← Chapters

အခန်း (၅၂၉-၅၃၀)

Vol. 36 Ch. 529-530

အခန်း (၅၂၉-၅၃၀)

Vol. 36 Ch. 529-530

အခန်း ၅၂၉ - ဘာသာပြန်များ၏ဘေးကင်းရေး၊ မြို့ပြန်ကျောက်တုံးအား အသုံးပြုပုံ

စွန်းကုထောင်၏ ရှင်းလင်းချက်ကို ကြားလိုက်ပြီးနောက် ထိုသူက သက်ပြင်းချလိုက်သည်။

“ကောင်းပါပြီ...သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ သူတို့က သူတို့လက်ထဲမှာ ဘယ်အရာကိုမဆို ကိုင်ဆောင်ထားနိုင်တယ်။ ကျုပ်တို့ကတော့ အားကျရုံပါပဲ။”

“ခင်ဗျား ဒါမျိုးတော့ မပြောပါနဲ့။ သူဌေးကြီး ပစ္စည်းကောင်းတွေရတာက ပြည်သူလူထုအတွက်လည်း အကျိုးရှိတာပဲ မဟုတ်ဘူးလား။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

ထိုလူသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက်ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါအမှန်ပါပဲ။ အရမ်းလောဘကြီးလို့မရနိုင်ဘူး။”

ထိုသို့ပြောရင်း ထိုသူက ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဤသို့ဖြင့် ည ၇:၃၀ အချိန်သို့ ရောက်ရှိလာခဲ့သည်။ အန်းယွဲ့နှင့် အခြားသူများသည် သူတို့၏လုပ်ငန်းတာဝန်များကို အပြီးသပ်ပြီး အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့ကြသည်။

“လူတိုင်းရောက်လာပြီဆိုတော့ ဘာသာပြန်ဝန်ဆောင်မှုကို နောက်ထပ်ဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

ဘာသာပြန်ခြင်းအကြောင်းပြောလာသည့်အခါ ဆုဝမ်က ဦးဆောင်ပြီး ပြောလိုက်သည်။

“ကျွန်မကတော့ စျေးနှုန်းနဲ့ပတ်သက်ပြီး စိတ်ကူးအများကြီးမရှိပေမယ့် ဘာသာပြန်တွေရဲ့ဘေးကင်းရေးကိုတော့ နည်းနည်းစိုးရိမ်နေတုန်းပဲ။”

“ဟုတ်တယ်။ ကျုပ်တို့မှာ မြို့ပြန်ကျောက်တုံးတစ်လုံးတည်းရှိတာ။ ဒီတစ်ခုတည်းက ဘာသာပြန်တွေရဲ့ သယ်ယူပို့ဆောင်ရေးကိုသာမက ဒီခရီးသွားတွေရဲ့ သယ်ယူပို့ဆောင်ရေးကိုပါ တာဝန်ယူနေရတယ်။ ဒါက တကယ်ကို နည်းနည်းတော့ ဝန်ပိလွန်းနေတယ်။ အခုချိန်မှာ ပြဿနာမရှိသေးဘူးဆိုပေမယ့် အန္တရာယ်ကတော့ အမြဲရှိနေမှာပဲ။”

အန်းယွဲ့ကလည်း ထောက်ခံလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“လူတိုင်းလည်း စိုးရိမ်နေတယ်ဆိုတော့ ဘာသာပြန်တွေပို့ဆောင်ပေးတာကို အခုချိန်မှာ ခဏရပ်နားထားမယ်။ မြို့ပြန်ကျောက်တုံးတွေ ပိုရလာပြီးတော့မှ ဘာသာပြန်တွေကို ပြန်ပြီးပို့ဆောင်မယ်။”

ထိုအခါ ကျန်းယွင်ထျန်းက စားသောက်နေရင်းဖြင့် ပြောလိုက်သည်။

“ကျုပ်တို့မှာ မြို့ပြန်ကျောက်တုံးတွေ လုံလောက်တယ်ဆိုရင်တောင် ပြဿနာတော့ရှိနေတုန်းပဲ။ ကျုပ်တို့ဘာသာပြန်တွေ အန္တရာယ်ထဲကျရောက်နေတယ်ဆိုတာကို ကျုပ်တို့အနေနဲ့ ဘယ်လိုသိနိုင်မှာလဲ။”

“ဒါဆို အဲ့ဒါကို တိုက်ရိုက်ထုတ်လွှင့်လိုက်မယ်။ ပြီးရင် အဲ့ဒါကို စောင့်ကြည့်ဖို့ ကျုပ်တို့ တစ်ယောက်ယောက်စီစဉ်လိုက်မယ်။ ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ။”

ယွမ်နွန်က အဆိုပြုလိုက်သည်။

“ဒါက အကြံကောင်းတစ်ခုပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါဆို ကျုပ်တို့အနေနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို လွှတ်ထားပေးဖို့ လိုအပ်တယ်။ ပြီးရင် ကျုပ်တို့ဘာသာပြန်သူတွေရဲ့ သင်ကြားမှုကို တိုက်ရိုက်ထုတ်လွှင့်ရမယ်။ ပုံမှန်မဟုတ်တဲ့အရာတွေ တွေ့လာရပြီဆိုရင် သူ့ကိုကူညီဖို့အတွက် လူတစ်ဦး ချက်ချင်းသွားလို့ရလိမ့်မယ်။”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ဘေးကင်းလုံခြုံမှုပြဿနာကို ဖြေရှင်းပြီးသည်နှင့် ကျန်ရှိသည့်စျေးနှုန်းကိစ္စသည် အခြားအသက်ရှင်ကျန်ရစ်သူများ အများဆုံးအသုံးပြုနိုင်မည့် အုတ်မြစ်ကျောက်ပမာဏကို ညှစ်ထုတ်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုသည့်အပေါ် မူတည်သွားပြီဖြစ်သည်။

