← Chapters

သူတော်စင်သခင်၏ သတိပေးချက်

Vol. 34 Ch. 356

သူတော်စင်သခင်၏ သတိပေးချက်

Vol. 34 Ch. 356

ထိုင်ပြီးနောက် သူတော်စင်သခင်လေးလေးနက်နက်မေးလိုက်သည်။

“မင်းတို့ အဇူရာတိမ်ဂိုဏ်းရဲ့ အစီအစဉ်ကဘာလဲ”

ချင်းယွင်ကျိ အေးအေးဆေးဆေးပြန်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ ကိစ္စမှန်သမျှကို ကျန်းယန်ပဲကိုင်တွယ်နေတာ ဒါကို သူပဲရှင်းပြသင့်တယ်”

သူတော်စင်သခင်အံ့အားသင့်သွားခဲ့ပြီး ကျန်းယန်ကိုကြည့်ကာ စောင့်နေခဲ့သည်။

ကျနိးယနိအသာအယာပြုံးလိုက်ကာ မေးလိုက်၏။

“ဦးလေးသူတော်စင် လန်ကျားအထွတ်အမြတ်မြေမှာ တစ်ခုခုပြောင်းလဲသွားတာလား”

သူတော်စင်သခင်အေးစက်စက်ပြောလိုက်သည်။

“မင်းဘာလုပ်ခဲ့လဲ မင်းသိသင့်တယ် ငါတို့သာ မလာခဲ့ဘူးဆိုရင် မင်းတစ်ယောက်တည်းနဲ့ ဒီအခြေအနေထိရောက်လာအောင် မလုပ်နိုင်ပါဘူး ပြောရရင် ငါတို့က ထောင်ချောက်ထဲကို ကိုယ်တိုင်တိုး၀င်သွားခဲ့မိတာ”

ကျန်းယန် ခေါင်းခါလိုက်၏။

“အတိအကျတော့မဟုတ်ဘူးဦးလေးသူတော်စင်တို့ မလာရင်တောင် အခြားသူတွေ လာမှာပဲ အဇူရာတိမ်ဂိုဏ်းနဲ့ ဆက်ဆံချင်တဲ့ဘယ်သူမဆို ဒီထောင်ချောက်ထဲ ကျသွားမှာ အဇူရာတိမ်ပြတိုက်ကို ဖွင့်လှစ်ခြင်းက ငါးမျှားတံထောင်ထားလိုက်တဲ့ သဘောပဲ သူ့အလိုလိုရောက်လာတဲ့ ငါ့တွေက ချိတ်မှာ ပါလာလိမ့်မယ်”

၀င်္ကပါနှင့် မိစ္ဆာများဆိုသည်မှာ ဘယ်သူမှ ကျော်မသွားနိုင်သည့် ငါးစာများသာ ဖြစ်သည်။ အဇူရာတိမ်မြို့ထဲ ၀င်လာသူမှန်သမျှ ထိုချိတ်တွင် မိသွားကြမည်သာ။ အကယ်၍ သူတို့မလာခဲ့ရင်တောင် သူတို့လာအောင် ကျန်းယန် အခြားနည်းများဖြင့် ကြံနိုင်သေး၏။

သူတော်စင်သခင် သက်ပြင်းချလိုက်သည်။

“ပြီးတော့ မင်းစီစဉ်ထားခဲ့သလိုပဲ…အဲ့ဒီ အင်တာဗျူးပြီးတော့ အခြားဂိုဏ်းတွေက ငါတို့က မင်းတို့နဲ့ မဟာမိတ်ဖွဲ့ထားတယ်လို့ ယုံကြည်သွားကြတယ် ပြီးတော့ ငါတို့ကို ဖယ်ကြဉ်လိုက်ကြတယ်”

သူတိုက်ရိုက်သာ ပြောလိုက်၏။ အမှန်တရားကိုဖုံးကွယ်ထားလို့ ရမှာလည်း မဟုတ်ပေ။

ချင်းယွင်ကျိ ဆွံ့အသွားခဲ့သည်။ လန်ကျားအထွတ်အမြတ်မြေသည် ဒုက္ခရောက်နေချိန်မှာတောင် သူတို့အပေါ် အမြတ်ထုတ်ဖို့ ကြိုးစားသွားသေးသည်။ သူသဘောမတူလိုက်မိတာ ကျေးဇူးတင်စရာပင်။

ကျန်းယန် မျက်မှောင်ကြုံ့လိုက်၏။

“ဦးလေးသူတော်စင်ရဲ့ အခြေအနေကမကောင်းတာကို ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် ဦးလေးတို့ရဲ့ အုတ်မြစ်က အားကောင်းတာပဲ ဖယ်ကြဉ်ခံလိုက်ရရင်တောင် အများကြီးထိခိုက်သွားမှာမှ မဟုတ်တာ ဆိုတော့ အဲ့တာကို ဘာလို့ဦးလေးတို့က အတင်း မဟာမိတ်ဖွဲ့ချင်နေတာလဲ ကျွန်တော်နားမလည်ဘူး အဲ့တာက နှစ်၂၀၀၀ကျော်အတွေ့အကြုံရှိတဲ့ ဦးလေးသူတော်စင်ရဲ့ စိတ်ထားနဲ့ ကိုက်ညီမနေဘူး ကျွန်တော်တကယ့်အကြောင်းပြချက်ကို သိချင်တယ်”

