← Chapters

အခန်း (၅၂၇-၅၂၈)

Vol. 36 Ch. 527-528

အခန်း (၅၂၇-၅၂၈)

Vol. 36 Ch. 527-528

အခန်း ၅၂၇ - ပြည်ပသို့ငှားရမ်းခြင်း၊ ရတနာသေတ္တာ၏စည်းမျဉ်းများ

အများသုံးချန်နယ်သည် ရုတ်တရက် အသက်ဝင်စည်ကားလာခဲ့ပြီး စက္ကန့်တိုင်းတွင် မက်ဆေ့ဂျ်ပေါင်းဒါဇင်ချီ၍ ထွက်ပေါ်လာခဲ့လေသည်။ ထိုဝါကျများသည် ယခင်က အခါအားလျှော်စွာ ထွက်ပေါ်လာတတ်သည့် ရိုးရှင်းသော ဝါကျများနှင့် သိသိသာသာ ကွာခြားနေပေသည်။

အမြှော်အမြင်ရှိသော မည်သည့်မဟာမိတ်အဖွဲ့အစည်း သို့မဟုတ် တစ်ကိုယ်တော်ကျွန်းတစ်ကျွန်းမဆို ယခင်က အပြည်ပြည်ဆိုင်ရာဘုံဘာသာစကားကို ကျွမ်းကျင်သောသူတစ်ဦးအား အများသုံးချန်နယ်ကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ထား‌လိမ့်မည်ဖြစ်သည်။

အကြောင်းတစ်စုံတစ်ရာသည် အများသူချန်နယ်ပေါ်တွင် ပူပြင်းသောခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါက ၎င်းသည် လူတိုင်းအတွက် အလွန်အသုံးဝင်နိုင်ချေရှိပေသည်။

ရှားလူမျိုးများမှ ပေးပို့လိုက်သော မက်ဆေ့ဂျ်များကို မြင်လိုက်ရပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိလူများသည် လုံးဝငြိမ်သက်၍မရနိုင်တော့ပေ။

“ပင်လယ်ဓားပြသေတ္တာတွေထဲမှာ တကယ်ပဲ ပစ္စည်းကောင်းတွေရှိတာလား။ ကျုပ် တစ်ခုရှာတွေ့ခဲ့တာကြာပြီဆိုပေမယ့် သော့တစ်ချောင်းမှ မရခဲ့ဘူး။”

“ဘုရားရေ...အဲ့ဒါကို တကယ်ပဲ ပင်လယ်ဓားပြရတနာသေတ္တာလို့ခေါ်သင့်တယ်။ ဒါပေမယ့် နောက်ဆုံးတစ်ကြိမ် ကျုပ် အကြမ်းဖက်ပြီး ဖျက်ဆီးခဲ့တုန်းက အထဲမှာ ဘာမှမရှိဘူး။”

“အရူး...အဲဒါတွေကို အကြမ်းဖက်ပြီး ဖျက်ဆီးလို့မရဘူးကွ။ အကယ်၍ မင်းအဲ့လိုလုပ်လိုက်ရင် အထဲမှာ ဘာမှရှိတော့မှာမဟုတ်ဘူး။”

“ကျုပ်တို့မဟာမိတ်အဖွဲ့က ပင်လယ်ဓားပြရတနာသေတ္တာသုံးလုံးရှာတွေ့ခဲ့တယ်။ ဒါပေမယ့် သော့မရှိဘူး။”

“ကျုပ်မှာမေးခွန်းတစ်ခုရှိတယ်။ သူတို့အားလုံးက သော့တွေကို ဘယ်လိုရှာတွေ့နိုင်ခဲ့တာလဲ။ သော့ရဖို့ဖြစ်နိုင်ခြေက သိပ်မမြင့်ဘူးလို့တော့ ကျုပ်ထင်မိတယ်။”

လူတိုင်း ထိုအကြောင်းဆွေးနွေးနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ချက်ချင်းပင် ဆုဝမ်ကို ဘာသာပြန်ထားသည့် သတင်းအချက်အလက်များအား တင်ခိုင်းလိုက်လေသည်။

“လူကြီးမင်းတို့ခင်ဗျား...ကျုပ်တို့အသင်းကကံကောင်းပြီး 【အကြွင်းမဲ့သော့】 (SSS အဆင့်) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုကို ရရှိခဲ့ပါတယ်။ အခု ကျုပ်တို့က ဈေးကွက်ပလက်ဖောင်းမှာ ငှားရမ်းခြင်းဝန်ဆောင်မှုကို ပြုလုပ်နေပါတယ်။ ငှားရမ်းခက အုတ်မြစ်ကျောက် ၇၀ ပါ။ ပင်လယ်ဓားပြသေတ္တာတွေထဲမှာ ကိုယ်တိုင်အုတ်မြစ်ကျောက် ၅၀ ပါဝင်ပါတယ်။ ဆိုလိုတာက သင့်အနေနဲ့ ထုတ်လုပ်မှုပုံကြမ်းနဲ့ မြို့ပြန်ကျောက်တုံးကို ကြိုတင်ရရှိဖို့အတွက် အုတ်မြစ်ကျောက် ၂၀ သာလိုအပ်ပါတယ်။ ခြေတစ်လှမ်းကြိုပြီးဖွံ့ဖြိုးတိုးတက်ရင် သင်တို့ကိုယ်တိုင် ခြေတစ်လှမ်းပိုပြီး ရှေ့ရောက်နိုင်ကြမှာပါ။”

