← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 38 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 38 Ch. 547-548

အခန်း ၅၄၇- A-အဆင့်မှော်ဆရာ ယွဲ့ယင်၊ မျောက်နက်တိုင်းပြည်

ရှောင်းယီသည် အနည်းငယ်တွေးတောပြီးနောက် ထပ်ပြောလိုက်သည်ာ

“အစ်ကိုကျန်းနဲ့ ငါက ပထမဆုံးလှုပ်ရှားမယ်။ ငါဒီမှာဖြေရှင်းပြီးသွားရင် မြောက်ဘက်ကို ပြန်လာပြီး အကူအညီပေးမယ်။ အစ်ကိုကျန်း မင်းအဲဒီမှာပြီးသွားရင် ပိုင်ချီကိုအကူအညီပေးလိုက်ပါ။”

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

ရှောင်းယီရှေ့ရှိ ဒေသခံများသည် A-အဆင့်ကျားသစ်နှင့် လုံးထွေးသတ်ပုတ်နေစဉ် ရုတ်တရက် ဒေသခံအဖွဲ့ထဲမှ မှော်ဆရာသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုကို စတင်ပစ်လွှတ်လိုက်လေသည်။

ထိုအခါ A-အဆင့် ကျားသစ်၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး ၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကာ ပတ်ပတ်လည်ရှိ ဒေသခံများသည် ဝိုင်းဝန်းတိုက်ခိုက်ပြီး ထိုကျားသစ်ကိုသတ်ပစ်လိုက်ကြတော့လေသည်။

မှော်ဆရာသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုအား အသုံးပြုပြီးဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ ရှောင်းယီသည် တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ထွက်သွားခဲ့သည်။

ဒေသခံများသည် သက်ပြင်းမချနိုင်သေးမီမှာပင် မှော်ဆရာသည် ချက်ချင်းပင် အော်ဟစ်ကာ သတိပေးလိုက်၏။

“လူတိုင်းသတိထားကြ။ တစ်ယောက်ယောက်လာနေတယ်။”

ရှောင်းယီသည် စကားအများကြီးပြောမနေခဲ့ပေ။

“အညံ့ခံမလား သေမလား။”

မှော်ဆရာသည် ရှောင်ယီ၏စကားအား သူမည်သို့နားလည်နိုင်သည်ကို အံ့အားသင့်ရန် အချိန်မရှိဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။

“တိုက်ကြ သူ့ကိုသတ်ပစ်။”

ရှောင်းယီသည် သူ၏ခြေဖျားအနည်းငယ် ရွေ့လျားကာ ဒေသခံများ၏တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး မှော်ဆရာထံသို့ လျင်မြန်ဆန် ချဉ်းကပ်သွားလိုက်သည်။

မှော်ဆရာ၏မျက်လုံးများ ပြူးကျယ်သွား၏။ ရှောင်းယီ၏ပုံရိပ်သည် အလွန်လျင်မြန်လွန်းပြီး သူသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုကို ယခုလေးတင် အသုံးပြုခဲ့ပြီးဖြစ်ရာ ထိုစွမ်းရည်မှာ အေးခဲနေဆဲဖြစ်သည်။

ထိုင်ပြီးသေရန်စောင့်နေခြင်းသည် သူ၏ပုံစံမဟုတ်ပေ။ မှော်ဆရာသည် အနောက်ဘက်သို့ ပျံသန်းလိုက်ကာ ရှောင်းယီနှင့် သူ၏ကြားတွင် အကွာအဝေးတစ်ခုထားရန် ကြိုးစားလိုက်သည်။

သို့သော် မှော်ဆရာအား အံ့အားသင့်သွားစေသည်မှာ ရှောင်းယီ၏အလွန်မြန်ဆန်လွန်းသောအရှိန်သည် ချက်ချင်းတိုးမြင့်ခဲ့လာခြင်းပင်။

ဒေသခံများ ပြန်လည်တုံ့ပြန်လာနိုင်သည့်အချိန်တွင် ရှောင်းယီသည် မှော်ဆရာ၏လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားပြီးဖြစ်ပြီး။သူ့ကို လေထဲသို့ မြှောက်တင်လိုက်ပြီးဖြစ်သည်။

မှော်ဆရာ၏ကိုယ်အလေးချိန် ခြောက်ဆယ်ကီလိုသည် ရှောင်းယီ၏လက်ထဲတွင် အလွန်ပေါ့ပါးလွန်းလှသည်။

မှော်ဆရာသည် သူ၏စွမ်းအားသည် လက်ခံနိုင်ဆဲဖြစ်ကြောင်း ယုံကြည်ထားခဲ့သော်လည်း ရှောင်းယီကိုမူ ခုခံကာကွယ်နိုင်ခြင်းမရှိခဲ့ပေ။

သူသည် ရှောင်းယီကို ကြောက်လန့်တကြားဖြင့် ကြည့်ရုံသာကြည့်ရှုနိုင်ပြီး စကားတစ်လုံးပင် မပြောနိုင်ခဲ့ပေ။ ရှောင်းယီ၏လက်သည် အလွန်တင်းကျပ်လာခဲ့ပြီး သူသည် နောက်ထပ်အသက်ရှူ၍မရတော့ကြောင်း ခံစားလိုက်ရသည်။

