← Chapters

သူတော်စင်နှင့်အင်တာဗျူး

Vol. 34 Ch. 347

သူတော်စင်နှင့်အင်တာဗျူး

Vol. 34 Ch. 347

အစည်းအဝေးတွင် သူတော်စင်သခင်သည် အဇူရာတိမ်ဂိုဏ်း၏လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး သူ၏ တုနှိုင်းမဲ့သောအမြင်များကို မျှဝေပေးခဲ့ပါသည်။ သူတို့လက်ရှိလမ်းကြောင်းအလွန် အန္တရာယ်များပြီး ဘယ်ဂိုဏ်းမှ တစ်ဂိုဏ်တည်းသီးသန့်မအောင်မြင်နိုင်ဘူးဟု သတိပေးခဲ့ပါသည်။

ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကိုဖိနှိပ်ရုံသာတာ၀န်ရှိသည်မဟုတ်ဘဲ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အပြည့်အ၀ တာ၀န်ရှိသည်ဟူသော သူတော်စင်သခင်၏စကားမှာ မှန်ကန်ပါပေသည်။

အစည်းအဝေးပြီးနောက် ချင်းယွင်ကျိက သူတော်စင်သခင်၏ အကြံပြုချက်များကို ရိုကျိုးစွာပင် လက်ခံခဲ့ပါသည်။ သို့သော် အရင်းအမြစ်လိုအပ်ချက်ကြောင့် လက်ရှိအခြေအနေ၌ ကုန်းမြေတိုက်ကြီးကြီးနှစ်ခုသည် အားနည်းသော ဂိုဏ်းငယ်အချင်းချင်းသာ အဆက်အသွယ်လုပ်နိုင်သေးပါသည်။ အထူးသဖြင့် ဂရုစိုက်ပေးဖို့ လိုအပ်နေသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအပေါ်တွင် ပိုဂရုစိုက်ပေးလေ့ရှိပါသည်။

ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းသည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအား အဇူရာတိမ်မြို့ထဲတွင် မည်သည့်အခွန်အခမှ ပေးအပ်စရာမလိုဘဲ နေထိုင်ခွင့်ပြုလိုက်ပြီး မကြာခဏဆိုသလိုလည်း သင်ကြားမှုများကို လက်ခံရရှိပါဦးမည်ဟု ကြေငြာခဲ့ပါသည်။

အဇူရာတိမ်ဂိုဏ်းသည် သူတော်စင်သခင်၏အကြံပေးချက်များကို ဦးထိပ်ထားပြီး ပိုမို‌ကောင်းမွန်ကာ ‌ငြိမ်းချမ်းသောကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခု တည်ဆောက်ဖို့ ရှေးရှုနေပါတော့သည်။

…….

လူတိုင်းသတင်းစာကို တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြ၏။

သူတော်စင်သခင်ကိုယ်တိုင် အဇူရာတိမ်ဂိုဏ်းကို အကြံပေးခဲ့ပြီး ကျန်းယန်ကိုလည်း လက်ဆောင်တစ်ခုတောင် ပေးခဲ့တယ် တဲ့လား။

အဇူရာတိမ်ဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေသည် နီးကပ်စွာ ဆက်သွယ်ထားတယ်ဆိုတာ အခုတော့ ထင်ရှားနေခဲ့ချေပြီ။

“သူတော်စင်သခင်က တကယ်ပဲ အဇူရာတိမ်ဂိုဏ်းရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ”

“ငါတို့သူ့ကိုလည်း အဇူရာတိမ်ဂိုဏ်းလိုပဲ လေးစားရမယ်”

မြို့သူမြို့သားများက သူ့ကို ချီးကျူးလိုက်ကြပြီး ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကတော့ သူ့လုပ်ရပ်ကြောင့် မျက်ရည်များပင် ကျနေခဲ့ကြလေသည်။

ဒုတိယစာမျက်နှာတွင်တော့

“သူတော်စင်သခင်နှင့်အင်တာဗျူး သတင်းဆောင်းပါး” ဟူသော စာရှိနေခဲ့၏။ အင်တာဗျူးသူနေရာတွင်တော့ ကျန်းယန်ဟု ရေးထားခဲ့သည်။

