← Chapters

သူတော်စင်သခင်၏ နောက်တစ်ခေါက်ဖိတ်ကြားမှု

Vol. 34 Ch. 354

သူတော်စင်သခင်၏ နောက်တစ်ခေါက်ဖိတ်ကြားမှု

Vol. 34 Ch. 354

တုရှန် သူတော်စင်သခင်၏ဖိတ်ကြားချက်အကြောင်း အဇူရာတိမ်ဂိုဏ်းဆီ သတင်းပို့လိုက်၏။

“မင်းဘယ်လိုထင်လဲ” ချင်းယွင်ကျိ မေးလိုက်သည်။

သူထိုကိစ္စအကြောင်း ရှင်းမပြတတ်ပေ။ နောက်ဆုံးတစ်ခေါက် ဆိုးဆိုးရွားရွား အရူးလုပ်ခံလိုက်ရပြီးနောက်မှာပင် သူတော်စင်သခင်က ဘာကြောင့်ထပ်တွေ့ ချင်နေရပါသနည်း။ ကလဲ့စားချေချင်ခြင်းကြောင့်ပေလော။

ကျန်းယန် ပဟေဠိဖြစ်သွားခဲ့၏။ လန်ကျားအထွတ်အမြတ်မြေကို ဂိုဏ်းကြီး ၈ဂိုဏ်းက ဖယ်ကြဉ်လိုက်သော ကိစ္စကို သူမသိသေးပေ။ အဇူရာတိမ်ဂိုဏ်းက သူ့ကိစ္စနှင့်သူရှုပ်နေသောကြောင့် အခြားဂိုဏိးများ၏ သတင်းအချက်အလက်များကို မစုံစမ်းနိုင်အားခဲ့ပေ။

တခဏတွေးပြီးနောက် ကျန်းယန် ပြောလိုက်သည်။

“ဆရာ အရင်အစီအစဉ်အတိုင်းပဲ ကျွန်တော်မိစ္ဆာနှစိယောက်ကိုခေါ်ပြီး ဆရာနဲ့လိုက်ခဲ့မယ် သူဘာစီစဉ်ထားထား မအောင်မြင်စေရဘူး”

ထို့နောက် သူတို့သုံးရက်အကြာတွင် ‌ေတွ့ဆုံဖို့ သဘောတူလိုက်ကြ၏။

သုံးရက်ကြာပြီးနောက် ကျန်းယန် ဂူဒူအာနှင့်ဂူယန်တို့သုံးယောက် ချင်းယွင်ကျိနောက်မှလိုက်ကာ မိတ်ဆွေကျွန်းဟု အမည်ပေးထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။

သူတော်စင်သခင်လည်း ရောက်ရှိလာခဲ့ပြီး သူနှင့်အတူ ကုန်းရှို့ပင်းလည်း ပါလာခဲ့၏။

သူတို့တွေ့သည်နှင့် ကုန်းရှို့ပင်း ရှေ့သို့အလောတကြီးတက်သွားကာ ချက်ချင်းဒူးထောက်ချပြီး အော်ပြောလိုက်သည်။

“တူလေးကုန်းရှို့ပင်းက ဦးလေးချင်းယွင်ကျိကို ဂါရ၀ပြုပါတယ်”

လူတိုင်းကြောင်သွားကြ၏။

ချင်းယွင်ကျိလည်း စိတ်ရှုပ်သွားသလို ကျန်းယန်လည်း

တုန်လှုပ်သွားခဲ့သည်။

ကျန်းယန် နောက်တွင်ဘာမှမဖြစ်သလို ပြုံးပြုံးကြီးရပ်နေသော သူတော်စင်သခင်ကို တစ်ချက်ကြည့်လိုက်၏။

ကျန်းယန်ချက်ချင်းဆိုသလို ရှေ့တက်သွားပြီး ကုန်းရှို့ပင်းကို ဆွဲထူလိုက်ကာ နွေးထွေးစွာ ပြောလိုက်လေသည်။

“ညီကိုကုန်း ဒီလိုလုပ်ဖို့ မလိုပါဘူး ငါတို့ဂိုဏ်းမှာက ဒါမျိုးမလုပ်ကြဘူး စစ်မှန်နေရင်ပဲ လုံလောက်နေပါပြီ ဒူးထောက်ဖို့ထိ မလိုပါဘူး”

“ငါမထဘူး ငါကျိန်းသေပေါက် စိတ်ဝိညာဉ်လက်နက်တစ်ခု ရရမယ်” ကုန်းရှို့ပင်း တွေးနေလိုက်၏။

