← Chapters

အခန်း (၅၄၅-၅၄၆)

Vol. 38 Ch. 545-546

အခန်း (၅၄၅-၅၄၆)

Vol. 38 Ch. 545-546

အခန်း ၅၄၅- အားကောင်း၏ ရတနာမြေပုံ လုယူခံရခြင်း

“ဘာ....။ ဒါ ဘယ်တုန်းကဖြစ်သွားတာလဲ။”

ရွှမ်းယွမ်ဝူဝေ့က မျက်မှောင်ကြုံ့ကာ မေးခွန်းထုတ်လိုက်သည်။

“မနေ့ည ၁၂:၃၀ ဝန်းကျင်လောက်ကပါ။”

ဦးလေးချန်းက ပြန်ဖြေလိုက်သည်။

“ရတနာမြေပုံကို ပြန်ဝယ်လို့ရနိုင်မလား။”

ရွှမ်းယွမ်ဝူဝေ့က မေးလိုက်သည်။

ဦးလေချန်းက ခေါင်းခါလိုက်သည်။

“သူလျှိုတွေကနေ အခုလေးတင် ပြန်ပို့လိုက်တဲ့သတင်းအရ အသက်သွင်းထားတဲ့ ရတနာမြေပုံကို ရောင်းလို့ လဲလှယ်လို့မရဘူး။ ဆိုလိုတာက ကျုပ်တို့ဒီရတနာမြေပုံရှာဖွေရေးပွဲတော်မှာ ပါဝင်ခွင့်မရတော့ဘူး။”

ရွှမ်းယွမ်ဝူဝေ့က အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူက ရယ်မောလိုက်သည်။

“အဲ့လိုတော့ သေချာပေါက်မဆိုနိုင်ဘူး။ ရတနာမြေပုံပိုင်ဆိုင်ထားတဲ့ လူနှစ်ယောက်ကို အခုချက်ချင်းဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် တစ်စုံတစ်ယောက်ကိုရှာလိုက်ပါ။ သူတို့က ရတနာမြေပုံပေးရမယ်။ ကျုပ်တို့က လူအင်အားပေးမယ်။ ရတနာတွေရှာတွေ့တဲ့အခါ လူတိုင်း အညီအမျှခွဲဝေကြမယ်။”

“ဒါက...သူတို့သဘောတူလောက်မယ်မထင်ဘူး။”

ဦးလေးချန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“မေးကြည့်လိုက်ပါ...သူတို့သဘောတူရင်ကော။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။

“ကောင်းပြီ ကျုပ်အခုချက်ချင်းဆက်သွယ်လိုက်မယ်။”

ထို့နောက် ဦးလေးချန်းတစ်ယောက် လှည့်ထွက်သွားခဲ့သည်။

ယီထျန်းဂရုအတွင်း ရတနာမြေပုံပိုင်ဆိုင်ထားသော အိုင်ဒီနှစ်ခုမှာ အားကောင်းနှင့် ပန်ပျန့်ထျန်းဟု အမည်ရသည်။

ပန်ပျန့်ထျန်းသည် ယီထျန်းဂရုထဲတွင် မကြာခဏစကားပြောလေ့ရှိပြီး မိန်းကလေးတစ်ယောက်ဖြစ်နိုင်ကာ ယီရန်ပင်း၏ သစ္စာရှိထောက်ခံသူဖြစ်သည်။ ဦးလေးချန်း သူမကို တိုက်ရိုက်ပင် ချန်လှပ်ထားခဲ့လိုက်သည်။

“မင်္ဂလာပါ...။ ခင်ဗျားမှာ ရတနာမြေပုံရှိတယ်လို့ ကျုပ်တို့ကြားထားတယ်။ ကျုပ်တို့ဂိုဏ်းက ဒီရတနာမြေပုံကို အရမ်းစိတ်ဝင်စားနေတယ်။ စကားပြောလို့ရမလား။”

ဦးလေးချန်းက အားကောင်းကို တိုက်ရိုက်ဆက်သွယ်လိုက်သည်။

အားကောင်းသည် ထိုသီးသန့်မက်ဆေ့ချ်ကို လက်ခံရရှိလိုက်သောအခါ အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ချက်ချင်းပြန်ဖြေလိုက်သည်။

“ရတနာမြေပုံက အသက်သွင်းပြီးသားဖြစ်နေပြီ။ လဲလှယ်လို့မရတော့ဘူး။ ကျုပ်ကလည်း ရောင်းဖို့မစီစဉ်ထားဘူး။”

“မဟုတ်ဘူး...ကျွန်တော်တို့ကလည်း ဝယ်ဖို့မစီစဉ်ထားပါဘူး။ ကျုပ်တို့က ခင်ဗျားနဲ့ပူးပေါင်းချင်တာပါ။”

ဦးလေးချန်းက ပြန်ဖြေလိုက်သည်။

“ပူးပေါင်းမှာလား။ ဒါဆို မေ့လိုက်ပါ။ နောက်ကျောကနေ ဓားထောက်မခံရချင်ဘူး။ ဒါပဲ...,။”

