← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 37 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 37 Ch. 535-536

အခန်း ၅၃၅ - မဟာဆန်ဖူးနိုင်ငံတော်ကြီးမှ ချီဝမ်မဟာမိတ်အဖွဲ့ ပျက်စီးခြင်း

“ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“မင်းသူတို့ကိုဆက်သွယ်ပြီး ဘာဖြစ်သွားတာလဲဆိုတာမရှာဖွေခဲ့ဘူးလား။”

“ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ကျုပ်တို့ကို လုံးဝဂရုမစိုက်ဘူးဖြစ်နေတယ်။ ဆန်ဖူးနိုင်ငံသားတွေက ချင်းယွမ်ကို အဲဒီမှာပဲ ဆက်ထားချင်နေကြမှာကို ကျုပ်စိုးရိမ်နေမိပါတယ်။”

ထိုဒေသခံက ပြန်လည်ဖြေကြားလိုက်သည်။

“ဟမ့် ငါတို့ရဲ့ စည်းမျဉ်းတွေကို စိန်ခေါ်ချင်တဲ့သူတွေက အမြဲရှိနေကြပုံပဲ။”

ရှောင်းယီက ပြင်းထန်စွာပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ကျုပ်သွားပါရစေ။”

ကျန်းယွင်ထျန်းက ချက်ချင်းပြောလိုက်သည်။

ရှောင်းယီက ခေါင်းခါလိုက်၏။

“ငါကိုယ်တိုင်သွားမယ်။”

ထိုစဉ် အစီရင်ခံရန် ရောက်ရှိလာသော ဒေသခံက ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင် ဘာသာပြန်ရဲ့ မြို့ပြန်ကျောက်က သူ့ရဲ့တည်နေရာကို မဖျက်ဆီးခဲ့ဘူး။ အဲ့ဒါကြောင့် ဆက်သုံးလို့ရပါသေးတယ်။ ဆိုလိုတာက လူနှစ်ယောက်ကို တည်နေရာကူးပြောင်းပေးလို့ရပါတယ်။”

“ကျုပ် မင်းနဲ့အတူ လိုက်ခဲ့ပါရစေ။”

ကျန်းယွင်ထျန်းက ထပ်ပြောလိုက်သည်။

ခထိုအခါ ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီ အခုချက်ချင်းထွက်ခွာမယ်။”

ထိုအချိန်တွင် ဆန်ဖူးနိုင်ငံသို့ တည်နေရာကူးပြောင်းကာ ရောက်ရှိလာသော ချင်းယွမ်အား တစ်စုံတစ်ဦးက ဆွဲကိုင်လိုက်သည်။

“အလှလေး မင်းလေးအရမ်းလှတာပဲ၊ ဒါကိုတြော အလဟဿ အဖြစ်မခံနိုင်ဘူး။”

“နင်တို့ ဘာလုပ်ချင်လို့လဲ။ ငါတို့ကျွန်းပိုင်ရှင်ရဲ့ အမျက်ဒေါသကို နင်မကြောက်ဘူးလား။”

ချင်းယွမ်က ထိုလူကြီးကို ကြည့်ကာ မကြောက်မရွံ့ ပြန်ဖြေလိုက်သည်။

“မင်းရဲ့ကျွန်းပိုင်ရှင်လား။ ဟားဟား...ငါက သူ့ကိုကြောက်ရမှာလား။”

ထိုလူကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

သူ့ပတ်ဝန်းကျင်ရှိ လူများကလည်း လိုက်၍ရယ်မောလိုက်ကြပြန်သည်။

“ငါတို့မဟာမိတ်အဖွဲ့ခေါင်းဆောင်က B အဆင့် ရုပ်ခန္ဓာရှိတယ်။ ဒီမြို့ပြန်ကျောက်က လူတစ်ယောက်တည်းပဲ ပို့ပေးနိုင်တာ ငါတို့က ကြောက်မယ်လို့ မင်းထင်လား။”

“မှန်တယ်...အဖွဲ့ခေါင်းဆောင်ကလွဲရင် ငါတို့အားလုံး C အဆင့် ရုပ်ခန္ဓာတွေပဲ။ မင်းတို့ဘယ်နှစ်ယောက်ပဲလာလာ ငါတို့အားလုံးကို သတ်ပစ်နိုင်တယ်။”

“အဖွဲ့ခေါင်းဆောင်...ဒီဘာသာပြန်က ဒေသခံဖြစ်ပေမယ့် အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ပြီးရင် ကျုပ်တို့လည်း ဟင်းရည်လေးတစ်ခွက်လောက် သောက်လို့ရမလား။”

ချင်းယွမ်ကို ဖမ်းကိုင်ထားသော လူကြီးက ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ငါချီဝမ်ဂန္ဒီနောက်ကို လိုက်နေရင် သေချာပေါက် အရည်တော့သောက်ရမှာပေါ့။ ဒါပေမယ့် ယီရန်ပင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ငါကြည့်ချင်သေးတယ်။”

“သူပ ဘယ်လိုတုံ့ပြန်နိုင်မှာမို့လို့လဲ။ သူက အသေလာခံရုံပါပဲ။”

လက်အောက်ငယ်သားတစ်ဦးက ရယ်မောရင်း ပြောဆိုလိုက်သည်။

“ဟုတ်လား...ကောင်းပြီ အခု ငါရောက်နေပြီ။ ‘အသေခံဖို့လာတယ်’ ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ငါကြည့်ချင်တယ်။”

ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေး၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုတည်နေရာသည် မြို့ပြန်ကျောက် တပ်ဆင်ထားသော နေရာပင်ဖြစ်သည်။

ရုတ်တရက် ဆန်ဖူးနိုင်ငံဘာသာစကား မဟုတ်သောစကားသံကြားလိုက်ရသောအခါ သူတို့ အနည်းငယ် တင်းမာသွားခဲ့ကြသည်။

သို့သော် ထိုလူသည် အသက်ငယ်ငယ်လူငယ်တစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့ကြသည်။

“မင်းရဲ့ဘာသာစကားအရ ရှားနိုင်ငံသားပဲဖြစ်ရမယ်။”

ချီဝမ်က ရှောင်းယီကိုကြည့်ကာ မေးလိုက်သည်။

ထိုစဉ် ရှောင်းယီ၏နောက်တွင် နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ ကျန်းယွင်ထျန်းပင်။

တယ်လီပသီစွမ်းရည်ကြောင့် ရှောင်းယီသည် ချီဝမ်ပြောသောစကားများကို နားလည်နိုင်ပေသည်။

“ဒါက ဘာအဓိပ္ပါယ်လဲ။”

ရှောင်းယီက သူ့မေးခွန်းကိုပြန်မဖြေဘဲ ချင်းယွမ်ကိုလက်ညိုးထိုးပြကာ မေးလိုက်သည်။

“ဒါက ရိုးရိုးလေးပဲလေ။ ငါ ဒီဘာသာပြန်လေးနဲ့ နည်းနည်းလေးကစားမယ်။ ပြီးသွားရင် ပြန်ပေးမယ်။ မရဘူးလား။”

ချီဝမ်က လှောင်ပြောင်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် မြန်မြန်ထွက်ပြေးတော့ သူတို့အဆင့်တွေက အရမ်းမြင့်တယ်။”

ချင်းယွမ်သည် ရှောင်းယီ၏အဆင့်ကို မသိသော်လည်း ရှောင်းယီနှင့်အတူ လူတစ်ယောက်သာပါလာသည်ကိုမြင်လိုက်ရသောအခါ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ချင်းယွမ်၏စကားကို ကြားလိုက်ရသောအခါ ချီဝမ်သည် သူ့ရှေ့တွင်ရှိနေသောလူမှာ ယီရန်ပင်းဖြစ်ကြောင်း သိလိုက်ရပြီး သူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ဤမနက်၌ ယီရန်ပင်းသည် ပစ္စည်းအများအပြားရောင်းချခဲ့ပြီး အုတ်မြစ်ကျောက်များ အများအပြားရရှိခဲ့ပေသည်။ ယခုအချိန်တွင် ယီရန်ပင်းကိုသာ ဖမ်းမိပါက အုတ်မြစ်ကျောက်အများအပြား ညှစ်ယူလို့ရမည်ဖြစ်သည်။

“မြန်မြန်သွားပြီး သူ့ကိုဖမ်းကြ။”

ချီဝမ်က အော်ဟစ်လိုက်သည်။

ထိုအခါ ဘေးပတ်လည်ရှိ သူ၏လက်အောက်ငယ်သားများသည် ချက်ချင်းပင် ရှေ့သို့ခုန်တက်သွားကြတော့သည်။

ကျန်းယွင်ထျန်းသည်လည်း ချက်ချင်းပင် ရှေ့တက်သွားပြီး ထိုအသက်ရှင်ကျန်ရစ်သူများ၏ နှေးကွေးသောလှုပ်ရှားမှုများကိုကြည့်ကာ ပြောလိုက်သည်။

“လျန်ကျင်းရူက မင်းတို့ကို သတ္တိတွေပေးလိုက်တာလား။ ငါတို့ကျွန်းပိုင်ရှင်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့။”

သူစကားမဆုံးမီမှာပင် သူတို့ကိုဝိုင်းရံထားသော လက်အောက်ငယ်သား ရှစ်ယောက်သည် လေထဲသို့ ပျံသန်းသွားကာ သစ်သားအိမ်နံရံများကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။

ချီဝမ်သည် သူ၏ပြိုင်ဘက်က သူ့လက်အောက်ငယ်သားများအား အလွယ်တကူအနိုင်ယူနိုင်သည်ကိုမြင်လိုက်ရသောအခါ သူ၏နှလုံးသား တစ်ခုလုံး အနည်းငယ်နိမ့်ဆင်းသွားပြီး အော်ဟစ်လိုက်လေသည်။

“မင်းလည်း B အဆင့် ရုပ်ခန္ဓာပဲဖြစ်ရမယ်။ မင်းမှာဘာရှိလဲဆိုတာ ငါကြည့်မယ်ကွ။”

ချီဝမ်သည် သူ၏စကားမဆုံးမီတွင် သူ့ကို တစ်ခုခု ထိလိုက်သလိုခံစားလိုက်ရပြီး လေထဲသို့ ပျံတက်သွားတော့လေသည်။

ဘမ်း

မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီးနောက် ချီဝမ်သည် သွေးအမြောက်အမြား အန်ထုတ်လိုက်ရကာ ကျန်းယွင်ထျန်ူကို ထိတ်လန့်တကြားကြည့်ရင်း ပြောလိုက်သည်။

“မင်း... မင်း... မင်းက Aအဆင့်ပဲ။”

“ကျွန်းပိုင်ရှင် သူဘာတွေပြောနေတာလဲ။”

