← Chapters

သားကောင်နေရာက ကပြနေသည့် လန်ကျားအထွတ်အမြတ်မြေ

Vol. 34 Ch. 349

သားကောင်နေရာက ကပြနေသည့် လန်ကျားအထွတ်အမြတ်မြေ

Vol. 34 Ch. 349

လန်ကျားအထွတ်အမြတ်မြေသည် အခြားဂိုဏ်းကြီး ၈ ဂိုဏ်းနှင့်ဆက်သွယ်ဖို့ လူများပို့နေဆဲပင်။

သူတို့အားလုံး သယ်ဆောင်သွားသည်မှာ အားလုံးကအဇူရာတိမ်ဂိုဏ်း၏အကောက်ကြံမှုဟူသော သတင်းစကားသာ ဖြစ်၏။

သူတော်စင်သခင်ပင် လန်ကျားအထွတ်အမြတ်မြေသတင်းစာတွင် ထုတ်ပြန်ကြေငြာချက်တစ်ခု ထုတ်ခဲ့သည်။

“ဒါတွေအားလုံးက အဇူရာတိမ်ဂိုဏ်းရဲ့ အကြံအစည်တွေပါ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ငါတို့မှားယွင်းစွပ်စွဲခံရတာပါ သူတို့ထောင်ချောက်ထဲ ကျ‌မသွားကြပါစေနဲ့ ငါတို့ရဲ့ အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်‌တဲ့ရပ်တည်ချက်က ဘယ်တော့မှပြောင်းမှာ မဟုတ်ပါဘူး”

အခြားဂိုဏ်းများကတော့ ထိုသတင်းကိုဖတ်ပြီးနောက် လှောင်ပြောင်လိုက်ကြ၏။

ဘယ်သူမှ သူတို့ကို မယုံကြပေ။

လန်ကျားအကြီးအကဲများက ဦးချမတတ် ရှင်းပြနေသော်လည်း ဘယ်သူကမှ သူတို့ကိုပြန်မတုန့်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် ဘာအကျိုးအမြတ်မှ မရသေးသောကြောင့်ပင်။

သူတော်စင်သခင်ကိုယ်တိုင်လာလျှင်တောင် သူတို့အတွက် အကျိုးအမြတ်မရှိလျှင် ဘယ်သူမှ ဂရုစိုက်ကြမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့အခြေအနေကကောင်းမလာဘဲ ပိုပိုဆိုးလာနေခဲ့၏။

အဇူရာတိမ်ဂိုဏ်းတွင် ကျန်းယန် လန်ကျားသတင်းစာကိုဖတ်ကာ မျက်မှောင်ကြုံ့‌လိုက်လေသည်။

“ဒါက…ငါ့ပံုစံနဲ့တူနေသလိုပဲ” သူရေရွတ်လိုက်၏။

လန်ကျားအထွတ်အမြတ်မြေသည် ပန်းနုသွေးလုပ်နေမှန်း ထင်ရှားလှသည်။

သူတို့သရုပ်ဆောင်မှုက အခြေအနေတစ်ရပ်သို့ ရောက်သွားသည်နှင့် သူတို့သည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသာစီးယူပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တော့မည်သာ။

“သူတို့က သင်ယူတာမြန်သားပဲ” ကျန်းယန် ပြောလိုက်၏။

“အဲ့ဒီအဖိုးကြီးပဲ ဖြစ်ရမယ်”

နှစ် ၂၀၀၀ကျော်အသက်ရှင်လာခဲ့သော ထိုအဖိုးကြီးက သာမန်ပြိုင်ဘက်မဟုတ်တာကိုတော့ သူ၀န်ခံရပေမည်။

“ကြည့်ရတာနောက်တစ်ခေါက်ကျရင် ငါနည်းစနစ်အသစ်သုံးဖို့ လိုမယ်ထင်တယ်”

ဧည့်သည်အချို့နှင့်တွေ့ပြီးနောက် ကျန်းယန် ဧည့်တွေ့ခြင်းကို ရပ်နားထားလိုက်သည်။

ဧည့်သည်အချို့နှင့်တွေ့ခဲ့ခြင်းကြောင့် အဇူရာတိမ်ဂိုဏ်းသည် လုံး၀ကြီးတံခါးပိတ်နေခြင်းဟု ဆိုလိုခြင်းမဟုတ်တော့ပေ။