အားကောင်းက ငြင်းပယ်လိုက်သည်။

တစ်ဖက်လူ၏ခိုင်မာသောငြင်းဆိုမှုကို မြင်လိုက်ရသောအခါ ဦးလေးချန်း အလွန်ကူကယ်ရာမဲ့သွားခဲ့သည်။ သူ၏သခင်လေးကို ယီရန်ပင်းမှ ရန်သူကိုကူညီသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်ဖြစ်ရပ်သည် ၎င်းတို့၏ဂုဏ်သတင်းကို ပျက်စီးစေသွားခဲ့ပေသည်။

ဦးလေးချန်းသည် တစ်ဖက်လူ၏သဘောထားကို ရွှမ်းယွမ်ဝူဝေ့အား ပြောပြလိုက်ပြီးနောက် ရွှမ်းယွမ်ဝူဝေါက အေးစက်စွာရယ်မောရင်း ပြောလိုက်သည်။

“တစ်ဖက်လူက ငါတို့ရဲ့ကြင်နာမှာကို နားမလည်ဘူးဆိုမှတော့ သူတို့ရဲ့မဟာမိတ်တွင်းက လူတစ်ဦးကို ဖြုတ်ချဖို့ လုပ်လိုက်တော့။”

ထိုအခါ ဦးလေးချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါကိုလုပ်ဖို့ ကျုပ် လူတစ်ယောက် စီစဉ်လိုက်ပါ့မယ်။ ဒါပေမယ့် အောင်မြင်နိုင်ခြေကတော့ သိပ်မြင့်မှာမဟုတ်ဘူး။”

“အင်း ငါနားလည်တယ်။ ရတနာမြေပုံကနေရာလာမယ့်ပစ္စည်းတွေက အရမ်းကောင်းတယ်။ ပြီးခဲ့တဲ့တစ်ခါက ငါတို့ လွတ်သွားခဲ့တယ်။ ဒီတစ်ခါတော့ မရရအောင်လုပ်ရမယ်။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထိုအချိန်တွင် အားကောင်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုကြည့်ရှုကာ မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။

“မင်းတို့နဲ့ပူးပေါင်းရမှာလား။ မစတင်ကတည်းက ငါသတ်ခံလိုက်ရမှာပေါ့။”

ထို့နောက် အားကောင်းသည် သူ၏ခေါင်းကို ခါယမ်းရင်းဖြင့် ထရပ်လိုက်သည်။ ဤရတနာရှာဖွေရေးခရီးစဥ်အတွက် ပြင်ဆင်ဖို့ လူအင်အားစုဆောင်းရန် လိုအပ်ပေသည်။

သို့သော် သူတံခါးအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် လက်မောင်းလုံခန့်အထူရှိသော သစ်တုံးတစ်တုံးသည် သူ့မျက်လုံးရှေ့၌ အဆုံးမရှိကြီးမားလာသည်ကို တွေ့လိုက်ရလေသည်။

ဒုတ်...။

အားကောင်း သတိလစ်သွားခဲ့သည်။

ထိုစဉ် ရှောင်းယီသည် အချိန်အနည်းငယ်ကြာ တွေးတောလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ အားကောင်းထံသို့ သီးသန့်မက်ဆေ့ချ်ပို့လိုက်သည်။

သူသည် ဤရတနာမြေပုံပွဲတော်ရှိ ရတနာသေတ္တာအားလုံးကို ရယူရန် ဆုံးဖြတ်ထားပြီဖြစ်သည့်အတွက် သူ့ဂရုထဲရှိ လူများကို အသိပေးထားသင့်ပြီး အများဆုံး အကျိုးကျေးဇူးအချို့ကို ပြသရန်ပင်ဖြစ်သည်။

သို့သော် သူသီးသန့်မက်ဆေ့ချ်ပို့လိုက်ပြီးနောက် ပင်လယ်ထဲသို့ ကျသွားသော ကျောက်တုံးကဲ့သို့ နစ်မြုပ်သွားခဲ့သည်။ မွန်းတည့်အထိ ဘယ်သူမှ ပြန်မဖြေလာခဲ့ကြပေ။

ရှောင်းယီ မျက်မှောင်ကြုံ့လိုက်ပြီး ဂရုထဲတွင် ပြောလိုက်သည်။

“ဒီထဲမှာ မာကောင်းနဲ့မဟာမိတ်တူတဲ့သူ ဘယ်သူပါလဲ။ ကျုပ် သူ့ကို သီးသန့်မက်ဆေ့ချ်ပို့ထားတယ်။ ဒါပေမယ့် တုံ့ပြန်မှုမရှိဘူး။ သုံးနာရီကျော်ကြာသွားပြီ။”

“သူဌေး ကျုပ်က သူနဲ့မဟာမိတ်အတူတူပဲ။ ကျုပ် ဘာလုပ်ပေးရမလဲ။ မဟာမိတ်လမ်းကြောင်းထဲမှာ သူ့ကိုရှာကြည့်လို့ရတယ်။”

“သူ့ရဲ့သီးသန့်မက်ဆေ့ချ်ကို စစ်ဆေးခိုင်းလိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ကျုပ် မဟာမိတ်ထဲမှာ အခုချက်ချင်းခေါ်လိုက်မယ်။”

