← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 38 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 38 Ch. 543-544

အခန်း ၅၄၃ - ရတနာမြေပုံသုံးခု၊ တပိုင် ထိုးဖောက်ရန် ကြိုးစားခြင်း

“ဟူး...ဟုတ်ပါတယ်လေ။ ကဲ ပြောတာ လုံလောက်ပြီ။ အချိန်လည်း နီးလာပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အသစ်အဆန်းတွေရှိ၊မရှိ ကြည့်ကြည့့်ရအောင်။”

“ပြီးခဲ့တဲ့အပတ်ကမှ အပ်ဒိတ်လုပ်ခဲ့တာဆိုတော့ ဒီအပတ် အပ်ဒိတ်လုပ်လောက်တော့မှာမဟုတ်ဘူး။”

“‌ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။ ဒါက အထက်လူတွေက ဘယ်လိုကစားချင်သလဲဆိုတာပေါ် မူတည်နေတာ။”

၁၁:၅၉ နာရီတွင် ရှောင်းယီသည် အကြွင်းမဲ့သော့၏ ငှားရမ်းခများ အားလုံးကို ကောက်ခံခဲ့သည်။

“လဲလှယ်မှု အောင်မြင်ပါသည်... နှစ်ဆရိတ်သိမ်းမှု ကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောအရင်းအမြစ်များ- အုတ်မြစ်ကျောက် ၄၇၆၉၂၈၀။”

အခြားအမျိုးမျိုးသော ကုန်သွယ်မှုများကိုပါ ထည့်သွင်းထားသောကြောင့် သူသည် နောက်ဆုံးအနေဖြင့် အုတ်မြစ်ကျောက် ၅ သန်း ထပ်မံရိတ်သိမ်းနိုင်ခဲ့သည်။

အချိန်သည် ညသန်းခေါင်ယံသို့ လျင်မြန်စွာဖြတ်သန်းသွားခဲ့ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ဘာအသစ်မှ ပေါ်မလာခဲ့ပေ။

“တကယ်ကို ဘာကြည့်စရာမရှိပုံပဲ။ လူတိုင်းပဲ ရေချိုးပြီး သွားအိပ်ကြပါတော့။”

“သေစမ်း ဒီလောက်ထိ အချိန်ကုန်ခံပြီး စောင့်နေတာကိုကွာ။”

“ဟုတ်တယ်...။ ငါတို့ရဲ့အချိန်တွေကို ဖြုန်းမိနေတာပဲ။ အိပ်တော့မယ်။”

“ကျူပ် မေးခွန်းတစ်ခုမေးပါဦးမယ်။ ကျုပ်တို့ဂရုမှာ ရတနာမြေပုံရထားတဲ့သူရှိလား။”

“ရတနာမြေပုံလား။ မရှိပါဘူး။ တစ်ယောက်ယောက်က ရတနာမြေပုံထပ်ရသွားပြန်ပြီလား။”

“ကျွန်တော်ရထားတယ်။ ပြီးတော့ အရိပ်အမြွတ်လည်း ရထားပြီးပြီ။ မနက်ဖြန် ဒီအချိန်လောက်ဆို တည်နေရာကူးပြောင်းပေးလိမ့်မယ်ထင်တယ်။”

“ချီးပဲ ညီအစ်ကို မင်းတော့ ပွပေါက်တိုးတာပဲ။ းပစ္စည်းကောင်းတွေရလာရင် ကျုပ်တို့ကိုမမေ့နဲ့နော်။”

“ဟုတ်တယ်...ရတနာမြေပုံထဲမှာ ထုတ်လုပ်မှုပုံကြမ်းတွေ အများကြီးရှိတယ်။ ကျုပ်တို့ကို ပစ္စည်းတွေကောင်း ပြန်ရောင်းဖို့ မမေ့နဲ့နော်။”

“ဒီတစ်ခါတော့ ဂျေဘီရဲ့နည်းဗျူဟာအတိုင်း သွားကြည့်ရမယ်။ အခြေအနေအတိအကျက ဘာမှန်းမသေချာသေးဘူး။ တောင်ခြေမှာရှိတဲ့ ရတနာသေတ္တာကိုပဲ ဖွင့်လို့ရမလားဆိုတာလည်း မသေချာဘူး။”

“ကျွန်မဆီမှာလည်း ရတနာမြေပုံရှိတယ်။”

ထိုအချိန်တွင် ‘ကောင်းကင်တစ်ခြမ်း’ ဟူသော အိုင်ဒီရှိသူတစ်ဦးကလည်း ဝင်ပြောလာခဲ့သည်။

“ကောင်းပြီ...တစ်နိုင်ငံတည်းသားချင်းတစ်ယောက်ရှိတာပဲ။ နောက်မှဆက်သွယ်ကြမယ်။ ဖြစ်နိုင်ရင် အတူတူအလုပ်တွဲလုပ်ပြီး ဝေစုခွဲကြတာပေါ့။”

