အခန်း (၅၃၉-၅၄၀)
Vol. 37 Ch. 539-540
အခန်း ၅၃၉ - ယဉ်ကျေးသော လူ့အဖွဲ့အစည်းရှိသည့် ဒေသခံများ၊ ကျွန်းကို ထပ်မံချဲ့ထွင်ခြင်း
ထိုသတင်းအချက်အလက်ကို လက်ခံရရှိပြီးနောက် လူတိုင်းသည် ချက်ချင်းပင် ဗီလာဆီသို့ ပြေးသွားလိုက်ကြလေသည်။
အန်းယွဲ့သည် အရှေ့ဘက်ဗီလာဝင်ပေါက်တွင် သူတို့ကို စောင့်မျှော်နေပြီဖြစ်သည်။ သူတို့ရောက်လာသည်ကို မြင်သောအခါ ဗီလာအတွင်းသို့ ဝင်သွားရန် အချက်ပြလိုက်သည်။
“ဦးလေးအန်း ဘာဖြစ်သွားလို့လဲ။”
ကျန်းယွင်ထျန်းက ပဟေဠိဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
“ဒါက ကျွန်းချဲ့ထွင်ပြီးနောက် စီစဉ်ထားတဲ့အရာတစ်ခုဖြစ်သင့်တယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ရှုံးတိ ပြန်လည်ပေးပို့လာခဲ့သော သတင်းအချက်အလက်ကို ကြည့်ရင်း မျက်မှောင်ကြုံ့ကာ စဉ်းစားနေလိုက်သည်။
ယီထျန်းဂရုအတွင်း၌လည်း လူတိုင်း အပြင်းအထန် ဆွေးနွေးနေခဲ့ကြသည်။
“ငါ့ကျမှ ဒီလိုမျိုးအားကောင်းတဲ့ ဒေသခံတပ်ကို ဘယ်လိုလုပ်ပြီးလာတွေ့ရတာလဲကွာ။”
“ဘယ်လောက်တောင် အားကောင်းလို့လဲ။ S အဆင့် သုံးချက်ပစ်လောက်လွှဲနဲ့တောင် မကိုင်တွယ်နိုင်ဘူးလား။”
“အရမ်းအားကောင်းတယ်။ ရန်သူဘက်မှာ လက်နက်ကြီးတွေတောင်ရှိတယ်။”
“ဘာကြီးလဲ။ လက်နက်ကြီးတွေလား။ သောက်ကျိုးနည်း သူတို့က ငါတို့ကို အသက်ရှူချိန်တောင် မပေးကြတော့ဘူးလား။”
“ငါတို့က သုံးချက်ပစ်လောက်လွှဲတွေ သုံးနေရတုန်းပဲရှိသေးတယ်။ သူတို့က လက်နက်ကြီးတွေတောင် သုံးနေပြီလား။”
“သင်္ဘောကြီးတစ်စီးတည်းရောက်လာတယ်ဆိုပေမယ့် သင်္ဘောရဲ့မီးပြင်းအားက အရမ်းပြင်းတယ်။ ကျုပ်တို့ အပြတ်အသတ် ရှုံ့နိမ့်တော့မလို့ပဲ။ ကံကောင်းတာက သူဌေးက ဒီတစ်ကြိမ် Sအဆင့် သုံးချက်ပစ်လောက်လွှဲတွေပေးခဲ့လို့ပေါ့။ မဟုတ်ရင် ကျုပ်တို့တကယ်ဒုက္ခရောက်သွားမှာပဲ။”
“အဲ့လောက်တောင် ပြင်းတယ်လား။ မင်းတို့ ပြင်းပြင်းထန်ထန် ဆုံးရှုံးသွားသေးလား။”
“ပြဿနာတော့မရှိပါဘူး။ သူတို့ရဲ့အမြောက်ဆံတွေက ပေါက်ကွဲတာမျိုးမဟုတ်ဘူး သံခဲအလုံးတွေပဲ။ ကျုပ်တို့က အချိန်မီ ရှောင်တိမ်းနိုင်တယ်။”
“အဲ့ဒါဆို ကောင်းတယ်။ တိုက်မိပြီး ပေါက်ကွဲတဲ့မျိုးဆိုရင် ကျုပ်တို့တကယ် ပြန်တိုက်လို့မရတော့ဘူး။ အညံ့ခံလိုက်ရုံပဲ။”
“ဒေသခွတွေက ကျုပ်တို့နောက်က်ကို အမြဲအမီလိုက်နေရတယ်လို့ပဲ ခံစားခဲ့ရတာ။ အခု သူတို့က ဘယ်လိုလုပ်ပြီး ရုတ်တရက်ရှေ့ရောက်သွားတာလဲ။”
“ဟုတ်တယ်။ ကျုပ်တို့ ဒူးလေးတွေသုံးနေတုန်းက သူတို့က ကျောက်လှံတွေသုံးနေရသေးတုန်းပဲ။ အခန်းကဏ္ဍတွေက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပြောင်းသွားရတာလဲ။ သူတို့က အခု လက်နက်ကြီးတွေ သုံးနေပြီး ကျုပ်တို့က သုံးချက်ပစ်လောက်လွှဲတွေ သုံးနေရတုန်းပဲ။”
“လူတိုင်း အရမ်းလည်းမထိတ်လန့်ကြပါနဲ့။ သူတို့သင်္ဘောပေါ်က လက်နက်ကြီးအရေအတွက်က အကန့်အသတ်ရှိတယ်။ အမှနိတကယ် တိုက်ခိုက်တဲ့အခါ S အဆင့် သုံးချက်ပစ်လောက်လွှဲတွေက ပိုပြီးထိရောက်မှုရှိတယ်။”
