အခန်း (၅၃၁-၅၃၂)
Vol. 37 Ch. 531-532
အခန်း ၅၃၁ - များစွာသောရွေ့လျားနေသည့်အုတ်မြစ်ကျောက်၊ အကြီးစားပရိုမိုးရှင်းအတွက် အဆင်သင့်ဖြစ်ခြင်း
ဂရုထဲရှိလူများ ရှောင်းယီ၏ အကြွင်းမဲ့သော့နှစ်ခုအကြောင်း အပူတပြင်း ဆွေးနွေးနေကြခိုက် ရှောင်းယီသည်မူ အိပ်မက်လောကထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။
နောက်တစ်နေ့မနက် ရှောင်းယီသည် အိပ်ယာစောစောထပြီး အောက်ထပ်သို့ဆင်းလာသည်နှင့် ယွမ်နွန်နှင့် အခြားသူများအားလုံး အောက်ထပ်ဧည့်ခန်းထဲတွင် စောင့်နေကြကို တွေ့လိုက်ရလေသည်။
“လူတိုင်း အစောကြီး နိုးနေကြတာပဲ။”
ရှောင်းယီက သူတို့ကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ငါတို့ ဒီနေ့ ဘယ်လိုလည်ပတ်ရမလဲ။”
အန်းယွဲ့က မေးလိုက်သည်။
ရှောင်းယီ အနည်းငယ်တွေးပြီးနောက် ပြန်ဖြေလိုက်သည်။
“ဒီတစ်ကြိမ်မှာ အရတနာသေတ္တာတွေ ဖွင့်ခဲ့ရတာကြောင့် လူတိုင်းရဲ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အများကြီးမရှိလောက်တော့ဘူး။ ဆိုတော့ ဒီတစ်ခါ နည်းဗျူဟာကို ချိန်ညှိရင်းပြီး ရောင်းရမယ်။”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
“ကောက်ပဲသီးနှံရိတ်သိမ်းတာကိုတော့ စိုက်ပျိုးရေးလက်ထောက်တွေကိုပဲ လွှဲအပ်ထားလိုက်မယ်။ ခဏနေရင် ပင်လယ်ငါးတွေနဲ့ ရေချိုငါးတွေ ရိတ်သိမ်းဖို့ ကျုပ်ကိုယ်တိုင်သွားမယ်။ သစ်တောထဲက အစားအစာတွေကို ရိတ်သိမ်းဖို့ကတော့ ပဏ္ဍိတင်ူလေးကို သူ့ရဲ့မျောက်တွေနဲ့ မျောက်သားမြေးတွေကို ခေါ်ခိုင်းလိုက်မယ်။ အိမ်ယာခြံဝင်းထဲမှာ သူ့အတွက် နေရာလွတ်ရှင်းပေးထားလိုက်ပါ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကောင်းပြီ ငါ ပဏ္ဍိတငယ်လေးအတွက် နေရာရှင်းပေးထားလိုက်မယ်။”
ယွမ်နွန်က ပြောလိုက်သည်။
“အစ်ကိုကျန်း ငါတို့မဟာမိတ်အဖွဲ့ထဲက S အဆင့် သုံးချက်ပသ်လောက်လွှဲအားလုံးကို ရေတွက်ပြီး ခဏနေရင် အားလုံးကိုလဲလှယ်ခိုင်းလိုက်ပါ။”
ရှောင်းယီက ကျန်းယွင်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ငါတို့ရဲ့ အဓိကကာကွယ်ရေးပစ္စည်းတွေက ဒါတွေပေါ်ကိုပဲ မှီခိုနေရတာလေ။ အားလုံးရောင်းပစ်လိုက်ရင် ငါတို့ဘယ်လိုလုပ်ကြမလဲ။”
“ငါ အဲ့ဒါတွေအစား ခဏနေရင် ပစ္စည်းကောင်းတွေနဲ့ လဲပေးမယ်။”
ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် ထပ်မံအံ့အားသင့်သွားခဲ့ပြီးနောက် ချက်ချင်းနားလည်သွားခဲ့သည်။ ရှောင်းယီသည် ပစ္စည်းကောင်းများ ရရှိထားခြင်းဖြစ်ပင်ရမည်။
“ကောင်းပြီ မနက် ၁၀ နာရီမထိုးခင် ငါမင်းကို စာရင်းဇယားတွေ လာပေးမယ်။”
ကျန်းယွင်ထျန်းက ထိုသို့ပြောပြီးနောက် ရုတ်တရက် တစ်စုံတစ်ခု စဉ်းစားမိသွားဟန်ဖြင့် မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီနေ့ ပင်လယ်ဓားပြားတွေပေါ်လာရင် ရတနာသေတ္တာတွေကို မင်း ငါ့ကိုသွားပြီးရိတ်သိမ်းပေးစေချင်လား။”
ရှောင်းယီက ခေါင်းခါပြီး ဖြေလိုက်သည်။
“မလိုပါဘူး...ငါ့ဆီကိုပဲ ပို့ပေးလိုက်လိုက်ပါ။”
အကြောင်းမှာ ယခင်က စမ်းသပ်ခဲ့ပြီးဖြစ်သောကြောင့်ပင်။ ပစ္စည်းသေတ္တာများနှင့် ရတနာသေတ္တာများကဲ့သို့သော ပစ္စည်းများသည် နှစ်ဆဆုချီးမြှင့်မှုကို မလုပ်ဆောင်နိုင်ပေ။
