← Chapters

အခန်း (၅၃၇-၅၃၈)

Vol. 37 Ch. 537-538

အခန်း (၅၃၇-၅၃၈)

Vol. 37 Ch. 537-538

အခန်း ၅၃၇ - သစ်တောထွက်အစားအစာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ၊ ရေ

ဦးလေးချန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အရမ်းဖြစ်နိုင်ချေရှိတယ်။”

“ခင်ဗျားမှားနေတာရော မဖြစ်နိုင်ဘူးလား။”

ရွှမ်းယွမ်ဝူဝေ့က မေးလိုက်သည်။

“ကျုပ်မှားနေတာဖြစ်ပါစေလို့ပဲ ဆုတောင်းမိတယ်။”

ဦးလေးချန်းက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ဒီလူက တကယ်ကိုစွမ်းအားကြီးလွန်းတယ်။”

ရွှမ်းယွမ်ဝူဝေ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက အရမ်းချဲ့ကားမနေသင့်ဘူး။ ကျုပ် မကြာခင် A အဆင့်ကို ရောက်တော့မယ်လို့ ခံစားနေရတယ်။ မပူပါနဲ့။ ကျုပ်ရဲ့ရုပ်ခန္ဓာက သေချာပေါက် ထိပ်တန်းအဆင့်မှာပဲဖြစ်ရမယ်။”

ဦးလေးချန်းက အနည်းငယ်စိုးရိမ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

ထိုအတောအတွင်း ဗျူဟာကျသည့် ဂျေဘီမှာမူ ထိုဗီဒီယိုကိုကြည့်ရင်း နက်ရှိုင်းစွာတွေးတောနေခဲ့သည်။

“ဒီလူက A အဆင့်ထက်ပိုမြင့်နေမှာကို ကြောက်မိတယ်။”

ဘီဂျေက သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

“A အဆင့်ကို ဒီလောက်မြန်မြန် ချိုးဖောက်နိုင်လို့လား။”

ဘီဂျေသည် လမ်းညွှန်အသင်းအဖွဲ့တစ်ခုလုံး၏ ထောက်ခံမှုကိုရှိထားသူဖြစ်ပြီး သူသည်လည်း Aအဆင့်သာရှိသေးကြောင်း သိထားရမည်ဖြစ်သည်။

“ယီရန်ပင်းရဲ့အသင်းက ငါတို့ထက်တောင် ပိုပြီးစွမ်းအားကြီးနေနိုင်မလား။”

ဂျေဘီသည်လည်း သိပ်မသေချာပေ။

သူက ယီထျန်းအတွင်းရှိ အဖွဲ့ဝင်တစ်ဦးကို လာဘ်ထိုးခဲ့ပြီး ယီထျန်းအတွင်းရှိ ချက်တင်များအပေါ် အခြေခံကာ ယီရန်ပင်းတွင် အဖွဲ့အစည်းတစ်ခုရှိသော်လည်း လူဦးရေသည် အရမ်းများမည်မဟုတ်ကြောင်း အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။

သို့သော် ယခုသူသည် သူ၏အကြံပေးအဖွဲ့ချထားသော ကောက်ချက်ကို စတင်၍ သံသယရှိလာပြီဖြစ်သည်။

“ဒေသခံတွေ အများကြီးဖမ်းမိထားလို့များလား။”

ဘီဂျေက ရေရွတ်မိလိုက်သည်။

“ဒါပဲဖြစ်ရမယ်။ ဒေသခံဘာသာပြန်ဝန်ဆောင်မှုကိုတောင် ဖန်တီးနိုင်တယ်ဆိုတော့ သူ့ရဲ့ကျွန်းပေါ်မှာ ဒေသခံတွေ အများကြီးရှိရမယ်။”

ယီရန်ပင်း၏အဖွဲ့တွက် လူဦးရေအများကြီးမရှိသော်လည်း ဒေသခံအရေအတွက်ကို အသုံးပြု၍ ဤအားနည်းချက်ကို ဖြည့်ဆည်းနိုင်ပေသည်။

“ငါလည်း ဒေသခံတချို့လောက် ဖမ်းသင့်သလား။”

ဂျေဘီက သူ၏စိတ်ထဲတွင် တွေးလိုက်သည်။

စွန်းကုထောင်နှင့် အခြားသူများသည် နေ့လယ်ပိုင်းတွင် အနားမယူဘဲ ပဏ္ဍိတငယ်လေးနှင့် သူ၏အဖွဲ့သားများ သစ်တောထဲမှ ထုတ်ယူလာခဲ့သော အမျိုးမျိုးသော သစ်သီးဝလံများနှင့် အမဲလိုက်ထားသော သားကောင်များကို ခွဲခြားသိမ်းဆည်းရာ၌ ချက်ချင်းပင်သွားရောက်ကူညီခဲ့ကြသည်။

မွန်းလွဲနှစ်နာရီတွင် ရှောင်းယီသည် ချက်ချင်းပင် ဂရုချက်တင်ထဲသို့ သစ်တောထွက်သစ်သီးဝလံများနှင့် အသားများကို တင်ခဲ့လေသည်။

