← Chapters

အခန်း (၅၂၃-၅၂၄)

Vol. 36 Ch. 523-524

အခန်း (၅၂၃-၅၂၄)

Vol. 36 Ch. 523-524

အခန်း ၅၂၃ - ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ခြင်း၊ မိုဘိုင်းဗီဒီယိုခေါ်ဆိုမှု

ရှောင်းယီသည် တဒင်္ဂအံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါဆို သူကငါ့ကိုဒီမှာစောင့်နေတာပဲ။ သူ့ကိုပြန်ဖြေလိုက်ပါ။ ငါ့မှာဘာသာပြန်ရှိတယ်၊ အုတ်မြစ်ကျောက် ၅၀ ယူနစ်နဲ့ သင်ယူမှုအတွက် အာမခံချက်ရှိတယ်လို့။”

ဆုဝမ်သည် ရှောင်းယီ၏ညွှန်ကြားချက်အတိုင်း ချက်ချင်းပင် မက်ဆေ့ဂျ်ပို့လိုက်သည်။

မာတင်သည် ထိုမက်ဆေ့ဂျ်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ပြီး မေးလိုက်လေသည်။

“သူဌေး ခင်ဗျားဆိုလိုချင်တာက ကျုပ်တို့ရဲ့ဒေသခံတွေက ကျွန်းအထိမ်းအမှတ်ကျောက်ရှေ့မှာနေပြီး အမြဲတမ်းသင်ယူနေရမယ်လို့လား။”

“မဟုတ်ဘူး...။ ငါတို့ရဲ့ ဘာသာပြန်က မင်းတို့ဆီလာမယ်။ ဒါပေမယ့် လိုအပ်ချက်က သူ့ရဲ့ဘေးကင်းရေးကိုသေချာစေဖို့ပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ပြီးတော့ မင်းရဲ့ကျွန်းက မြို့ပြန်ကျောက်ရဲ့တည်နေရာကို သိမ်းထားရမယ်။ မင်းသာ ငါတို့ရဲ့ဘာသာပြန်ကို ထိခိုက်အောင်လုပ်ရင် ငါတို့ဘက်က တိုက်ရိုက်တိုက်ခိုက်ရလိမ့်မယ်။”

မာတင် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

ဒီလောက်ဝေးလံလွန်းတဲ့အရပ်ဒေသကို ဘာသာပြန်က ဘယ်လိုလာမှာလဲ။ ပြီးတော့ ဒီမြို့ပြန်ကျောက်ဆိုတာကြီးကရော ဘာလဲ။

ရှောင်းယီ အနည်းငယ်ရှင်းပြခဲ့ပြီး နောက်ဆုံးတွင် မာတင် နားလည်သွားခဲ့သည်။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ မစိုးရိမ်ပါနဲ့ သူဌေး။ ကျုပ် ဘာသာပြန်ရဲ့ဘေးကင်းရေးကို သေချာပေါက်အာမခံပါတယ်။”

မာတင်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထို့နောက် ရှောင်းယီသည် သူ့ဘေးမှ အကြွင်းမဲ့သော့ကိုကောက်ယူကာ မာတင်မှပေးအပ်ခဲ့သော ပင်လယ်ဓားပြသေတ္တာကို ဖွင့်ရန်ပြင်ဆင်လိုက်သော်လည်း အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီးနောက် အကြွင်းမဲ့သော့ကို ပြန်ချထားလိုက်လေသည်။ ရှောင်းယီသည် သူ့ဘေးမှ အကြွင်းမဲ့သော့ကိုကောက်ယူကာ မာတင်မှပေးအပ်ခဲ့သော ပင်လယ်ဓားပြသေတ္တာကို ဖွင့်ရန်ပြင်ဆင်လိုက်သော်လည်း အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီးနောက် အကြွင်းမဲ့သော့ကို ပြန်ချထားလိုက်လေသည်။

[အရှေ့ကအခန်းတွေမှာ မာစတာကီးလို့သုံးခဲ့ပါတယ်။ အခုကစပြီး အကြွင်းမဲ့သော့လို့သုံးပါမယ်။]

ဤသေတ္တာထဲတွင် မြို့ပြန်ကျောက်ပါဝင်နိုင်ခြေရှိသောကြောင့် ၎င်းကို အပြည့်အဝအသုံးချနိုင်ရန်အတွက် နှစ်ဆဆုချီးမြှင့်မှုကို စောင့်ဆိုင်းသင့်ပေသည်။

“ခဏတော့စောင့်ပေးပါ။ ငါတို့ ဒီမှာစီစဉ်စရာရှိတာတွေစီစဉ်ပြီးလို့ အဆင်သင့်ဖြစ်တဲ့အခါ ဆက်သွယ်လိုက်ပါ့မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်သူဌေး။”

မာတင်က တုံ့ပြန်လိုက်သည်။

ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားပြီးနောက် ဆုဝမ်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ရှင်က အရမ်းကြိုမြင်တတ်တာပဲ။ ကံကောင်းတာက ရှင်အရင်နေ့တွေတုန်းက ကျွန်မကို ဒေသခံတွေကို နိုင်ငံခြားဘာသာစကားသင်ခိုင်းခဲ့တာပဲ။ အခုတော့ အသုံးဝင်လာပြီ။”

