အခန်း (၅၃၃-၅၃၄)
Vol. 37 Ch. 533-534
အခန်း ၅၃၃ - လောက်လွှဲကျည်၊ ငါးနှင့်အသားများ လဲလှယ်ခြင်း၊ ဘာသာပြန်ဆိုခြင်း
ရှောင်းယီက အိုင်ဒီတစ်ခုစီအတွက် ဝယ်ယူနိုင်သည့် အရေအတွက်ကို ကန့်သတ်မထားသောကြောင့် Sအဆင့် သုံးချက်ပစ်လောက်လွှဲများကို အိုင်ဒီတိုင်း မရရှိခဲ့ကြပေ။ ယင်းတို့မှာ ချက်ချင်းပင် ရောင်းကုန်သွားခဲ့သည်။
လူပေါင်းများစွာက တစ်ခုထက်ပို၍ ဝယ်ခဲ့ကြခြင်းပင်။ ဂျေဘီ၏ ကျွန်းတစ်ကျွန်းတည်းကပင် အခုတစ်ရာ ဝယ်ယူခဲ့ပေသည်။
အခုတစ်ရာဝယ်ရန်အတွက်မူ အုတ်မြစ်ကျောက် ငါးထောင်လိုအပ်သည်။ ယခင်က မဟာမိတ်အဖွဲ့ နည်းဗျူဟာကို ရောင်းချပြီး အုတ်မြစ်ကျောက် နှစ်သိန်းနီးပါး ရရှိခဲ့သူ ဂျေဘီအတွက်မူ ထိုပမာဏမှာ သိပ်မများလှပေ။
ထိုအချိန်က နည်းဗျူဟာကို အုတ်မြစ်ကျောက်တစ်ခုဖြင့် ကြည့်ရှုနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ လူဦးရေ ၈၀၀,၀၀၀ နီးပါးအနက် အုတ်မြစ်ကျောက်တစ်ခုမှာ ဈေးမကြီးလှသည်ဟု မသတ်မှတ်နိုင်သောကြောင့် လူဦးရေ နှစ်သိန်းနီးပါးက ထိုနည်းဗျူဟာကို ဝယ်ယူခဲ့ကြသည်။
ဂျေဘီသည် အုတ်မြစ်ကျောက်များစွာ ရရှိခဲ့သော်လည်း အားလုံးကို ကျွန်းအားချဲ့ထွင်ရန်အတွက် အသုံးမပြုဘဲ တစ်ဝက်ကိုသာ အသုံးပြုခဲ့သည်။
ထိုတစ်ဝက်တည်းနှင့်ပင် ဂျေဘီသည် သူ့တို့ကျွန်းအဖွဲ့၏ ထိန်းချုပ်နိုင်စွမ်း ကန့်သတ်ချက်ကို ရောက်ရှိသွားပြီဟု ခံစားခဲ့ရပေသည်။
တိရစ္ဆာန်များ၊ သားရဲများ စသည်တို့၏ တစ်စိတ်တစ်ပိုင်းသည် နေ့စဉ်ပြန်လည်အသစ်ဖြစ်ပေါ်လာသောကြောင့် အဖွဲ့တစ်ခုလုံးသည် အနားယူရန်ပင် ချိန်မရှိလောက်အောင် အလုပ်များနေခဲ့ကြရသည်။
ဂျေဘီသည် အုတ်မြစ်ကျောက်အားလုံးကို ချဲ့ထွင်ရန် အသုံးမပြုမိခဲ့သည်ကိုပင် ကျေးဇူးတင်နေခဲ့မိသည်။ သို့မဟုတ်လျှင် သူ ဒုက္ခရောက်သွားနိုင်ပေသည်။
သို့သော် အဖွဲ့တစ်ခုလုံး အလုပ်များနေခဲ့သော်လည်း သူ့အတွက်လည်း အတော်အသင့် အကျိုးအမြတ်ရရှိစေခဲ့သည်။
ပထမဆုံးအနေဖြင့် အဖွဲ့၏တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဒုတိယအနေဖြင့် အဆင့်မြင့် သာရဲသားများ ထုတ်လုပ်မှု အတော်အသင့်ရှိလာခဲ့သည်။
ထိုအဆင့်မြင့်အသားများဖြင့် အဖွဲ့၏ရုပ်ခန္ဓာအဆင့်များသည်လည်း ဆက်တိုက်တိုးတက်လာခဲ့ကာ ကောင်းမွန်သည့် စက်ဝန်းတစ်ခု ဖြစ်နေခဲ့လေသည်။
ဂျေဘီ၏ခန့်မှန်းချက်အရ အချိန်ခဏကြာပြီးနောက် သူသည် သူ့ကျွန်း၏ဧရိယာကို နည်းနည်းချင်း ထပ်မံချဲ့ထွင်နိုင်မည်ဖြစ်သည်။
“အခုတစ်ရာပဲဝယ်နိုင်ခဲ့တာတော့ ဝမ်းနည်းစရာပဲ။ နည်းနည်းလောက်သာ ပိုပြီးဝယ်နိုင်မယ်ရင် တော်တော်ကောင်းလိမ့်မယ်။”
ဂျေဘီသည် လုံးဝရောင်းကုန်သွားပြီဖြစ်သော လောက်လွှဲများကိုကြည့်ကာ တီးတိုးရေရွတ်လိုက်မိသည်။
ရှောင်းယီ သုံးချက်ပစ်လောက်လွှဲများ ရောင်းချပြီးသည်နှင့် တစ်ပြိုင်နက် အုပ်စုထဲတွင် တစ်စုံတစ်ဦးသည် ဒေသခံများ၏ တိုက်ခိုက်မှုကို ထပ်မံခံခဲ့ရလေသည်။