တစ်ချိန်တည်းမှာပင် ရှောင်းယီသည် အကြွင်းမဲ့သော့တစ်ချောင်းကို ဈေးကွက်ပလက်ဖောင်းပေါ်တွင် တင်လိုက်လေသည်။

“【အကြွင်းမဲ့သော့】 (SSS အဆင့်) ငါးစက္ကန့်အသုံးပြုခွင့် [အုတ်မြစ်ကျောက်] ၇၀။”

သူသည် မဟာမိတ်အဖွဲ့တိုင်းတွင် ရတနာသေတ္တာသုံး၊လေးလုံးခန့်ရှိနိုင်ပြီး လူတိုင်း၏လက်ထဲတွင် အုတ်မြစ်ကျောက်များ အကန့်အသတ်ရှိသည်ကို ထည့်သွင်းစဉ်းစားထားခဲ့ပေသည်။ စျေးနှုန်းသည် အလွန်မြင့်မားနေပါက လူတိုင်းသည် အရင်ဆုံး သေတ္တာတစ်လုံးသာဖွင့်ပြီး ကျန်ရှိသောအရာများအတွက် စောင့်ကြည့်ရန်သာ ပြင်ဆင်လိုက်နိုင်သည်။

ဤသည်မှာ အမြတ်နည်းနည်းဖြင့် အပိုင်သိမ်းရန်အတွက်လည်း ဖြစ်ပေသည်။

“ဝှက်သယ်ဖက်ခ်...လူတစ်ယောက်က ဒီလိုစွမ်းအားပြင်းတဲ့ပစ္စည်းမျိုးတွေကို ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ။”

“ငါတို့ကျတော့ ဘာလို့မရတာလဲ။ ငါတိုင်ကြားချင်တယ်...ဒါက လိမ်လည်လှည့်စားတာပဲ။”

“တကယ်ကိုရူးချင်စရာပဲ။ ကျုပ်တို့မဟာမိတ်အဖွဲ့က တကယ်ကို မြို့ပြန်ကျောက်တုံးသုံးလုံးရခဲ့တယ်။ ဒါက ကျုပ်တို့ရဲ့ဘေးကင်းလုံခြုံမှုကို ထပ်မံမြှင့်တင်ပေးလိုက်ပြီ။”

“အပေါ်ကလူ မင်းက ငှားသုံးပြီးပြီလား။”

“ဟုတ်တယ်...သူပြောတာအမှန်ပဲ။ ပင်လယ်ဓားပြသေတ္တာတစ်ခုစီတိုင်းမှာ အုတ်မြစ်ကျောက် ၅၀၊ ပုံစံကွက်တစ်ခုနဲ့ မြို့ပြန်ကျောက်တုံးတစ်ခုစီရှိတယ်။ ဒီစျေးနှုန်းက အရှုံးမရှိဘူး။”

“ဟုတ်တယ်...ကျုပ်တို့မဟာမိတ်အဖွဲ့တုန်းကဆိုရင် အုတ်မြစ်ကျောက်တုံး ၂၅၀ ပေးပြီးတော့ သော့တစ်ချောင်းဝယ်ခဲ့ရတာ။ အဲ့ဒီပစ္စည်းတွေရခဲ့တယ်ဆိုပေမယ့် ဆုံးရှုံးမှုက အရမ်းများခဲ့တယ်။ ဒီတစ်ခုလေးဖွင့်ဖို့ကို အဲဒီတုန်းကဆုံးဖြတ်ချက်ချခဲ့ရတာ။ အခုတော့ မြို့ပြန်ကျောက်တုံးတစ်ခုတည်းပဲ သုံးရတော့မယ်။ အခုဒီသော့ကိုမြင်လိုက်ရတော့ အရမ်းနောင်တရမိတယ်။ ဒီသော့ကိုငှားဖို့ မတတ်နိုင်တော့ဘူး။”

“မင်းတို့ကောင်တွေ အဲ့ဒါကို ဖမ်းမိသွားတာ ကံကောင်းတာပဲ။ ငါတောင် လုပ်မိလုနီးပါးဖြစ်သွားခဲ့တယ်လေ။ ဟားဟား...အခုကြည့်လိုက်တော့မှ ဒီတုံ့ဆိုင်းခဲ့ရတဲ့တစ်စက္ကန့်က တကယ့်အကျိုးမြတ်ကြီးတစ်ခုပဲ။”

အကြွင်းမဲ့သော့အား အသုံးပြုသူ ပိုမိုများပြားလာပြီး သေတ္တာများဖွင့်လာရသည်နှင့်အမျှ ပုံစံကွက်အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့သည်။

ငှားရမ်းခ၏စျေးနှုန်းနှင့်ပတ်သက်၍ မဝေခွဲနိုင်ဖြစ်နေသေးသော အသက်ရှင်ကျန်ရစ်သူများသည်လည်း လှုပ်ရှားလာခဲ့ကြလေသည်။

