← Chapters

အဇူရာတိမ်အပျက်အဆီးမြို့သို့ သွားရောက်လည်ပတ်ခြင်း

Vol. 34 Ch. 350

အဇူရာတိမ်အပျက်အဆီးမြို့သို့ သွားရောက်လည်ပတ်ခြင်း

Vol. 34 Ch. 350

အဇူရာတိမ်ပြတိုက် အ၀င်၀တွင် လီချွေ့ဟွာ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“အကြိမ် ၅၀ ပြည့်အောင် စာရင်းပေးပြီးသွားတဲ့သူတွေအားလုံး ဒီနေရာမှာ စုပေးကြပါ အဇူရာတိမ်အပျက်အဆီးမြို့ဆီ သွားလည်တာက တစ်ရက်ကြာမှာဖြစ်လို့ အစားအသောက်တွေလည်း တစ်ပါတည်း ယူလာခဲ့ကြပါ အစာစားဖို့မလိုတဲ့သူတွေကတော့ လျစ်လျူရှုပေးထားကြပါ”

အရင်က ဧည့်လမ်းညွှန‌်ဟောင်းတစ်ယောက်ဖြစ်ခဲ့သော လီချွေ့ဟွာသည် ယခုအခါ အဇူရာတိမ်ပြတိုက်၏ တရား၀င် ဧည့်လမ်းညွှန်၀န်ထမ်းတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

အပျက်အဆီးမြေက သုံးလတစ်ကြိမ်ဖွင့်မည်ဖြစ်ပြီး လူဘယ်လောက်များများ သူက ထိုလူများကို အပျက်အဆီးမြေဆီ ဦးဆောင်ခေါ်သွားရမည့်သူ ဖြစ်၏။

အကြိမ် ၅၀ စာရင်းပေးပြီးသောလူများထိုနေရာတွင် စုဝေးလာကြသည်။

လူအုပ်ထဲတွင် ကျိုးလင် လီဖန်ကျိုး၏တပည့်ထံ လျှို့ဝှက်အသံလွှင့်လိုက်၏။

“ဂျူနီယာညီလေး နောက်ဆုံးတော့ငါတို့ အပျက်အဆီးမြေထဲဝင်နိုင်အောင် လုပ်နိုင်ခဲ့ပြီ ငါတို့အထဲမှာ တစ်ခုခုတော့ ရှာတွေ့အောင်လုပ်ရမယ်”

သူတို့သည် ဤအရာကိုလိုချင်သောကြောင့် နေ့စဉ် စာရင်းသွင်းခဲ့ကြခြင်း ဖြစ်သည်။ ထိုနေရာတွင် အဇူရာမဟာတိမ်၀င်္ကပါအကြောင်းတစ်ခုခုတော့ သိရအောင် သူတို့လေ့လာကြရမည်။

သို့သော် သူတို့ကဘယ်အဆင့်ဖြစ်ပြီး ၀င်္ကပါက ဘယ်အဆင့်ဖြစ်ပါသနည်း။

ထိုအဖြစ်က မူလတန်းကျောင်းသားတစ်ယောက် ကွမ်တမ်မက္ကနစ်ပညာကို လေ့လာနေသည်နှင့်တူပြီး လျှို့ဝှက်ချက်များကို ရှာတွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။

မင်ဟောက်မလွယ်ကူဘူးဟု ခံစားနေရသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး ကျွန်တော်တို့ တစ်ခုခုတော့ ကျိန်းသေပေါက်ရှာတွေ့မှာပါ”

ကျိုးလင်ခေါင်းငြိမ့်ပြလိုက်၏။ အကယ်၍ သူတို့သာ ထို၀င်္ကပါကိုဖျက်ဆီးပစ်နိုင်လျှင် ထိုအချက်ကိုသုံးပြီး အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်လို့ ရချေပြီ။

“အားလုံးပဲ ကျွန်မနောက်ကလိုက်ခဲ့ကြပါ” လီချွေ့ဟွာ အားလုံးကို ပြတိုက်ထဲဦးဆောင်ခေါ်လာခဲ့သည်။

သူတို့လျှောက်လမ်းလေးတစ်ခုကို ဖြတ်သန်းကာ အပျက်အဆီးနယ်မြေဆီ သွားနေခဲ့ကြ၏။

“အားလုံးပဲ စည်းမျဉ်းတွေကို မှတ်ထားကြပါ ကြည့်ပဲကြည့်ရပါမယ် မထိရပါဘူး ပြီးတော့ ဒီပုံစံဆွဲထားတဲ့ လမ်းကြောင်းထဲကနေ ထွက်မသွားရပါဘူး” သူမသတိပေးလိုက်သည်။

