← Chapters

အခန်း (၄၇၁-၄၇၂)

Vol. 48 Ch. 471-472

အခန်း (၄၇၁-၄၇၂)

Vol. 48 Ch. 471-472

အခန်း။ ၄၇၁

"ချီချီ ပြောချင်တာက..."

လုချွမ်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် ဝင်းလက်သွားပြီး သမီးဖြစ်သူ၏ အကြံဉာဏ်ကို သဘောပေါက်သွားခဲ့သည်။

သွေးဆာသော နတ်ဆိုးနွယ်ပင်များ၏ သွေးသားရှိသော သတ္တဝါများအပေါ် ရန်လိုတိုက်ခိုက်လိုစိတ်မှာ အလွန်ပြင်းထန်လှသည်။ အကယ်၍ ကိုးဘော့လ်များသာ ထိုနွယ်ပင်များရှိရာသို့ ဝင်

တိုက်မိပါက ၎င်းတို့၏ သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော ရစ်ပတ်ညှစ်သတ်မှုကို မလွဲမသွေ ခံကြရမည်ဖြစ်သည်။

ထို့အပြင် ထိုနွယ်ပင်များသည် အုပ်စုလိုက် အကွင်းလိုက် ပေါက်ရောက်တတ်သဖြင့် ၎င်းတို့ ဖုံးလွှမ်းထားသော ဧရိယာသာ ကျယ်ဝန်းမည်ဆိုပါက ကိုးဘော့လ်အုပ်စုကြီးပင်လျှင် ထိုနွယ်ပင်တောအတွင်း ကျရောက်သွားပါက လွတ်မြောက်ရန် လမ်းစရှိတော့မည် မဟုတ်ပေ။

"ဟုတ်တယ် ဖေဖေ အကယ်၍ သမီးတို့သာ ဟင်းလင်းပြင်အက်ကွဲကြောင်း ဘေးပတ်ပတ်လည်မှာ အဲဒီနွယ်ပင်တွေကို စိုက်ထားနိုင်မယ်ဆိုရင် ကိုးဘော့လ်တွေ လီမြစ်မြို့ထဲကို နောက်ထပ် ကျူးကျော်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

ကျိရုရွှယ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

သွေးဆာသော နတ်ဆိုးနွယ်ပင်များ၏ ထူးခြားချက်မှာ သွေးကို အလွန်အမင်း မက်မောခြင်းဖြစ်ပြီး ၎င်းတို့သည် အရွယ်အစား တစ်ခုအထိ ကြီးထွားလာပါက အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းလာကာ ၎င်းတို့၏ အကွာအဝေးအတွင်းရှိ သွေးသားရှိသော မည်သည့်သက်ရှိကိုမဆို ခဏချင်းအတွင်း ဝါးမြိုပစ်နိုင်စွမ်းရှိသည်။

အထူးသဖြင့် ကိုယ်ကာယအင်အားကိုသာ အဓိကထား အသုံးပြုတတ်သော ကိုးဘော့လ်များအတွက်မူ ဤနွယ်ပင်များမှာ အဆိုးရွားဆုံး ရန်သူပင် ဖြစ်ပေလိမ့်မည်။ ကျိရုရွှယ်၏ စိတ်ကူးထဲတွင်တော့ ကိုးဘော့လ်များသည် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ထွက်လာသည်နှင့် ထိုနွယ်ပင်တောထဲသို့ ထိုးဆင်းမိပြီး ဒုက္ခရောက်နေမည့် ပုံရိပ်ကို မြင်ယောင်နေမိသည်။

"ကောင်းပြီ... ဒါက တကယ့်ကို အကြံကောင်းပဲ စမ်းကြည့်ရကျိုး နပ်ပါတယ်"

လုချွမ်းသည် ထိုအကြံကို စဉ်းစားလေလေ ပို၍ ဖြစ်နိုင်ခြေရှိသည်ဟု တွေ့ရှိလေလေ ဖြစ်ရာ သမီးဖြစ်သူ၏ ခေါင်းလေးကို အသာအယာပုတ်ရင်း ပြုံးလိုက်မိသည်။

သွေးဆာသော နတ်ဆိုးနွယ်ပင်များကသာ ကိုးဘော့လ်များ လီမြစ်မြို့အတွင်း သောင်းကျန်းမှုကို တားဆီးပေးနိုင်မည်ဆိုပါက လုချွမ်းအနေဖြင့် စိုးရိမ်စိတ်ကင်းကင်းဖြင့် လီမြစ်မြို့မှ ထွက်ခွာနိုင်မည်ဖြစ်သည်။