“နောက်မှတွေ့မယ်။”

ကောင်းကင်တစ်ခြမ်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

အဖွဲ့ထဲတွင် ရတနာမြေပုံနှစ်ခုရှိကြောင်း မြင်တွေ့လိုက်ရပြီး ရှောင်းယီသည်လည်း စကားဝင်ပြောလိုက်သည်။

“ကျုပ်လက်ထဲမှာလည်း တစ်ခုရှိတယ်။”

“သူဌေးကတော့ သူဆဌးပါပဲ။ သူဌေးမှာ အမြဲတမ်း ရတနာမြေပုံရှိတယ်။”

“ကောင်းပြီ သူဌေးနဲ့သာဆိုရင် အနည်းဆုံးတော့ ရတနာမြေပုံရဲ့ အစောင့်အရှောင့်သားရဲက ဘာလဲဆိုတာကို ငါတို့စောင့်ကြည့်နိုင်တယ်။”

“မင်းတို့နှစ်ယောက် အရမ်းကံကောင်းတယ်။ တကယ်ပဲ သူဌေးနဲ့အတူ ရတနာရှာဖွေဖို့ သွားနိုင်တာ အရမ်းကံကောင်းတာပဲ။”

ရှောင်းယီသည် သူတို့၏စကားများကို ဂရုမစိုက်တော့ဘဲ အိပ်ရာထဲသို့ အိပ်ယာဝင်ရန် ထရပ်လိုက်သည်။

“ဒင်း ဒေါင်...သူစိမ်းတစ်ဦးမှ သီးသန့်မက်ဆေ့ချ်ပို့ခဲ့သည်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရုတ်တရက်ထွက်ပေါ်လာသော အသိပေးချက်သံသည် ရှောင်းယီအား အံ့အားသင့်သွားစေခဲ့ပြီး သူသည် ထိုသီးသန့်မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်လေသည်။

“【ရတနာမြေပုံ】 ၁။ သူဌေး ကျွန်မလက်ထဲမှာ ရတနာမြေပုံရှိတယ်။ ကျွန်မ အစောင့်အရှောက်သားရဲကို အနိုင်မယူနိုင်ဘူးဆိုရင် သူ‌ဌေးရဲ့အဖွဲ့ကို အဲ့ဒါကိုတိုက်ခိုက်ဖို့အတွက် ကူညီခိုင်းလို့ရမလား။ အကျိုးအမြတ်အားလုံးကို သူဌေးတို့ပဲယူပါ။ ကျွန်မအတွက်ကတော့ ထုတ်ကုန်အချို့ကို ဈေးချိုချိုနဲ့ ရောင်းပေးဖို့ပဲ မျှော်လင့်ပါတယ်။”

၎င်းသည် ‘ကောင်းကင်တစ်ခြမ်း’ ဟူသော အိုင်ဒီရှိသူမှ ပေးပို့လိုက်သော မက်ဆေ့ချ်တစ်စောင်ဖြစ်သည်။

ထိုမက်ဆေ့ချ်ကို ကြည့်လိုက်ပြီး ရှောင်းယီသည် အတွေးနွံထဲသို့ နက်ရှိုင်းစွာ ကျရောက်သွားခဲ့သည်။

“ရှင်စိုးရိမ်နေသေးတယ်ရင် မနက်ဖြန်ကျရင် ကျွန်မတစ်ယောက်တည်း လာခဲ့ပါ့မယ်။ C-အဆင့် မိန်းကလေးငယ်လေးတစ်ယောက်က သူဌေးကိုသစ္စာဖောက်မှာကိုတော့ သူဌေးစိုးရိမ်စရာမလိုလောက်ပါဘူး ဟုတ်တယ်မလား။”

ကောင်းကင်တစ်ခြမ်းက ပြောလိုက်သည်။

အရပ်မျက်နှာတစ်ဖက်ရှိ ရတနာရှာဖွေသူများသာ လက်လျှော့လိုက်ပါက ထိုဦးတည်ဘက်အတွင်းရှိ ရတနာသေတ္တာများအားလုံး ဆုံးရှုံးသွားမည်ဖြစ်သည်။ ရတနာသေတ္တာမှ ဖွင့်ထားသော အရာများသည် အားလုံးကောင်းမွန်သောကြောင့် ထိုသို့ဖြစ်သွားပါက နှမြောဖွယ်ကောင်းပေလိမ့်မည်။

“ကောင်းပြီ မင်းတို့ရဲ့လူဦးရေက သုံးယောက်ထက် ပိုလို့မရဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် သူဌေး။”

ကောင်းကင်တစ်ခြမ်းက ပြောလိုက်သည်။

စကားပြောဆိုမှု ပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် အိပ်ရာပေါ်သို့ ပက်လက်လှန်လျက် လှဲချလိုက်တော့သည်။