အဇူရာတိမ်အပျက်အဆီးသည် လွန်ခဲ့သော နှစ်တစ်ထောင်က မိစ္ဆာကပ်ဘေးပြီးနောက် ဖြစ်ပေါ်လာခဲ့သောနေရာဖြစ်သောကြောင့် ဤနေရာတွင် ပုန်းကွယ်နေသော မိစ္ဆာအရှိန်အဝါများ ကျန်ရစ်နေနိုင်ပေသည်။ ထို့အပြင် ပညာရှင်များ၏ စွမ်းအားအကြွင်းအကျန်များလည်း ရှိနေနိုင်သေး၏။

“တကယ်လို့ တစ်ယောက်ယောက်က ပုံစံချထားတဲ့ နေရာထဲက ထွက်သွားခဲ့ရင် သူ့လုံခြုံရေးကိုအာမမခံပါဘူး

ပြီးတော့ ရတနာ‌တူးဖို့ လုံး၀မစဉ်းစားပါနဲ့

ဒီနေရာက အရာအားလုံးကို အဇူရာတိမ်ဂိုဏ်းကပိုင်တာပါ တကယ်လို့ တစ်ခုခုကိုတွေ့ခဲ့ရင်တောင် ယူသွားခွင့်မရှိပါဘူး

အဲ့တာကြောင့် အဲ့ဒီအတွေးတွေကိုဘေးဖယ်ထားပြီး သမိုင်းရဲ့အမာရွတ်တွေကို ကြည့်ရှုခံစားပြီး ဒီတိုက်ပွဲကိုတိုက်ခိုက်ခဲ့ကြသူတွေရဲ့ ဂုဏ်သရေကိုသာ တမ်းတလိုက်ကြပါ

ကောင်းပါပြီ အားလုံးပဲ ပြင်ဆင်ထားကြပါ ကျွန်‌မတို့၀င်ပါတော့မယ်”

လူတိုင်းလေးနက်သွားခဲ့ကြ၏။

မင်ဟောက်လိုလူ အများစုက လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့ စဉ်းစားနေခဲ့ကြသည်။

သို့သော် သူတို့ရှေ့တွင်စောင့်ကြိုနေသည်က သာမန်တံခါးတစ်ချပ်သာ ဖြစ်နေခဲ့၏။

ထိုတံခါးကိုဖြတ်သန်းသွားပြီးမှသာ ကျယ်ပြန့်လှသော အပျက်အဆီးမြေကြီးကို မြင်လိုက်ကြရသည်။

ကောင်းကင်ကိုမြင်နေရသေးသော်လည်း ထိုနေရာသို့ ရောက်သွားသည်နှင့် အခြားကမ္ဘာတစ်ခုကို ရောက်သွားခဲ့သလိုပင်။ ကျိုးပဲ့နေသော အဆောက်အအုံများက မရေတွက်နိုင်လောက်အောင်ရှိနေပြီး ဧည့်သည်များအတွက် ဖောက်ပေးထားသော လမ်းလေးတစ်ခုသာ အကောင်းအတိုင်း ကျန်ပေသည်။

သူတို့သည် ထိုလမ်းကြောင်းလေးထဲမှသာ လမ်းလျှောက်သွားနိုင်၏။

လွန်ခဲ့သောနှစ်တစ်ထောင်တုန်းက ကြီးကျယ်ခမ်းနားခဲ့သောမြို့ကြီးသည် ပျက်ဆီးသွားချိန်မှာတောင် တစ်မြို့လုံးကို တစ်ရက်တည်းဖြင့် မစူးစမ်းနိုင်ပေ။

သို့သော် အဆင်ပြေပါသည်။ နောက်တစ်ခါ စာရင်း အကြိမ်ရေ ၅၀ ပေးပြီး သူတို့နောက်လမ်‌းကြောတစ်ခုကို သွား၍ ရသေး၏။

မင်ဟောက်ပတ်ပတ်လည်ကိုကြည့်နေရင်း လုံး၀ရှုံးနိမ့်သွားသလို ခံစာယနေခဲ့ရသည်။

အပျက်အ‌ဆီးများကနေရာတိုင်းတွင်ရှိနေပြီး ကောင်းကင်ကတော့ အပြင်လောကက ကောင်းကင်အတိုင်းပင်ဖြစ်ကာ တိမ်များပိုထူနေခြင်းသာ ရှိ၏။

၀င်္ကပါ၏ လျှို့့ဝှက်ချက်ကိုဘယ်နေရာတွင် သွားရှာရပါမည်နည်း။

သူဘာကိုမှ နားမလည်နိုင်ခဲ့ပေ။

သို့သော်လည်း ဟန်ကိုယ့်ဖို့ဆိုသလို သူနားလည်ဖို့ကြိုးစားနေသလိုလိုတော့ ဟန်ဆောင်နေခဲ့ရသည်။