သို့သော် အတွင်းမှဖွင့်၍ရရှိလာမည့်သော ပစ္စည်းများသည်မူ နှစ်ဆဆုချီးမြှင့်မှုကို လုပ်ဆောင်နိုင်ပေသည်။
နောက်ဆုံးနှစ်ဆဆုကြေးပွဲတော်တုန်းက ရှောင်းယီသည် သစ်သားဘေစင်တစ်ခုဖြင့် အထူးတလည် စမ်းသပ်ခဲ့ပြီး နှစ်ဆဆုကြေးအချက်အလက်များ ပါဝင်သောပစ္စည်းများသည် နှစ်ဆဆုချီးမြှင့်မှုကို ထပ်မံမရရှိနိုင်တော့ဟု ဆိုထားခဲ့သည်။
သို့သော် ခြွင်းချက်တော့ရှိပေသည်။ ဆိုလိုသည်မှာ အစားအစာပစ္စည်းများကို နှစ်ဆစုပုံထားနိုင်သည်။ ဆိုလိုသည်မှာ ရိတ်သိမ်းချိန်တွင် နှစ်ဆဆုချီးမြှင့်မှုကို ရရှိနိုင်ပြီး ရောင်းချခြင်းမှလည်း နှစ်ဆဆုချီးမြှင့်မှုကို ရရှိနိုင်ပေသည်။
ရှောင်းယီသည်ပင် ဤအချက်ကို မဖမ်းဆုပ်နိုင်ပေ။ ၎င်းသည် နှစ်ဆဆုချီးမြှင့်မှုကို စတင်နိုင်ခြင်း ရှိ၊ မရှိသည် စနစ်၏စိတ်အခြေအနေပေါ်တွင် မူတည်နေပုံရသည်။
သို့သော် ရှောင်းယီသည် ၎င်းကို နက်နက်ရှိုင်းရှိုင်းလေ့လာရန်အတွက်လည်း ပျင်းရိနေခဲ့သည်။ နှစ်ဆဆုကြေးရှိနေသရွေ့ စည်းမျဉ်းများက ဘာဖြစ်နေသည်ကို ဘယ်သူကဂရုစိုက်နေပါမည်နည်း။
“ဆုဝမ်...အခုချက်ချင်း ဂရုနဲ့ အများသုံးချန်နယ်မှာ ငါတို့ ၁၀:၀၀ ထိုးရင် ဈေးရောင်းပွဲတော် စတင်မယ်လို့ ကြော်ငြာလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ဆုဝမ်က ဖြေလိုက်သည်။
“စွန်းကုထောင်နဲ့ အခြားသူတွေလည်း ကျွန်းပေါ်မှာရှိနေတုန်းဆိုတော့ သူတို့အားလုံးကို အလုပ်လုပ်ခိုင်းလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီနေ့ သူတို့ အလုပ်ကောင်းကောင်းလုပ်ရင် နောက်ထပ်တစ်ရက်အနားယူခွင့်ပေးမယ်။”
“အင်း...ငါသူတို့ကို အသိသွားပေးလိုက်မယ်။”
အန်းယွဲ့ကက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ...ယခုတော့ ဒီလောက်ပဲ အလုပ်စလိုက်ကြတော့။”
ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် အီကြာကွေးနှစ်ချောင်းယူကာ နို့တစ်ခွက်ကိုင်ပြီး သူ၏ကျွန်းအထိမ်းအမှတ်ကျောင်တိုင်ဆီသို့ ပြန်သွားခဲ့သည်။
ဆုဝမ်သည် ကြော်ညာများတင်းပြီးပြီးဖြစ်ကာ ဂရာတစ်ခုလုံးသည်လည်း ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။
“သေးစမ်း သူဌေးက ဘာလို့ရုတ်တရက်စပရိုက်တိုက်တာလဲ။ ငါ ဘာမှမပြင်ဆင်ရသေးဘူးလေ။”
“ငါကပြင်ဆင်ထားပြီးပြီ။ အရံအုတ်မြစ်ကျောက် ၁၀၀ ရှိတယ်...ဟားဟား။”
“ငါရောပဲ...ငါတို့ကျွန်းမှာ လူသိပ်မများတော့ ကျွန်းကိုလည်း အရမ်းမချဲ့ရဲဘူး။ အဲ့ဒါကြောင့် အုတ်မြစ်ကျောက်အများကြီးစုထားတယ်။ သူဌေး ပစ္စည်းကောင်းတွေရှိရင် ထုတ်သာထုတ်လိုက်ပါ။ ကျုပ်တို့အကုန်လုံးကိုဝါးစားနိုင်မယ်လို့ အာမခံတယ်။”
“အပေါ်ကလူ မင်းကတော့ လွင့်နေပြီပဲ။ သူဌေးက တကယ်သာ သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးထုတ်ပြရင် မင်းလက်ထဲကအုတ်မြစ်ကျောက်တွေက သူဌေးအတွက် သွားကြားတောင်ညပ်မှာမဟုတ်ဘူး။”
“ငါ ရုတ်တရက်ကြီး ဟိုနိုင်ငံခြားသားတွေကို စိုးရိမ်မိသွားပြီ။”
“ဟမ်...မင်းဘာကိုဆိုလိုတာလဲ။”