သူတော်စင်သခင်သူတို့ နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲပေါ်တွင် စစ်တုရင်ခုံတစ်ခုကို တင်လိုက်၏။

ခုံပေါ်တွင် အရောင်မတူသော ကစားရုပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး အခြေအနေက ရှုပ်ထွေးနေခဲ့သည်။

အလယ်က အစိမ်းရောင်အရုပ်များကို လက်ညှိုးထိုးပြလိုက်ပြီး သူပြောလိုက်၏။

“ငါဒီ ခုံကိုလေ့လာနေတာ ကြာပြီ”

သူ့လက်ကိုဝေ့ယမ်းလိုက်ရာ အစိမ်းရောင်အရုပ်များက ပြိုကွဲသွားတော့မလို ဖြစ်သွားခဲ့လေသည်။

“လွန်ခဲ့တဲ့ နှစ် ၅၀၀ တုန်းက ငါအဇူရာတိမ်ဂိုဏ်းကို အကွက်ချကြံစည်ခဲ့တာက သူတို့မှာ ရှင်သန်စရာလမ်းမရှိတော့ဘူးလို့ မြင်မိလို့ပဲ တကယ်လို့ ကံကြမ္မာကသာ သူတို့ကို ပျက်ဆီးစေဖို့ သတ်မှတ်ထားရင် ငါအဲ့ဒီကိစ္စကနေ အကျိုးအမြတ်ရနိုင်တယ်လေ”

ထို့နောက် ခုံပေါ်ရှိ ပုံရိပ်များက ပြောင်းလဲသွားပြီး မိစ္ဆာများကို ကိုယ်စားပြုသည့် မြူများအုပ်ထားသော အနက်ရောင်အရုပ်များက အစိမ်းရောင်အရုပ်များပတ်ပတ်လည်တွင် ပေါ်လာခဲ့၏။

“အဲ့ဒီအရုပ်နက်တွေ ပေါင်းထည့်လိုက်တော့ မင်းတို့ရဲ့ သေနေတဲ့ကစားပွဲက ပြန်အသက်၀င်လာတယ်… ပြီးတော့ ရပ်တန့်လို့ မရတော့ဘူး

ဒါပေမယ့် အနက်ရောင်အရုပ်တွေနဲ့ အစိမ်းရုပ်တွေကလည်း ပဋိပက္ခဖြစ်နေကြသေးတယ်”

သူတော်စင်သခင်ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။

“တွက်ချက်မှုတွေ အများကြီးလုပ်ပြီးတဲ့နောက်မှာ စစ်တုရင်ခုံက အသေဖြစ်သွားပြီလို့ ငါရှာတွေ့ခဲ့တယ် ပြောင်းလဲမှုအသစ်က မရှိသလောက် ဖြစ်သွားတယ်

အဲ့ဒီအစိမ်းရောင်အရုပ်တွေက အရုပ်နက်တွေအကူအညီနဲ့ အသက်ပြန်၀င်သွားပြီး ရပ်တန့်လို့မရတော့လောက်အောင် ကြီးထွားလာကြလိမ့်မယ်”

သူဆက်ပြော၏။

“နှစ်ပေါင်းများစွာ ငါတွေးနေခဲ့တာ အစိမ်းရောင်အရုပ်တွေရဲ့ ရှင်သန်မှုကို ဖြတ်တောက်ပစ်ရမလား ဒါမှမဟုတ် သူတို့ကိုသုံးပြီး အဖြူရောင်အရုပ်တွေ ရှင်သန်လာအောင် လုပ်ရမလား”

အဖြူရောင်အရုပ်များသည် လန်ကျားအထွတ်အမြတ်မြေကို ကိုယ်စားပြ၏။

“လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ငါသူတို့ကိုဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်” သူအေးစက်စက်ပြောလိုက်သည်။

“တကယ်လို့ အဇူရာတိမ်ဂိုဏ်းက ဆက်ကြီးထွားလာရင် ငါတို့ကို ခြိမ်းခြောက်လာနိုင်တယ်

ဒါပေမယ့် သူတို့ကမိစ္ဆာတွေနဲ့ ပူးပေါင်းနိုင်လိုက်တဲ့အပြင် တောင်တစ်သောင်းတောင်တန်းကပါ သူတို့ကို ထောက်ပံ့လိမ့်မယ်လို့တော့ ငါမျှော်လင့်မထားခဲ့မိဘူး အဲ့ဒီအချိန်မှာ မင်းတို့ကို ရပ်တန့်မရတော့ဘူးဆိုတာ ငါသိလိုက်တယ်”