သူ၏ အဆင့်မှာ ပိုမိုမြင့်မားလာသည်နှင့်အမျှ လီမြစ်မြို့တစ်မြို့တည်းမှ ရရှိသော အရင်းအမြစ်များမှာ သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မလုံလောက်တော့ချေ။ ထို့ကြောင့် အပြင်သို့ ထွက်ခွာရန်မှာ မဖြစ်မနေ လိုအပ်လာခြင်းပင်။

ယခင်က လုချွမ်း အဆင့် ၇ သို့ တက်လှမ်းရန် အသုံးပြုခဲ့သော အဆင့် ၆ အမြုတေများကိုပင် ဇွန်ဘီမွေးမြူရေးစခန်းများမှ ရက်ပေါင်းများစွာ အချိန်ယူ စုဆောင်းခဲ့ရခြင်းပင်။

သူကိုယ်တိုင် အဆင့် ၇ သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ၏လက်အောက်ရှိ အဆင့် ၆ ဇွန်ဘီရုပ်သေးများကိုလည်း အဆင့် ၇ သို့ မြှင့်တင်ပေးရန် လိုအပ်လာပြန်သည်။ သူကိုယ်တိုင် အဆင့်တက်ရန်ပင် ဤမျှ အားထုတ်ခဲ့ရသဖြင့် ဇွန်ဘီရုပ်သေးများစွာကို အဆင့် ၇ သို့ တက်လှမ်းစေရန်အတွက် လိုအပ်မည့် အဆင့် ၆ အမြုတေ အရေအတွက်မှာ အမှန်တကယ်ပင် မူးဝေသွားလောက်စရာပင်။

လီမြစ်မြို့၏ အရင်းအမြစ်များကိုသာ အားကိုးနေမည်ဆိုပါက ထိုမျှများပြားသော အမြုတေများကို အချိန်တိုအတွင်း ရရှိရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။ ဟင်းလင်းပြင်အက်ကွဲကြောင်း နှစ်ခုမှ တစ်ပါးကမ္ဘာမျိုးနွယ်များ အဆက်မပြတ် ထွက်ပေါ်လာနေသော်လည်း အဆင့် ၆ အမြုတေများကို စုဆောင်းရန်မှာ အချိန်များစွာ ပေးရဦးမည့် ကိစ္စဖြစ်သည်။

ယခုအခါ လုချွမ်းအနေဖြင့် သူ၏ ဇွန်ဘီရုပ်သေးများကို လျင်မြန်စွာ အဆင့်တိုးမြှင့်လိုပါက နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ လီမြစ်မြို့မှ ထွက်ခွာပြီး ပြင်ပရှိ အရင်းအမြစ်များကို လုယက်ကာ သူ့ကိုယ်သူ ပြန်လည်ဖြည့်တင်းရန်နှင့် တစ်ပါးကမ္ဘာမှ သက်ရှိများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ၎င်းတို့၏ သွေးနှင့် အရိုးများဖြင့် သူ၏ အဆင့်တက်လှမ်းရေး လှေကားကို တည်ဆောက်ရန်ပင်။

လုံလောက်သော သွေးသားအစာများကို ရရှိမည်ဆိုပါက လုချွမ်းသည် ဇွန်ဘီမွေးမြူရေးစခန်းများစွာကို တည်ထောင်နိုင်မည်ဖြစ်ပြီး အဆင့် ၃ နှင့် အဆင့် ၄ အဆင့်မြင့်ဇွန်ဘီများကို ပွားများစေကာ အဆင့် ၆ ဇွန်ဘီများကို တစ်ကောင်ပြီးတစ်ကောင် ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏ ဇွန်ဘီရုပ်သေးများကို အဆင့် ၇ သို့ တစ်ဆင့်ချင်း မြှင့်တင်သွားနိုင်မည် ဖြစ်သည်။

အစီအစဉ်အတိုင်းသာ အဆင်ပြေမည်ဆိုပါက အဆင့် ၇ ရှိ ဇွန်ဘီရုပ်သေးတပ်မကြီးကို ပိုင်ဆိုင်လိုက်သည်နှင့် လုချွမ်း၏ အင်အားမှာ တစ်ကမ္ဘာလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကျူးကျော်လာသော တစ်ပါးကမ္ဘာမျိုးနွယ်စုများကိုလည်း အလွယ်တကူပင် ခြေမှုန်းနိုင်တော့မည် ဖြစ်သည်။

"အချိန်ဆွဲမနေတော့ဘူး... အရင်ဆုံး အဲဒီကို ပြန်သွားကြည့်ကြတာပေါ့။ ကျန်းဟိုင်မြို့ကနေ ထွက်လာကတည်းက တစ်ခါမှ ပြန်မရောက်သေးဘူး။ အဲဒီက သွေးဆာတဲ့ နတ်ဆိုးနွယ်ပင်တွေ အခု ဘယ်လိုနေမလဲဆိုတာ သိချင်မိတယ်"