“ငါတို့လုပ်ငန်းက အနာဂတ်မှာ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့ဒါကြောင့် နိုင်ငံခြားဘာသာစကားကို တတ်ကျွမ်းထားဖို့ သဘာဝအတိုင်း လိုအပ်တယ်။ ဟုတ်ပြီ နိုင်ငံခြားဘာသာစကားကျွမ်းကျင်တဲ့ ဒေသခံဘာသာပြန်တစ်ယောက်ရှာပြီး အဆင်သင့်လုပ်ထားခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့။”

ဆုဝမ် ထွက်ခွာသွားခဲ့သည်။

မူလက ရှောင်းယီသည် ဂရုထဲတွင် အပန်းဖြေစခန်းဖွင့်လိုစိတ်ရှိခဲ့သည့်အခါက တစ်နေ့တွင် နိုင်ငံရပ်ခြားသို့ပါ အပန်းဖြေစခန်းဖွင့်ပေးရမည်ဟု တွေးခဲ့မိပြီး ချက်ချင်းပင် ဘာသာစကား၌ ပါရမီရှိသော ဒေသခံများအား နိုင်ငံခြားဘာသာစကားသင်ကြားပေးရန် ဆုဝမ်အားတောင်းဆိုခဲ့ပေသည်။

ဆုဝမ်သည် ထိုအမိန့်ကို လက်ခံရရှိခဲ့ပြီးနောက် သူမသင်ယူခဲ့သော နိုင်ငံခြားဘာသာစကား ၇ မျိုးကို အတန်း ၇ ခုခွဲကာ သင်ကြားပေးခဲ့သည်။ ထို့ကြောင့် ဤကမ္ဘာရှိ အသက်ရှင်ကျန်ရစ်သူများသည် အခြေခံအားဖြင့် ရှောင်းယီ၏ကျွန်းပေါ်တွင် သက်ဆိုင်ရာဘာသာပြန်များကို ရှာဖွေနိုင်ပေသည်။

အသုံးများခြင်းမရှိသောဘာသာစကားများအတွက်မူ ယခင်က အသုံးများသော နိုင်ငံခြားဘာသာစကားဖြင့် ဆက်သွယ်နိုင်သည်။

ဆုဝမ်သည် သူမ၏အတန်းထဲမှအတော်ဆုံးကျောင်းသူတစ်ယောက်ကို ခေါ်ယူကာ သူမတွင် တာဝန်တစ်ခုရှိကြောင်း ပြောပြလိုက်လေသည်။

ထိုကျောင်းသူသည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာပြန်ဆရာတစ်ယောက်ဖြစ်ခြင်းသည် နေ့စဉ်လစာကောင်းစွာရသည်ကို သိထားသောကြောင့်ပင်။

ရှောင်းယီသည် ထိုကျောင်းသူကို ကြည့်လိုက်ပြီး သူမ၏ရုပ်ခန္ဓာအဆင့်သည် C-အဆင့်သို့ရောက်ရှိပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရသောအခါ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အင်း အစစအရာရာ ဂရုစိုက်ပါ။ အန္တရာယ်နဲ့ကြုံရရင် မင်းရဲ့အသက်ကို အရင်ဆုံးကာကွယ်ရမယ်။ ငါတို့ မင်းဆီကို အချိန်မီရောက်အောင်လာပြီး ကယ်တင်နိုင်တယ်ဆိုတာကို ယုံကြည်ထားပါ။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ထိုကျောင်းသူသည် ရှောင်းယီကို မြင်လိုက်ရသော အနည်းငယ်စိတ်ကျဥ်းကြပ်နေပုံရသည်။

“ကျန်တာတွေကိုတော့ မင်းပဲစီစဉ်ပေးလိုက်ပါ။”

ရှောင်းယီက ဆုဝမ်ကို ပြောလိုက်သည်။

ဆုဝမ်သည် ရှောင်းယီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်းပင် လုပ်ဆောင်ကာ ကျောင်းသူကို တည်နေရာကူးပြောင်းပေးလိုက်သည်။

ဘာသာပြန်များ၏ဘေးကင်းရေးကို သေချာစေရန်အတွက် ထိုဘာသာပြန်များသည် အခြားသူ၏ကျွန်းပေါ်တွင် ညအိပ်ခြင်းမရှိဘဲ ည ၉ နာရီတွင် ပြန်လည်ပြောင်းရွှေ့ခံရမည်ဖြစ်သည်။

ဘာသာပြန်ကို ကြိုဆိုရင်းဖြင့် မာတင်သည် အလွန်ပျော်ရွှင်နေခဲ့ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ရှောင်းယီအား ကျေးဇူးတင်ကြောင်း ဖော်ပြပြီးနောက် မေးလိုက်သည်။

“သူဌေး ခင်ဗျားရဲ့အဆိပ်ငွေ့ဗုံးကို ကျုပ်တို့ဂရုထဲမှာ ကြော်ငြာလို့ရမလား။”