“ရတနာသေတ္တာဖွင့်ဖို့အတွက် သူတို့လက်ထဲက အုတ်မြစ်ကျောက်တွေ အများကြီးသုံးခဲ့ရမှာပဲလေ ဟုတ်တယ်မလား။ အခု သူတို့ကြိုက်တဲ့ပစ္စည်းတွေထပ်တွေ့ရင် ကြည့်ရုံပဲကြည့်နေတော့ရမှာမဟုတ်ဘူးလား။”
“ဟားဟား...ဟုတ်တယ်။ သူတို့က ရတနာသေတ္တာတစ်လုံးဖွင့်ဖို့ အုတ်မြစ်ကျောက် ၈၈ ခုတောင်ပေးခဲ့ရတာ။ ပြောရရင် သူဌေးက တကယ်ကို အမြတ်ကြီးစားတဲ့ကုန်သည်ပဲ။ ဒါပေမယ့် ငါကြိုက်တယ်။”
ထိုအချိန်တွင် အများသုံးချန်နယ်သည်လည်း အသက်ဝင်စည်ကားလာပြီဖြစ်သည်။ ယီထျန်းဂရုနှင့်မတူဘဲ သူတို့သည် ယီရန်ပင်း အဆင့်မြင့်အစားအစာရောင်းချခြင်း၏ ရုတ်တရက်ဖြစ်ပေါ်လာမှုကို စောဒကတက်နေကြခဲ့သည်။
“ဒါက အရမ်းရုတ်တရက်ဆန်လွန်းတယ်။ ငါတို့ အခုလေးတင် ရတနာသေတ္တာဖွင့်ထားတာလေ။ လက်ထဲမှာ အုတ်မြစ်ကျောက်တွေ သိပ်မကျန်တော့ဘူး။”
“ဟုတ်လား...ငါတို့မှာတော့ အများကြီးရှိသေးတယ်။ ငါတို့ကျွန်းမှာ လူလေးယောက်ရှိတယ်။ ပြီးတော့ ငါတို့က အနည်းဆုံး အုတ်မြစ်ကျောက် ၂၄ ခုကို နေ့တိုင်းရနေတာ။ ကျွန်းကိုလည်း အရမ်းမချဲ့ရဲဘူး။ အဲ့ဒါကြောင့် လက်ထဲမှာ အများကြီးရှိသေးတယ်။”
“ကျုပ်တို့မှာလည်း နည်းနည်းတော့ရှိသေးတယ်။ ယီရန်ပင်း ဈေးကွက်ပေါ်တင်လာမှာကိုပဲ စောင့်နေခဲ့တယ်။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ၏ယခင်အယူအဆမှာ ပြဿနာရှိနေကြောင်း ရုတ်တရက် သိလိုက်ရလေသည်။
ယခင်က သူသည် အိုင်ဒီအရေအတွက်အလိုက် လူဦးရေကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ကျွန်းများပေါင်းစည်းပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ဆက်လက်မထားရှိတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဤသည်မှာ ကျွန်းပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုသာရှိပြီး ဂရုထဲရှိ အိုင်ဒီတစ်ခုနှင့် ကိုက်ညီသော်လည်း အမှန်တွင် ၎င်းတို့ကျွန်းပေါ်၌ လူသုံးဦးရှိနေသကဲ့သို့ပင်။
ဤအိုင်ဒီတစ်ခု၏ နေ့စဉ်အုတ်မြစ်ကျောက်ရိတ်သိမ်းမှုကို လူဦးရေအရေအတွက်အလိုက် တွက်ချက်ပြီး တစ်နေ့တွင် ၁၈ ခုခန့်ရနိုင်သည်။ ဥပမာပေးရလျှင် စွန်းကုထောင်၏ကျွန်းပင်ဖြစ်သည်။ သူ၏ကျွန်းပေါ်တွင် ဟွားလန်နှင့် ကိုးယုတို့ရှိသော်လည်း ၎င်းတို့၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကိုမူ ဖျက်ဆီးထားခဲ့သည်။
ဟုတ်ပါသည်။ လူအများစု၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များမှာ ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဆက်လက်မထားရှိဘဲ အသက်ရှင်နေထိုင်ဆဲဖြစ်သော ထိုလူဦးရေသည် အုတ်မြစ်ကျောက်အရေအတွက်ကို တိုးပွားလာစေခဲ့ပေသည်။
ဥပမာအားဖြင့် ယီထျန်းဂရုထဲတွင် လက်ရှိပြသထားသော လူဦးရေ၊ ဆိုလိုသည်မှာ အိုင်ဒီအရေအတွက်သည် ၈၁၆၈၄ ဖြစ်သည်။
ဤနံပါတ်အရ နေ့စဉ်ရိတ်သိမ်းသည့် အုတ်မြစ်ကျောက်များသည် ၈၁၆၈၄ ကို ၆ နှင့်မြှောက်သင့်ပေသည်။ နေ့စဉ်ပြန်လည်ဖြည့်တင်းပေးသော ပစ္စည်းသေတ္တာခြောက်လုံးတွင် အုတ်မြစ်ကျောက်တစ်ခုစီပေါ်လာသည်ဟု တွက်ချက်ရပေမည်။
သို့သော် ဤအိုင်ဒီအရေအတွက်သည် ယီထျန်းဂရုထဲရှိ လူဦးရေအရေအတွက်ကို ကိုယ်စားမပြုပေ။ ဤဂရုထဲရှိ အိုင်ဒီများသည် လူဦးရေ ၁၀၀,၀၀၀ နီးပါးကို ကိုယ်စားပြုနိုင်ပြီး စုစုပေါင်းအရေအတွက်သည် ၁၀၀,၀၀၀ ကို ၆ နှင့်မြှောက်ထားခြင်းဖြစ်သင့်ပေသည်။