သို့သော် လူတိုင်း ဂိုဏ်းတိုင်းနှင့်လည်းမတွေ့ခဲ့ပေ။ ဤနည်းဖြင့်သူသည် သူတို့ဂိုဏ်း၏ တန်ဖိုးကို မြှင့်တင်နေခြင်း ဖြစ်၏။ လူတိုင်းသည် အဇူရာတိမ်ဂိုဏ်းနှင့် ပူပေါင်းနိုင်မည် မဟုတ်ပေ။

စစ်ရေးပြပွဲပြီးသွားသောကြောင့် လက်ရှိအချိန်တွင် ဂိုဏ်းအပေါ်ကျရောက်နေသောတင်းအားက အတော်လေး လျော့သွားခဲ့သည်။

ထိုအခြေအနေကိုအသုံးချပြီး ကျန်းယန် သူ့ကျင့်ကြံခြင်းတွင် ပြန်အာရုံစိုက်နေခဲ့၏။ နေ့တိုင်း အရေးကြီးသောကိစ္စများကိုသာ သူကိုင်တွယ်တော့သည်။

ထိုအချိန်တွင် အဇူရာတိမ်ဧည့်ဂေဟာ ဧည့်ကြိုကောင်တာ၌ လူများနှင့် ပြည့်နှက်နေခဲ့၏။

အချိန်အများစုတွင် အားနေတတ်သော ချွန်းရှောင်ပင် အလုပ်ရှုပ်နေခဲ့သည်။

“စီနီယာဦးလေး တံခါးပိတ်ကျင့်ကြံနေပါတယ် ဧည့်တွေ့လက်မခံတော့ပါဘူးရှင့်”

“ပူးပေါင်းရေးလမ်းကြောင်းက ပိတ်သွားပါပြီ လူကြီးမင်းတို့ အဇူရာတိမ်ဂိုဏ်းက အရင်းအမြစ်တွေကိုလိုချင်ရင် မိုးပြာလကုန်သွယ်သမဂ္ဂကနေတစ်ဆင့်ပဲ ၀ယ်လို့ရပါတော့မယ်ရှင့်”

“ရှင်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေအတွက် ပေးအပ်မယ့် သင်ကြားခြင်းမှာပါချင်တာလား အဇူရာတိမ်မြို့မှာ စာရင်းသွင်းပြီးပြီလား မသွင်းရသေးဘူးဆိုရင် အရင်သွားသွင်းလိုက်ပါဦး”

“ရှင်က စာရင်းသွင်းပြီးပြီလား ဒါဆိုရင်တော့ အဇူရာတိမ်ပြတိုက်မှာ သွားစစ်ကြည့်လိုက်ပါ”

“ရှင်က အကြိမ်ငါးဆယ်ပြည့်အောင် စာရင်းပေးပြီးပြီမလို့ အပျက်အဆီးမြို့ကို ၀င်ကြည့်ချင်တာလား အဲ့ဒီကိစ္စကို ပြတိုက်က ကိုင်တွယ်တာပါ ပြတိုက်ကို သွားလိုက်ပါ”

တစ်ရက်ကြာပြီးနောက် ချွန်းရှောင်အလွန်ပင်ပန်းသွားပြီး သူ့လည်ချောင်းများပင် ပေါက်ထွက်တော့မတတ်ဖြစ်သွားခဲ့သည်။

“ဒါက ကျင့်ကြံခြင်းထက်ပိုဆိုးတယ်…”

“မဖြစ်သေးဘူး ငါ၀န်ထမ်းတွေထပ်ခန့်ရမယ်”

အဇူရာတိမ်ဧည့်ဂေဟာ ဧည့်ကြိုကောင်တာကိုဦးစီးသူဖြစ်သောသူသည် ထိုနေရာနှင့်ပတ်သက်ပြီး စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိ၏။

ထို့နောက် သူမမြို့အစိုးရရုံးသို့သွားကာ လျူမင်ကိုပြောလိုက်သည်။

“ဒါရိုက်တာလျူ ကျွန်မအတွက် လူခေါ်စာလေးတစ်စောင်လောက် ထုတ်ပြန်ပေးပါဦး”

လျူမင်ပြုံးကာ အခကြေးငွေတစ်ခုယူပြီး ထုတ်ပြန်ပေးလိုက်၏။

ယခုအခါ အဇူရာတိမ်မြို့၏ အခြေအနေက စည်းစနစ်ကျကျလည်ပတ်နေပြီး ချောမွေ့စွာပင် ဆက်လက် ဖွံ့ဖြိုးနေခဲ့သည်။