ဈေးနှုန်းသည် ငါးထက် ၅% ပိုမြင့်သည်။ နောက်ဆုံးတွင် ရှောင်းယီမှလွဲ၍ မည်သူမျှ သူတို့၏ကျွန်းများကို အခမဲ့ပြန်လည်အသစ်ဖြစ်ခွင့်မပြုဝံ့ကြပေ။ ဤသည်မှာ လက်ဝါးကြီးအုပ်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲပင်။

သို့သော် ဤလက်ဝါးကြီးအုပ်မှုသည် ဤတစ်ကြိမ်နောက်ဆုံးဖြစ်နိုင်သည်။

အကြောင်းမှာ ပင်လယ်ဓားပြရတနာသေတ္တာများမှ လက်နက်ပုံစံများစွာ ဖွင့်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် လက်နက်များစွာနှင့် ဧရိယာတစ်ခုလုံးလွှမ်းခြုံနိုင်သော တိုက်ခိုက်ရေးလက်နက်များပါရှိသောကြောင့်ဖြစ်သည်။

ဤအရာများဖြင့် လူတိုင်း၏လူအင်အားများ တဖြည်းဖြည်းချင်း လုံလောက်လာမည်ဖြစ်ပြီး ဖမ်းဆီးခံထားရသော ဒေသခံများနှင့်အတူ ကျွန်း၏အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်လာမည်ဖြစ်သည်။

ကျွန်းကို စိတ်ကြိုက်ပြန်လည်အသစ်ဖြစ်ပေါ်‌စေပြီး ဆင့်ကဲပြောင်းလဲခွင့်ပြုလိုက်သည်နှင့် အရင်းအမြစ်များသည်လည်း ဖြည်းဖြည်းချင်း ပေါများလာမည်ဖြစ်သည်။

အနာဂတ်တွင် ရှောင်းယီ၏အားသာချက်မှာ သူ၏ကျွန်းသည် အခြားအသက်ရှင်ကျန်ရစ်များထက် ပိုနက်ရှိုင်းစွာအသစ်ပြန်လည်ဖြစ်ပေါ်ပြီး ဆင့်ကဲပြောင်းလဲခြင်းနှင့် အဆင့်မြင့်အစားအစာများသည်လည်း အခြားသူများထက် ပိုမိုမြင့်မားပြီး ပိုမိုများပြားခြင်းသာဖြစ် းပေလိမ့်မည်။

ထို့ကြောင့် ရှိပြီးသားအားသာချက်များကို အသုံးချကာ ရှောင်းယီသည် ပဏ္ဍိတငယ်လေးနှင့် အခြားသူများအား ဤတစ်ကြိမ်တွင် သစ်တောထဲရှိ အရာအားလုံးကို ကြိုးစားရွှေ့ပြောင်းရန် ညွှန်ကြားထားခဲ့ပေဖြစ်သည်။

စွန်းကုထောင်နှင့် အခြားသူများ ပြင်ဆင်ပြီးနောက် ရှောင်းယီသည် ပထမဆုံး ဂရုချက်တင်ထဲသို့ တင်ကာ ဂရုထဲရှိလူများ ရွေးချယ်ပြီးနောက်မှ ဈေးကွက်သို့ တင်ခဲ့သည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် တင်ထားသော အဆင့်မြင့်အသားများအားလုံး ရောင်းကုန်သွားခဲ့သည်။

“လဲလှယ်မှု အောင်မြင်ပါသည်..., နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၈,၀၀၀,၀၀၀။”

ရှောင်းယီသည် လက်ရှိရရှိထားသော အုတ်မြစ်ကျောက်အရေအတွက်ကို တွက်ချက်ကြည့်လိုက်သည်။ နှစ်ဆရိတ်သိမ်းမှုမပြုမီတွင် အုတ်မြစ်ကျောက် ၆၂ သန်းအောက်နည်းပြီး ကမ္ဘာတစ်ဝှမ်းတွင် အိုင်ဒီ ၇၀၀,၀၀၀ အောက်သာ ကျန်ရှိတော့လေသည်။ အိုင်ဒီတစ်ခုစီအတွက် ပျမ်းမျှ အုတ်မြစ်ကျောက် ၉၀ သာရှိပေသည်။

ပြီးခဲ့သည့် ခန့်မှန်းချက်များအရ အိုင်ဒီတစ်ခုစီ၏လက်ထဲတွင် ပျမ်းမျှ အုတ်မြစ်ကျောက်အရေအတွက်သည် ၉၀ ကျော်ရှိပြီး ဆွဲထုတ်ရန် နေရာရှိသေးသည်ဟု ထင်ရသည်။

စိုက်ပျိုးရေးထွက်ကုန်များကို စာရင်းသွင်းရာ၌ ရှောင်းယီတွင် ယခုအခါ သူ၏လက်ထဲတွင် အဆင့်တိုင်း၏ စိုက်ပျိုးရေးထွက်ကုန်များရှိပြီး မရှိပါက စူပါပေါင်းစပ်ခြင်းစက်ကို အသုံးပြု၍ ပေါင်းစပ်နိုင်သည်။

အိမ်ယာခဲ့ဝင်း၏ ကန့်သတ်ထားသော ဧရိယာကြောင့် S၊ A၊ B အဆင့်သုံးဆင့်၏ ထုတ်လုပ်မှုသည် ယခင်နှစ်ဆရိတ်သိမ်းမှုကဲ့သို့ပင် ရှိနေဆဲဖြစ်သည်။