လုချွမ်းသည် ဆုံးဖြတ်ချက်ချပြီးနောက် လွမ်းဆွတ်တမ်းတနေသော မျက်နှာထားဖြင့် ကျိရုရွှယ်ကို ပြောလိုက်သည်။

ချင်းရွှေလယ်တော…

အချိန်တွေ ဒီလောက်တောင် ကုန်လွန်သွားခဲ့ပြီဆိုတော့... အခုဆိုရင် အဲဒီနေရာလေးက စွန့်ပစ်

ခံထားရတဲ့ နေရာတစ်ခု ဖြစ်နေလောက်ပြီပေါ့။

လုချွမ်းသည် ချင်းရွှေလယ်တောရှိ အေးချမ်းလှသော နေ့ရက်ဟောင်းများကို မလွဲမသွေ ပြန်လည်အမှတ်ရနေမိသည်။

မည်သူမျှ မနှောင့်ယှက်ဘဲ နေ့စဉ်နေ့တိုင်း အမဲလိုက်လိုက်၊ လယ်တောထဲမှာ နေပူစာလှုံလိုက်နှင့် ကုန်လွန်ခဲ့သည့် ထိုအချိန်တုန်းက လုချွမ်းသည် ထိုနေရာမှ ဘယ်တော့မှ မထွက်ခွာဘဲ အခြေချနေထိုင်သွားရန်ပင် စိတ်ကူးခဲ့ဖူးသည်။

ကံမကောင်းစွာဖြင့် အရာအားလုံးမှာ သူထင်သလို ဖြစ်မလာခဲ့ပေ။ မမျှော်လင့်ထားသော ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပထမဦးဆုံး နဂါးလယ်ကွင်းကို လူသားအခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူများက ရှာဖွေတွေ့ရှိသွားကြပြီး ထို့နောက်တွင်တော့ လူသားအခြေစိုက်စခန်း၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခံခဲ့ရသည်။ သူ ပင်ပင်ပန်းပန်း စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် သစ်သီးခြံများမှာလည်း မြေလှန်မီးရှို့ခြင်း ခံခဲ့ရရာ ကြည့်မကောင်းလောက်အောင် ပျက်စီးသွားခဲ့သည်။

နောက်ဆုံးတွင်တော့ အခြားရွေးချယ်စရာမရှိတော့သဖြင့် လုချွမ်းသည် နာကျင်စွာဖြင့် ထိုလယ်တောလေးကို စွန့်ခွာခဲ့ရခြင်းပင်။

"ကောင်းပြီ... ကောင်းပြီ သမီးလည်း လိုက်မယ်"

ကျိရုရွှယ်က ချက်ချင်းပင် ခေါင်းညိတ်ကာ တောင်းဆို လိုက်သည်။ ချင်းရွှေလယ်တောကို ဝန်းရံထားသော သွေးဆာသည့် နတ်ဆိုးနွယ်ပင်များသည် သူမကိုယ်တိုင် သွေးဖြင့် အားဖြည့်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့နှင့် သူမအကြားတွင် အလိုလို သိမြင်နေသော ဆက်နွှယ်မှုတစ်ခု ရှိနေသည်။ ထိုနွယ်ပင်များ အသက်ရှင်နေဆဲဖြစ်ကြောင်းကိုလည်း သူမ ခံစားမိနေသည်။

"ကောင်းပြီ... ဒါဆိုရင် ချီချီလည်း ဖေဖေနဲ့အတူ လိုက်ခဲ့ပေါ့"

လုချွမ်းက ငြင်းဆိုခြင်း မပြုခဲ့ပေ။ ခဏအတွင်း သွားပြန်ရမည့် ခရီးဖြစ်သဖြင့် အချိန်အများကြီး မကုန်နိုင်ပါချေ။ ထို့အပြင် ချီချီကို အခြေစိုက်စခန်းတွင် တစ်ယောက်တည်း ထားခဲ့ရန်လည်း သူ စိတ်မချသဖြင့် အတူခေါ်သွားခြင်းက ပို၍စိတ်ချရသည်။

ထို့နောက် လုချွမ်း၏ စိတ်အာရုံတစ်ခုတည်းဖြင့် ကောင်းကင်ယံတွင် ကင်းလှည့်နေသော ပျံသန်းသူ ၁ မှာ ဗီလာရှေ့သို့ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။

"သွားကြစို့ ချီချီ မြဲမြဲကိုင်ထားနော်၊ ဖေဖေလက်ကိုလည်း ဆွဲထားဦး"

"ဟုတ်ကဲ့ ဖေဖေ"