“အသက်...ချမ်းသာ...ပေး... ပါ...။”

မှော်ဆရာသည် သူ၏လည်ချောင်းထဲမှ စကားလုံးနှစ်လုံးကို မနည်းညှစ်ထုတ်လိုက်ရသည်။

ရှောင်းယီသည် သူ၏လက်ဖဝါးကို ဖြေလျှော့ပေးလိုက်ပြီး မှော်ဆရာသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ လေကို အသည်းအသန် ရှူရှိုက်လိုက်ရသည်။

“ငါမင်းကို တစ်ကြိမ်ဖမ်းနိုင်ရင် နှစ်ကြိမ်လည်းဖမ်းနိုင်တယ်။ မင်းရဲ့လူတွေကိုခေါ်ပြီး ငါ့နောက်လိုက်ခဲ့။”

ရှောင်းယီက ပြောလိုက်သည်။

ထိုအခါ မှော်ဆရာ၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။

“ဒါပေမယ့် ဆရာကြီး ကျုပ် ဒီမှာမပြီးသေးဘူးလေ။”

“ဘာတွေအလျင်လိုနေတာလဲ။ ရတနာသေတ္တာတွေ ဒီကနေ ထွက်ပြေးသွားမှာမဟုတ်ဘူး။ ငါ့နောက်ကိုသာလိုက်ခဲ့စမ်းပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

မှော်ဆရာက ချက်ချင်း တုံ့ပြန်လိုက်သည်။

“မင်း နာမည်ဘယ်လိုခေါ်လဲ။”

“ယွဲ့ယင်ပါ။”

“ကောင်းပြီး နောက်ပိုင်းမှာ မင်း ငါ့ကို ကျွန်းပိုင်ရှင်လို့ခေါ်ရမယ်။ အရာအားလုံးကို ကိုင်တွယ်ပြီးရင် အရင်ဆုံး စာချုပ်ချုပ်ရမယ်။”

ယွဲ့ယင်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏အဖွဲ့ကို ဦးဆောင်ပြီး ရှောင်းယီနောက်သို့လိုက်ကာ မြောက်ဘက်သို့ လိုက်သွားခဲ့လေသည်။

ယွဲ့ယင်သည် A-အဆင့်မှော်ဆရာဖြစ်ပြီး ထိပ်တန်းတိုက်ခိုက်ရေးအားစုအဖြစ်လည်း သတ်မှတ်နိုင်သည်။

သူတို့အဖွဲ့သည် မြောက်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရှောင်းယီက သူတို့ကို ပုန်းရန်အချက်ပြလိုက်သည်။ မြောက်ဘက်ရှိအဖွဲ့သည်လည်း အစောင့်အရှောက်သားရဲနှင့် တိုက်ခိုက်နေကြလေသည်။

“လူတိုင်း ဒီမြေခွေးကို သတိထားပြီး ထောင်ချောက်ထဲကို ဆွဲဆောင်လာခဲ့။”

“ဟုတ်ကဲ့”

“သတိထား သူက အရမ်းမြန်တယ်။”

“မြန်မြန်လုပ် ကျုပ် တောင့်မခံနိုင်တော့ဘူး။ လာကူညီကြဦး။”

ထိုလူများ၏ အသားအရောင်မှာ မည်းနက်နေပြီး အရပ်ပုကြသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းယီသည် သူတို့သည် ယခင်ကမ္ဘာက မျောက်နက်တိုင်းပြည်မှ လူများဖြစ်သည်ဟု ခန့်မှန်းမိလိုက်သည်။

သူတို့ပြောသော ဘာသာစကားသည် အင်္ဂလိပ်ဘာသာမဟုတ်ပေ။ ရှောင်းယီသည် ၎င်းသည် မည်သည့်ဘာသာစကားဖြစ်သည်ကို မသိသော်လည်း ဘာဖြစ်ဖြစ် ရှောင်းယီသည် ထိုစကားများကို နားလည်နိုင်ပေသည်။

လှုပ်ရှားမှုတစ်ခုပြီးနောက် အဖွဲ့သည် တန်းကြေးအဖြစ် လူနှစ်ဦးအသက်ဖြင့် ပေးချေလိုက်ရကာ ထိုမြေခွေးကို ထောင်ချောက်ထဲသို့ ဆွဲခေါ်နိုင်ခဲ့သည်။

“အစ်ကိုကြီး ဒီဟာက အရမ်းကိုင်တွယ်ရခက်တယ်။ A-အဆင့် ဖြစ်လောက်မယ်ထင်တယ်။ ငါတို့လူတွေလည်း ဆုံးရှုံးပြီးသွားပြီးဆိုတော့ ဆက်သွားဦးမှာလား။”

“သေချာတာပေါ့။ ဒီနေရာမှာတောင်မှ A-အဆင့် အစောင့်အရှောက်သားရဲရှိတယ်။ ဆိုလိုတာက ဒီရတနာက အဆင့်အရမ်းမြင့်တယ်။ ရတနာသေတ္တာတစ်လုံးလောက် ဖွင့်နိုင်ရင်တောင် ငါတို့ချမ်းသာပြီပဲ။”