ပြောင်းရွှေ့နေထိုင်သူများ များလာသောကြောင့် မြို့ကိုလည်း တိုးချဲ့ထားခဲ့ရ၏။

အခြားကုန်းမြေတိုက်ကြီးများမှ မရေတွက်နိုင်သော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများသည် အဇူရာတိမ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကို ထောက်ပံ့ကာ သင်ကြားမှုများလည်း ပေးဦးမည်ဆိုသောကြောင့် သူတို့ရောက်လာကြခြင်း ဖြစ်၏။ ထို့အပြင် ဤနေရာတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသောကြောင့် သူတို့အတွက် လုံလည်း လုံခြုံပေသည်။

ဤအခြေအနေတွင် ဘာလို့ မသွားရပါမည်နည်း။

တဖြည်းဖြည်းနှင့် အဇူရာတိမ်မြို့သည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ၏ မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့၏။

မြို့ထဲရောက်ရှိကာ အကဲခတ်ပြီးနောက် လူအတော်များများကမြို့ထဲတွင် အခြေချဖို့ ရွေးချယ်ခဲ့ကြသည်။

ဤနေရာတွင် အခြေချသည့်အတွက် သူတို့အတွက်ကုန်ကျစားရိတ်လည်း ရှိမနေပေ။ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများဖြစ်သော သူတို့ ဤနေရာမှ အချိန်မရွေးလည်း ထွက်သွားသွားနိုင်သေး၏။

ထိုအရာက သူတို့အတွေးဖြစ်ပေသည်။

သူတို့မသိသည်မှာ သူတို့စာရင်းသွင်းလိုက်သည်နှင့် သူတို့သည် အဇူရာတိမ်ဂိုဏ်း၏ အမှတ်အသားပြုခြင်းကို ခံလိုက်ရပြီ ဆိုတာကိုပင်။ အခြားဂိုဏ်းများကတော့ ထိုအခြေအနေကို လက်ပိုက်ပြီးသာ ကြည့်ရှုနေခဲ့ရ၏။

တစ်နည်းအားဖြင့်‌ဆိုသော် လက်ရှိအခြေအနေ၌ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူအများစုသည် အဇူရာတိမ်ကုန်း‌ေမြတုိက်ကြီးတွင် အခြေနေထိုင်နေခဲ့ကြချေပြီ။

ထိုအရာက ကုန်းမြေတိုက်ကြီးများကြားက မမြင်ရသော လူဦးရေ ပါရမီရှင် ‌စုဆောင်းပွဲကြီးတစ်ခုပင်။

အခြားကုန်းမြေတိုက်ကြီးများက သူတို့ကုန်းမြေတိုက်ပေါ်တွင် ဂိုဏ်းများလာရောက်တည်ထောင်ရန် သွေးဆောင်နေခဲ့ကြသည်။ အဇူရာတိမ်ဂိုဏ်းကတော့ ထိုသို့လုပ်မည့်အစား ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေကိုသာ စုဆောင်းနေခဲ့၏။

ထိုကဲ့သို့သောသူများက တစ်ကမ္ဘာလုံးတွင် မရေမတွက်နိုင်အောင် ရှိသည် မဟုတ်ပါလော။

အဇူရာတိမ်မြို့ထဲ ရောက်သည်နှင့် ထိုလူများသည်ပြတိုက်သို့ တစ်ရက်တစ်ကြိမ်တော့ စာရင်းသွားပေးလေ့ရှိကြသည်။ ဤသို့ဖြင် အကြိမ်ရာချီ‌ေအာင် စာရင်းပေးပြီးလျှင် ထိုလူများ၏အရောင်သည် အဇူရာတိမ်ဂိုဏ်းအရောင်သို့ ပြောင်းလဲသွားကြပေလိမ့်မည်။

“ငါအခုနားလည်ပြီ”

ပြတိုက်ထဲတွင် ကိုယ်တော်ဟွေ့ချင်း၏ မျက်လုံးများ တောက်ပသွားခဲ့၏။

သူသည် အဇူရာတိမ်မြို့ထဲသို့ စစ်ရေးပြပွဲမတိုင်ခင်ကတည်းက ရောက်ရှိနေခြင်းဖြစ်သော်လည်း ကျန်းယန်က သူ့ရည်ရွယ်ချက်ကို သိသောကြောင့် တွေ့ဖို့သဘောမတူခဲ့ပေ။

