← Chapters

ငွေလျှာ

Vol. 34 Ch. 355

ငွေလျှာ

Vol. 34 Ch. 355

သေစမ်း အရှက်မဲ့လိုက်တာ!

သူတော်စင်သခင်သည် မဟာမိတ်ဖွဲ့ဖို့ရောက်လာခြင်း ဖြစ်မှန်း ကျန်းယန် သေချာကြီး သိနေခဲ့ချေပြီ။ သို့သော် ထိုအဖုိးကြီးသည် ကုန်းရှို့ပင်း၏ မင်္ဂလာပွဲကိုအကြောင်းပြချက်ပေးနေသေးသည်။ အရှက်မဲ့လွန်းလှ၏။

အကယ်၍ သူတော်စင်သခင်က သူ့သားကိုအလွန်ချစ်လျှင်တောင် ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ မဟာမိတ်ဖွဲ့ရေးက မင်္ဂလာပွဲတစ်ခုလို ကိစ္စအသေးအမွှားလေးပေါ် မူတည်နေခြင်း မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ချင်းယွင်ကျိ ကုန်းရှို့ပင်းကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုံလိုက်လေသည်။

ဒီကလေးက မင်ယွဲ့ကို ကြိုက်တာလား။

ချင်းယွင်ကျိ မဟာမိတ်ဖွဲ့လိုသော်လည်း သူ့တပည့်ကိုထိုးကျွေးစရာတော့ အကြောင်းမရှိပေ။ သူသည် သူမကို အမတပညာရပ်များသင်ပေးထားပြီး စိတ်ဝိညာဉ်လက်နက် ၂ခုပင် ပေးထားသေး၏။ ထို့အပြင် သူမက ပါရမီမြင့်မားပြီး ကံကြမ္မာခန်းမထဲက ကံကြမ္မာတစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုကဲ့သို့သောတပည့်မျိုးကို ပေးပစ်စရာအကြောင်းမရှိပေ။

သို့သော် သူတော်စင်သခင်ကလည်း သူတို့မဟာမိတ်ဖွဲ့့မှုကို ထိုမင်္ဂလာပွဲနှင့် ချည်နှောင်လိုနေပုံပင်။ သူဘာလုပ်သင့်ပါသနည်း။

သူဆုံးဖြတ်ဖို့ မလိုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းယန်ဘက်လှည့်ကာ လေးလေးနက်နက်ပြောလိုက်သောကြောင့် ဖြစ်လေသည်။

“အနာဂတ်မှာလည်း ဂိုဏ်းရဲ့ကိစ္စတွေကိုမင်းပဲကိုင်တွယ်ရမှာ ဒီကိစ္စကလည်း ဂိုဏ်းရဲ့ကိစ္စကြီးတစ်ခုပဲ အဲ့တော့ ဒီကိစ္စကို မင်းဖြေရှင်းကြည့်”

ကျန်းယန် သူ့ဆရာကိုကြိတ်၍ချီးကျူးလိုက်မိသည်။

အရမ်းကောင်းတယ်ဆရာ!

ထို့နောက် သူယဉ်ကျေးစွာ ပြန်ပြောလိုက်၏။

“ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ”

အခုတော့သူ့တွင် အာဏာရှိသွားပြီဖြစ်သောကြောင့် သူကြိုက်သလို လုပ်နိုင်ချေပြီ။

သူသူတော်စင်သခင်ဘက်လှည့်ကာ ပြုံးလိုက်ပြီး

“ဦးလေးသူတော်စင် နဂါးလမ်းညွှန်စုတ်တံကို ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အဲ့တာက အရမ်းအသုံး၀င်တယ်”

သူတော်စင်သခင်ရှုံ့မဲ့သွားခဲ့၏။ မင်းဘာကိစ္စ ဒီကိစ္စကို ပြန်လာပြောနေရတာလဲ။

ကျနး်ယန် ဆက်ပြောလိုက်သည်။

“ဒီကိစ္စက ကျွန်တော့်အနာဂတ် ခေါင်းဆောင်မှုနဲ့ ပတ်သက်နေတော့ အပြစ်ပြုမိသွားရင်တောင်းပန်ပါတယ် ဦးလေးသူတော်စင်”

သူတော်စင်သခင် အားတင်း၍ ပြုံးလိုက်၏။

“ငယ်ရွယ်ပြီး ယဉ်ကျေးပါပေတယ် ဆိုပါဦး ငါ့တောင်းဆိုချက်နဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ”

‌ကျန်းယန်လေးနက်သွားခဲ့သည်။

“ဒီကိစ္စမှာ ပြဿနာကြီး သုံးခုရှိပါတယ်”

“အို့” သူတော်စင်သခင် ပြောလိုက်၏။

“ပထမပြဿနာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရပိုင်ခွင့်ကို အလေးမထားတဲ့ကိစ္စပါ”

