← Chapters

အောင်ပွဲခံပွဲ

Vol. 34 Ch. 351

အောင်ပွဲခံပွဲ

Vol. 34 Ch. 351

လင်းယွင်ကျိ အတော်ကြီးနောင်တရသွားမိသည်။

အကယ်၍သူ့အဆင့်ချိုးဖြတ်ခြင်းကသာ ဒီအဖြစ်ဆီသူ့ကိုခေါ်ဆောင်သွားခဲ့မည်ဆိုလျှင် သူအဘယ်ကြောင့် ကြိုးကြိုးစားစား အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေပါမည်နည်း။

တာအိုပေါင်းစည်းခြင်းအဆင့်ရောက် အထိမ်းအမှတ် စားသောက်ပွဲတဲ့လား ငါ့မှာ ဂုဏ်သိက္ခာရောကျန်ပါဦးမလားကွာ!

ချင်းယွင်ကျိ အနည်းငယ်တွန့်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။ သူလင်းယွင်ကျိကိုသာ ပုခုံးနှစ်ချက်ပုတ်ပြီး ထွက်ခွာသွားခဲ့၏။

နောက်ဆုံးတွင် သူနှင့် သူတော်စင်သခင်ပင် ကျန်းယန်၏ အင်တာဗျုးခြင်းကို ခံခဲ့ရသေးသည် မဟုတ်ပါလော။

လင်းယွင်ကျိစိတ်ထဲတွင် ဗြောင်းဆန်နေခဲ့သည်။

ငါဒါကြီးကို မလိုချင်ဘူးကွ!

လင်းယွင်ကျိ၏ တာအိုပေါင်းစည်းခြင်းအဆင့်ရောက်ခြင်းအထိန်းအမှတ် စားသောက်ပွဲအကြောင်းကြားသောအခါ များစွာသော မဟာမိတ်ဂိုဏ်းများ ဆွံ့အကုန်ကြ၏။

ဤအရာက ပေါ်တင်လက်ဆောင်တောင်းနေခြင်း မဟုတ်ပါလော။

“အဇူရာတိမ်ဂိုဏ်းက တကယ်ကြီး အဲ့လောက်ထိသွားမလို့လား”

အချို့ဂိုဏ်းများက ထိုသတင်းကိုမသိချင်ယောင်ဆောင်နေပြီး အဇူရာတိမ်ဂိုဏ်းက ကိုယ်တိုင်တော့ လက်ဆောင်လာမတောင်းလောက်ဘူးဟု တွေးနေခဲ့ကြသည်။

သို့သော် ကုန်းမြေတိုက်ကြီးထဲက ဂိုဏ်းများကတော့ ထိုသတင်းကို အလွယ်တကူလျစ်လျူရှုထား၍ မ‌ရပေ။

မြောက်ပိုင်းဂိုဏ်းများသည် လက်ဆောင်ပေးရန် တွန့်ဆုတ်နေခဲ့ကြ၏။

ကောင်းကင်ဒဏ္ဍာရီပင် ထိုကိစ္စထဲက လွတ်မသွားပေ။ သူ အခုမှ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော ကျိယန်ကို သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါ့ကိုယ်စား လက်ဆောင်တစ်ခုသွားပို့လိုက်”

“ဟုတ်ကဲ့ပါဆရာ” သူမ ပြန်ပြောလိုက်၏။

သူမသည် နတ်ဝိညာဉ်အဆင့်သိုရောက်သွားပြီဖြစ်သောကြောင့် သူ့တရား၀င်တပည့်တစ်ယောက် ဖြစ်လာခဲ့ချေပြီ။

မကြာခင်တွင် မဟာမိတ်ဂိုဏ်းများ၏ ကိုယ်စားလှယ်များ ရောက်ရှိလာခဲ့ကြလေသည်။

ယွင်ထန့်အင်ပါယာနှင့် တိမ်တောင်အင်ပါယာပင် လက်ဆောင်များ ပို့လိုက်ကြ၏။

မြောက်ပိုင်းမှ ပြန်ရောက်လာသော စစ်ထူမင်ယွဲ့ ကျန်းယန်ကို မေးလိုက်သည်။

“စီနီယာအစ်ကိုကြီးဒီလိုလုပ်လိုက်တော့ သူတို့တွေ မကျေမနပ်ဖြစ်မသွားနိုင်ဘူးလား”