ကျန်းယွင်ထျန်းသည် ဆန်ဖူးနိုင်ငံ၏ဘာသာစကားကို နားမလည်သောကြောင့် ရှောင်းယီကိုလှည့်ကြည့်ကာ မေးလိုက်သည်။

“သူက မင်းက Aအဆင့်ဆိုတာကို သိပ်မယုံဘူးလို့ပြောနေတာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအခါ ကျန်းယွင်ထျန်းက သူ၏နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို တွန့်ကွေးပြီး ပြောလိုက်သည်။

“မင်းနာမည်က ချင်းယွမ်ပဲ ဟုတ်တယ်မဟုတ်လား။ ဒါကို ဘာသာပြန်ပေးလိုက်။ ငါ့ရဲ့ရုပ်ခန္ဓာက S အဆင့်ရောက်နေပြီ။ ကျွန်းပိုင်ရှင်က ငါ့ထက်အများကြီးသာတယ်။”

ချင်းယွမ်က ချက်ချင်းပဲးင် ကျန်းယွင်ထျန်း၏စကားကို ဘာသာပြန်ပေးလိုက်၏။

ချီဝမ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည် ပြန်ထရန်ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ်သို့ တဖန်ပြန်၍ လဲကျသွားပြီးနောက် တောင်းပန်လိုက်သည်။

“ကျေးဇူးပြုပြီး ကျုပ်ရဲ့အသက်ချမ်းသာပေးပါ။ ကျုပ် ခင်ဗျားရဲ့ကျွန်းကို နောက်တစ်ခါ လုံးဝမတက်မက်ရဲတော့ပါဘူး။”

ကျန်းယွင်ချန်း၏ စိတ်ရှုပ်ထွေးနေသည့်ပုံရကို မြင်လိုက်ရသောအခါ ချင်းယွမ်က သူ၏အသနားခံမှုကို ဘာသာပြန်ပေးလိုက်လေသည်။

ကျန်းယွင်ထျန်းက မေးခွန်းထုတ်လိုသည့်ပုံစံဖြင့် ရှောင်းယီကို လှည့်ကြည့်လိုက်သည်။

“ဘာလို့ငါ့ကိုလာကြည့်နေတာလဲ။ အကုန်လုံးသတ်ပစ်လိုက်။”

ရှောင်းယီက အေးစက်စွာပြောလိုက်သည်။

“ငါဆိုလိုတာက ဒီမဟာမိတ်အဖွဲ့ထဲက လူတိုင်းကို သတ်ပစ်ရမယ်။ ငါအခါ မင်းအတွက် အပျော်စီးရွက်သင်္ဘောတောင်းပေးမယ်။ မင်းအတွက် နာရီဝက်အချိန်ရမယ်။ ပြဿနာရှိလား။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင် ပြဿနာမရှိပါဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဗီဒီယိုဖိုင်ချန်ထားခဲ့။ ဘယ်သူ့ကိုမှ ငါတို့ကိုမတက်မက်ဖို့ လူတိုင်းကို သိစေချင်တယ်။ ဒီလိုမှမဟုတ်ရင် သူတို့လက်မခံနိုင်တဲ့အကျိုးဆက်တွေကို ရရှိလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ပြောလိုက်ပြီး သူ၏ဖုန်းကိုထုတ်ယူကာ ချင်းယွမ်ထံသို့ ပေးလိုက်သည်။

“လာခဲ့ ငါ့နောက်လိုက်ပြီး ဗီဒီယိုရိုက်ရမယ်။”

“အာ... ဟုတ်ကဲ့။”

ချင်းယွမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကိုဆွဲထုတ်ပြီး တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာဖြင့် သပ်သပ်ရပ်ရပ် လှဲချလိုက်လေသည်။ ထိုလူများသည် အသနားခံ၍မဆုံးမီမှာပင် တိုက်ရိုက်ပို့ဆောင်ခြင်းခံခဲ့ရသည်။

ချီဝမ် သေဆုံးသွားခဲ့သည်။ ရှောင်းယီသည် ထိုလူ၏ကျွန်းအထိန်းအမှတ်ကျောင်တိုင်ကို ထိတွေ့ပြီး သိမ်းပိုက်ရန်ရွေးချယ်ကာ အပျော်စီးရွက်သင်္ဘောကို လွှဲပေးခိုင်းပြီး ကျန်းယွင်ထျန်းထံသို့ ပေးအပ်လိုက်လေသည်။

ကျန်းယွင်ထျန်းသည် ချင်းယွမ်ကိုခေါ်ဆောင်ကာ လှေပေါ်သို့တက်ပြီး ထွက်ခွာသွားခဲ့သည်။

ရှောင်းယီသည် အပျော်စီးရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ မြေပုံလမ်းကြောင်းကို မျှဝေပေးခဲ့ပြီးဖြစ်သည်။

အချိန်အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်ကတိုင်မရှိသော ရွက်သင်္ဘောကြီးကိုးစီးကို လွှဲယူလိုက်သည်။ သူ၏မဟာမိတ်အဖွဲ့တွင် နံပါတ်များနည်းပါးပြီး ယာယီအားဖြင့် သုံးခုထပ်မံရရှိလာခဲ့သည်။

မိနစ် ၂၅ ကြာပြီးနောက် ကျန်းယွင်ထျန်းသည် သွေးများစွာစွန်းထင်းလျက် ပြန်ရောက်လာခဲ့ပြီး ချင်းယွမ်၏မျက်နှာမှာမူ ဖြူဖတ်ဖြူရော်ဖြစ်နေခဲ့လေသည်။

