← Chapters

ပြီးပြည့်စုံသော ဝါဒတစ်ခု

Vol. 34 Ch. 353

ပြီးပြည့်စုံသော ဝါဒတစ်ခု

Vol. 34 Ch. 353

ဟွေ့ချင်းထွက်သွားပြီးပြီးချင်းပင် ချင်းယွင်ကျိ ပေါ်လာခဲ့လေသည်။

ကျန်းယန်ကိုထူးဆန်းစွာကြည့်လိုက်ပြီး သူမေးလိုက်၏။

“မင်းအဲ့ဒီ အသိပညာတွေကို ဘယ်လိုရခဲ့တာလဲ”

ရှင်းလင်းစွာပင် သူအခြေအနေတစ်ရပ်လုံးကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ကျန်းယန် ခေါင်းကုတ်လိုက်ကာ

“အာ ဆရာလည်းကြားလိုက်တာလား ဒီတိုင်းပဲ သာမန်အတိုင်းတွေးလိုက်တာပါ ဒါပေမယ့် နက်နက်ရှိုင်းရှိုင်းကြီးတော့ မတူးဖော်ရဲဘူး ပြဿနာရှိလာနိုင်မှာစိုးလို့ ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအင်နဲ့ပေါင်းစပ်လိုက်ရင်တော့ အတော်လေး အလုပ်ဖြစ်သွားနိုင်ပါတယ်”

ချင်းယွင်ကျိ မျက်မှောင်ကြုံ့သွား၏။

“မင်းအဲ့ဒီကျမ်းကို ပိုင်ယွင်ကျိကိုပေးလိုက်ရင် သူရူးသွားမှာ စိတ်မပူဘူးလား”

ကျန်းယန် ပြုံးကာ လက်ဝေ့ယမ်းပြလိုက်ပြီး

“အခြားသူတွေကိုတော့ ထိခိုက်ကောင်းထိခိုက်နိုင်တယ် ဒါပေမယ့် ဆရာဒေါ်လေး ၇ ကိုတော့ ထိခိုက်မှာမဟုတ်ဘူး သူ့လမ်းစဉ်က အရမ်းသန့်စင်တယ် မူလပြန်တဲ့လမ်းစဉ်မျိုး စိတ်သ‌ေန္ဓသားအဆင့်လိုပဲ

သူမလိုလူတစ်ယောက်အတွက် ဗုဒ္ဓဝါဒရဲ့ ဒေသနာတွေက သူမစိတ်ကို လှုပ်ခတ်သွားစေနိုင်မှာ မဟုတ်ဘူး”

ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထိုင်ချလိုက်သည်။

“မင်းစိတ်ဝိညာဉ်ကျင့်ကြံခြင်းကို ကောင်းကောင်းနားလည်ပါတယ် အဲ့တာက မင်းရဲ့ခွန်အားလိုမျိုးပဲ ဒါပေမယ့် သူ့ကိုထောက်ပံ့ပေးဖို့က စစ်မှန်တဲ့ကျင့်ကြံခြင်းလိုတယ်

မင်းလမ်းစဉ်က ရှုပ်ထွေးပြီးခက်ခဲတယ် မင်းအဆင့်ကိုမြှင့်ဖို့ ပိုပြီးအာရုံစိုက်ဖို့လိုတယ်”

“ကျွန်တော်နားလည်ပါတယ်” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။

“အခုနောက်ပိုင်း ကျွန်တော်ကျင့်ကြံခြင်းကို အာရုံစိုက်ထားပါတယ်”

အာရုံစိုက်ကာ ကျင့်ကြံပြီးနောက်ပိုင်း သူသည် သူ့အခြေတည်ဝိညာဉ်၏ တာအို၀တ်ရုံမှ အနာအ‌ဆာများကို ပြင်ဆင်နိုင်ခဲ့သည်။