ပြောနေရင်း သူခုံကို ဆက်ပြောင်းလဲနေခဲ့သည်။

“ငါနှစ် ၂၀စောင့်ပြီး အခြေအနေကို ကြည့်ချင်ခဲ့တယ်” သူဆက်ပြော၏။

“ဒါပေမယ့် နောက်ဆုံးရလဒ်က ငါ့‌ခန့်မှန်းချက်တွေရဲ့ အလွန်မှာ ရှိနေလိမ့်မယ်

အဲ့တာကြောင့် ငါအနာဂတ်ကိုထိန်းချုပ်ချင်ရင် အခုက ငါဆုံးဖြတ်ရတော့မယ့်အချိန်လို့ ငါသိခဲ့တယ်”

သူကျန်းယန်ကို ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ ၆လအတွင်းမင်းဂိုဏ်းက အများကြီးပြောင်းလဲသွားခဲ့တယ် မင်းရဲ့ သတင်းစာ စစ်ရေးပြပွဲ ပြတိုက် ပြီးတော့ အဇူရာတိမ်မြို့ တိုးတက်လာမှု ခြေတစ်လှမ်းချင်းစီတိုင်းက မင်းတို့ကို ပိုသန်မာလာစေခဲ့တယ် ငါထပ်မစောင့်နိုင်တော့ဘူး

ပြီးတော့ မင်းလန်ကျားအထွတ်အမြတ်မြေကို စပြီးအကွက်ချကြံစည်တဲ့အချိန်မှာ ဒီအချိန်က ငါမင်းတို့ကိုချဉ်းကပ်ဖို့ အကောင်းဆုံးအချိန်လို့ သိခဲ့တယ်”

ကျန်းယန် ပြုံးလိုက်သည်။

“ပြီးတော့ ဦးလေးသူတော်စင်က ‌လပေါင်းများစွာကြာအောင် သားကောင်နေရာက ကစားနေလိုက်တယ်ပေါ့ ဒါမှ ကျွန်တော်တို့နဲ့ ပူးပေါင်းသွားရင်တောင် အခြားဂိုဏ်းတွေက ဦးလေးတို့ကို အပြစ်မဆိုသာတော့ဘူးလေ နောက်ပိုင်းမှာ သူတို့က အဇူရာတိမ်သတင်းစာကို ယုံကြည်မိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ကြလိမ့်မယ်”

သူတော်စင်သခင် အသာအယာပြုံးလိုက်ကာ

“ငါက အခြေအနေအတိုင်း အလိုက်သင့်လေးနေပေးလိုက်ရုံပါ”

ထို့နောက် သူ့အမူအရာက လေးနက်သွားခဲ့၏။

“အခု ငါတို့ဘက်ကစစ်မှန်မှုကို ပြပြီးပြီဆိုတော့ မင်းရွေးချယ်ရတော့မယ့် အချိန်ပဲ

တကယ်လို့ ငါတို့မဟာမိတ်ဖွဲ့မယ်ဆိုရင် ညှိနှိုင်းကြမယ်

မဟုတ်ရင်တော့…”

သူ့အသံက အေးစက်သွားခဲ့သည်။

“ငါကိုယ်တိုင် ဂိုဏ်းကြီးတွေကိုဦးဆောင်ပြီး အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးပစ်မယ် ငါက ကျိုးရွှမ်ရှန်းလို မောက်မာတဲ့ကောင်မဟုတ်ဘူး ငါလုပ်မယ်ဆိုရင် ငါ့မှာရှိသမျှ အားလုံးပုံအောပြီး လုပ်မှာ

ငါ့လုပ်ရပ်တွေ အားလုံးကို၀န်ခံမယ် ပြီးရင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၃ယောက်ကို ဦးဆောင်ပြီး တိုက်ခိုက်မယ် ငါ့ရဲ့ စစ်မှန်မှုကို ပြသလိုက်ရင် အခြားဂိုဏ်းကြီးတွေကလည်း သူတို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေကို ထုတ်လာမှာပဲ အားလုံးပေါင်း ၂၀ကျော်တဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေသာ စုစည်းသွားရင် အဲ့ဒီအချိန် အဇူရာတိမ်ဂိုဏ်းက အမြစ်ပြတ်သုတ်သင်ခံလိုက်ရမှာပဲ”

အားလုံးပြောပြီးနောက် သူ့မျက်နှာကအေးစက်နေခဲ့သည်။ ထိုအရှိန်အဝါမှာ ကမ္ဘာကြီး၏ကံကြမ္မာကို ‌ေရွးချယ်မှုတစ်ခုတည်းဖြင့် အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်အဝါသာ ဖြစ်လေသည်။

All Chapters