အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) - ရှေးဟောင်းလင်းမိသားစုဝင်တို့၏ အံ့အားသင့်မှုများ၊ ထပ်တလဲလဲ တုန်လှုပ်ချောက်ချားရခြင်း
နတ်ဘုရားစွမ်းရည်ခန်းမအပြင်ဘက်ရှိ ရင်ပြင်တွင် ရှေးဟောင်းလင်းမိသားစုဝင်များ တဖြည်းဖြည်း စုဝေးရောက်ရှိလာကြပြီဖြစ်သည်။
ကောင်းကင်ယံမှ အတိဒုက္ခတိမ်တိုက်များသည် နတ်ဘုရားစွမ်းရည်ခန်းမ တည်ရှိရာနေရာမှ စတင်ပေါ်ပေါက်လာသည်ကို အားလုံးက မြင်တွေ့ခဲ့ကြရ၏။ ၎င်းမှာ မိသားစု၏ အထူးအင်အားကြီးပုဂ္ဂိုလ်တစ်ဦးသည် မဟာသူတော်စင်အဆင့်သို့ တက်လှမ်းရန် အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်နေခြင်းဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။
ဤရှေးဟောင်းလင်းမိသားစုဝင်များသည် သူတို့မိသားစုတွင် မဟာသူတော်စင်အဆင့် အင်အားကြီးပုဂ္ဂိုလ်အသစ်တစ်ဦး ပေါ်ထွန်းလာသည်ကို သက်သေအဖြစ် ကြည့်ရှုရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ သို့သော် သူတို့အားလုံးကို ဇဝေဇဝါဖြစ်စေသည့် အချက်တစ်ချက်လည်း ရှိနေသည်။ ၎င်းမှာ ထိုအတိဒုက္ခကို ရင်ဆိုင်နေသည့် အင်အားကြီးပုဂ္ဂိုလ်မှာ မည်သူနည်း။
အတိဒုက္ခတိမ်တိုက်များ ပေါ်လာသည်မှာ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်နေပြီဖြစ်သော်လည်း မည်သည့်လူရိပ်လူခြည်မျှ မမြင်ရသေးပေ။
တိမ်တိုက်များအတွင်းရှိ ခရမ်းရောင် လျှပ်စီးကြောင်းများသည်လည်း အလွန်ပင် စိတ်ရှည်လှသည်။ အတိဒုက္ခရင်ဆိုင်ရမည့်သူ ပေါ်မလာသရွေ့ ၎င်းတို့သည် ကျဆင်းလာခြင်းမရှိဘဲ တိမ်တိုက်နက်ကြီးများအတွင်း တဂျိန်းဂျိန်း မြည်ဟည်းကာ ပေါက်ကွဲသံများသာ ထွက်ပေါ်နေစေခဲ့သည်။
“ဝုန်း”
နောက်ထပ် မိုးကြိုးသံတစ်ခု ဟိန်းထွက်လာပြီး နက်မှောင်သော အတိဒုက္ခတိမ်တိုက်များကြားတွင် ခရမ်းရင့်ရောင် လျှပ်စီးများကို လှိုင်းဂယက်များသဖွယ် ဖြစ်ပေါ်စေခဲ့သည်။ ထိုတောက်ပသော လျှပ်စစ်အလင်းတန်းများကြောင့် ကောင်းကင်ယံတစ်ခုလုံးပင် ခဏတာ လင်းထိန်သွားခဲ့သည်။
ရင်ပြင်ရှိ မိသားစုဝင်များသည် ထိုမိုးကြိုးသံကို သိပ်အရေးမစိုက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ အကြိမ်ပေါင်းများစွာ မြည်ဟည်းနေခဲ့ပြီးဖြစ်ရာ လျှပ်စီးလက်ပြီးလျှင်လည်း မည်သည့်လူရိပ်မျှ ပေါ်လာမည်မဟုတ်ဟု သူတို့ယူဆထားကြသောကြောင့်ပင်။
သို့သော် ထိုအတွေး သူတို့ခေါင်းထဲ ဝင်လာစဉ်မှာပင်... ဟိန်းဟောက်နေသော မိုးကြိုးလျှပ်စီးများကြားမှ
တောက်ပသော လျှပ်စစ်အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့်အမျှ အရပ်ရှည်ရှည် လူငယ်တစ်ဦး၏ ပုံရိပ်သည် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုအခိုက်အတန့်တွင် ရင်ပြင်ရှိ ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသော ရှေးဟောင်းလင်းမိသားစုဝင်များအားလုံး၏ ခန္ဓာကိုယ်များ တုန်ယင်သွားကြတော့လေသည်။
ဒါ... အတိဒုက္ခကို ရင်ဆိုင်မယ့်သူ ပေါ်လာတာလား။
ဒါပေမဲ့ ဘာလို့ အဲဒီပုံရိပ်က အရမ်းရင်းနှီးနေရတာလဲ။
ကြည့်ရတာ... နတ်ဘုရားသားတော်နဲ့ တူနေသလိုပဲ။
သို့သော် ၎င်းမှာ မဖြစ်နိုင်ဟု သူတို့ထင်မိကြသည်။ နတ်ဘုရားသားတော်သည် ဖူကွမ်းမြို့၌ ရှိနေရမည် မဟုတ်ပါလော။ သူ မိသားစုဆီကို ဘယ်တုန်းက ပြန်ရောက်လာသနည်း။
အရေးကြီးဆုံးအချက်မှာ နတ်ဘုရားသားတော်၏ ကျင့်ကြံခြင်းအဆင့်မှာ ကပ်ဘေးကိုးခုအဆင့်တွင်သာ ရှိသေးသည်မဟုတ်လော။ သူက ဘယ်လိုလုပ်ပြီး မဟာသူတော်စင်အဆင့် ကောင်းကင်ဘေးဒုက္ခကို ဆွဲဆောင်နိုင်ရသနည်း။
လေဟာနယ် အတွင်း၌...သူတော်စင်ဘုရင်အဆင့် အကြီးအကဲများနှင့် နတ်ဘုရားအဆင့် အင်အားကြီးပုဂ္ဂိုလ်များစွာတို့သည် ကောင်းကင်ယံရှိ ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများတွင် နားလည်သဘောပေါက်မှုများ ထင်ဟပ်လာခဲ့တော့လေသည်။
“ဒါကြောင့်ကိုး...။ ကောင်းကင်က အတိဒုက္ခတိမ်တိုက်တွေက မဟာသူတော်စင်အဆင့် အတိဒုက္ခမဟုတ်ဘူး... ဒါက နတ်ဘုရားသားတော်ရဲ့ သူတော်စင်အဆင့် ကောင်းကင်အတိဒုက္ခပဲ။”