နောက်တစ်နေ့၌ ရှောင်းယီသည် ရှောင်ရှန်း၏တံခါးခေါက်သံကြောင့် နိုးလာခဲ့ရသည်။

ရှောင်းယီသည် အကျေမနပ်ဖြင့်ဖြင့် ထရပ်လိုက်ပြီး ပြင်သစ်ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ၎င်းကိုဖွင့်ပြီး ရှောင်ရှန်းအား ဝင်လာခွင့်ပြုလိုက်သည်။

“မင်းပဲ နေ့တိုင်း အစောကြီးရောက်ရောက်လာတယ်။ တခြားသူတွေကရော...။”

ရှောင်းယီက မေးလိုက်သည်။

ရှောင်ရှန်းသည် အပြင်ဘက်သို့ လက်ညိုးထိုးပြပြီး အကြိမ်အနည်းငယ် အော်ပြောလိုက်သည်။

“အားလုံးရောက်နေကြပြီထင်တယ်။ ငါ့မှာ မင်းတို့နဲ့တိုင်ပင်စရာရှိတယ်။ အောက်ထပ်ကိုဆင်းကြရအောင်။”

ထို့နောက် ရှောင်းယီသည် မျက်နှာသစ်ပြီး အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

ကျေလက်အိမ်အတွင်းတွင် သားရဲဘုရင်၊ တပိုင်နှင့် ခွန်းယွီတို့ ရောက်ရှိနေပြီဖြစ်သည်။

“ငါ့မှာ အကူအညီတောင်းစရာရှိတယ်။ မဟာမိတ်ကျွန်းခွဲတွေမှာ တာဝန်ထမ်းဆောင်ဖို့ မင်းတို့ရဲ့လက်အောက်ငယ်သားအချို့ကို တာဝန်ခွဲပေးပြီး သစ်တောတွေရဲ့ ဆင့်ကဲပြောင်းလဲမှုနှင့် အသစ်ပြန်လည်မွမ်းမံမှုကို ထိန်းချုပ်ဖို့ အကူအညီလိုတယ်။”

ရှောင်းယီက သူတို့ကိုကြည့်ကာ ပြောလိုက်သည်။

သူတို့အားလုံးက ခေါင်းညိမ့်ပြလိုက်ကြပြီး ပြဿနာမရှိကြောင်း ညွှန်ပြလိုက်ကြသည်။

ရှောင်းယီသည် သူတို့အတွက် SS-အဆင့် ရေသန့်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။ ရှောင်းယီသည် တွန့်တိုပြီး သူတို့အား SSS-အဆင့် ရေသန့်ကို မပေးလိုသောကြောင့်မဟုတ်ပေ။

သို့သော် လက်ရှိစမ်းသပ်မှုရလဒ်များအရ SS-အဆင့် ရေသန့်သည် ဤ S-အဆင့် တိရစ္ဆာန်များနှင့် သားရဲများအတွက် အကောင်းဆုံးဖြစ်သည်။

တပိုင်သည် ရေခွက်ထဲရှိ ရေသန့်ကို သောက်လိုက်ပြီးနောက် ရှေ့သို့တစ်လှမ်းတိုးကာ အကြိမ်အနည်းငယ် ဟိန်းဟောက်လာခဲ့သည်။

“ဘာလဲ..။ မင်းက အပြင်ထွက်ချင်တာလား။”

ရှောင်းယီသည် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

တပိုင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

“ငါတို့ကျွန်းပေါ်မှာ အသစ်ပြန်လည်မွမ်းမံထားတဲ့ S-အဆင့်တိရစ္ဆာန်တွေက ငါ့ကို ဖိအားမပေးနိုင်တော့ဘူး။ ငါ့ရဲ့တိုးတက်မှုကို အလျင်အမြန်မြှင့်တင်ဖို့ ပိုပြီးအားကောင်းတဲ့ပြိုင်ဘက်တွေကို ရှာဖို့လိုတယ်။”

ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။

“ကျွန်းက မနေ့ကမှ ချဲ့ထွင်ခဲ့တာ။ ခဏနေရင် ပိုပြီးအဆင့်မြင့်တိရစ္ဆာန်တွေ အသစ်ပြန်လည်မွမ်းမံလာနိုင်တယ်။ မင်းစောင့်လို့ရပါတယ်။”

“ငါပင်လယ်ထဲမှာ လှည့်ပတ်သွားမယ်။”

တပိုင်က အနည်းငယ်ခေါင်းမာနေသကဲ့သို့ ပြောလိုက်သည်။

ထိုအခါ ရှောင်းယီသည် အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“မဟုတ်ရင်လည်း ဒီတစ်ခေါက် ငါနဲ့အတူ ရတနာသွားရှာတဲ့အခါ လိုက်ခဲ့ချည်။”