ရှောင်းယီသည် ဤပစ္စည်းကို နိုင်ငံခြားသို့ မရောင်းချရသေးပေ။ သူသည် ရှားနိုင်ငံအတွင်း၌သာ အနည်းငယ်ရောင်းချခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အလွန်နည်းပါးသော အစိတ်အပိုင်းသည် နိုင်ငံခြားသို့ စီးဆင်းသွားလိမ့်မည်မှာ သေချာပေသည်။ ဤသည်မှာ ရှောင်လွှဲ၍မရနိုင်သောအရာလည်းဖြစ်သည်။

“ရပါတယ်...ဒါပေမယ့်အရေအတွက်ကတော့ ကန့်သတ်ချက်ရှိတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လက်ရှိတွင် ကုန်ကြမ်းများလုံလောက်သော်လည်း ရှောင်းယီတွင် ကမ္ဘာတစ်ဝန်းလုံးကို ထောက်ပံ့နိုင်ရန်အတွက် ယုံကြည်ချက်မရှိပေ။

“နားလည်ပါပြီ...ကျေးဇူးတင်ပါတယ် သူဌေး။”

မာတင်က ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် မွန်းလွဲပိုင်းသို့ ရောက်ရှိလာပြီဖြစ်ကာ လူတိုင်းသည် အရှေ့ဘက်ဗီလာသို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့ခင်းကျင်းခဲ့သော စားပွဲသုံးလုံးသည်လည်း အရသာရှိသောအစားအစာများဖြင့် ပြည့်နှက်နေချေပြီ။

အစားအစာများ၏ရနံ့ကို ရှူရှိုက်လိုက်ရရုံမျှဖြင့် လူတိုင်းသည် မထိန်းနိုင်တော့လဲ တံတွေးများ မျိုချလိုက်မိကြလေသည်။

သို့သော် ရှောင်းယီ ရောက်ရှိလာခြင်းမရှိသေးသောကြောင့် သူတို့ သည်းခံထားရမည်ဖြစ်ပြီး အာရုံပြောင်းရန်အတွက် အခြားအရာများအကြောင်း စတင်ပြောဆိုကြတော့လေသည်။

“အခုနက ကျုပ်ကျွန်းပိုင်ရှင်ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုငှားပြီး ဖုန်းကို ကျုပ်ရဲ့ကျွန်းကို ပြန်ပို့ပြီး စမ်းကြည့်ခဲ့တယ်။”

“ဘယ်လိုလဲ။ အချိန်နှင့်တပြေးညီ ဖုန်းခေါ်လို့ရလား။ ဖုန်းခေါ်ဆိုမှုအရည်အသွေးကရော ဘယ်လိုလဲ။”

“အရမ်းကောင်းတယ်။ အရင်ကဖုန်းတွေထက်တောင် ပိုကောင်းသေးတယ်။ ဗီဒီယိုကောတောင် ပြောလို့ရတယ်။”

“တကယ်လား။”

“ကျေးဇူးပြုပြီး ‘တကယ်’ ဆိုတာကို ဖယ်လိုက်စမ်းပါ။ ကျုပ် ခင်ဗျားတို့ကိုပြမယ်။”

ထို့သို့ပြောပြီးနောက် စွန်းယောင်သည် သူ့ဖုန်းကိုထုတ်ယူကာ နံပါတ် ၆၆၂၃ ကို ခေါ်လိုက်သည်။ လူတိုင်းကို သရုပ်ပြရန်အတွက် သူသည် ၎င်းကိုနားနှင့်ကပ်မထားဘဲ စပီကာကို တိုက်ရိုက်ဖွင့်လိုက်လေသည်။

“သခင်ကြီး ကျုပ်ကိုလိုအပ်တာ ရှိလို့ပါလား။”

တစ်ဖက်လူက မေးလာခဲ့သည်။

“ဘာမှမလိုပါဘူး။ ငါ ဖုန်းခေါ်ဆိုမှုကို စမ်းသပ်နေတာ။ ကျွန်းမှာ ပုံမှန်မဟုတ်တာတစ်ခုခုရှိသေးလား။”

စွန်းယောင်က မေးလိုက်သည်။

“သခင်ကြီးကို အစီရင်ခံတင်ပြပါတယ်။ မရှိပါဘူး။”

တစ်ဖက်လူက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဗီဒီယိုဖုန်းခေါ်ဆိုမှုကိုပြောင်းလိုက်။”

စွန်းယောင်သည် အလွန်ကျွမ်းကျင်နေသကဲ့သို့ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

စွန်းယောင် ဗီဒီယိုဖုန်းခေါ်ဆိုမှုသို့ ပြောင်းလိုက်သည်နှင့် ဆက်သွယ်ရေးကိရိယာသည် သုံးဖက်မြင်ပုံရိပ်တစ်ခုကို ဖုန်းမျက်နှာပြင်၏ အထက်သို့ တိုက်ရိုက်ထုတ်လွှတ်လိုက်လေသည်။

ထိုပုံရိပ်ထဲတွင် စွန်းယောင်၏ကျွန်းရှိ စောင့်ရှောက်ရေးတာဝန်ခံနှင့် သူ့နောက်ကွယ်ရှိ ပင်လယ်ပြင်ကို ပြသနေခဲ့သည်။