“ဒါပေမယ့် ကျုပ်တို့လူနှစ်ယောက် ဆုံးရှုံးသွားပြီလေ။’

“သူတို့သေသွားလို့ပဲ ငါတို့ သူတို့ကို အလဟဿ သေခွင့်မပြုလိုက်နိုင်ဘူး။”

သူတို့၏စကားပြောဆိုမှုများကို နားထောင်ရင်း ရှောင်းယီ တွေးလိုက်မိသည်။

“ဒီကောင်က တကယ်အရည်အချင်းရှိတာပဲ။ အကြောင်းပြချက်ကောင်းကောင်းပြနိုင်တယ်။”

သူတို့အနားယူနေစဉ် ရှောင်းယီသည် ထိုနေရာကိုကြည့်ရှုနေသော ထိပ်တန်းစစ်သည်ခုနှစ်ဦးကို အတူတကွထွက်လာကြရန် အချက်ပြလိုက်သည်။

ထိုလူများသည် ရှောင်းယီနှင့် အခြားသူများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တင်းမာသွားခဲ့ကြသည်။

ဤနေရာတွင် မိမိတို့မျိုးနွယ်တူများနှင့် တွေ့ဆုံရခြင်းမှာ ကောင်းသောအရာမဟုတ်ပေ။

“မင်းတို့က ဘယ်သူတွေလဲ။”

ထိုအဖွဲ့၏ခေါင်းဆောင်က နက်ရှိုင်းသည့်လေသံဖြင့် မေးလိုက်သည်။

“မင်းတို့လိုပဲ ငါတို့ကလည်း အသက်ရှင်ကျန်ရစ်သူတွေပါ။”

ရှောင်းယီက ပြောလိုက်သည်။

“အခု ငါကြေညာတယ်။ ဒီမှာရှိတဲ့ရတနာအားလုံးက ငါ့အပိုင်ပဲ။”

“ဟမ့် မင်းက လူကောင်သာမကြီးတာ လေလုံးကတော့ တကယ်ကြီးတာပဲ။”

ထိုလူက ပြန်ဖြေလိုက်သည်။

“ရတနာကိုလုချင်တယ်ဆိုမှတော့ မင်းမှာ ဒီလိုမျိုးစွမ်းရည်ရှိ၊မရှိ ကြည့်ရသေးတာပေါ့။”

ရှောင်းယီက ယွဲ့ယင်ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့စွမ်းရည်ပြသဖို့ညအလှည့်ကျပြီ။ ခေါင်းဆောင်ကိုတော့ မသတ်မိစေနဲ့။”

ယွဲ့ယင်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ၏အဖွဲ့ကို ဦးဆောင်ကာ ချီတက်သွားလိုက်သည်။

“ဘာ...ဒီဒေသခံက သူ့စကားကို တကယ်နားလည်နိုင်တယ်ပေါ့။”

“သူက မလေးလို‌ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့လည်း နားလည်နေသလိုပဲ။”

“ဒီဒေသခံက တကယ်ပဲ သူ့အမိန့်ကိုနာခံနေတယ်ဟ။”

တစ်ဖက်ကလူများ တုန်လှုပ်သွားခဲ့ကြသည်။

ယွဲ့ယင်က ဘာမှချန်လှပ်မထားခဲ့ပေ။ သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုကျွမ်းကျင်မှုသည် ဤနေရာသို့လာရာလမ်းတွင် အေးခဲချိန်ပြည့်သွားပြီဖြစ်ကာ ချက်ချင်းပက် ထုတ်လွှတ်လိုက်လေသည်။

တစ်ဖက်ခြမ်းရှိ ထိုလူများသည် မည်သည့်တုံ့ပြန်မှုမျှ ပြုလုပ်မနိုင်ခဲ့ဘဲ မြေပြင်ပေါ်သို့လဲကျကာ သတိလစ်သွားကြတော့သည်။

ထိုလူများ၏အမြင့်ဆုံးအဆင့်သည် B-အဆင့်ဖြစ်ပြီး ထိုအဆင့်ရှိလူမှာလည်း တစ်ဦးတည်းသာရှိကာ C-အဆင့် လူသုံးဦးရှိပြီး ကျန်လူများမှာ သာမန်လူများဖြစ်ကြသည်။

သာမန်လူများသည် မည်သည့်သံသယမျှရှိစရာမလိုဘဲ စိတ်ဝိဉာည်တိုက်ခိုက်မှုဖြင့် တိုက်ရိုက် အသတ်ခံလိုက်ရပြီး ကျန်လေးဦးမှာ သတိလစ်သွားခဲ့သည်။

ရှောင်းယီမှ မြောက်ဘက်အဖွဲ့ကို ရှင်းလင်းပြီးသည့်အချိန်တွင် ကျန်းယွင်ထျန်းသည်လည်း တောင်ဘက်အဖွဲ့ကို ကိုင်တွယ်ပြီးဖြစ်သည်။

တောင်ဘက်အဖွဲ့သည် ရှားနိုင်ငံအနောက်ဘက်ရှိ နိုင်ငံငယ်လေးတစ်ခုမှဖြစ်သည်။ ကျန်းယွင်ထျန်းသာ အချိန်မီမလှုပ်ရှားခဲ့ပါက သူတို့သည် သုတ်သင်ခံရတော့မည်ဖြစ်သည်။