တပိုင်သည် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။

ကြည့်ရတာ ရှောင်းယီ၏ကျွန်းပေါ်တွင် ‌သူ့အတွက် နောက်ထပ် မတိုးတက်နိုင်တော့ဘူးဟု ခံစားတေရပုံပင်။

ကျန်းယွင်ထျနိးသည် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာပြီး မေးလိုက်သည်။

“ငါတို့ရှာဖွေရမယ့် နောက်ထပ်ရတနာတွေ ရှိနေသေးတာလား။”

“မင်း အချိန်မှန်ကို ရောက်လာတာပဲ။”

ရှောင်းယီသည် အနည်းငယ် ဆွံ့အသွားခဲ့သည်။

“အဲ့ဒါက တကယ်ပါပဲ။”

“ဘယ်သူတွေကို ခေါ်သွားမှာလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ကျွမ်းကျင်သူနည်းနည်းလောက်ခေါ်ပြီး ထိပ်တန်းအဖွဲ့တစ်ဖွဲ့ ထပ်ထည့်သွားမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ပြီးတော့ ဒီတစ်ခေါက် ငါ့မှာ ရဲတင်းတဲ့အတွေးတစ်ခုရှိတယ်။”

“ဟမ်...ဘာအတွေးလဲ။”

ကျန်းယွင်ထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ငါ အဲ့ဒီရတနာနယ်မြေကို ဝယ်ချင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဝယ်မလို့လား။”

ကျန်ယွင်ထျန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“အခြားလမ်းကြောင်းခုနှစ်ခုကလူတွေကိုသာ ထိန်းချုပ်နိုင်ရင် သူတို့ရဲ့ရတနာသေတ္တာအားလုံးကို ဖွင့်လို့ရလိမ့်မယ်။”

ရှောင်ယီက ရှင်းပြလိုက်သည်။

ထိုအခါ ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ တကယ်ပဲ ငါတို့နဲ့အတူသွားဖို့ ကျွမ်းကျင်သူတွေရှာဖို့လိုတယ်။”

“ဟုတ်တယ်...။ အဲ့ဒါကြောင့် မင်း၊ အန်းရန်၊ ဒူခန်း နဲ့ ပိုင်ချီ သူတို့အားလုံးကို ခေါ်သွားဖို့ စီစဉ်ထားတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်းရဲ့လုံခြုံရေးကို မင်းရဲ့ဇနီးတာဝန်ယူရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ မြို့ပြန်ကျောက်တွေအများကြီးရှိတယ်။ တကယ်လို့များ မတော်တဆမှုတစ်ခုခုဖြစ်ရင် အချိန်မီပြန်ပြေးလာနိုင်တယ်။”

“ဟုတ်ပြီ...။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

“မနက်စာစားပြီးရင် သွားပြီးပြင်ဆင်လိုက်တော့။ မင်းရဲ့ဇနီးကိုလည်း အသိပေးလိုက်ဦး။” ယ

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

တပိုင်သည် ရေသန့်ကို သောက်သုံးပြီးနောက် ဗီလာ၏ခြံဝင်းထဲတွင် လှဲအိပ်ကာ ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး ချက်ချင်း လက်မှတ်ထိုးဝင်လိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - သေစေနိုင်သောပေါက်ကွဲမှုဗုံးပုံစံကွက် (S-အဆင့်) ၁။”

“သေစေနိုင်သောပေါက်ကွဲမှုဗုံးပုံစံ (S-အဆင့်) - အံ့ဖွယ်သေစေနိုင်သော အမြောက်ဆံပုံစံကွက်တစ်ခုဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများ လုံလောက်ပါက အမြောက်ဆံအမျိုးအစားကို အဆုံးမရှိထုတ်လုပ်နိုင်သည်။”

ယခင်က မီးဘောလုံးများနှင့် အဆိပ်ငွေ့ဗုံးများသည် တကယ်တမ်း သေစေနိုင်စွမ်းမှာ အလွန်အမင်းကန့်သတ်ချက်ရှိပေသည်။ သူသည် ဤအရာကို လက်မှတ်ထိုးဝင်ခြင်းဖြင့် ရရှိခဲ့ပါက ရှောင်းယီသည် အမြောက်ဆံများဖြင့် အမြောက်ကြီးများ ပစ်ခတ်ရန် ပြင်ဆင်ခဲ့မည်ဖြစ်သည်။

သို့သော် ယခုသူ့တွင် ဤအရာရှိလာပြီဖြစ်သောကြောင့် သူသည် အခေါင်းပိတ်အမြောက်ဆံများအား မလိုအပ်တော့ပေ။

အခေါင်းပိတ်အမြောက်ဆံများသည် သတ္တုကို အလွန်အကျွံသုံးစွဲရပြီး ၎င်းတို့၏ သေစေနိုင်စွမ်းသည်လည်း အထူးတလည် မြင့်မားခြင်းမရှိပေ။