“တကယ်လား။ ဒါဆိုရင်တော့ သူဌေးကို တကယ်ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အသက်ရှင်ကျန်ရစ်သူတွေအများကြီး ဂိဂိဖြစ်သွားတော့မှာပဲ။”
ရှောင်းယီသည်လည်း ထိုသတင်းအချက်အလက်ကို မြင်လိုက်ရပြီး ဂရုထဲတွင်ပြောလိုက်သည်။
“ဒီကမ္ဘာကြီးက အရမ်းကျယ်ပြန့်လွန်းတယ်။ ကျုပ်တို့မသိသေးတဲ့ ဒေသခံတွေ အများကြီးရှိနေနိုင်တယ်။ ခုနက တိုက်ခိုက်ခံရတဲ့ မဟာမိတ်အဖွဲ့ကိုမေးချင်တယ်။ အဲ့ဒီဒေသခံတွေရဲ့ အဝတ်အစားတွေက ကျုပ်တို့အမြဲတွေ့နေကျ ဒေသခံတွေနဲ့ ကွဲပြားမှုရှိ၊မရှိ သတိထားမိလား။”
“ခြားနားချက်က အရမ်းကြီးလိုက်တယ်။ ဒေသခံတွေလို့တော့ ခံစားရတယ်။ ဒီက ဒေသခံတွေက တိရစ္ဆာန်သားရေတွေဝတ်ထားကြတာ။ ဒါပေမယ့် ဒီတစ်ကြိမ် ကျုပ်တို့ကိုတိုက်ခိုက်လာတဲ့ ဒေသခံတွေက အင်္ကျီတွေဝတ်ထားတယ်။ တချို့စစ်သားတွေဆိုရင် သံခမောက်တွေတောင် ဆောင်းထားတယ်။”
“မဖြစ်နိုင်ဘူး...။ ငါတို့က ရုတ်တရက်ကြီး အလယ်ခေတ်ကာလကို ရောက်သွားတာလား။”
“ဒေသခံတွေက သံခမောက်တွေဝတ်ထားမှတော့ ငါတို့က ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ။”
“မင်းလည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး သံခပ်စင်စင် ဒါမဟုတ် ကြေးနီခမောက်တချို့ လုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ပုံပန်းသဏ္ဍာန်ပြောင်းလဲသွားရုံပဲ။ ထုတ်လုပ်မှုပုံစံမလိုအပ်ဘူး။”
“မှန်တယ်။ ခဏနေရင် ငါလည်း တစ်ခုလောက်လုပ်ရမယ်။ အနည်းဆုံးတော့ ငါ့ရဲ့အဓိကအစိတ်အပိုင်းတွေကို ကာကွယ်ဖို့ပဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒါက ကျုပ်တို့ကိုတိုက်ခိုက်နေတဲ့ ဒေသခံတွေအပြင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအထိ ဆင့်ကဲပြောင်းလဲထားတဲ့ ဒေသခံတချို့လည်း ရှိသေးတယ်ဆိုတာကို ပြသနေတာပဲ။ ဒီလူတွေမှာ သူတို့ကိုယ်ပိုင်မြို့တွေရှိသင့်တယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ လူတိုင်း ပိုပြီးဂရုစိုက်သင့်တယ်။ အဲ့ဒီမြို့တွေထဲက မှော်ဆရာတွေက ဒေသခံမျိုးနွယ်စုတွေထဲကလူတွေထက် ပိုပြီးစွမ်းအားကြီးနိုင်တယ်။”
“မှန်တယ်...။ ဒေသခံမှော်ဆရာတွေကတောင် အခုချိန်မှာ အရမ်းစွမ်းအားကြီးနေတာ ဒီယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲက မှော်ဆရာတွေဆိုရင် ပိုပြီးတောင် စွမ်းအားကြီးရမယ်။”
“ကျုပ်ခံစားရတာကတော့ ကျုပ်တို့က သားရဲတွေနဲ့တိုက်ခိုက်ပြီး အဆင့်တက်အောင် လုပ်နေရသလိုပဲ။ ကျုပ်တို့အဆင့်နိမ့်သားရဲတွေကို ကိုင်တွယ်ပြီးတာနဲ့ စနစ်ကချက်ချင်းပဲ ပိုမြင့်တဲ့သားရဲတစ်ကောင်ကိုစီစဉ်ပြီး ကျုပ်တို့ကသူ့ကိုတိုက်ခိုက်ရလိမ့်မယ်။”
“ဟုတ်တယ်။ အဲ့ဒါကြောင့် ဂျေဘီက ကောင်းကောင်းလုပ်နိုင်နေတာ။ ဒီကမ္ဘာကတကယ့်ကို လက်တွေ့ဘဝမှာ ဂိမ်းကစားနေရသလိုပဲ။”
ရှောင်းယီသည် သူတို့ကို အနည်းငယ်သတိပေးရုံသာဖြစ်ပြီး ချူဖုန်းမြို့၏ထောက်လှမ်းရေးအချက်အလက်များအကြောင်း အများကြီး ပြောပြခဲ့ပေ။