ဤသို့ပင်ဖြစ်စေ သူတို့သည် ရောက်ရှိလာသော လူရှစ်ဦးအနက် လေးဦးဆုံးရှုံးခဲ့ရသည်။

ကျန်းယွင်ထျန်း ပြေးထွက်လာပြီး အစောင့်အရှောက်သားရဲအား အလွယ်တကူဖြေရှင်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူတို့သည် ကျန်းယွင်ထျန်း၏ရှေ့တွင် အမှန်တကယ် ဒူးထောက်ချလိုက်ကာ တစ်စုံတစ်ခုကို ဆက်တိုက်ပြောနေခဲ့ကြသည်။

ကံမကောင်းစွာပင် ကျန်းယွင်ထျန်းတွင် တယ်လီပသီကျွမ်းကျင်မှုမရှိသောကြောင့် သူတို့ကို အနောက်တောင်ဘက်သို့သာ ဆွဲယူသွားနိုင်ခဲ့သည်။

ကျန်းယွင်ထျန်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားမလည်သော်လည်း သူတို့သည် အနောက်တောင်ဘက်သို့ သူ့နောက်မှ ရိုးရိုးသားသား လိုက်သွားခဲ့ကြသည်။

မြောက်ဘက်ကို ကိုင်တွယ်ပြီးနောက် ရှောင်းယီသည် အနောက်မြောက်ဘက်သို့ ဆက်လက်လျှောက်လှမ်းသွားကာ လမ်းလျှောက်ရင်း ဝေါ်ကီတော်ကီဖြင့် သတင်းအချက်အလက်များအား မေးမြန်းလိုက်သည်။

“အန်းရန် မင်းဘက်မှာ ပြီးသွားပြီလား။”

“ဒီမှာ ဝက်ရိုင်းတစ်ကောင်ပဲရှိတာ။ ပြီးသွားပြီ။”

အန်းရန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ချက်ချင်းဆက်မသွားသေးနဲ့ဦး။ လမ်းကြောင်းအားလုံးကို ကိုင်တွယ်ပြီးမှ အတူတူသွားကြမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ဤစီစဉ်မှုသည်လည်း ဘေးကင်းရေးအတွက် ဖြစ်သည်။ အစပိုင်းတွင်ပင် A-အဆင့်သားရဲများရှိနေပြီဖြစ်ပြီး နောက်ပိုင်းရှိသားရဲများသည် ပိုမို၍ အားကောင်းလာသင့်ပေသည်။

အန်းရန်သည် တစ်ယောက်တည်းဖြစ်ပြီး ပန်ပျန့်ထျန်း၏လူသုံးဦးသည်သာ သူမနောက်သို့ လိုက်နေကြခြင်းဖြစ်သည်။ ရှောင်းယီသည် ပျန်ပျန့်ထျန်းကို အနည်းငယ်စိုးရိမ်နေခဲ့သည်။

ပန်ပျန့်ထျန်းသည် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့စဉ်က သူမ၏သဘောထားသည် အလွန်နိမ့်ကျသော်လည်း သူမ၌ မကောင်းသောရည်ရွယ်ချက်များ ရှိ၊မရှိဆိုသည်ကို မည်သူသိနိုင်မည်နည်း။ သတိထားမှ ရပေလိမ့်မည်။

“အင်း”

အန်းရန်က ပြန်ဖြေလိုက်သည်။

ပန်ပျန့်ထျန်းသည်လည်း ဘေးနားမှနေ၍ ရှောင်းယီ၏အသံကို ကြားလိုက်ရပြီး ပြုံးကာပြောလိုက်သည်။

“သူက ကျွန်မ နောက်ကွယ်ကနေ လှည့်စားမှာကို စိုးရိမ်နေတာလား။ သူဌေးကြီး အရမ်းသတိကြီးတာပဲ။”

အန်းရန်က ပြုံးရုံသာပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။

“စကားမစပ် ရှင်နဲ့ ယီရန်ပင်းက ဘယ်လိုဆက်ဆံရေးမျိုးလဲ။”

ဘယ်လိုပဲဖြစ်ဖြစ် သူမတွင် ဘာမှလုပ်စရာမရှိသောကြောင့် ပန်ပျန့်ထျန်းသည် သူမဘက်မှ စကားစမြည်စပြောရန် စတင်ခဲ့လေသည်။

အခန်း ၅၄၈- တပိုင်လှုပ်ရှားခြင်း၊ စစ်သားများ၏မျက်ကန်းကိုးကွယ်မှု

အန်းရန်သည် ပန်ပျန့်ထျန်းကို တစ်ချက်ငဲ့ကြည့်ကာ “ဇနီးမောင်နှံ” ဟု ပြန်ဖြေလိုက်သည်။

“အဲ့ဒါကြောင့် သူက ဒီလောက်ထိ သတိထားနေတာကိုး။ ကျွန်မ ရှင့်ကိုခိုးသွားမှာကို ကြောက်နေတာပဲ။”