ခဏအကြာတွင် ထိုသူက ပြန်ဖြေလာခဲ့သည်။

“သူဌေး မဟာမိတ်အဖွဲ့ထဲမှာလည်း တုံ့ပြန်မှုမရှိဘူး။ လူတစ်ယောက်ကို သူ့ကျွန်းပေါ်ကို သွားရှာခိုင်းထားပါတယ်။”

“ကောင်းပြီ”

ရှောင်းယီက တုံ့ပြန်လိုက်သည်။

နာရီဝက်အကြာတွင် ထိုသူက ထပ်မံပြောဆိုလာခဲ့သည်။

“သူဌေး အားကောင်းမှာ တစ်ခုခုဖြစ်သွားခဲ့တယ်။ မဟာမိတ်လမ်းကြောင်းမှာ သူမက ဟာမိတ်ထဲက ထွက်ခွာသွားပြီလို့ ပြသထားပြီး အားကောင်းဆိုတဲ့အိုင်ဒီလည်း မရှိတော့ဘူး။”

တစ်စုံတစ်ယောက်က အဖွဲ့ထဲတွင် @အားကောင်း ဟု လုပ်ကြည့်လိုက်သည်။ သို့သော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထိုအိုင်ဒီမရှိကြောင်း အသိပေးလာခဲ့လေသည်။

“အားကောင်းရဲ့ကျွန်းပေါ်ရောက်နေတဲ့လူတွေကို ကျွန်းပေါ်က တိုက်ခိုက်မှုတွေကို သတိထားကြဖို့ သတိပေးလိုက်ပါ။”

ရှောင်းယီက သတိပေးလိုက်သည်။

“နားလည်ပါပြီ။”

သူတို့သည် တူညီသောမဟာမိတ်အဖွဲ့ထဲတွင် ရှိနေသေးပါက တိုက်ခိုက်မှုများအတွက် စိုးရိမ်စရာမလိုပေ။ မဟာမိတ်၏စည်းမျဉ်းမှာ မဟာမိတ်အချင်းချင်း တိုက်ခိုက်ခွင့်မပြုချေ။ ဤသည်မှာ မဟာမိတ်အတွက် လိုအပ်ချက်ဖြစ်သည်။

သို့သော် အားကောင်းသည် မဟာမိတ်ထဲမှ ထွက်ခွာသွားပြီဖြစ်သောကြောင့် သတိထားရတော့မည်ဖြစ်သည်။

ဤသတင်းသည် ဦးလေးချန်းထံသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။

ဦးလေးချန်း အံ့အားသင့်သွားခဲ့သည်။ သူသည် အားကောင်း၏မဟာမိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုတစ်ခုမျှ မပြုလုပ်ရသေးပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က စတင်လုပ်ဆောင်လိုက်ပြီဖြစ်သည်။

“သေစမ်း...။ ဘယ်လိုလုပ်ပြီး အားကောင်းရဲ့ကျွန်းပေါ်မှာ လက်နက်ကြီးတွေ ရှိနေတာလဲ။”

တစ်စုံတစ်ယောက်က ယီထျန်းဂရုထဲမှာ အော်ဟစ်လိုက်သည်။

“မင်းဘယ်လိုသိတာလဲ။”

“ကျုပ်က အားကောင်းရဲ့ကျွန်းကိုသွားခဲ့တဲ့သူတွေထဲကတစ်ယောက်ပဲ။”

“မဖြစ်နိုင်ဘူး...။ ကျုပ် အားကောင်းနဲ့ စကားတွေအများကြီးပြောဖူးတယ်။ သူ့ကျွန်းပေါ်မှာ အမြောက်မရှိဘူး။”

“ဒါပေမယ့် ကျုပ် အမြောက်တွေနဲ့ အပစ်ခံနေရတယ်လေ။ ကျုပ်တို့မဟာမိတ်ထဲမှာ တခြားအဖွဲ့တစ်ခုက သူလျှိုရှိနေပြီ။ သူတို့က အားကောင်းကိုဖြေရှင်းလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီးတော့ ကျုပ်တို့ဝိုင်းတိုက်မှာကာကွယ်ဖို့အတွက် အမြောက်တွေယူလာပြီး ကာကွယ်နေတာ။”

“သေစမ်း ဒီလိုအချိန်မျိုးမှာတောင် ကိုယ့်အချင်းချင်းတိုက်နေကြတုန်းပဲ။ ဒါ ဟိုမိမစစ်ဖမစစ် ရွှမ်းယွမ်ပဲဖြစ်ရမယ်။”

“သူပဲဖြစ်သင့်တယ်။ သူမဟုတ်ရင် ဘယ်သူက ကိုယ့်အချင်းချင်း ဒီလောက်ထိ တိုက်ခိုက်နိုင်မှာလဲ။”

“မင်းတို့ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါတို့ခေါင်းဆောင်က ရူးမိုက်မိုက်အရာတွေလုပ်ခဲ့တာမှန်ပေမယ့် ငါတို့ကို အပြစ်တွေပုံချလို့မရဘူး။ ငါတို့က အားကောင်းလက်ထဲက ရတနာမြေပုံကိုလိုချင်ခဲ့တာမှန်တယ်။ ဒါပေမယ့် ခုထိ ဘာတစ်ခုမှ မလှုပ်ရှားရသေးဘူးကွ။”