ကျန်းယန် ခေါင်းခါပြလိုက်၏။

“ဒီအရူးတွေက အဇူရာတိမ်ဂိုဏ်းနဲ့ တွေ့ခွင့်ရဖို့တော့ စောင့်နေကြပြီး အခုငါကအခွင့်အရေးပေးပြန်တော့ တွန့်ဆုတ်နေကြပြန်တယ် ‌

စောင့်သာနေ မလာတဲ့သူတွေ နောင်တရလိမ့်မယ်”

“အစ်ကိုကြီးမှာ နောက်ထပ်အစီအစဉ်ရှိသေးတယ်လား” သူမ မေးလိုက်သည်။

“ဒါပေါ့” ကျန်းယန် အေးအေးဆေးဆေးပြန်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းမှာ စည်းမျဉ်းတွေရှိတယ် ငါတို့ကအဲ့တာတွေကို အလွယ်တကူချိုးဖောက်မှာမဟုတ်ဘူး ပုံမှန်အားဖြင့် လူတွေက ဂိုဏ်းထဲလာချင်ရင် အဇူရာတိမ်မြို့မှာ အထပ်ထပ် စာရင်းပေးရမှာ

အခုငါက အထူးလမ်းကြောင်းတစ်ခုဖွင့်ပေးပြီး လူတိုင်းကို ဂိုဏ်းထဲလာခွင့်ပေးထားတာ တကယ်လို့ သူတို့ဒီအခွင့်အရေးကိုမှ မဖမ်းဆုပ်နိုင်ရင် ဒါက သူတို့ကိစ္စဖြစ်သွားပြီ

ဒီတစ်ခေါက် ငါက သူ့ပွဲမှာ သူ့ကို ၃ရက်တိုင်တိုင် သင်ခန်းစာပို့ချခိုင်းမှာ”

စစ်ထူမင်ယွဲ့ ပင့်သက်ရှိုက်သွားခဲ့၏။

ဓားကျင့်ကြံသူ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် သုံးရက်တိုင်တိုင်ပို့ချသော သင်ခန်းစာ….

ဘယ်လက်ဆောင်က ထိုအရာလောက် တန်ဖိုးကြီးပါတော့မည်နည်း။

ဂိုဏ်းတပည့်များအတွက်ပင် ထိုအရာက ရှားပါးသော အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။ အပြင်လူများအတွက်တော့ ပြောစရာပင် မလိုတော့ပေ။

“အစ်ကိုကြီးက သူတို့ကို အဲ့ဒီအခွင့်အရေး ဒီတိုင်းပေးလိုက်တော့မှာလား” စစ်ထူမင်ယွဲ့ မေးလိုက်၏။

ကျန်းယန် ပြုံးလိုက်ပြီးနောက် အဇူရာတိမ်သတင်းစာကို မြှောက်ပြလိုက်သည်။

“အဲ့ဒီကိစ္စက ငါတို့ထုတ်ဝေတဲ့ထဲ ပါလာလိမ့်မယ် အဲ့ဒီသတင်းက ငါတို့တွေက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေကို တကယ်ဂရုစိုက်မစိုက် သက်သေပြပေးလိမ့်မယ်

ပိုအရေးကြီးတဲ့အချက်က အဇူရာတိမ်ဂိုဏ်းရဲ့ ဂုဏ်သတင်းပိုကြီးလာတာနဲ့အမျှ အဇူရာတိမ်မြို့က လူတွေကိုပိုပြီး ‌ဆွဲဆောင်နိုင်လာလိမ့်မယ်

နောက်ဆုံးတော့ ငါတို့ မိစ္ဆာတွေနဲ့ပူးပေါင်းထားတာကို သစ္စာဖောက်မှုတစ်ခုလို့ အများစုက မြင်နေကြတုန်းပဲလေ”