ရှောင်းယီသည် ချက်ချင်းပင် ထိုပုံစံကွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုပြီး လိုအပ်သောကုန်ကြမ်းပစ္စည်းများကို ကြည့်ရှုလိုက်သည်။

ထိုအရာများအားလုံးသည် သူ၏ဂိုဒေါင်ထဲတွင် ရှိနေသောကြောင့် ချက်ချင်း ထုတ်လုပ်လိုက်သည်။ ထို့နောက် ထုတ်ယူလိုက်ပြီး စနစ်၏သတိပေးချက်ကို ကြည့်ရှုလိုက်လေသည်။

အခန်း ၅၄၄- ကွဲထွက်ဗုံးများ၊ အားကောင်းသူများက ပိုမိုအားကောင်းလာသည်

“ကွဲထွက်ဗုံး(S-အဆင့်)- ပစ်လွှတ်ပြီးနောက် ပစ်မှတ်ကိုထိမှနိသွားသည့်အခါ ပေါက်ကွဲပြီး ထိရောက်သော သေစေနိုင်သည့် အချင်းဝက်မှာ ၃၆ မီတာရှိသည်။ သာမန်သစ်သားခံစစ်များကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။”

ဤအရာဖြင့်ဆိုလျှင် ယခုအချိန်တွင်ဖြစ်ပေါ်နေသော ဒေသခံများ၏တိုက်ခိုက်မှုများအတွက် စိုးရိမ်စရာမလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဒေသခံများ၏သင်္ဘောကြီးများသည် လက်ရှိအချိန်တွင် သစ်သားများဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး ဤအမြောက်ဆံ၏ သေစေနိုင်သောအချင်းဝက်ဖြင့်ဆိုလျှင် ဒေသခံများ၏သင်္ဘောကြီးများကို နှစ်မြုပ်ပစ်မှာ တစ်ချက်တည်းဖြင့် လုံလောက်ပေသည်။

“နောက်လာမယ့် ဒေသခံတိုက်ခိုက်မှုပြဿနာအတွက် စိုးရိမ်စရာမလိုတော့ဘူး။”

ရှောင်းယီက တစ်ကိုယ်တည်းတွေးလိုက်မိ၏။ ထို့နောက် ထိုကွဲထွက်ဗုံးများကို တစ်သုတ်ထုတ်လုပ်လိုက်သည်။

ထို့နောက် သူသည် ကျန်းယွင်ထျန်းအား ဖုန်းခေါ်လိုက်လေသည်။

“အစ်ကိုကျန်း၊ ငါ့မှာ ကွဲထွက်ဗုံးတစ်သုတ်ရှိတယ်။ ခဏနေရင် လူတိုင်းကို ခွဲဝေပေးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“အမြောက်ဆံအသစ်လား။”

အမည်ကိုကြားရုံမျှဖြင့် ကျန်းယွင်ထျန်းသည် ထိုအရာများမှာ အမြောက်ဆံအသစ်များဖြစ်သင့်ကြောင်း သိရှိသွားခဲ့သည်။

“ဟုတ်တယ်...ယေဘုယျအချက်အလက်တွေကိုတော့ နောက်မှ မင်းဖုန်းထဲ ပို့ပေးလိုက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါနဲ့ဆိုရင် ငါတို့ရဲ့ခံစစ်မှာ ပြဿနာရှိတော့မှာမဟုတ်ဘူး။”

ဖုန်းချပြီးနောက် ရှောင်းယီသည် အမြောက်ဆံ၏အချက်အလက်များကို ပို့ပေးလိုက်သည်။

ငါးမိနစ်အကြာတွင် ကျန်းယွင်ထျန်းသည် တိုက်ရိုက်ပင် ဗီလာ၏တတိယထပ်သို့ ပြေးတက်သွားပြီး မေးလိုက်၏။

“ကျွန်းပိုင်ရှင် မင်း ခုနကပို့လိုက်တာတွေက တကယ်ပဲလား။”

ရှောင်းယီသည် အနည်းငယ် ကြောင်အသွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

“တကယ်ပေါ့ကွ။ မယုံရင် မင်းကိုယ်တိုင်ကြည့်လိုက်။”

ထို့နောက် ရှောင်းယီသည် အမြောက်ဆံကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ထားလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ချက်ချင်းပင် အခြေခံအချက်အလက်များကို ပြသလာခဲ့သည်။ ၎င်းတို့မှာ ရှောင်ယီပို့ပေးခဲ့သည့်အတိုင်း အတိအကျပင်ဖြစ်သည်။

“ဒီတစ်ခါတော့ ငါတို့ပွပေါက်တိုးပြီပဲ။”

ကျန်းယွင်ထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်နှစ်ဖက်ကိုပွတ်ကာ ပြောလိုက်သည်။

“ဒါနဲ့သာဆိုရင် ငါတို့ကိုမနာခံတဲ့သူတိုင်းကို ငါတို့ရင်ဆိုင်နိုင်တယ်။”