“အပေါ်ကလူက သူ့ကိုယ်သူဖော်ထုတ်လိုက်ပြီ။ သူတို့က ရွှမ်းယွမ်ရဲ့ကျေးကျွန်တွေပဲ။ အခုချက်ချင်းထုတ်ပစ်လိုက်။”

ရှောင်းယီသည် ချက်ချင်းပင် ထိုသူကို ထုတ်ပယ်ပစ်လိုက်သည်။ ရွှမ်းယွမ်ဝူဝေ့၏လူများကို သူ့ဂရုထဲတွင် နေခွင့်မပေးနိုင်ပေ။

သို့သော် ထိုလူပြောသည့်အတိုင်းဆိုလျှင် ဤအကြိမ်ကိစ္စသည် ရွှမ်းယွမ်ဝူဝေ့လုပ်ခဲ့ခြင်း မဟုတ်နိုင်ပေ။ မြေပြင်ပေါ်သို့ ထွက်မလာသေးသော အဖွဲ့အချို့ ရှိနေသင့်သည်။

အစပိုင်းက တွေ့ဆုံခဲ့ရသော လူအနည်းငယ်မှလွဲ၍ ရှောင်းယီသည် နောက်ပိုင်းရောက်လာသူအားလုံးနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အခြားအဖွဲ့များ ၀င်ရောက်နိုင်ခြေကို အခြေခံအားဖြင့် ကာကွယ်ထားခဲ့သည်။

ဤဖြစ်ရပ်ပြီးနောက် မူလကပြေပြစ်သောမဟာမိတ်သည် ထပ်မံ၍ သံသယများလာကြလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားမဟာမိတ်များသည် ရှောင်းယီ၏ဘက်တွင်ကဲ့သို့ သူ၏စာချုပ်ချုပ်ဆိုထားသောလူများအားလုံးဖြင့် စီမံခန့်ခွဲခွင့်မရနိုင်သောကြောင့်ပင်။

မဟာမိတ်အများစုသည် တူညီသောပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးမျှသာဖြစ်ပြီး ရှောင်းယီ၏ဘက်တွင်သာ ရှင်းလင်းသော အထက်အောက်ဆက်ဆံရေးရှိနေခြင်းပင်။

ရှောင်းယီသည် အားကောင်း၏ကျွန်းအား မည်သူသိမ်းပိုက်ထားသည်ကို အဖြေရှာရန်အတွက် အလျင်မလိုပေ။ အဘယ်ကြောင့်ဆိုသော် အဖြေသည် သူ့ထံသို့ ရောက်လာမည်ဖြစ်သောကြောင့်ပင်။

သူတို့သည် ဤအကြိမ်တွင် စတင်လှုပ်ရှားခဲ့ပါက ၎င်းသည် ရတနာမြေပုံအတွက်သာ ဖြစ်ရပေသည်။ သူတို့သည် ဤအတွက်ကြောင့်သာ လာခဲ့ခြင်းဖြစ်ပါက သူတို့သည် ဧကန်မုချ တွေ့ဆုံကြရမည်ဖြစ်ပြီး စိုးရိမ်စရာမလိုပေ။

“ဟင်း အားကောင်းက ပိုမိုလွယ်ကူစွာအသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် သူ့ကိုယ်သူ ဒီလိုမျိုးနိမ့်ကျတဲ့နာမည်မျိုးပေးခဲ့တာ။ ဒါပေမယ့် သူက မျှော်လင့်ထားမှာမဟုတ်ဘူး သူ ဒီလိုမျိုး...”

“သူက ဒေသခံတွေရဲ့လက်ထဲမှာ မသေဘဲ ကိုယ့်လူမျိုးချင်းရဲ့ လက်ထဲမှာ တစ္ဆေဖြစ်သွားခဲ့ရတယ်။ ဟင်း...ဒါက ဘဝပဲ။”

“လူတိုင်းပဲ အပြင်လူတွေကို စည်းလုံးညီညွတ်စွာဆက်ဆံဖို့ ပြောလိုက်ကြရအောင်။ ကျုပ်တို့က ဒေသခံတွေရဲ့ တိုက်ခိုက်မှုကိုတောင် မကိုင်တွယ်နိုင်သေးဘူး။ အဲ့ဒါကြောင့် ကိုယ့်အချင်းချင်း မတိုက်ခိုက်ကြပါနဲ့။”

“စကားပြောရုံနဲ့ အသုံးဝင်မယ်ဆိုရင် ရွှမ်းယွမ်လိုလူမျိုးတွေတောင် ရှိလာမှာမဟုတ်ဘူး။”

ထိုအချိန်တွင် ပန်ပျန့်ထျန်းသည် ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ချ်ပို့လာခဲ့သည်။

“သူဌေး အားကောင်းရဲ့ဘဏ္ဍာတိုက်မြေပုံပျောက်သွားပြီ။ တခြားအင်အားစုကြီးတွေက အသေးစားလှုပ်ရှားမှုတွေ လုပ်ချင်နေတာများလား။”

“ပြဿနာမရှိပါဘူး။ ပကတိစွမ်းအားသာရှိနေရင် အသေးစားလှုပ်ရှားမှုတွေအားလုံးက အဓိပ္ပာယ်မရှိဘူး။”

ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ရှောင်းယီ၏တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသောအခါ ပန်ပျန့်ထျန်းက ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ။ ညကျမှ တွေ့ကြတာပေါ့။”

အခန်း ၅၄၆ - ရတနာနယ်မြေသို့သွားခြင်း၊ ရေသူမလင်းရှား လိုက်ပါလိုက်ခြင်း

ရတနာမြေပုံရှစ်ခုကို မနေ့ည ၈ နာရီခန့်က စုဆောင်းနိုင်ခဲ့သည်။

စုဆောင်းပြီးနောက် ရတနာမြေပုံသည် အသက်ဝင်လာခဲ့ပြီး ထို့နောက် ပြင်ဆင်ချိန် ၂၄ နာရီကာလကို လိုက်ပါကြရမည်ဖြစ်သည်။

ပြင်ဆင်ချိန်ပြီးဆုံးသွားပါက လူတိုင်းကို ဂတနာနယ်မြေသို့ ရတနာရှာဖွေရန်အတွက် တည်နေရာကူးပြောင်းပေးမည်ဖြစ်သည်။

နေ့လည်စာစားနေစဉ် ရှောင်းယီသည် ဒူခန်းကိုရှာဖွေ တွေ့ရှိခဲ့သည်။

“မင်း ဒီည ငါနဲ့အတူ ရတနာသွားရှာရမယ်။”

“ဟမ်...။”

ဒူခန်းသည် ချက်ချင်းပင် တက်ကြွသွားခဲ့သည်။

ရှောင်းယီ၏ကျွန်းပေါ်တွင် ဘေးကင်းလုံခြုံပြီး သူကြိုက်နှစ်သက်ပြီး တတ်မြောက်ထားသည့်အရာများကို လုပ်ကိုင်နိုင်သော်လည်း မပြောင်းလဲသောဘဝသည် လူသားတို့ကို အနည်းငယ်ပျင်းရိစေနိုင်သည်။

“ကောင်းပြီ။”

ဒူခန်းသည် ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ဘားရဲ့ကိစ္စရပ်တွေကိုလည်း စီစဉ်ထားခဲ့လိုက်ဦး။”

ရှောင်းယီက သတိပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ ကျွန်းပိုင်ရှင်။ ကျုပ် ‘ကျူးချန်းကလန်’ ထဲကနေ ထူးချွန်တဲ့လူတစ်ယောက် ရှာတွေ့ထားတယ်။ သူက အခု လုပ်ငန်းအများစုကို စီမံခန့်ခွဲနေတယ်။ ကျုပ်ကတော့ အဓိကအားဖြင့် ကစောဖောက်ခြင်းကိုပဲ ကိုင်တွယ်နေပါတယ်။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ပြင်ဆင်ထားတော့၊ ငါတို့ ဒီည ၇:၃၀ လောက် ထွက်ခွာမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“သိပါပြီ”

ဒူခန်းက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းသည် မဟာမိတ်ကျွန်းခွဲခြောက်ခု၏ ကာကွယ်ရေးခံစစ်များကို စီစဉ်ပြီးသောအခါ ညနေ ၄ နာရီကျော်သွားပြီဖြစ်သည်။

ကာကွယ်ရေးစီစဉ်မှုများကို အမြန်ဆုံးပြီးမြောက်နိုင်ရန်အတွက် ကျန်းယွင်ထျန်းသည် နေ့လည်စာပင် မစားခဲ့ပေ။

တစ်ခုခု အလျင်အမြန် စားသောက်ပြီးနောက် သူသည် စစ်တန်းလျားသို့သွားကာ ထိပ်တန်းစစ်သည်တစ်ဒါဇင်ကို ရွေးချယ်ပြီး ကမ်းခြေတွင် ဆိုင်းငံ့ထားခဲ့သည်။

ပိုင်ချီသည်လည်း အစောကြီးရောက်ရှိလာခဲ့ပြီး သူ၏ကျောပေါ်တွင် A-အဆင့် လေးနှင့်မြားကိုသယ်ဆောင်ထားခဲ့သည်။

ဒူခန်းသည် တကယ်တမ်းတွင် တစ်အခါမျှ မတိုက်ခိုက်ခဲ့ဖူးပေ။ ဤအကြိမ်တွင် စစ်ပွဲများရှိမည်မှာ သေချာပေသည်။

ထို့ကြောင့် သိုင်းပညာဝတ္ထုများ၏ နက်နက်ရှိုင်းရှိုင်းလွှမ်းမိုးခြင်းကို ခံထားရသူတစ်ယောက်ဖြစ်သော သူသည် လှပစွာပြုလုပ်ထားသော ဓားတစ်စင်းကိုသာ ရွေးချယ်ခဲ့သည်။

လှပစွာပြုလုပ်ထားသော်လည်း ၎င်းသည် သာမန်အဆင့်သာဖြစ်ပြီး အပိုဂုဏ်သတ္တိများ မပါရှိပေ။