ကျန်းယန် လက်တစ်ချောင်းထောင်လိုက်သည်။

“ဂိုဏ်းပေါင်းများစွာက တပည့်တွေကို ကိုယ်ပိုင်ပစ္စည်းလိုသဘောထားကြတယ် သူတို့အတွက် ၀င်ဆုံးဖြတ်ပေးကြတယ် ဒါပေမယ့် လူတိုင်းမှာ ကိုယ်ပိုင်အတွေးတွေရှိပါတယ် အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းက ဒီမင်္ဂလာပွဲကို ငြင်းဆန်ပါတယ် လူတိုင်းက ကိုယ့်လက်တွဲဖော်ကို ကိုယ်တိုင်သာ ရွေးချယ်သင့်ပါတယ်

ဦးလေးသူတော်စင်ရဲ့ တောင်းဆိုမှုက မသင့်တော်ပါဘူး”

သူတော်စင်သခင် မျက်မှောင်ကြုံ့သွားခဲ့ဧ။။်

သူငါ့ကို ဆူနေတာမလား။

“ပြီးတော့ ဒုတိယအချက်” ကျန်းယန် နောက်လက်တစ်ချောင်းထောင်လိုက်သည်။

“ဦးလေးသူတော်စင်က ဂိုဏ်းနှစ်ဂိုဏ်းကြား မဟာမိတ်ဖွဲ့မယ့်ကိစ္စကြီးကို ကိစ္စအသေးလေးပေါ် မှီခိုချင်နေတယ်

တကယ်တော့ မဟာမိတ်တစ်ခုဆိုတာဟာ ပန်းတိုင်တွေကို မျှဝေခြင်း အကျိုးအမြတ်ကို မျှဝေခြင်း ဆိုတဲ့အရာတွေအပေါ်ပဲ အခြေခံထားသင့်တာ”

“ဂိုဏ်းနှစ်ဂိုဏ်းလုံးမှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ဂိုဏ်းသားတွေ ပါ၀င်ပတ်သက်နေတယ် ပြီးတော့ ကုန်းမြေတိုက်ကြီးနှစ်ခုလုံးက မရေတွက်နိုင်တဲ့အသက်တွေ ပါ၀င်ပတ်သက်နေတဲ့ ဒီလိုကိစ္စကြီးကို လူနှစ်ယောက်ရဲ့ အချစ်ရေးပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာလား”

သူတော်စင်သခင်ကျန်းယန်ကို တိတ်တဆိတ်တစ်ချက်ကြည့်လိုက်၏။ ယခုအခါ ထိုကလေးသည် သူ့ကိုလှောင်ပြောင်နေမှန်း သူသေချာသိသွားခဲ့ချေပြီ။

“ပြီးတော့ တတိယပြဿနာ” ကျန်းယန် ဆက်ပြောလိုက်သည်။

“မဟာမိတ်တစ်ခုဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ဖွဲ့ရတဲ့အရာတစ်ခုပဲ ဒါပေမယ့် ကျွန်တော်တို့ကအခုမှတွေ့ပြီး အခုချက်ချင်း မဟာမိတ်ဖွဲ့ဖို့လုပ်နေတယ် အဲ့တာကြီးက အိမ်ရှင်မတစ်ယောက် အိမ်သုံးပစ္စည်း၀ယ်နေသလိုပဲ

ပြီးတော့ ဦးလေးသူတော်စင်က အဇူရာတိမ်ဂိုဏ်းကပဲ အတင်းမဟာမိတ်ဖွဲ့ချင်‌ေနပံုနဲ့ ကျွန်တော်တို့ကို အကျိုးအမြတ်ကိစ္စ ရုတ်တရက်ကြီးလာမေးနေပြန်တယ် ဒါပေမယ့် ကျွန်တော်တို့ဘက်က တစ်ခါမှ ဒီကိစ္စအတွက် မတောင်း‌ဆိုဖူးဘူး မဟုတ်လား

ဦးလေးသူတော်စင်တို့က ကျွန်တော်တို့ဆီကို လာခဲ့တာလေ ဒီတော့ အကျိုးအမြတ်ပေးမယ်ဆိုရင်တောင်လန်ကျားအထွတ်အမြတ်မြေဘက်က ပေးသင့်တာမဟုတ်လား”

ကုန်းရှို့ပင်း ကြောင်သွားခဲ့သည်။

ဒါက….အဓိပ္ပာယ်ရှိနေသလိုပဲ။

သို့သော် တစ်ချိန်တည်းမှာပင် သူတစ်ခုခုကို တွေးမိသွားပြန်သည်။

မင်းတို့ကပဲ သတင်းစာနဲ့အကုန်ပတ်မွှေခဲ့တဲ့ကောင်တွေလေ အဲ့တာကို မင်းတို့က အကျိုးအမြတ်လာလိုချင်နေသေးတာလားဟ။