သူတို့၏ အသံများထဲတွင် မယုံကြည်နိုင်မှုနှင့် အံ့သြချီးကျူးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ လင်းချန်၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ သူတော်စင်နယ်ပယ်၏ သတ္တမအဆင့် သို့ ချိုးဖျက်တက်လှမ်းသွားပြီဖြစ်ကြောင်း သူတို့ အာရုံခံမိလိုက်ကြသည်။
ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့် တိုးတက်မှု အရှိန်အဟုန်မှာ သူတို့အတွက် နားလည်ရခက်ခဲလွန်းလှ၏။ ယခုပေါ်လာသည့် အတိဒုက္ခသည် မဟာသူတော်စင်အဆင့် မဟုတ်သည့်တိုင်အောင် သူတော်စင်အဆင့် အတိဒုက္ခကပင် သူတို့ကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။
နတ်ဘုရားသားတော်သည် လွန်ခဲ့သော မကြာသေးမီအချိန်ကမှ ဖူကွမ်းမြို့တွင် အတိဒုက္ခကို ရင်ဆိုင်ခဲ့ရသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေကြသေးသည်။ ထိုစဉ်က နတ်ဘုရားသားတော်သည် နတ်ဘုရား ပင်မမျှော်စင်ကို စိန်ခေါ်ရာမှ ရရှိသော အသိအမြင်များကြောင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် တုံထျန်းနယ်ပယ် သတ္တမအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ ယခုထိ အချိန်မည်မျှကြာသွားပြီနည်း။ တစ်ရက်တောင် မပြည့်သေးဘူး မဟုတ်ပါလော။
တစ်ရက်ပင်မပြည့်သေးသော အချိန်အတောအတွင်းမှာတင် နတ်ဘုရားသားတော်သည် မိသားစုထံ ခဏတာပြန်လာရုံမျှဖြင့် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ ထပ်မံ၍ အဆင့်တက်လှမ်းသွားပြန်ပြီလော။
တုံထျန်းနယ်ပယ် သတ္တမအဆင့်မှနေ၍ အဆင့်ကြီးတစ်ခုလုံးကို ကျော်ဖြတ်ကာ သူတော်စင်နယ်ပယ် သတ္တမအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခြင်းပင်။
ရှေးခေတ်မှ ယနေ့ခေတ်အထိ တာအိုပြည်နယ်သုံးထောင် တစ်ခွင်လုံးကို ပြန်ကြည့်လျှင်ပင် ဤမျှလောက်အထိ အဓိပ္ပာယ်မရှိအောင် ထူးခြားဆန်းပြားသည့် ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
ကောင်းကင်ယံထက်တွင် လူပေါင်းသောင်းချီ၏ စိုက်ကြည့်ခြင်းကို ခံနေရစဉ် လင်းချန်၏ ပုံရိပ်သည် လေဟာနယ်ကို နင်းလျှောက်လာခဲ့၏။ လင်းချန်သည် လူအုပ်ကြီးနှင့် ပြည့်နှက်နေသော အောက်ဘက်ရှိ ရင်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ကောင်းကင်အတိဒုက္ခသည် ယခုတစ်ကြိမ်တွင်လည်း မိသားစုဝင်များစွာကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်လိုက်ပြန်ပြီထင်သည်။ ၎င်းမှာ ကောင်းသောအချက်ပင်။ ဤအတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက် သူကြေညာချင်သည့် အစီအစဉ်တစ်ခု ရှိသေးသည်။ မိသားစုဝင်များ ယခုလို စုဝေးနေကြခြင်းမှာ ထိုအကြောင်းအရာကို ပြောပြရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
သို့သော် ယခုလောလောဆယ်တွင်မူ... လင်းချန်သည် ရင်ပြင်ရှိ လူအုပ်ကြီးထံမှ အကြည့်ကို လွှဲလိုက်ပြီး အထက်ကောင်းကင်ယံရှိ မည်းမှောင်နေသော အတိဒုက္ခတိမ်တိုက်နှင့် ၎င်းအတွင်းရှိ ခရမ်းရင့်ရောင် လျှပ်စီးကြောင်းများကို မော့ကြည့်လိုက်သည်။
ခရမ်းရင့်ရောင် လျှပ်စီးကြောင်းများမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားမိလိုက်သောအခါ လင်းချန်က ပြုံးလိုက်မိသည်။
“ဒီအရှိန်အဟုန်အတိုင်းဆိုရင်... ဒီတစ်ခေါက်မှာ ငါ့ရဲ့ခန္ဓာကိုယ်ကျင့်ကြံခြင်းကို မဟာသူတော်စင်အဆင့်အထိ တက်လှမ်းနိုင်ဖို့ တကယ် ဖြစ်နိုင်ခြေရှိတယ်။
အဲ့ဒီလိုသာ ဖြစ်လာမယ်ဆိုရင်... ငါ ဒီကောင်းကင်အတိဒုက္ခကို ထပ်သက်တမ်းတိုးပြီးတော့ နောက်ထပ်မဟာသူတော်စင်အဆင့် ရုပ်ခန္ဓာအတိဒုက္ခကိုပါ တစ်ခါတည်း ရင်ဆိုင်လိုက်လို့ရပြီ။”
ခရမ်းရင့်ရောင် လျှပ်စီးကြောင်းများမှ ထွက်ပေါ်နေသော ထိုကြောက်မက်ဖွယ် အရှိန်အဝါအရ သာမန် သူတော်စင် အထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်များပင် ဤမိုးကြိုးနှင့် ရင်ဆိုင်ရပါက... အသက်ရှင်ရန် အခွင့်အလမ်း သုညပင် ရှိလိမ့်မည်မဟုတ်ချေ။