စောင့်ရှောက်ရေးတာဝန်ခံ ရွေ့လျားသွားသည်နှင့်အမျှ ရှုခင်းသည်လည်း ပြောင်းလဲသွားခဲ့လေသည်။

“ကောင်းပြီ ပင်လယ်ထဲကို ပိုပြီးအာရုံစိုက်ထား။ ပြဿနာတစ်ခုခုရှိရင် အချိန်မီဆက်သွယ်လိုက်။”

စွန်းယောင်က ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်ကြီး နှုတ်ဆက်ပါတယ်။”

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီးနောက် စွန်းယောင်သည် လူအုပ်ကြီး၏ အံ့အားသင့်နေကြသော အသွင်အပြင်များကိုကြည့်ကာ ပြောလိုက်သည်။

“ဘယ်လိုလဲ။ ဒီသုံးဖက်မြင်ပုံရိပ်က ခင်ဗျားတို့ကိုလန့်သွားစေတယ်မလား။”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

“ဒါသာရှိရင် ကျုပ်တို့ ကျွန်းပေါ်မှာပဲ အမြဲနေစရာမလိုတော့ဘူးမဟုတ်လား။”

ချူရှန်းက ရုတ်တရက် ထပြောလိုက်သည်။

“ဟုတ်တယ်...ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ကျွန်းပေါ်ကအခြေအနေကို ဘယ်နေရာကနေမဆို မြင်နိုင်တယ်။ ကျွန်းပိုင်ရှင်ဆီကို ပိုလာပြီး ခံစားလို့ရတယ်။”

စွန်းကုထောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့တစ်ယောက်ချင်းစီမှာ မြို့ပြန်ကျောက်မရှိရင် ကျွန်းပေါ်မှာနေတာ ပိုကောင်းမယ်။ အဲ့ဒါမှ ပြဿနာတစ်ခုခုပေါ်လာရင် မိနစ်ဝက်အတွင်း ရောက်အောင်သွားနိုင်မှာ။”

ဖန်မင်လုံက ပြောလိုက်သည်။

“ကျုပ်တို့ လုံးဝပျင်းရိနေလို့မရဘူး။ ဒီကမ္ဘာက အရင်နဲ့မတူတော့ဘူးဆိုပေမယ့် ဂုဏ်သတင်းရှစ်ပါးနဲ့ အပြစ်တရားရှစ်ပါးကိုတော့ မှတ်မိသင့်တယ်။”

ပိုင်ချီက ပြောလိုက်သည်။

လူတိုင်း နောက်ထပ်တစ်ကြိမ် ခေါင်းညိတ်လိုက်ကြပြန်သည်။

“ကျွန်းပိုင်ရှင် အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ပွဲစဖို့အတွက် မင်းကိုစောင့်နေကြပါတယ်။”

အန်းယွဲ့က ရောက်လာကာ ပြောလိုက်သည်။

ထိုအခါ ရှောင်းယီက ထရပ်ပြီး ပြန်ဖြေလိုက်သည်။

“ကျုပ်လည်းဗိုက်ဆာနေပြီ သွားကြရအောင်။”

ရှောင်းယီ ရောက်ရှိလာချိန်တွင် လူတိုင်းသည် အတွေးနွံထဲသို့ နက်ရှိုင်းစွာ ကျရောက်နေကြပုံရနေလေသည်။

“ဘာတွေဖြစ်နေတာလဲ။ မင်းတို့အားလုံး ဘာလို့အရမ်းလေးနက်တဲ့ပုံစံမျိုး ဖြစ်နေကြတာလဲ။”

ရှောင်းယီက ပြုံးရယ်ကာ စကားဆိုလိုက်ရင်း ဝင်လာခဲ့သည်။

အတွင်းဘက်ဆုံးစားပွဲရှိ အဓိကနေရာကို ရှောင်းယီအတွက် သီးသန့်ချန်ထားသည်။

“ကျုပ်တို့ ဖုန်းရဲ့လုပ်ဆောင်ချက်ကို အခုနက မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ အရမ်းစွမ်းအားကြီးတာပဲ။ လူတိုင်းအံ့အားသင့်‌သွားခဲ့ကြတယ်လေ။”

ယွမ်နွန်က ပြုံးရင်း ပြောလိုက်သည်။

“ဒီလိုလား။ ဘယ်သူစမ်းသပ်ခဲ့တာလဲ။”

ရှောင်းယီက မေးလိုက်သည်။

ထိုအခါ စွန်းယောင်က လက်ထောင်ပြီး ပြောလိုက်သည်။

“ကျုပ်ပါ...စောစောက ကျွန်းပိုင်ရှင်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုငှားပြီး ဖုန်းကို ကျုပ်ကျွန်းကိုပြန်ပို့ပြီး စမ်းကြည့်ခဲ့တာပါ။ ဖုန်းခေါ်ဆိုမှုက အရမ်းတည်ငြိမ်တယ်။ ဗီဒီယိုပုံရိပ်က တကယ့်ကို သုံးဖက်မြင်ပုံရိပ်ထုတ်လွှင့်မှုပဲ။ တကယ်ကို အံ့အားသင့်စရာပါပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒီဖုန်းမှာ လုပ်ဆောင်ချက်တွေ အများကြီးရှိသေးတယ်။ လူတိုင်း ဖြည်းဖြည်းချင်းရှာဖွေလို့ရပါတယ်။ အခုတော့ စားလိုက်ကြရအောင်။”