အဆုံးတွင် လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် လိုအပ်ပြီး သူတို့လက်ထဲတွင်ကျန်ရှိနေသော အုတ်မြစ်ကျောက်အရေအတွက်မှာလည်း သိပ်မများလှပေ။ ယခင်သတ်မှတ်ထားသောစျေးနှုန်းသည် လက်ရှိအချိန်အတွက် သင့်လျော်ပုံရပြီး ထို့ကြောင့် ယခုအချိန်တွင် ပြောင်းလဲလိုက်မည်တော့မဟုတ်ပေ။

“ရာသီဥတုက အေးလာနေသလိုပဲ။”

ယွမ်နွန်က ကမ်းခြေပေါ်ရှိလူများကိုကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်တယ်...ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ အပူချိန်က သိသိသာသာကျဆင်းသွားတယ်။ ဒီရက်သတ္တပတ်ပြီးရင် ဆောင်းဦးရာသီ ရောက်လာလိမ့်မယ်လို့ ခန့်မှန်းမိတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ယွမ်နွန်က အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်သည်။

“ရာသီတစ်ခုကို ရက်သတ္တပတ်နှစ်ပတ်လို့ ဆိုလိုချင်တာလား။”

“လက်ရှိအခြေအနေအရဆိုရင်တော့ အဲ့လိုပဲဖြစ်သင့်တယ်။ ပထမဆုံးရက်သတ္တပတ်လေးပတ်က ရာသီတစ်ခုကို တစ်ပတ်ပဲကြာခဲ့ပြီး အခုတော့ ရာသီတစ်ခုကို နှစ်ပတ်ဖြစ်လာပြီ။ ဒီရှစ်ပတ်ကုန်သွားရင် ဘယ်လိုစီစဉ်ဦးမလဲမသိဘူး။”

လူတိုင်း သူတို့၏ခေါင်းများကို ခါယမ်းမိလိုက်ကြသည်။ အရာရာကြိုသိနေတတ်သည့် ရှောင်းယီပင်မသိလျှင် သူတို့က အဘယ်သို့သိနိုင်ပါမည်နည်း။

“မနက်ဖြန်က အခုအပတ်ရဲ့ နောက်ဆုံးရက်ပဲ။ အပ်ဒိတ်တွေရှိဦးမလားမသိဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မဟာမိတ်အဖွဲ့ကို အခုမှအပ်ဒိတ်လုပ်ထားဆိုတော့ နောက်ထပ်အပ်ဒိတ်တစ်ခုထပ်မလုပ်ခင် ကျုပ်တို့ကို အချိန်ခဏလောက်တော့ ဆော့ကစားခွင့်ပေးသင့်တယ်။”

ဒူခန်းကလည်း စကားဝိုင်းထဲသို့ ဝင်ရောက်ပြောဆိုလာခဲ့သည်။

“ဖြစ်နိုင်ပါတယ်...မနက်ဖြန်ကျရင် သိရပါလိမ့်မယ်။ သူတို့ဘယ်လိုဆော့ကစားချင်လဲဆိုတာကို ငါတို့မထိန်းချုပ်လို့မရနိုင်ဘူး။ အဲ့တော့ အများကြီးတွေးမနေကြပါနဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူတို့အတွက် အခန်းတွေကိုရော စီစဉ်ပေးပြီးပြီလား။”

အန်းယွဲ့က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“အကုန်လုံးစီစဉ်ပြီးပါပြီ။ ဘေးနားက ဧည့်သည်အခန်းတွေမှာ တစ်ယောက်တစ်ခန်းစီ စီစဉ်ပေးထားပါတယ်။”

ပိတ်ရက်ဖြစ်သောကြောင့် ဖန်မင်လုံနှင့် အခြားသူများသည် ဤနေရာတွင် ညအိပ်ရန် ပြင်ဆင်ထားခဲ့ကြသည်။ ၎င်းတို့၏ကျွန်းပေါ်ရှိ ကိစ္စရပ်များကိုလည်း သူတို့ထွက်မလာခင်ကတည်းက စီစဉ်ထားခဲ့ပြီးသားဖြစ်သည်။

ထို့ပြင် ယခုအချိန်တွင် ဆက်သွယ်ရေးကိရိယာများလည်း ရှိနေပြီဖြစ်ရာ အရေးပေါ်အခြေအနေမျိုး၌ အချိန်မီ အသိပေးနိုင်ပေသည်။ ထို့ကြောင့် သိပ်ပြီးပြဿနာမရှိပေ။

“ကောင်းပြီ...ခဏနေရင် ကျုပ်တို့ဘာသာပြန်တွေကိုပြန်ခေါ်လို့ရပြီ။ သူတို့ကိုပြန်ခေါ်ပြီးရင် ကျုပ်တို့ခုနကဆွေးနွေးခဲ့တဲ့ရလဒ်တွေကို ထုတ်ပြန်လိုက်မယ်။ အချိန်ခဏလောက်တော့ သူတို့ဆီကို ဘာသာပြန်တွေ မပို့သေးဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

“ခင်‌ဗျားတို့ဆက်ပြီးပျော်လိုက်ကြပါ။ ကျုပ်အရင်ပြန်နှင့်တော့မယ်။”