“ဒါတွေအားလုံးက အဲ့ဒီအထင်အမြင်ကို ဆေးကြောပေးလိမ့်မယ်” ကျန်းယန် ဆက်ပြောလိုက်၏။

“ဂိုဏ်းတစ်ဂိုဏ်းက လမ်းမှန်ပြီး မြင့်မြတ်တယ်ဆိုတဲ့ ပုံရိပ်ကိုတည်ဆောက်ထားနိုင်ရင် အဲ့ဒီဂိုဏ်းကို ဆန့်ကျင်တဲ့လူတိုင်း ကမ္ဘာပေါ်က မရေတွက်နိုင်တဲ့လူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ဘာပဲဖြစ်ဖြစ် နင်အဲ့တာတွေကို နားလည်စရာမလိုပါဘူး ငါသွားတဲ့နောက်သာလိုက်”

သုံးရက်ကြာပြီးနောက် စားသောက်ပွဲကိုစတင်ကျင်းပခဲ့ပြီး လူဒါဇင်အနည်းငယ်သာ တက်ရောက်ခဲ့သည်။

အများစုက မဟာမိတ်များဖြစ်သော ဂိုဏ်းမဟာမိတ်အဖွဲ့ ယွင်ထန့်အင်ပါယာနှင့် တိမ်တောင်အင်ပါယာတို့မှဖြစ်ပြီး သူတို့တောင် ရွေးချယ်စရာမရှိ၍ တက်ရောက်ကြရခြင်း ဖြစ်၏။

အဇူရာတိမ်မြို့ထဲက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကြားထဲတွင်တော့ လက်‌ေ‌ဆာင်ယူလာပြီး အဇူရာတိမ်ဂိုဏ်းနှင့် ချည်နှောင်နိုင်ကြသူများမှာ များများစားစားမရှိကြပေ။

များပြားလှသော လူဦးရေနှင့်ယှဉ်လျှင် အတော်နည်းသောပမာဏဟုသာ ဆိုရပေမည်။

ထိုသူများထဲတွင် အဇူရာတိမ်ဂိုဏ်းကို အမှန်တကယ်လေးစားနေသော ဟွေ့ချင်း လိုလူမျိုးလည်း ပါ၀င်ပေသည်။

သူသည် အကြိမ် ၇၀ စာရင်းပေးပြီးနောက် စားသောက်ပွဲသံကြားသည်နှင့် တွန့်ဆုတ်မနေဘဲ ချက်ချင်းပါ၀င်ဖို့ ဆုံးဖြတ်ခဲ့၏။

တက်ရောက်လာကြသူများသည် သူတို့လက်ဆောင်များကို ပေးပြီးနောက် လေ့ကျင့်ရေးကွင်းထဲသို့ ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် ထိုနေရာတွင် ကျန်းယန်ကိုယ်တိုင်ပေါ်လာခဲ့ပြီး ပြောလိုက်ဧ။။်

“မကြာသေးခင်က ကျွန်တော့်ဆရာဦးလေးလင်းယွင်ကျိ တာအိုပေါင်းစည်းခြင်းအဆင့်ကို အဆင့်ချိုးဖြတ်နိုင်ခဲ့ပါတယ် တစ်နည်းနည်းနဲ့ အဲ့ဒီသတင်းက ပေါက်ကြားသွားခဲ့ပြီး အားလုံးက ကျွန်တော့်ဆရာဦးလေးကို လာဂုဏ်ပြုပေးခဲ့ကြတဲ့အတွက် ကျွန်တော်က အားလုံးကို လေးလေးနက်နက်ကျေးဇူးတင်ချင်ပါတယ်

အားလုံးက အစွမ်းထက်ကျင့်ကြံသူတွေဖြစ်ပြီး နတ်ဝိညာဉ်အဆင့်တွေတောင် ပါနေတာဆိုတော့ ကျွန်တော်တို့ဘက်ကနေ ဧည့်သည်တော်တို့ကို အစားအသောက်နဲ့ဧည့်ခံမယ်ဆိုရင် မလုံလောက်ရာ ကျသွားပါလိမ့်မယ်