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ခွက်တိုက်လိုက်ကြလေသည်။

“ကျွန်းပိုင်ရှင် ညစာစားပြီးရင် ကျုပ်တို့ အပန်းဖြေစခန်းကို သွားကစားလို့ရမလား။”

ရှောင်းယီနှင့် ခွက်တိုက်ရန် အခွင့်အရေးယူနေသော စွန်းကုထောင်သည် ဟွားလန်၏မေးခွန်းကို ကြားလိုက်ရသောအခါ သူ့ကို ကန်ထုတ်ပစ်ချင်သွားခဲ့လေသည်။

သူသိသမျှအရာအားလုံးက ကစားဖို့ချည်းပဲ။

အခန်း ၅၂၄ - မာတင်၏ကြော်ငြာ၊ ပင်လယ်ဓားပြများ

ဟွားလန်၏ မျှော်လင့်နေသောမျက်နှာအမူအရာကိုကြည့်ကာ ရှောင်းယီသည် တမင်တကာတင်းမာသောအသွင်အပြင်ကို ဖန်တီးကာ ပြောလိုက်လေသည်။

“ဘာဖြစ်နေတာလဲ။ စည်းမျဉ်းတွေကို မင်းနားမလည်ဘူးလား။”

ဟွားလန်သည် ချက်ချင်းပင် ကြောက်ရွံ့စွာ နောက်သို့ဆုတ်ပြီး “တောင်းပန်ပါတယ်...တောင်းပန်ပါတယ်။” ဟု အထပ်ထပ် ပြောလိုက်သည်။

ရှောင်းယီသည် အမြဲတမ်း ချဉ်းကပ်ရလွယ်ကူပြီး လက်အောက်ငယ်သားများအား ခွင့်လွှတ်တတ်သောကြောင့် ဟွားလန်သည် တို့စ်လုပ်နေစဉ်အတွင်း ဤမေးခွန်းကို တိုက်ရိုက်မေးရဲခဲ့ခြင်းဖြစ်ပေသည်။

ထိုအခါ စွန်းကုထောင်သည် ချက်ချင်းပင် ရှေ့တက်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်၊ ဒေါသကိုထိန်းပါဦး သူက...”

စွန်းကုထောင်၏ စကားမဆုံးမီ ရှောင်းယီသည် သူ့အားအပြုံးတစ်ခုဖြင့် မျက်စပစ်ကာ ကြည့်လိုက်၏။ ထိုအခါ စွန်းကုထောင်သည် ကျွန်းပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်ကြောင့် သိလိုက်လေသည်။

ထို့ကြောင့် စွန်းကုထောင်သည် ဘာမှဆက်မပြောတော့ပေ။ ဟွားလန်မှာမူ ခေါင်းပင်မမော့ရဲတော့ချေ။ သို့သော်လည်း သူသည် သူဌေး၏စကားသံကို မကြားရသောအခါ ပို၍ပင် ထိတ်လန့်သွားခဲ့လေသည်။

အခြားသူများသည် ရှောင်းယီ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရပြီး သူတို့၏ရယ်ချင်စိတ်များကို အောင့်အီးထိန်းချုပ်ထားလိုက်ကြရသည်။

ဟွားလန်သည် ကြီးမားသောဖိအားကို ခံစားနေရပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည်လည်း တိတ်ဆိတ်လို့နေခဲ့သည်။

“သူဌေးက ငါ့ကိုစွန့်ပစ်တော့မှာလား။”

သူခေါင်းအနည်းငယ်မော့ကြည့်လိုက်သောအခါ ဟွားလန်သည် စွန်းကုထောင်၏ မျှော်လင့်ချက်ကင်းမဲ့နေသည့်အကြည့်ကို မြင်တွေ့လိုက်ရပြီး အခြားသူများသည်လည်း ရှိုးပွဲကြည့်နေသည့်အသွင်အပြင်မျိုး ရှိနေခဲ့လေသည်။

“ကျွန်းပိုင်ရှင် စည်းမျဉ်းကိုမသိတာက ကျုပ်ရဲ့အမှားပါ။ ခင်ဗျားအပြစ်ပေးတာကို ကျုပ်လက်ခံပါတယ်။”

ဟွားလန်က မထိန်းထားနိုင်တော့ဘဲ ပြောလိုက်သည်။

ထို့သို့ပြောပြီးနောက် ဟွားလန်သည် ခေါင်းမော့ကြည့်လိုက်သောအခါ ရှောင်းယီ၏ မပြုံးတပြုံးမျက်နှာကို တွေ့လိုက်ရလေသည်။

နောက်ဆုံးတွင် တစ်စုံတစ်ဦးသည် မထိန်းထားနိုင်တော့ဘဲ ရယ်ချလိုက်ပြီးနောက် ဧည့်ခန်းတစ်ခုလုံး ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့လေသည်။