အများကြီးတွေးတောပြီးနောက်တွင် ဟွေ့ချင်း ပြတိုက်ကို စာရင်းလာလာသွင်းဖို့သာ ဆုံးဖြတ်ခဲ့လိုက်သည်။

အကြိမ်၂၀၀ကျော်အောင် စာရင်းပေးပြီးလျှင် အဇူရာတိမ်ဂိုဏ်းထဲသွားရောက်ခွင့်ရှိသည်ဟု ဆိုထားသည် မဟုတ်ပါလော။ ထိုအရာက အများသိကြေငြာထားသော ကြေငြာချက်ဖြစ်သောကြောင့် သေချာသော အရာလည်း ဖြစ်သည်။

သူသည် လက်ရှိတွင် ၅၇ ကြိမ်ရှိနေပြီဖြစ်ပြီး အကြိမ် ၂၀၀ ပြည့်ဖို့အဝေးကြီးလိုသေးသော်လည်း မျှော်လင့်ချက်တော့ ရှိနေသေး၏။

သူပြတိုက်ထဲမှ ထွက်လာ‌ေနရင်း ထိုစကားများကိုပြောလိုက်ခြင်း ဖြစ်သည်။

သူ့ဘေးက ဟွေ့ယွမ် အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်၏။

“စီနီယာအစ်ကို ဘာတွေနားလည်သွားတာလဲ”

“ငါဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုနားလည်သွားတာ” ဟွေ့ချင်းအေးအေးဆေးဆေးပြန်ပြောလိုက်သည်။

ဟွေ့ယွမ်တုန်လှုပ်သွားခဲ့၏။

“ဒါဆို ကျွန်တော်တို့ ကွေ့ယွမ်ဘုရားကျောင်းကိုချက်ချင်းပြန်သင့်တယ်မလား အဲ့တာမှ တံခါးပိတ်ကျင့်ကြံလို့ရမှာ”

ဟွေ့ချင်းခေါင်းခါလိုက်သည်။

“မပြန်သေးဘူး ငါကျန်းယန်နဲ့‌ေတွ့ကိုတွေ့ရမယ် သူငါတို့ကို ကျမ်းစာမပေးဘူးဆိုရင်တောင် သူနဲ့ ဗုဒ္ဓဘာသာအကြောင်းဆွေးနွေးရမယ် သူ့မှာအားကောင်းတဲ့ ဗုဒ္ဓသဘာ၀ရှိတယ် သူနဲ့ဆွေးနွေးရင် အကျိုးအများကြီးရလိမ့်မယ်”

ဟွေ့ယွမ်ကြောင်သွားခဲ့၏။

ဟွေ့ချင်း ပြတိုက်ကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“တကယ့် ဗုဒ္ဓကဒီမှာပဲ”

ကျန်းယန်ဘာကြောင့် လူတွေကို စာရင်းသွင်းခိုင်းလဲဆိုတာ သူအခုမှ နားလည်သွားခဲ့၏။

ဤပြတိုက်တစ်ခုလုံးတွင် စိတ်ဝိဉာာဉ်လွမ်းမိုးမှုတစ်မျိုးနှင့် ပြည့်နှက်နေခဲ့သည်။ အထဲ၀င်သွားတဲ့ဘယ်သူမဆို အလွန်ပြတ်သားသော စိတ်မရှိသရွေ့ တဖြည်းဖြည်းချင်း အဇူရာတိမ်ဂိုဏ်း၏ လွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ ထိုပြောင်းလဲခြင်း နှေးကွေး တည်ငြိမ်လွန်းခြင်းကြောင့် ဘယ်သူမှ သတိမထားမိကြသည့် အချက်ပင်။

သူ့လို ဗုဒ္ဓကျင့်ကြံသူတစ်ယောက်တောင် စိတ်ဝိညာဉ်သန့်စင်မှုကို အောင်မြင်အောင်ကျင့်ကြံသွားနိုင်မှ နောက်ဆုံးတွင် သူ့ကိုယ်သူ ပြန်မြင်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤဗုဒ္ဓအခြေအနေက သူအလိုရှိသော အရာသာ ဖြစ်၏။

ဒါကြောင့်လည်း ဟွေ့ချင်း ကျန်းယန်နှင့်တွေ့ရဖို့ ဇွဲကောင်းကောင်းစောင့်နေခဲ့ခြင်း ဖြစ်သည်။

All Chapters