သူ့ကိုယ်ပိုင်စကားဖြင့်ပြောရလျှင် လူတစ်ယောက်သည် ‘ဈေးပေါမှု’ ပေါ်မှီခိုပြီး ကမ္ဘာကြီးကိုလှည့်လည်ရမည်ဖြစ်သည်။ ဂုဏ်သတ္တိများမှာ အရေးမကြီးပေ။ သို့သော် စိတ်ခံစားမှုကိုမူ ပြည့်ဝစွာဖမ်းယူရမည်ဖြစ်သည်။

အချိန်သည် ညနေ ၇:၃၀ သို့ လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ရှောင်းယီသည် အန်းရန်ကိုခေါ်ကာ ကမ်းခြေသို့ရောက်ရှိလာခဲ့သည်။ ကျန်းယွင်ထျန်းနှင့် အခြားသူများသည်လည်း ရောက်ရှိနေကြပြီဖြစ်သည်။

“လူတိုင်းအဆင်သင့်ဖြစ်ပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်ကဲ့...အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ကျုပ်တို့အပြင် ထိပ်တန်းအဖွဲ့ဝင်ဆယ်ဦးလည်း ပါရှိပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ အပျော်စီးရွက်သင်္ဘောပေါ်တက်ပြီး တည်နေရာကူးပြောင်းမယ့်အချိန်ကို စောင့်ကြမယ်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ထို့နောက် လူတိုင်း အပျော်စီးရွက်သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။ အပျော်စီးရွက်သင်္ဘောသည် အကွာအဝေးတစ်ခုသို့ ပြေးထွက်ပြီးနောက် ရပ်တန့်သွားခဲ့သည်။

လူတိုင်း စောင့်ဆိုင်းနေစဉ်အတွင်း အချိန်သည် ည ၈ နာရီသို့ ရောက်ရှိလာပြီး ရတနာမြေပုံမှ အလင်းရောင်များ ထွက်ပေါ်လာကာ စတင်၍ တည်နေရာကူးပြောင်းပေးခဲ့သည်။

ရှောင်းယီသည် မျက်မှောင်ကြုံ့ပြီး သင်္ဘောခန်းထဲမှထွက်လာကာ အပျော်စီးရွက်သင်္ဘောဘေးရှိ ပင်လယ်ပြင်ကို စိုက်ကြည့်လိုက်သည်။

“ဘာမှားနေလို့လဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“လူတစ်ယောက်ရှိနေသလိုပဲ။”

ရှောင်းယီက ပြန်ဖြေသည်။

“တကယ်လား။ လူရှိရင် ချင်းလုံက သိသင့်တယ်မဟုတ်ဘူးလား။”

ကျန်းယွင်ထျန်း အနည်းငယ်မယုံကြည်နိုင်ဟန် ဖြစ်သွားခဲ့သည်။

“ပုံမှန်ဆိုရင်တော့ ဟုတ်တယ်။ ဒါပေမယ့် ရေသူမဖြစ်နေမယ်ဆိုရင်တော့ မသေချာတော့ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

သို့သော် ရှောင်းယီသည် ရေသူမများ၏လက္ခဏာများကို မတွေ့ရှိခဲ့ရပေ။

သူတို့စကားပြောနေစဉ်အတွင်း အပျော်စီးရွက်သင်္ဘဪကို တိုက်ရိုက် တည်နေရာကူးပြောင်းလိုက်ပြီး ပြန်ပေါ်လာသောအခါ ကျွန်းတစ်ကျွန်း၏ကမ်းခြေအနီးတွင် ရှိနေသည်ကို တွေ့လိုက်ကြရသည်။

ရတနာမြေပုံ၏ တည်နေရာကူးပြောင်းမှုတွင် ဦးတည်ချက်ကျောက်ကဲ့သို့ လိုအပ်ချက်အများကြီးမရှိပေ။ ဥပမာ ဦးတည်ချက်ကျောက်ဖြင့့် တည်နေရာကူးပြောင်းသောအခါ လူတိုင်းသည် သင်္ဘောခန်းမထဲတွင် ဝင်နေရမည်ဖြစ်သော်လည်း ရတနာမြေပုံတွင်မူ ထိုကဲ့သို့လိုအပ်ချက်မျိုး မရှိပေ။

အပျော်စီးရွက်သင်္ဘောသည် ကမ်းခြေဆီသို့ စတင်ရွေ့လျားသွားခဲ့သည်။

ရှောင်းယီသည် သူ၏မျက်ခုံးများကို ပင့်မကာ အပျော်စီးရွက်သင်္ဘော၏ညာဘက်သို့ လျှောက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ငါမင်းကိုတွေ့တယ် ထွက်လာခဲ့။”

“ဝေါ...”