ကျွန်းပေါ်တွင် ကြင်နာသနားတတ်သည့်ဆရာကြီးများသည် ဤကဲ့သို့ အလွန်းအမင်း ရက်စက်တတ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကျန်းယွင်ထျန်း၏ရှေ့မှောက်တွင် ထိုလူများသည် သတ်ခံရရန်စောင့်ဆိုင်းနေကြရသည့် ကြက်ဘဲများလိုပင်။လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ကြပေ။

“ပြီးသွားပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်ကဲ့...။ သူတို့ရဲ့ဖိနှိပ်ခြင်းကို ခံထားရတဲ့ လူတချို့တော့ကျန်သေးပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီက သူ့ကိုကြည့်ပြီး သဘောတူသည်၊မတူသည် ဘာမှမပြောဘဲ သူ၏စကားကိုသာ ဆက်ပြောလိုက်သည်။

“မဟာမိတ်အဖွဲ့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံးကို အပြင်က သင်္ဘောကြီးကိုးစီးဆီ ရွှေ့တင်ပြီး အုတ်မြစ်ကျောက်တွေကို သိမ်းပိုက်လိုက်။ အဲ့ဒီလူတွေအားလုံးကိုတော့ သင်္ဘောတွေပေါ်တင်လိုက်ပါ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

အခြေအနေများ အနည်းငယ်ရှုပ်ထွေးသွားပြီးနောက် ချီဝမ်၏မဟာမိတ်အဖွဲ့သည်လည်း ပျောက်ကွယ်သွားခဲ့တော့လေသည်။

“ရရှိသော ထောက်ပံ့ရေးပစ္စည်းများ- ..., နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ထောက်ပံ့ရေးပစ္စည်းများ- အုတ်မြစ်ကျောက် ၃၆၂၆၊ မြို့ပြန်ကျောက် ၃၀၊ ...”

ထိုချီဝမ်၏မဟာမိတ်အဖွဲ့တွင် မြို့ပြန်ကျောက် ၁၅ ခုပင် ရှိနေခဲ့ပြီး ထိုပမာဏမှာ အတော်လေးများပေသည်။ ဟုတ်ပါသည်။ အခြေခံထောက်ပံ့ရေးပစ္စည်းအချို့လည်း ရရှိခဲ့ပြီး ရှောင်းယီက ပြန်လည်လဲလှယ်ပေးခဲ့သည်။

လဲလှယ်မှုပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် ဦးတည်ချက်ကျောက်တုံးကိုသုံးပြီး သင်္ဘောကြီးကိုးစီးကို ပြန်ခေါ်လာခဲ့သည်။

“လုယက်တာက တကယ်ကို ချမ်းသာဖို့လွယ်ကူတဲ့နည်းပဲ။”

ရှောင်းယီ သက်ပြင်းချလိုက်မိသည်။

သူ၏ကျွန်းသို့ ပြန်ရောက်လာသောအခါအခါ ရှောင်းယီသည် သူခေါ်လာသည့်လူများကို အန်ယွဲ့လက်ခယထဲသို့ အပ်နှံလိုက်ပြီး သူကိုယ်တိုင်မှာမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ပြန်သွားကာ ချင်းယွမ်ရိုက်ကူးထားသော ဗီဒီယိုကို အနည်းငယ်ပြုပြင်ပြီး တင်လိုက်လေသည်။

ထိုနောက်တွင် မက်ဆေ့ဂျ်တစ်ခုချန်ထားခဲ့သည်။

“ဆန်ဖူးနိုင်ငံရဲ့ ချီဝမ်မဟာမိတ်အဖွဲ့က ကျုပ်တို့ရဲ့ဘာသာပြန်ကို ဖမ်းဆီးပြီး စော်ကားဖို့ ကြိုးစားခဲ့တယ်။ ချီဝမ်မဟာမိတ်အဖွဲ့ဝင်အားလုံးကို အခြားသူတွေကို သတိပေးပေးဖို့အတွက် ကျုပ်တို့ ကွပ်မျက်လိုက်ပြီ။”

အခန်း ၅၃၆ - ချီဝမ်မဟာမိတ်အဖွဲ့ ပျက်စီးသွားမှုအပေါ် ပါတီအသီးသီး၏ တုံ့ပြန်မှုများ

သူသည် ထိုဗီဒီယိုနှင့် သတင်းအချက်အလက်ကို ယီထျန်းအုပ်စုနှင့် အများသုံး းချန်နယ်တွင် တစ်ချိန်တည်း တင်ခဲ့ခြင်းပင်။

လူတိုင်း ထိုဗီဒီယိုကို နှိပ်ကြည့်ခဲ့ကြသည်။ သူတို့အားလုံးသည် ဗီဒီယိုထဲတွင် ကျန်းယွင်ထျန်း၏ ပုံရိပ်ကို တွေ့ခဲ့ကြရသည်။ ပြိုင်ဘက်များက မည်သို့ပင် ခုခံကြစေကာမူ သူသည် တစ်ချက်တည်းနှင့် လက်စသပ်လိုက်စမြဲပင်။

မည်သူတစ်ဦးတစ်ယောက်မျှ သူ၏လှုပ်ရှားမှုတစ်ခုကိုပင် ခံနိုင်ရည်မရှိခဲ့ကြပေ။

ဟုတ်ပါသည်။ ရှောင်းယီသည် ကျန်းယွက်ထျန်း၏မျက်နှာကို လုံးဝမှုန်ဝါးသွားအောင် ဆက်သွယ်ရေးကိရိယာရှိ တည်းဖြတ်ဆော့ဖ်ဝဲကို အသုံးပြုထားခဲ့ပြီးဖြစ်သည်။