လုချွမ်းသည် ချီချီလေးကို ပွေ့ချီကာ ပျံသန်းသူ ၁ ၏ ကျောပေါ်တွင် ထိုင်လိုက်ပြီး ကျန်းဟိုင်မြို့ဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။ ပျံသန်းသူ ၁ မှာ မကြာမီပင် ဆန်းချွမ်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ထိုမြို့ကို ဖြတ်ကျော်ပြီးပါက ကျန်းဟိုင်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။

လုချွမ်းသည် ပျံသန်းသူ ၁ ၏ ကျောပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း အောက်ဘက်ရှိ မြေပြင်ကို အသေးစိတ် စူးစမ်းကြည့်နေမိသည်။ ဆန်းချွမ်းမြို့အတွင်း၌ တစ်ပါးကမ္ဘာမျိုးနွယ်စုများ၏ အစအနများ ရှိမရှိ သို့မဟုတ် အသက်ရှင်ကျန်ရစ်သူ လူသားများ ရှိမရှိ သိလိုနေခြင်းပင်။ သို့သော် အချိန်အတော်ကြာ စောင့်ကြည့်သော်လည်း လူသားတစ်ဦးတစ်ယောက်မျှ မတွေ့ရသလို တစ်ပါးကမ္ဘာသတ္တဝါများကိုလည်း မမြင်တွေ့ရပေ။

ဆန်းချွမ်းမြို့ထဲမှာလည်း ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိနေမလားပဲ...

လုချွမ်းက စဉ်းစားနေမိသည်။

လုချွမ်း မသိရှိထားသည်မှာ ဆန်းချွမ်းအခြေစိုက်စခန်း ပျက်စီးသွားပြီးနောက်ပိုင်း ယခုအခါ ဆန်းချွမ်းမြို့မှာ လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်နေပြီဖြစ်သည်။ မူလက တောရိုင်းထဲတွင် ရှိနေသော ဆင့်ကဲပြောင်းလဲသူများနှင့် အခြေစိုက်စခန်း ပျက်စီးပြီးနောက် ထွက်ပြေးလာကြသော အသက်ရှင်ကျန်ရစ်သူအချို့မှာ ဉာဏ်ပညာကို အသုံးချကာ သားရဲရိုင်းများနှင့် ဇွန်ဘီများ၏ အန္တရာယ်မှ ရှောင်တိမ်း၍ အသက်ဆက်ခဲ့ကြသည်။ သို့သော် ယခုအခါ တစ်ပါးကမ္ဘာမျိုးနွယ်စုများ ကျူးကျော်လာချိန်တွင်တော့ ထိုလူသားများမှာ မည်သို့မျှ မယှဉ်နိုင်တော့ပေ။

လက်ရှိတွင် ဆန်းချွမ်းမြို့ရှိ လူသားအားလုံးနီးပါးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံထားရပြီး ဖြစ်သဖြင့် အသက်ရှင်နေသူတစ်ဦးတစ်ယောက်မျှ မတွေ့ရခြင်းမှာ မဆန်းပါချေ။

"ဖေဖေ... ဟိုမှာ ကြည့်ဦး... ဆန်းချွမ်းမြို့ထဲမှာ"

လုချွမ်း၏ ဘေးတွင် ထိုင်နေသော ကျိရုရွှယ်က ကောင်းကင်ယံမှ အရိပ်တစ်ခုကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟုတ်ပ"

လုချွမ်း ခေါင်းညိတ်လိုက်သည်။

ပျံသန်းသူ ၁ ၏ အရှိန်မှာ အလွန်မြန်လှရာ မိနစ်ပိုင်းအတွင်းမှာပင် ဆန်းချွမ်းမြို့၏ ပုံရိပ်ကို သူတို့နှစ်ဦးလုံး ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"အဲဒါ ဘာတွေလဲ"

မြို့အနီးသို့ ရောက်ရှိလာချိန်တွင် မြို့ပေါ်၌ ဝဲပျံနေသော အရိပ်များကို ကြည့်ရင်း လုချွမ်းက မျက်မှောင်ကြုတ်လိုက်မိသည်။

ရှူး... ရှူး... ရှူး...