ရှောင်းယီသည် သူ့ရှေ့ရှိအစားအသောက်များကို အပြီးသပ်ပြီးနောက် ဗီလာဆီသို့ ပြန်လျှောက်သွားလိုက်သည်။

ရှောင်းယီနှင့်အတူရှိနေစဉ်တွင် လူတိုင်းသည် သူတို့၏စိတ်များကို အမြဲတမ်း အနည်းငယ်တော့ ချုပ်တည်းထားခဲ့ကြလေသည်။ သူတို့ ထုတ်မပြောခဲ့ကြသော်လည်း ရှောင်းယီ မြင်နိုင်ပေသည်။ ထို့ကြောင့် သူ့ဘက်မှ ပထမဆုံး ထွက်သွားရမည်ဖြစ်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ မဟာမိတ်ကျွန်းခွဲငါးခုထက်မက လဲလှယ်မှုများ ပြုလုပ်ထားခဲ့ကြပြီး အားလုံးမှာ ပင်လယ်ဓားပြသေတ္တာများသာဖြစ်လေသည်။

“အခုရထားတဲ့ ပင်လယ်ဓားပြသေတ္တာတွေက မဟာမိတ်အဖွဲ့ထဲမှာရှိတဲ့ ကျွန်းအရေအတွက်ထက် ကျော်လွန်နေပြီ။ ဆိုတော့ ပင်လယ်ဓားပြတွေက ကျွန်းအရေအတွက်အလိုက် ပြန်လည်ဖြည့်တင်းပေးနေတာမဟုတ်ဘူးဆိုတာတော့ သေချာသွားပြီ။”

ရှောင်းယီက သူ၏စိတ်ထဲတွင် စဉ်းစားနေမိသည်။

ယီထျန်းဂရုချန်နယ်သို့ ပြောင်းလိုက်သောအခါ ဂရုထဲရှိလူတိုင်းသည်လည်း ပင်လယ်ဓားပြသေတ္တာအကြောင်း ဆွေးနွေးနေခဲ့ကြလေသည်။

“ဒါက ဘယ်လိုအခြေအနေလဲ။ ဒီနေ့ ကျုပ်တို့ပင်လယ်ဓားပြအသိုက်နဲ့ တွေ့ခဲ့ရတာလားပဲ။ ကျုပ်တို့မဟာမိတ်ကျွန်းတွေကြားက ရေကြောင်းလမ်းတွေမှာ ပင်လယ်ဓားပြတွေ ဆက်ပြီးဖြည့်ပေးနေတုန်းပဲ။”

“ကျုပ်တို့ရောပဲ။ ကျုပ်တို့မဟာမိတ်အဖွဲ့ကို ရှေးဟောင်းဆိုမာလီကျွန်းဆွယ်ဆီ ဆွဲခေါ်ခံလိုက်ရသလိုတောင် ခံစားနေရတယ်။”

“ကျုပ်တို့ ပင်လယ်ဓားပြသေတ္တာခုနစ်လုံး ထိတွေ့ပြီးပြီ။ သူဌေးကြီးက အကြွင်းမဲ့သော့ကို ဘယ်တော့မှ ဈေးကွက်ကနေ ပြန်ယူမှာလဲ။”

“မစိုးရိမ်ကြပါနဲ့...ခဏစောင့်ပေးပါဦး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ဈေးကွက်မှ အကြွင်းမဲ့သော့ ငှားရမ်းမှုများသည် အမြဲတမ်းဖြစ်ပျက်နေသောကြောင့် ရှောင်းယီအနေဖြင့် နှောင့်ယှက်ရန်မှာ အပြစ်ရှိသလို ခံစားနေရသည်။

“အေးလေ...ဘာတွေအလျင်လိုနေတာလဲ။ နောက်ပိုင်းကျရင် မင်းလည်း သော့ရလာမှာပဲဟာ။”

“အမှန်ပဲ...မဟာမိတ်အဖွဲ့အတွက် အသုံးပြုနိုင်တဲ့ မြို့ပြန်ကျောက်ရှိနေရင် ပြဿနာမရှိပါဘူး။ မစိုးရိမ်နဲ့။”

“ပြဿနာက ကျုပ်တို့မဟာမိတ်အဖွဲ့က တစ်ခုမှမဖွင့်ရသေးဘူး‌။”

“ဒါဆိုရင်တော့ ခင်ဗျားစောင့်မှရမယ်။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်ရှေ့တွင် ည ၁၁ နာရီအထိနေပြီးနောက် ထရပ်လိုက်ကာ ရေချိုးခန်းထဲသို့ဝင်ပြီး ရေချိုးကာ အိပ်စက်ရန် ပြင်ဆင်လိုက်လေသည်။

ရှောင်းယီ ရေချိုးခန်းထဲဝင်သွားခဲ့ပြီး မကြာမီ ဂရုထဲ၌ ပေါက်ကွဲသွားခဲ့လေသည်။

“ကူညီကြပါဦး...ဒေသခံတွေက ကျုပ်တို့မဟာမိတ်အဖွဲ့ကို တိုက်ခိုက်နေပြီ။”

“အပေါ်ကလူ မင်းဘာလို့ကြောက်လန့်နေတာလဲ။ ဒေသခံတွေက ဒီလောက်လေးပါပဲ။ သူတို့ ပြန်ပြီးရိုက်နှက်ခံရမှာသေချာတယ်။”

“ကျုပ်ရဲ့ကျွန်းမှာ အကာအကွယ်တစ်ခုမှမရှိဘူး။ ဘယ်လိုလုပ်ပြီး မကြောက်လန့်ဘဲနေနိုင်မှာလဲ။”