ထိုစဉ် ရေများဖြင့်ဖွဲ့စည်းထားသော ရေလူသားတစ်ဦးသည် ပင်လယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

ပင်လယ်ထဲမှ ပေါ်ထွက်ပြီးနောက် ထိုရေလူသားသည် ဖြည်းဖြည်းချင်း ပုံသဏ္ဍာန်ပြောင်းလဲသွားကာ ရှောင်းယီလွှတ်ပေးခဲ့သော ရေသူမဖြစ်သွားခဲ့လေသည်။

“မင်း တကယ်ကို ငါတို့ကိုလိုက်နေခဲ့တာပဲ။”

ရှောင်းယီက သူ၏မျက်လုံးများကို မှေးကျဉ်းကာ ရေသူမမင်းသမီးလင်းရှားအား စိုက်ကြည့်လိုက်သည်။

လင်းရှားသည် ငြင်းဆိုခြင်းမပြုဘဲ ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။

“ရှင်တို့က ဒီကမ္ဘာကလူတွေမဟုတ်ဘူး။ ရှင် ဘာလို့ ကျွန်မကိုလိမ်ခဲ့တာလဲ။”

“ငါတို့ဘယ်သူဆိုတာက မင်းနဲ့မဆိုင်ဘူလို့ ငါထင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ရှင်တို့ရဲ့စိုးရိမ်မှုတွေကို ကျွန်မနားလည်ပါတယ်။ ရှင်တို့သာ ကျွန်မတို့ရေသူမမျိုးနွယ်ကို ဒီအခက်အခဲကို ကျော်လွှားအောင်ကူညီပေးနိုင်မယ်ဆိုရင် ကျွန်မတို့က ရှင်တို့ကို ရှင်တို့မမျှော်လင့်တဲ့ အကျိုးကျေးဇူးတွေ ပေးပါ့မယ်။”

လင်းရှားသည် ယခင်မေးခွန်းကို ပြန်ပြောမနေဘဲ ဆက်ပြောလိုက်သည်။

“မင်းတို့က ငါတို့ကို အကူအညီတောင်းတာကြောင့် ငါတို့ကူညီပေူရင် ဒါက ငါတို့ရဲ့ကြင်နာမှုပဲ။ မကူညီတာကလည်း ငါတို့ရဲ့လုပ်ပိုင်ခွင့်ပဲ။ ငါ့ရဲ့ရွေးချယ်မှုက မကူညီဖို့ပဲ။ ပြဿနာရှိလား။”

ရှောင်းယီက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ဒါက မှန်ပါတယ်။ ဒီလိုဆိုရင်ကော...ကျွန်မ ရှင့်အတွက် အလုပ်လုပ်ပေးမယ်။ အပြန်အလှန်အနေနဲ့ ရှင်က ကျွန်မတို့ရေသူမမျိုးနွယ်ရဲ့ အခက်အခဲကို ကျော်လွှားအောင်ကူညီပေးရမယ်။”

လင်းရှားက ဆက်လက်ညှိနှိုင်းလိုက်သည်။

“အခု ငါ မင်းတို့ရဲ့အကူအညီကို မလိုအပ်သေးဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။ ငါတို့ရဲ့အချိန်တွေကို လာပြီးမဖြုန်းတီးနဲ့။ ငါတို့က အရမ်းအလုပ်များတယ်။ လှည့်ကွက်တွေနဲ့လည်း လာပြီးမကစားနဲ့။ မဟုတ်ရင် မင်း အရှုံးနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်။”

သူ၏အသံသည် အလွန်အမင်း အာဏာရှင်ဆန်ပြီး လင်းရှားသည် အမှန်တကယ် ကြောက်လန့်သွားကာ နောက်သို့တစ်လှမ်းဆုတ်လိုက်မိသည်။

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် သူ၏လူများကို ဦးဆောင်ကာ အပျော်စီးရွက်သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည်။

“ဒီရေသူမကို ဒီမှာချန်ထားခဲ့ရင်...”

ကျန်းယွင်ထျန်းက လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ သူမလုပ်ရဲဘူး။ သူမက ငါတို့ရဲ့အကူအညီကို လိုအပ်နေတာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ရှောင်းယီနှင့် လင်းရှားတို့၏ စကားပြောဆိုမှုတွင် ရှောင်းယီ၏စကားကိုသာ သူတို့နားလည်နိုင်ပြီး လင်းရှားပြောသည့်စကားကိုမူ သူတို့လုံးဝနားမလည်နိုင်ကြပေ။

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“အန်းရန် မင်းက အနောက်မြောက်ဘက်ကိုသွားလိုက်ပါ။ ပြီးရင် အလုပ်ရှားသေးဘဲ ငါ့ဆီကမက်ဆေ့ချ်ကိုစောင့်နေ။ သတိလည်းထားရမယ်။”

ရှောင်းယီက အစီအစဉ်‌ဆွဲလိုက်သည်။

“အစ်ကိုကျန်း မင်းကတောင်ဘက်ကိုတာဝန်ယူလိုက်။ ပိုင်ချီ မင်းကအနောက်တောင်ဘက်ကို တာဝန်ယူရမယ်။ မင်းနဲ့ တပိုင်က အနောက်ဘက်ကိုသွား။ မင်းတို့ခုနှစ်ယောက်က မြောက်ဘက်ကိုသွား။ ငါကမြောက်အရှေ့ဘက်ကိုသွားမယ်။ ဒူခန်းက အရှေ့တောင်ဘက်ကိုသွားရမယ်။”

ဤအစီအစဉ်ဖြင့် အပျော်စီးရွက်သင်္ဘောပေါ်တွင် ချန်ထားခဲ့သော လူနှစ်ဦးမှလွဲ၍ လူတိုင်းတွင် တာဝန်ကိုယ်စီရှိလာခဲ့ကြသည်။

ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် တပိုင်ဘေးတွင် စစ်သားတစ်ဦးကို စီစဉ်ပေးထားခဲ့သည်။

ရှောင်းယီကိုယ်တိုင်ကမူ အရှေ့ဘက်တွင်ရှိနေပြီး သူသည် သူ၏လမ်းကြောင်းကို ယာယီထားခဲ့ဦးမည်ဟု ဆုံးဖြတ်ခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရတနာမြေပုံသည် ရှောင်းယီထံတွင်ရှိနေခြင်းဖြစ်ပြီး အရှေ့ဘက်တွင် အခြားဘယ်သူမျှ မည်သည့်အရာကိုမျှ ဖွင့်၍မရနိုင်ပေ။

သူတို့လုပ်ဆောင်ရမည့်အရာမှာ အခြားလမ်းကြောင်းခုနှစ်ခုရှိ လူအားလုံးကို ထိန်းချုပ်ရန်ဖြစ်သည်။

“မင်းတို့ရောက်သွားရင် အရင်စောင့်ကြည့်ပြီး ရတနာမြေပုံပိုင်ရှင်ကိုရှာရမယ်။ အလောတကြီးမလုပ်နဲ့။ ငါ့ဆီကမက်ဆေ့ချ်ကိုစောင့်နေ။ လူတိုင်း ဝေါ်ကီတော်ကီကို 821 ကြိမ်နှုန်းအထိ ချိန်ညှိထားကြ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“မှတ်ထားပါ။ ဘေးကင်းရေးက အရေးအကြီးဆုံးပဲ။”

“ဟုတ်ကဲ့”

လူတိုင်းက ပြန်ဖြေလိုက်ကြသည်။

ထို့နောက် လူတိုင်း လူစုခွဲကာ ထွက်သွားလိုက်ကြပြီး သူတို့၏ပုံရိပ်များကို ဂရုတစိုက် ဖုံးကွယ်ထားလိုက်ကြသည်။

ရှောင်းယီသည် သစ်တောထဲတွင် အလွန်လျင်မြန်စွာ ဖြတ်သန်းသွားပြီး မကြာမီ အရှေ့မြောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။

အရှေ့မြောက်ဘက်သည် အမှန်တကယ်ပင် ဒေသခံတစ်ဖွဲ့ဖြစ်နေခဲ့သည်။

သူတို့သည် အလွန်စိတ်အားထက်သန်စွာဖြင့် သစ်တောထဲသို့ဦးတည်နေကြပြီဖြစ်သည်။

ရှောင်းယီရောက်လာသောအခါ သူတို့သည် ကျားသစ်တစ်ကောင်နှင့် တိုက်ခိုက်နေကြချိန်ဖြစ်သည်။

“စလာကတည်းက ကျားသစ်နဲ့လား။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ကျားသစ်များကို ရက်စက်သောသတ္တဝါများအဖြစ်သတ်မှတ်ထားပြီး အစပိုင်းကတည်းက ကျားသစ်တစ်ကောင်နှင့် တွေ့ဆုံရခြင်းသည် ဤရတနာ၏အဆင့်မှာ အလွန်မြင့်မားလိမ့်မည်ဟု သတ်မှတ်၍ရပေသည်။

ဆိုလိုသည်မှာ ကနဦးရတနာသေတ္တာမှ A-အဆင့် ရတနာများကို ရရှိနိုင်ပေသည်။

ရှောင်းယီသည် ကျားသစ်၏အဆင့်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသောအခါ ထပ်မံ အံ့အားသင့်သွားခဲ့သည်။

“ရွှေကျားသစ် (A-အဆင့်)”

အစပိုင်းကတည်းက A-အဆင့် သတ္တဝါရှိနေသည်ဖြစ်ရာ ဤရတနာ၏အဆင့်သည် အမှန်တကယ် အလွန်မြင့်မားလွန်းလှပေသည်။

“လူတိုင်းသတိထားကြ။ ဒီတစ်ခါ စလာကတည်းက A-အဆင့် အစောင့်အရှောက်သားရဲတွေရှိနေတယ်။ နေရာမှာပဲနေပြီး သူတို့တိုက်ခိုက်နေတာကိုကြည့်နေကြ။ ရတနာမြေပုံပိုင်ရှင်သေဆုံးမှုကနေ ကာကွယ်ဖို့လည်း အာရုံစိုက်ထားရမယ်။”

ရှောင်းယီက ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်းက ပြန်ဖြေလိုက်ကြသည်။

လက်ရှိတွင် မြောက်ဘက်ရှိ ထိပ်တန်းစစ်သည်ခုနှစ်ဦးသည် B-အဆင့်သာဖြစ်ပြီး သူတို့သည် ထိပ်တန်းစစ်သည်များဖြစ်သော်လည်း A-အဆင့်သတ္တဝါ၏ရှေ့မှောက်တွင် ဒဏ်ရာမရဘဲာဆုတ်ခွာရန်မှာ ခက်ခဲလှပေသည်။

အလားတူပင် အနောက်တောင်ဘက်ရှိ ပိုင်ချီသည်လည်း B-အဆင့်ဖြစ်ပြီး သူ၏ဘက်သည် ပို၍ပင် ဒုက္ခများမည်ဖြစ်သည်။

All Chapters