လူတိုင်း ထိုသတင်းကို အသည်းအသန် ဖတ်လိုက်ကြ၏။

ကျန်းယန် : “သူတော်စင်သခင် သူတော်စင်သခင်နဲ့တွေ့ရတာ ၀မ်းသာဂုဏ်ယူမိပါတယ် သူတော်စင်သခင်က ကျွန်တော်တို့မျိုးဆက်တွေ ဟိုးငယ်ငယ်လေးကတည်းက လေးစားအားကျခဲ့ရတဲ့ လူတစ်ယောက်ပါ ကျွန်တော်သူတော်စင်သခင်ရဲ့ အသက်ကို မေးလို့ရမလား”

သူတော်စင်သခင်: ၂၃၇၀ ကျော်ပေါ့

ကျန်းယန် : အံ့ဩစရာပါပဲ သာမန်လူတွေက ရာစုနှစ်တစ်ခုတောင် မနေရတဲ့အချိန် သူတော်စင်သခင်ကတော့ မျိုးဆက်ပေါင်း ၂၀ကျော်ဖြတ်သန်းပြီးသွားပြီ သူတော်စင်သခင်အတွက် အရေးအကြီးဆုံးအရာဆိုရင် ဘာများဖြစ်မလဲ

သူတော်စင်သခင်: ကိုယ်ကျင့်တရားနဲ့သူတော်ကောင်းတရား

ကျန်းယန် : ဒီမေးခွန်းက နည်းနည်းတော့ ရိုင်းသလိုဖြစ်သွားနိုင်ပါတယ် ၀မ်လင်းဂိုဏ်းရဲ့ အဇူရာတိမ်ဂိုဏ်းအပေါ် ကျူးကျော်မှုက မှန်ကန်တယ်လို့ ထင်ပါသလား နောက်ပြီး သူတော်စင်သခင်ရဲ့ ဒီကိစ္စမှာပါ၀င်ပတ်သက်ခဲ့မှုကရော ဖိအားကင်းခဲ့ပါသလား

သူတော်စင်သခင်: ဟူးးး ဘယ်သူက ကမ္ဘာကြီးရဲ့လှိုင်းလုံးတွေ‌‌ေအာက်က လွတ်‌ေမြာက်နုိင်မှာလဲ

ကျန်းယန်: ဒါ‌ဆို သူတော်စင်သခင်ဖိအားပေးခံခဲ့ရတာပေါ့

သူတော်စင်သခင် : ငါအဲ့လိုမပြောခဲ့ဘူးနော်

……

ချင်းယွင်ကျိ ဖတ်နေရင်း မျက်မှောင်ကြုံ့သွားခဲ့သည်။

သူတော်စင်သခင် ထိုစကားများကိုပြောခဲ့တာမှန်သော်လည်း အခုလို ပုံစံနဲ့တော့ မဟုတ်ပေ။

အဘယ်ကြောင့် အစည်းအဝေးက ဤသတင်းဆောင်းပါးထဲတွင်

လုံး၀ကြီးပုံစံပြောင်းသွားရပါသနည်း။

ပြီးတော့ စိတ်ဝိညာဉ်စုတ်တံ။ ထိုကိစ္စ ဘယ်လိုဖြစ်သွားခဲ့မှန်း သူအတိအကျသိပေသည်။ ထိုအရာကို ဘယ်လိုလုပ် လက်ဆောင်ဟုသတ်မှတ်၍ ရပါမည်နည်း။

သူ့ကိုပေးလိုက်တာ မှန်သော်လည်း စိတ်ပါလက်ပါပေးလိုကိတာမျိုး ဟူတ်မနေပေ။

သူတော်စင်သခင်သာ ဤသတင်းကိုဖတ်ပြီးလျှင် ရာစုနှစ်ပေါင်းများစွာ စောင့်ထိန်းလာခဲ့သော သူ့တည်ကြည်မှုပင် လုံး၀ပျက်သွားလောက်အောင် စိတ်တိုသွားမည်မှန်း သူသေချာသိနေခဲ့၏။

ကျိုးရွှမ်းရှန်လက်ထဲက သတင်းစာက ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