သို့သော်ကျန်းယန်၏ခွန်အားက ခုခံလို့မရအောင် သန်မာနေသောကြောင့် သူ‌ဆွဲထူခံလိုက်ရသည်။

ကျန်းယန် ဆက်ပြောလိုက်၏။

“ယောက်ျားတစ်ယောက်ရဲ့ ဒူးက ကောင်းကင်နဲ့မိဘကိုပဲ ထောက်တယ် ညီကိုကုန်း အလွယ်တကူ ဒူးမထောက်သင့်ဘူး”

ထိုစကားက ကုန်းရှို့ပင်းကိုဆွံ့အသွားစေသလို ရှက်လည်းရှက်သွားစေခဲ့သည်။ သူသူ့အဖေကိုသာ မျက်နှာငယ်လေးနှင့် ပြန်ကြည့်လိုက်မိ၏။

သူတော်စင်သခင်ကြိတ်၍ သက်ပြင်းချလ်ုက်သည်။ သူ့သားက ကျန်းယန်နှင့်ယှဉ်လျှင် အတော်လေး လိုအပ်နေသေး၏။

ပြုံးနေရင်း သူတော်စင်သခင်ပြောလိုက်သည်။

“ဒီလောက်စစ်မှန်မှုကို ပြသပြီးရင် လုံလောက်ပါပြီ အခုမင်းတို့လူငယ်တွေ တစ်နေရာရာသွားပြီး စကားပြော းကြ ငါတို့လူကြီးတွေမှာ စီးပွားရေးကိစ္စ ဆွေးနွေးစရာရှိတယ်”

သူ့ရည်ရွယ်ချက်က ရှင်း၏။

ကျန်းယန်ကို ချင်းယွင်ကျိ အနားမှခွဲထုတ်ချင်ခြင်းသာ ဖြစ်သည်။

ကုန်းရှို့ပင်းလေးစားစွာပင် ချက်ချင်း ဖိတ်ခေါ်လိုက်၏။

“တာအိုမိတ်ဆွေကျန်း ငါ့မှာမင်းနဲ့ဆွေး‌ေနွးစရာတွေရှိတယ် စကားသွားပြောကြရအောင်”

ကျန်းယန်က ထိုအကွက်ထဲ အကျခံမည် မဟုတ်ပေ။

သူပြုံးကာ ပြောလိုက်လေသည်။

“ညီကိုကုန်း ငါမင်းရဲ့ လက်ရေးလှပညာကိုမြင်ပြီးပါပြီ ထပ်ကြည့်ဖို့မလိုတော့ဘူး ပြီးတော့ အရိုးသားဆုံးပြောရရင် ငါအဲ့တာကို အဲ့လောက်လည်းစိတ်မ၀င်စားဘူး

ပြီးတော့ ငါ့ဆရာက ငါ့ကိုတစ်ချိန်ချိန်မှာ အဇူရာတိမ်ဂိုဏ်းကို ဦးဆောင်စေချင်တယ်လေ အဲ့တာကြောင့် ငါ့ကိုသင်ပြပေးစရာတွေ အများကြီး ရှိနေတာ အထူးသဖြင့် လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲ ဆိုတာမျိုးပေါ့

ငါတို့ဂိုဏ်းကဆင်းရဲပါတယ် ငါတို့က လန်ကျားအထွတ်အမြတ်မြေနဲ့မယှဉ်နိုင်ဘူး အဲ့တာကြောင့် ငါက အပျော်အပါးအတွက် အချိန်မရှိဘူး မင်းဟာမင်းပဲ ဖျော်ဖြေနေလိုက်ပါ ပြီးရင် ငါလိုက်လာခဲ့မယ်”

သူတော်စင်သခင်ရော သူ့သားပါ ဆွံ့အသွားခဲ့သည်။

သူသည် သူ့ကိုကလေးတစ်ယောက်လို ဆက်ဆံနေခြင်းပေလော။

အရိုက်ခံရပြီးနောက် အရေထူလာသော ကုန်းရှို့ပင်းအတွက်ပင် ဒီလောက်ကြီးက များလွန်းလှသည်။ သူတော်စင်သခင် ပါးစပ်ဟဖို့ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ကျန်းယန်ကိုခွဲထုတ်မယ့် အစီအစဉ်ကို လက်လျှော့လိုက်ရ၏။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူချင်းယွင်ကျိဘက်လှည့်ကာ ပြောလိုက်သည်။

“တကယ်လို့ လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့သဘောတူရင် ဘယ်လို အကျိုးအမြတ်တွေ ကမ်းလှမ်းခံရမှာလဲ”