တစ်ရက်ပြည့်ပြီးနောက် မင်ဟောက်စိတ်ပင်ပန်းလူပင်ပန်းဖြင့် ထွက်လာခဲ့၏။

ကျိုးလင်ကတော့ သူ၀င်္ကပါကိုလေ့လာရင်း ပင်ပန်းသွားခြင်းဖြစ်ရမည်ဟုသာ တွေးနေရင်း နောက်မှသာမေ‌ေးတာ့မည်ဟု ဆုံးဖြတ်လိုက်သည်။

‌သို့သော် နောက်ရက်တွင်မေးသောအခါ မင်ဟောက်သည် တစ်ညအိပ်ပြီးနောက် အရာရာကိုမေ့သွားသလို အူကြောင်ကြောင်သာ လုပ်နေခဲ့၏။

ကျိုးလင်နှင့်အခြားသူများ ဒေါသထွက်သွားခဲ့ကြပြီး စာရင်းပြန်သွင်းခဲ့ကြရပြန်သည်။

အကြိမ်ပေါင်းများစွာ စာရင်းသွင်းပြီးနောက်တွင်ပင် သူတို့၀င်္ကပါအကြောင်း ဘာမှမသိသေးပေ။

သို့သော် အဇူရာတိမ်ဂိုဏ်း၏ သမိုင်းကြောင်းကတော့ သူတို့နှလုံးသားထဲတွင်ပင် စွဲနေခဲ့ချေပြီ။

အဇူရာတိမ်မြို့က ဆက်လက်ကျယ်ပြန့်လာခဲ့သော်လည်း အခြေအနေများက တည်ငြိမ်အေးချမ်းနေခဲ့၏။

အဇူရာတိမ်ဂိုဏ်းထဲတွင်လည်း နေ့စဉ် သင်ခန်းစာအပြောင်းအလဲများမှလွဲပြီး အားလုံးက ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ ဤသို့ဖြင် တစ်နေ့တွင် ရုတ်တရက်ဆိုသလို အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုအပြောင်းအလဲမှာ လင်းယွမ်တောင်ထွတ်မှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထက်ရှသော ဓားဆန္ဒတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။

ချင်းယွင်ကျိ ချက်ချင်းပေါ်လာခဲ့ပြီး ပြုံးကာ လင်းယွမ်တောင်ထွတ်ကိုကြည့်လိုက်သည်။

ဟော်လင်းကျိနှင့်ပိုင်ယွင်ကျိတို့လည်း အပြေးအလွှားရောက်ရှိလာကြပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“စီနီယာအစ်ကိုကြီး အစ်ကို ၂ တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားပြီလား”

ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်သည်။

“အင်း သူနောက်ဆုံးတော့ ချိုးဖြတ်နိုင်သွားပြီ”

လွှမ်းမိုးလွန်းသော ဓားဆန္ဒကိုဖုံးကွယ်၍ မရပေ။ အဇူရာတိမ်မြို့ထဲမှပင် ထိုအရာကို ခံစားမိနေကြရသည်။

ပုန်းကွယ်နေသော ကျင့်ကြံသူများနှင့် အကဲခတ်နေသူများအားလုံး လေးနက်ကုန်ကြ၏။

“ဓားဆန္ဒ…လင်းယွင်ကျိ အဆင့်ချိုးဖြတ်သွားတာပဲ ဖြစ်ရမယ်”

“တာအိုပေါင်းစည်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်”

“အဇူရာတိမ်ဂိုဏ်းမှာ ချင်းယွင်ကျိနဲ့ရင်ပေါင်တန်း တိုက်ခိုက်နိုင်မယ့် နောက်ထပ်ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီ”

စန်းစုန့်သည်လည်း တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သော်လည်း သူ့အားနည်းသော တိုက်ခိုက်ရေးစွမ်းအားကြောင့် ဘယ်သူမှသူ့ကို အလေးအနက်မထားကြပေ။

လင်းယွင်ကျိကတော့ မတူပေ။

နတ်ဝိညာဉ်အဆင့်တုန်းကပင် သူသည် ကြောက်စရာကောင်းလွန်းလှသည်။ အခုလို တာအိုပေါင်းစည်းခြင်းအဆင့်ရောက်သွားသောအခါတွင်တော့ ပိုပြီးပင် ကြောက်စရာကောင်းသွားပေလိမ့်မည်။

အားလုံးကို တုန်လှုပ်သွားစေသောအချက်ကတော့ သူသည် လွန်ခဲ့သောနှစ်အနည်းငယ်ကမှ နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိထားခြင်းဟူသော အချက်သာ ဖြစ်၏။

ဘယ်သူက အဲ့လောက်မြန်မြန်အဆင့်တက်နိုင်ပါမည်နည်း။

သုံးရက်ကြာပြီးနောက် ဓားဆန္ဒကဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။