“အပန်းဖြေစခန်းက အစကတည်းက ကစားဖို့ပဲလေ။ မင်းက ဘာလို့ ငါ့ကိုတင်ပြနေသေးတာလဲ။ ပြီးတော့ ကျွန်းတစ်ကျွန်းစီရဲ့တာဝန်ရှိသူတွေက ဒီကိစ္စကို ဆုံးဖြတ်နိုင်တယ်။ မင်းကျွန်းပေါ်ကအလုပ်တွေကို စီစဉ်ပြီးရင် မင်းဘယ်လိုကစားချင်တယ်ဆိုတာက မင်းရဲ့အရေးပဲ။ မင်း ငါ့ကို ဒီကိစ္စမေးလာတာ စွန်းကုထောင်တော့ ဝမ်းနည်းသွားတော့မှာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့...ဟုတ်ကဲ့။ ကျွန်းပိုင်ရှင်ပြောတာ မှန်ပါတယ်။ ကျုပ်မှတ်သားထားပါ့မယ်။”

ဟွားလန်သည် ကျွန်းပိုင်ရှင်က သူ့ကို ဟာသလုပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်းပိုင်ရှင် အခု အပန်းဖြေစခန်းက အများပြည်သူအတွက် ဖွင့်လှစ်ထားတာဆိုတော့ ကျုပ်တို့အချိန်ကို သူတို့နဲ့ ရောထွေးလိုက်သင့်လား။”

ထိုအခါ ရှောင်းယီက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“မလိုပါဘူး ပုံမှန်အတိုင်းပဲ ကစားကြပါ။ မင်းတို့က ပိုင်ရှင်တွေပဲ။ ပိုင်ရှင်တွေရဲ့ပုံရိပ်နဲ့ ဟန်ပန်မျိုးရှိရမယ်။”

လူတိုင်းက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“ဒါ့အပြင် မင်းတို့ သူတို့နဲ့ပိုပြီး ဆက်သွယ်လို့ရတယ်။ ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာရတာနဲ့ မညီတူတဲ့ အချက်အလက်တွေကို ရနိုင်လိမ့်မယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ် သူတို့ဆီက သတင်းအချက်အလက်တွေရအောင် ကြိုးစားပါ့မယ်။”

ဟွားလန်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းအနည်းငယ်ညိတ်ကာ လူတိုင်းအား ပြောလိုက်သည်။

“ငါတို့ရဲ့ပတ်ပတ်လည်မှာ ရန်သူတွေဝိုင်းရံနေတယ်ဆိုပေမယ့် လူတိုင်း သက်တောင့်သက်သာရှိသင့်တဲ့အချိန်မှာ သက်တောင့်သက်သာရှိရမယ်။ အရမ်းတင်းမာမနေကြပါနဲ့။ ဒါပေါ့...ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တင်းမာသင့်တဲ့အချိန်မှာ တင်းမာရမယ်။”

“ဟုတ်ကဲ့ပါ...။”

လူတိုင်းက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။

နေ့လည်စာစားပြီးနောက် စွန်းကုထောင်နှင့် အခြားသူများသည် တစ်စုတစ်စည်းတည်း အပန်းဖြေစခန်းသို့ ချီတက်သွားခဲ့ကြလေသည်။ သူတို့အားလုံးသည် အနားယူရန် ရောက်လာကြခြင်းဖြစ်ပြီး သက်တောင့်သက်သာရှိရမည်ဖြစ်သည်။

အန်းယွဲ့သည် ဗီလာထဲရှိ အမှိုက်များအား ရှင်းလင်းရန် လူများကို စီစဉ်ထားပြီးဖြစ်သည်။

ရှောင်းယီသည် သူ၏ဗီလာသို့ ပြန်ရောက်သည်နှင့် သူ့ထက်ခြေတစ်လှမ်းစောကာ ပြန်ရောက်နေသော ဆုဝမ်က ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင် မာတင်က ကျွန်မတို့ရဲ့ဘာသာပြန်တွေကို အများသုံးချန်နယ်ထဲမှာ သူ့ဘာသာကြော်ငြာနေပါတယ်။”

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွား၏။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။

“ဒီမာတင်က တကယ်မဆိုးဘူး။ ကျေးဇူးသိတတ်တဲ့လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။”

“ဒါပေမယ့် မာတင်ကြော်ငြာလိုက်တာနဲ့ ကျွန်မတို့ရဲ့ ဘာသာပြန်ဝန်ထမ်းတွေက အခုချက်ချင်း မလုံလောက်တော့ဘူး။ အများသုံးချန်နယ်ထဲမှာ ကျွန်မတို့ရဲ့ ဘာသာပြန်ဝန်ဆောင်မှုကို ဝယ်နေတဲ့လူတွေအများကြီးတွေ့နေရပြီ။”

ဆုဝမ်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

ရှောင်းယီက အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

“ငါတို့က ခြေတစ်လှမ်းစောနေပြီးသားပဲလေ။ ဘာစိုးရိမ်စရာရှိလို့လဲ။ လူမလုံလောက်ရင် ရိုးရိုးလေးပဲ ဘာသာပြန်ဝန်ဆောင်မှုကို မရောင်းဘူးပေါ့။ ပြီးတော့ စျေးတင်လို့ရတယ်။ ရှားပါးတဲ့အရာတွေက အမြဲတမ်းတန်ဖိုးကြီးတယ်။”