“သေစမ်းကွာ...ဒီဒေသခံတွေ ဘာလို့ ဒီအချိန်ကျမှ ငါတို့ကို လာပြီးတိုက်ခိုက်နေရတာလဲ။”
“အပေါ်က သတိထားပါ။ ဒေသခံတွေက ချုံခိုတိုက်ခိုက်နိုင်တယ်။”
“နေ့ခင်းဘက်က မြင်ကွင်းနည်းနည်းပိုကောင်းတော့ ကျုပ်တို့ သူတို့ကို မရှုံးနိမ့်သင့်ဘူး။”
“မျှော်လင့်ထားသလိုပဲ...ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ကျွန်းကို သင်္ဘောကြီးသုံးစီး စုပြီးတိုက်ခိုက်နေတယ်။ ပြီးတော့ ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ မြောက်ဘက်ကျွန်းနားကိုလည်း သင်္ဘောတစ်စီး ချဉ်းကပ်နေတယ်။”
“တပ်ဖြန့်တာကို သေချာအာရုံစိုက်ထားဦး။”
“တပ်ဖြန့်ပြီးသွားပြီ။ ဒီတစ်ခါတော့ လုံးဝပြဿနာမရှိဘူး။”
ဆယ်မိနစ်ခန့်ကြာတွင် ထိုသူသည် ပြန်ရောက်လာခဲ့ပြီး ဂရုထဲတွင် ပြောလိုက်သည်။
“သူဌေးကြီးရဲ့ S အဆင့် သုံးချက်ပစ်လောက်လွှဲတွေက သောက်ရမ်းအစွမ်းထက်လွန်းတယ်။ အဲ့ဒီဒေသခံတွေ လုံးဝမခံနိုင်ဘူး။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ စုစုပေါင်း တစ်ဆယ့်ရှစ်ခုရှိတဲ့ထဲကမှ ကိုးခုပဲသုံးပြီး သင်္ဘောကြီးသုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်။ မြို့ပြန်ကျောက်တွေကလည်း အရမ်းအသုံးဝင်တယ်။ စက္ကန့်နှစ်ဆယ်အတွင်း လူငါးယောက်ကို မြောက်ဘက်ကျွန်းကို ပို့ပေးနိုင်ခဲ့တယ်။ ပြီးတော့ သုံးချက်ပစ်လောက်လွှဲငါးခုက မြောက်ဘက်ကျွန်းကိုတိုက်ခိုက်နေတဲ့ သင်္ဘောကြီးကို တစ်ချီတည်းနဲ့ ဖျက်ဆီးနိုင်ခဲ့တယ်။ အခု ကျုပ်တို့တော့ ချမ်းသာသွားပြီ။ ဒေသခံတစ်စုကို ဖမ်းဆီးနေတယ်။ လုပ်သားအင်အား။မလုံလောက်မှာကို စိုးရိမ်စရာမလိုတော့ဘူး။ ကျွန်းကို စိတ်ကြိုက်ချဲ့လို့ရတော့မယ်။”
“သူဌေးရဲ့ သုံးချက်ပစ်လောက်လွှဲတွေက တကယ်ပဲ အစွမ်းထက်တာလား။”
“သေချာပေါက်ပဲ...S အဆင့်ပစ္စည်းက သာမန်မဟုတ်ဘူး။”
“သူဌေးကြီးက အရမ်းအံ့ဩစရာကောင်းတာပဲ။ ဒါပေမယ့် ကျုပ်တို့မဟာမိတ်အဖွဲ့မှာ အဆိပ်ငွေ့ဗုံးတွေ ကုန်သွားပြီ။ နည်းနည်းလောက် ထပ်ရောင်းပေးပါလား။”
“ဟုတ်တယ်...ဒီပစ္စည်းက ဒေသခံတွေကို ဖမ်းဆီးတဲ့နေရာမှာ အရမ်းအသုံးဝင်တယ်။”
လူတိုင်း၏ တောင်းဆိုချက်များကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်တွေးတောပြီးနောက် ပြောလိုက်သည်။
“အဆိပ်ငွေ့ဗုံးရဲ့ ကုန်ကြမ်းတွေက မကြာခင်က အတော်လေး တင်းကျပ်ခဲ့တယ်။ အဲ့ဒါကြောင့် ဈေးကိုလည်း ပိုပြီးမြှင့်တင်လိုက်ရတယ်။ ဗုံးတစ်လုံးကို အုတ်မြစါ်ကျောက် ၅ ခု။ လိုချင်ရင်ဝယ်ကြပါ။ ဒါမှမဟုတ်ရင်လည်း ခဏစောင့်ကြပါ။”
“နားလည်ပါတယ်။ ဒီအဆိပ်ငွေ့ဗုံးတွေကိုသာ ကောင်းကောင်းအသုံးချမယ်ဆိုရင် ဗုံးတစ်လုံးက ဒေသခံမျိုးနွယ်စုတစ်ခုနဲ့ ညီမျှတယ်။ အုတ်မြစ်ကျောက်ငါးခုပေးပြီး မျိုးနွယ်စုတစ်ခုရတာက ဘယ်လိုကြည့်ကြည့် ဈေးချိုတယ်။”
“ဟုတ်ပါတယ် သူဌေး။ မြန်မြန်သာတင်လိုက်ပါ။ ကျုပ်တို့ မစောင့်နိုင်တော့ဘူး။”