အခြေခံအုတ်မြစ်ကျောက်အရေအတွက် ချက်ချင်းတိုးပွားလာပြီး ကျွန်းများစွာသည် ပြန်လည်ဖြည့်တင်းပေးသော သားကောင်များကို မကိုင်တွယ်နိုင်ပေ။ ကျွန်းများအားပေါင်းစည်းပြီးနောက် ထပ်ပေါင်းထည့်ထားသော ဧရိယာသည် ၎င်းတို့အတွက် လှန်လှောပစ်ရန် လုံလောက်ပေသည်။
ထို့ကြောင့် ၎င်းတို့သည် ပေါင်းစည်းပြီးနောက် ရိတ်သိမ်းထားသော အုတ်မြစ်ကျောက်အားလုံးကို ဆက်လက်ထားရှိသည်မှာ ဖြစ်နိုင်သည့်အလားအလာရှိပေသည်။
“အကြွင်းမဲ့သော့ရဲ့ဈေးနှုန်း ငါသတ်မှတ်လိုက်တာ နိမ့်လွန်းတယ်လို့တောင် ခံစားလိုက်ရပြီ။”
ရှောင်းယီ အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။ သူသည် သူ့ကိုယ်သူ အဆက်မပြတ်နှစ်သိမ့်နေရခဲ့လေသည်။
“အမြတ်နည်းနည်းနဲ့ အရမြန်တယ်။ အမြတ်နည်းနည်းနဲ့ အရမြန်တယ်။”
“ခင်ဗျားလက်ထဲက အုတ်မြစ်ကျောက်က မလုံလောက်ဘူးဆိုရင် ဒီနေ့ရဲ့ပစ္စည်းသေတ္တာကို မြန်မြန်ဖွင့်လိုက်တော့။ ဒီနေ့ အုတ်မြစ်ကျောက်တွေပေါက်ကွဲထွက်နေတယ်။ ကျုပ်ဆိုရင် ပစ္စည်းသေတ္တာခြောက်လုံးတည်းနဲ့ အုတ်မြစ်ကျောက် ၂၀ ရထားတယ်။”
“အရမ်းမိုက်တယ်။ ဒီတစ်ပတ်ရဲ့ နောက်ဆုံးနေ့မှာ ကမ္ဘာ့စည်းမျဉ်းတွေကလည်း အုတ်မြစ်ကျောက်တွေ စပေးနေပြီ။”
“ဟားဟား...ငါက ၂၅ ရခဲ့တယ်။”
“သောက်ကျိုးနည်း ဒါဘယ်လိုခွေးကံမျိုးလဲ။”
“သေစမ်း ငါ ၁၈ ပဲရခဲ့တာ။ ငါ့ထက်နည်းတဲ့သူ မရှိလောက်တော့ဘူး။
“ယုံကြည်မှုရှိစမ်းပါ။ မင်းကအနည်းဆုံးပဲ ငါက ၂၁ ကွ။”
“ဟားဟား...ကျုပ်ရဲ့ကျွန်းမှာ လူငါးယောက်ရှိတယ်။ ကျုပ်တို့ ၁၁၆ ခုရခဲ့တယ်။”
“ဒါက အရမ်းမိုက်တာပဲ။ နေ့တိုင်း ဒီလိုမျိုးအများကြီးရနိုင်ရင် ကောင်းမှာပဲ။”
“နေ့တိုင်းအများကြီးရတာက အသုံးမဝင်ဘူး။ မင်းရဲ့ကျွန်းကိုမချဲ့ရဲသေးဘူးလေ။”
“မင်းသံချေးတက်နေတဲ့လူကြီးပဲ။ ဘာပဲပြောပြော ဒါက တကယ်ကို နှလုံးနာစရာပဲ။ ဒီတစ်ကြိမ်တော့ ကျွန်းပေါ်က သူငယ်ချင်းတွေရဲ့အဆင့်ကိုမြှင့်တင်ဖို့ အဆင့်မြင့်အစားအစာအများကြီးဝယ်ရမယ်။ ဒါမှလုပ်ရဲမှာ။”
“ဟုတ်တယ် ငါလည်း ဒီတစ်ကြိမ် အဆင့်မြင့်အစားအစာတွေ အများကြီးဝယ်ရမယ်။”
လူတိုင်း၏လက်ထဲတွင် အသုံးပြုနိုင်သည့် အုတ်မြစ်ကျောက်များ အများကြီးရှိကြောင်း သိလိုက်ရသောအခါ ရှောင်းယီသည် မနက်စာကို အနည်းငယ်သာစားပြီးနောက် ပဏ္ဍိတငယ်လေးနှင့် သားရဲဘုရင်ကို သစ်တောထဲတွင် သစ်သီးဝလံများစုဆောင်းပြီး သားကောင်များအား အမဲလိုက်ခိုင်းလိုက်သည်။
သူကိုယ်တိုင်သည်မူ အလိုအလျောက်ငါးဖမ်းစက်ကိုခေါ်ပြီး ငါးဖမ်းလုပ်ငန်းကို စတင်လိုက်သည်။
စွန်းကုထောင်သည် မနေ့ညက အပျော်လွန်ပြီး နောက်ကျမှအိပ်ရာထရန် စီစဉ်ထားခဲ့သည်။
ကလင်လင်....။
ဤသည်မှာ သူ၏ဆက်သွယ်ရေးကိရိယာမှမဟုတ်ပေ။ သူတို့အနားယူနေသည့်ခန်းထဲက ကြိုးဖုန်းမှ အသံမြည်နေခြင်းပင်။
“ဘယ်သူလဲကွ...မနက်အစောကြီးမနက်ကိုကွာ....။ လူတွေကို အိပ်ခွင့်တောင်မပေးတော့ဘူးလား။”
စွန်းကုထောင်က ညည်းညူပြီး ဖုန်းကိုကောက်ယူကာ နားနားကပ်လိုက်လေသည်။
အခန်း ၅၃၂ - နှစ်ထပ်ကွမ်းထိတ်လန့်ခြင်း၊ စတင်ခြင်း၊ သန်း ၆၀