“ဟင်...မင်းကျွန်းရဲ့အကာအကွယ်က ဘယ်ရောက်သွားလို့လဲ။”

“ကျန်ခဲ့တဲ့မိနစ်နှစ်ဆယ်လောက်တုန်းက ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့နောက်ထပ်ကျွန်းတစ်ကျွန်း တိုက်ခိုက်ခံခဲ့ရတယ်။ လူတိုင်းက အဲ့ဒီကျွန်းကိုပဲ အာရုံစိုက်နေကြတာ...လက်နက်တွေရောပဲ။”

“ဒါဆို မြန်မြန်ပြန်ပို့ခိုင်းလိုက်‌လေ။”

“ပြန်ပို့ခိုင်းတော့ရော ဘာအကျိုးရှိမှာလဲ။ သူတစ်ယောက်တည်းက ကာကွယ်ရေးကိရိယာတွေကို ဘယ်လောက်ထိ လုပ်ဆောင်နိုင်မှာတဲ့လဲ။”

“အမှန်ပဲ...အသက်သွင်းပေးဖို့ ဘယ်သူမှမရှိဘူးဆိုရင် အဲ့ဒီစက်တွေက အလှကြည့်နေရုံပဲ။”

“ဒါက မြို့ပြန်ကျောက်တုံးကို အသုံးပြုရမယ့်နည်းလမ်းတစ်ခုများ ဖြစ်နိုင်မလား။”

“သေချာတယ်... အဲ့ဒါကြောင့် ပင်လယ်ဓားပြတွေ အများကြီး ပို့ပေးနေတာပေါ့။ ဒါမှ ကျုပ်တို့စစ်အင်အားစုစည်းတဲ့နေရာမှာ ပိုလွယ်ကူသွားပြီး ဒီလိုအခြေအနေမျိုးတွေ ဖြစ်မလာမှာ။”

“တုံ့ဆိုင်းမနေနဲ့ ကျွန်းပေါ်မှာ အဆိပ်ငွေ့ဗုံးတွေ အခုချက်ချင်း ထုတ်လွှတ်လိုက်တော့။”

“ထုတ်လွှတ်ပြီးသွားပြီ။ တဖက်လူတွေကလည်း ကျွန်းပေါ်ရောက်နေပြီ။ ကျုပ်ဘာလုပ်ရမလဲ။”

“မကြောက်နဲ့။ သူဌေးကြီးရဲ့အဆိပ်ငွေ့ဗုံးတွေက အသုံးဝင်နေပါသေးတယ်။”

ငါးမိနစ်အကြာတွင် ယီထျန်းဂရုထဲရှိလူဦးရေထဲ၌ လူတစ်ဦးလျော့နည်းသွားခဲ့ပြီး ထိုလူသည် လွန်ခဲ့သောမိနစ်အနည်းငယ်က စကားပြောနေခဲ့သူဖြစ်ပြီး ရှာကြည့်သောအခါ ဂရုထဲတွင် ထိုကဲ့သို့သောလူမရှိကြောင်း ပြသလာခဲ့ပေသည်။

“ဒါက ဘယ်လိုအခြေအနေလဲ။ အဆိပ်ငွေ့ဗုံးက အလုပ်မဖြစ်တော့ဘူးလား။”

“ဒီလိုမှမဟုတ်ရင် ဒေသခံတွေက ကျုပ်တို့ရဲ့အဆိပ်ငွေ့ဗုံးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရသွားပြန်တာပဲဖြစ်ရမယ်။”

“သေစမ်း ဒီဒေသခံတွေက ဘာလို့ဒီလောက်တောင် ဉာဏ်ကောင်းနေကြတာလဲ။ ငါတို့ကို အသက်ရှူချိန်တောင် မပေးချင်ကြတော့ဘူးလား။”

“သူတို့က ကျုပ်တို့ပါးစပ်နဲ့နှာခေါင်းကို အဝတ်နဲ့ပတ်ထားတာကို မြင်နေကြရတာပဲ။ သူတို့ရူးနေတာမဟုတ်ရင် စဉ်းစားကြည့်လို့ရတယ်။ ဒါက ဉာဏ်ကောင်းတာ မကောင်းတာနဲ့ မဆိုင်ဘူး။”

“ဒါဆို ဘာလုပ်ရတော့မှာလဲ။”

“ငါတို့ ဘာများလုပ်နိုင်ဦးမှာလဲ...။ သူဌေးကို အကြွင်းမဲ့သော့ကို ဈေးကွက်ကနေ ပြန်ယူဖို့ မြန်မြန်ခိုင်းကြတော့ပေါ့။ ပြီးရင် မြို့ပြန်ကျောက်နည်းနည်းလောက် မြန်မြန်ဖွင့်ယူလိုက်။ ဒီလိုအခြေအနေမျိုးကြုံလာရပြီးဆိုရင် ရုန်းကန်လို့ရနိုင်သေးတယ်။ မဟုတ်ရင်သေဖို့ပဲ စောင့်နေရုံပဲရှိတော့တယ်။”

တစ်ချိန်တည်းမှာပင် ဂရုထဲရှိ လူတိုင်းကသည် ယီရန်ပင်းအား @ လုပ်ကြတော့လေသည်။

သို့သော် ရှောင်းယီသည် ရေချိုးခန်းထဲတွင် ရောက်နေခဲ့ပြီး ထိုအသံများကို လုံးဝမကြားနိုင်တော့ပေ။ ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ပြန်ထွက်လာသည့်အချိန်တွင်ပင်လျှင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုလုံး ဆက်တိုက်ဆူညံနေဆဲပင်။ ထို့ကြောင့် သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ရှေ့သို့ လျှောက်သွားကြည့်လိုက်လေသည်။

