက်မှ အသစ်ပြုလုပ်ထားသော ကတ္ထူတစ်ရွက်ကိုရှာဖွေကာ ရိုးရှင်းသောစက္ကူဗူးအဖြစ်ခေါက်လိုက်ပြီး ထိုထဲတွင် ဆက်သွယ်ရေးစက်များကို ထည့်သွင်းပြီးနောက် အရှေ့ဘက်ဗီလာဆီသို့ ဦးတည်သွားရန် ပြင်ဆင်လိုက်သည်။

“စကွစ် စကွစ်...”

ထိုစဉ် ရွှေရောင်ပုံရိပ်တစ်ခုသည် အပြင်ဘက်မှ ခုန်ဝင်လာပြီး ရှောင်းယီအား အော်ခေါ်လိုက်လေသည်။

ရှောင်းယီသည် ၎င်းကို ကူကယ်ရာမဲ့စွာကြည့်ရင်း ပြောလိုက်သည်။

“မင်းက ဒီကို အမြဲတမ်းပထမဆုံးရောက်နေတာပဲ။ အဲ့လောက်ထိ မကြိုးစားလို့မရဘူးလား။”

“မဖြစ်နိုင်ဘူး...နတ်ရေစင်က မရှိမဖြစ်ပဲ။”

ပဏ္ဍိတငယ်လေးက သူ၏ရင်ဘတ်ကိုဖောင်းကာ ပြန်ဖြေလိုက်သည်။

“ဒီနေ့တော့ ခဏစောင့်ဦး။ အခုက ငါတို့အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့အခွင့်ကောင်းတစ်ခုပဲ။ သားရဲဘုရင်နဲ့ အခြားလူတွေကိုလည်း ခေါ်လိုက်ဦး။”

ရှောင်းယီက ပြောလိုက်သည်။

ပဏ္ဍိငယ်လေးက သူ၏ပါးပြင်ကိုကုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“မလိုတော့ဘူး။ သူတို့က ငါ့လောက်မမြန်ဘူးဆိုပေမယ့် ဒီကိုရောက်ခါနီးနေပြီ။”

“ကောင်းပြီ မင်းတို့အရှေ့ဘက်ဗီလာမှာစောင့်နေ။”

ရှောင်းယီက ပြောလိုက်သည်။

ပဏ္ဍိငယ်လေးသည် မကျေမနပ်ဖြင့် ခေါင်းညိတ်ပြီး ဟိတ်ကြီးဟန်ကြီးဖြင့် ထွက်သွားတော့လေသည်။

သူထွက်ခွာသွားသည်နှင့် သားရဲဘုရင်နှင့် အခြားသူများကို တွေ့လိုက်ရလေသည်။ ပဏ္ဍိငယ်လေးသည် ဘေးရှိဗီလာကို ညွှန်ပြပြီးနောက် သူတို့ကိုဦးဆောင်ကာ ခေါ်သွားလိုက်သည်။

ပဏ္ဍိငယ်လေးတို့အဖွဲ့၏ရောက်ရှိမှုသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် အရင်ကမြင်ခဲ့ဖူးသူများလည်း ရှိနေပြီး ပိုင်ချီက ချက်ချင်းထရပ်ကာ ပြောလိုက်သည်။

“လူတိုင်းပဲ မလန့်သွားကြပါနဲ့။ ဒါတွေအားလုံးက ကျွန်းပိုင်ရှင်နဲ့စာချုပ်ချုပ်ထားတဲ့သားရဲတွေပါ။”

“ရွှေရောင်မျောက်လေးကို ပဏ္ဍိငယ်လေးလို့ခေါ်တယ်။ ဆိုက်ဘေးရီးယမ်းကျားက သားရဲဘုရင်၊ ပိုလာဝက်ဝံက တပိုင်၊ လင်းယုန်နှစ်ကောင်က ခွန်းယွီနဲ့ ဟွားဖန်။ စိမ်းပြာနဂါးတစ်ကောင်လည်းရှိသင့်တယ်။ သူက အမြဲတမ်းကျွန်းပိုင်ရှင်ရဲ့ကျွန်းပတ်လည်မှာနေထိုင်တယ်။”

လူတိုင်း၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ကျွတ်ထွက်လုနီးပါးဖြစ်သွားခဲ့ကြသည်။

“ဒီသားရဲတွေက ဘယ်အဆင့်ကိုရောက်နေပြီလဲ။”