သို့သော် ဤကြောက်မက်ဖွယ် လျှပ်စီးများသည် သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် အာဟာရဖြစ်လာတော့မည်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးတော့မည်ဖြစ်သည်။
“ဝုန်း”
“ဂျိန်း”
လင်းချန် ရောက်ရှိလာသည်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် အချိန်အတော်ကြာ စုဖွဲ့နေခဲ့သော ခရမ်းရင့်ရောင် လျှပ်စီးကြောင်းများသည် နှစ်ကြိမ်မျှ ဝေ့ဝဲပြီးနောက် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် လင်းချန်ရှိနေသော လေဟာနယ်၌ ထူထပ်သော ခရမ်းရင့်ရောင် လျှပ်စီးများ၏ ပိတ်ဆို့မှုကို ခံလိုက်ရပြီး လှုပ်ရှား၍မရအောင် ငြိမ်သက်သွားတော့သည်။
ထိုသို့ဖြစ်နေသော်လည်း လင်းချန်သည် မည်သည့်ကာကွယ်မှုကိုမျှ မပြုလုပ်ဘဲ အထက်မှ ကျဆင်းလာသော ခရမ်းရင့်ရောင် မိုးကြိုးများကို လုံးဝဂရုမစိုက်ဘဲ ထိုနေရာမှာတင် တင်ပလ္လင်ခွေ ထိုင်ချလိုက်လေသည်။
ပြီးခဲ့သည့် အကြိမ်က အတိဒုက္ခကို ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံအရ သူ၏ လက်ရှိအတိဒုက္ခ ရင်ဆိုင်ပုံမှာ ယခင်နှင့် မတူတော့သည်ကို သူသိရှိပြီးသားဖြစ်သည်။ ယခု သူ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နေရခြင်းမှာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်အတွက်သာ ဖြစ်သည်။
လင်းချန်သည် စိတ်အာရုံကို စုစည်းကာ ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာ ကို လည်ပတ်စေလိုက်ပြီး မိုးကြိုးစွမ်းအင်များ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
ရင်ပြင်ပေါ်တွင်မူ...
ရှေးဟောင်းလင်း မိသားစုဝင်အများအပြားမှာ လင်းချန် ချက်ချင်း ထိုင်ချလိုက်သည်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ...။
နတ်ဘုရားသားတော်က အခု ကောင်းကင်အတိဒုက္ခကို အစွမ်းကုန် ခုခံရမှာ မဟုတ်ဘူးလား။
သူက ဘာလို့ ထိုင်ချလိုက်တာလဲ။ ကြည့်ရတာ သူက... ကျင့်ကြံနေတာလား။
သူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်အတိဒုက္ခအောက်မှာ ကျင့်ကြံနေတာလား။
နတ်ဘုရားသားတော်က တကယ့်ကို မဆင်မခြင် လုပ်လွန်းနေပြီ။
သူတို့သည် ယခင် တုန်လှုပ်မှုများမှ ပြန်လည်သက်သာလာပြီး ဤအတိဒုက္ခမှာ မဟာသူတော်စင်အဆင့် မဟုတ်ဘဲ နတ်ဘုရားသားတော် ဆွဲဆောင်လိုက်သော သူတော်စင်အဆင့် ရုပ်ခန္ဓာအတိဒုက္ခဖြစ်ကြောင်း သဘောပေါက်သွားကြပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူတို့သည် မမျှော်လင့်ဘဲ နောက်ထပ်တစ်ကြိမ် ထိတ်လန့်သွားကြရပြန်သည်။
နတ်ဘုရားသားတော်သည် အဘယ်ကြောင့် ဤကဲ့သို့သော နည်းလမ်းဖြင့် အတိဒုက္ခကို ရင်ဆိုင်နေရသည်ကို သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြတော့သည်။
ဖူကွမ်းမြို့တွင် လင်းချန် ယခင်က ရင်ဆိုင်ခဲ့သော အတိဒုက္ခအကြောင်းကို မသိရှိကြသည့် ရှေးဟောင်းလင်းမိသားစုဝင်များသည် ကောင်းကင်ဘုံတာအိုစောင့်ရှောက်သူကြောင့် ဖြစ်ပေါ်လာသော အလွန်အမင်း တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
“ဝုန်း”
ရှေးဟောင်းလင်းမိသားစုဝင် အများအပြား၏ စိုးရိမ်တကြီး စိုက်ကြည့်နေကြသည့် ကြားမှာပင် ထူထပ်လှသော ခရမ်းရင့်ရောင် မိုးကြိုးတန်းကြီးသည် လင်းချန်နှင့် အကွာအဝေး (၁၀) ပေခန့် အလိုသို့ ရောက်ရှိလာသောအခါ ရုတ်တရက် တုန်ခါသွား၏။
ထို့နောက်တွင် ရင်ပြင်ရှိ မိသားစုဝင်အားလုံးကို အံ့အားသင့်မှု အထွတ်အထိပ်သို့ ရောက်သွားစေသည်မှာ... ထိုခရမ်းရင့်ရောင် မိုးကြိုးတန်းကြီး၏ ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများသည် မည်သည့်ခြေရာလက်ရာမျှ မကျန်အောင် တိတ်တဆိတ် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
ထူထပ်သော ခရမ်းရင့်ရောင် မိုးကြိုးတစ်ခုလုံးတွင် အန္တရာယ်ပြုနိုင်သော စွမ်းအားများ မရှိတော့ဘဲ အဆုံးမရှိသော စင်ကြယ်သည့် မိုးကြိုးစွမ်းအင်များသာ ကျန်ရှိတော့လေသည်။