“စိတ်ငြိမ်ငြိမ်ထားစမ်းပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်းခွဲတစ်ခုစီရဲ့ ခံစစ်ကိုလည်း စီစဉ်ရဦးမယ်။ အဲ့ဒါကြောင့် ခွဲဝေပေးလိုက်တော့။”

“ကောင်းပြီ...။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် စွန်းကုထောင်နှင့် အခြားသူများသည်လည်း အားလုံးနိုးလာကြပြီဖြစ်ပြီး ပထမထပ်ရှိ ထမင်းစားခန်းသို့ ရောက်ရှိလာခဲ့ကြသည်။

“အားလုံးပဲ မောနင်း...။ လေအေးပေးစက်နဲ့အိပ်ရတာ တကယ်ကို အရမ်းသက်တောင့်သက်သာရှိတယ်။”

စွန်းကုထောင်က ပြုံးလျက်ပြောလိုက်သည်။

လူတိုင်းကလည်း သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။

“ဒါပေမယ့် ဒီအပတ်ပြီးရင် အပ်ဒိတ်တွေရှိဦးမလားမသိဘူး။”

ဖန်မင်လုံက ပြောလိုက်သည်။

ဤနေရာတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိပေ။ ပြီးခဲ့သည့်နေ့က ပင်လယ်ရေများက ကျွန်းကိုစားသုံးပြီးနောက် စည်းမျဉ်းအသစ်များရှိ၊မရှိ သူတို့ မသိရသေးပေ။

“ဒါကိုတော့ လုံးဝစိုးရိမ်စရာမလိုဘူး။ စည်းမျဉ်းအသစ်တွေရှိလာရင် ကျွန်းပိုင်ရှင်က ချက်ချင်းအသိပေးလိမ့်မယ်။”

စွန်းယောင်က ပြောလိုက်သည်။

“ဒါပေမယ့် ငါက ကိုယ်တိုင်ကြည့်ချင်တာလေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က လူတိုင်းစကားပြောနေတာကို တစ်ညလုံးမမြင်ခဲ့ရတော့ လုံးဝအိပ်မပျော်ဘူးလို့တောင် ခံစားခဲ့ရတယ်။”

ဖန်မင်လုံက ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်...။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့အဖွဲ့ကနေ ခွဲထွက်သွားသလိုတောင် ခံစားလိုက်ရတယ်။”

ပိုင်ချီကလည်း ထောက်ခံလိုက်သည်။

“ဒါဆို မနက်စာစားပြီးရင် ပြန်သွားကြည့်ကြရအောင်။”

စွန်းကုထောင်က ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အခုဆို သွားဖို့လာဖို့က စက္ကန့် ၂၀ ပဲကြာတော့တာပဲလေ။”

“ဟုတ်တယ်...မနက်စာစားပြီးရင် ကျုပ် အရင်‌ဆုံး အခြေအနေပြန်ကြည့်ရမယ်။”

ဖန်မင်လုံက ပြောလိုက်သည်။

“အစ်ကိုကျန်းနဲ့ပူးပေါင်းပြီး ကာကွယ်ရေးစနစ်တွေ ချမှတ်ဖို့လည်း လိုသေးတယ်။”

အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် လမ်းလျှောက်လာပြီး လူတိုင်းကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။

“လူတိုင်းပဲ အစောကြီးနိုးနေကြတာလား။”

“မောနင်း အစ်ကိုကျန်းကို..။”

လူတိုင်းက နှုတ်ဆက်လိုက်ကြသည်။

ကျန်းယွင်ထျန်းသည် လူတိုင်းကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ခဏနေရင် မဟာမိတ်အရှေ့ဘက်ကျွန်းကနေ စမယ်။ ကျွန်းတစ်ကျွန်းကို တစ်နာရီလောက်တော့ ကြာလမ့်မယ်။ လူတိုင်းပဲ မင်းတို့ရဲ့အချိန်ကို စီစဉ်လိုက်ကြပါ။ ငါလာတဲ့အခါ ငါနဲ့ ဆက်သွယ်ဖို့ တစ်ယောက်ယောက်လိုတယ်။”

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

“ကောင်းပြီ နာရီဝက်အတွင်း အရင်ဆုံး မဟာမိတ်အရှေ့ဘက်ကျွန်းကိုသွားမယ်။ ဖန်မင်လုံ စောစောပြန်ပြီး ပြင်ဆင်ထားလိုက်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့...။”

ဖန်မင်လုံက တုံ့ပြန်လိုက်ပြီး ခွက်ထဲရှိနို့ကို မြန်မြန်သောက်ကာ ပန်းကန်ခွက်ယောက်များကို သန့်ရှင်းရေးနေရာသို့ပို့ဆောင်လိုက်၏။ ထို့နောက် ချက်ချင်းပင် မြို့ပြန်ကျောက်ကိုအသုံးပြုကာ တိုက်ရိုက်ပင် မဟာမိတ်အရှေ့ဘက်ကျွန်းသို့ ပြန်သွားခဲ့သည်။