သူဒေါသထွက်နေခဲ့၏။

“၀မ်လင်းဂိုဏ်းက လန်ကျားအထွတ်အမြတ်မြေကို ဖိအားပေးတာတဲ့လား အကောက်ကြံတုန်းက မင်းတို့ ကျောင်းတော်သားတွေက စိတ်အားအထက်သန်ဆုံးလေ ဒါတောင် အခုတော့ငါတို့ကိုအပြစ်ပုံချနေတယ်ပေါ့ အရှက်မရှိလိုက်တာ”

အင်တာဗျူးတွင် ၀မ်လင်းဂိုဏ်းအကြောင်းနှင့် ကိုယ်ကျင့်တရား သူတော်ကောင်းတရားများအကြောင်း ပြောသွားခဲ့သည်။ သူတို့တွင် ထိုနှစ်ခုလုံး ရှိမနေလေရာ ကျိုးရွှမ်ရှန်း ဘယ်ဒေါသမထွက်ဘဲ နေပါတော့မည်နည်း။

ထိုအခိုက်တွင် သူလန်ကျားအထွတ်အမြတ်မြေဆီသွားပြီး သူတော်စင်သခင်နှင့်မျက်နှာချင်းဆိုင်ကာ သူတော်ကောင်းတရားနဲ့ကိုယ်ကျင့်တရားဆိုတာ ဘာလဲဟုပင် မေးခွန်းထုတ်ချင်သွားခဲ့သည်။

“ဒါကြီးက လွန်လွန်းသွားပြီ”

မြင့်မြတ်ဝိညာဉ်ဂိုဏ်းချုပ် အေးစက်စက်ပြောလိုက်၏။

သူလန်ကျားအထွတ်အမြတ်မြေကို ညှာတာပေးပြီး ဆက်ကုန်သွယ်ဖို့ စီစဉ်ထားသော်လည်း သူတော်စင်သခင်က သူတို့ကို ကိုယ်ကျင့်တရားမရှိသူများဟု ခေါ်နေခဲ့သည်။

“ဒီနေ့ကစပြီး သူတို့နဲ့ လုံး၀အဆက်အသွယ်ဖြတ်ပစ်မယ် သူပြောတဲ့ ကိုယ်ကျင့်တရားက အဲ့ဒီအခါ ဘာလုပ်လို့ရဦးမလဲ ကြည့်ကြတာပေါ့”

ရှို့ယိဘုရားကျောင်း ကျောင်းထိုင်လှောင်ပြောင်လိုက်၏။

“အဲ့ဒီကျောင်းတော်သားတွေက အမြဲ အကျိုးအမြတ်ပဲ ရှာဖွေနေကြတာ ရိုင်းလိုက်လေ သူတို့အဇူရာတိမ်ဂိုဏ်းနဲ့ ပေါင်းချင်တာနဲ့ပဲ ငါတို့ကို အပုပ်ချတယ်တဲ့လား

ဒီနေ့ကစပြီး လန်ကျားအထွတ်အမြတ်မြေက ဘယ်သူ့ကိုမှ ငါတို့နယ်မြေထဲ ခြေချခွင့်မပြုတော့ဘူး”

ဟိုးအဝေးကြီးက ကောင်းကင်နှလုံးသားကျွန်းပင် သူတို့နှင့်ဝေးဝေးနေဖို့ ဆုံ့းဖြတ်လိုက်ကြသည်။

“ငါတို့ဒီကိစ္စထဲ၀င်မပါချင်ဘူး ဒါပေမယ့် ဘယ်သူ့ကိုမှလည်း စော်ကားတာမဟုတ်ဘူး ငါတို့ဒီအခုကစပြီး လန်ကျားအထွတ်အမြတ်မြေနဲ့ ဝေးဝေးနေတာ ကောင်းမယ်”

ထိုအင်တာဗျူးကြောင့် များစွာသော အင်အားစုများ လှုပ်ခပ်သွားခဲ့၏။

ကျန်းယန် ချဲ့ကားရေးထားခြင်းဖြစ်သော်လည်း ဘယ်သူကမှ သူ့ကိုသံသယမ၀င်ကြပေ။ ထိုအင်တာဗျူးသည် အရင်တစ်ခေါက် ချင်းယွင်ကျိအင်တာဗျူးနှင့် အရေးအသားရော စကားလုံးသုံးစွဲပုံများပါ လုံး၀ တူညီနေသည် မဟုတ်ပါလော။ ထို့ကြောင့် လူတိုင်းက ဤအရာကိုအစစ်ဟုသာ ယုံနေခဲ့ကြ၏။