"တစ်ပါးကမ္ဘာသတ္တဝါတွေပဲ"

လုချွမ်းက ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် လုချွမ်းတို့ရှိရာသို့ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားလောက်မည့် မြှားမိုးများ ကျရောက်လာခဲ့သည်။ ထို့နောက်တွင်တော့ လေးနှင့်မြှားကို ကိုင်ဆောင်ထားသော အတောင်ပံပါ လူသားပုံသဏ္ဌာန် သတ္တဝါများသည် မြို့၏ အရပ်ရပ်မှနေ၍ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြတော့သည်။

"တောင်ပံလူသားတွေပါလား"

ကျိရုရွှယ်၏ မျက်ဝန်းများမှာ အေးစက်သွားပြီး သူမ၏ စိတ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ နောက်တစ်ခဏတွင်တော့ ပစ်လွှတ်လိုက်သော မြှားအားလုံးမှာ တစ်ပြိုင်နက်တည်း လမ်းကြောင်းပြောင်းသွားကာ လျှပ်စီးကဲ့သို့ ပိုင်ရှင်များထံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

နာကျင်စွာ အော်ဟစ်သံများနှင့်အတူ ရှေ့သို့ ပြေးဝင်လာကြသော တောင်ပံလူသားများသည် တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။

အခန်း။ ၄၇၂

ကျိရုရွှယ် ထိန်းချုပ်လိုက်သော မြှားများသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်ရုံသာမက အလွန်လည်း တိကျလှသည်။ မြှားတိုင်းမှာ တောင်ပံလူသားတစ်ကောင်စီကို ထိမှန်ပြီး သွေးပန်းပွင့်များသဖွယ် ပွင့်ထွက်သွားစေသည်။

ဤတောင်ပံလူသားအများစုမှာ အဆင့် ၂ သို့မဟုတ် အဆင့် ၃ အင်အားသာရှိကြပြီး အားအကောင်းဆုံးဆိုလျှင်ပင် အဆင့် ၄ သာရှိရာ အလွန်ပင် အားနည်းလွန်းလှသည်။

"ဒီလောက်အဆင့်လေးနဲ့... အဆင့် ၇ ကိုတောင် ရောက်နေပြီဖြစ်တဲ့ ကျိရုရွှယ်ကို ဘယ်လိုလုပ် သွားယှဉ်နိုင်မှာလဲ"

ပြန်လည်ရောက်ရှိလာသော မြှားများမှာ မြန်လွန်းလှသဖြင့် တောင်ပံလူသားများမှာ မြင်ပင်မမြင်ရဘဲ နားထဲ၌ သေမင်းတမျှ စူးရှသော လေတိုးသံကိုသာ ကြားလိုက်ရတော့သည်။

ရှူး... ရှူး... ရှူး...

ခဏအတွင်းမှာပင် နာကျင်စွာအော်ဟစ်သံများ လေထဲ၌ ဆူညံသွားပြီး ရှေ့သို့တိုးလာသော တောင်ပံလူသားများသည် မုန့်လက်ဆောင်းဖတ်များသဖွယ် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကုန်တော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ယံမှာ ရှင်းလင်းသွားပြီး တောင်ပံလူသား တစ်ရာကျော်မှာ အမှုန့်ဖြစ်သွားခဲ့ရသည်။

ဤရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ အနောက်မှ ပြေးဝင်လာရန် ပြင်နေသော တောင်ပံလူသားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားခဲ့သည်။

"ဟာလူစီ..."

နားမလည်နိုင်သော ဘာသာစကားတစ်ခုဖြင့် အော်ဟစ်ရင်း တောင်ပံလူသားများသည် သူတို့၏ အတောင်ပံများကို ရူးသွပ်စွာ ခတ်ထုတ်ကာ အရပ်ရပ်သို့ လွင့်စင်ထွက်ပြေးသွားကြတော့သည်။

ဆုတ်ခွာသွားသော တောင်ပံလူသားများကို ကြည့်ရင်း လုချွမ်းက ပျံသန်းသူ ၁ ကို လိုက်လံတိုက်ခိုက်ရန် အမိန့်မပေးဘဲ မြေပြင်ပေါ်ရှိ အလောင်းများဆီသို့သာ ဆင်းသက်ခိုင်းလိုက်သည်။ မြေပြင်သို့ ရောက်သောအခါ လုချွမ်းသည် ပျံသန်းသူ ၁ ပေါ်မှ ဆင်းလိုက်ပြီး ရှေ့ရှိ တောင်ပံလူသားအလောင်းကို ကြည့်လိုက်သည်။

ယခုမှပင် လုချွမ်းအနေဖြင့် ဤတစ်ပါးကမ္ဘာမျိုးနွယ်စုကို အနီးကပ် လေ့လာရန် အချိန်ရတော့သည်။ ဤသတ္တဝါများသည် လူသားကဲ့သို့ လက်မောင်းနှင့် ကိုယ်ထည်ရှိသော်လည်း ကိုးဘော့လ်များနှင့် ယှဉ်လျှင် ပို၍ နုနယ်ပုံပင်။