အခန်း ၅၃၀ - စျေးနှုန်းမြှင့်တင်ခြင်း၊ နှစ်ဆပျော်ရွှင်မှု၊ အမြောက်

ရှောင်းယီသည် ယခင်စကားပြောမှတ်တမ်းများကိုဖတ်ကြည့်ပြီးနောက် အံ့အားသင့်သွားခဲ့လေသည်။

“ဒေသခံတွေက စစ်ရေးဗျူဟာတွေသင်ယူပြီး ဘယ်လိုအတုယူရမလဲဆိုတာကိုတောင် သိသွားကြပြီလား။”

ရှောင်းယီက သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

“အခု အခြေအနေဘယ်လိုရှိလဲ။”

ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် မေးမြန်းလိုက်သည်။

“သူဌေး နောက်ဆုံးတော့ ခင်ဗျားပေါ်လာပြီပေါ့။ ကျုပ်တို့မဟာမိတ်အဖွဲ့က လူတစ်ယောက်နဲ့ကျွန်းတစ်ကျွန်း ဆုံးရှုံးသွားခဲ့တယ်။”

“သူတို့ ဆက်တိုက်နေတုန်းပဲလား။”

ရှောင်းယီက ဖိမေးလိုက်သည်။

“မတိုက်တော့ဘူး။ သူတို့ နောက်ဆုတ်သွားကြပြီ။ ပြန်လာကြဦးမလားတော့ ကျုပ်လည်းမသိဘူး။ သူဌေး ကျေးဇူးပြုပြီး အကြွင်းမဲ့သော့ကို ပြန်တင်ပေးပါ။ ကျုပ်မစောင့်နိုင်တော့ဘူး။ မဟာမိတ်အဖွဲ့ထဲက ရတနာသေတ္တာငါးလုံးအားလုံးကို အခုချက်ချင်း ဖွင့်ချင်နေပြီ။”

“ဟုတ်တယ် သူဌေး။ ကျုပ်တို့မဟာမိတ်အဖွဲ့ကလည်း တွက်ဆပြီးသွားပြီ။ ရတနာသေတ္တာတွေကို အခုချက်ချင်းဖွင့်ချင်ပါတယ်။”

“ကျုပ်တို့ရောပဲသူဌေး မြန်မြန်လုပ်ပေးပါ။ ကျုပ် နောက်ထပ်အုတ်မြစ်ကျောက်ပတုံးနှစ်ဆယ် ပေးချေဖို့ဆန္ဒရှိပါတယ်။”

“ကျုပ်ရောပဲ...ရတနာသေတ္တာထဲက အုတ်မြစ်ကျောက်တုံးတွေ မရနိုင်တော့ဘူးဆိုရင်တောင် အကြွင်းမယ့်သော့ကိုတော့ ငှားမှဖြစ်မယ်။”

ထိုဒေသခံများ၏ လျှို့ဝှက်တိုက်ခိုက်မှုကြောင့် သူတို့သည် ချက်ချင်းပင် ကြောက်လန့်နေသည့်ငှက်များကဲ့သို့ ဖြစ်နေကြချေပြီ။ အကြွင်းမဲ့သော့ကို ငှားရမ်းရန်အတွက် စျေးနှုန်းကို ကြိုတင်မြှင့်တင်ရန်ပင် ဆန္ဒရှိနေခဲ့ကြသည်။

မြို့ပြန်ကျောက်တုံးရှိလျှင် ရှောင်းယီ၏ အားသွင်းကိရိယာမပါရင်တောင် တိုက်ပွဲနေတင်းကျပ်တဲ့ကျွန်းများဆီသို့ စစ်သားတချို့ အလျင်အမြန် ပို့ပေးနိုင်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် သူတို့သည် ခုခံနိုင်စွမ်းလုံးဝမရှိဘဲ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံနေကြရသည်။

အားသွင်းကိရိယာကို သုံးနိုင်ရင်မူ ပို၍ပြီးပြည့်စုံသွားမည်ဖြစ်သည်။

ရှောင်းယီသည် အကျိုးအမြတ်အများဆုံးရရှိရန်နှင့် အသက်ရှင်ကျန်ရစ်သူများ ပိုမိုရှင်သန်နိုင်ရန်အတွက် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားနေခဲ့သည်။

ထိုသူများသည် ကြိုတင်၍ စျေးနှုန်းမြှင့်တင်လိုက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် ပြဿနာမရှိတော့ပါချေ။

“ကောင်းပြီ လူတိုင်းရဲ့အရေးတကြီးလိုအပ်ချက်ကို ကျုပ်နားလည်ပါတယ်။ အကြွင်းမဲ့သော့ကို အခုချက်ချင်းပြန်တင်ပေးမယ်။ တစ်ကြိမ်အသုံးပြုဖို့အတွက် အုတ်မြစ်ကျောက်ငါးဆယ်ကုန်ကျမယ်။ ခင်ဗျားတို့ရဲ့ခံစစ်ကို ယုံကြည်မယ်ဆိုရင်တော့ သော့ရလာတဲ့အထိစောင့်ပြီးတော့မှ ဖွင့်လို့ရပါတယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝှမ်းရှိ အခြားမဟာမိတ်အဖွဲ့များသည်လည်း အလားတူအခြေအနေမျိုး ကြုံတွေ့နေခဲ့ကြရပြီး အသက်ရှင်ကျန်ရစ်သူများအားလုံးသည် အေးဆေးတည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့ရလေသည်။