“ကျွန်းပိုင်ရှင် လူတိုင်းရောက်နေပါပြီ။”
အန်းယွဲ့က ရှောင်းယီထံသို့ မက်ဆေ့ဂျ်ပို့လိုက်သည်။
ရှောင်းယီ ထရပ်လိုက်ပြီး အရှေ့ဘကှ်ီလာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ဗီလာ၏ဧည့်ခန်းသို့ ရောက်သောအခါ စွန်းကုထောင်နှင့် အခြားသူများမှာ နေရာယူပြီးနေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျွန်းတစ်ခုချင်းစီမှ ခေါင်းဆောင်များသာ တက်ရောက်ခဲ့ကြသည်။
“လူတိုင်းပဲ ဒီနေ့မကုန်သေးခင်မှာတင် အခြေအနေအသစ်တွေ ပေါ်လာပြီ။”
ရှောင်းယီက ပြောလိုက်သည်။
“တစ်စုံတစ်ယောက်က အဆင့်ပိုမြင့်တဲ့ ဒေသခံတွေနဲ့ ကြုံခဲ့ရတယ်။”
လူတိုင်းသည် အလွန်အမင်း တုန်လှုပ်သွားခဲ့ကြသည်။ မူလက သူတို့သည် လူတိုင်းကို ခေါ်ယူခြင်းမှာ ကျွန်းချဲ့ထွင်ခြင်းကြောင့်သာဖြစ်သည်ဟု ထင်ခဲ့ကြခြင်းပင်။
“အဆင့်ပိုမြင့်တဲ့ ဒေသခံတွေလား။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“ချူဖုန်းမြို့လိုမျိုး ဖြစ်နိုင်မလား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
တက်ရောက်လာသူများထဲတွင် ကျန်းယွင်ထျန်း၊ ပိုင်ချီနှင့် ဖူရှီတို့သာ ချူဖုန်းမြို့၏တပ်ဖွဲ့များကို မြင်ဖူးခဲ့ကြသည်။
ကျန်သူများအားလုံးမှာမူ ပဟေဠိဖြစ်နေခဲ့ကြသည်။
“လူတိုင်း အရမ်းပဟေဠိဖြစ်နေကြမှာပဲ။ ဒီစကားဝိုင်းကို ကြည့်လိုက်ရင် သိသွားကြလိမ့်မယ်။”
ရှောင်းယီသည် သူ၏ဖုန်းကိုအသုံးပြုပြီး ခုနကဂရုထဲက စကားဝိုင်းရှိအကြောင်းအရာများကို ဓာတ်ပုံရိုက်ကာ လက်ရှိလူတိုင်းထံသို့ ပို့ပေးလိုက်သည်။
လူတိုင်းသည် အလျင်အမြန် စစ်ဆေးကြည့်ရှုလိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်မိလိုက်ကြသည်။
“ကျွန်းပိုင်ရှင် ဂရုထဲမှာဖော်ပြထားတဲ့ ဒေသခံတွေက ခင်ဗျားပြောတဲ့ ချူဖုန်းမြို့တပ်ဖွဲ့တွေနဲ့ အတူတူပဲလား “
စွန်းကုထောင်က မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါပြီးပြောလိုက်သည်။
“အရမ်းတူတယ်။ ဒါပေမယ့် သေချာပေါက်တော့မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်
“ချူဖုန်းမြို့မှာက အမြောက်ကြီးတွေ မရှိသလိုပဲ။”
ကျန်းယွင်ထျန်းသည်လည်း ရှောင်းယီစီစဉ်ပေးထားသော သူလျှိုများမှ ပြန်လည်ပေးပို့လာသော ထောက်လှမ်းရေးသတင်းအချက်အလက်များကို မြင်ဖူးပြီး လက်နက်ကြီးများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ချက်မျိုး မရှိခဲ့ပေ။
ရှောင်းယီက ပြောလိုက်သည်။
“ခုနက ရှုံးတိက စာပို့ပြီး ချူဖုန်းမြို့မှာ လက်နက်ကြီးထုတ်လုပ်မှုတွေ တွေ့ရှိခဲ့ရတယ်လို့ ပြောခဲ့တယ်။”
“မဖြစ်နိုင်ဘူး...ဒီဆင့်ကဲပြောင်းလဲမှုနှုန်းက အရမ်းမြန်လွန်းမနေဘူးလား။”
ကျန်းယွင်ချန်းက အံ့ဩထိတ်လန့်စွာ ပြောလိုက်မိသည်။
“ဒါပေမယ့် တစ်ဖက်ကမီးသွေးကျည်ဆံသုံးသေနတ်တွေကို သွန်းလုပ်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့က အချင်းကိုကြီးမားအောင်လုပ်ပြီး လက်နက်ကြီးအဖြစ် ပြောင်းလဲသင့်တယ်လို့ စဉ်းစားခဲ့တာမျိုးဖြစ်သင့်တယ်။”