“ကျုပ်တို့မဟာမိတ်အဖွဲ့က လေးလုံးလိုချင်ပါတယ်။”
“ကျုပ်တို့က ရှစ်လုံး...။”
ရှောင်းယီသည် စဉ်းစားဆင်ခြင်လိုက်ပြီးနောက် အဆိပ်ငွေ့ဗုံး ၅၀,၀၀၀ ကို စင်ပေါ်တင်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ဝယ်ယူနိုင်သည့် အရေအတွက်ကို ကန့်သတ်မထားခဲ့ပေ။
“လဲလှယ်မှု အောင်မြင်ပါသည်... နှစ်ဆရိတ်သိမ်းခြင်း အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ - အုတ်မြစ်ကျောက် ၅၀၀,၀၀၀။”
“ဟာကွာ...ငါမဝယ်နိုင်လိုက်ဘူး။ မင်းတို့ ဒီပစ္စည်းတွေအများကြီးကို ဘာလို့ဒီလောက်တောင်စုဆောင်းနေရတာလဲကွာ။”
“ဟုတ်တယ်...မြန်မြန်ထုတ်ယူလာပြီး ဖြန့်ချီလိုက်တော့။”
“ထုတ်လိုက်တာက အဆင်ပြေတယ်။ ဒါပေမယ့် တစ်လုံးကို အုတ်မြစ်ကျောက် ၁၀ ခုပဲ။”
“ဒီခွေးသူတောင်းစား...ငါ သူဌေးကြီးဆီကပဲ စောင့်ဝယ်တော့မယ်။”
ရှောင်းယီသည် နိုင်ငံခြားရပ်ခြားရှိ လူပေါင်းများစွာသည်လည်း သူ့လက်ထဲရှိ ဤကျည်ဆံအမျိုးအစားကို သိရှိသင့်သည်ဟု ထင်မြင်မိလိုက်ကာ စဉ်းစားဆင်ခြင်ပြီးနောက် အဆိပ်ငွေ့ဗုံး ၄၀၀,၀၀၀ ကို ဈေးကွက်တွင် တင်လိုက်သည်။ ဈေးနှုန်းမှာ အုတ်မြစ်ကျောက် ၁၀ ခုဖြစ်သည်။
ရောင်းဈေးနှုန်းမှာ အတော်အသင့်မြင့်မားသောကြောင့် ရှေားင်ယီသည် အများကြီးမစဉ်းစားတော့ဘဲ အဆင့်မြင့်အစားအစာများ တင်ရန်သာ ပြင်ဆင်လိုက်သည်။
ယခုအခါ ပင်လယ်ငါးနှင့် ရေချိုငါးများကို အခြေခံအားဖြင့် ခွဲခြားထားပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် ငါးများကို အလုံးအရင်းဖြင့် ရောင်းချရန် ပြင်ဆင်ထားခြင်းခဲ့ခြင်းမရှိပေ။
Cအဆင့် ပင်လယ်ငါး ၅၀၀ဂရမ်ကို အုတ်မြစ်ကျောက်တစ်ခုနှုန်းဖြင့် ရောင်းချလိုက်သည်။ ဤဈေးနှုန်းသည် အပန်းဖြေစခန်းတွင်ထက်ပင် ချိုသေးသည်။ ဟုတ်ပါသည်။ ဤအလေးချိန်တွင် ‘မပြင်ဆင်ရသေးသော’ဟူသည့် မစားသုံးနိုင်သည့် အစိတ်အပိုင်းများ ပါဝင်ပေသည်။
B အဆင့် ၂၀၀ဂရမ်ကို အုတ်မြစ်ကျောက်တစ်ခုနှုန်း၊ A အဆင့် ၁၀၀ဂရမ်ကို အုတ်မြစ်ကျောက်တစ်ခုနှုန်းနှင့် S အဆင့် ၅၀ဂရမ်ကို အုတ်မြစ်ကျောက်တစ်ခုနှုန်းဖြင့် ရောင်းခိလိုက်လေသည်
ဤတစ်ကြိမ်တွင် ဈေးနှုန်းသည် ယခင်နှစ်ဆအခြေအနေရရှိစဥ်က ဈေးနှုန်းထက် တစ်ဝက်ခန့် ချိုသာသွားခဲ့သည်။
“သူဌေးကြီးက ငါတို့ကို အရမ်းကြင်နာလွန်းနေတာပဲ။ အခု ငါ့တို့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အပိုရှိလာတဲ့အချိန်မှည ရောင်းဈေးကလည်း ပိုချိုသွားပြီ။”
“ဒီလိုတော့ပြောလို့မရဘူး။ကျုပ်တို့လက်ထဲမှာ အုတ်မြစ်ကျောက်အပိုတွေရှိလာတယ်ဆိုပေမယ့် အဆင့်မြင့်အစားအစာကို ကိုယ်တိုင်ရနိုင်တဲ့ အခွင့်အလမ်းလည်းရှိနေတာပဲလေ။ ဈေးကျသွားတာက ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ကို အဆင့်မြင့်အစားအစာတွေ နေ့တိုင်းစားခွင့်ပေးတဲ့အတွက်။”
“ဒါကိုဆွေးနွေးနေမယ့်အစား အဆင့်မြင့်အစားအစာတွေ နည်းနည်းလောက် သွားရှာကြည့်ကြစမ်းပါ။”