ပိုလာသည့်တစ်ခုတည်းသောအရာမှာ ကျွန်းပေါ်ရှိ ဖူရှီမျိုးနွယ်စုမှ ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများဖြစ်ပြီး ၎င်းသည် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုခဲ့ပေသည်။

သို့သော် ပမာဏမှာ များပြားလှသည်တော့ မဟုတ်ပေ။ မျိုးနွယ်စုအတွက် အရံကောက်ပဲသီးနှံအဖြစ် တစ်စိတ်တစ်ပိုင်းကိုလည်း ချန်ထားရဦးမည်ဖြစ်သည်။

မွေးမြူရေးတွင် အသားထုတ်လုပ်မှုများစွာရှိပြီး အားလုံးကို ထုတ်ယူထားခဲ့သည်။

ယခင်နည်းလမ်းအတိုင်း ဂရုထဲတွင် ပထမဆုံး ရောင်းချပြီး ထို့နောက်မှ ဈေးကွက်သို့ တင်လိုက်သည်။

ထိုအရာသည်လည်း လျင်လျင်မြန်မြန်ပင် ဝယ်ယူသိမ်းပိုက်ခြင်းခံခဲ့ရပေသည်။

“လဲလှယ်မှု အောင်မြင်ပါသည်..., နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၄,၀၀၀,၀၀၀။”

ရောင်းကုန်သွားသော စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို ကြည့်ရှုပြီး ရှောင်းယီသည် အနည်းငယ်တွေးတောကာ သူ၏ဖုန်း (ဆက်သွယ်ရေးကိရိယာ) ကိုကောက်ယူပြီး ဒူခန်းအား ခေါ်ဆိုလိုက်သည်။

“ဘီယာထုတ်လုပ်မှုအခြေအနေက အခုဘယ်လိုနေလဲ။”

ရှောင်းယီက မေးလိုက်သည်။

ဒူခန်းက ချက်ချင်း ပြန်ဖြေလာခဲ့သည်။

“အများကြီးပါပဲ။ လက်ရှိမှာ အဆင့်တိုင်းအတွက် ဘီယာ ၁၀,၀၀၀ လီတာ စုဆောင်းထားပြီးပြီ။ ပြီးတော့ ကျုပ်ဘီယာချက်နေတာ ရပ်လိုက်ရပါပြီ။ ဘာပဲပြောပြော ကျုပ်တို့ရဲ့သိုလှောင်တဲ့အခြေအနေတွေက အကန့်အသတ်ရှိနေတယ်။ အရက်အရည်အတွက်က နည်းနည်းပိုများနေတယ်။ အဆင့်တိုင်းရဲ့အရက် ၅၀,၀၀၀ လီတာလောက်ရှိတယ်။ ဒါက အချိန်အကြာကြီး သိုလှောင်ထားနိုင်တယ်။”

“အပန်းဖြေစခန်းရဲ့လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းနိုင်လောက်တဲ့ပမာဏကို ချန်ထားပြီး ကျန်တာတွေကို ဒီနေ့ရောင်းလိုက်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။ ကျုပ် အခုလောလောဆယ်အစီရင်ခံတဲ့ နံပါတ်တွေက ဒီနေ့ အပန်းဖြေစခန်းမှာ သုံးတဲ့ပမာဏကို နှုတ်ပြီးသားပမာဏပါ။ မနက်ဖြန်လိုအပ်တဲ့ပမာဏကိုတဪ့ အခုချက်ထားလိုက်လို့ရပါတယ်။ အချိန်မီပါသေးတယ်။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။”

ထို့နောက် ရှောင်းယီက ဖုန်းချလိုက်လေသည်။

အနည်းငယခတွေးတော့ပြီးနောက် ရှောင်းယီသည် ဘီယာ၏ဈေးနှုန်းကို အောက်ပါအတိုင်းသတ်မှတ်လိုက်သည်။

အုတ်မြစ်ကျောက်တစ်ခုဖြင့် C အဆင့်ဘီယာ ၃၀၀မီလီ၊ B အဆင့် ၁၅၀မီလီ၊ A အဆင့် ၈၀မီလီ၊ S အဆင့် ၄၀မီလီကို လဲလှယ်နိုင်သည်။

ထို့နောက် ဒူခန်းချက်ထားသော ဘီယာအားလုံးကို ဂရုထဲတွင် ကန့်သတ်ကာ စင်ပေါ်တင်ဂလိုက်ပြီး ထို့နောက် ဈေးကွက်သို့ တင်လိုက်သည်။

“လဲလှယ်မှု အောင်မြင်ပါသည်..., နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၉၅၀,၀၀၀။”

ထို့နောက် အရက်ဖြစ်သည်။

အားလုံးသိထားသည့်အတိုင်း နိုင်ငံခြားသားများသည် ဘီယာကို ပို၍စိတ်ဝင်စားကြသည်။ သူ၏ကိုယ်ပိုင်အရက်ကို ရောင်းချရာ၌ ရှောင်းယီသည် ဆုဝမ်အား အများသုံးချန်နယ်တွင် အရက်၏ အအေးဓာတ်ကို ပျက်ပြယ်စေခြင်း၊ အပူချိန်ထိန်းသိမ်းခြင်းနှင့် ပိုးသတ်ခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို အထူးပညာပေးရန် ပြောခဲ့သည်။