“ကျွန်းပိုင်ရှင်က လူတိုင်းကို အခုချက်ချင်း အိပ်ရာထခိုင်းလိုက်တယ်။ ဒီနေ့ ကျွန်းမှာ အရေးကြီးအစီအစဉ်ရှိတယ်။ ကောင်းကောင်းလုပ်ရင် တစ်ရက်ပိုပြီး အနားယူလို့ရလိမ့်မယ်။”
အန်းယွဲ့၏အသံသည် တယ်လီဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
စွန်းကုထောင်သည် ချက်ချင်းပင် အိပ်ယာထဲမှထလိုက်ပြီး “ဟုတ်ကဲ့” ပြန်ဖြေလိုက်၏။
ကျန်သူများသည်လည်း အလားတူပင်။ သူတို့သည် လျင်မြန်စွာဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုများ ပြုလုပ်လိုက်ကြပြီးနောက် ထွက်လာခဲ့ကြသည်။
“မနက်စာ အဆင်သင့်ဖြစ်နေပြီ။ လူတိုင်းပဲ မြန်မြန်စားကြတော့။”
အန်ယွဲ့က ပြောလိုက်သည်။
လူတိုင်းသည် ချက်ချင်းပင် ဝိုင်းထိုင်လိုက်ကြပြီးနောက် မနက်စာစားလိုက်ကြလေသည်။
“ဦးလေးအန်း ဒီနေ့က ဘာနေ့လဲ။ ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ။”
စွန်းကုထောင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ကျန်သူများလည်း နားစွင့်လိုက်ကြသည်။
“ဒီနေ့ ကျွန်းပိုင်ရှင်က အဆင့်မြင့် အစားအစာတွေ လက်ဆောင်ပေးမယ့်နေ့ပဲ။ လူတိုင်း ကူညီပြင်ဆင်ပေးဖို့ လိုတယ်။”
အန်းယွဲ့က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ဟမ် ဘာလို့ ရုတ်တရက်ကြီး ဒီလိုလုပ်ရတာလဲ။”
ဖန်မင်လုံက သံသယအကြည့်များဖြင့် ပြောလိုက်သည်။
“ဒီလိုအရာမျိုးကို အသေးကြိုတင်စိတ်စီစဉ်ထားသင့်တယ်လေ။”
ယခင်က အရင်းရှင်ကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်ခဲ့သူ ဖန်မင်လုံသည် မည်သည့်ပရိုမိုးရှင်းကိုမဆို အချိန်တစ်ခုအထိကြိုတင် စီစဉ်ထားပြီး ဘက်ပေါင်းစုံမှ ပြဿနာမရှိတော့မှသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကောင်းစွာသိထားပေသည်။
ဒါက ရုတ်တရက် စိတ်ကူးပေါ်လာလို့ စလုပ်လိုက်တာမျိုးလား။
အန်းယွဲ့သည်လည်း သူ၏ဆိုလိုရင်းကို နားလည်ပေသည်။
“ဒီမှာလူတိုင်းက မိသားစုတွေပဲ။ တချို့အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူး။ မင်းတို့ ကိုယ်တိုင်လေ့လာပြီး သိရှိဖို့လိုတယ်။ ဘာလို့ ဒီလောက်ရုတ်တရက်ဖြစ်ရတာလဲဆိုတာကိုတော့ မင်းတို့ကိုယ်တိုင်ပဲ သွားပြီးရှာဖွေလိုက်ကြပါ။”
လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်နေသော အန်းယွဲ့ကို သံသယအကြည့်များဖြင့် ကြည့်နေရင်း သူတို့၏ပါးစပ်များကိုလည်း မရပ်တန့်ဘဲ မနက်စာကို မြန်မြန်စားလိုက်ကြလေသည်။
“စွန်းကုထောင် မင်းတို့က ကျွန်းပေါ်က ရေချိုမြစ်ထဲသွားပြီး ငါးဖမ်းပိုက်နည်းနည်း ဆွဲထုတ်ပြီး ရေချိုးငါးတချို့ဖမ်းဖို့ အသင့်ပြင်ထားကြပါ။”
“ဖန်မင်လုံ မင်းတို့က ကမ်းခြေကိုသွားပြီး ကျွန်းပိုင်ရှင်နောက်ကိုလိုက်သွား။ ပြီးရင် ပင်လယ်ငါးတွေ ပြင်ဆင်တဲ့နေရာမှာ ကူညီကြရမယ်။”
“ပိုင်ချီ မင်းတို့က အိမ်ယာခြံဝင်ထဲကိုသွားပြီး ဦးလေးယွမ်ကို အိမ်ယာခြံဝင်းထဲက သီးနှံတွေ ပြင်ဆင်တဲ့နေရာမှာ ကူညီကြရမယ်။”
“စွန်းယောင် မင်းက ရောင်းစရာဆေးတွေ ရှိ၊မရှိ စစ်ကြည့်ပြီး ကျွန်းပိုင်ရှင်ဆီ အပ်လိုက်ပါ။”
လူတိုင်း မနက်စာစားပြီးကြောင်း မြင်လိုက်ရသောအခါ အန်းယွဲ့က တစ်ဦးချင်းစီအား အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...”