အဆုံးတွင် ဒေသခံများကို ဖမ်းဆီးပြီး ၎င်းတို့အားကိုယ့်အတွက် အသုံးချနိုင်ခဲ့သောကျွန်းများမှာ အလွန်နည်းပါးလှပေသည်။ ထို့အပြင် ဆက်သွယ်ရေးပြဿနာများကြောင့် ၎င်းတို့အား ကာကွယ်ရေးစစ်သားများအဖြစ် ထိထိရောက်ရောက် ပြောင်းလဲ၍မရနိုင်ခဲ့ပေ။

မဟာမိတ်အဖွဲ့အတွင်း ကျွန်းကိုးကျွန်းနှင့် လူနှစ်ဆယ်ဆိုသည်မှာ အကန့်အသတ်ပင်ဖြစ်သည်။ ဒေသခံမဟာမိတ်တပ်ဖွဲ့နှင့် ရင်ဆိုင်ရပါက လူတိုင်းသည် ကာကွယ်ရန် ရှေ့တက်ကြရမည်သာဖြစ်သည်။

ယခုအခါ ဒေသခံများသည် မည်သို့အတုယူရမည်ကိုလည်း သိရှိသွားပြီဖြစ်ရာ မြို့ပြန်ကျောက်း၏အခန်းကဏ္ဍမှာ အတိုင်းအတာမရှိ ကြီးမားလာခဲ့သည်။

ဈေးကွက်ရှိ အကြွင်းမဲ့သော့မှာ ပို၍ပင် ရေပန်းစားလာတော့လေသည်။

ဤအခိုက်တွင် ရှောင်းယီသည် ဈေးကွက်ရှိ အကြွင်းမဲ့သော့၏စျေးနှုန်းကို နောက်တစ်ကြိမ် ပြင်ဆင်ခဲ့သည်။

အတွင်းစျေးနှုန်းများ မြှင့်တင်ခံလိုက်ခဲ့ရသည်နှင့်အမျှ ဈေးကွက်တွင်လည်း သင့်လျော်စွာ မြှင့်တင်ရမည်ဖြစ်သည်။

“【အကြွင်းမဲ့သော】 (SSS အဆင့်) ၅ စက္ကန့်အသုံးပြုခွင့် -【အုတ်မြစ်ကျောက်】၈၈။”

ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးချင်းစီတွင် အုတ်မြစ်ကျောက် သုံးဆယ်မှ လေးဆယ်ခန့်ရှိသင့်ပေသည်။ ပင်လယ်ဓားပြသေတ္တာသည် အုတ်မြစ်ကျောက် ၅၀ ကို ထုတ်ပေးနိုင်ပြီး ပိုလျှံသော ၃၈ ခုသည် ၎င်းတို့လက်ထဲရှိ အုတ်မြစ်ကျောက်တုံးများကို အများဆုံး အရည်ညှစ်ထုတ်သင့်ပေသည်။

“ဘုရားရေ...ဒီလူကသွေးစုပ်ဖုတ်ကောင်လား။ သူကစျေးနှုန်းတောင် ထပ်မြှင့်လိုက်သေးတယ်ပေါ့။”

“အဲ့လိုမျိုးမပြောနဲ့...သူကမကျေနပ်လို့ နောက်ထပ်မြှင့်လိုက်ရင် ငါတို့တတ်နိုင်တော့မှာမဟုတ်ဘူး။”

“ဟုတ်တယ်...ဟုတ်တယ်။ မင်းတတ်နိုင်သေးတုန်း မြန်မြန်သာသုံးလိုက်စမ်းပါ။”

“ဟူး အဲ့ဒါနဲ့ပတ်သက်ပြီး ငါတို့မှာ ဘာနည်းလမ်းမှမရှိတော့ဘူး။ ဒါက ငါတို့ ဒီလိုမြင့်မားတဲ့ပစ္စည်းတွေ မရခဲ့တာကြောင့်ပဲ။”

ရှောင်းယီသည် ၎င်းတို့၏ထင်မြင်ချက်များကို လျစ်လျူရှုလိုက်၏။ သူသည် ဈေးကွက်တွင် အကြွင်းမဲ့သော့ကို နာရီဝက်ခန့်ကြာအောင် တင်ထားခဲ့ပြီးနောက် သူ၏ဝင်ငွေကို စစ်ဆေးကြည့်လိုက်သည်။

၎င်းကို ၃၉၆၈ ကြိမ်ငှားရမ်းခဲ့ပြီး တစ်ကြိမ်လျှင် အုတ်မြစ်ကျောက် ၇၀ နှင့် စုစုပေါင်း အုတ်မြစ်ကျောက် ၂၇၇၇၆၀ ရရှိထားပေသည်။

“တကယ်ကိုဇိမ်ရှိတာပဲ။”

ရှောင်းယီသည် သူ၏ဝင်ငွေပမာဏကိုကြည့်ရင်း ပျော်ရွှင်စွာပြောလိုက်သည်။

ယခုအခါ ငှားရမ်းခ၏စျေးနှုန်းကို မြှင့်တင်ပြီးနောက်တွင်ပင်လျှင် အကြွင်းမဲ့သော့အား ငှားရမ်းရန်အတွက် တန်းစီနေသူများစွာ ရှိနေဆဲပင်။