ကမ္ဘာတစ်ဝှမ်းသို့ အရက်ကို ကြော်ငြာရန်အတွက် ရှောင်းယီသည် ဈေးနှုန်းကိုပင် မမြှင့်တင်ဘဲ ဘီယာနှင့်အတူတူပင် ရောင်းချခဲ့သည်။

“လဲလှယ်မှု အောင်မြင်ပါသည်..., နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ၊ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၄,၇၅၀,၀၀၀။”

ယခုအထိ ရှောင်းယီသည် ကျွန်းပေါ်တွင် ရောင်းချနိုင်သောအရာအားလုံးကို အခြေခံအားဖြင့် ရောင်းချပြီးဖြစ်သည်။

သူသည် အနည်းငယ်ထပ်မံတွေးတောပြီးနောက် ဂရုထဲတွင် ပြောလိုက်သည်။

“ဒီနေ့အတွက်ကတော့ ဒါပါပဲ။ နောက်ဆုံးမှာ ရေအနည်းငယ်ရောင်းပါဦးမယ်။ လူတိုင်းပဲ ကူညီပေးကြဦး။”

ဆုဝမ်သည် ထိုစကားကို အများသုံးချန်နယ်သို့ အလားတူဘာသာပြန်ဆိုခဲ့သည်။

“ဒါက အဆုံးသတ်သွားပြီလား။ မပြီးသေးတဲ့အရာတစ်ခုရှိသေးသလို ခံစားနေရတယ်။”

“ဟုတ်တယ်။ နောက်ထပ်သားကောင်အသားတွေ ရှိသေးလား။ ခုနက နည်းနည်းပဲ ဝယ်လိုက်မိတယ်။”

“မရှိလောက်တော့ဘူး။ ရှိရင် အားလုံးကို တင်ပြီးသားဖြစ်မှာပဲ။ ဒီနောက်ဆုံးရေကို ငါပိုပြီးစိတ်ဝင်စားတယ်။”

“အဆင့်မြင့်ရေသန့်ဖြစ်သင့်တယ်။ အဆင့်သိပ်မမြင့်တဲ့ ရေသန့်နည်းနည်းလောက် ဝယ်ချင်တယ်။ နောက်ဆုံးတော့ နေ့တိုင်းသောက်ရင် ရုပ်ခန္ဓာတိုးတက်ဖို့အတွက် အမှန်တကယ် အသုံးဝင်လိမ့်မယ်။”

“ဟုတ်တယ်။ ငါလည်း B အဆင့် ရေသန့်နည်းနည်းလောက် ဝယ်ချင်တယ်။ အရမ်းမြင့်နေရင်တော့ ကြည့်ရုံနဲ့ပဲကျေနပ်လိုက်ရတော့မယ်။ အခြားသူတွေဝယ်တာကိုပဲ ကြည့်ရတော့မှာပေါ့။”

“ဟုတ်တယ်။ အရမ်းအဆင့်မြင့်တဲ့ရေသန့်ကို အဲ့ဒီအင်အားစုကြီးတွေကပဲ ရနိုင်တယ်။”

ဂရုထဲက ဆွေးနွေးစကားများကိုကြည့်ပြီး ရှောင်းယီသည် ဈေးကွက်တွင် အထူးလဲလှယ်မှုတစ်ခုကို တိုက်ရိုက်တင်လိုက်တော့လေသည်။

“【အုတ်မြစ်ကျောက်】၁ - 【ရေသန့်】(C အဆင့်) ၃၀၀ မီလီလီတာ၊ သို့မဟုတ် (B အဆင့်) ၁၅၀ မီလီလီတာ၊ သို့မဟုတ် (A အဆင့်) ၈၀ မီလီလီတာ၊ သို့မဟုတ် (S အဆင့်) ၄၀ မီလီလီနာ၊ သို့မဟုတ် (SS အဆင့်) ၁၀ မီလီလီတာ၊ သို့မဟုတ် (SSS အဆင့်) ၁ မီလီလီတာနှင့် လဲလှယ်နိုင်သည်။”

အဆင့်အမျိုးမျိုး၏ ရေသန့်များအား ရောင်းခြင်းသည် ရှောင်းယီ၏ ယာယီဆုံးဖြတ်ချက်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် စူပါပေါင်းစပ်ခြင်းစက်ဖြင့် အဆင့်အားလုံး၏ ရေပမာဏသည် အဆုံးမရှိဟုပင် မှတ်ယူနိုင်ပေသည်။

အခန်း ၅၃၈ - နောက်ဆုံးရူးသွပ်မှု၊ သန်း ၂၀၀ ရရှိခြင်း၊ ချဲ့ထွင်ခြင်း

ရှောင်းယီသည် ဗုံးတစ်လုံးကိုလည်း ထုတ်လွှတ်လိုက်ခဲ့ပြီး လဲလှယ်မှုနောက်တွင် မှတ်စုတစ်စောင်အား ရည်ရွယ်ချက်ရှိရှိထည့်သွင်းခဲ့သည်။

အရေအတွက်ကန့်သတ်ထားသည်။ အရင်ရောက်သူ ဦးစားပေးမည်။

ယခုအချိန်တွင် ရှောင်းယီသည် ထိုအဆင့်မြင့် ရေသန့်များကို ထပ်မံဖုံးကွယ်မထားတော့ဘဲ တိုက်ရိုက်ပင် အများပြည်သူသို့ ရောင်းချလိုက်လေသည်။