အဲ့တာကြောင့် ကျွန်တော်တို့က အစားအသောက်အစား ဆရာဦးလေးလင်းယွင်ကျိကို သုံးရက်တိုင်တိုင် သင်ခန်းစာပို့ချခိုင်းပြီး ဧည့်ခံမယ်ဆိုရင်တော့ ဘယ်လိုထင်ကြပါသလဲ ခဗျာ”

လူတိုင်းတောင့်တင်းသွားခဲ့ကြ၏။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရဲ့ သုံးရက် သင်ခန်းစာပို့ချမှုတဲ့လား!

သူတို့သွေးများ စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာခဲ့ကြသည်။

“ကျေးဇူးတင်ပါတယ် စီနီယာလင်းယွင်ကျိ”

“ကျွန်တော်တို့ ၀မ်းမြောက်၀မ်းသာ လက်ခံပါ့မယ်”

ကျန်းယန်ပြုံးလိုက်၏။

“အားလုံးပဲ ဆရာဦးလေးလင်းယွင်ကျိကို ကြိုဆိုလိုက်ကြရအောင်ပါ”

လင်းယွင်ကျိပေါ်လာပြီးနောက် သူ့စိတ်ခံစားချက်က သိသိသာသာကောင်းမွန်နေခဲ့သည်။

သင်ကြားရမှာလား အဲ့လောက်က ပြဿနာမရှိဘူး။

သူစားသောက်ပွဲကိုဦးဆောင် ဧည့်မခံရသရွေ့ သုံးရက်လောက် သင်ခန်းစာပို့ချရခြင်းက ပြဿနာမရှိလှပေ။

ထို့နောက် သူ့သင်ကြားမှုကို စတင်ခဲ့၏။

အဇူရာတိမ်ဂိုဏ်းဧ။် ရှေးကျမ်းစာများမှ အသိပညာများစွာရရှိထားသည့် တာအိုပေါင်းစည်းခြင်းတစ်ယောက်ဖြစ်သော သူ၏ အသိပညာသည် သာမန်အဆင့်အတန်းထက် များစွာကျော်လွန်နေခဲ့သည်။

ထို့ကြောင့် ပရိတ်သတ်များရရှိခဲ့သော အကျိုးအမြတ်က အံ့မခန်းပင်။

ကျိယန်နှင့်ဟွေ့ချင်းလိုလူမျိုးပင် အကျိုးအမြတ်ကြီးကြီးမားမားရရှိခဲ့ပြီး အခြားသူများအတွက်တော့ ပြောစရာပင် မလိုတော့ပော

အချို့ဆိုလျှင် ထိုနေရာ၌ပင် အဆင့်ချိုးဖြတ်ကုန်ကြ၏။

သုံးရက်ပြီးနောက် သင်ခန်းစာက ပြီးဆုံးသွားခဲ့သည်။

ထို့နောက် လူတိုင်း သူ့ကို ကျေးဇူးတင်နေသောစိတ်ဖြင့် ထွက်ခွာသွားခဲ့ကြ၏။

ခေါင်းမာသော ဟွေ့ချင်းလိုလူမျိုးကပင် ကျန်းယန်နှင့်တွေ့ဖို့ ဆုံးဖြတ်ထားသည်ဟုဆိုကာ မပြန်ဘဲ ကျန်နေခဲ့သည်။

ထိုစဉ် အဇူရာတိမ်မြို့တစ်ခုလုံးလည်း နောက်ဆုံးတွင် ဘာဖြစ်သွားသလဲဆိုတာ နားလည်သွားခဲ့၏။

နောင်တတရားက နေရာအနှံ့တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။

အထူးသဖြင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများပင်။ အချို့ဆိုလျှင် ဒေါသဖြင့် သူတို့ခေါင်းသူတို့ပင် ထုရိုက်နေခဲ့ကြ၏။

ရှားပါးလွန်းသော အခွင့်အရေးတစ်ခုကို သူတို့လက်လွှတ်လိုက်ကြရချေပြီ။

All Chapters