ချင်းယွင်ကျိ ဘေးကိုတစ်ချက်ပတ်ကြည့်လိုက်၏။

“မင်းနေရာက သင်ပေးဖို့သိပ်ကောင်းတဲ့နေရာမဟုတ်ဘူး ငါနဲ့လိုက်ခဲ့ ငါမင်းကိုသေချာသင်ပေးမယ်”

“ကျေးဇူးတင်ပါတယ်ဆရာ”

ထို့နောက် ကျန်းယန် အဇူရာတိမ်တောင်ထွတ်သို့ လိုက်လာခဲ့လေသည်။

အခန်းထဲရောက်သောအခါ ချင်းယွင်ကျိ စတင်ခဲ့၏။

“ဒီနေ့ ငါမင်းကို နတ်ဝိညာဉ်အဆင့်ကိုချိုးဖြတ်တဲ့နေရာမှာ အဓိကသော့ချက်ဖြစ်တဲ့ ဗလာသို့ပြောင်းလဲခြင်းအကြောင်း ပြောပြမယ်

ဗလာ‌ဆိုတာ အခြေခံတစ်မျိုးပဲ မမြင်ရတဲ့အခြေအနေတစ်ခုလို့ ဆိုလိုတယ်

ဥပမာ မင်းကသေမျိုးတစ်ယောက်ဆိုရင် မင်းအတွက် ကြည်လင်နေတဲ့ရေတစ်ခွက်ကို မင်းကောင်းကောင်းမြင်နိုင်လိမ့်မယ်

ဒါပေမယ့် အဲ့ဒီရေတွေအငွေ့ပျံသွားရင်တော့ မင်းမြင်နိုင်မှာာမဟုတ်တော့ဘူး

အဲ့တာက ဗလာသို့ပြောင်းလဲခြင်းရဲ့ အရိုးရှင်းဆုံး ဥပမာပဲ”

သူပြောနေရင်း သူ့လက်ထဲတွင် ရေများပေါ်လာကာ ရေများကအငွေ့ပျံသွားပြီး သရုပ်ပြပေးနေခဲ့သည်။

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။ သူနားလည်သည်။

ချင်းယွင်ကျိ ဆက‌်ပြောလိုက်၏။

“ဒါက အသေးစားပြောင်းလဲမှုလေးတစ်ခုပဲ ဒီဖြစ်ရပ်မှာ သဘာ၀နိယာမအသေးလေးတွေပဲ ပါ၀င်တယ်

ဒါပေမယ့် နတ်ဝိညာဉ်အဆင့်ရဲ့ ဗလာသို့ပြောင်းလဲခြင်းကတော့ အများကြီး ပိုရှူပ်ထွေးတယ်

အဲ့ဒီအရာက မင်းရဲ့စိတ် မင်းရဲ့တာအိုကို သယ်ဆောင်ထားတာ

အဲ့တာကြောင့် အရမ်းခက်ခဲနေတာပဲ

မရေတွက်နိုင်တဲ့ ကျင့်ကြံသူတွေက အဲ့ဒီအဆင့်မှာ ရပ်တန့်သွားကြရတယ်

ဗလာအခြေအနေဟာ တာအိုကို‌ေ‌ဖာ်ပြချက် တစ်မျိုးပဲ

တကယ့်လုံး၀စစ်မှန်တဲ့ ဘာမှမရှိခြင်း ငါကိုယ်တိုင်တောင် အဲ့ဒီအရာကို ပြည့်စုံအောင် စိတ်မကူးနိုင်ဘူး

နတ်ဝိညာဉ်အဆင့်ဆိုတာ အဲ့ဒီအခြေအနေကို ချဉ်းကပ်ခြင်းမျိုးပဲ

ငါပြောသလိုပဲ အဲ့ဒီအရာက မင်းရဲ့စိတ် မင်းရဲ့နားလည်မှုနဲ့ တာအိုကိုသယ်ဆောင်ထားတာ

ဖြစ်တည်မှုကနေ ဗလာကိုပြောင်းလဲဖို့ မင်းရဲ့စိတ်ကိုသော့ချက်အနေနဲ့ သုံးရမယ်

အဲ့တာကြောင့်ပဲ အဲ့ဒီအဆင့်က ကျင့်ကြံသူတွေက သန်မာတဲ့စိတ်စွမ်းအား ရှိကြတာပဲ

သူတို့စိတ်က သဘာ၀နိယာမတွေကိုတောင် လွှမ်းမိုးနိုင်တယ်”