အကြောင်းမှာ ကျွန်းပေါ်တွင်ပြုလုပ်ထားသော စမ်းသပ်မှုများအရ မိမိ၏ရုပ်ခန္ဓာထက် အဆင့်နှစ်ဆင့်သို့မဟုတ် ထို့ထက်ပိုသော အဆင့်အား ကျော်လွန်စွာသုံးစွဲခြင်းသည် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအပေါ် လုံးဝသက်ရောက်မှုမရှိကြောင်း သက်သေပြထားသောကြောင့် အဆင့်မြင့် ရေသန့်အချို့အား ရောင်းချခြင်းသည် မည်သို့မျှကိစ္စမရှိပေ။

အဆင့်ကိုသာ မမြှင့်တင်နိုင်ပါက အဆင့်မြင့်ပစ္စည်းများအား စားသုံးခြင်းသည် ဖြုန်းတီးခြင်းနှင့် အတူတူပင်ဖြစ်သည်။

ထို့အပြင် ရှောင်းယီသည် ယခုအခါ SS အဆင့်သို့ရောက်ရှိထားခဲ့ပြီး ဒူခန်း၏စူပါစုပ်ယူမှုပါရမီကိုလည်း ပုံတူကူးထားသောကြောင့် အခြားသူများက ဤစည်းမျဉ်းကို တွေ့ရှိသွားလျှင်ပင် သူ့ကိုအမီလိုက်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ရှောင်းယီက ထိုလဲလှယ်မှုကို စင်ပေါ်တင်လိုက်သောအခါ လူတိုင်း ကြောင်ငေးသွားခဲ့ကြလေသည်။

မူလက အလွန်တက်ကြွနေခဲ့ကြသော ယီထျန်းဂရုနှင့် အများသုံးချန်နယ်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတစ်ဦးက ခဏရပ်နားသည့်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့လေသည်။

နောက်စက္ကန့်သုံးဆယ်ခန့်အကြာတွင် ရှောင်းယီဘက်မှ အဆင့်အမျိုးမျိုး၏ ရေသန့်အတွက် လဲလှယ်မှာအများအပြားကို မြင်တွေ့လိုက်ရတော့လေသည်။

ဂရုထဲတွင် စကားပြောရန်အတွက် မည်သူမျှအချိန်မရှိကြလဲ လူတိုင်းသည် သန့်စင်ရေကို အလုအယက် ဝယ်ယူသိမ်းပိုက်နေခဲ့ကြသည်။

စူပါပေါင်းစပ်ခြင်းစက်ကို ထိန်းချုပ်ရန် တာဝန်ရှိသူ အန်းရန်သည်လည်း အလုပ်များလာခဲ့သည်။ အမှာစာများအလိုက် မည်သည့်အဆင့်အား ပေါင်းစပ်ရမည်ကို ဆုံးဖြတ်ရန် လိုအပ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် စူပါပေါင်းစပ်ခြင်းစက်သည် လုပ်ဆောင်ရာ၌ အလွန်ရိုးရှင်းပြီး လူများက သာမန်ရေသန့်အား သယ်ဆောင်လာရန်သာ လိုအပ်ပေသည်။

မကြာမီ နောက်ဆုံးတွင် ယီထျန်းထဲတွင် တစ်စုံတစ်ဦးက စကားစတင်ပြောဆိုလာခဲ့လေသည်။

“ချီး နောက်ဆုံးတော့ ငါနည်းနည်းရသွားပြီ။ သူဌေးက အရမ်းတော်တာပဲ။ အဆင့်တိုင်းရဲ့ ရေသန့်တွေတောင် ရှိတယ်။ အရမ်းအစွမ်းထက်လွန်းတယ်။”

“ငါလည်း B အဆင့် ရေသန့်နည်းနည်းရလိုက်တယ်။ နောက်ဆုံးတော့ နေ့တိုင်း Bအဆင့်ရေသောက်လို့ရတော့မယ်။

“ဟမ် မရခဲ့တဲ့သူရောရှိသေးလား။”

“မရှိသလိုပဲ။ သူဌေးက အဆင့်တစ်ခုစီရဲ့ ရေသန့်တွေ ဘယ်လောက်တောင် စုထားတာလဲ။ ကြောက်စရာကောင်းလိုက်တာ။”

“ငါ့မှာကျန်နေသေးတဲ့ အုတ်မြစ်ကျောက်တွေအားလုံးနီးပါးကို ရေနဲ့လဲပစ်လိုက်တယ်။”

“ကျုပ်ရောပဲ။ သူဌေးက ဂရုထဲမှာ ‘အရေအတွက်ကန့်သတ်ထားသည်’ လို့ ရည်ရွယ်ချက်ရှိရှိရေးထားတယ်လို့တောင် သံသယရှိလာပြီ။”

“မင်းက သူဌေးရဲ့ကျွန်းမှာ အဆင့်တိုင်းရဲ့ရေသန့်ပမာဏက အဆုံးမရှိဘူးလို့ ပြောချင်နေတာလား။”