ရှောင်းယီသည် အုတ်မြစ်ကျောက်များ အဆက်မပြတ်စီးဆင်းနေသည်ကို ကြည့်ရှုရင်း အလွန်ပျော်ရွှင်နေခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံး၏ အသက်ရှင်ကျန်ရစ်သူပမာဏသည် ရှားနိုင်ငံထက် ပိုမိုများပြားနေဆဲပင်။

ယခင်ကမ္ဘာတွင် ရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ်သော်လည်း အခြားနိုင်ငံပေါင်းနှစ်ရာလုံး၏ လူဦးရေစုစုပေါင်းသည် ရှားနိုင်ငံထက် သိသိသာသာများပြားနေဆဲဖြစ်သည်။

“ဒင်း...အရှေ့မြောက်ဘက်ကျွန်းမှ လဲလှယ်မှုတစ်ခု ပေးပို့လိုက်ပါသည်။”

ရှောင်းယီ ဖွင့်ကြည့်လိုက်သောအခါ နောက်ထပ်ရတနာသေတ္တာတစ်လုံးကို တွေ့လိုက်ရလေသည်။

အရှေ့မြောက်ဘက်ကျွန်းမဟာမိတ်အဖွဲ့ကို လက်ရှိတွင် ချူရှန်းက စီမံခန့်ခွဲထားခဲ့သည်။ ချူရှန်းသည် ယခင်က ပင်လယ်ဓားပြသေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပြီးဖြစ်ပြီး ယခု နောက်ထပ်တစ်လုံး ပေါ်လာခဲ့ပြန်သည်။

အနည်းငယ် စဉ်းစားဆင်ခြင်တွေးတောလိုက်ပြီးနောက် ရှောင်းယီသည် ရတနာသေတ္တာများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အလိုက် ထုတ်လုပ်ထားခြင်းဖြစ်သင့်သည်ဟု ရဲရဲတင်းတင်း ခန့်မှန်းမိလိုက်သည်။

ချူရှန်းနှင့် အခြားသူများ ယခင်က တွေ့ရှိခဲ့သော ပင်လယ်ဓားပြသေတ္တာသည် သင်္ဘောကြီးပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တစ်ခုမှဖြစ်ပြီး ယခုအခါတွင်မူ သူတာဝန်ယူထားသော ကျွန်းပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှဖြစ်ပြီး ၎င်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အသစ်တစ်ခုဖြစ်ပေသည်။

“ရတနာသေတ္တာတွေက တကယ်ပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အလိုက် ထုတ်လုပ်ထားတာဆိုရင် ငါတော့ အမြတ်အများကြီးရပြီပဲ။”

ရှောင်းယီက ပြောလိုက်သည်။

သူ၏မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် ရောက်လာသော ဒေသခံမဟာမိတ်တပ်ဖွဲ့အများစုသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို ယူဆောင်လာခဲ့ကြပေသည်။

မိုင်ထောင်ပေါင်းများစွာမှ ပို့ဆောင်ပေးခဲ့သော အသက်ရှင်ကျန်ရစ်သူများကို ပေါင်းထည့်လိုက်သောအခါ ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါင်း ၃၂ ခုရှိလာခဲ့လေသည်။

ချူရှန်းနှင့် စွန်းကုထောင်တို့ ယခင်က တွေ့ရှိခဲ့သော ပင်လယ်ဓားပြသေတ္တာနှစ်လုံးကို ဘေးဖယ်ထားပြီး ယနေ့တွေ့ရှိခဲ့ရသော ငါးလုံးကို ပေါင်းထည့်လိုက်လျှင် ရတနာသေတ္တာ ၂၇ လုံး ရှာဖွေတွေ့ရှိနိုင်သည့် အခွင့်အလမ်းရှိနေသေးသည်။

ဤအချိုးအစားအရ ရှားနိုင်ငံတစ်ခုလုံးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ၏ လေးပုံတစ်ပုံခန့်သည် ပင်လယ်ဓားပြသေတ္တာများကို ထုတ်လုပ်ပေးခဲ့ပြီဖြစ်သည်။

ဆိုလိုသည်မှာ ပင်လယ်ဓားပြသေတ္တာ နှစ်သောင်းခန့်ကို တွေ့ရှိခဲ့ပြီးဖြစ်သော်လည်း ယခင်က ဂရုထဲတွင် အကြွင်းမဲ့သော့ကို သုံးထောင်နီးပါးသာ အသုံးပြုခဲ့ပေသည်။

ထိုအရာသည် အကြွင်းမဲ့သော့ကို ငှားရမ်းရန် တုံ့ဆိုင်းနေကြသော လူအများအပြား ရှိနေဆဲဖြစ်ကြောင်း ပြသနေပေသည်။

“လူတွေအများကြီးက စောင့်ကြည့်ချင်ကြသေးပုံပဲ။”

ရှောင်းယီက သူ့စိတ်ထဲတွင် ပြောလိုက်သည်။

ဟုတ်ပါသည်။ ဤအရာများအားလုံးသည် ရှောင်းယီ၏ ကိုယ်ပိုင်ခန့်မှန်းချက်များသာဖြစ်သည်။ ၎င်းတို့သည် မှန်ကန်ခြင်းရှိ၊မရှိမှာ သူရရှိသော ပင်လယ်ဓားပြသေတ္တာများ၏ နောက်ဆုံးအရေအတွက်နှင့် ကိုက်ညီမှုရှိ၊မရှိအပေါ် မူတည်ပေသည်။