ချင်းယွင်ကျိ ဆက်ပြောလိုက်၏။

“နောက်ဆုံးတစ်ခေါက် မင်းမဟာ‌နှင်းတောင်ဂိုဏ်းက ကောင်လေးနဲ့တိုက်ခိုက်တုန်းက သူ့ရေခဲနယ်မြေထဲမှာ မင်းသူ့ရဲ့သန်မာတဲ့ စိတ်စွမ်းအားကို ခံစားမိခဲ့တယ် မဟုတ်လား

ဝိညာဉ်ငြိမ်းအေးအလံသာ မင်းကို ကာကွယ်ပေးမထားရင် မင်းဘာဆက်ဖြစ်သွားမလဲ စိတ်ကူးလို့တောင်ရမှာမဟုတ်ဘူး

ဒါကြောင့် ငါဒီအဆင့်အတွက်အလေးထားဆုံးအရာက စိတ်စွမ်းအားဖြစ်နေတာပဲ

မင်းအတွက်တော့ စိတ်ပူစရာမလိုပါဘူး မင်းစိတ်စွမ်းအားက လုံလောက်အောင်သန်မာနေမယ်ဆိုတာ သေချာတယ်”

စိတ်ဝိညာဉ်လက်နက်တစ်ခုကို နှစ်ဆယ်နှင့်ချီပြီးသံုးကာ ရအောင် သိမ်းသွင်းခဲ့သူတစ်ယောက်၏ စိတ်စွမ်းအားသည် သာမန်ဖြစ်နေစရာ အကြောင်းမရှိပေ။

“အခုငါမင်းကို သဘာ၀နိယာမတွေရဲ့ ‌မတူညီတဲ့ပြောင်းလဲမှုတွေကိုပြမယ် ရှိခြင်းကနေ ဗလာကိုသွားမယ် ပြီးရင်ပြန်လာမယ် ဒီကနေ မင်းဘာရမလဲ သေချာကြည့်နေ”

ထို့နောက် ချင်းယွင်ကျိ ချင်ယုရှုကို သင်ပြတုန်းကအတိုင်းပင် သဘာ၀နိယာမအမျိုးမျိုးကို ပြောင်းလဲပြခဲ့၏။

ချင်ယုရှုကတော့ ထိုပြသမှုပြီးသည့်နောက် အဆင့်ချိုးဖြတ်နိုင်သွားခဲ့သည်။

သို့သော် ကျန်းယန် အဆင့်ချိုးဖြတ်နိုင်မည်လို့တော့ ချင်းယွင်ကျိ မထင်ပေ။

ချင်ယုရှုသည် လေတာအိုဟူသော တာအိုတစ်ခုတည်းကိုသာ လိုက်စားသူ ဖြစ်၏။

သို့သော် ကျန်းယန်ကတော့….

သူ့ဝတ်ရုံပေါ်က တာအိုအမှတ်အသားများက များပြားလွန်းလှသည်။

ချင်းယွင်ကျိပင် သူ့ကိုနတ်ဝိညာဉ်အဆင့်ရောက်အောင် ဘယ်လိုလမ်းပြပေးရမလဲ သေချာမသိခဲ့ပေ။