“ဒီပုံရိပ်က သူဌေးလား။ အရမ်းကြမ်းတာပဲ။ သူဌေးက အတော်လေး စကားပြောလို့ကောင်းတယ်လို့ အမြဲထင်ထားခဲ့တာ။”

“ဟုတ်တယ်။ အခုလိုကျပြန်တော့ သူဌေးက တကယ်ကိုကြောက်စရာကောင်းတယ်လို့ ခံစားရတယ်။”

“သူဌေးရဲ့စွမ်းရည်က တကယ်ကို အံ့မခန်းပဲ။ သူတစ်ယောက်တည်းနဲ့ မဟာမိတ်အဖွဲ့တစ်ခုလုံးကို ရှင်းပစ်လိုက်တယ်။”,

“ဒီဆန်ဖူးနိုင်ငံက မောက်မောက်မာမာနဲ့ လူတိုင်းကို မထီမဲ့မြင်ပြုတယ်။ သူတို့က သူဌေးကိုတောင် လှည့်စားဖို့ကြိုးစားလိုက်သေးတယ်။ ဒီရလဒ်က သူတို့နဲ့ တကယ်ထိုက်တန်တယ်။”

“အမှန်ပဲ။ မြို့ပြန်ကျောက်က လူတစ်ယောက်တည်းကိုပဲ ပို့ပေးနိုင်တယ်။ ဘာသာပြန်အပါဆိုရင်တောင် နှစ်ယောက်ပဲဖြစ်မယ်လို့ သူတို့ထင်ခဲ့မှာပဲ။ အဲ့ဒါကြောင့် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်မယ်လို့ သူတို့ခံစားခဲ့ရတာ။”

“ဟုတ်တယ်။ အခြေအနေတစ်ခုလုံးကို ပြီးပြည့်စုံစွာထိန်းချုပ်လိုက်ပြီလို့ထင်ပြီးကာမှ အကုန်လုံး ရှင်းထုတ်ခံလိုက်ရတာပဲ။”

“ငါ့ကိုမေးမယ်ဆိုရင်တော့ နိုင်ငံခြားသားတွေကို ဘာသာပြန်ဝန်ဆောင်မှုမပေးသင့်ဘူး။ သူတို့အားလုံးက ကျေးဇူးမသိတတ်တဲ့သူတွေချည်းပဲ။”

“မှန်တယ်။ သူဌေးက တခြားနိုင်ငံကအသက်ရှင်ကျန်ရစ်သူတွေအားလုံးကိုတောင် သတ်ပစ်လိုက်သင့်တယ်။ နောက်ထပ်ဒုက္ခမပေးနိုင်အောင်လို့။”

“ငါတို့ဟွာရှားကို စော်ကားတဲ့သူမှန်သမျှ ဘယ်လောက်ဝေးဝေး အပြစ်ပေးခံရမယ်။”

“အပေါ်ကလူတွေ အဲ့လောက်လည်း ခေါင်းပူခံမနေကြပါနဲ့။ သူတို့ကိုသတ်ဖို့ဆိုတာ လွယ်လွယ်လေးတာပဲ။ သူဌေးရဲ့စွမ်းရည်နဲ့ဆိုရင် ဘာကြိုးစားအားထုတ်မှုမှမရှိဘဲနဲ့တောင် လုပ်နိုင်တယ်။ ဒါပေမယ့် သူတို့ကိုရှာဖို့ကတော့ ခက်ခဲတယ်။ ပြီးတော့ သူတို့ကိုသတ်ပစ်လိုက်ရင်လည်း ယာယီအကျိုးကျေးဇူးပဲရလိမ့်မယ်။ မသတ်ဘဲထားလိုက်မယ်ဆိုရင် သူတို့က အုတ်မြစ်ကျောက်တွေကို သူဌေးဆီ ဆက်ပြီးပို့ပေးနိုင်တယ်။ ဘယ်လိုပဲပြောပြော ထောက်ပံ့ရေးသေတ္တာတွေက လူဦးရေအရေအတွက်အလိုက် ပြန်ဖြည့်ပေးတာပဲလေ။”

“မှန်တယ်။ လက်ရှိအချိန်မှာ အုတ်မြစ်ကျောက်ရဲ့ အဓိကရင်းမြစ်က ထောက်ပံ့ရေးသေတ္တာတွေကနေပဲ။ လူတစ်ယောက်ပိုသတ်လိုက်ရင် နေ့စဉ်ပြန်ဖြည့်ပေးနေဝံ့ ထောက်ပံ့ရေးသေတ္တာတွေထဲက ခြောက်လုံးလျော့သွားလိမ့်မယ်။”

“ဒီတော့သူဌေးရဲ့လုပ်ဆောင်ချက်တွေက ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနည်းဗျူဟာလား။”

“မဟုတ်ရင်ရော...သူဌေးက မင်းလိုမျိုး ရှုထောင့်ကန့်သတ်ချက်ရှိတဲ့သူလို့ မင်းထင်လို့လား။”

ယီထျန်းအုပ်စုထဲရှိ ဆွေးနွေးပွဲများ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် သဘာဝအတိုင်း ရှောင်းယီကိုသာ ထောက်ခံကြမည်ဖြစ်သည်။