ထိုအရာက လင်းယွင်ကျိသည် သူ့အဆင့်ကိုတည်ငြိမ်အောင်လုပ်နိုင်သွားပြီး သူ့ဓားလမ်းစဉ်က သူနှင့်ပြီးပြည့်စုံအောင်ပေါင်းစပ်သွားပြီဟု ဆိုလိုနေခြင်း ဖြစ်၏။

အကယ်၍ ထိုလမ်းစဉ်ကသာ ကပ်ဘေးကိုဖြတ်ကျော်နိုင်ခဲ့လျှင် ထိုအရာသည် စစ်မှန်သော မဟာတာအိုတစ်ခု ဖြစ်လာပေလိမ့်မည်။

“စီနီယာအစ်ကိုကြီး ညီလေး ၆ ဂျူနီယာညီမလေး”

လင်းယွင်ကျိ သူ့အိမ်ထဲမှထွက်လာခဲ့ပြီး ပြုံးပြလိုက်၏။

“ဂုဏ်ယူပါတယ် အစ်ကို ၂” ဟော်လင်းကျိတို့ ပြုံး၍ ပြောလိုက်ကြသည်။

“ကောင်းကောင်းလုပ်ခဲ့တယ်” ချင်းယွင်ကျိလည်း ခေါင်းငြိမ့်ပြလိုက်၏။

လင်းယွင်ကျိ ပြုံးလိုက်သည်။

“ဒီနှစ်တွေမှာ အစ်ကိုကြီးအများကြီးကြိုးစားခဲ့ရတယ် အခုတော့ ကျွန်တော်အစ်ကိုကြီးကို ကူညီနိုင်တော့မယ်”

ချင်းယွင်ကျိ ရယ်မောလိုက်၏။

“ငါတို့က အမြဲ အတူတူရှေ့ဆုံးက ရပ်ခဲ့ကြတာပါပဲ”

အခြားသူများဘက်လှည့်လိုက်ပြီး လင်းယွင်ကျိ မေးလိုက်သည်။

“အခုငါထွက်လာပြီဆိုတော့ ဘယ်သူတံခါးပိတ်ကျင့်ကြံခြင်း ဝင်မှာလဲ”

ကျန်းယန်အစီအစဉ်အရ သူတို့သည် အလှည့်ကျ တံခါးပိတ်ကျင့်ကြံရခြင်းဖြစ်ပြီး ၂ယောက်ကတော့ အပြင်တွင် သင်ကြားဖို့ ကျန်နေခဲ့ရမည် ဖြစ်သည်။

ဟော်လင်းကျိ ပြောလိုက်၏။

“ဂျူနီယာညီမလေးသွားလိုက် ငါ့မှာလက်စသတ်စရာ ပစ္စည်းလေးတွေရှိနေသေးတယ် နောက်တစ်ယောက်ထွက်လာတဲ့အချိန်ကျရင်တော့ ငါလည်းအသင့်ဖြစ်လောက်ပြီ”

“ကောင်းပါပြီ”

ထို့နောက် ပိုင်ယွင်ကျိ တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားခဲ့လေသည်။ သူမ၏ လမ်းစဉ်က စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းဖြစ်သောကြောင့် သူမအတွက်က အဆင့်ချိုးဖြတ်ဖို့ အချိန်ပိုလိုအပ်၏။

ထိုစဉ် ကျန်းယန်လည်း အလျင်အမြန်ရောက်ရှိလာခဲ့ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

“ဦးလေး ဦးလေးတာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားပြီလား”

“အင်း” လင်းယွင်ကျိ ဂုဏ်ယူစွာ ပြောလိုက်၏။

အသက် ၃၀၀ကျော်တည်းနှင့် ထိုအဆင့်ကိုရောက်ရှိခြင်းမှာ အတော်လေးရှားပါးသောအရည်အသွေးဟု ပြော၍ ရပေသည်။

“ကောင်းတယ်” ကျန်းယန် ပြောလိုက်၏။

“အရင်နားလိုက်ဦး ဆရာဦးလေး ကျွန်တော်ဓာတ်ပုံရိုက်ဖို့ ယုစုန့်ကိုသွားခေါ်လိုက်ဦးမယ် ပြီးရင် ကျွန်တော်တို့တွေ လူတိုင်းကိုဖိတ် ပွဲတစ်ခုကျင်းပပြီး အားလုံးအောင်ပွဲခံကြတာပေါ့”

လင်းယွင်ကျိအမူအရာ ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့လေသည်။

သူချင်းယွင်ကျိကိုပင် အကူအညီတောင်းဟန်ဖြင့် လှည့်ကြည့်လိုက်မိ၏။

All Chapters