အကြွင်းမဲ့သော့ကို ဈေးကွက်ပလက်ဖောင်းပေါ်တွင် စာရင်းသွင်းထားသောကြောင့် ရှောင်းယီသည် ဝေါ်ကီတော်ကီနှင့် ဆက်သွယ်ရေးကိရိယာကို ယူဆောင်ကာ အေးဆေးတည်ငြိမ်စွာဖြင့် အပြင်ထွက်လာခဲ့လေသည်။

အပန်းဖြေစခန်း၏ ကမ်းခြေပေါ်တွင် လူတိုင်းသည် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြဆဲပင်။

ရှောင်းယီသည် သူတို့ကို မနှောင့်ယှက်ဘဲ ဘားထဲသို့သာ တည့်တည့်မတ်မတ်ဝင်သွားခဲ့ပြီး ပြတင်းပေါက်အနီးရှိ အခန်းတစ်ခုသို့သွားကာ ထိုင်လိုက်သည်။

ဒူခန်းသည် S-အဆင့်ဘီယာတစ်ခွက်ကို ချက်ချင်းယူဆောင်လာပြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ဘာဘီကျူးလိုချင်သေးလား။”

“နည်းနည်းလောက်တော့ ယူခဲ့ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ..။”

ဒူခန်းသည် ချက်ချင်းပင် အပြေးသွားပြီး ရေခဲသေတ္တာထဲမှ S-အဆင့် ပါဝင်ပစ္စည်းများကိုထုတ်ယူလိုက်လေသည်။

လူအုပ်ကြီးသည် ဘားပိုင်ရှင်တစ်ယောက် ကမ်းခြေဘက်သို့ သွားနေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် နှုတ်ဆက်လိုက်ကြ‌သည်။

ဒူခန်းက သူတို့ကို ပြန်လည်တုံ့ပြန်လိုက်ပြီး ပါဝင်ပစ္စည်းများကို အကောင်းဆုံးသော အကင်ကျွမ်းကျင်စားဖိုမှူးထံသို့ ပေးအပ်ကာ ပြောလိုက်သည်။

“ဒါက ကျွန်းပိုင်ရှင်အတွက်ပဲ။”

“ကောင်းပါပြီ ကျုပ် အခုချက်ချင်းကင်ပေးပါ့မယ်။”

လူတစ်ဦးက ချက်ချင်းပြန်ဖြေလိုက်ပြီး သူ့ဘေးရှိ သေတ္တာသေးသေးလေးထဲမှ S-အဆင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူလိုက်လေသည်။

ဘေးနားတွင်ရှိနေသော ခရီးသွားများသည် စားဖိုမှူးက ဟင်းခတ်အမွှေးအကြိုင်အသစ်များ ထပ်မံထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါ မမေးဘဲမနေနိုင်ကြတော့ပေ။

“စားဖိုမှူး...ဒီဟင်းခတ်အမွှေးအကြိုင်တွေက ဘာကွာလို့လဲ။”

လူတစ်ဦးက မေးလိုက်သည်။

“ဒါတွေကို ကျွန်းပိုင်ရှင်အတွက် အထူးပြင်ဆင်ထားတာပါ။”

စားဖိုမှူးက ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်လား။ ခင်ဗျားဆိုလိုတာက ယီကိုအော်ပရေးရှင်းရဲ့သူဌေးလား။”

လူတစ်ဦးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“သေချာတာပေါ့...ကျေးဇူးပြုပြီး ကျုပ်အကင်ကင်တာကို မနှောင့်ယှက်ပါနဲ့။”

စားဖိုမှူးက ပြန်ဖြေပြီးနောက် သူတို့ကို လျစ်လျူရှုလိုက်တော့လေသည်။

“ယီရန်ပင်းက ဒီအပန်းဖြေစခန်းထဲရောက်နေတာလား။ ဘယ်မှာလဲ။”

“ဟုတ်တယ်...ကျုပ် သူဌေးရဲ့မျက်နှာအစစ်ကို ကြည့်ချင်မိတယ်။”

“ဘားထဲမှာထိုင်နေတဲ့ လူငယ်လေးများလား။”

လူအုပ်ကြီးက ဘားဘက်ကို ကြည့်လိုက်ကြလေသည်။ ဘားထဲရှိ အလင်းရောင်မှာ အလွန်အားကောင်းလှပြီး လူငယ်လေးတစ်ယောက်သည် ပြတင်းပေါက်မှန်နှင့် ကပ်လျက်အခန်းထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ကြရလေသည်။

“ချီး...မဖြစ်နိုင်ဘူး။ သူဌေးက အရမ်းငယ်လွန်းနေတယ်မဟုတ်ဘူးလား။”

“မဖြစ်သင့်ပါဘူး...ကျုပ်စိတ်ကူးထဲမှာတော့ သူဌေးက ဗိုက်ရွှဲရွှဲနဲ့လုပ်ငန်းရှင်တစ်ယောက်ရဲ့ပုံစံမျိုးဖြစ်သင့်တယ်။”

“ဟုတ်တယ်...အနည်းဆုံးတော့ သူ့ဟဲလိုင်း(hairline)က ငါ့ထက်မြင့်သင့်တယ်။” [နဖူးပြောင်းသည်ကို ဆိုလိုခြင်း]