ပန်ပျန့်ထျန်းက ဟာသလုပ်လိုက်သည်။

အန်းရန်သည် အနည်းငယ်သာပြုံးကာ ဘာမျှပြန်မပြောခဲ့ပေ။

လွန်ခဲ့သောအချိန်က အန်းရန်သည် မြားနှစ်စင်းတည်းဖြင့် ထိုးစစ်ဆင်လာသော ဝက်ရိုင်းကို အပြတ်အသတ် ဖြေရှင်းပစ်ခဲ့ပြီး ပန်ပျန့်ထျန်းသည် သူမရှေ့ရှိဤလူသည် အလွန်စွမ်းအားကြီးကြောင်း သိရှိခဲ့ရသည်။

ပန်ပျန့်ထျန်းကိုယ်တိုင်သည် B-အဆင့်သို့အကန့်အသတ်မရှိ ချဉ်းကပ်နေပြီဖြစ်သော်လည်း သူမတို့ မဟာမိတ်တွင် အဆင့်မြင့်အသက်ရှင်ကျန်ရစ်သူများ မရှိသောကြောင့် ဤရတနာမြေပုံကိုသူမတို့ ကိုယ်တိုင်တူးနိုင်မည်မဟုတ်ကြောင်း သိရှိထားခဲ့သည်။

သူမအပါအဝင် ပန်ပျန့်ထျန်းမဟာမိတ်အဖွဲ့တွင် C-အဆင့် လူသုံးဦးသာရှိပေသည်။

ပန်ပျန့်ထျန်း၏အမြင်တွင် ထိုဝက်ရိုင်းသည် B-အဆင့်သို့ သေချာပေါက် ရောက်ရှိနေပြီဖြစ်ပြီး သူမ၏အဖွဲ့သာ ဤဝက်ရိုင်းနှင့် ရင်ဆိုင်ရပါက သေချာပေါက် သုတ်သင်ခံရမည်ဖြစ်သည်။

အန်းရန်သည် ၎င်းကို အလွန်လွယ်ကူစွာ ဖြေရှင်းလိုက်သည်ကို ကြည့်ရှုရင်းဖြင့် ပန်ပျန့်ထျန်းသည် အန်းရန်အား သူမ၏မဟာမိတ်ထဲသို့ခေါ်ယူကာ ခေါင်းဆောင်ဖြစ်စေလိုမိသည်မှာ အမှန်ပင်ဖြစ်သည်။

ပျန်ပျန့်ထျန်း၏မဟာမိတ်အဖွဲ့သည် အဓိကအားဖြင့် အမျိုးသမီးများကိုသာ စုဆောင်းပြီး မဟာမိတ်ထဲသို့ဝင်ရောက်လိုသော အမျိုးသားများအားလုံးသည် စာချုပ်ကဒ်ပြားများကို အသုံးပြုရန် လိုအပ်ပေသည်။

သို့သော် အန်းရန်နှင့် ယီရန်ပင်းတို့သည် အမှန်တကယ် ဇနီးမောင်နှံများဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ပန်ပျန့်ထျန်းသည် သူမထံ၌ အခွင့်အရေးမရှိတော့ကြောင်း ချက်ချင်းသိရှိသွားခဲ့သည်။

ထိုစဉ် ရှောင်းယီသည် သူ၏လူများကို ဦးဆောင်ကာ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

ပန်ပျန့်ထျန်းသည် သူတို့ဆီသို့ လျှောက်လာနေသော ငယ်ရွယ်ချောမောသည့်လူငယ်လေးကို ကြည့်ရှုကာ “အရမ်းငယ်တာပဲ” ဟု သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။

အန်းရန်သည် သူ့ဆီသို့ တက်သွားပြီး ပြောလိုက်သည်။

“ဝက်ရိုင်းရဲ့အလောင်းက ဟိုမှာ။”

ရှောင်းယီသည် သူ့နောက်သို့လိုက်လာသော မှော်ဆရာ ယွဲ့ယင်အား ဝက်ရိုင်းကို သယ်ဆောင်ရန် လူအနည်းငယ်ရှာဖွေခိုင်းလိုက်သည်။ ထို့နောက် သူသည် ပန်ပျန့်ထျန်းကို တစ်ချက်ငဲ့ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်က ယီရန်ပင်းပါ။ ဒီပူးပေါင်းဆောင်ရွက်မှုအတွက် မင်းက ကြည့်ရုံပဲကြည့်ပြီး အခြားလှုပ်ရှားမှုတွေ မလုပ်ပါနဲ့။ ကျုပ်တို့ကြားမှာ နားလည်မှုမှားယွင်းသွားစေနိုင်တယ်။”

“မစိုးရိမ်ပါနဲ့ သူဌေး။ ကျွန်မဘက်က ရတနာမြေပုံကိုပေးဖို့ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မ ဝင်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး။ မျက်မြင်သက်သေဖြစ်ရရုံနဲ့တင် ကျေနပ်နေပါပြီ။”

ပန်ပျန့်ထျန်းက သဘောထားကြီးစွာ ပြောလိုက်သည်။

“မင်းတို့ သူတို့ကိုစောင့်ကြည့်ထား။”

ရှောင်းယီက စစ်သားများကိုကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

“သွားကြရအောင် အခြားဘက်တွေရဲ့အခြေအနေတွေကို အရင်စစ်ဆေးကြည့်ကြမယ်။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် လူတိုင်းကိုဦးဆောင်ကာ အနောက်ဘက်သို့ ထွက်သွားခဲ့သည်။