လူတိုင်း ပြန်ဖြေလိုက်ကြသည်။
“မှတ်ထားကြ... ခိုင်းမှ လုပ်ရမယ်။”
အန်းယွဲ့၏ နိဂုံးချုပ်နေအဖြင့် ထပ်ပြောလိုက်သော စကားလုံးက လူတိုင်းအား စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
သူတို့ နားမလည်ကြသော်လည်း ထပ်မမေးကြတော့ဘဲ အန်းယွဲ့၏ညွှန်ကြားချက်အတိုင်း ၎င်းတို့၏တာဝန်ကျရာနေရာများသို့ သွားရောက်ကူညီလိုက်ကြသည်။
ဖန်မင်လုံနှင့် အဖွဲ့သားများသည် ကမ်းခြေတွင် အလိုအလျောက်ငါးဖမ်းပိုက်နောက်သို့ လိုက်ပါနေသော ရှောင်းယီကို အလျင်အမြန် ရှာတွေ့သွားခဲ့ကြသည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ ဘာလုပ်ပေးဖို့လိုအပ်ပါသလဲ။”
ဖန်မင်လုံက မေးလိုက်သည်။
“ငါ့နောက်ကနေ လိုက်ပြီး ငါးတွေသိမ်းပေးရုံပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုအခိုက်တွင် အလိုအလျောက်ငါးဖမ်းပိုက်သည် ပင်လယ်ငါးများဖြင့် ပြည့်နှက်နေသော ငါးဖမ်းပိုက်များကို ဆွဲတင်လိုက်လေသည်။ ကမ်းပေါ်သို့ ဆွဲတင်ပြီးနောက် ထိုငါးဖမ်းပိုက်ထဲရှိ ပင်လယ်ငါးများမှာ ရုတ်တရက် ပိုမိုများပြားသွားခဲ့သည်။
ဖန်မင်လုံနှင့် သူ့အဖွဲ့သားများ၏မျက်လုံးများ ပြူးကျယ်သွားတော့လေသည်။
“ဒါက ဘာတွေဖြစ်နေတာလဲ။”
ဖန်မင်လုံ၏ နှလုံးသားတစ်ခုလုံး ခုန်ပေါက်နေခဲ့သည်။
ကမ်းစက်ပေါ်သို့ ပစ်ချလိုက်သော ပင်လယ်ငါးများသည် ထိုငါးဖမ်းပိုက်ထဲတွင်ရှိနေခဲ့သည်ထက် သိသိသာသာ ပိုများနေပြီး အကြမ်းဖျင်းတွက်ချက်ကြည့်မယ်ဆိုလျှင် နှစ်ဆခန့်ရှိပေလိမ့်မည်။
“ဖြတ်လတ်မှုအဆင့်အလိုက် သူတို့ကို ခွဲခြားပြီးသိမ်းဆည်းလိုက်။ အဆင့်မတူတဲ့ ပင်လယ်ငါးတွေရဲ့ ဖြတ်လတ်မှုက တစ်ခုစီ ကွဲပြားကြတယ်။”
ရှောင်းယီက ပြန်လှည့်မကြည့်ဘဲ ငါးဖမ်းပိုက်နှင့်အတူ ရှေ့သို့ဆက်လျှောက်သွားနေခဲ့သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ဖန်မင်လုံသည် သူ၏စိတ်ထဲရှိ အံ့ဩထိတ်လန့်နေမှုများကို ချုပ်တည်းရင်း ပြန်ဖြေလိုက်သည်။
တစ်နာရီကျော်ကြာပြီးနောက် ရှောင်းယီသည် ကျွန်းကိုတစ်ပတ်ပတ်ပြီးပြီဖြစ်ကာ ချက်ချင်းပင် ရေချိုမြစ်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။
စွန်းကုထောင်နှင့် အဖွဲ့သားများသည် ရေချိုမြစ်နားတွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် အန်းယွဲ့က သူတို့ကို မလှုပ်ရှားသေးဘဲ ကျွန်းပိုင်ရှင် ရောက်လာသည်အထိ စောင့်ဆိုင်းရမည်ဟု ပြောထားခဲ့လေသည်။
ရှောင်းယီ လာနေသည်ကို မြင်သောအခါ အန်းယွဲ့က ပြောလိုက်သည်။
“အကုန်လုံး အဆင်သင့်ဖြစ်နေပါပြီ။”
“စလိုက်ကြစို့။”
ရှောင်းယီသည် ကြိုးတစ်ချောင်းကိုကောက်ယူပြီး လူတိုင်းအား ငါးဖမ်းပိုက်များဆွဲတင်ရန် ခေါ်ဆောင်သွားခဲ့သည်။
စွန်းကုထောင်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိသည်။
“ဘာတွေဖြစ်နေတာလဲ။ ဒါကို ကျွန်းပိုင်ရှင်ကိုယ်တိုင် လုပ်ဖို့ လိုအပ်လို့လား။”
လက်ရှိတွင် ရေချိုအရင်းအမြစ်များ ပေါများနေသောကြောင့် ငါးဖမ်းပိုက်တစ်ခုတည်းဖြင့် ငါးများအားလုံးကို မဆွဲတင်နိုင်ပေ။ ထို့ကြောင့် သူတို့အနေဖြင့် ပထမဆုံး ငါးဖမ်းပိုက်တစ်ခုကိုသာ စုဆောင်းကြရမည်ဖြစ်သည်။