ဖန်မင်လုံက ပြောလိုက်သည်။
လူတိုင်း ခေါင်းညိတ်မိလိုက်ကြသည်။
“ဒီတစ်ကြိမ် လူတိုင်းကိုစုစည်းရတဲ့ရည်ရွယ်ချက်က ပထမဆုံးအနေနဲ့ ကာကွယ်ရေးကို မလျှော့သင့်ဘူးဆိုတာကို ပြောဖို့ပဲ။ ဒုတိယအနေနဲ့က မဟာမိတ်အဖွဲ့ခွဲတစ်ခုစီရဲ့ ဗျူဟာမြောက်အနက်ကို အဆင့်တိုးမြှင့်ဖို့ပဲ။ မဟာမိတ်အဖွဲ့ခွဲတစ်ခုစီကို ထပ်မံချဲ့ထွင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကို ဒီနေ့လူတိုင်းပူးပေါင်းဆောင်ရွက်မှုအတွက် ဆုချီးမြှင့်တာလို့လည်း မှတ်ယူနိုင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ သူတို့တာဝန်ယူထားသောကျွန်း၏ဧရိယာကို ချဲ့ထွင်ခြင်းသည် သူတို့၏လုပ်ဆောင်မှုနေရာ ပိုမိုကျယ်ပြန့်လာသည်ဟု ဆိုလိုခြင်းပင်။
“ကျွန်းပိုင်ရှင် ကျုပ်တို့အတွက် ဒီတစ်ကြိမ်မှာ ဘယ်လောက်ထိ ချဲ့ ထွင်ပေးဖို့ စီစဉ်ထားလဲ။”
စွန်းကုထောင်က စူးစမ်းစွာမေးလိုက်သည်။
လူတိုင်းက ရှောင်းယီကို မျှော်လင့်တကြီးနှင့် ကြည့်လိုက်ကြသည်။
“အားလုံးကို စတုရန်းမီတာ ၂၀၀,၀၀၀ အထိချဲ့ထွင်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ရှောင်းယီအား တစ္ဆေတစ်ကောင်အား တွေ့လိုက်ရသလို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကြလေသည်။
“ကျွန်း...ကျွန်းပိုင်ရှင် ခင်ဗျား ခုနက ဆယ်ခုပိုပြောမိလိုက်တာလား။”
ချူရှန်းသည် လျှာကယပင် အနည်းငယ်ခေါက်သွားခဲ့သည်။
“မဟုတ်ဘူး...၂၀၀,၀၀၀ ပဲ။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီသည် ယနေ့လဲလှယ်မှုများမှ အုတ်မြစ်ကျောက် သန်း ၂၀၀ ကိုသာ အသုံးပြုခဲ့ပြီး အုတ်မြစ်ကျောက် ၂ သန်းနီးပါး ကျန်ရှိနေသေးသည်။
ထို့ပြင် အကြွင်းမဲ့သော့အတွက် ငှားရမ်းခများကိုပင် မကောက်ခံရသေးပေ။ ထိုငှားရမ်းခများကို ကောက်ခံပြီးသည်နှင့် အုတ်မြစ်ကျောက်များ ထပ်မံရရှိဦးမည်ဖြစ်သည်။
ကျွန်းတစ်ကျွန်းလျှင် ၂၀၀,၀၀၀ နှင့် မဟာမိတ်အဖွဲ့ခွဲ ခြောက်ကျွန်းအတွက် အုတ်မြစ်ကျောက် ၁.၂ သန်းသာ လိုအပ်သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့မှာ အုတ်မြစ်ကျောက် အဲ့လောက်အများကြီးရှိလို့လား။”
ဝေပေါ်က မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
“စိတ်မပူပါနဲ့ ...လုံလောက်ပါတယ်။ မင်းက ငါ့အတွက် ယမ်းစိမ်းကိုသေချာလုပ်ပေးရမယ်။ ယမ်းမှုန့်လိုအပ်ချက်က နောက်ပိုင်းမှာ အရမ်းများလာလိမ့်မယ်။”
ရှောင်းယီက ဝေပေါ်ကိုကြည့်ပြီး ညွှန်ကြားလိုက်သည်။
“ကျွန်းပိုင်ရှင် စိတ်မပူပါနဲ့။ ကျုပ်သေတဲ့အထိ အကောင်းဆုံး ကြိုးစားပေးပါ့မယ်။”
ဝေပေါ်သည် စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ရီနေခဲ့သည်။
လူတိုင်း၏ကျွန်းများသည် ယေဘုယျအားဖြင့် စတုရန်းမီတာ ၂၀၀ ခန့်သာရှိပြီး ရှောင်းယီချဲ့ထွင်ပြီးနောက် သူတို့၏ကျွန်းများမှာ ၂၀၀,၀၀၀ ဖြစ်လာခဲ့လေသည်။
သေစမ်း.. ဒီလိုမျိုးစစ်မှန်တဲ့သူဌေးကြီးနောက်ကို သေချာပေါက်လိုက်ရမှာပေါ့ကွ။