ဆုဝမ်သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ဒါတော့ အမှန်ပဲ။ ဒါပေမယ့် ဒီမှာ ဘာသာပြန်ပါရမီရှင်တွေကို ပိုပြီးလေ့ကျင့်ပေးဖို့ ကြိုးစားရမယ်။”

ရှောင်းယီက ခေါင်းညိတ်ကာ သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားခဲ့သည်။ ထို့နောက် အများသုံးချန်နယ်ထဲရှိ ထိုနိုင်ငံခြားဘာသာစကားများကို မြင်တွေ့လိုက်ရလေသည်။ သူ့ကို @ လုပ်ထားသောမက်ဆေ့ဂျ်အားလုံးတွင် ဘာသာပြန်ဆိုသူဟူသည့်စာလုံးများ ပါရှိနေခဲ့လေသည်။

ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ချက်ချင်းပင် ဝေါ်ကီတော်ကီဖြင့် ပြောလိုက်သည်။

“ဆုဝမ် အများသုံးချန်နယ်မှာ ငါတို့ဘာသာပြန်ပြဿနာကို ညှိနှိုင်းနေတယ်လို့ပြောပြီး နှစ်ရက်စောင့်ခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့။”

ဆုဝမ်က တုံ့ပြန်လိုက်ပြီး ထိုမက်ဆေ့ဂျ်ကို ရှားနိုင်ငံဘာသာစကားအပါအဝင် နိုင်ငံခြားဘာသာစကား ၇ မျိုးဖြင့် အများသုံးချန်နယ်ထဲတွင် ချက်ချင်းတင်လိုက်လေသည်။

ရှောင်းယီသည် အများသုံးချန်နယ်ထဲရှိ တုံ့ပြန်မှုများကို နောက်ထပ်ဂရုမစိုက်တော့ပေ။ နောက်ဆုံးတွင် မိမိကစောင့်ရမည်ဟုပြောလျှင် စောင့်ရမည်ဖြစ်သည်။

သူသည် ယီထျန်းဂရုသို့ပြောင်းလိုက်ပြီး လူများစွာသည် အကြောင်းအရာတစ်ခုကို ဆွေးနွေးနေကြောင်း တွေ့ရှိလိုက်ရလေသည်။

“ဟားဟား...ကျုပ် ဒီနေ့ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့နဲ့တွေ့ခဲ့ပြီး အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းလိုက်နိုင်တယ်။ ပင်လယ်ဓားပြသေတ္တာလည်း ရလာခဲ့တယ်။”

“ဟမ် ငါလည်းရလာတယ်။ အဲ့ဒီပင်လယ်ဓားပြတွေအားလုံးကို ဒီနေ့ ပြန်လည်ဖြည့်တင်းပေးနေတာဖြစ်နိုင်မလား။”

“အမယ်လေး...ငါကတော့ ကောင်းကင်ဘုံက ငါ့ကိုကောင်းချီးပေးတယ်လို့ ထင်နေတာ။ လူတိုင်း ပင်လယ်ဓားပြနဲ့တွေ့တယ်ဆိုတာ အခုမှပဲ သိလိုက်ရတော့တယ်။”

“မဖြစ်နိုင်ဘူး...။ ငါတို့မဟာမိတ်အဖွဲ့ကျတော့ ဘာလို့မတွေ့ခဲ့ရတာလဲ။ ဒါက ငါတို့မဟာမိတ်အဖွဲ့ကိုမထီမဲ့မြင်ပြုနေတာလားကွ။”

ရှောင်းယီသည် ထိုလူများ၏ စကားပြောဆိုမှုများကို ဖတ်ရှုကာ မျက်မှောင်ကြုံ့သွားခဲ့သည်။

“ကမ္ဘာ့စည်းမျဉ်းက နောက်ထပ်ဘာပြက်လုံးတွေ ထပ်ထုတ်ဦးမလို့လဲ။ ကျွန်းတိုင်းမှာ ကိုယ်ပိုင်မြို့ပြန်ကျောက်တွေ ရှိစေချင်တာလား။”

“ဟားဟား...ဒါက မင်းတို့မဟာမိတ်အဖွဲ့က ကံမကောင်းဘူးလို့ ဆိုလိုတာပဲ။ ငါတို့မဟာမိတ်အဖွဲ့မှာ ကျွန်းသုံးကျွန်းက ပင်လယ်ဓားပြတွေနဲ့တွေ့ခဲ့ပြီးပြီ။ အခုပင်လယ်ဓားပြသေတ္တာသုံးခုရသွားပြီ။ ဒါပေမယ့် ဖွင့်စရာသော့တော့ မရှိဘူး။”

“ကံကောင်းတာက ငါတို့မဟာမိတ်အဖွဲ့ထဲက လူတစ်ယောက်က အရင်ကသော့ရပြီး ပင်လယ်ဓားပြသေတ္တာကို ဖွင့်ခဲ့တယ်။ အဲ့ထဲမှာ အုတ်မြစ်ကျောက်တွေ၊ ထုတ်လုပ်မှုပုံကြမ်းတွေနဲ့ မြို့ပြန်ကျောက်တစ်ခုလည်း ရခဲ့တယ်။”