သူတို့တွင် အမွှေးနုလေးများ ဖုံးလွှမ်းထားသော ငှက်ခေါင်းများရှိပြီး အနက်ရောင် နှုတ်သီးများမှာ ရှေ့သို့ ငေါထွက်နေသဖြင့် ကြည့်ရသည်မှာ အလွန်ခက်ထန်သည်။ ထို့အပြင် တောင်ပံလူသား၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ မီးခိုးရောင် အမွှေးအမျှင်များ ဖုံးလွှမ်းထားပြီး ကျောပေါ်ရှိ အတောင်ပံတစ်စုံမှာလည်း မီးခိုးရောင် ရင့်ရင့်ဖြစ်ရာ ဖြူဖွယ်လှပသော အတောင်ပံများရှိသည့် နတ်သမီး၊ နတ်သားများနှင့် လုံးဝကွဲပြားခြားနားသည်။

အထူးခြားဆုံးမှာ သူတို့၏ ခြေထောက်များပင်။ အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသော ငှက်ခြေထောက်များ ဖြစ်ပြီး အောက်ခြေတွင် ချွန်ထက်သော ခြေသည်းတစ်စုံ ရှိသည်။ တောင်ပံလူသားတိုင်းက ရိုးရှင်းသော သစ်သားလေးနှင့် မြှားများကို ကိုင်ဆောင်ထားကြသည်။ လက်ရာမပြောင်မြောက်သော်လည်း အသုံးပြုထားသော ပစ္စည်းများမှာ ထူးခြားလှပြီး မျက်နှာပြင်မှ ဝိညာဉ်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။

"ချီချီ... စောစောက သူတို့ကို တောင်ပံလူသားတွေလို့ ခေါ်လိုက်တာလား"

လုချွမ်းက ခြေရင်းရှိ အလောင်းကို ငုံ့ကြည့်ရင်း ဘေး၌ ရပ်နေသော ကျိရုရွှယ်ကို မေးလိုက်သည်။

"ဟုတ်တယ် ဖေဖေ ဒီသတ္တဝါတွေက တောင်ပံလူသားတွေပဲ။ သူတို့က တခြားကမ္ဘာက ရက်စက်ပြီး လူသတ်ဝါသနာပါတဲ့ ပျံသန်းနိုင်တဲ့ မျိုးနွယ်စုတွေပေါ့။ သူတို့က မွေးကတည်းက အတောင်ပံတွေ ပါလာပြီး ပျံသန်းရာမှာ ကျွမ်းကျင်ကြတယ်။ မွေးရာပါ လေးသည်တော်တွေလို့တောင် ပြောလို့ရတယ်။ ဒါ့အပြင် သူတို့က လေဓာတ်ရဲ့ စောင့်ရှောက်မှုကို ခံရသူတွေမို့ အဆင့် ၅ ရောက်ရင် လေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ ရလာတတ်ကြတယ်"

ကျိရုရွှယ်က သူမသိထားသည်များကို ရှင်းပြလိုက်သည်။

ပျံသန်းမှုမှာ ကျွမ်းကျင်တယ်။ လေးသည်တော်တွေ ဖြစ်သလို လေဓာတ်ရဲ့ စောင့်ရှောက်မှုကိုလည်း ခံရတယ် ဟုတ်လား...

တောင်ပံလူသားများ ပေါ်လာသည့် အရှိန်ကို ပြန်လည်စဉ်းစားရင်း လုချွမ်း၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ အတွေးတစ်ခု ရလာသည်။

ငါသာ ပျံသန်းသူ ၁ ကို ဒီတောင်ပံလူသားတွေကို ဝါးမြိုဆင့်ကဲဖြစ်စဉ် လုပ်ခိုင်းရင် သူ့ရဲ့ ပျံသန်းနှုန်း ပိုမြန်လာမလား ဒါမှမဟုတ် တောင်ပံလူသားတွေရဲ့ ပျံသန်းမှုနဲ့ဆိုင်တဲ့ စွမ်းရည်တွေ ရလာမလား...

လုချွမ်းက စိတ်ထဲမှ တွေးတောနေမိသည်။

ခဏမျှ စဉ်းစားပြီးနောက် လုချွမ်းက ပျံသန်းသူ ၁ ကို စတင်ဝါးမြိုရန် အမိန့်ပေးလိုက်သည်။ အမိန့်ရသည်နှင့် ပျံသန်းသူ ၁ မှာ ချက်ချင်း လှုပ်ရှားတော့သည်။ သူသည် မြေပြင်ပေါ်ရှိ တောင်ပံလူသားအလောင်းကို ဆွဲယူကာ အမွှေးအမျှင်များကိုပင် ဂရုမစိုက်ဘဲ စတင်ဝါးမြိုတော့သည်။

ချက်ချင်းပင် သွေးများ ဖိတ်စင်လာပြီး အသားများကို ဆွဲဖြဲသံများမှာ ဆူညံသွားကာ သွေးညှီနံ့များမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့သည်။ မကြာမီမှာပင် သွေးစွန်းနေသော မီးခိုးရောင် အမွှေးအမျှင်များမှာ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျလာပြီး ပျံသန်းသူ ၁ ၏ မေးစေ့မှ သွေးစက်များမှာလည်း တောက်တောက် တောက်ကျနေတော့သည်။