“အေး...ဒါပေမယ့် အခုဈေးကွက်ပေါ်မှာ ငါးပဲရှိတာ။ ငါက ငါးစားရတာ သိပ်မကြိုက်ဘူး။ မွန်းလွဲပိုင်းမှ တင်မယ့် အသားတွေကို စောင့်လိုက်ဦးမယ်။”
“ကျုပ်ရောပဲ။”
ဂရုထဲက လူများ အားလုံးနီးပါး ဝယ်ယူပြီးဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီသည် ကျန်ရှိသည့် ငါးများအားလုံးကို ဈေးကွက်သို့ တင်လိုက်တော့သည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ လူဦးရေ ၇၀၀,၀၀၀ ကျော်အတွက် ရှောင်းယီထုတ်ယူလိုက်သည့် အဆင့်မြင့်အသားများသည် လုံလောက်မှုမရှိသေးဘဲ မိနစ်ငါးဆယ်အတွင်း အားလုံးရောင်းကုန်သွားခဲ့သည်။
“လဲလှယ်မှု အောင်မြင်ပါသည်... နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၃၀,၁၀၀,၀၀၀။”
ထိုအချိန်တွင် နိုင်ငံခြားရှိ အချို့သော အသက်ရှင်ကျန်ရစ်များသည်လည်း ဒေသခံများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ ရှောင်းယီ၏ သုံးချက်ပစ်လောက်လွှဲများကို ဝယ်ယူခဲ့ကြသော မဟာမိတ်အဖွဲ့များသည် မြို့ပြန်ကျောက်၏ အကျိုးသက်ရောက်မှုနှင့်အတူ ဒေသခံများ၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံနိုင်ခဲ့ကြလေသည်။
အဆိပ်ငွေ့ဗုံးများ ဝယ်ယူခဲ့သော အချို့မဟာမိတ်အဖွဲ့များသည်လည်း တိုက်ခိုက်လာသော ဒေသခံများကို ဖမ်းဆီးရမိခဲ့သည်။
မူလက ဈေးကွက်တွင် ဟက်ဟက်ပက်ပက်မရှိသော အဆိပ်ငွေ့ဗုံးများသည် ချက်ချင်းပင်လျှင် အရောင်းရဆုံးပစ္စည်းများဖြစ်လာကြပြီး ဆယ်စက္ကန့်အတွင်း လုယက်သိမ်းပိုက်ခြင်း ခံလိုက်ကြရလေသည်။
ဒေသခံများစွာ ဖမ်းမိလာသည်နှင့်အတူ မာတင်၏ ယခင်က ကြေညာချက်များကြောင့် လူပေါင်းများစွာသည် အများသုံးချန်နယ်ပေါ်တွင် ယီရန်ပင်းအား @ ခေါ်ကာ ဘာသာပြန်ဝန်ဆောင်မှု ရရှိလိုကြောင်း ဆက်သွယ်လာခဲ့ကြသည်။
ယီထျန်း ဂရုထဲတွင်လည်း ဘာသာပြန်ဝန်ဆောင်မှုအတွက် လျှောက်ထားသူအချို့ ရှိလာခဲ့သည်။
ဘာသာပြန်လိုအပ်ချက်များစွာကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ့ဘေးတွင် ချထားသော ရတနာဘဏ္ဍာသေတ္တာ ၃၁ လုံးကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် အကြွင်းမဲ့သော့ကို ဈေးကွက်ပေါ်မှ ဖယ်ရှားလိုက်လေသည်။
သူ၏မဟာမိတ်အဖွဲ့အတွင်းတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ၃၂ ခုရှိပြီး ယင်းတို့အနက် နှစ်ခုသည် ပင်လယ်ဓားပြများနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သဖြင့် နောက်ထပ် ၃၀ ရှိဦးမည်ဖြစ်သည်။
ကျန်တစ်ခုမှာ မာတင်က သူ့အား ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
သူသည် ထိုသေတ္တာများအားလုံးကို ချက်ချင်းဖွင့်လိုက်တော့လေသည်။
“ရရှိသော အရင်းအမြစ်များ- မြို့ပြန်ကျောက် ၃၁၊ အုတ်မြစ်ကျောက်...”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- မြို့ပြန်ကျောက် ၆၂၊ ...”