သို့သော်လည်း အများသုံးချန်နယ်မှာမူ ကွဲပြားသည်။

လူအချို့သည် ဆန့်ကျင်ဘက်အဓိပ္ပါယ်များဖြင့် အော်ဟစ်နေကြသည်။

“ဘာကြီးလဲ။ ဒီယီရန်ပင်း ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ရလား။ ငါတို့အပြင်းအထန် ကန့်ကွက်တယ်။”

“ယီရန်ပင်းပေးတဲ့ ဘယ်ထုတ်ကုန်၊ ဘယ်ဝန်ဆောင်မှုကိုမဆို အသက်ရှင်ကျန်ရစ်သူအားလုံးက သပိတ်မှောက်ဖို့ ပြောချင်တယ်။”

“ယီရန်ပင်းက မကောင်းဆိုးဝါးပဲ။ ကျေးဇူးပြုပြီး မကောင်းဆိုးဝါးတွေနဲ့ ကုန်မသွယ်ကြပါနဲ့။”

ခွဲခြမ်းစိတ်ဖြာသူများမှာမူ ပို၍ပင် များပြားသေးသည်။

“မဟာမိတ်အဖွဲ့တစ်ခုကို တစ်နာရီမပြည့်ခင် ရှင်းပသ်လိုက်တယ်။ ပြီးတော့ ယီရန်ပင်းက လူနှစ်ယောက်ပဲအများဆုံးသုံးသွားတာ။ ယီရန်ပင်းရဲ့အဖွဲ့ထဲမှာ အထူးကျွမ်းကျင်သူတွေရှိနေတာပဲ။”

“ဗီဒီယိုထဲက ခုခံသူအားလုံးက ပြန်တိုက်ခိုက်ဖို့ စွမ်းအားလုံးဝမရှိဘူး။ ဒီမဟာမိတ်အဖွဲ့က လူတိုင်းက သာမန်ရုပ်ခန္ဓာပဲရှိတဲ့အထိတော့ အားမနည်းသင့်ဘူးမဟုတ်လား။”

“မဟုတ်ဘူး ချီဝမ်မဟာမိတ်အဖွဲ့က ငါတို့ဆန်ဖူးနိုင်ငံမှာ နာမည်ကြီးမဟာမိတ်အဖွဲ့တစ်ခုပဲ။ သူတို့က စွမ်းအားကြီးတယ်။ ပြီးတော့ သူတို့ရဲ့အသန်မာဆုံးအဖွဲ့ဝင်က အနည်းဆုံး B အဆင့်ရုပ်ခန္ဓာရှိတယ်။”

“မဖြစ်နိုင်ဘူး...။ B အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လူတစ်ယောက်က တစ်နာရီမပြည့်ခင် ရှင်းပစ်လိုက်တာလား။”

“ဒီလူရဲ့အမြန်နှုန်းကိုကြည့်ရရင် ခန့်မှန်းခြေအားဖြင့် သူ့ရဲ့ရုပ်ခန္ဓာက A အဆင့်လို့ ဆုံးဖြတ်လို့ရတယ်။ A အဆင့်က B အဆင့်ကို ရှင်းတာက အရမ်းရိုးရှင်းသင့်တယ်။ ငါတို့မဟာမိတ်အဖွဲ့မှာ A အဆင့် ကျွမ်းကျင်သူမရှိပေမယ့်လည်းပေါ့။”

“ယီရန်ပင်းက အဆင့်မြင့်အစားအစာတွေ အများကြီး ထုတ်လုပ်နိုင်တယ်။ သူ့ကျွန်းမှာ A အဆင့် ကျွမ်းကျင်သူ တော်တော်များများရှိသင့်တယ်။”

“နိုးနိုးနိုးနိုး.....။ မင်းသိထားသင့်တာက ငါ့မဟာမိတ်အဖွဲ့မှာ အဆင့်မြင့်အစားအစာစားနေတဲ့ လူငါးယောက်ရှိတယ်။ ငါတို့ဝယ်ယူခဲ့တဲ့ အဆင့်မြင့်အစားအစာတွေအားလုံးကို သူတို့စားခဲ့တယ်။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ပဲ B အဆင့်ကို ထိုးဖောက်နိုင်ခဲ့တာ။ ဒါကလည်း မကြာခင်ကပဲ ဖြစ်ခဲ့တာ။”

“ဒါဆိုရင်တော့ မင်းတို့မဟာမိတ်အဖွဲ့က အရမ်းအားနည်းတာပဲ။ ငါတို့မဟာမိတ်အဖွဲ့မှာ A အဆင့် တစ်ယောက် ထွက်ပေါ်လာခဲ့ပြီးပြီ။”

“ဒါဆို အဆင့်မြင့်အစားအစာစားရင်တောင် လူတိုင်းရဲ့အဆင့်တိုးတက်မှုက မတူဘူးပေါ့။”

“ဒီလိုပဲဖြစ်သင့်တယ်။”

လူပေါင်းများစွာသည် ချီဝမ်မဟာမိတ်အဖွဲ့ ပျက်စီးသွားခြင်းကို တကယ်တမ်း ဂရုမစိုက်ကြပေ။ ထိုအရာသည် သူတို့မဟာမိတ်အဖွဲ့မဟုတ်သည့်အတွက် သူတို့သေသွားခြင်းက သူတို့နှင့် ဘာများသက်ဆိုင်သနည်း။