တစ်စုံတစ်ဦးက တီးတိုးရေရွတ်လိုက်သည်။

“မသိဘူး။”

ပိုင်ချီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် တစ်ကောင်ချင်းစီက S-အဆင့် ဒါမှမဟုတ် အဲ့ဒါနဲ့အထက်ဖြစ်တယ်ဆိုတာတော့ သေချာတယ်။”

အံ့အားသင့်ခဲ့ရပြီးနောက် ဖန်မင်လုံက ညည်းညူလိုက်လေသည်။

“ကျွန်းပိုင်ရှင်က ဖြစ်ပေါ်လာတဲ့သတ္တဝါတွေကိုဘယ်လိုထိန်းချုပ်သလဲဆိုတာ ကျုပ်သိသွားပြီထင်တယ်။”

ဤစကားလုံးများ အံထွက်လာသည်နှင့် လူတိုင်း ရုတ်တရက် နားလည်သွားခဲ့ကြသည်။

ဆိုတော့ ကျွန်းပိုင်ရှင်က မြေကြီးနဲ့မြေကြီးကိုထိန်းချုပ်ရုံတင်မကဘဲ သားရဲနဲ့သားရဲကိုပါ ထိန်းချုပ်နေတာပဲ။

မကြာမီ ဒေသခံမျိုးနွယ်စုလေးခု၏ခေါင်းဆောင်များလည်း ရောက်ရှိလာခဲ့ကြသည်။ ပိုင်ချီသည် နောက်တစ်ကြိမ် မိတ်ဆက်ပေးသူအဖြစ်ဆောင်ရွက်ကာ လူတိုင်းကို တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးလိုက်သည်။

ရှောင်းယီသည် တတိယထပ်မှ ဆင်းလာပြီးနောက် အန်းရန်နှင့် ဆုဝမ်ကို သွားတွေ့ကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်အတွက် ပစ္စည်းကောင်းနှစ်ခုရှိတယ်။ အခုကစပြီး မင်းတိုနဲ့အတူ ဆောင်ထားလိုက်ကြပါ။ အနည်းဆုံးတော့ မဟာမိတ်ကျွန်းတွေအတွင်းမှာ ဘယ်အချိန်မဆိုဆက်သွယ်လို့ရတယ်။”

ထိုသို့ပြောရင်းဖြင့် သူသည် ဖုန်းနှစ်ခုကို သူတို့နှစ်ယောက်ထံသို့ပေးအပ်ကာ မည်သို့ချိတ်ဆက်ရမည်နှင့် အသုံးပြုပုံကို ပြောပြလိုက်လေသည်။

“အန်းရန် မင်းနံပါတ်က ၆၆၀၂၊ ဆုဝမ် မင်းကတော့ ၆၆၀၃။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် ပြောလိုက်သည်။

“ချိတ်ဆက်ပြီးရင် အတူတူသွားကြရအောင်။ ချက်ပြုတ်တာကိုတော့ သူတို့ဆီအပ်ထားလိုက်ပါ။”

ချက်ပြုတ်ရာတွင် အလွန်ပါရမီထူးချွန်သော ဒေသခံများလည်းရှိပြီး ထိုလူများသည် အခြေခံအားဖြင့် အရည်အချင်းပြည့်မီသော စားဖိုမှူးများဖြစ်လာခဲ့ကြသည်။

အပန်းဖြေစခန်းရှိ စားသောက်ဆိုင်များနှင့် ဘာဘီကျုးဆိုင်များကိုမူ ပိုမိုကျွမ်းကျင်သော ဒေသခံများက လက်ဝါးကြီးအုပ်ထားကြလေသည်။

ဖုန်းနှင့်စက်ချိတ်ဆက်ခြင်းသည် အလွန်ရိုးရှင်းပြီး သူတို့နှစ်ယောက်သည် အလျင်အမြန်ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြသည်။

အန်းရန်သည် ရှောင်းယီ၏လက်ထဲမှ စက္ကူဗူးကို ယူလိုက်ကာ ဆုဝမ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိသတင်းအချက်အလက်များကို နောက်တစ်ကြိမ်ကြည့်ရှုပြီးနောက် ရှောင်းယီနှင့်အတူ ထွက်ခွာလာခဲ့ကြသည်။