“အရမ်းချောတာပဲ...ငါ သူ့ကိုကလေးမွေးပေးချင်တယ်။”

“မင်းအမှန်တရားကို ရင်ဆိုင်သင့်တယ်။ သူဌေးက မင်းကိုကြိုက်ဖို့ဆိုရင် မျက်စိကန်းနေမှပဲရမယ်။”

အခန်း ၅၂၈ - ပန်းတစ်ပွင့်၏ ယုံကြည်ချက်၊ ခရီးသွားများက မိုဘိုင်းလ်ဖုန်းများညဝယ်ယူလိုကြခြင်း

“ဟမ့် ဒီအမျိုးသမီးလေးက ပန်းလေးတစ်ပွင့်လို လှပတယ်။ သူဌေးက ငါ့ကိုမကြိုက်ရလောက်တဲ့အထိ ဘယ်လိုလုပ်ပြီး အမြင်ဖုံးနေနိုင်မှာလဲ။”

“ဟုတ်တယ်...မင်းက တကယ့်ရူဟွားပါပဲ။”

“ဟမ့် နင်က ငါ့ကိုသဝန်တိုနေတာလို့ပဲ ငါထင်တယ်။ ဒီကမ္ဘာမှာ အသက်ရှင်ကျန်ရစ်နိုင်တဲ့ အမျိုးသမီးတွေဆိုတာ မရှိသလောက်ပဲ။ ငါက သေချာပေါက် အတော်ဆုံးတွေထဲကမှ တစ်ယောက်ပဲ။”

ပတ်ဝန်းကျင်ရှိလူအုပ်ကြီးက ခေါင်းခါလိုက်မိပြီး ဘာမှမပြောဘဲ ပြုံးသာပြုံးနေလိုက်ကြသည်။

လူအုပ်ကြီး၏တုံ့ပြန်မှုကို မြင်လိုက်ရအခါ ထိုအမျိုးသမီးလေးက ချက်ချင်းပြောလိုက်လေသည်။

“သူဌေးကို ငါဘယ်လိုအနိုင်ယူမလဲဆိုတာ ကြည့်ထားလိုက်။”

ထိုသို့ပြောပြီးနောက် သူမသည် သူမ၏အဝတ်အစားများကို သပ်ရပ်သွားအောင်လုပ်လိုက်ပြီး ဖြားယောင်းရန်အတွင် ဘားထဲဝင်သွားခဲ့လေသည်။

ကလင်လင်.....။

ထိုစဥ် ရှောင်းယီ၏ဆက်သွယ်ရေးကိရိယာမှ အသံမြည်လာခဲ့လေသည်။ ဖုန်းကိုင်လိုက်ပြီးနောက် သူသည် ကျန်းယွင်ထျန်း၏အသံကို ကြားလိုက်ရ‌လေသည်။

“ကျွန်းပိုင်ရှင် ကျုပ်တို့ရဲ့ကင်းထောက်အဖွဲ့က ပင်လယ်ဓားပြသင်္ဘောတစ်စီးကို ရှာတွေ့ထားပါတယ်။”

ရှောင်းယီ၏မျက်လုံးများ အနည်းငယ်တောက်ပသွားပြီး ပြန်ဖြေလိုက်လေသည်။

“ကောင်းပြီ သူတို့ကိုဖမ်းလိုက်တော့လေ။”

“တိုက်ပွဲက ပြီးသွားပါပြီ။ ခဏနေမှ ပင်လယ်ဓားပြသေတ္တာကို ဗီလာဆီ ယူလာခဲ့ပါ့မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့လေသည်။

“ဒါက အရမ်းမြန်လွန်းမနေဘူးလား။”

“ဒီပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းနိမ့်တယ်။ သူတို့ကိုဖြေရှင်းဖို့ဆိုတာ အရမ်းလွယ်ပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဆက်ပြီးစောင့်ကြည့်ထားပါ။ နောက်ထပ်ရက်အနည်းငယ်အတွင်း ပင်လယ်ဓားပြတွေအများကြီး ထပ်ရှိလာသင့်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့...။”

ဖုန်းပြောဆိုမှုပြီးသွားသည်နှင့် ရှောင်းယီသည် သူ့အပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူမော့ကြည့်လိုက်သောအခါ တုတ်ခိုင်သန်မာထွားကြိုင်းသောအမျိုးသမီးကြီးတစ်ဦး သူ့ရှေ့တွင်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

“ဘာကူညီပေးရမလဲ။”

ရှောင်းယီက သူမကိုအံ့အားသင့်စွာကြည့်ရင်း မေးလိုက်သည်။

မူလက ထိုအမျိုးသမီးလေးသည် ရှောင်းယီနားသို့ချဉ်းကပ်ရန် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း သူဖုန်းချလိုက်တာကိုမြင်သောအခါ ရှောင်းယီလက်ထဲကဆက်သွယ်ရေးကိရိယာကို ညွှန်ပြရင်း အံ့အားသင့်သွားစွာ မေးလိုက်လေသည်။

“မင်းခုနကသုံးနေတာက ဆဲလ်ဖုန်းလား။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ဆဲလ်ဖုန်းလို့ခေါ်လို့ ရပါတယ်။ ပြဿနာရှိလို့လား။”