သူတို့ပျက်စီးသွားခြင်းမှ ထိုးထွင်းသိမြင်မှုအနည်းငယ်ရနိုင်လျှင် လုံလောက်ပြီဖြစ်သည်။

ယီရန်ပင်းကို ထောက်ခံသူတစ်စုလည်း ရှိပေသည်။ ထိုလူများမှာ များပြားလှသည်မဟုတ်သော်လည်း လူအချို့တော့ရှိပြီး ထိုထဲတွင် မာတင်လည်း ပါဝင်ပေသည်။

“လူတိုင်းက ကြီးမြတ်သောသူဌေးကြီးယီရန်ပင်းဆီက ဝန်ဆောင်မှုဝယ်ယူဖို့ပြင်ဆင်နေကြတာဖြစ်တဲ့အတွက် ကြီးမြတ်သူရဲ့ စည်းမျဉ်းတွေကိုလိုက်နာကြရမယ်။ ဘောင်မကျော်မိပါစေနဲ့။ ဒီလိုမှမဟုတ်ရင် လူတိုင်းလည်း အကျိုးဆက်တွေကိုမြင်ပြီးသားပါ။”

မာတင်က သူ၏ဂရုထဲတွင် ပြောလိုက်သည်။

“အမ်...ဒီအမြင်ကိုတော့ ကျုပ်သဘောတူတယ်။ လူတိုင်းက စည်းမျဉ်းတွေကို လက်လွတ်စပယ်ချိုးဖောက်နေမယ်ဆိုရင် ဘယ်သူမှ ဒီကူးသန်းရောင်းဝယ်ရေးတွေကို ဝင်လုပ်ရဲတော့မှာမဟုတ်ဘူး။”

“လုံးဝသဘောတူတယ်။လူတိုင်းကသာ စည်းမျဉ်းတွေကိုလိုက်နာမယ်ဆိုရင် ကူးသန်းရောင်းဝယ်ရေးပတ်ဝန်းကျင်က ပိုကောင်းလာလိမ့်မယ်။ ငါတို့ကြားက ဖလှယ်မှုတွေလည်း ပိုပိုပြီးများပြားလာလိမ့်မယ်။ ဒီကမ္ဘာမှာ ပိုမိုကောင်းမွန်အောင်ရှင်သန်နိုင်အောင်လည်း ခွင့်ပြုပေးနိုင်လိမ့်မယ်။”

မည်သည့်အမြင်ကို ခံယူခံယူ ရှောင်းယီသည် ၎င်းတို့ကို လုံးဝဂရုမစိုက်ပေ။ သူသည် ဤလှုပ်ရှားမှုကို ကြက်ကိုသတ်ပြီး မျောက်ကိုသတိပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းခဲ့ဖြစ်သည်။

သင်တို့ ဘယ်လိုတွေးထင်နေကြသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ စည်းမျဉ်းကိုမလိုက်နာပါက အကျိုးဆက်များကို ကိုယ့်ကိုယ်တိုင် ကြည့်ထားကြဟု ပြောလိုက်ခြင်းပင်ဖြစ်သည်။

ကယ်တင်ခံခဲ့ရသည့် ချင်းယွမ်သည် သူ့လစာသာမက နှစ်သိမ့်ကြေးအဖြစ် ယွမ်ငွေ ၁၀,၀၀၀ ကိုပါ ထပ်ဆင့်ရရှိခဲ့သည်။

ဤဖြစ်ရပ်ပြီးနောက် မကောင်းသောရည်ရွယ်ချက်ရှိသည့် ထိုမဟာမိတ်အဖွဲ့များသည်လည်း ချက်ချင်းပင် အလောတကြီး မပြုမူရဲတော့ပေ။

မဟာမိတ်အဖွဲ့တစ်ခုအတွင်း လူစုငယ်လေးတစ်ခုအတွင်းတွင်လည်း ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။

“သေစမ်း...။ ငါတို့ အရင်ကက စိတ်လိုက်မာန်ပ့မလုပ်ခဲ့တာ ကံကောင်းတယ်။ အများသုံးချန်နယ်မှာပြောနေတာကိုကြည့်ရရင် ချီဝမ်မဟာမိတ်အဖွဲ့ထဲမှာ B အဆင့် အသက်ရှင်ကျန်ရစ်တွေရှိခဲ့တယ်။ သူတို့ကို သူဌေးက တစ်နာရီအတွင်းမှာပဲ ကိုင်တွယ်သွားတာ။”

“တစ်နာရီလုံးလုံးတောင် မကြာလောက်ဘူး။အချိန်အများစုက ခရီးသွားရင်း ကုန်သွားတာပဲ။”

“ဟုတ်တယ်။ ငါတို့မဟာမိတ်အဖွဲ့ထဲမှာ B အဆင့် နှစ်ယောက်ပဲရှိတာ။ ဗီဒီယိုထဲကလူရဲ့ကျွမ်းကျင်မှုနဲ့ဆိုရင် သူတို့လည်း ချက်ချင်းအသတ်ခံလိုက်ရမှာပဲ။”

“အခုကစပြီး သူဌရဲ့စည်းမျဉ်းတွေကို ရိုးရိုးသားသားလိုက်နာပြီး ဒီဘာသာပြန်ကို ပိုမိုကောင်းမွန်စွာဆက်ဆံရမယ်။ အကြောင်းမရှိဘဲ ဒုက္ခမရှာကြနဲ့။ ငါ ဒီထက်ပိုပြီး ကြာကြာလေး အသက်ရှင်ချင်သေးတယ်။”