ခဏအတွင်းမှာပင် ပျံသန်းသူ ၁ သည် တောင်ပံလူသားတစ်ကောင်၏ ကိုယ်ထည်တစ်ခုလုံးကို ဝါးမြိုပြီးစီးသွားခဲ့သည်။

လုချွမ်းသည် အချိန်ကိုက်ပင် ဝါးမြိုဆင့်ကဲဖြစ်စဉ်စွမ်းရည်ကို အသက်သွင်းလိုက်ရာ သွေးများပေကျံနေသော ပျံသန်းသူ ၁ ၏ ခန္ဓာကိုယ်ထက်တွင် သွေးရောင်အလင်းတန်း မှိန်ဖျော့ဖျော့ လွှမ်းခြုံလာခဲ့သည်။ ထို့နောက် ထိုအလင်းတန်း၏ အကူအညီဖြင့် ပျံသန်းသူ ၁ သည် နောက်ထပ်တောင်ပံလူသားများကို ဆက်လက်ဝါးမြိုနေခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ အလင်းတန်းမှာလည်း ပိုမိုတောက်ပလာသည်။

နာရီဝက်ခန့်အကြာတွင် မြေပြင်ပေါ်ရှိ တောင်ပံလူသားအလောင်း တစ်ဝက်ကျော်မှာ ပျံသန်းသူ ၁ ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ဘုန်း….

ပျံသန်းသူ ၁ သည် တစ်ဝက်တစ်ပျက် ကျန်နေသော အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လုချွမ်း၏ စိတ်ညွှန်ကြားမှုနှင့်အတူ ပျံသန်းသူ ၁ က ဟိန်းဟောက်လိုက်ရာ သွေးရောင်အလင်းတန်းများသည် ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် ကျုံ့ဝင်သွားတော့သည်။

ထို့နောက် အသွင်ပြောင်းလဲခြင်း စတင်တော့သည်။

ဖောက်…

ပျံသန်းသူ ၁ ၏ အနက်ရောင်အကြေးခွံများမှာ အတွင်းပိုင်းမှ တစ်စုံတစ်ခု၏ တွန်းကန်မှုကြောင့် ဆက်တိုက်ဆိုသလို ပေါက်ထွက်ကုန်ပြီး သွေးပန်းပွင့်များသဖွယ် ဖြစ်ပေါ်လာသည်။ မကြာမီမှာပင် ထိုဒဏ်ရာများအတွင်းမှ မီးခိုးရောင်ဖျော့ဖျော့ အမွှေးအမျှင်များ အတင်းအဓမ္မ ထိုးထွက်လာခဲ့သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုအမွှေးများသည် ပိုမိုရှည်လျားလာကာ လျင်မြန်စွာပင် နက်မှောင်သောအရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ပျံသန်းသူ ၁ သည် တောင်ပံလူသားတစ်ကောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲနေသည်။ သူ၏ မူလအနက်ရောင်အကြေးခွံပါ အတောင်ပံများသည် နှစ်ဆခန့် ပိုမိုကျယ်ပြန့်လာပြီး အနက်ရောင် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုအမွှေးအမျှင်များ၏ အောက်ဘက်တွင်တော့ အနက်ရောင်အကြေးခွံများမှာ အလွှာလိုက် ရှိနေဆဲပင်။

ပျံသန်းသူ ၁ ၏ ဦးခေါင်းမှာ လူတစ်ပိုင်း ငှက်တစ်ပိုင်း ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး သွေးရောင်မျက်ဝန်းများမှာလည်း အေးစက်သော လင်းယုန်မျက်လုံးများအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ အသားမျှင်များ တွန့်လိမ်လှုပ်ရှားမှုကြောင့် သူ၏ခြေထောက်များမှာ သိသာစွာ ပြောင်းလဲသွားပြီး အထူးသဖြင့် ခြေဖဝါးများမှာ အရိုးများ ထူထဲလာကာ အဆစ်များ ငေါထွက်လာပြီး ချွန်ထက်သော လက်သည်းများမှာ သားရဲခြေသည်းများအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။

လုချွမ်းသည် ပျံသန်းသူ ၁ ၏ ပြောင်းလဲမှုများကို ချက်ချင်းပင် သိရှိလိုက်ရသည်။

ရုပ်ပိုင်းဆိုင်ရာအရ ကျယ်ပြန့်လာသော အနက်ရောင်အတောင်ပံတစ်စုံကြောင့် ပျံသန်းသူ ၁ မှာ ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် ပျံသန်းသူ ၁ သည် တောင်ပံလူသားတို့၏ မျိုးနွယ်စုပါရမီဖြစ်သော လေလှိုင်းပေါ်လမ်းလျှောက်ခြင်းစွမ်းရည်ကိုလည်း အောင်မြင်စွာ ရရှိသွားခဲ့သည်။