အုတ်မြစ်ကျောက်များနှင့် ထုတ်လုပ်မှုပုံစံများအတွက်မူ ရှောင်းယီသည် ၎င်းတို့ကို ဂရုမစိုက်တော့ဘဲ တေါ်ကီတော်ကီမှတစ်ဆင့် ဆုဝမ်အား ချက်ချင်းပင် အမိန့်ပေးလိုက်တော့လေသည်။
“ဒီမှာ မြို့ပြန်ကျောက်တွေလာယူလိုက်ပါ။ ခဏနေရင် ရောင်းဝယ်မှုအစဉ်လိုက် ထိပ်ဆုံးက ဖောက်သည်ဆယ်ဦးကို ရွေးပြီး ဘာသာပြန်ဝန်ထမ်းတွေ ပို့ဆောင်ပေးလိုက်ဦး။”
အခန်း ၅၃၄ - အဝတ်အစားများ ရောင်းချခြင်း၊ နေ့လယ်စာစားချိန်
“ဟုတ်ကဲ့...။”
ဆုဝမ်က ချက်ချင်းပြန်ဖြေပြီး ရှောင်းယီဘက်သို့ တိုက်ရိုက်သွားကာ မြို့ပြန်ကျောက်များကို ယူရန်အတွက် ပြင်ဆင်သည်။
“မှတ်ထားဦး။ ကျွန်းတိုင်းကို မြို့ပြန်ကျောက်နှစ်ခုနဲ့ ချိတ်ဆက်ရမယ်။ တစ်ခုက ဘာသာပြန်တွေအတွက်၊ တစ်ခုက အရံအနေနဲ့ပဲ။ ငါတို့ရဲ့ ဘာသာပြန်တွေ သင်ကြားပို့ချတဲ့ ဖြစ်စဉ်တစ်ခုလုံးကိုလည်း တိုက်ရိုက်ထုတ်လွှင့်ခိုင်းရမယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
ဤသည်မှာ မနေ့က သူတို့ဆွေးနွေးခဲ့ကြသော ရလဒ်ဖြစ်သည်။
“ဟုတ်ကဲ့....။”
ဆုဝမ်က ခေါင်းညိတ်လိုက်ပြီး မြို့ပြန်ကျောက် နှစ်ဆယ်ကို ယူဆောင်သွားခဲ့သည်။
ထို့နောက် ရှောင်းယီက အုပ်စုထဲတွင် ပြောလိုက်သည်။
“ဘာသာပြန်ဝန်ဆောင်မှုအတွက် အခြားအိုင်ဒီကို ဆက်သွယ်လိုက်ပါ။ သူက ချိတ်ဆက်မယ့်ကိစ္စကို ကိုင်တွယ်လိမ့်မယ်။ ခင်ဗျားတို့ဘက်က ကျုပ်တို့ရဲ့ တောင်းဆိုချက်တွေကို လိုက်နာရမယ်။ မဟုတ်ရင် ဘာသာပြန်ဝန်ဆောင်မှု ပေးမှာမဟုတ်ဘူး။”
“ဟုတ်ကဲ့...ကျုပ်တို့ တောင်းဆိုချက်တွေကို သေချာပေါက် လိုက်နာမှာပါ။”
“အမှန်ပဲ။ ကျုပ်တို့အားလုံး သူဌေးရဲ့အကူအညီနဲ့ ဒီအဆင့်ကို ရောက်လာကြတာပါ။ အဲ့ဒါကြောင့် သူဌေးသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှာမဟုတ်ပါဘူး။”
“ကျုပ်မစောင့်နိုင်တော့ဘူး...မြန်မြန်လုပ်ပါတော့။ ကျုပ်လိုချင်တယ်...ကျုပ်လိုချင်တယ်...ကျုပ်လိုချင်တယ်....။”
“အပေါ်က မင်းအရမ်းဆာနေပြီပဲ။”
ရှောင်းယီသည် ဂရုထဲမှ အဖွဲ့ဝင်ရှစ်ဦးနှင့် အများသုံးချန်နယ်က လူနှစ်ဦးထံမှ ဝန်ဆောင်ခများ ကောက်ခံပြီးနောက် ဆုဝမ်အား ထိုလူဆယ်ယောက်နှင့် ဘာသာပြန်ကိစ္စများအား ချိတ်ဆက်ပေးရန် ပြောလိုက်သည်။
“နောက်တစ်ခုကတော့ အဝတ်အစားတွေကို ရောင်းချမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ အဝတ်အစားအမျိုးအစားတွေက အတော်လေး စုံလင်တယ်။ ဆောင်းဦးရာသီ ချဉ်းကပ်လာနေတာကို ထည့်သွင်းစဉ်းစားပြီးတော့ အချို့က လက်ရှည်တွေပါ။ ခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်လိုက်ကြပါ။”
ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။
ထို့နောက် သူသည် ဂရုထဲတွင် ကော်တွန်နှင့် လျှော်ဖြင့် ရက်လုပ်ထားသော အဝတ်အစား အစုံ ၈၀၀,၀၀၀ ကို စာရင်းပြုစုပြီး ဤတစ်ကြိမ်တွင် ဝတိစုံတစ်စုံလျှင် အုတ်မြစ်ကျောက် ၅ ခုနှုန်းဖြင့် သတ်မှတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အခြားကျွန်းများတွင် ကော်တွန်နှင့် လျှော်များရှိသော်လည်း ချည်မျှင်ရက်လုပ်ခြင်း၊ ဆေးဆိုးခြင်း၊ ယက်ကန်းရက်ခြင်း သို့မဟုတ် အဝတ်အစားပြုလုပ်ခြင်းဆိုင်ရာ ပညာရှင်များ မရှိကြပေ။