ထိုအခါ စင်ကြယ်သော မိုးကြိုးစွမ်းအင်အားလုံးသည် ရေလောင်းချလိုက်သကဲ့သို့ လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဤအခိုက်အတန့်တွင်မှ ရင်ပြင်ရှိ ရှေးဟောင်းလင်းမိသားစုဝင်များမှာ အရာအားလုံးကို နားလည်သွားကြတော့သည်။
နတ်ဘုရားသားတော်သည် အဘယ်ကြောင့် မိုးကြိုးအတိဒုက္ခကို လျစ်လျူရှုပြီး တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်ကို သူတို့ သဘောပေါက်သွားကြပြီဖြစ်သည်။
နတ်ဘုရားသားတော်သည် ဤကဲ့သို့ ဖြစ်လာမည်ကို အစကတည်းက ကြိုတင်သိရှိနေခဲ့ခြင်းပင် ဖြစ်ပေတော့သည်။
အခန်း (၆၈) - အတိဒုက္ခပြီးဆုံးခြင်း၊ မဟာသူတော်စင်ခြေလှမ်းဝက်အဆင့်၊ လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့၏ ဆုံးဖြတ်ချက်
အထွတ်အထိပ် သူတော်စင်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးကိုပင် အမှုန့်ခြေဖျက်နိုင်စွမ်းရှိသော ခရမ်းရင့်ရောင် မိူကြိုးအတိဒုက္ခသည် နတ်ဘုရားသားတော်နှင့် ဆယ်ပေခန့်အကွာသို့ ရောက်ရှိသောအခါ ထူးဆန်းစွာပင် လေထဲ၌ ပျောက်ကွယ်သွားခဲ့၏။
ဤကဲ့သို့ အဓိပ္ပာယ်မရှိသော ဖြစ်ရပ်မျိုးကို သူတို့ကိုယ်တိုင် မျက်လုံးဖြင့် မမြင်ဖူးရုံသာမက မည်သူကမျှ စိတ်ကူးပင် ယဉ်ဖူးမည်မဟုတ်ပေ။ သို့သော် ယခုအခါတွင်မူ ဤထူးဆန်းပြီး မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ရပ်သည် သူတို့၏ မျက်စိရှေ့မှောက်တွင် အမှန်တကယ်ပင် ဖြစ်ပျက်နေလေပြီ။
ရှေးဟောင်းလင်း လင်းမိသားစုဝင်များသည် နတ်ဘုရားသားတော်သည် ဖူကွမ်းမြို့တွင် ရုပ်ခန္ဓာအတိဒုက္ခကို ရင်ဆိုင်ခဲ့ရသည်ဟူသော ကောလာဟလများကို ရုတ်တရက် သတိရသွားကြ၏။
နတ်ဘုရားသားတော်သည် ယခင်က အတိဒုက္ခကို ရင်ဆိုင်ခဲ့စဉ်ကတည်းက ကောင်းကင်အတိဒုက္ခသည် ဤအခြေအနေသို့ ပြောင်းလဲသွားမည်ကို သိရှိနေခဲ့ခြင်း ဖြစ်နိုင်သလော။ မဟုတ်လျှင်မူ နတ်ဘုရားသားတော်သည် အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေနိုင်ပြီး မိုးကြိုးများ ရိုက်ချခါနီးအချိန်၌ တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံခြင်းကို ရွေးချယ်ရသနည်း။
ဤအချက်တစ်ခုတည်းကသာ နတ်ဘုရားသားတော် လင်းချန်၏ ယခုလုပ်ရပ်ကို အကျိုးအကြောင်းခိုင်လုံစွာ ရှင်းပြနိုင်ပေတော့မည်။
ထိုသို့ တွေးမိလိုက်သောအခါ လင်းမိသားစုဝင်အားလုံးသည် တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြ၏။ ဆိုလိုသည်မှာ တစ်ရက်အတွင်းမှာပင် နတ်ဘုရားသားတော်သည် အတိဒုက္ခကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ပြီး နှစ်ကြိမ်စလုံးမှာလည်း ရုပ်ခန္ဓာအတိဒုက္ခများ ဖြစ်ပေသည်။
၎င်းမှာ နတ်ဘုရားသားတော်၏ ရုပ်ခန္ဓာကျင့်ကြံခြင်းသည် တစ်ရက်တည်းနှင့် ကျင့်ကြံခြင်းအဆင့်ကြီး နှစ်ခုလုံးကို ကျော်ဖြတ်ကာ တိုးတက်သွားခဲ့သည်ဟု ဆိုလိုခြင်းပင်ဖြစ်လေသည်။
၎င်းမှာ အဆင့်ငယ် နှစ်ဆင့် မဟုတ်ဘဲ အဆင့်ကြီး နှစ်ဆင့်ပင်။
ကပ်ဘေးကိုးခုအဆင့်မှနေ၍ တုံထျန်းအဆင့်ကို ဖြတ်ကျော်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး အတိအကျဆိုလျှင် သူတော်စင်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
ဤအခြင်းအရာများက လင်းမိသားစုဝင်များစွာ၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်အောင် တုန်ယင်သွားစေခဲ့သည်။ သူတို့၏ နတ်ဘုရားသားတော်မှာ ပါရမီထူးချွန်ပြီး အဆင့်တူ ကျင့်ကြံသူများထဲ၌ တာအိုဘိုးဘေးကိုပင် အနိုင်ယူကာ နတ်ဘုရားစာရင်းတွင် နံပါတ်တစ် ဖြစ်ခဲ့သည်ကို သူတို့ သိရှိထားကြ၏။
သို့သော် ဤမျှလောက်အထိ ထူးခြားဆန်းကြယ်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိနေခြင်းကိုမူ သူတို့ တကယ်ပင် နားမလည်နိုင်တော့ချေ။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် အခုလေးတင် မြင်တွေ့ခဲ့ရသော အတိဒုက္ခမိုးကြိုးများကဲ့သို့ပင် သူတို့တစ်ခါမျှ မမြင်ဖူးရုံသာမက စိတ်ကူးပင် မယဉ်ဖူးသော အရာဖြစ်ပေသည်။