“သေချာသွားပြီ။ သူဌေးရဲ့မြို့ပြန်ကျောက်က ပင်လယ်ဓားပြသေတ္တာထဲက ရခဲ့တာပဲ။”

“ဒီလိုဆိုရင် လူတိုင်း တစ်ယောက်ရဲ့ကျွန်းကို တစ်ယောက်သွားရတာ အရမ်းအဆင်ပြေသွားပြီ။ နောက်ထပ်လာမယ့်တိုက်ခိုက်မှုတွေက ပိုပြီးရူးသွပ်လာမှာတော့ မဟုတ်ဘူးမလား။”

“ဟုတ်တယ်...ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ပင်လယ်ဓားပြတွေရဲ့ ဖြစ်ပေါ်လာမှုနှုန်းကို မြှင့်တင်လိုက်တာက ငါတို့ကိုအဆင်ပြေအောင်လုပ်ပေးဖို့သက်သက်ပဲမဟုတ်ဘူး။”

“ဒီလိုဆိုရင် ကျုပ်တို့မဟာမိတ်အဖွဲ့က အရမ်းအန္တရာယ်များသွားတော့မှာပဲ။ ကျုပ်တို့က ပင်လယ်ဓားပြတစ်ယောက်မှ မတွေ့ရသေးဘူး။”

“ပင်လယ်ဓားပြတွေက အခုချိန်မှာ ပြဿနာမဟုတ်ဘူး။ အခုပြဿနာက သော့မလုံလောက်တာပဲ။”

“ဟုတ်တယ်...သေတ္တာသော့တွေကို ကြိုတင်စုဆောင်းထားတဲ့တစ်ယောက်က သေတ္တာထဲမှာ ဘာတွေပါလဲဆိုတာလည်း သိထားသင့်တယ်။”

“သတင်းအချက်အလက်နောက်ကျရင် ရိုက်ချခံရမှာပဲ။ ဟေး...သေတ္တာသော့ရောင်းမယ့်သူရှိလား။”

“ဒီလိုအခြေအနေမှာ သေတ္တာသော့ရောင်းချင်တဲ့သူ မရှိလောက်ဘူးထင်တယ်။”

ရွှမ်းယွမ်ဝူဝေ့သည်လည်း ဤသတင်းအချက်အလက်ကို လက်ခံရရှိခဲ့ပြီး သူသည် အေးစက်စွာရယ်မောကာ ချက်ချင်းပင် ဈေးကွက်တွင် လဲလှယ်မှုတစ်ခု တင်လိုက်လေသည်။

“【သေတ္တာ့သော့】၁ လဲလှယ်မည် - 【အုတ်မြစ်ကျောက်】၂၅၀။”

ဤစျေးနှုန်းသည် သေတ္တာထဲရှိအုတ်မြစ်ကျောက်များထက် များစွာပိုသော်လည်း ရွှမ်းယွမ်ဝူဝေ့သည် တစ်စုံတစ်ဦးကတော့ သေချာပေါက်ဝယ်ယူလိမ့်မည်ဟု ယုံကြည်ပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုမြို့ပြန်ကျောက်သည် အမှန်တကယ် အလွန်အသုံးဝင်ပြီး ယီရန်ပင်း၏အားသွင်းကိရိယာဖြင့်ဆိုလျှင် ဤအရာသည် ပို၍ပင် အသုံးဝင်လာမည်ဖြစ်သောကြောင့်ပင်။

လူတိုင်းသည် ထိုလဲလှယ်မှုကို ချက်ချင်းတွေ့ရှိသွားကြပြီး အံ့အားသင့်သွားခဲ့ကြသည်။

“သေစမ်း...လူတိုင်းပဲ မြန်မြန်သွားကြည့်ကြစမ်း။ လူတစ်ယောက်က ဈေးကွက်မှာ သေတ္တာသော့လဲလှယ်မှုတင်ထားတယ်။”

“ဘာ...မြန်မြန်လုလိုက်တော့။ ငါတို့လိုနေတာ အဲ့ဟာပဲ။”

“လုယူရမှာလား။ စျေးကြည့်ပြီးမှပြော...ဒီလောက်စျေးကြီးတာကို တန်လို့လား။”

“သောက်ကျိုးနည်း ဒါကို ဘယ်သူတင်ထားတာလဲ။ အုတ်မြစ်ကျောက် ၂၅၀ လား။ သူကိုယ်တိုင်က ငတုံးလို့ ငါထင်တယ်။”

“ဟုတ်တယ်...သူက အုတ်မြစ်ကျောက်တွေကို စွဲလန်းလွန်းနေတာလားပဲ။ ဒီလောက်စျေးကြီးတာကို ငတုံးပဲဝယ်လိမ့်မယ်။”

“မင်းဒီလိုတော့ ပြောလို့မရဘူး။ အဆုံးမှာ မြို့ပြန်ကျောက်က အရမ်းအရေးကြီးတယ်။ ယီရန်ပင်းသူဌေးရဲ့အားသွင်းကိရိယာနဲ့ဆိုရင် ဒါကနတ်ဘုရားလက်နက်ပဲ။”

All Chapters