“ဒီလှိုင်းက အုတ်မြစ်ကျောက်တွေအများကြီးရနိုင်ပေမယ့် နှစ်ဆအပိုဆုမရှိတာတော့ စိတ်မကောင်းပဲ။”

ရှောင်းယီက အနည်းငယ်နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။

ယခုအခါ လာရောက်လည်ပတ်သည့် အသက်ရှင်ကျန်ရစ်သူများသည်လည်း ပြန်ရောက်သွားကြပြီဖြစ်သည်။ အပန်းဖြေစခန်းအကြောင်း ဂုဏ်ယူဝင့်ကြွားမှုလှိုင်းများ ရှိခဲ့သော်လည်း ဒေသခံများ၏ ခိုးဝင်တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့ရသည်။

ဤသို့ဖြင့် ညသန်းခေါင်ယံအချိန်အား။ဖြည်းဖြည်းချင်းကျော်လွန်သွားခဲ့ပြီး ရှောင်းယီ အနားမယူရသေးခင်မှာပင် စနစ်မှ သတိပေးချက်မြည်လာခဲ့လေသည်။

“ဒင်း...နှစ်ဆရိတ်သိမ်းမှုအခြေအနေကို အစပျိုးလိုက်ပါပြီ။ အချိန်တစ်ရက် ကြာမြင့်ပါမည်။”

ရှောင်းယီ၏မျက်လုံးများ အနည်းငယ်တောက်ပသွားပြီး ဝေါ်ကီတော်ကီကို ကောက်ယူကာ ပြောလိုက်၏။

“မနက်ဖြန်အတွင် ရိတ်သိမ်းရမယ့် မဟုတ်သေးဘူး ဒီနေ့ရိတ်သိမ်းမယ့်အရာတွေကို ကျုပ်ကိုင်တွယ်မယ်။”

“လက်ခံရရှိပါတယ်။”

လူတိုင်းသည်လည်း ယခုအချိန်ထိ အိပ်ပျော်ခြင်းမရှိသေးဘဲ ချက်ချင်း တုံ့ပြန်လာခဲ့ကြသည်။

ယခုညသန်းခေါင်ကျော်သွားပြီဖြစ်သောကြောင့် ရှောင်းယီသည် ချက်ချင်းပင် လက်မှတ်ရေးထိုးလိုက်လေသည်။

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အမြောက်ထုတ်လုပ်မှုပုံစံကွက် (A အဆင့်) ၁။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အမြောက်ထုတ်လုပ်မှုပုံစံကွက် (A အဆင့်) ၂။”

လွန်ခဲ့သည်နှစ်ရက်က ရှောင်းယီသည် ဂရုထဲရှိ တစ်စုံတစ်ဦးသည် အမြောက်ထုတ်လုပ်မှုပုံကြမ်း ဖွင့်ခဲ့သည်ကို အားကျနေခဲ့ရသည်။ သို့သော် ယခုစနစ်သည်လည်း သူ့ကို A-အဆင့် အမြောက်ပုံစံကွက်အား တိုက်ရိုက်ဆုချီးမြှင့်လိုက်ပြီဖြစ်သည်။

“စနစ်က ငါလိုချင်တာ တကယ်သိတာပဲ။”

ရှောင်းယီက ပြုံးကာပြောလိုက်သည်။

“အမြောက်ထုတ်လုပ်မှုပုံစံကွက် (A အဆင့်): ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုပြီးနောက် ကုန်ကြမ်းများကိုပေးဆောင်ပါက A-အဆင့် အမြောက်များကို အကန့်အသတ်မရှိထုတ်လုပ်နိုင်သည်။”

လက်ထဲရှိ အမြောက်ပုံစံကွက်နှစ်ခုကို ကြည့်ရင်း ရှောင်းယီ စဉ်းစားကြည့်လိုက်သည်။

ယုတ္တိရှိရှိပြောရလျှင် ပုံစံကွက်တစ်ခုဆိုလျှင် လုံလောက်ပြီဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တစ်ခုသာအသုံးပြုနိုင်ပြီး ဒုတိယတစ်ခုကိုအသုံးပြုပါက ဤပုံစံကွက်ရှိပြီးသားဖြစ်ကြောင်း အချက်ပြလာမည်ဖြစ်သည်။

သို့သော်ယခုအချိန်တွင် မည်သူကမျှ ဤပုံစံကွက်ကို ဝယ်ယူရန် တတ်နိုင်ကြတော့မည်မဟုတ်ပေ။ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းသည် ဆုံးရှုံးမှုအလွန်များလွန်းသည်ဟု ရှောင်းယီ ခံစားနေရပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းယီသည် အခြားသူများအား ဤကဲ့သို့သော ရှေ့ရောက်နေသည့်လက်နက်မျိုးကို မရရှိစေချင်ပေ။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီက သူ့စိတ်ထဲတွင် ပြောလိုက်သည်။

“စနစ် ငါဒီပုံစံကွက်ကို တိုက်ရိုက်အသုံးပြုပြီး စူပါပေါင်းစပ်ခြသ်းစက်နဲ့ ပိုပြီးအဆင့်မြင့်တဲ့ပုံစံကွက်အဖြစ် ပေါင်းစပ်လိုက်မယ်ဆိုရင် ပစ္စည်းတွေကို လက်တွေ့ထုတ်လုပ်ပြီးမှ ပေါင်းစပ်တာနဲ့ ကွာခြားမှုရှိနိုင်လား။”

“အင်း...ပုံစံကွက်ပေါင်းစပ်ခြင်းက ကုန်ကြမ်းတွေကို ချွေတာပေးတယ်။ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ပေါင်းစပ်ခြင်းက ကုန်ကြမ်းအချို့ကို ဖြုန်းတီးမိလိမ့်မယ်။”