ထိုငါးဖမ်းပိုက်ကို ကမ်းပေါ်သို့ ဆွဲတင်ပြီးနောက် ကမ်းပေါ်သို့ ပစ်ချလိုက်သော ရေချိုငါးများမှာ ရုတ်တရက် ပိုမိုများပြားသွားခဲ့သည်။
စွန်းကုထောင်နှင့် သူ၏အဖွဲ့သားများသည်လည်း မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
အချိန်တစ်နာရီနီးပါးအတွင်း ရှောင်းယီသည် ရေချိုငါးများအား စုဆောင်းပြီးနောက် စွန်းကုထောင်နှင့် အဖွဲ့သားများအား အကြမ်းဖျင်း ခွဲခြားသိမ်းဆည်းခိုင်းကာ သူကိုယ်တိုင်သည်မူ အိမ်ယာခြံဝင်းဆီသို့ လျှောက်သွားခဲ့လိုက်သည်။
အိမ်ယာခြံဝင်းအတွင်းရှိ ပိုင်ချီမှာမူ လုံးဝထိတ်လန့်နေခဲ့ပြီဖြစ်သည်။ အကြောင်းမှာ စိုက်ပျိုးရေးလက်ထောက်များ မည်မျှပင် ရိတ်သိမ်းစေကာမူ နှစ်ဆတိုးသွားသောကြောင့်ပင်။
ရှောင်းယီသည် ရှောင်ရှန်းနှင့် သူ၏အဖွဲ့သားများ ယူဆောင်လာသော သစ်တောထဲရှိ သီးနှံများအား သွားရောက်လက်ခံလိုက်သည်။
ယခုအခါ ကျွန်း၏ဧရိယာသည် ပိုမိုကျယ်ပြန့်လာပြီဖြစ်ရာ ရှောင်ရှန်းနှင့် သားရဲဘုရင်တို့သည် တာဝန်အားပြီးမြောက်ရန် အချိန်အတော်ကြာယူရမည်ဖြစ်သည်။ ယခုအချိန်တွင် ရှောင်းယီသည် ပထမပိုင်းကိုသာ လက်ခံရမည်ဖြစ်ပြီး ကျန်ရှိသည်များမှာမူ ဖြည်းဖြည်းချင်းသာ ရောက်လာလိမ့်မည်ဖြစ်သည်။ ၎င်းကို ယနေ့အတွင်း ပြီးမြောက်ရန်သာ လိုအပ်ပေသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ကျန်းယွင်ထျန်းပေးပို့လိုက်သော S အဆင့် သုံးချက်ပစ်လောက်လွှဲများ၏ပမာဏအတိုင်း အမြောက်များကို ပထမဆုံး ထုတ်လုပ်လိုက်ပြီး ယခင်သုံးချက်ပစ်လောက်လွှဲများ တပ်ဆင်ထားသော နေရာများတွင် ပြန်လည်တပ်ဆင်ပေးလိုက်သည်။
ထိုနေရာများကို ကျန်းယွင်ထျန်းက ကျွန်းမြေပုံပေါ်တွင် အမှတ်အသားပြုထားပြီးသားဖြစ်ပေသည်။
ချက်ချင်းလက်ငင်း ထွက်ပေါ်လာသော အမြောက်ကြီးများကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းသည် တဒင်္ဂမျှ ကြောင်အသွားခဲ့ပြီး နောက်ပိုင်းတွင် အလွန်ပျော်ရွှင်သွားခဲ့သည်။
အမြောက်ကြီးများသည် သုံးချက်ပစ်လောက်လွှဲများထက် များစွာခေတ်မီပေသည်။ ထိုအမြောက်များသာရှိပါက ဒေသခံများ၏ခံစစ်အား မထိုးဖောက်နိုင်မည်ကို စိုးရိမ်စရာမလိုတော့ပေ။
သုံးချက်ပစ်လောက်လွှဲများကို ကာကွယ်နိုင်သည့် မူလနည်းလမ်းများသည် အမြောက်ဆံများကိုမူ ကာကွယ်၍ရနိုင်မည်မဟုတ်ပေ။
ကျန်းယွင်ထျန်းအား ထပ်မံအံ့အားသင့်စေခဲ့သည်မှာ ထိုအမြောက်များတွင် ပစ်မှတ်ကိုထိမှန်အောင် ညွှန်ပြသည့်ကိရိယာများ ပါရှိနေခြင်းပင်ဖြစ်သည်။
“နောက်ထပ် အဆင့်မြင့်လက်နက်တစ်မျိုး ထပ်ရှိလာပုံပဲ။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ပစ်မှတ်ကိုထိမှန်အောင် ညွှန်ပြသည့် ကိရိယာသာ ပါရှိပါက ပစ်ခတ်မှုအချက်အလက်များကို စမ်းသပ်စစ်ဆေးရန်ပင် မလိုတော့သဖြင့် ဒုက္ခလည်းအများကြီး သက်သာသွားမည်ဖြစ်သည်။
သို့မဟုတ်လျှင် အမြောက်ပစ်ရာ၌ အတွေ့အကြုံရှိသူများကို လိုအပ်လိမ့်မည်ဖြစ်သည်။
ကျန်းယွင်ထျန်း စိတ်လှုပ်ရှားနေစဉ်၌ ရှောင်းယီသည် လက်နက်ပစ္စည်းတစ်ခု တင်လိုက်သည့်အတွက် ယီထျန်းဂရုကြီးတစ်ခုလုံးသည်လည်း စိတ်လှုပ်ရှားသွားခဲ့ကြတော့လေသည်။