တစ်နည်းဆိုရသော် ဤပစ္စည်းသည် အတိုင်းအတာတစ်ခုအထိ လက်ဝါးကြီးအုပ်ထားနိုင်သော အခြေအနေတွင် ရှိနေဆဲပင်။
ထို့အပြင် ရှောင်းယီတွင် စူပါပေါင်းစပ်ခြင်းစက်ရှိသည်။ ယင်းသည် ထိုချည်ငင်စက်များနှင့် ယက်ကန်းစက်များကို လက်ဖြင့်အသုံးပြုရသော ချည်ငင်စက်များ၏ အမြင့်ဆုံးအဆင့်ဖြစ်သည့် Aအဆင့်သို့ ပေါင်းစပ်ပေးခဲ့ပြီး ချည်မျှင်ရက်ရက်ခြင်းနှင့် ယက်ကန်းရက်ခြင်း၏ ထိရောက်မှုကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။
ထို့အပြင် လီယန်က အဝတ်အစားစက်ရုံ၏ အရွယ်အစားကို သုံးဆချဲ့ထွင်ခဲ့သဖြင့် လက်ရှိထုတ်လုပ်မှုစွမ်းအားသည် အလုံအလောက်ရှိနေဆဲပင်။
ဂရုထဲရှိ လူအများစုသည် ယခင်နှစ်ဆဆုကြေးပွဲတော်ကြီးတွင် အဝတ်အစားများ ဝယ်ယူခဲ့ပြီးဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် လူအချို့သာ ဝယ်ယူရန် ရွေးချယ်ခဲ့ကြသည်။
“လဲလှယ်မှု အောင်မြင်ပါသည်... နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၄၀၀,၀၀၀။”
ဤနံပါတ်ကို ကြည့်ပြီးနောက် ရှောင်းယီသည် အနည်းငယ်တွက်ချက်ကြည့်လိုက်ရာ အဝတ်အစားအစုံ ၄၀,၀၀၀ သာ ရောင်းချခဲ့ရကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ကြောင့် ရှောင်းယီသည် ကျန်ရှိသော အဝတ်အစားအားလုံးကို ဈေးကွက်သို့သာ တင်လိုက်ပြီး တစ်စုံလျှင် အုတ်မြစ်ကျောက် ၁၀ ခုနှုန်းဖြင့် သတ်မှတ်လိုက်လေသည်။
ယခင်နှစ်ဆဆုကြေးပွဲတော်အတွင်း သူသည် အဝတ်အစား ၂၀,၀၀၀ စုံသာ ထုတ်ယူခဲ့ပြီး ဂရုက အခြေခံအားဖြင့် ခွဲဝေခဲ့ကြသောကြောင့် ပင်လယ်ရပ်ခြားဈေးကွက်သည်မူ လစ်လပ်နေဆဲဖြစ်သည်။
ထိုပင်လယ်ရပ်ခြားရှိ အသက်ရှင်ကျန်ရစ်သူများသည် ထိုအရောင်အသွေး စုံလင်သည်ဘအဝတ်အစားများကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် ရူးသွပ်သွားကြတော့လေသည်။
တစ်စုံတစ်ဦးသည် တစ်ကြိမ်တည်းဖြင့် လေးစုံအထိ ဝယ်ယူခဲ့သည်။
ဆယ်မိနစ်ခန့်အကြာတွင် ထိုအဝတ်အစားများအားလုံး ဝယ်ယူသိမ်းပိုက်ခြင်း ခံခဲ့ကြရသည်။
“လဲလှယ်မှု အောင်မြင်ပါသည်... နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၁၅.၂ သန်း။”
“ကောင်းပြီ...မနက်ပိုင်းအတွက် ရောင်းဝယ်ရေး ပြီးဆုံးပါပြီ။ လူတိုင်းပဲ အနားယူလိုက်ကြပါဦး။ မွန်းလွဲ နှစ်နာရီမှာ ပြန်စပါမယ်။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“သုံးနာရီလုံးလုံး တင်းကျပ်နေတဲ့ ငါ့ရဲဘအာရုံကြောတွေ နောက်ဆုံးတော့ ပြေလျော့သွားပြီပဲ။”
“ဟုတ်တယ်...မြန်မြန်သွားပြီး ရိန်သိမ်းရရှိမှုတွေကို စစ်ဆေးကြည့်လိုက်ပါဦး။ နေ့လယ်စာအတွက် ဖက်ထုပ်တွေ စားလို့ရတယ်။”
“ငါလည်း အနားယူလိုက်ဦးမယ်။ တောက်...ဒီလောက်ပင်ပန်းမယ်မှန်းသာ ကြိုသိခဲ့ရင် ငါ့သူငယ်ချင်းတွေကို အပန်းဖြေစခန်းကို မသွားခိုင်းပါဘူးကွာ...။”
“ဟုတ်တယ်...ဒီနေ့လို အရေးကြီးတဲ့အချိန်မျိုးမှာတောင် ဒီကောင်လေးက တကယ်ပဲ အပန်းဖြေစခန်းကို သွားနေခဲ့တာပဲ။”
“ဒါပေမယ့်ဘာသာပြန်တာက တကယ်ကောင်းတယ်။ နွေရာသီပြည်ထောင်ရဲ့ဘာသာစကားနဲ့ ဒေသခံဘာသာစကားကို အတားအဆီးမရှိ ပြောင်းလဲသုံးစွဲလို့ရတယ်။”
“ဒါက ဘာမှမဟုတ်သေးဘူး။ သူဌေးက နိုင်ငံခြားကလယတွေနဲ့ အလုပ်စလုပ်နေတာ မင်းမတွေ့ဘူးလား။ သူဌေးကြီးရဲ့ကျွန်းက ဒေသခံတွေဟာ ရှားဘာသာစကားတင်မကဘူး နိုင်ငံခြားဘာသာစကားအချို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြတယ်ပုံပဲ။”