သူဌေးကြီးရဲ့စကားတစ်ခွန်းနဲ့တင် မင်းဘဝအတွက် ရုန်းကန်လှုပ်ရှားဖို့ ဆယ်နှစ်စာလောက် သက်သာသွားစေတယ်။
အခန်း ၅၄၀ - စီစဉ်မှု၊ ကျွန်းပေါ်တွင်နေထိုင်နိုင်သည်
“အရင်ကလိုပဲ လိုအပ်ချက်တွေကတော့ အတူတူပဲ။ ဒီလိုမျိုး တညီတညွတ်တည်း ချဲ့ထွင်ပြီးတဲ့နောက် အစ်ကိုကျန်း မင်းက ကျွန်းတစ်ခုစီအတွက် လုံခြုံရေးတပ်ဖြန့်မှုတွေကို ဆောင်ရွက်ပေးဖို့လိုတယ်။ လုံးဝပြဿနာရှိလို့မရဘူး။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ထရပ်ပြီး ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင် စိတ်ချလက်ချသာနေပါ။ ကျုပ် အောင်အောင်မြင်မြင်နဲ့ အမှုတော်ကို ထမ်းရွက်ပါ့မယ်လို့ အာမခံပါတယ်။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“လူတိုင်းပဲ နိုးနိုးကြားကြားရှိကြပါ။ ဒါပေမယ့် အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့။ ဘာလို့လဲဆိုတော့ ငါတို့မှာလည်း လက်နက်ကြီးတွေရှိနေပြီ။ ဒေသခံတွေ လုပ်တာထက်တောင် ပိုကောင်းတယ်။”
“ဘာရယ်။ ကျုပ်တို့မှာလည်း လက်နက်ကြီးတွေ ရှိသေးတယ်ဟုတ်လား။ ဘယ်နှစ်ခုရှိတာလဲ။”
စွန်းယောင်က စူးစမ်းစွာ မေးလိုက်သည်။
“တစ်ယောက်ကို ဘယ်လောက်ဆိုရင် လုံလောက်မလဲ။ ကျုပ်တို့မှာ မဟာမိတ်အဖွဲ့ခွဲကျွန်း ခြောက်ကျွန်းနဲ့ ပင်မကျွန်းနဲ့ပေါင်းရင် စုစုပေါင်းခုနစ်ကျွန်းရှိတယ်။ အမြောက်နည်းနည်းလေးက သိပ်အသုံးမဝင်ဘူး။ ဒါပေမယ့် ကျွန်းပိုင်ရှင်က ဒီလိုပြောလာပြီဆိုမှတော့ ကျုပ်တို့မှာ အမြောက်ပုံစံကွက်ရှိမယ်လို့ ကျုပ်ခန့်မှန်းမိတယ် “
ချူရှန်းက ရှောငယီကိုကြည့်ကာ ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ငါတို့မှာ အမြောက်ပုံစံကွက်ရှိတယ်။ ပြီးတော့ အဲ့ဒါက Sအဆင့် လက်နက်ကြီးပုံစံကွက်ပဲ။ လူတိုင်းရဲ့ကျွန်းပေါ်က သုံးချက်ပစ်လောက်လွှဲတွေကို ရောင်းထုတ်လိုက်ပြီးသားဖြစ်ပြီး အားလုံးကို လက်နက်ကြီးတွေနဲ့ လဲထားတယ်။”
“ငါ... ကျွန်းပိုင်ရှင်က အရမ်းအံ့ဩစရာကောင်းတာပဲ။”
စွန်းကုထောင်သည် ထွက်ခါနီးနီး ကျိန်ဆဲတော့မည့်စကားလုံးများကို ချုပ်တည်းရင်း ပြောလိုက်သည်။
“ဒါပေမယ့် အမြောက်တွေက သတ္ထုတွေအများကြီးထောက်ပံ့ပေးဖို့လိုမယ်ထင်တယ်...ဟုတ်တယ်မလား။”
ဖန်မင်လုံက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ငါတို့မှာရှိတဲ့သတ္ထုတွေက လုံလောက်ရဲ့လား။”
“လုံလောက်မယ်ထင်တယ်။ ကျုပ်ရဲ့ကျွန်းမှာ သံသတ္ထုကြောရှိတယ်။ တူးဖော်ပြီးသွားပြီလေ။”
ပိုင်ချီက ပြောလိုက်သည်။
ရှောင်းယီကလည်း ပြုံးကာ ပြန်ဖြေလိုက်သည်။
“လုံလောက်ပါတယ်။ ပိုင်ချီရဲ့ကျွန်းမှာ သံသတ္ထုကြောရှိရုံတင်မကဘူး ဝူနာ့မျိုးနွယ်စုရဲ့ကျွန်းမှာလည်းရှိတယ်။”
ဖန်မင်လုံက ခေါင်းညိတ်လိုက်သည်။
ရှောင်းယီက ဆက်ပြောသည်။
“သံသတ္ထုကြောတွေက ပိုပြီးအဖြစ်များတဲ့ သတ္ထုကြောတွေထဲကတစ်ခုဖြစ်သင့်တယ်။ အဲ့ဒါကြောင့် မျိုးနွယ်စုများစွာရဲ့ကျွန်းတွေမှာ ဒီသတ္ထုကြောရှိတယ်။ ငါတို့မှာ ဖမ်းမိထားတဲ့ ဒေသခံမျိုးနွယ်စုတွေရဲ့ကျွန်းတွေ အများကြီးရှိသေးတယ်။ အဲ့ဒိနေရာတွေကို မသွားရသေးဘူး။ အဲ့ဒါကြောင့် ပိုပြီးရှာဖွေတွေ့ရှိမှုတွေရှိလိမ့်ဦးမယ်လို့ ငါယုံကြည်တယ်။”