“ဒါတော့ မဖြစ်နိုင်ဘူးလေ။ ငါပြောချင်တာက အရေအတွက်ကတော့ တကယ်ကိုအရမ်းများနေမှာပဲ။”

“တစ်ယောက်လောက် SS အဆင့် ဒါမဟုတ် SSS အဆင့် ရေသန့်နည်းနည်းလောက်ဝယ်ပြီး စမ်းကြည့်ပြီးပြီလား။”

“ကျုပ်ဝယ်ပြီးပြီ။ သောက်လည်းသောက်ပြီးပြီ။ အရသာက တကယ်ကောင်းတယ်။ သောက်ပြီးရင် ကိုယ်ခန္ဓာတစ်ခုလုံး နွေးထွေးသွားသလို ခံစားရတယ်။”

“ကျုပ်လည်း နည်းနည်းဝယ်ထားတယ်။ SSS အဆင့်ရေက အရမ်းစျေးကြီးတယ်။ အုတ်မြစ်ကျောက် ၁၀ ခုနဲ့ ၁၀မီလီလီတာပဲရတယ်။ ငါလျှာနဲ့လျက်ဖို့တောင် မလောက်ဘူး။”

“ဒါက ကျုပ်တို့ကို အလှပြထားရုံပဲ။ နေ့တိုင်း SSS အဆင့် ရေသန့်သောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အလှပြထားတာက အဓိပ္ပာယ်ရှိပါတယ်။ အစစ်အမှန်တန်ဖိုးထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်။”

“အပေါ်ကလူ အဲ့လိုတော့မပြောနဲ့လေ။ မင်းသွားကြည့်လိုက်ဦး။ တစ်ယောက်ယောက်က SSS အဆင့် ရေသန့် ၁၀,၀၀၀ မီလီတောင် ဝယ်ထားတယ်။”

“ဘယ်သူက အဲ့လောက်တောင် ချမ်းသာတာလဲ။”

“ကျုပ်တွေ့တယ်။ အဲ့ဒါဗျူဟာတင်တဲ့ ဂျေဘီပဲ။ နောက်ဆုံးနည်းဗျူဟာကြောင့် သူအုတ်မြစ်ကျောက်တွေ အများကြီးရသွားပုံပဲ။”

“ကျုပ်ရဲ့ခန့်မှန်းချက်အရတော့ သူနောက်ဆုံးနည်းဗျူဟာကနေ အုတ်မြစ်ကျောက် ၂၀၀,၀၀၀ လောက် ရသွားလောက်တယ်။”

“ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူက အဆင့်အမျိုးမျိုးရဲ့ရေသန့်အတွက် ၇၀,၀၀၀ ကျော် သုံးလိုက်တယ်။ မျှော်လင့်ထားသလိုပဲ...ချမ်းသာရင် ကြိုက်သလိုလုပ်ခွင့်ရှိတယ်။”

“ဒါပေမယ့် အသင်းအဖွဲ့တစ်ခုကို လည်ပတ်ရတာက တကယ်ပဲ စားသုံးမှုများတယ်။”

စနစ်၏သတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်ကြောင်အသွားပြီး နောက်ပိုင်းတွင် အလွန်ဝမ်းသာသွားခဲ့သည်။

“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၃၄.၂ သန်း။

နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၆၈.၄ သန်း။”

တစ်နေ့တာလုံး လဲလှယ်မှုမှ ရရှိခဲ့သော အုတ်မြစ်ကျောက်များမှာ သန်း ၁၀၀ ကျော်ရှိသွားခဲ့ပြီး အတိအကျဆိုရသော် အုတ်မြစ်ကျောက် ၁၀၀.၈ သန်းဖြစ်ကာ ဖြန့်ကျက်နေသော ပမာဏအနည်းငယ်ပင် မပါဝင်သေးပေ။

ပျမ်းမျှအဖြင့် အိုင်ဒီ ၇၀၀,၀၀၀ ကျော်တွင် အိုင်ဒီတစ်ခုစီသည် အုတ်မြစ်ကျောက် ၁၅၀ ခန့် သုံးစွဲခဲ့ကြသည်။ ရှောင်းယီသည် ဤသည်မှာ အကန့်အသတ်ဖြစ်သင့်သည်ဟု ခံစားလိုက်ရသည်။

ထို့ပြင် အုတ်မြစါကျောက် ၁၀၀.၈ သန်းဆိုသည့် နံပါတ်သည် နှစ်ဆဆုကြေးမပေးမီ နံပါတ်ဖြစ်ပြီး နှစ်ဆဆုကြေးပေးပြီးနောက် ရှောင်းယီသည် တစ်နေ့တည်းဖြင့် အုတ်မြစ်ကျောက် သန်း ၂၀၀ ကျော် ရရှိခဲ့ပေသည်။

သူ၏စိတ်လှုပ်ရှားမှုကို ချုပ်တည်းကာ ရှောင်းယီသည် အုတ်မြစ်ကျောက် သန်း ၂၀၀ အားလုံးကို ယခင်အစီအစဉ်အတိုင်း ကျွန်းကိုချဲ့ထွင်ရာ၌ အသုံးပြုလိုက်သည်။

မျိုးနွယ်စုလေးခု၏ အခြေချနေထိုင်ရာများကို တစ်ဖန်ပြန်လည်ချဲ့ထွင်ခဲ့ပြီး အပန်းဖြေစခန်း၏ တည်နေရာသည်မူ မပြောင်းလဲခဲ့ပေ။