အမျိုးသမီးလေးသည် ခေါင်းခါလိုက်ပြီး စကားစပြောတော့မယ့်အချိန်တွင် ရှောင်းယီက ဆက်ပြောလိုက်လေသည်။။

“တောင်းပန်ပါတယ် ကျုပ်က သီးသန့်ပဲနေတတ်လို့ပါ။”

အေးဆေးတည်ငြိမ်နေသော ရှောင်းယီကိုကြည့်လိုက်ပြီးနောက် အမျိုးသမီးလေးသည် စိတ်မကောင်းစွာဖြင့်သာ ထွက်ခွာလာခဲ့ရသည်။

ကမ်းခြေပေါ်ပြန်ရောက်သောအခါ လူအုပ်ကြီးက သူမကို ထပ်မံ၍ လှောင်ပြောင်ကြတော့လေသည်။

“ဟားဟား...ဘယ်လိုလဲ။ မင်း မောင်လေးတစ်ယောက် ကောက်ရခဲ့ရဲ့လား။”

“သူမရခဲ့ဘူးလို့ ငါထင်တယ်။ မောင်ငယ်လေးက ဒီထိပ်တန်းအလှလေးကို မစိတ်ဝင်စားဘူးလေ။”

“လူသားတွေမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို သိဖို့ပဲ။”

အမျိုးသမီးလေးသည် နောက်တစ်ကြိမ်ထပ်မံ၍ နှာခေါင်းရှုံ့လိုက်ပြီး အသားတုတ်ထိုးတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဝါးစားရင်း ပြောလိုက်‌သည်။

“ငါမရခဲ့တော့ရော ဘာဖြစ်လဲ။ ဒါပေမယ့် ငါသူဌေးလက်ထဲမှာ ဆဲလ်ဖုန်းတစ်လုံးကို တွေ့ခဲ့တယ်။ အဲ့ဒါကို နင်တို့အရင်က မြင်ဖူးလို့လား။”

“ဘာ...ဆဲလ်ဖုန်းဟုတ်လား။ မင်းက ဟာသလာလုပ်နေတာလား။ အခြေစိုက်စခန်း ဒါမဟုတ် ဂြိုလ်တုမရှိဘဲနဲ့ ဆဲလ်ဖုန်းဆိုနာ အုတ်တစ်ချပ်လောက်တောင် အသုံးမဝင်ဘူး။”

“အမှန်ပဲ။ မင်းစိတ်လှုပ်ရှားလွန်းပြီး အမြင်မှားသွားတာနေမှာပါကွာ။ မင်းတွေ့ခဲ့တာက ဝေါ်ကီတော်ကီပဲဖြစ်ရမယ်။”

“ပြောရရင် မင်းရဲ့ ခေါင်းစဉ်ပြောင်းတဲ့နည်းလမ်းက တော်တော်ညံ့တာပဲ။”

ထိုအမျိုးသမီးသည် ချက်ချင်းပင် ဒေါသထွက်ပြီး ထရပ်လိုက်လေသည်။

“အဲ့ဒါကဆဲလ်ဖုန်းပဲ။ ဝေါ်ကီတော်ကီကို ငါမသိဘူးလို့ နင်ထင်လို့လား။”

“ဒါကတော့ ပြောဖို့ခက်တယ်လေ။ ကိုယ့်ကိုယ်ကိုတောင်မသိတဲ့လူက တကယ်ပဲ ဝေါ်ကီတော်ကီကို မသိနိုင်ဘူးမလား။”

“နင်....”

ထိုအမျိုးသမီးသည် ဒေါသကြောင့် သူမ၏ရင်ဘတ်များပင် မြင့်တက်လာခဲ့သည်။

ထိုအချိန်မှာ ဖုန်းဝင်သံတစ်ခု မြည်လာခဲ့လေသည်။

ကလင်လင်....

ဤနေရာတွင် အခြားဖုန်းဝင်သံမရှိပေ။ ဆက်သွယ်ရေးကိရိယာထဲသို့ သီချင်းတွေဘာတွေ ဒေါင်းလုပ်မဆွဲရသေးပေ။ ထို့ကြောင့် လူတိုင်း၏ဖုန်းဝင်သံသည် အရိုးရှင်းဆုံး ကလင်လင်ဟူ၍သာ ဖြစ်လေသည်။

လူတိုင်းစအာရုံစိုက်မှုသည် ချက်ချင်းပင် ဖုန်းဝင်သံဆီ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။

စွန်းကုထောင်သည် အနက်ရောင်ဖုန်းနှင့်ဆင်တူသည့် ကိရိယာတစ်ခုကို ထုတ်ယူလိုက်ပြီး နားနားကပ်ကာ မေးလိုက်သည်။

“ဘာပြဿနာရှိလို့လဲ။”

“အစီရင်ခံတင်ပြပါတယ်။ ကျုပ်တို့ပင်လယ်ဓားပြသင်္ဘောနဲ့ရင်ဆိုင်နေရပြီး လက်ရှိမှာ စစ်မက်ဖြစ်ပွားနေပါတယ်။”

စွန်းကုထောင် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

“ငါတို့ပင်လယ်ဓားပြသင်္ဘောနဲ့ ထပ်တွေ့ပြန်တာလား။”