“သူဌေးကြီးက ပါရမီရှင်တွေ အများကြီးကို ဘယ်လိုပိုးထောင်ခဲ့တာလဲဆိုတာ ကျုပ်တကယ်မသိတော့ဘူး။”
“ဒေသခံတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့ ပထမဆုံးလူက ဘယ်သူလဲဆိုတာ ငါလည်းသိချင်နေတယ်။”
“ဟားဟား...လူတိုင်းကြည့်လိုက်ကြပါဦး၊ ကျုပ်ဘာဖွင့်လိုက်တာလဲလို့။ [ရတနာသေတ္တာသော့] ၁။”
“ငါ့ချီး...မင်းက တော်တော်ကံကောင်းတဲ့ကောင်ပါလားကွ။”
“ဟုတ်တယ်...ကျုပ်ဆိုရင် ဒီနေ့ ပစ္စည်း ၁၈ လုံးဖွင့်ပြီးတာတောင် သော့ကဘယ်လိုပုံစံလဲဆိုတာ မမြင်ဖူးသေးဘူး။”
“သော့တွေလည်း စပေါ်လာပြီလားလို့ထင်တယ်။ ဒါဆို အကြွင်းမဲ့သော့တွေကို ဆက်လိုအပ်သေးလား။”
“ဒါကတော့ မင်းအပေါ်မှာပဲ မူတည်တယ်လေ။ ဘာလို့ သူများကို လာမေးနေတာလဲ။”
“သုံးလိုက်ပါ။ ကျုပ်တို့မဟာမိတ်အဖွဲ့က နောက်ထပ်ကျွန်းအထိမ်းအမှတ်တိုင်တစ်ခုကို ဒေသခံတွေ ဖျက်ဆီးလိုက်ပြီ။”
“မင်းတို့က နေ့ခင်းဘက်မှာတောက် မခုခံနိုင်ခဲ့ဘူးလား။”
“ဒေသခံတွေရဲ့လှေပေါ်မှာ ထီးလိုမျိုး ကိရိယာတွေရှိတယ်။ ကျုပ်တို့ရဲ့ အဆိပ်ငွေ့ဗုံးတွေနဲ့ မီးဘောလုံးတွေက သူတို့ကို မထိဘူး။ လူဦးရေများတဲ့ကျွန်းက အကြမ်းဖျင်းတွန်းလှန်နိုင်ခဲ့ပြီး ကျန်တဲ့ကျွန်းတွေက လူဦးရေနည်းတော့ အပြီးသတ်ခံလိုက်ရတယ်။”
“ဒီဒေသခွတွေ အရမ်းကိုမှ မြန်မြန်ဆန်ဆန်နဲ့ ဆင့်ကဲပြောင်းလဲနေကြတယ်။ ကောင်းပြီ...နှမြောမနေပါနဲ့တော့။ အသက်က ပိုပြီးအရေးကြီးတယ်။ အကြွင်းမဲ့သော့ကို သုံးလိုက်ပါ။”
တစ်ကမ္ဘာလုံးတွင် အလားတူအခြေအနေများ ဖြစ်ပွားခဲ့သောကြောင့် အကြွင်းမဲ့သော့သည် ပို၍ပင် လူကြိုက်များလာခဲ့လေသည်။
ပိုင်ချီနှင့် အခြားသူများသည် အပန်းဖြေစခန်းသို့ အနားယူရန် ပြန်လည်ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပဏ္ဍိတငယ်လေးနှင့် အဖွဲ့သားများသည် သစ်တောထဲမှ အစားအစာများကို ယူဆောင်လာခဲ့ပြီးမှသာ ခွဲခြားသိမ်းဆည်းသည့် အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
“မင်းတို့မြင်လိုက်ကြလား။”
စွန်းကုထောင်၏ အသံထဲတွင် အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ပိုင်ချီနှင့် အခြားသူများလည် ခေါင်းညိတ်ပြလိုက်ကြလေသည်။
“ဒါက ကျွန်းပိုင်ရှင်ရဲ့ စွမ်းရည်လို့ မင်းတို့ထင်ကြသလား။”
စွန်းကုထောင်ကက သူ၏အသံကိုနှိမ့်ချကာ မေးလိုက်သည်။
လူတိုင်း ထပ်မံ၍ ခေါင်းခါလိုက်ကြသည်။
“ကောင်းပြီ...လူတိုင်းပဲ ခန့်မှန်းမနေတော့နဲ့။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒါက ကျုပ်တို့အတွက် ကောင်းတဲ့အရာပဲ။ ဘယ်သူဂရုစိုက်မှာလဲ။ ကျုပ်ပြောချင်တာကတော့ ကျွန်းပိုင်ရှင် အရမ်းမိုက်တယ်။”
ချူရှန်းက ဖြေလိုက်သည်။
“ဟုတ်တယ်...ဦးလေးအန်ကလည်း ကိုယ်တိုင်ရှာဖွေဖို့ပြောထားတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းပြောလို့တော့ မရဘူး...ကျုပ်တို့ သိထားဖို့ပဲလိုတယ်။”
ဖန်မင်လုံက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီလိုမျိုး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာတာ မဆန်းတော့ဘူး။ ဒီလိုမျိုးကစားနေမှတော့ ကျွန်းပိုင်ရှင်ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့်သူ ဘယ်သူမှမရှိတော့ဘူး။”