ရှောင်းယီရောက်ရှိလာသည့်အချိန်တွင် လူတိုင်းလည်း ရောက်ရှိနေကြပြီဖြစ်သည်။

ခေါင်းဆောင်များသည် အမှန်တကယ် နောက်ဆုံးမှရောက်ရှိလာကြသည်ချည်းပင်။

ရှောင်းယီဝင်လာသည်ကို မြင်လိုက်ရသည်နှင့် လူတိုင်းသည် ချက်ချင်းပင် ထရပ်လိုက်ကြလေသည်။

ရှောင်းယီသည် သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ထိုင်ကြပါ။ ဒီမှာ စည်းမျဉ်းတွေ အများကြီးမရှိဘူး။”

လူတိုင်း နောက်တစ်ကြိမ် ပြန်ထိုင်လိုက်ကြသည်။

“ဦးလေးအန်း စလိုက်ကြရအောင်။”

ရှောင်းယီက အန်းယွဲ့အား ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒီနေ့လူတိုင်းကို စုရုံးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကျွန်းပိုင်ရှင်ဆီမှာ ကျွန်းတစ်ကျွန်းစီရဲ့အခြေအနေကို အစီရင်ခံဖို့နဲ့ ကျုပ်တို့ရဲ့ နောက်လာမယ့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးရမယ့်အရာတွေကို ဆွေးနွေးဖို့ပဲ။ အခု ကျွန်းပိုင်ရှင်ကို အရင်ဆုံး စကားအနည်းငယ် ပြောခွင့်ပေးလိုက်ကြပါ။”

အန်းယွဲ့က ရိုးရှင်းစွာ မိတ်ဆက်လိုက်သည်။

ရှောင်းယီသည် ထရပ်လိုက်ပြီး ရှေ့သို့လျှောက်သွားကာ လူတိုင်းအားခြုံကြည့်ပြီး ပြောလိုက်သည်။

“လူတိုင်းပဲ ချူပ်တည်းမထားကြပါနဲ့။ ကျုပ်တို့က အတူတူထိုင်ပြီး စကားပြောနေရုံပါပဲ။ တစ်ခုတည်းသောလိုအပ်ချက်က ဦးလေးအန်းလို တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ပဲ။ ရှည်လျားတဲ့ဟောပြောချက်တွေ မလိုအပ်ဘူး။ ခင်ဗျားတို့ရဲ့အစီရင်ခံစာတွေမှာ အဓိကအချက်နှစ်ချက်ကိုပဲ ဖော်ပြရမယ်။ အဲ့ဒါက အသစ်အဆန်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အရာတွေပဲ။ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေအကြောင်းကို ပြောစရာမလိုဘူး။ နားလည်ကြလား။”

“နားလည်ပါတယ်။”

လူတိုင်းက တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

“ပြဿနာတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုကြပါ။ ကျုပ်တို့အတူတူ ဖြေရှင်းဖို့နည်းလမ်းတွေကို ဆွေးနွေးကြမယ်။ ဝါကျတစ်ကြောင်းတည်းနဲ့ ရှင်းပြနိုင်တဲ့အရာတွေအတွက် အပိုစကားတွေမပြောပါနဲ့။ ပိုပြောချင်ရင် ကျုပ်တို့သာမန်စကားပြောတဲ့အချိန်အထိစောင့်ပါ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဟုတ်ကဲ့။”

နောက်တွင် ကျွန်းတစ်ကျွန်းစီ၏ တာဝန်ရှိသူများသည် ၎င်းတို့ကျွန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အတိုချုံ့ပြီးရှင်းပြရန် ရှေ့သို့တက်လာခဲ့ကြသည်။

လက်ရှိတွင် မဟာမိတ်အဖွဲ့ဝင်ကျွန်းခြောက်ကျွန်းအကြောင်းပြောရန်အတွက် ကြာချိန်မှာ ဆယ်မိနစ်ထက်ပင် နည်းပေသည်။ ပစ္စည်းသေတ္တာများတွင် အသစ်အဆန်းများကို မတွေ့ရှိရဘဲ ပုံမှန်မဟုတ်သောအရာများသည်လည်း မရှိသလောက်ပင်။ စွန်းယောင်တစ်ဦးတည်းသာ သူ့ဘက်တွင် ဆေးပင်အသစ်များ ပိုမိုဖြစ်ပေါ်လာနေခဲ့ပေသည်။