“ဟုတ်ကဲ့...တိုက်ပွဲက ပြီးဆုံးပါတော့မယ်။ ခဏနေရင် ရတနာသေတ္တာကို ကျွန်းပိုင်ရှင်ဆီ တိုက်ရိုက်လဲလှယ်ပေးလိုက်ရမလား။”

“ပင်း ကျွန်းပိုင်ရှင်ဆီကို တစ်ခါတည်းပို့ပေးလိုက်ပါ။ ညဘက်ကင်းစောင့်တာကို အာရုံစိုက်ထား။ မလျော့ပေါ့နဲ့။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့...ကျုပ်တို့ အလှည့်ကျစနစ်နဲ့ စီစဉ်ထားပြီး ပြဿနာမရှိပါဘူး။”

“ကောင်းပြီ...ဒါပဲ။”

စွန်ူကုထောင်က ဖုန်းချလိုက်လေသည်။

ခရီးသွားများမှာမူ လုံးဝကြက်သေသေသွားခဲ့ကြသည်။

ပြီးနောက် လှောင်ပြောင်ခံနေရသော အမျိုးသမီးးသည် ကစားပွဲကိုပြောင်းပြန်လှန်ရန် အခွင့်အရေးရသွားခဲ့လေသည်။

“နင်တို့ရဲ့ခွေးမျက်လုံးတွေကိုဖွင့်ပြီးကြည့်လိုက်စမ်း။ အဲ့ဒါက ဝေါ်ကီတော်ကီဟုတ်လားဆိုတာ။”

စွန်းကုထောင်သည် အနည်းငယ်စဉ်းစားပြီးနောက် ထရပ်လိုက်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ဆီကို အခြေအနေကို သတင်းပို့ရမယ်။ ကျုပ်တို့ကျွန်းမှာ ပင်လယ်ဓားပြတွေ ထပ်တွေ့ရပြန်ပြီ။ ကျွန်းတစ်ကျွန်းက ပင်လယ်ဓားပြတွေနဲ့ အကြိမ်ကြိမ်တွေ့နိုင်ပုံပဲ။”

ပိုင်ချီနှင့်အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် စွန်းကုထောင်သည် ဘားသို့လျှောက်သွားပြီး ရှောင်းယီထံသို့ အခြေအနေကို သတင်းပို့ခဲ့သည်။

ရှောင်းယီက ပြောလိုက်သည်။

“လက်ရှိသတင်းအချက်အလက်တွေအရ ပင်လယ်ဓားပြတွေပြန်ပေါ်တာက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အရေအတွက်ပေါ်မူတည်တယ်လို့ ငါခန့်မှန်းထားတယ်။ မင်း အဲဒီမှာပင်လယ်ဓားပြတွေတွေ့ခဲ့ရတာက ဒီအယူအဆကိုသက်သေပြလိုက်တာပဲ။”

စွန်းကုထောင်၏ကျွန်းတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသည်။ သူသည် ယခင်က ဒေသခံသင်္ဘောကြီးများစွာကို ဖမ်းဆီးခဲ့ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါရှိသော သင်္ဘောသုံးစီးလည်းရှိသေးပြီး စုစုပေါင်းလေးခုရှိပေသည်။ ရှောင်းယီ၏ခန့်မှန်းချက်သာမှန်ပါက သူသည် ပင်လယ်ဓားပြများဖြင့့် လေးကြိမ်တွေ့ဆုံရမည်ဖြစ်သည်။

“ဒီလိုကိုး...။”

စွန်းကုထောင် ရုတ်တရက် နားလည်သွားခဲ့သည်။

“ကောင်းပြီ...ဒီပင်လယ်ဓားပြတွေက တိုက်ခိုက်ရေးစွမ်းအား အကန့်အသတ်ရှိတယ်။ ရေကြောင်းတပ်ဖွဲ့ကိုပဲ ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

စွန်းကုထောင်က ပြန်ဖြေပြီးနောက် ကမ်းခြေဘက်သို့ ပြန်လှည့်ထွက်သွားခဲ့လေသည်။

ကမ်းခြေပေါ်တွင် ကြက်သေသေသွားခဲ့ကြသော ခရီးသွားများသည်လည်း နောက်ဆုံးတွင် ပြန်လညခတုန့်ပြန်နိုင်လာခဲ့ကြသည်။

“သေစမ်း... ငါတကယ်ဘာပြောရမှန်းတောင်မသိတော့ဘူး။ သူဌေးမှာ တကယ်ပဲဆဲလ်ဖုန်းရှိနေတယ်။”

“ဒီဟာနဲ့ဆိုရင် ဆက်သွယ်ရေးသတင်းအချက်အလက်က ပိုပြီးအာမခံချက်ရှိသွားပြီ။”

“သူဌေးက ဒီဆဲလ်ဖုန်းကို ရောင်းမလားမသိဘူး။”

“အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့။ သူက မင်းကိုရောင်းတောင် မင်းသုံးလို့မရဘူး။ သူဌေးရဲ့ကျွန်းနဲ့ မဟာမိတ်အဖွဲ့အတွင်းရေပြင်မှာ အခြေစိုက်စခန်းအချက်ပြမျှော်စင်တွေ အများကြီးတည်ဆောက်ထားမှပဲရမယ်။ သူက မင်းကိုရောင်းရင်တောင် လိုင်းက မင်းရဲ့ကျွန်းကို မရောက်နိုင်ဘူး။ု”