“ကျွန်းပိုင်ရှင် ဒီလိုမျိုး အကြောင်းအရာပေါ်လာပြီဖြစ်တဲ့အတွက် အဲ့ဒီဒေသခံတွေကို မြန်မြန်ပြန်ပို့သင့်ပြီလို့ ကျုပ်ထင်ပါတယ်။”
အန်ယွဲ့က ကြားဖြတ်ကာ ပြောလိုက်သည်။
“အဲ့ဒီဒေသခံမျိုးနွယ်စုတွေက လူတွေအားလုံးကို ခေါ်လာနိုင်တယ်။ အခု ကျွန်းတစ်ခုစီရဲ့ဧရိယာက ပိုကြီးလာပြီဆိုတော့ စီမံခန့်ခွဲဖို့နဲ့ ထိန်းချုပ်ဖို့ လူအင်အားပိုပြီးလိုအပ်တယ်။”
အန်ယွဲ့သည် အဓိကအားဖြင့် မဟာမိတ်အဖွဲ့ခွဲကျွန်းများကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှောင်းယီ၏ကျွန်းတွင် သားရဲဘုရင်နှင့် အခြားသူများရှိသောကြောင့် သူသည် သစ်တောဆင့်ကဲပြောင်းလဲခြင်းနှင့် ပြန်လည်အသစ်ဖြစ်ပေါ်ခြင်းပြဿနာများကို ဘယ်တုန်းကမှ စိုးရိမ်ရခြင်းမရှိပေ။
သို့သော် စွန်းကုထောင်နှင့် အခြားသူများ၏ကျွန်းများတွင်မူ စာချုပ်ချုပ်ဆိုထားသော သားရဲများမရှိသောကြောင့် ၎င်းကိုထိန်းချုပ်ရန်အတွက် လူအင်အားအတိုင်းအတာတစ်ခုအထိ လိုအပ်ပေသည်။
ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အင်း အဆင်ပြေပါတယ်။ ဦးလေးအန်းနဲ့ အစ်ကိုကျန်းနဲ့ ခင်ဗျားတို့နှစ်ယောက် ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်လိုက်ပါ။”
“ဟုတ်ကဲ့။”
အန်းယွဲ့နှင့် ကျန်းယွင်ထျန်း ပြန်လည်ဖြေကြားလိုက်ကြသည်။
ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“သားရဲဘုရင်၊ တပိုင်နဲ့ အခြားသူတွေက ချင်းလုံဆီကနေ သင်ယူပြီး တပည့်တစ်စုခေါ်ထားသလိုပဲ။”
“အဲဒီလိုပဲဖြစ်မယ်ထင်တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် သူတို့ကို တပည့်တွေပိုပြီးလေ့ကျင့်ခိုင်းပြီး မဟာမိတ်အဖွဲ့ခွဲကျွန်းတွေဆီ သွားပြီး ဆင့်ကဲပြောင်းလဲမှုနဲ့ အသစ်ပြန်လည်ပေါ်ဖြစ်မှုအခြေအနေကို ကူညီပြီးထိန်းချုပ်ခိုင်းလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အန်ယွဲ့၏မျက်လုံးများတောက်ပသွားပြီး ပြောလိုက်သည်။
“ဒါက အကြံကောင်းပဲ။ ဒါပေမယ့် ကျွန်းပိုင်ရှင်ကိုယ်တိုင် အမိန့်ထုတ်ဖို့လိုတယ်။”
“အင်း ကျုပ်သူတို့နဲ့စကားပြောလိုက်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အခု မြို့ပြန်ကျောက်တွေ လုံလောက်နေပြီ။ လူတိုင်းက ကိုယ့်ကျွန်းပေါ်က အလုပ်တွေကို စီစဉ်ထားနိုင်ရင် ဒီကျွန်းပေါ်မှာနေပြီး အပန်းဖြေစခန်းဟိုတယ်မှာ အခန်းတစ်ခန်းရွေးလို့ရတယ်။”
“ကျွန်းပိုင်ရှင် အသက်ရှည်ပါစေ။”
စွန်းကုထောင်နှင့် အခြားသူများက ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။
သူတို့၏ကိုယ်ပိုင်ကျွန်းများသည် ဤနေရာကဲ့သို့ သက်တောင့်သက်သာမရှိလှပေ။
“ကျွန်းပိုင်ရှင် ကျုပ် နေ့ခင်းဘက် ကျွန်းပေါ်မှာ အလုပ်လုပ်ပြီး ညဘက် ပြန်လာလို့ရမလား။”
ဖန်မင်လုံက မေးလိုက်သည်။