“ဝုန်း”
“ဒိန်း”
“ဂျိန်း”
အတိဒုက္ခမိုးကြိုးများသည် ဆက်တိုက်ဆိုသလို ရိုက်ချနေဆဲဖြစ်သော်လည်း မိုးကြိုးတိုင်း၏ အမူအရာမှာ အတူတူပင် ဖြစ်သည်။ လင်းချန်နှင့် ဆယ်ပေခန့်အကွာသို့ ရောက်ရှိလာသည့်အခါ ၎င်းတို့၏ဖျက်ဆီးလိုသော စွမ်းအားများအားလုံး ပျောက်ကွယ်သွားပြီး စင်ကြယ်သော မိုးကြိုးစွမ်းအင်များသာ ကျန်ရစ်ခဲ့လေသည်။
ဤအချိန်တွင် လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ခရမ်းရင့်ရောင် မိုးကြိုးစွမ်းအင်များအတွင်း ဖုံးလွှမ်းနေတော့သည်။ စင်ကြယ်ပြီး ကျယ်ပြောလှသော မိုးကြိုးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးကာ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေခဲ့သည်။
ယခင်နှင့် နှိုင်းယှဉ်လျှင် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားမှာ နှစ်ဆခန့် မြင့်တက်လာပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း သူတော်စင်အဆင့် သတ္တမအဆင့်၏ အထွတ်အထိပ်သို့ ချဉ်းကပ်လာနေခဲ့သည်။
ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို လည်ပတ်စေရင်း မိမိကို ဝန်းရံထားသော စင်ကြယ်သည့် မိုးကြိုးစွမ်းအင်များကို ခံစားနေရသောအခါ လင်းချန်၏ စိတ်ထဲတွင် အလွန်ပင် ကျေနပ်အားရနေမိသည်။
ဤတစ်ကြိမ်မှ ရရှိလာသော မိုးကြိုးစွမ်းအင်များသည် ယခင်အကြိမ်နှင့်ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာလည်း ယခင်နှင့် မတူညီသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဤမျှ များပြားလှသော မိုးကြိုးစွမ်းအင်များ၏ အကူအညီဖြင့်...
ယခုတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းကို သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ မြှင့်တင်နိုင်ရန်မှာ သေချာသလောက်ရှိနေပြီး မဟာသူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်မှာလည်း အလားအလာ အလွန်ကောင်းနေပေတော့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရင်ပြင်ရှိ ရှေးဟောင်း လင်းမိသားစုဝင်များ၏ စောင့်ကြည့်အာရုံခံမှုအောက်တွင် လင်းချန်၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသော ဖိအားမှာ သိသိသာသာ ပြင်းထန်လာခဲ့သည်။ နောက်ပိုင်းတွင် နတ်ဘုရားစွမ်းရည်ခန်းမအပြင်ဘက်ရှိ ရင်ပြင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာ ဖိအားများဖြင့် ပြည့်နှက်သွားတော့သည်။
ကျင့်ကြံခြင်းအဆင့်နိမ့်သော မိသားစုဝင်အချို့မှာ ထိုမျှပြင်းထန်သော ဖိအားအောက်တွင် မတ်တပ်ရပ်ရန် မဖြစ်နိုင်တော့သဖြင့် ရုန်းကန်မှုကို လက်လျှော့ကာ မြေပြင်ပေါ်တွင်သာ ထိုင်ချလိုက်ကြတော့လေသည်။ သူတို့အနေဖြင့် ဒူးထောက်နေရန်မှာလည်း ဂုဏ်သိက္ခာမရှိသလို ခံစားနေရသည်။
နတ်ဘုရားသားတော်က ကောင်းကင်အထက်၌ အတိဒုက္ခရင်ဆိုင်နေချိန်တွင် သူတို့အားလုံးက အောက်၌ ဒူးထောက်နေပါက မြင်မကောင်းဟု ယူဆကြပေသည်။ ထို့ကြောင့် သူတို့သည် မြေပြင်ပေါ်တွင် ထိုင်လျက်သာဖြင့် နတ်ဘုရားသားတော်အား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် မော့ကြည့်နေလိုက်ကြသည်။
ဤနည်းဖြင့် သူတို့၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရာရောက်သလို နတ်ဘုရားသားတော်ကိုလည်း လုံလောက်သော ရိုသေမှုကို ပြသရာရောက်သဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်တော့သည်။
ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခု၏ အမိုးပေါ်တွင် လင်းဟောက်ရန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏မျက်နှာတွင် အလွန်အမင်း ကျေနပ်ပီတိဖြစ်နေသော အမူအရာများ ထင်ဟပ်နေခဲ့သည်။ လင်းချန်ကို တားမြစ်နယ်မြေရှိ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုမှ ရှောင်ရှားနိုင်ရန် မိသားစုထံ ပြန်ခေါ်ခဲ့ခြင်းသာဖြစ်သော်လည်း လင်းချန်က ပြန်ရောက်လာသည်နှင့် လူတိုင်းကို ဤမျှကြီးမားသော အံ့အားသင့်မှုမျိုး ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတော်စင်နယ်ပယ် သတ္တမအဆင့်၏ အထွတ်အထိပ်... မဟုတ်သေး၊ အရှိန်အဟုန်အရဆိုလျှင် လင်းချန်သည် သူတော်စင်အဆင့် အထွတ်အထိပ် သို့မဟုတ် မဟာသူတော်စင်အဆင့်သို့ပင် တက်လှမ်းရန် ဦးတည်နေခြင်းဖြစ်သည်။