ဤမြင်ကွင်းသည် ဘာသာပြန်ဝန်ဆောင်မှုအတွက် လျှောက်ထားခဲ့သော အခြားမဟာမိတ်အဖွဲ့အချို့တွင်လည်း အလားတူဖြစ်ပွားခဲ့ကြသည်။

ရှောင်းယီပို့လိုက်သော ဘာသာပြန်များ၏ ဆက်ဆံခံရမှုသည်လည်း သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့သည်။

မူလက ကူးသန်းရောင်းဝယ်ရေးတစ်ခုသာဖြစ်ပြီး တစ်ဖက်လူ၏ သဘောထားသည် နွေးထွေးခြင်းလည်းမရှိ၊ အေးစက်ခြင်းလည်းမရှိပေ။ ယခုတော့ သူတို့သည် အချိန်အခါအလိုက် သူတို့၏အခြေအနေကို မေးမြန်းနေခဲ့ကြသည်။

အလားတူပင် အင်အားကြီးနိုင်ငံအသီးသီးသည်လည်း ထိုဗီဒီယိုကို စတင်‌၍ ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

တိလင်းထျန်ရှားသည် အများသုံးချန်နယ်တွင် ချီဝမ်မဟာမိတ်အဖွဲ့၏ အမြင့်ဆုံးအဆင့်သည် B အဆင့်သာရှိသည်ဟု ပြောသည်ကို မြင်လိုက်ရသောအခါ ပြောလိုက်သည်။

“ဘာမှခွဲခြမ်းစိတ်ဖြာနေစရာမလိုဘူး။ အမြင့်ဆုံး B ပဲအဆင့်ရှိတဲ့ မဟာမိတ်အဖွဲ့တစ်ခုက ယီရန်ပင်းနဲ့ လုံးဝမယှဉ်နိုင်ဘူး။ စွမ်းအားကွာဟမှာက အတော်လေးကြီးမားလွန်းနေပြီး ခွဲခြမ်းစိတ်ဖြာနေတာက အဓိပ္ပာယ်မရှိဘူး။”

သူပြီးခဲ့သည့်အကြိမ်က စီစဉ်ခဲ့သော မုတ်ဆိတ်ရှည်နှင့်လူကြီးသည် B အဆင့်ရှိပြီး ယီရန်ပင်း၏ကျွန်းပေါ်ရှိ ဘားကို ကြည့်ရှုစောင့်ရှောက်ရသူတစ်ဦး၏ တိုက်ရိုက်ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် B အဆင့်သည် ယီရန်ပင်း၏အဖွဲ့ဝင်များ၏စွမ်းရည်ကို စမ်းသပ်နိုင်ခြင်းမရှိပေ။

ရွှမ်းယွမ်ဝူဝေးသည် ထိုဗီဒီယိုကို မြင်လိုက်ရသည့်အခါ သူ၏ပထမဆုံးအတွေးသည် ပြဿနာဖြစ်စေပြီး ယီရန်ပင်းအား လူတိုင်း၏ရန်သူဖြစ်အောင် လုပ်ရန်ဖြစ်သည်။

သူသည် ချက်ချင်းပင် သူ၏အင်တာနက်အလုပ်သမားများကို စုရုံးကာ မတူညီသော သွားပုတ်လေလွင့်စွပ်စွဲချက်များအား လုပ်ဆောင်ရန် စတင်ခဲ့သည်။ ထိုစဉ် ဦးလေးချန်းမှာမူ သူ၏ဘေးတွင် ထိုဗီဒီယိုကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

တစ်ချိန်တည်းမှာပင် အများသုံးချန်နယ်တွင် ရှောင်းယီအား တိုက်ခိုက်စွပ်စွဲသည့် မှတ်ချက်ပေါင်းမြောက်မြားစွာ ထွက်ပေါ်လာခဲ့လေသည်။

သို့သော် ယီထျန်းအုပ်စုအတွင်း၌ အင်တာနက်အလုပ်သမားများကို ခုခံတိုက်ခိုက်ရန် အလိုအလျောက်ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ရှိနေခဲ့ပြီး အများသုံးချန်နယ်ရှိ ထိုလူများနှင့် ရင်ဆိုင်နေခဲ့ပြီဖြစ်သည်။

ငြင်းခုံမှုများသည် အချိန်တစ်ခုကြာသည်အထိ ပြင်းထန်နေခဲ့ပြီး အဆုံးမရှိပေ။

ဦးလေးချန်းသည် ဗီဒီယိုကိုပိတ်လိုက်ပြီးနောက် လေးလေးနက်နက်ပြောလိုက်သည်။

“သခင်လေး ဒီယီရန်ပင်းက အရမ်းစွမ်းအားကြီးတယ်။”

ရွှမ်းယွမ်ဝူးဝေ့က မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ဘာမှားနေလို့လဲ။”

“ယီရန်ပင်းရဲ့အဖွဲ့မှာ A အဆင့် ဒ်မဟုတ် အဲ့ထက်ပိုမြင့်တဲ့ ကျွမ်းကျင်သူတွေရှိသင့်တယ်။။”

ဦးလေးချန်းက ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး...။ အဲ့ဒီလူက A အဆင့်ရှိတယ်လို့ ပြောနေကြတာမဟုတ်ဘူးလား။”

ရွှမ်းယွမ်ဝူဝေ့က အံ့အားသင့်စွာမေးလိုက်သည်။

“S အဆင့်ဖြစ်နိုင်မလား။”

All Chapters