ထို့အပြင် သူတော်စင်သခင်ပေးခဲ့သော စုတ်တံပုံကလည်း ထိုယုံကြည်ချက်ကို ပိုခိုင်မာသွားစေခဲ့သည်။

လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင် သတင်းစာကိုတိတ်တဆိတ်ဖတ်ရှုနေခဲ့၏။

ပင်မခန်းမ၏ ဂိုဏ်းချုပ်ခုံတွင် သူကျောက်ရုပ်ကြီးလိုထိုင်နေပြီး ဘယ်သူမှ စကားမပြောရဲကြပေ။

သူထောင်ချောက်ဆင်ခံလိုက်ရပြီဆိုတာ အကြီးအကဲများကတော့ ချက်ချင်း သိသွားခဲ့ကြသည်။

မကြာသေးခင်ကပင် သူသည် ဘာမှမဖြစ်ခဲ့ဘူးဟု ယုံကြည်မှုရှိစွာ ပြောခဲ့သေးသည် မဟုတ်ပါလော။ အခုတော့…

သူတော်စင်သခင်၏ စိတ်ထဲတွင် ဒေါသမီးတောက်လောင်ကျွမ်းနေခဲ့၏။

ကျောင်းတော်သားတစ်ယောက်ဖြစ်သောကြောင့် သူအပြင်းအထန်ဆဲချင်နေသော်လည်း ဘယ်ကစဆဲရမလဲ မသိ ဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုစကားများက သူပြောထားသောစကားများ ဖြစ်နေသောကြောင့်ပင်။

အဓိပ္ပာယ်ကို အထင်အမြင်လွဲအောင်ရေးထားသော်လည်း သူပြောခဲ့သောစကားများဖြစ်မှန်းတော့ ငြင်းမရပေ။

သူ့ကိုစိတ်တိုစေသည်မှာ ကျန်းယန်သည် သူပြောသမျှစကားတိုင်းကို ပြန်စီပြီး အဓိပ္ပာယ်ကိုလုံးလုံးပြောင်းလဲသွားအောင် ပြုလုပ်ထားခြင်းကိုသာ ဖြစ်၏။

“မင်းက ငါ့ကိုဦးလေးလို့ခေါ်ခဲ့ပြီးတော့ ငါကမင်းကို ငါနှစ် ၈၀၀ လောက်သုံးခဲ့တဲ့ နဂါးလမ်းညွှန်စုတ်တံတောင်လက်ဆောင်ပေးခဲ့တယ် ပြီးတော့ မင်းကငါ့ကို အကောက်ကြံတယ်တဲ့လား မင်းမှာ လူစိတ်တောင်ရှိသေးရဲ့လားကွာ”

သူကျန်းယန်ကို စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေခဲ့မိသည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူတော်စင်သခင်ရုတ်တရက် အားရပါးရ ထရယ်လိုက်၏။ သူ့ရယ်သံက ခန်းမကြီးတစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားစေခဲ့သည်။

“ငါနှစ်ပေါင်း ၂၀၀၀ကျော်နေလာခဲ့ပြီး ဆိုးလှပါတယ်ဆိုတဲ့ ငန်းမှန်သမျှကို အမဲလိုက်လာခဲ့တာ အခုတော့ အသက် ၂၀ လောက်ရှိမယ့် ငန်းလေးတစ်ကောင်ရဲ့ ထိုးဆိတ်တာကို ခံလိုက်ရတယ်တဲ့လား ဟားဟားဟား စိတ်၀င်စားစရာပဲ တကယ်စိတ်၀င်စားစရာပဲ”

“သူတော်စင်…” တုရှန်သတိထား၍ ခေါ်လိုက်၏။

“ငါအဆင်ပြေတယ်” သူတော်စင်သခင် လက်ကာပြလိုက်သည်။

“ဟုတ်…အဲ…”

“ပြောသာပြော”

All Chapters