ဖန်မင်လုံ၏ လျင်မြန်သည့်လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသောအခါ ကျန်းယွင်ထျန်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

“ဒီလူကတကယ့်ကို လက်တွေ့သမားပဲ။”

“လက်တွေ့သမားမဟုတ်ရင်။အသက်ငယ်ငယ်နဲ့ အဆင့် ၅၀၀ ဝင်တဲ့ ကုမ္ပဏီတစ်ခုရဲ့ တည်ထောင်သူတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ သူက အရမ်းမြန်နေပြီဆိုမှတော့ ငါလည်း သွားဖို့ပြင်ဆင်လိုက်တော့မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“လူတိုင်းပဲ အချိန်ကိုမမေ့နဲ့။”

ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည်လည်း ထွက်ခွာသွားခဲ့သည်။

ဖန်မင်လုံသည် သူ၏ကျွန်းသို့ ပြန်ရောက်လာသောအခါ သူခန့်အပ်ထားသော လက်ထောက်တစ်ဦးသည် ချက်ချင်းပင် သူ့ထံသို့ အစီရင်ခံလာခဲ့သည်။

“ပုံမှန်မဟုတ်တာတွေ မတွေ့ရသေးပါဘူး။ မနေ့က ကူညီဖို့ရောက်လာတဲ့ စစ်သားအသစ်တွေကို အလှည့်ကျကင်းလှည့်ပြီး စစ်ဆေးဖို့ အုပ်စုနှစ်စုခွဲထားပါတယ်။”

လက်ထောက်က ပြောလိုက်သည်။

ဖန်မင်လုံသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လူတိုင်းဆွေးနွေးထားသော အချက်အလက်များကို ဟိုနည်းနည်း သည်နည်းနည်းကြည့်ရှုရင်း တုံ့ပြန်လိုက်သည်။

“အင်း ခဏနေရင် အစ်ကိုကျန်းက ကာကွယ်ရေးစနစ်တွေ ချမှတ်ဖို့ လာပြီးလမ်းညွှန်ပေးလိမ့်မယ်။ မင်း ငါနဲ့အတူ သင်ယူပြီး မှတ်တမ်းတင်ဖို့ လူတစ်ယောက်ခေါ်လာခဲ့။”

“ဟုတ်ကဲ့”

လက်ထောက်က တုံ့ပြန်ပြီး ထွက်ခွာသွားခဲ့သည်။

ဖန်မင်လုံသည် မနေ့က စကားပြောဆိုမှုမှတ်တမ်းများကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင် တွေးလိုက်မိသည်။

“ကျွန်းပိုင်ရှင်က ရတနာမြေပုံရထားလိမ့်မယ် မထင်ခဲ့မိဘူး။ အားကောင်းတဲ့သူတွေက ပိုပြီးအားကောင်းလာနေတာပဲ။”

မကြာမီ ကျန်းယွင်ထျန်းသည် အလျင်အမြန် ရောက်ရှိလာခဲ့ကာ ကျွန်းတစ်ခွင်ရှိ ရှိပြီးသားကာကွယ်ရေးကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်ပြီးနောက် ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က အမြောက်ဆံအမျိုးအစားအသစ်တစ်ခု တီထွင်ထားတယ်။ သူရဲ့သေစေနိုင်စွမ်းအချက်အလက်တွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ မင်းကိုယ်တိုင်ကြည့်လို့ရတယ်။ လက်ရှိမှာ ငါတို့မဟာမိတ်မှာပဲရှိတယ်။ မဖွင့်ပြမိစေနဲ့ နားလည်လား။”

“ဟုတ်ကဲ့”

ဖန်မင်လုံနှင့် အခြားသူများက ပြန်ဖြေလိုက်ကြသည်။

“ကောင်းပြီ ငါ နောက်ကျွန်းတစ်ခုကို သွားတော့မယ်။ ခုနကကျွန်တော်ပြောခဲ့သလိုပဲ မင်းရဲ့တပ်တွေကို စီစဉ်လိုက်ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ရှောင်းယီသည် အပြင်ဘက်ရှိ ရာသီဥတုကို ကြည့်ရှုလိုက်ပြီး ပူပြင်းသောနွေရာသီ၏လေထုသည် လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ကြည့်ရတာ နွေရာသီရဲ့ပူပြင်းမှုက ကုန်ဆုံးသွားပြီထင်တယ်။ ဒါပေမယ့် အပန်းဖြေစခန်းရဲ့လုပ်ငန်းက လူပြည့်နေဆဲပဲ။