အုတ်မြစ်ကျောက် သန်း ၂၀၀ ဆိုသည်မှာ စတုရန်းမီတာ သန်း ၂၀၀ ဖြစ်ပြီး စတုရန်းကီလိုမီတာ ၂၀၀ ဖြစ်ကာ ရှိပြီးသားဧရိယာကိုထည့်ပေါင်းလိုက်လျှင် စုစုပေါင်း စတုရန်းကီလိုမီတာ ၂၅၀.၅ ဖြစ်သည်။

ဧရိယာမှာ ငါးဆတိုးလာခဲ့ခြင်းဖြစ်သည်။

အပန်းဖြေစခန်းတွင် ကစားနေကြသူများသည် ရုတ်တရက် သူတို့ခြေဖဝါးအောက်ရှိ အုတ်မြစ်ကျောက်သည် ရပ်တန့်သွားမီ အချိန်အတော်ကြာရွေ့လျားနေသည်ဟု ခံစားလိုက်ကြရ ယလေသည်။

“သူဌေးက သူ့ကျွန်းကို ချဲ့ထွင်နေတာလား။”

“ဖြစ်သင့်တယ်။ ဒါပေမယ့် ကျွန်းချဲ့တဲ့အရှိန်က အရမ်းကြီးတာပဲ။”

“ဟုတ်တယ်...။ငါတို့ကျွန်းကို ချဲ့တုန်းက ကျွန်းပတ်လည်မှာ စတုရန်းအနည်းငယ် ဒါမဟုတ် ဆယ်ခုလောက် ပေါင်းထည့်လိုက်ရုံပဲ။ ဂရုမစိုက်ရင် မြင်ရမှာတောင်မဟုတ်ဘူး။”

“သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ ခုနက ဝယ်ထားတဲ့ပစ္စည်းတွေ လဲလိုက်တုန်းက ငါတို့ခေါင်းဆောင်က သူဌေးက ပရိုမိုးရှင်းလုပ်နေပြီး အုတ်မြစ်ကျောက်အများကြီးရမယ်ထင်တယ်လို့ ပြောခဲ့တယ်။”

“မထားဆန်းတော့ပါဘူး။ သူဌေးကြီးက ပရိုမိုးရှင်းတစ်ခါလုပ်တိုင်း အမြဲတမ်း ပိုက်ဆံအများကြီးရတယ်။”

အပန်းဖြေစခန်း၏တည်နေရာသည် မရွေ့လျားသွားသောကြောင့် ချဲ့ထွင်ထားသော အုတ်မြစ်ကျောက်အားလုံးကို ကျွန်းအတွင်း၌သာ ပြည့်သွားစေခဲ့ပြီး အပန်းဖြေစခန်းကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

သစ်တောထဲရှိ အစားအစာများကို ကိုင်တွယ်ပြီးနောက် စွန်းကုထောင်နှင့် အခြားသူများ အပန်းဖြေစခန်းသို့ ပြန်လာခဲ့ကြသည်။

သိသာထင်ရှားသည့် လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ သူတို့သည်လည်း အလွန်အံ့အားသင့်သွားခဲ့ကြသည်။

“ဒါကိုမှ ကျွန်းချဲ့တယ်လို့ခေါ်တာ။ တစ်ကြိမ်ကို စတုရန်းအနည်းငယ်လောက်ချဲ့တာက လုံးဝမမြင်ရဘူး။”

စွန်းကုထောင်က သက်ပြင်းချလိုက်မိသည်။

“ဟုတ်တယ်။ ဒီတစ်ကြိမ် ဧရိယာကို ဘယ်လောက်တောင်ချဲ့ပစ်လိုက်တာလဲဆိုတာ ငါတကယ်သိချင်မိတယ်။”

ချူရှန်းက ပြောလိုက်သည်။

“ငါတို့ ဘာလို့ အတွင်းပိုင်းကို တစ်ချက်လောက် ဝင်မကြည့်ကြရမှာလဲ။”

ဖန်မင်လုံက အကြံပြုလိုက်သည်။

သူတို့သည် အပန်းဖြေစခန်းမှနေ၍ ကျွန်း၏အတွင်းပိုင်းအခြေအနေများအား မြင်နိုင်ခြင်းမရှိသလို ထိုရွေ့လျားမှု၏အကွာအဝေးကိုလည်း ခံစားနိုင်ခြင်းမရှိပေ။

ကျန်သူများလည်း ခေါင်းညိတ်လိုက်ကြပြီး အားလုံး အတူတကွ ထရပ်ကာ ခွဲခြားထားသောနံရံဆီသို့ လျှောက်သွားကြသည်။

ခွဲခြားထားသောနံရံကို ဖြတ်သန်းပြီးသည်နှင့် လူတိုင်း ထိတ်လန်သွားကြရလေသည်။

မျက်စိရှေ့မှောက်တွင် မြင်လိုက်ရသည်မှာ ကြီးမားသောနေရာလွတ်ကြီးဖြစ်ပြီး အထူးသဖြင့်သတ်မှတ်ထားသော သီးသန့်ဇုန်တစ်ခုနှင့်ပင် တူညီနေခဲ့သည်။