“ဒီနေ့လည်း အရင်ကလိုပဲ လက်နက်ပစ္စည်းတွေကို အရင်တင်ပါမယ်။ ပထမဆုံးတင်မယ့်ပစ္စည်းကတော့ 【သုံးချင်ပစ်လောက်လွှဲ】(S အဆင့်) ပါ။ S အဆင့် သုံးချက်ပစ်လောက်လွှဲက ကျောက်တုံးတွေကို ယခင်ထက် ပိုမိုလျင်မြန်စွာနဲ့ ပိုမိုပြင်းထန်စွာ ပစ်လွှတ်နိုင်ပါတယ်။ ယူနစ်တစ်ခုကို အုတ်မြစ်ကျောက် ၃၀ နဲ့ အိုင်ဒီတစ်ခုကို နှစ်ယူနစ်အဖြစ် ကန့်သတ်ထားပါတယ်။”
“အား.... သူဌေးကြီးရဲ့လက်နက်တွေက နောက်ထပ်အဆင့်မြင့်လာပြန်ပြီ။ ဒါကိုတော့ ရအောင်ဝယ်ရမယ်။ လက်ရှိမှာ သုံးချက်ပစ်လောက်လွှဲတွေက ထိပ်တန်းကာကွယ်ရေးပစ္စည်းဖြစ်နေတုန်းပဲ။”
“Sအဆင့် ကာကွယ်ရေးပစ္စည်း...သူဌေးက အရမ်းအံ့ဩစရာကောင်းတာပဲ။”
“အရင်ကတည်းက ဒီလိုမျိုးပိုမြန်တဲ့ သုံးချက်ပစ်လောက်လွှဲတွေသာရှိခဲ့ရင် ခံစစ်က အရမ်းခက်ခဲခဲ့မှာမဟုတ်ဘူး။ ဒီတစ်ခါတော့ အိုင်ဒီတစ်ခုကို နှစ်ခုဝယ်လို့ရတယ်...အရမ်းကောင်းတယ်။”
အိုင်ဒီတစ်ခုစီသည် ယူနစ်နှစ်ခုဝယ်နိုင်မည်ဖြစ်သောကြောင့် စုစုပေါင်း သုံးချက်ပစ်လောက်လွှဲ ၁၆၀,၀၀၀ ကျော် လိုအပ်သဖြင့် ရှောင်းယီ၌ ရှိပြီးသား သုံးချက်ပစ်လောက်လွှဲများဖြင့် မလုံလောက်တော့ပေ။
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် Aအဆင့် သုံးချက်ပစ်လောက်လွှဲများကိုသာ ထုတ်လုပ်နိုင်ပြီး အန်းရန်အား စူပါပေါင်းစပ်ခြင်းစက်ကို အသုံးပြု၍ Sအဆင့်သို့ ပေါင်းစပ်ခိုင်းလိုက်ရလေသည်။
ပေါင်းစပ်ထားသော Sအဆင့် သုံးချက်ပစ်လောက်လွှဲများကို ဂရုထဲသို့ တင်လိုက်သည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။
မိမိတို့၏ ဘေးကင်းရေးနှင့်ပတ်သက်လာလျှင် အုတ်မြစ်ကျောက် ၆၀ အတွက် မည်သူမျှ တွန့်ဆုတ်နေကြလိမ့်မည်မဟုတ်ပေ။
“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၄,၉၀၁,၀၄၀။”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၉,၈၀၂,၀၈၀။”
ယီထျန်းဂရုကြီး ပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် ဈေးကွက်တွင် အချို့ကို တင်ရန် ပြင်ဆင်လိုက်လေသည်။
ရှောင်းယီသည် နိုင်ငံခြားဂရုပေါင်းစုံမှ အိုင်ဒီအရေအတွက်ကို စုစည်းတွက်ချက်ခဲ့ပြီး စုစုပေါင်း ၆၀၀,၀၀၀ ကျော်ရှိပေသည်။
သူသည် နောက်ဆုံးတွင် ယူနစ် ၆၀၀,၀၀၀ တင်ရန် ဆုံးဖြတ်ခဲ့သည်။ ဈေးနှုန်းမှာမူ အုတ်မြစ်ကျောက် ၅၀ ဖြစ်သည်။
အိုင်ဒီတစ်ခုစီအတွက် ပျမ်းမျှတစ်ယူနစ်စီဖြစ်ပြီး လူတိုင်း အညီအမျှရရှိမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သုံးချက်ပစ်လောက်လွှဲအတွက် လိုအပ်သည့်ကုန်ကြမ်းများမှာ သာမန်ပစ္စည်းအချို့သာဖြစ်ပြီး ထိုအရာများမှာ ရှောင်းယီဆီတွင် ချို့တဲ့မနေခဲ့ပေ။
ထို့အပြင် စူပါပေါင်းစပ်ခြင်းစက်၏ အရှိန်သည်လည်း သိပ်မဆိုးလှပေ။ မဟုတ်လျှင် ဤပစ္စည်းများကို ပေါင်းစပ်ပြီးစီးရန်အတွက် အချိန်မည်မျှကြာမည်အား မသိနိုင်ပေ။
ထို S အဆင့် သုံးချက်ပစ်လောက်လွှဲများကို တင်လိုက်သည်နှင့် ချက်ချင်းပင် အလုအယက် ဝယ်ယူသိမ်းပိုက်သွားခဲ့ကြလေသည်။
“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၃၀ သန်း။”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၆၀ သန်း။”