အနောက်ဘက်သည်လည်း ဒေသခံတစ်ဖွဲ့ ဖြစ်နေခဲ့ပြီး လူဦးရေ ၁၀၀ နီးပါးခန့်ရှိပေသည်။

သို့သော်် ထိုရက်စက်သော A-အဆင့်ခြင်္သေ့မနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် ပြင်းထန်သည့် ဆုံးရှုံးနစ်မှုများကို ခံစားခဲ့ကြရသည်။

ထို့အပြင် ထိုဒေသခံများ၏မှော်ဆရာမှာ B-အဆင့်သာဖြစ်သည်။ ရင်ဆိုင်တိုက်ခိုက်ရန် နည်းဗျူဟာသာမရှိပါက သူတို့တွင် အခွင့်အရေးလုံးဝမရှိပေ။

“မှော်ဆရာ ကျုပ်တို့ သူကိုမနိုင်ဘူး။ ဘာလုပ်ရမလဲ။”

ဒေသခံတစ်ဦးက အသံမြင့်မြင့်ဖြင့် မေးမြန်းလိုက်သည်။

“ဆုတ်ခွာဖို့ပြင်ဆင်ကြတော့။”

မှော်ဆရာက မကျေမနပ်ဖြင့် ပြောလိုက်ရသည်။

သူသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုကို အခုလေးတင် အသုံးပြုခဲ့ပြီးဖြစ်ကာ ခြင်္သေ့မသည် ၀.၁ စက္ကန့်ထက်နည်းသော အချိန်အတွင်း ခဏမျှသာ ရပ်တန့်သွားခဲ့ပြီး သူ၏လက်အောက်ငယ်သားများထဲမှ တစ်ဦးတစ်ယောက်မျှ အခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့ပေ။

ဆိုလိုသည်မှာ ခြင်္သေ့မ၏အဆင့်သည် သူ့ထက်မြင့်မားသည်မှာ သေချာပေသည်။

တူညီသောအဆင့်ရှိမှော်ဆရာများ၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသည် ၁၀၀% နီးပါး အောင်မြင်ကြသည်ချည်းပင်။

ဤတိုက်ခိုက်မှုပြီးနောက် ခြင်္သေ့မသည် သတိထားလာခဲ့ပြီး သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုသည် လုံးဝအသုံးမဝင်တော့ပေ။

ဒေသခံများသည် တိုက်ခိုက်ရင်း ဆုတ်ခွာလာခဲ့ကြပြီး ခြင်္သေ့မသည်လည်း မရပ်မနားလိုက်လံဖမ်းဆီးသတိဖြတ်နေခဲ့ကာ မကြာမီ ဒေသခံများ၏ဘက်တွင် လူဆယ်ဦးသာ ကျန်ရှိတော့လေသည်။

ထိုအခါ မှော်ဆရာသည် မျက်မှောင်ကြုံ့ပြီး အော်ဟစ်လိုက်သည်။

“လူစုခွဲပြီး ပြေးကြ။ လှေပေါ်မှာပြန်ဆုံကြမယ်။”

“ဟုတ်ကဲ့”

ဒေသခံများသည် ချက်ချင်းပင် မတူညီသောလမ်းကြောင်းများသို့ ထွက်ပြေးသွားကြတော့သည်။

သို့သော် ခြင်္သေ့မသည် မှော်ဆရာကို ပစ်မှတ်ထားပြီး သူ့နောက်ကိုလိုက်လာမည်ဟု မည်သူထင်ထားခဲ့ပါမည်နည်း။

ခြင်္သေ့မ၏ ပြေးလာသောခြေသံများကို အနောက်မှကြားလိုက်ရသောအခါ မှော်ဆရာသည် အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။

“ဝေါင်း...”

ခြင်္သေ့မသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး မှော်ဆရာကို ခုန်အုပ်လိုက်တော့လေသည်။

“ပြီးသွားပြီ...။”

မှော်ဆရာသည် သူ၏ရုန်းကန်လှုပ်ရှားမှုများကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။

ထိုအချိန်တွင် အဖြူရောင်ပုံရိပ်တစ်ခုသည် သူ၏ဘေးတစ်ဖက်မှ ထွက်ပေါ်လာကာ ခြင်္သေ့မနှင့် တိုက်မိသွားခဲ့သည်။

ဘုန်း...

ခြင်္သေ့မသည် လေထဲသို့ လွင့်ပျံထွက်သွားပြီး ဘေးတစ်ဖက်ရှိ ဖလားခွက်တစ်လုံးခန့် အရွယ်အစားရှိသော သစ်ပင်တစ်ပင်၏ပင်စည်ကို ဝင်တိုက်မိသွားကာ ၎င်းကို ချိုးဖဲ့ပစ်လိုက်လေသည်။

မှော်ဆရာသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အရပ်ရှည်ရှည်ဖြင့် အဖြူရောင်ပုံရိပ်ကြီးကို ကြည့်ရှုမိလိုက်သည်။ ၎င်းသည် အမှန်တကယ် ပိုလာဝက်ဝံတစ်ကောင် ဖြစ်လို့နေခဲ့လေသည်။