သူလုပ်နိုင်သည်က နိယာမစွမ်းအားများပြောင်းလဲပုံကို ပြသပေးရုံသာ ရှိ၏။

ကျန်းယန် တိတ်တဆိတ်ထိုင်နေရင်း ပြောင်းလဲခြင်းများကို သေချာကြည့်ရှုနေခဲ့သည်။

ထိုစဉ် သူ့ခရမ်းနန်းတော်ထဲက အခြေတည်ဝိညာဉ်ပေါ်ရှိ တာအို၀တ်ရုံပေါ်တွင်ရှိသော တာအိုအမှတ်အသားများက တဖြည်းဖြည်း ပြည့်စုံလာခဲ့၏။

သူကျင့်ကြံနေချိန်တွင် လန်ကျားအထွတ်အမြတ်မြေ၏ အခြေအနေက ဆိုးသထက် ဆိုးလာခဲ့သည်။

တစ်ခါတလေတွင် အားနည်းခြင်း‌က စာနာစိတ်ကိုဖြစ်ပေါ်မသွားစေနိုင်ပေ။ ထိုအရာက ဖိအားများကိုသာ ဆွဲဆောင်သွားမိစေနိုင်၏။

သူတို့ ရှင်းပြချက်ကို ဂိုဏ်းကြီး ၈ ဂိုဏ်းလုံးက လက်မခံခဲ့ဘဲ ပိုပြီးပင် ဖိအားပေးလာခဲ့သည်။

ညှိနှိုင်းရန်သွားသော အကြီးအကဲများ ဒေါသတကြီးသာ ပြန်လာခဲ့ကြရ၏။

“သူတို့က များလွန်းသွားပြီ သူတို့ကငါတို့ကိုအလွယ်တကူ အနိုင်ကျင့်လို့ရတယ် ထင်နေကြတာလား

၀မ်လင်းဂိုဏ်းက ငါတို့ကို အဇူရာတိမ်ဂိုဏ်းကိုပေးခဲ့ရတဲ့ လျော်ကြေးအတွက် ၂၀ဘီလီယံ ပြန်ပေးဖို့တောင် ပြောနေတယ်”

သူတော်စင်သခင် အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။

“ဆိုတော့ သူတို့က ဒီလောက်ကြီးမားတဲ့တောင်းဆိုမှုတွေ လုပ်ခဲ့တယ်ပေါ့”

ထို့နောက် သူပြောလိုက်၏။

“တုရှန် အဇူရာတိမ်ဂိုဏ်းကိုပြန်သွား ငါကချင်းယွင်ကျိကို နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ဖိတ်လိုက်တယ်လို့ သွားပြော”

တုရှန် တုန်လှုပ်သွားခဲ့သည်။

“နောက်အစည်းအဝေးတစ်ခုလား”

နောက်ဆုံးအစည်းအဝေးတစ်ခုက သူတို့ကို ဒုက္ခအကြီးအကျယ်ပေးခဲ့ပြီး အခုလည်း ဂိုဏ်းချုပ်က ထပ်လုပ်ချင်နေပြန်ချေပြီ။

သူတော်စင်သခင် ပြုံးလိုက်၏။

“ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ”

တုရှန်ထွက်သွားပြီးနောက် အခြားအကြီးအကဲများလည်း မလွယ်ကူဟန်ဖြင့် ထွက်သွားခဲ့ကြသည်။

ထို့နောက် သူတော်စင်သခင် ကုန်းရှို့ပင်းကိုခေါ်လိုက်၏။

“ပြင်ဆင်ထား အဇူရာတိမ်ဂိုဏ်းကိုသွားဖို့ မင်းငါနဲ့လိုက်ခဲ့ရမယ်”

“ဟုတ်ကဲ့ပါ အဖေ”

“ဘာဟုတ်ကဲ့ပါလဲ” သူတော်စင်သခင် သူ့သားကို တစ်ချက်ကြည့်လိုက်သည်။

“မင်းငါ့ကို စိတ်ဝိညာဉ်လက်နက်တစ်ခုပြန်ရအောင် လုပ်ပေးရမှာ ငါဒီဆုံးရှုံးမှုကို ဒီတိုင်းမထားလိုက်နိုင်ဘူး”

All Chapters