ယခုအခါ အပူချိန်သည် သင့်တော်နေပြီဖြစ်သောကြောင့် ကျွန်းတစ်ခုစီသည် ဤအခွင့်အရေးကို အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရန် ဆုပ်ကိုင်ထားကြသော်လည်း မဟာမိတ်တစ်ခုတွင် လူတစ်ဦး၏အနားယူအပန်းဖြေမှုကိုတော့ မထိခိုက်စေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ရှားနိုင်ငံတွင် မဟာမိတ်ပေါင်း ၁၀,၀၀၀ ခန့်ရှိပြီး အပန်းဖြေစခန်းတွင်မူ တစ်ရက်လျှင် နေရာ ၁၀၀ သာရှိသောကြောင့်ပင်။

ဆွမ်းပွဲထက် ဘုန်းတော်ကြီးများ များပြားလာသောကြောင့် ရှောင်းယီသည် အပန်းဖြေစခန်း၏လုပ်ငန်းကို မစိုးရိမ်ပေ။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်ထိုင်လိုက်ပြီးနောက် သူသည် အဖွဲ့ထဲတွင် တစ်စုံတစ်ဦးက ရတနာမြေပုံများကို စုဆောင်းနေသည်ကို တွေ့လိုက်ရလေသည်။

“မနေ့ညက ငါစောစောအိပ်ပျော်သွားတာလေးကို မင်းတို့တကယ်ပဲ ရတနာမြေပုံရသွားတာလား။ ငါဈေးကြီးပေးဝယ်မယ်။”

“အခုဆို ရတနာမြေပုံတွေအတွက် နည်းဗျူဟာတွေရှိနေပြီ။ ရခဲ့တဲ့သူတိုင်းက ကိုယ့ကိုယ်တိုင်ပဲ အရင်သုံးမှာပေါ့။ ရောင်းမှာမဟုတ်ဘူး။”

“ငါ ဈေးအမြင့်ကြီးပေးနိုင်တယ်။ အုတ်မြစ်ကျောက် ၁၀၀ ကွာ။”

“ဒီလိုဆိုတောင် ဘယ်သူမှရောင်းချင်မှာမဟုတ်ဘူး။ ပြီးတော့ ရတနာမြေပုံတွေက စတင်အသုံးပြုပြီးသားဖြစ်နေပြီ။ အဲ့ဒါကြောင့် လဲလှယ်လို့မရတော့ဘူးမဟုတ်လား။”

“ငါ စမ်းကြည့်ကြည့်မယ်။ ဒါတကယ်ပဲ လဲလှယ်လို့မရဘူး။”

“အဲ့ဒါကြောင့်... ဒီရတနာမြေပုံအကြောင်း မင်းရဲ့စိတ်ကူးကို ဖျောက်ပစ်လိုက်တော့။ ဒါက မင်းနဲ့မဆိုင်တော့ဘူး။”

“အာ့... ငါ ဒေါ်လာသန်းထောင်ချီဆုံးရှုံးသွားသလိုခံစားလိုက်ရတယ်ကွာ။”

“ဒီလိုမတွေးနဲ့။ ဒီတစ်ခါလည်း အဆင့်အရမ်းမြင့်နေပြီးမှ မင်းဘာမှမရဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ။”

“မင်းဘာတွေတွေးနေတာလဲ။ အစ်ကိုကြီး ယီရန်ပင်းနဲ့ဆိုရင် ဘာမှမရဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”

“S-အဆင့် ရတနာမြေပုံလိုမျိုး အဆင့်အရမ်းမြင့်တဲ့ ရတနာမြေပုံဆိုရင်ကော။”

“အာ့... အဲ့လောက်ကြီးတော့ အဆင့်မမြင့်သင့်ဘူးမလား။”

“ဖြစ်သင့်တာလား။ မဖြစ်သင့်ဘူးဆိုတာမရှိဘူး။ ဒီကမ္ဘာမှာ ဖြစ်နိုင်ခြေရှိတဲ့ဖြစ်ရပ်တွေ အများကြီးရှိတယ်။ ဖြစ်နိုင်ခြေနည်းရင်တောင် အဲ့ဒါက ၁၀၀% ရှိတယ်။”

“ငါ မင်းနဲ့ မငြင်းနိုင်တော့ဘူး။”

“သခင်လေး အဲ့ဒီယီရန်ပင်းဆိုတဲ့လူက နောက်ထပ်ရတနာမြေပုံတစ်ခု ရသွားပြန်ပြီ။”

ဘဏ္ဍာစိုးချန်းသည် ယီထျန်းဂရုထဲရှိ သူလျှိုမှတစ်ဆင့် မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့ပြီး မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

ယီရန်ပင်းသည် အလွန်အားကောင်းပြီးသားဖြစ်သည်။ သူသည် အဘယ်ကြောင့် အမြဲတမ်းရတနာမြေပုံများ ရနေရသနည်း။

ထိုအရာမှာ လုံးဝမတရားပေ။

All Chapters