“ဒါမှမဟုတ် မြို့ပြန်ကျောက်ကို တစ်နေ့ဘယ်နှစ်ကြိမ်အားသွင်းလို့ရလဲ။”
သူ၏ညီမနှင့် နေ့တိုင်းတွေ့ဆုံပြီး စကားပြောနိုင်ခြင်းသည် ဖန်မင်လုံ၏ အချိန်အကြာကြီး ရင်ဝယ်ပိုက်ထားခဲ့ရသည့် မျှော်လင့်ချက်ဖြစ်သည်။
ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းမိလိုက်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“အကြိမ်တစ်ရာအောက်ဆိုရင် မင်းအားသွင်းချင်လောက် အားသွင်းလို့ရတယ်။”
B အဆင့် စွမ်းအင်ပြွန်တစ်ခုလုံး အားပြည့်နေလျှင် ဦးတည်ချက်ကျောက်ကို နှစ်ကြိမ်နှင့် မြို့ပြန်ကျောက်ကို အကြိမ်တစ်ထောင် အားသွင်းနိုင်ကြောင်း သိထားရမည်ဖြစ်သည်။
ထို့ပြင် B အဆင့် စွမ်းအင်ပြွန်ကို ၁၂ နာရီအတွင်း အားပြန်ပြည့်အောင် လုပ်နိုင်သည်။
ယခုအခါ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတွင် လျှပ်စစ်ဓာတ်အားများ အလွန်အမင်းပိုလျှံနေသောကြောင့် ဤစွမ်းအင်အနည်းငယ်သည် ပြဿနာတစ်ခုမဟုတ်ပေ။
“အရမ်းကောင်းတယ်။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စွန်းကုထောင်က ထပ်မံ၍ ဝမ်းသာအားရ ကြွေးကြော်လိုက်သည်။
ကျန်သူများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ နေ့တိုင်း ဤနေရာတွင်မနေထိုင်လိုသည့်သူ မည်သူရှိမည်နည်း။
“လူတိုင်း ပြန်သွားပြီး ကိုယ့်ကျွန်းပေါ်က ခုခံကာကွယ်ရေးအတွက် သတိပေးလိုက်ကြပါ။ မင်းတို့ လုံးဝဂရုမစိုက်လို့မရဘူး။ ဦးလေးအန်းက ခဏနေရင် မင်းတို့ကျွန်းကိုချဲ့ဖို့အတွက် အုတ်မြစ်ကျောက်တွေ ပို့ပေးလိမ့်မယ်။ မင်းတို့အားလုံး အရင်ပြန်သွားကြတော့။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီသည် သူတို့တစ်ဦးစီကို မြို့ပြန်ကျောက်တစ်ခုစီ ပို့ပေးလိုက်လေသည်။
ဤအရာဖြင့် လူတိုင်းတွင် တင်ထွက်သွားလာရာ၌ လုံးဝလွတ်လပ်ခွင့်ရရှိသွားမည်ဖြစ်သည်။
“ဟုတ်ကဲ့ာ”
လူတိုင်းက ပြန်လည်ဖြေကြားလိုက်သည်။
စွန်းကုထောင်နှင့် အခြားသူများသည် တိုက်ရိုက်ပင် ဆိပ်ကမ်းသို့သွားလိုက်ကြပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသော သင်္ဘောကြီးတစ်စီးကိုရှာဖွေကာ မြို့ပြန်ကျောက်ကို သူတို့၏ကျွန်းသို့ လဲလှယ်ပေးလိုက်ပြီး တည်နေရာသတ်မှတ်ကာ တဖန်ပြန်လည်လွှဲပြောင်းယူလိုက်သည်။
ထို့နောက် မြို့ပြန်ကျောက်ကိုအသုံးပြု၍ ၎င်းတို့၏ကျွန်းများသို့ ပြန်သွားခဲ့ကြသည်။
အန်းယွဲ့သည် ကျွန်းတစ်ကျွန်းလျှင် အုတ်မြစ်ကျောက် ၁၉၀,၀၀၀ စီပို့ပေးခဲ့ပြီး ယခင်က ၁၀,၀၀၀ နှင့်ပေါင်းလိုက်လျှင် ၂၀၀,၀၀၀ ဖြစ်သည်။
ကျွန်းများကို စတုရန်းမီတာ ၂၀၀,၀၀၀ အထိ ချဲ့ထွင်ပြီးနောက် ကျွန်းပေါ်ရှိ အစောင့်များအား လှည့်လည်စောင့်ကြပ်ကာကွယ်ရန် သတိပေးခဲ့သည်။
ထို့နောက် သူတို့သည် မြို့ပြန်ကျောက်များကို ရှောင်းယီ၏ကျွန်းသို့ ထပ်မံလွှဲပြောင်းပေးလိုက်ပြီး အားသွင်းကာ တည်နေရာသတ်မှတ်ပြီးနောက် တဖန် ပြန်လည်၍ လွှဲပြောင်းရယူခဲ့သည်။