တပိုင်သည် မှော်ဆရာကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့ကိုလျစ်လျူရှုကာ ခြင်္သေ့မဆီသို့ လျှောက်သွားလိုက်သည်။

ခြင်္သေ့မသည် တပိုင်၏ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ထိုအချိန်တွင် သူမသည် မြေပြင်ပေါ်တွင်ရုန်းကန်နေရကာ မထနိုင်တော့ပေ။ သူမ၏အသက်ရှူသံသည်လည်း ဖြည်းဖြည်းချင်း အားနည်းသွားခဲ့သည်။

တပိုက်သည် သူမနားသို့ကပ်သွားပြီး သူမကို အပေါ်စီးမှငုံ့ကြည့်ကာ သူ၏အော်ရာအရှိန်အဝါဖြင့် ဖိအားပေးလိုက်ပြီးနောက် ခြင်္သေ့မ၏အသက်ရှူသံများကို ရပ်တန့်သွားစေခဲ့သည်။

ဟမ့်

တပိုင်သည် ခပ်ပြင်းပြင်းနှာခေါင်းရှုံ့ကာ ဖြည်းဖြည်းချင်း နောက်ပြန်လှည့်သွားခဲ့သည်။

မှော်ဆရာသည် ဤနေရာမှ ထွက်သွားလိုသော်လည်း သူ၏ခြေထောက်များမှာ အနည်းငယ်အားနည်းနေပြီး လုံးဝမထနိုင်တော့ကြောင်း တွေ့ရှိလိုက်ရလေသည်။

ခြင်္သေ့မသည် သူ၏လူ ၁၀၀ နီးပါးရှိသောအဖွဲ့ကို လုံးဝဖျက်ဆီးပစ်ခဲ့ပြီး ခြင်္သေ့မကို ရိုက်သတ်ပစ်ခဲ့သော ဤပိုလာဝက်ဝံကိုမူ ပြောစရာကိုမလိုတော့ပေ။

မှော်ဆရာသည် ယခုအချိန်တွင် အလွန်နောင်တရနေခဲ့မိသည်။ သူသည် ဤရတနာမြေပုံကို တူးဖော်ရန် အဘယ်ကြောင့်လာခဲ့မိသနည်း။

သူသည် တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ရန်သာ ရွေးချယ်ခဲ့ပါက အချိန်ပိုကြာကြာ အသက်ရှင်နိုင်မည်ဖြစ်သည်။

ယခုအခါ အရာအားလုံးကို ဤနေရာတွင်သာ ချန်ထားခဲ့ရပေတော့မည်။

ဤအချိန်တွင် အဝတ်အစားများ ဝတ်ဆင်ထားသော ဒေသခံတစ်ဦး သူ့နားသို့ ချဉ်းကပ်လာခဲ့သည်။ သူ၏အဝတ်အစားကို ခြေသည်းငါးချောင်းပါသည့်ရွှေနဂါးပုံစံလိုဂိုဖြင့် ချုပ်လုပ်ထားခဲ့သည်။

“အခုကစပြီး မင်းနဲ့ မင်းရဲ့ရတနာမြေပုံကို ငါတို့သိမ်းယူလိုက်ပြီ။”

ထိုဒေသခံစစ်သားက ပြောလိုက်သည်။

မှော်ဆရာသည် ထိုဒေသခံကို အံ့အားသင့်စွာ ကြည့်မိလိုက်၏။ ထို့နောက် အထင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။

“မင်းရဲ့အဆင့်က ငါ့လောက်တောင်မမြင့်ဘူး။ ဒါတောင် မင်းက ငါ့ကိုထိန်းချုပ်ချင်နေသေးတယ်လား။”

“မင်းမှာ ရွေးချယ်စရာမရှိတော့ဘူး။ ငါရဲ့အဆင့်က နိမ့်ပေမယ့် ငါတို့ကျွန်းပိုင်ရှင်ရဲ့အဆင့်က အရမ်းကိုမှမြင့်မားတယ်။ မင်းကို မခုခံဖို့ အကြံပေးလိုက်မယ်။”

ထိုစစ်သား၏စကားကို ကြားလိုက်ရသောအခါ မှော်ဆရာသည် သံသယမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်မိသည်။

“ကျွန်းပိုင်ရှင်လား...။”

“ငါဆိုလိုတာက အပြင်လူပဲ။”

စစ်သားက အပေါ်ယံလောက်သာ ရှင်းပြလိုက်သည်။

“ဘာ...။ မင်းတကယ်ပဲ အပြင်လူတွေဆီမှာ ခိုလှုံလိုက်တာလား။”

မှော်ဆရာ အလွန်ဒေါသထွက်သွားခဲ့သည်။

ထိုအခါ စစ်သားသည် အေးဆေးတည်ငြိမ်စွာဖြင့် ရယ်မောကာ ပြောလိုက်သည်။

“အပြင်လူတွေက ငါတို့နယ်မြေကို ကျူးကျော်ခဲ့တယ်။ သူတို့က ဘယ်လောက်တောင် အန္တရာယ်များတယ်၊ ဘယ်လောက်တောင် နတ်ဆိုးဆန်တယ်ဆိုတာမျိုးတွေ မင်း ထပ်ပြောမှာမို့လား။”

“အာ...”