ဤအသစ်ချဲ့ထွင်ထားသောနေရာများသည် အပင်များမရှိသေးဘဲ ဗလာဖြစ်နေဆဲပင်။

“ဒီလောက်တောင် ကျယ်ပြန့်တယ်ဆိုတော့ သုံးကီလိုမီတာလောက် ရှိရမယ်။”

စွန်းယောင်က မသေချာမရေရာဟန်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါထက်ပိုတယ်။ လေးကီလိုမီတာလောက်ရှိမယ်ထင်တယ်။”

ဖန်မင်လုံက ခေါင်းခါပြီး ပြောလိုက်သည်။

ချူရှန်းသည် စိတ်ထဲတွင် အနည်းငယ်တွက်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က နံရံအတွင်းမှာရှိနဲ့ ဗီလာကို ဗဟိုပြုပြီး မညီအမျှချဲ့ထားတာဆိုရင် ကျုပ်တို့ကျွန်းရဲ့ဘေးတိုက်အလျားက အနည်းဆုံး ၈ ကီလိုမီတာလောက် တိုးသွားတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ ဦးလေးအန်ပြောဖူးတာကို ကျုပ်မှတ်မိတယ်။ ကျုပ်တို့ကျွန်းက ယခင်က ခုနစ်ကီလိုမီတာကျော်ရှိတယ်။ ဒီတစ်ကြိမ်မှာ နှစ်ဆဖြစ်သွားတာများလား။”

“ဘေးတိုက်အလျားသာ နှစ်ဆဖြစ်သွားရင် ဧရိယာက ယခင်ကထက် လေးဆဖြစ်သွားတယ်လို့ ဆိုလိုလိုက်တာပဲမဟုတ်ဘူးလား။”

စွန်းငုထောင်၏ မျက်လုံးများ ပြူးကျယ်သွား၏။

“ကျွန်းပိုင်ရှင်က အဲ့လောက်တောင် ကြမ်းတာလား။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်က ဘယ်တုန်းကမကြမ်းခဲ့ဖူးလို့လဲ။ နောက်ဆုံးတစ်ကြိမ် ငါဆေးဝါးအနည်းငယ်ပေးခဲ့တုန်းက ကျွန်းပိုင်ရှင်က ငါ့ကို တစ်ခါတည်းနဲ့ အုတ်မြစ်ကျောက် တစ်ထောင်ဆုချီးမြှင့်ခဲ့တယ်။ ကျုပ် အိပ်မက်ထဲမှာတောင် မမက်ဖူးဘူး။”

“ကျွန်းပိုင်ရှင်ရဲ့ချဲ့ထွင်မှုနည်းလမ်းအတိုင်းဆိုရင် ကြိမ်ရေအများကြီးမလိုဘဲ ငါတို့အရင်ကမ္ဘာက ရှားနိုင်ငံရဲ့နယ်မြေအထိ ချဲ့နိုင်မယ်လို့ ခန့်မှန်းရတယ်။”

ဝေပေါ်က ပြောလိုက်သည်။

ထိုအခါ ဖန်မင်လုံက သူ၏ခေါင်းကို ခါယမ်းပြီး ပြန်ဖြေလိုက်သည်။

“မင်းအရမ်းတွေးလွန်းနေပြီ။ ကျုပ်ရဲ့ခန့်မှန်းချက်အရဆိုရင် ကမ္ဘာ့လူဦးရေက တစ်သန်းအောက်လောက်ပဲရှိတယ်။ လူတစ်သန်းကို တွက်ကြည့်မယ်ဆိုရင် တစ်ယောက်က တစ်နေ့ကို အုတ်မြစ်ကျောက် ခြောက်ခုလောက်ဖွင့်နိုင်တယ်။ တစ်နေ့တာစုစုပေါင်း အုတ်မြစ်ကျောက်အရေအတွက်က ခြောက်သန်းလောက်ရှိတယ်။ အားလုံးကို ကျွန်းပိုင်ရှင်ဆီပေးရင်တောင် စတုရန်းကီလိုမီတာ ခြောက်ခုပဲရမယ်။ ယခင်ရှားနိုင်ငံရဲ့နယ်မြေက ၉.၆ သန်း စတုရန်းကီလိုမီတာရှိတယ်။ ရှားနိုင်ငံရဲ့နယ်မြေကို ပြည့်မှီဖြစ်ဖို့ဆိုရင် ရက်ပေါင်း ၁.၆ သန်းလိုတယ်။”

“အာ ရက်ပေါင်းအများကြီး လိုအပ်တယ်လား။”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“အုတ်မြစ်ကျောက်ရယူနိုင်တဲ့ အခြားနည်းလမ်းတွေ မရှိဘူးဆိုရင်ပေါ့။”

ဖန်မင်လုံက တိတ်တဆိတ် ရေရွတ်လိုက်သည်။

ဘီ...ဘီ...ဘီ...။

ထိုစဥ် လူတိုင်း၏ဖုန်းများသည် တစ်ချိန်တည်း အသံမြည်လာပြီး ရှောင်းယီပို့လိုက်သော စာသားမက်ဆေ့ဂျ်တစ်စောင်ကို လက်ခံရရှိခဲ့ကြသည်။

“ဗီလာကိုလာခဲ့ကြ။ ဆွေးနွေးစရာရှိတယ်။”

All Chapters