စကားဖြင့်ပြောရာ၌ ရှုပ်ထွေးပုံရသော်လည်း ယခုအခါ တည်နေရာကူးပြောင်းခြင်းနှင့် မြို့ပြန်ကျောက်အားသွင်းခြင်းအတွက် တာဝန်ရှိသူများ ရှိပြီးသားဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးသည် ဆယ်စက္ကန့်ထက် ပိုမကြာပေ။
“ဒီစတုရန်းမီတာ ၂၀၀,၀၀၀ က နည်းနည်းကြီးလွန်းတယ်။ ငါ့ကျွန်းကလူတွေနဲ့ လုံးဝမလုံလောက်ဘူး။”
စွန်းယောင်က ညည်းညူရင်း ပြောလိုက်သည်။
“ငါ့ဟာရောပဲ...,အရမ်းကြီးလွန်းတယ်။ လူတွေအများကြီးထပ်ပြီးလိုအပ်သေးတယ်။”
ပိုင်ချီကလည်း သဘောတူလိုက်သည်။
“ဦးလေးအန်းဆီက လူနည်းနည်းလောက် သွားတောင်းကြည့်ရအောင်။”
ဖန်မင်လုံက အကြံပြုလိုက်သည်။
“ဟုတ်တယ်...အတူတူသွားကြမယ်။”
လူတိုင်းက ပြောလိုက်ကြသည်။
သူတို့ အန်းယွဲ့ကိုရှာတွေ့သောအခါ အန်ယွဲ့သည် သူတို့ပြန်ရောက်လာမည်ကို မျှော်လင့်ထားသည့်ပုံရပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ငါစီစဉ်ပြီးသားပါ။ ကျွန်းပေါ်ကလူတွေကို သူတို့နဲ့တွေ့ဆုံခိုင်းလိုက်။ ကျွန်းတစ်ကျွန်းကို လူ ၅၀၀ စီ အရင်ပေးထားမယ်။ ဖမ်းမိထားတဲ့မျိုးနွယ်စုဝင်အားလုံးကို ပြန်ခေါ်ပြီးတဲ့နောက်မှာ ထပ်ဖြည့်ပေးမယ်။”
“ကျေးဇူးတင်ပါတယ် ဦးလေးအန်း။”
လူတိုင်းက ပြောလိုက်ကြသည်။
၎င်းသည် လူ ၅၀၀ သာရှိသော်လည်း လူအင်အားမလုံလောက်မှု၏အခြေအနေကို သက်သာရာရစေခဲ့သည်။
“သွားကြရအောင်...တစ်နေ့လုံးအလုပ်များနေခဲ့ကြတာဆိုတော့ အရက်သွားသောက်ကြရအောင်။”
စွန်းကုထောင်က ခေါ်လိုက်သည်။
“မင်းအရင်သွားနှင့်လိုက် ငါအခန်းရွေးလိုက်ဦးမယ်။”
ဖန်မင်လုံက ပြောလိုက်သည်။
“စိတ်မပူစမ်းပါနဲ့။ ဖန်ချင်းလွမ်ဘေးကအခန်းကို ဘယ်သူမှမရွေးဘူး။ အဲ့ဒါကို မင်းအတွက်သေချာပေါက်ချန်ထားပေးပါ့မယ်။”
ချူရှန်းက သူ့ပခုံးကိုပွေ့ဖက်ပြီး ပြောလိုက်သည်။
“သွားကြရအောင် အရင်သွားသောက်ကြမယ်။”
ရယ်မောပျော်ရွှင်နေသောလူအုပ်ကြီး၏ကြားထဲတွင် ဖန်မင်လုံသည် ဘားသို့ ပင့်ဆောင်သွားခြင်း ခံလိုက်ရလေသည်။
ညနေ ၅ နာရီကျော်သွားပြီဖြစ်သည်။
ခရီးသွားများသည် နေမပူတော့သောအချိန်ကိုအသုံးချကာ ကမ်းခြေပေါ်သို့လျှောက်ထွက်လာခဲ့ကြပြီး အသားကင်စားခြင်း သို့မဟုတ် ရေကူးခြင်းများ ပြုလုပ်နေကြသည်။
အချို့သည် ကမ်းခြေပေါ်တွင်လဲလျောင်းကာ ဤတိုတောင်းသောအနားယူချိန်နှင့် ငြိမ်းချမ်းမှုကို ခံစားနေခဲ့ကြသည်။ သူတို့ပြန်သွားပြီးနောက် အသက်ရှင်သန်ရေးဆိုင်ရာပြဿနာကို ရင်ဆိုင်ရမည်အား အားလုံးသိထားကြသည်။
“ကမ်းခြေကိုကြည့်ရုံနဲ့တင် အရင်ကမ္ဘာက ကမ်းခြေအပန်းဖြေစခန်းတွေကို ပြန်ပြီးတောင့်တမိတယ်။”
စွန်းယောင်က သက်ပြင်းချလိုက်သည်။
“ဟုတ်တယ်...။ ဒါပေမယ့် ဒီကမ္ဘာမှာ ဒေသခံတွေ၊ ရေငန်သတ္တဝါတွေ၊ ရှေးဟောင်းသတ္တဝါတွေနဲ့ ငါတို့မသိသေးတဲ့အရာတွေ အများကြီးရှိသေးတယ်။”
ပိုင်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
စွန်းကုထောင် စားပွဲခုံကို ဖွဖွလေးခေါက်ပြီး ပြောလိုက်သည်။
“လူတိုင်းပဲ ညည်းမနေကြစမ်းပါနဲ့။ အနည်းဆုံးတော့ ငါတို့က မှန်ကန်တဲ့လူနောက်ကို လိုက်ခဲ့ကြတာပဲလေ။ မဟုတ်ဘူးလား။”