မှော်ဆရာ ဆွံ့အသွားခဲ့သည်။

မင်းက ငါပြောမယ့်ဟာတွေကို ပြောလိုက်မှတော့ ငါကဘာထပ်ပြောရတော့မှာလဲ။

“ငါက တကယ်ကို သာမန်ဒေသခံတစ်ယောက်ပဲ။ နတ်ဘုရားရဲ့ အလိုတော်ကိုမရခဲ့ဘူး။ ဒါပေမယ့် ငါသိတာက ငါတို့မျိုးနွယ်စုဟာ ကျွန်းပိုင်ရှင်ကို ခိုလှုံလိုက်တဲ့အချိန်ကနေစပြီး အရင်ထက်အဆတစ်ထောင်လောက် ပိုကောင်းလာတယ်။ ငါတို့ဝတ်ထားတဲ့အဝတ်အစားတွေကိုကြည့်၊ ငါတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်၊ ကျွန်းပေါ်ကနေထိုင်မှုအခြေအနေတွေကိုကြည့်။ သေချာတာပေါ့ မင်းတော့ မမြင်နိုင်ဘူး။ ကျွန်းပိုင်ရှင်က ငါတို့ကမ္ဘာကို ကျူးကျော်ဖို့လာတယ်ဆိုရင်တောင် ငါက သူ့နောက်ကိုလိုက်ပြီး သူ့ရဲ့ရှေ့ပြေးဖြစ်ချင်ပါတယ်လို့တောင် ပြောလိုက်ချင်သေးတယ်။”

မှော်ဆရာသည် ထိုလူ၏စကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။

“ဒါ့အပြင် ငါ မင်းကို နည်းနည်းလောက်မေးပါဦးမယ်။ မင်စတို့ နတ်ဘုရားလို့ခေါ်နေတဲ့အရာက မင်းတို့ကို ပျော်ရွှင်တဲ့ဘဝတစ်ခု ပေးပြီးပြီလား။ စစ်ပွဲက လွဲရင် မင်းကိုအဆင့်မြင့်အစားအစာ၊ ကျယ်ဝန်းတဲ့အိမ်တွေ၊ ဗဟုသုတတွေ အမျိုးမျိုး ပေးပြီးပြီလား။”

ထိုစစ်သားက ဆက်ပြောလိုက်သည်။

မှော်ဆရာသည် မည်သို့မျှ ငြင်းဆိုနိုင်ခြင်းမရှိသော်လည်း စစ်သား၏စကားလုံးများထဲမှ စကားလုံးတစ်လုံးသည် သူ့ကို ပို၍ပင်စူးစမ်းလိုစိတ်ဖြစ်လာစေခဲ့သည်။

“ဗဟုသုတ...အဲ့ဒါက ဘာလဲ။”

“ဒါက ယဉ်ကျေးမှုအမွေအနှစ်တစ်မျိုးပဲ။ ဒီအရာတွေနဲ့ဆိုရင် ငါတို့ဒီကမ္ဘာကြီးကို လျင်လျက်မြန်မြန်နဲ့ ထိထိရောက်ရောက် နားလည်နိုင်လိမ့်မယ်။ ဒီကမ္ဘာကြီးမှာ ပိုကောင်းအောင်၊ လိုက်လျောညီထွေဖြစ်အောင် နေနိုင်လိမ့်မယ်။ ပိုကောင်းအောင်လည်း ရှင်သန်နိုင်လိမ့်မယ်။”

ထိုစစ်သားက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

မှော်ဆရာ ထပ်မံအံ့အားသင့်သွားခဲ့သည်။ ဤဒေသခံသည် မည်သည့်အရာများကြုံတွေ့ခဲ့ရသည်ကို သူမသိပေ။ အဘယ်ကြောင့် ထိုအပြင်လူများကို ဤမျှလေးစားကာ မျက်ကန်းကိုးကွယ်မှုဟန်ပန်မျိုးပင် အနည်းငယ်ရှိနေရသနည်း။

မှော်ဆရာ အတွေးနွံထဲ နစ်နေစဉ်၌ ရှောင်းယီနှင့်သူ၏အဖွဲ့တို့ ရောက်ရှိလာခဲ့သည်။

ဒေသခံစစ်သားသည် ချက်ချင်းပင် အပြေးသွားပြီး ဦးညွတ်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ တစ်ဖက်မှော်ဆရာကို ဖမ်းမိထားပါပြီ။”

ရှောင်းယီက ခေါင်းညိတ်ပြကာ မှော်ဆရာဆီသို့ လျှောက်သွားလိုက်လေသည်။

မှော်ဆရာသည် ထိုစစ်သားပြောလိုက်သည့် သူလုံးဝနားမလည်နိုင်သော ဘာသာစကားကို ကြားလိုက်ရသောအခါ ပို၍ပင်စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ဒါ...ဘာတွေဖြစ်နေတာလဲ။”

ထိုစဉ် ဘေးတစ်ဖက်တွင်ရှိနေသော စွမ်းအားကြီးမားသည့် ပိုလာဝက်ဝံသည် ထိုလူငယ်ထံသို့ တိုက်ရိုက်လျှောက်သွားပြီး သူ၏ခေါင်းကို နှိမ့်ချလိုက်လေသည်။

All Chapters