ချင်းယွင်ကျိမျက်တောင်ကိုသာ အကြိမ်ကြိမ်ခတ်လိုက်မိ၏။ ကိစ္စများကို ကျန်းယန်လက်ထဲထည့်လိုက်ခြင်းက မှန်ကန်သောအကွက်ဖြစ်မှန်း သူသိပေသည်။ သူထင်ထားသလိုပင် အခုတော့ ကိစ္စများက လုံး၀ ပြောင်းပြန်ဖြစ်သွားခဲ့၏။

ဂူဒူအာပင် အထင်ကြီးမိသွားခဲ့သည်။

သူတော်စင်သခင်ကတော့ တခဏဆွံ့အသွားခဲ့ပြီး ကျန်းယန်၏အရေပြားဘယ်လောက်ထူသလဲ စမ်းသပ်ကြည့်ချင်သွားခဲ့၏။

ထို့နောက်တွင်တော့ သူဒေါသတကြီးရယ်မောလိုက်ပြီး သတင်းစာကိုထုတ်ကာ သတင်းစာထဲတွင် အဇူရာတိမ်ဂိုဏ်းလုပ်ခဲ့သမျှကိစ္စများကို ဆွဲထုတ်လာလေတော့သည်။

“ကလေး မင်းက ငါတို့ကမဟာမိတ်ဖွဲ့ဖို့တောင်းဆိုနေတာလို့ ပြောတယ်ပေါ့ ငါကအရူးလို့ မင်းထင်နေလား မင်းပဲငါတို့ကို အကောက်ကြံခဲ့ပြီး အခုတော့ မင်းက ငါတို့ကိုငြင်းနေပြန်တာလား”

ကျန်းယန် အေးအေးဆေးဆေးသော ရှိနေခဲ့၏။

“ဦးလေးသူတော်စင် ကျွန်တော်ရေးခဲ့တဲ့ ဘယ်စာလုံးက မမှန်လို့လဲ အဲ့တာတွေက ဦးလေးပြောခဲ့တဲ့စကားတွေပဲ မဟုတ်လား နောက်ဆုံးအခေါက်တုန်းက ဦးလေးပဲ အဇူရာတိမ်ဂိုဏ်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာပြသွားပြီး အကြံပေးခဲ့တာလေ”

သူကုန်းရှို့ပင်းဘက် လှည့်လိုက်သည်။

“ညီကိုကုန်း ဒီနေရာမှာ တစ်ခုခုမှားနေတာ မင်းမြင်လား”

ကုန်းရှို့ပင်း မဖြေနိုင်ခဲ့ပေ။

သူတော်စင်သခင် ကျန်းယန်ကိုအတန်ကြာအောင် စိုက်ကြည့်နေခဲ့၏။ ထို့နောက် သူ့လက်ထဲက သတင်းစယက ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်သွားခဲ့လေသည်။

“ဟားဟားဟား” သူရယ်မောလိုက်၏။

“အကွက်ချတာတွေ မလုပ်တော့ဘူး အဲ့တာတွေက ဘာအဓိပ္ပာယ်မှရှိမနေဘူး”

သူ့အတွေ့အကြုံအရ လက်ရှိအချိန်တွင် လှည့်ကွက်များက အသုံးမ၀င်နိုင်ဝောာ့မှန်း သူ‌သိသွားခဲ့သည်။ စစ်မှန်စွာ ညှိနှိုင်းမှသာ ကိစ္စက ပြီးမြောက်ပေတော့မည်။

သူလက်ကာပြလိုက်ကာ

“နောက်ဆုံးတစ်ခေါက်ကလို လက်ဖက်ရည်နဲ့ ကုလားထိုင်တွေဘယ်မှာလဲ ထုတ်ခဲ့လိုက် ထိုင်ပြီး အေးအေးဆေးဆေးပြောကြတာပေါ့ ချင်းယွင်ကျိ ကျေးဇူးပြုပြီး ဒီကိစ္စကို တကယ့်ဆွေး‌ေနွးမှုတစ်ခုလို့ သတ်မှတ်ပေးပါ”

ကျန်းယန်ပြုံးလိုက်ပြီးတောက် ကုလားထိုင်များ စားပွဲများ လက်ဖက်ရည်ခွက်များကိုထုတ်ကာ ထိုင်ဖို့ ဖိတ်ခေါ်လိုက်၏။

သူကတော့ လေးစားစွာပင် သူ့ဆရာဘေးတွင် ရပ်နေခဲ့သည်။ သူ့အ‌ဖေဘေးတွင်ရပ်နေသော ကုန်းရှို့ပင်း ကျန်းယန်ကို တိတ်တဆိတ်အကဲခတ်နေခဲ့မိ၏။

ယခုအချိန်တွင် ဤလူငယ်လေးသည် ကျင့်ကြံခြင်းမှလွဲပြီး အခြားအပိုင်းများတွင် ကမ္ဘာကြီး၏ထိပ်တန်းပုဂ္ဂိုလ်များနှင့် တန်းတူရပ်တည်နိုင်သူဖြစ်မှန်း သူနားလည်သွားခဲ့လေသည်။

All Chapters