ချင်းယွင်ကျိ မျက်လုံးများတောက်ပသွားခဲ့၏။ နောက်‌ဆုံးတွင် ဂိုဏ်းကြီးတစ်ဂိုဏ်းက သူတို့နှင့်ပူးပေါင်းဖို့ ဆန္ဒရှိလာခဲ့ချေပြီ။ ထိုကိစ္စက အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပေသည်။

“အကျိုးအမြတ်…အင်း…”

သူဆက်မပြောရသေးခင်တွင် ကျန်းယန် ဖြတ်ပြောလိုက်၏။

“အကျိုးအမြတ်ကိစ္စက ဆွေးနွေးလို့ရပါတယ် ဒါနဲ့ ဦးလေးသူတော်စင် ဘာလို့လန်ကျားအထွတ်အမြ‌တ်မြေက ရုတ်တရက်ကြီး မဟာမိတ်ဖွဲ့ချင်သွားရတာလဲ”

သူတော်စင်သခင် ဒေါသထွက်သွားခဲ့သည်။

မင်းကမေးရဲသေးတယ်လား။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ငါတို့နှစ်ဂိုဏ်းက အရမ်းနီးကပ်ခဲ့ကြတယ် ကပ်ဘေးကြီးပြီးတဲ့အချိန်မှာတောင် ငါတို့ရင်းနှီးမှုက ပျောက်ကွယ်မသွားခဲ့ဘဲ အဇူရာတိမ်ဂိုဏ်းကို အကြိမ်ပေါင်းများစွာ ကူညီခဲ့တယ်

လွန်ခဲ့တဲ့ နှစ် ၅၀၀ အဇူရာတိမ်ဂိုဏ်းကျဆင်းသွားတဲ့အခါမှသာ ငါတို့လူတွေရဲ့ သဘောထားက ပြောင်းလဲသွားခဲ့တာ

ဒါပေမယ့် အဲ့ဒီအတိတ်ရန်ကြွေးတွေကိုဖြေရှင်းပြီးပြီဆိုတော့ ငါတို့ အဲ့ဒီကိစ္စတွေကို တွယ်ကပ်မနေကြစို့”

ကျန်းယန် ဆွံ့အသွားခဲ့သည်။

ခင်ဗျားပဲ အတိတ်ကိုတွယ်ကပ်မနေနဲ့ပြောပြီး ခင်ဗျားပဲ အတိတ်အကြောင်းလာပြောနေတာလေ။

ချင်းယွင်ကျိ သက်ပြင်းချလိုက်မိသည်။ ကျဆုံးသွားခဲ့သော ကျောင်းတော်သားများအကြောင်းတွေးမိသောအခါ သူတိတ်ဆိတ်သွားခဲ့ရ၏။ သူတစ်ခုခုမူမမှန်တာကို ခံစားမိသောကြောင့် ထိုကိစ္စကို ကျန်းယန်ကိုသာ ကိုင်တွယ်ခိုင်းလိုက်ရသည်။

သူတော်စင်သခင် ဆက်ပြောလိုက်၏။

“ငါတို့မြေတွေက နီးကပ်တယ် ငါတို့ကအိမ်နီးချင်းတွေပဲ အနာဂတ်ပဋိပက္ခတွေဖြစ်နေစရာလည်း မလိုပါဘူး

ပြီးတော့ ငါ့မှာ ပုဂ္ဂိုလ်လေးကိစ္စလေးတစ်ခုလည်းရှိတယ် ငါ့မှာကဒီသားလေးတစ်ယောက်ပဲရှိတာလေ အဲ့တော့ငါသူ့အိမ်‌ေထာင်ရေးအတွက် အမြဲစိတ်ပူခဲ့ရတာ

ဒါပေမယ့် ကံကောင်းတာက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို သွားတုန်းက သူကမင်းရဲ့တပည့်မလေး စစ်ထူမင်ယွဲ့ကို ချစ်မိသွားခဲ့တယ် အဲ့ဒီကတည်းက သူအချစ်နာကျနေခဲ့တာပဲ

ဒါပေမယ့် လက်ရှိငါတို့ဂိုဏ်းတွေရဲ့ ဆက်ဆံရေးအရဆို မင်းတို့က ဒီမင်္ဂလာပွဲကို သဘောတူမှာမဟုတ်ဘူးလေ ဒါကြောင့် ငါကငါတို့ကြားက ဆက်ဆံရေးကိုပြောင်းလဲစေဖို့ ကြိုးစားချင်တာပါ”

ကုန်းရှို့ပင်း သူ့အဖေကိုတုန်လှုပ်စွာ စိုက်ကြည့်နေခဲ့မိသည်။

ဒါကြီးက အဖေကျွန်တော့်ကိုရိုက်တုန်းက ပြောခဲ့တာတွေ မဟုတ်ဘူးလေ…

All Chapters