စွန်းကုထောင်က ပြောလိုက်သည်။
လူတိုင်း သဘောတူလိုက်ကြလေသည်။
“မြန်မြန်စားကြ...မွန်းလွဲပိုင်းကျရင် ခွဲခြားသိမ်းဆည်းဖို့ အသားတွေရှိသေးတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
ဝေပေါ်က ဆော်ဩလိုက်သည်။
ထိုအချိန်တွင် စွန်းယောင်သည် ရှောင်းယီရှေ့သို့ ဝမ်းနည်းနေသည့်မျက်နှာအမူအရာဖြင့် ရောက်ရှိလာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် အရမ်းအရေးတကြီးဖြစ်နေတယ်။ ကျုပ်ကျွန်းမှာ ပြီးပြည့်စုံတဲ့ဆေးတွေ အများကြီးမရှိဘူး။ အခုမှလုပ်ဖို့ဆိုရင်လည်း သိပ်နောက်ကျသွားပြီ။”
“ပြဿနာမရှိပါဘူး။ မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့။ ခဏနေရင် စွန်းကုထောင်တို့ရဲ့အလုပ်မှာ ဝိုင်းကူညီပေးလို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
“အနာဂတ်မှာ သက်ရှည်ဆေးတွေ ပိုလုပ်ပြီး စုဆောင်းထားလို့ရတယ်။ ငါတို့ ပရိုမိုးရှင်းပွဲတွေ မကြာခဏ လုပ်ဖြစ်လိမ့်မယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“နားလည်ပါပြီ။”
စွန်းယောင်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် စွန်းယောင်သည် စိတ်မပါလက်မပါဖြင့် အပန်းဖြေစခန်းရှိ ဘားသို့ ပြန်သွားခဲ့လေသည်။
“ဟေ့ကောင်း ဘာဖြစ်လို့လဲ။ မင်းမှာ ဆေးတွေအရမ်းများနေလို့ ကျွန်းပိုင်ရှင်က ပယ်ချလိုက်တာလား။”
စွန်းကုထောင်က ပြုံးကာ မေးလိုက်သည်။
စွန်းယောင်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းပြီး ပြန်ဖြေလိုက်၏။
“ဆေးတွေ အရမ်းများလွန်းနေလို့မဟုတ်ဘူး။ အခု ပြီးပြည့်စုံတဲ့ဆေးတွေ မရှိသေးလို့ပဲ။ ငါ့ကျွန်းရဲ့ဧရိယာချဲ့ဖို့ အခွင့်အရေးတစ်ခု လွတ်သွားသလို ခံစားနေရတယ်။”
သိထားရမည်မှာ ယခင်ပရိုမိုးရှင်းပွဲအတွင်း စွန်းယောင်သည် ရှောင်းယီထံသို့ ဆေးဝါးအချို့ပေးအပ်ခဲ့ပြီး ယင်းကြောင့်ပင် စွန်းယောင်သည် အုတ်မြစ်ကျောက်တစ်ထောင် ဆုချီးမြှင့်ခံခဲ့ရသည်။
“အခုအချိန်မှာ ကျွန်းပိုင်ရှင်က ကျုပ်တို့ရဲ့ မဟာမိတ်ကျွန်းခွဲရှစ်ခုကို ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေချင်တာ အရမ်းထင်ရှားနေပြီ။ မင်းက ပြီးပြည့်စုံတဲ့ဆေးတွေ ထုတ်ပေးရင်တောင် ကျုပ်တို့လိုပဲ ချဲ့ပေးလိမ့်မယ်လို့ခန့်မှန်းရတယ်။ ဘာကွာခြားချက်မှ မရှိဘူး။ နောက်ပိုင်းမှာ ပြီးပြည့်စုံတဲ့ဆေးတချို့ကို အရံသိမ်းထားလိုက်ပေါ့။”
ဖန်မင်လုံက နှစ်သိမ့်ပေးလိုက်သည်။
ဖန်မင်လုံ၏စကားကို ကြားလိုက်ရသောအခါ စွန်းယောင်သည် တဒင်္ဂအံ့အားသင့်သွားခဲ့ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်လေ။ အနာဂတ်မှာ ပိုပြီးပြင်ဆင်ထားရမယ်။”
ထို့နောက် လူတိုင်းသည် ရိုးရှင်းသော နေ့လယ်စာတစ်နပ်ကို စတင်စားသောက်လိုက်ကြသည်။ ထိုရိုးရှင်းသည့်နေ့လယ်စာမှာ တစ်ဦးလျှင် Aအဆင့် ငါးကင်တစ်ပိုင်းစီဖြစ်သည်။
“ကျွန်းပိုင်ရှင် အရေးပေါ်အခြေအနေပါ။ ဆန်ဖူဘက်ကိုသွားတဲ့ ဘာသာပြန်ချင်းယွမ်နဲ့ ဆက်သွယ်မှုပြတ်တောက်သွားပါပြီ။”
ဘာသာပြန်များ၏ အခြေအနေကို အထူးစောင့်ကြည့်နေသော ဒေသခံတစ်ဦးသည် အသံကုန်အော်ဟစ်ရင်း ဗီလာထဲသို့ ဝင်ရောက်လာခဲ့လေသည်။