ရိုးရိုးရှင်းရှင်းပြောရလျှင် A-အဆင့် အမြောက်နှစ်လက်ကို ထုတ်လုပ်ပြီး စူပါပေါင်းစက်ခြင်းစက်ကို အသုံးပြုကာ S-အဆင့် အမြောက်တစ်လက်အဖြစ် ပေါင်းစပ်ခြင်းသည် S-အဆင့် အမြောက်ပုံစံကွက်အား တိုက်ရိုက်ထုတ်လုပ်ခြင်းနှင့်နှိုင်းယှဉ်ပါက ယခင်က ကုန်ကြမ်းများကို ပိုမိုဖြုန်းတီးမိခဲ့ခြင်းပင်ဖြစ်သည်။

စနစ်၏တုံ့ပြန်မှုကို ကြားလိုက်ရပြီးနောက် ရှောင်းယီသည် နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် စူပါပေါင်းစပ်ခြင်းစက်ကိုအသုံးပြုကာ အမြောက်ပုံစံကွက်နှစ်ခုကို ပေါင်းစပ်လိုက်တော့သည်။

“ပေါင်းစပ်ခြင်းအောင်မြင်ပါသည်။ ရရှိသောပစ္စည်း- အမြောက်ပုံစံကွက် (S အဆင့်) ၁။”

၎င်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင်အသုံးပြုလိုက်ပြီးနောက် ရှောင်းယီသည် အမြောက်ပုံစံကွက်အတွက် လိုအပ်သောကုန်ကြမ်းများကို မြင်လိုက်ရလေသည်။

“【အမြောက်ထုတ်လုပ်မှုပုံစံကွက်】 (S အဆင့်) - လိုအပ်သောပစ္စည်းများ: သံ ၂၊ ကော့ပါး ၁၀၊ သံဖြူ ၁၊ သွပ် ၀.၁။”

အမြောက်အတွက် လိုအပ်သောပစ္စည်းများကို ကြည့်ရှုရင်း ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခင်ကဂရုထဲရှိလူတစ်ဦးသည် အမြောက်ထုတ်လုပ်မှုပုံကြမ်းတစ်ခုကိုဖွင့်ခဲ့ပြီး ကျောက်တုံးများနှင့် သစ်သားများပင် လိုအပ်ခဲ့သော်လည်း ဤတစ်ခုတွင်မူ ထိုအရာများအား မလိုအပ်ပေ။

“သူ့ဟာက အဆင့်အရမ်းနိမ့်လို့ထင်တယ်။”

ရှောင်းယီက သူ့စိတ်ထဲတွင်ပြောလိုက်သည်။

“နောက်ဆုံးတော့ ဝူနာ့မျိုးနွယ်စုရဲ့ သတ္တုကြောတွေကို အသုံးပြုလို့ရပြီ။”

ဝူနာ့မျိုးနွယ်စု၏ကျွန်းပေါ်တွင် သံနှင့်ကြေးနီသတ္တုရိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး သတ္တုတူးဖော်ခြင်းသည် အခြေခံအားဖြင့် အပြီးသတ်သွားပြီဖြစ်ရာ လက်ရှိအချိန်တွင် အသုံးပြုလိုက်သည်မှာ အကောင်းဆုံးပင်ဖြစ်သည်။

အကြွင်းမဲ့သော့နှစ်ချောင်းသည် ရှောင်းယီအတွက် ချမ်းသာကြွယ်ဝမှုများကို အဆက်မပြတ်ဖန်တီးပေးနေဆဲဖြစ်ပြီး ၎င်းသည်လည်း နှစ်ဆချမ်းသာကြွယ်ဝခြင်းဖြစ်သည်။

ရှောင်းယီ အိပ်ရာပေါ်သို့ ပြန်လည်လဲလျောင်းလိုက်လေသည်။ ယနေ့အတွက် သူသည် စွမ်းအားပြန်လည်ဖြည့်တင်းရန် လိုအပ်နေပြီဖြစ်သည်။ မနက်ဖြန်ရောက်လျှင်လည်း နောက်ထပ်လုပ်စရာအလုပ်များ များစွာရှိသေးပေသည်။

ထိုအချိန်တွင် လူတိုင်းသည် မဟာမိတ်အဖွဲ့အတွင်း၌ရရှိထားသော ပင်လယ်ဓားပြသေတ္တာများကို ရပ်တန့်ခြင်းမရှိဘဲ ဖွင့်နေကြစဉ် ရုတ်တရက် ဂရုထဲတွင် ပြောလိုက်သောစကားတစ်ခွန်းက ယီထျန်းဂရုကို နောက်တစ်ကြိမ် ပေါက်ကွဲသွားစေခဲ့ပြန်သည်။

“သူဌေးမှာ အကြွင်းမဲ့သော့နှစ်ချောင်းရှိတာကို ခင်ဗျားတို့သတိထားမိကြလား။”

“ဘာ...သူက ငါတို့ကို အသက်ရှင်ခွင့်တောင် မပေးချင်တော့လား။”

“ခင်ဗျားကိုယ်တိုင်သွားကြည့်လိုက်။ ကျုပ်တို့ဂရုထဲမှာတစ်ခု၊ ဈေးကွက်မှာလည်း တစ်ခုရှိတယ်။”

“သေစမ်း ဒါတကယ်ကြီးဟ။ သူဌေးကတော့ အရမ်းလွန်သွားပြီ။”

All Chapters