နတ်ဘုရားအရင်းအမြစ်မှ နိုးထလာပြီးနောက် အချိန်မည်မျှကြာသွားပြီနည်း။ သူ၏ ချန်အာသည် အားကောင်းသော သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။
သူ့ဘေးတွင် ယွမ်ချင်းရိုသည် ကောင်းကင်ယံရှိ မိုးကြိုးစွမ်းအင်များကြားတွင် တည်ရှိနေသော လင်းချန်ကို ကြည့်ရင်း ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းမှာ သူမ၏သား၊ သူမဘဝ၏ ဂုဏ်ယူမှုနှင့် သူမဖြစ်တည်မှု၏ ဆက်ခံသူပင် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးကသာ သူမ၏သားအပေါ် မကောင်းကြံစည်ရန် ဝံ့ရဲပါက သူမ၏ အသက်ကိုပင် ရင်း၍ဖြစ်စေ ထိုသူများအား မိခင်တစ်ဦး၏ ‘ပြောင်းပြန်အကြေးခွံ’ ကို ထိပါက မည်မျှ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာမည်ကို သိအောင်လုပ်ပေးမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
လင်းဟောက်ရန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် မသေမျိုးသင်္ချိုင်း တားမြစ်နယ်မြေဘက်သို့ အဝေးကို မျှော်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“တခြား တားမြစ်နယ်မြေကြီးတွေရဲ့ အခြေအနေက ဘယ်လိုရှိမလဲဆိုတာ ငါ စိုးရိမ်မိတယ်။ ငါတို့မိသားစုရဲ့ မသေမျိုးသင်္ချိုင်းထဲက အထွတ်အထိပ်ပုဂ္ဂိုလ်တွေကို ခေတ္တထိန်းချုပ်ထားနိုင်ပေမဲ့ တာအိုပြည်နယ်သုံးထောင်မှာ တားမြစ်နယ်မြေပေါင်း တစ်ရာကျော် ရှိနေတယ်။ သူတို့အားလုံးကရော အထွတ်အထိပ်ပုဂ္ဂိုလ်တွေကို ထိန်းထားနိုင်ပါ့မလား။
တာအိုပြည်နယ်သုံးထောင်ရဲ့ ဧကရာဇ် တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတွေ အချင်းချင်း ဆက်သွယ်ထားပြီး အပြန်အလှန် ကူညီဖို့အတွက် ယာယီ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေ တည်ဆောက်ထားတယ်ဆိုပေမဲ့ ငါ့စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်မိနေတုန်းပဲ။”
ထိုတားမြစ်နယ်မြေမှ အထွတ်အထိပ်ပုဂ္ဂိုလ်များ ထွက်ပေါ်လာပါက သူတို့၏ ပထမဆုံးလုပ်ရပ်မှာ သက်ရှိများကို သတ်ဖြတ်ကာ သူတို့၏ ကုန်ခမ်းနေသော အသက်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားပေသည်။
သူတို့၏ နောက်ထပ်ခြေလှမ်းမှာမူ သူတို့၏သား လင်းချန်ကို ရန်ပြုရန်ဖြစ်မည်မှာ သေချာသည်။
လက်ရှိ လင်းချန်သည် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်အားလုံး၏ မျက်စိဆူးစေ ဆံပင်မွှေးဖြစ်နေပြီး ဖယ်ရှားပစ်ရမည့် ထာဝရပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ယွမ်ချင်းရို၏ မျက်နှာအမူအရာမှာ ပျော့ပြောင်းသွားပြီး လင်းဟောက်ရန်၏ လက်မောင်းကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
“ယောက်ျား...ရှင် စိတ်အေးအေးထားပါ။ ချန်အာမှာ အနှိုင်းမဲ့တဲ့ ပါရမီရှိသလို အခုလည်း မိုင်ပေါင်းသန်းချီတဲ့ ကံတရားစွမ်းအားတွေနဲ့အတူ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ရထားတာပဲလေ။ တားမြစ်နယ်မြေက အထွတ်အထိပ်ပုဂ္ဂိုလ်တွေ နိုးထလာတာက မိုးသံသာကြားရပြီး မိုးမရွာတဲ့ အခြေအနေမျိုးနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။
သူတို့တွေက ကျွန်မတို့နဲ့ စစ်ပွဲ ရပ်စဲပြီး ကမ်းလှမ်းချက်အချို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ ရွေးချယ်ကောင်း ရွေးချယ်နိုင်တယ်။ အဲ့ဒီကမ်းလှမ်းချက်တွေက ဘာဖြစ်မလဲဆိုတာတော့ ကျွန်မလည်း ခန့်မှန်းလို့မရသေးဘူး။”
ထိုစကားများကို ကြားသောအခါ လင်းဟောက်ရန်သည် သူ၏မျက်မှောင်ကို တင်းတင်းကြုတ်လိုက်၏။ အမှန်စင်စစ် တာအိုပြည်နယ်သုံးထောင် တစ်ခုလုံး၏ စုပေါင်းအင်အားဖြင့်ဆိုလျှင် သူတို့သည် ယခင်ကထက် ပိုမိုစည်းလုံးနေကြပြီဖြစ်သည်။
လူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်တို့သည်လည်း သူတို့၏ မတူကွဲပြားမှုများကို ဘေးဖယ်ထားကာ စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြသည်။ အဆုံးသတ်တွင် တားမြစ်နယ်မြေမှ အထွတ်အထိပ်ပုဂ္ဂိုလ်များသည်လည်း ကြီးမားသော ပရမ်းပတာဖြစ်ရပ်များကို ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။
သူသည် ခုနက အလွန်အမင်း စိုးရိမ်လွန်နေခဲ့ခြင်းသာ ဖြစ်နိုင်သည်။ မမျှော်လင့်ထားသော အပြောင်းအလဲများ မရှိခဲ့လျှင် အခြေအနေအရပ်ရပ်သည် တစ်ဖက်နှင့်တစ်ဖက် အနိုင်မရဘဲ အပြန်အလှန် ထိန်းကျောင်းထားသည့် အခြေအနေမျိုးဖြင့်သာ အဆုံးသတ်သွားဖွယ်ရှိပေသည်။
သို့သော် ဤလုပ်ငန်းစဉ်သည် ပြင်းထန်ပြီး ခက်ခဲပင်ပန်းမည်မှာ သေချာပေသည်။ အရာအားလုံးသည် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များက ထိုင်ခုံတွင် ထိုင်၍ စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိ၊ မရှိ အပေါ်တွင်သာ မူတည်နေပေသည်။
စေ့စပ်ညှိနှိုင်းမှုများသာ ဖြစ်နိုင်ပါက အရာအားလုံးမှာ ကိုင်တွယ်ရ ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။ ဤရွှေရောင်ခေတ်ကြီးသည် တာအိုပြည်နယ်သုံးထောင်ရှိ သက်ရှိများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ရုံသာမက တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များအတွက်လည်း သူတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရမည့် အချိန်လည်း ဖြစ်သည်။
တာအိုပြည်နယ်သုံးထောင်၏ အနာဂတ်သည် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ ရည်မှန်းချက်များအောက်တွင် နစ်မွန်းမသွားပါစေနှင့်ဟုသာ ဆုတောင်းရပေတော့မည်...။
“ဝုန်း”
“ဒိန်း”
“ဂျိန်း ဂျိန်း ဂျိန်း”
ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံရှိ နောက်ဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံး ခရမ်းရင့်ရောင် မိုးကြိုးတန်းကြီးသည် လင်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြိုဆင်းလာတော့သည်။ ယခင်မိုစကြိုးများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော ဤနောက်ဆုံးမိူကြိုးနှင့် ရင်ဆိုင်ရသော်လည်း လင်းချန်သည် တုန်လှုပ်ခြင်းမရှိဘဲ ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို လည်ပတ်စေခြင်း၌သာ အာရုံစိုက်ထားခဲ့လေသည်။
လင်းဟောက်ရန်သည် သူ၏ အတွေးများကို စုစည်းကာ ထိုခရမ်းရင့်ရောင် မိုးကြိုးကို မော့ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် နှမြောတသဖြစ်မှု အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။
“ကြည့်ရတာ ချန်အာက ဒီတစ်ခေါက်မှာ အဆင့်တွေကို ဆက်တိုက်ကျော်ဖြတ်ပြီး မဟာသူတော်စင်အဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို မရရှိနိုင်သေးဘူးထင်တယ်။
ဒါပေမဲ့ မဟာသူတော်စင်အဆင့်ထဲကို ခြေတစ်ဖက် လှမ်းထားနိုင်တာကလည်း တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ အနည်းဆုံးတော့ သူက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း အထိုက်အလျောက်တော့ ရှိသွားပြီ။”
လင်းချန်သည် သူတို့၏ ရှေးဟောင်း လင်းမိသားစုအတွင်း၌ နေထိုင်နေသရွေ့ မည်သည့် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်မျိုးမဆို လာရောက်ရန် ဝံ့ရဲပါက သူ လင်းဟောက်ရန် ရှိနေသရွေ့ ပြန်လည် ဆုတ်ခွာသွားစေရမည်ဖြစ်သည်။
ယွမ်ချင်းရို၏ အကြည့်မှာလည်း ကောင်းကင်ယံသို့ ရောက်ရှိနေပြီး သူမ၏ မျက်ဝန်းထဲရှိ ဆုံးဖြတ်ချက်များမှာ ပိုမိုခိုင်မာလာခဲ့သည်။
တားမြစ်နယ်မြေမှ အထွတ်အထိပ်ပုဂ္ဂိုလ်များပင် ဖြစ်ပါစေ မည်သူမျှ သူမ၏သားကို အန္တရာယ်မပြုနိုင်စေရ။ အကယ်၍ တစ်စုံတစ်ဦးက လင်းချန်ကို ရန်မူလိုပါက သူမ ယွမ်ချင်းရို၏ အလောင်းကိုသာ အရင်ဖြတ်ကျော်သွားရပေလိမ့်မည်။
ကောင်းကင်ယံထက်တွင်မူ...