“လူတိုင်း အစီရင်ခံပြီးပြီဆိုရင် မင်းတို့ကျွန်းတွေမှာ ရင်ဆိုင်နေရတဲ့ပြဿနာတွေအကြောင်းကို ပြောကြရအောင်။”

အန်းယွဲ့က ပြောလိုက်သည်။

“မဟာမိတ်အရှေ့ဘက်ကျွန်းကနေ စလိုက်ပါ။”

ထိုအခါ ဖန်မင်လုံက ထရပ်ကာ ပြောလိုက်သည်။

“လက်ရှိမှာ ကျွန်းပေါ်မှာ ကြီးမားတဲ့ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့်နောက်ပိုင်းမှာ ဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ခြေရှိတဲ့ပြဿနာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကကျွန်းဧရိယာမလုံလောက်တာပါပဲ။”

ဤစကားလုံးများအား မြှင့်တင်လိုက်ပြီးနောက် စွန်းယောင်မှလွဲ၍ အခြားကျွန်းများ၏ ခေါင်းဆောင်များသည်လည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“လက်ရှိကျွန်းဧရိယာက အရမ်းသေးတယ်။ အတွင်းပိုင်း ဖွံ့ဖြိုးတိုးတက်မှုက ကန့်သတ်ချက်ရှိတယ်။ ကျုပ်တို့ကျွန်းတွေမှာ ထူးခြားတဲ့ထုတ်ကုန်တွေရှိ၊မရှိနဲ့ အဲ့ဒါတွေက ဘယ်လိုမျိုးထူးခြားတဲ့ထုတ်ကုန်တွေလဲဆိုတာတောင် မသိရဘူး။ အပြင်ဘက်အတွက်ဆိုရင် ကာကွယ်ရေးချဲ့ထွင်မှုရဲ့နက်ရှိုင်းမှုကလည်း ပြဿနာတစ်ခုပဲ။ လက်ရှိမှာ လာတိုက်ခိုက်နေတဲ့ဒေသခံတွေကို ကျုပ်တို့လွယ်လွယ်ကူကူကိုင်တွယ်နိုင်ပေမယ့် နောက်ပိုင်းမှာဒေသခံတွေရဲ့တိုက်ခိုက်မှုက ဒီပြင်းထန်မှုအတိုင်း အမြဲရှိနေမယ်ဆိုတာကို ဘယ်သူမှ အာမမခံနိုင်ဘူး။”

ဤတစ်ကြိမ်တွင် ရှောင်းယီပါ ခေါင်းညိတ်လိုက်မိသည်။

ပြဿနာကို မြှင့်တင်ထားသော်လည်း လူတိုင်းက ရှောင်းယီကိုသာ ကြည့်နေခဲ့ကြသည်။ သူတစ်ဦးတည်းကသာ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိပြီး သူတစ်ဦးတည်းကသာဖြေရှင်းရန် နည်းလမ်းရှိပေသည်။

နောက်ဆုံးတွင် ရှောင်းယီ၏ နေ့စဉ်ဝင်ငွေသည် အုတ်မြစ်ကျောက်ပေါင်း သောင်းချီ၍ရှိသည်။ လူတိုင်းသည် အနည်းငယ် လိုချင်ကြသော်လည်း မည်သူမျှမေးရန်အတွက် မဝံ့ရဲကြပေ။

ရှောင်းယီသည် ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အင်း ဖန်မင်လုံရဲ့ဆိုလိုရင်းကို ငါနားလည်တယ်။ သူ့အမြင်ကိုလည်း သဘောတူတယ်။ ဒီလိုလုပ်ကြရအောင်။ နောက်လာမယ့်ကာလအတွက် ငါ မင်းတို့ကို အပြည့်အဝထောက်ပံ့ပေးမယ်။ ပထမဆုံး မင်းတို့ကျွန်းတွေကို စတုရန်းမီတာတစ်သောင်းအထိ တိုးချဲ့လိုက်ကြတာပေါ့။ နက်ရှိုင်းမှုက ကန့်သတ်ချက်ရှိသေးတယ်ဆိုပေမယ့် လောလောဆယ်အတွက်တော့လုံလောက်သင့်တယ်။”

ရှောင်းယီ၏စကားကို ကြားရသည်နှင့် လူတိုင်း၏မျက်လုံးများ တောက်ပသွားခဲ့ကြသည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

လူတိုင်းက တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေသည်။

All Chapters