“ခုနကလူက သူဌေးရဲ့လက်အောက်ငယ်သားဖြစ်ရမယ်လို့ ငါထင်တယ်။ သူဌေးနဲ့စကားပြောနေတုန်း သူဘယ်လိုလေးလေးစားစားရပ်နေတယ်ဆိုတာကို မင်းတို့မြင်လိုက်ကြလား။”

“သေချာတာပေါ့။ မင်းသာ သူဌေးရဲ့လက်အောက်ငယ်သားဆိုရင်လည်း လေးစားမှုရှိမှာပဲ။”

စွန်းကုထောင် ဘာဘီကျူးဆိုင်သို့ ပြန်ရောက်လာသောအခါ ပိုင်ချီနှင့်အခြားသူများက သူ့ကိုကြည့်နေခဲ့ကြသည်။ သူက ပြန်ဖြေလိုက်၏။

“ကျွန်းပိုင်ရှင်က ပင်လယ်ဓားပြတွေ ပြန်ပေါ်တာကကျွန်းအထိမ်းအမှတ်ကျောက်တိုင်အရေအတွက်နဲ့ ဆက်စပ်နိုင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့် ငါ့ကျွန်းက ပင်လယ်ဓားပြတွေနဲ့ ထပ်တွေ့ရသင့်တယ်။ မင်းတို့ရဲ့ကျွန်းတွေနဲ့ အနီးအနားကသင်္ဘောကြီးတွေအပါအဝင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရင် ပင်လယ်ဓားပြတွေနဲ့ ထပ်တွေ့ရနိုင်တယ်။”

သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန်တွင် သူတို့နားသို့ လူတစ်ဦးလာရောက်ခဲ့သောကြောင့် ပိုင်ချီသည် လူတိုင်းကို ထိုခေါင်းစဉ်အား ဆက်မဆွေးနွေးတော့ရန် အချက်ပြလိုက်လေသည်။

“ခင်‌ဗျားတို့အားလုံးက သူဌေးရဲ့ကျွန်းက လာခဲ့ကြတာလား။”

ထိုလူက အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာခဲ့သည်။

ဖန်မင်လုံက ပြန်ဖြေလိုက်သည်။

“မှန်တယ်...ကျုပ်တို့အားလုံးပြ။ ကိစ္စရှိလို့လား။”

“ဘာမှမဟုတ်ပါဘူး...။ ခင်ဗျားတို့နဲ့ စကားပြောဖို့ လာခဲ့တာပါ။”

ထိုလူက ပြောလိုက်သည်။

“ခုနကဖုန်းသုံးလိုက်တဲ့ညီအစ်ကိုက ရောင်းဖို့ရည်ရွယ်ချက်ရှိလားလို့ ကျုပ်တွေးမိပါတယ်။”

မျှော်လင့်မထားသည်မှာ ဆက်သွယ်ရေးကိရိယာကို ဝယ်ယူချင်သည့်သူတစ်ယောက် ရှိနေခဲ့ခြင်ပင်။

“ခင်ဗျားဝယ်ပြီးပြန်သွားရင်တောင် မသုံးနိုင်မှာကို မကြောက်ဘူးလား။”

စွန်းကုထောင်က ထိုလူကိုကြည့်ကာ ပြုံးရင်းမေးလိုက်သည်။

“ဒီလိုမျိုးအရာတွေကို ထုတ်လုပ်လိုက်ရတဲ့အခါ ဒီကမ္ဘာကြီးနဲ့ အဆင်ပြေအောင် ညှိယူထားပြီးသားဖြစ်ရမယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အခြေစိုက်စခန်းအမျိုးအစားတစ်ခုဖြစ်တယ်လို့ ကျုပ်သံသယရှိပါတယ်။ သူက ကျုပ်တို့ကို ကမ္ဘာကြီးတစ်ခုလုံးနဲ့ ချိတ်ဆက်ပေးနိုင်တယ်။ အခြေစိုက်စခန်းတစ်ခုအနေနဲ့ကတော့ ပြဿနာမရှိသင့်ပါဘူး။”

ထိုလူက ပြန်ဖြေလာခဲ့သည်။

ထိုလူ၏အဆိုကိုကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ ၎င်းကိုတော့ အမှန်တကယ် ငြင်းဆန်၍ မရနိုင်ပုံပင်။

စွန်းကုထောင်က ခေါင်းခါလိုက်သည်။

“ခင်ဗျားက အတွေးလွန်နေတာပဲ။ ပထမဆုံးအနေနဲ့ ဒီဟာက သေချာပေါက် ရောင်းဖို့မဟုတ်ဘူး။ ဒုတိယအချက်အနေနဲ့ ကျုပ်တို့က ခင်ဗျားကိုရောင်းလိုက်မယ်ဆိုတောင်ရင် ခင်ဗျားတကယ်အသုံးမပြုနိုင်ဘူး။ ကျုပ်တို့ကျွန်းမှာက ကိုယ်ပိုင်အခြေစိုက်စခန်းရှိတယ်။”

All Chapters