လင်းချန်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ရာ ဝါးမျိုနိုင်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ရှိ ခရမ်းရင့်ရောင် မိုးကြိုးစွမ်းအင်များကို အငမ်းမရ စုပ်ယူနေလေသည်။
“ဘုန်း”
နောက်ဆုံး စွမ်းအင်အစအနလေးကိုပါ စုပ်ယူ သန့်စင်ပြီးသွားသောအခါ လင်းချန်၏ အရှိန်အဝါသည် နောက်ထပ်တစ်ကြိမ် မြင့်တက်လာခဲ့ပြန်သည်။ ဤအရှိန်အဝါသည် သာမန် သူတော်စင်အဆင့် အထွတ်အထိပ်ထက် သာလွန်သော်လည်း မဟာသူတော်စင်အဆင့်သို့ အမှန်တကယ် မရောက်ရှိသေးပေ။
၎င်းမှာ သူတော်စင် အထွတ်အထိပ်အဆင့်ထက် မြင့်ပြီး မဟာသူတော်စင်အဆင့်အောက်တွင် ရှိနေသည့် သိမ်မွေ့သော အခြေအနေတစ်ခုတွင် ရှိနေလေသည်။ ၎င်းကို မဟာသူတော်စင် ခြေလှမ်းဝက်အဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းဟု ခေါ်ဆိုနိုင်ပေသည်။
“ဟူး”
လင်းချန်သည် ခန္ဓာကိုယ်တွင်းမှ လေပူများကို မှုတ်ထုတ်လိုက်ပြီး သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင်လည်း နှမြောတသဖြစ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကြည့်ရတာ အဆုံးသတ်မှာ ငါ နည်းနည်းလေး လိုနေသေးတာပဲ။”
ထိုသို့ပြောရင်း လင်းချန်သည် မတ်တပ်ထရပ်ကာ ကိုယ်လက်ဆန့်ထုတ်ပြီး အနည်းငယ် ပြုံးလိုက်၏။
“ဒါပေမဲ့ ကျန်နေတဲ့ အစိတ်အပိုင်းလေးအတွက်ကတော့ ငါ တကယ့်တကယ် ကြိုးစားပြီး မကျင့်ကြံရင်တောင်မှ နောက်ဆုံး နောက်ဆုံး တစ်လခွဲအတွင်းမှာ အလိုလို ချိုးဖျက်သွားမှာပါ။
နောက်ထပ် လုပ်ရမှာက... မိသားစုအတွင်းမှာ လက်မှတ်ထိုးခြင်း အခွင့်အရေးကို ရရှိနိုင်မယ့် နောက်ဆုံးဖြစ်နိုင်ချေရှိတဲ့ နေရာကို သွားရောက် စူးစမ်းဖို့ပဲ။
ဟင်း... ငါ ဘိုးဘေးတွေကို ကန်တော့ဖို့အတွက် ဘိုးဘေးနယ်မြေဆီ နောက်ဆုံးသွားခဲ့တာ အခုဆို နှစ်ပေါင်း သုံးထောင်တောင် ရှိသွားပြီပဲ။ ဒီတစ်ခေါက် ပြန်လာတုန်းမှာ အဲ့ဒီကိစ္စကိုပါ တစ်ခါတည်း လုပ်လိုက်တာ ကောင်းမယ်။”
ကောင်းကင်အထက်ရှိ နက်မှောင်သော အတိဒုက္ခတိမ်တိုက်များသည် တုန်ခါသွားပြီးနောက် လျင်မြန်စွာပင် ပျောက်ကွယ်သွားကြတော့လေသည်။
နေဝင်ရိုးရီ၏ နီမြန်းသော ဆည်းဆာတိမ်တိုက်များလည်း တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာတော့သည်။
ရှေးဟောင်း လင်းမိသားစုအတွင်း၌မူ လင်းချန်၏ အတိဒုက္ခရင်ဆိုင်ခြင်း ပြီးဆုံးသွားသည်ကို မြင်တွေ့ရသော မိသားစုဝင်များစွာတို့သည်လည်း အသိစိတ် ပြန်ဝင်လာခဲ့ကြသည်။
နောက်တစ်ခဏတွင် လူတိုင်း၏ စိတ်ထဲ၌ တစ်သံတည်း ထွက်ပေါ်လာသကဲ့သို့ပင် ရှေးဟောင်း လင်းမိသားစုဝင် အားလုံးသည် အထက်ကောင်းကင်ယံရှိ လင်းချန်ကို ကြည့်ကာ လေးလေးစားစားနှင့် ထက်ထက်သန်သန်ပင် လက်ယှက် ဂါရဝပြုရင်း တညီတညွတ်တည်း ပြောဆိုလိုက်ကြတော့လေသည်။
“နတ်ဘုရားသားတော် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သူတော်စင်အဆင့်ကို ချက်ချင်း တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။”
“ပါရမီရှင်စာရင်းရော နတ်ဘုရားစာရင်းမှာပါ ထိပ်ဆုံးက ရပ်တည်နေတဲ့ နတ်ဘုရားသားတော်ရဲ့ ဘုန်းတန်ခိုးတော်ဟာ ခေတ်အဆက်ဆက်မှာ အနှိုင်းမဲ့ပါပဲ။”