ထိုစွမ်းရည်၏ အာနိသင်ကို နားလည်သွားသောအခါ လုချွမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ လေလှိုင်းပေါ်လမ်းလျှောက်ခြင်းဆိုသည်မှာ လေကိုထိန်းချုပ်၍ ပျံသန်းခြင်းဖြစ်ပြီး ၎င်းကို အသက်သွင်းလိုက်သည်နှင့် ခန္ဓာကိုယ်ကို လေပြင်းများက ဝန်းရံပေးကာ အရှိန်နှုန်းကို အဆမတန် မြှင့်တင်ပေးနိုင်ခြင်းပင်။

"ချီချီ... သွားကြစို့"

ထို့နောက် လုချွမ်းသည် ချီချီလေးနှင့်အတူ ပျံသန်းသူ ၁ ၏ ကျောပေါ်သို့ တစ်ဖန်ပြန်တက်လိုက်သည်။

ဝူး...

နောက်တစ်ခဏတွင် ပျံသန်းသူ ၁ ၏ အတောင်ပံများမှာ အားပါးတရ ခတ်ထုတ်လိုက်ပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်ကာ ကျန်းဟိုင်မြို့ဆီသို့ ဦးတည်သွားတော့သည်။

"အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် ပိုမြန်လာတာပဲ"

ပျံသန်းသူ ၁ ၏ အရှိန်ကို ခံစားရင်း လုချွမ်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားသည်။

"ကဲ... လေဓာတ်စွမ်းရည်ရဲ့ အစွမ်းကို စမ်းကြည့်ရအောင်..."

လုချွမ်းက ထပ်မံအမိန့်ပေးလိုက်ရာ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအသီးသီးမှ လေပြင်းများ တိုးဝှေ့လာပြီး ပျံသန်းသူ ၁ ကို ဝန်းရံလိုက်သည်။ ဟိန်းဟောက်သံကြီးနှင့်အတူ ပျံသန်းသူ ၁ သည် လျှပ်စီးတစ်ခုကဲ့သို့ လေထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေတော့သည်။

"အရမ်းမြန်တာပဲ အံ့ဩစရာပဲ အရှိန်က နှစ်ဆလောက် တက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလေဓာတ်ပါရမီက တကယ်ကို ထူးခြားတာပဲ"

လုချွမ်းမှာ အစပိုင်းတွင် အရှိန်ကြောင့် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ငါတို့ ပြန်ရောက်တာနဲ့ ဇွန်ဘီရုပ်သေးတပ်မကြီးကို ဦးဆောင်ပြီး ဒီတောင်ပံလူသားတွေကို အပြတ်ရှင်းရမယ်။ ပြီးရင်တော့ ပျံသန်းနိုင်တဲ့ ဇွန်ဘီတပ်စုတစ်ခုကို ဖန်တီးပစ်မယ်"

တောင်ပံလူသားများထံမှ ရရှိသော အကျိုးကျေးဇူးများကို မြင်လိုက်ရသဖြင့် လုချွမ်းမှာ အစီအစဉ်များ စတင်ဆွဲနေမိတော့သည်။ ဝါးမြိုဆင့်ကဲဖြစ်စဉ်ကြောင့် ပျံသန်းသူ ၁ ၏ အရှိန်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ထို့ကြောင့်ပင် လုချွမ်းနှင့် ချီချီတို့သည် မူလစီစဉ်ထားသည်ထက် နာရီဝက်ခန့် စော၍ ချင်းရွှေလယ်တောသို့ ရောက်ရှိလာခဲ့သည်။

"ဖေဖေ... သမီးတို့ ပြန်ရောက်ပြီနော်။ ထွက်သွားတာ သိပ်မကြာသေးပေမဲ့ အခုတော့ အဲဒီနေရာလေးက တခြားစီ ဖြစ်နေသလိုပဲ"

ရှေ့ရှိ ချင်းရွှေလယ်တောကို ကြည့်ရင်း ကျိရုရွှယ်က အံ့ဩတကြီး ပြောလိုက်သည်။

"ဟုတ်ပ ဟိုသွေးဆာတဲ့ နတ်ဆိုးနွယ်ပင်တွေကတော့ တကယ့်ကို ထင်ထင်ရှားရှား ရှိနေတာပဲ" လုချွမ်းက ပြုံးလျက် ပြောလိုက်သည်။

All Chapters